Showing posts with label အတွေးမှတ်စုလေးများ. Show all posts
Showing posts with label အတွေးမှတ်စုလေးများ. Show all posts

Thursday, October 6, 2011

အတွေးမှတ်စုလေးများ(၂)



  • ကိုယ်ကျင့်တရားဆိုသည်မှာ ရှုပ်ရှုပ်ထွေးထွေး မဟုတ်။ မှားသလား မှန်သလား သင့်သလား မသင့်ဘူးလား ခွဲခြားသည့်ကိစ္စသည် ဘာမှမခဲယဉ်း။ ခဲယဉ်းသည်က မှန်သည့်အတိုင်း သင့်သည့်အတိုင်း တကယ်လက်တွေ့ ကျင့်သုံးဖို့ ဖြစ်သည်။

  • ဓနထက် သီလကို ဦးစားပေးပါ။

  • ဘယ်သူ ဘာဝတ်ထားတယ်ဆိုတာ အရေးမကြီးဘူး၊ အဲ့ဒီလူ ဘာလဲဆိုတာပဲ အရေးကြီးတယ်။

  • ချမ်းသာတယ်၊ မချမ်းသာဘူးဆိုတာ စိတ်ဓာတ်အပေါ်မှာ အများကြီး မူတည်နေတယ်။ လူတစ်ယောက် ချမ်းသာတယ်ဆိုတာ သူပိုင်ဆိုင်တဲ့ ဥစ္စာဓနတွေ ချင့်တွက်ပြီး ပြောလို့မရဘူး၊ ဥစ္စာဓနကို သူ ဘယ်လို အသုံးချတယ်ဆိုတာ ကြည့်ပြီးမှ ပြောလို့ရလိမ့်မယ်။

  • ကျွန်ုပ်၏ သဘောထား၊ ခံယူချက်နှင့် အရေးအသားများသည် သင်၏ အယူအဆများနှင့် တစ်ရာ ရာခိုင်နှုန်း ဆန့်ကျင်ကောင်း ဆန့်ကျင်နေလိမ့်မည်။ ၎င်းမှာ သင်နှင့် ကျွန်ုပ်ပင်ဖြစ်သည်။

  • ခိုင်မာပြင်းပြသော သင့်အလိုဆန္ဒများအတိုင်းပင် သင်ဖြစ်ရာ၏။ အကြောင်းမူ၊ အလိုဆန္ဒရှိသလောက် သင့်၌ ထက်သန်မှုရှိ၏။ ထက်သန်မှုရှိသလောက် သင် လုပ်ဆောင်ဖြစ်၏။ သင် လုပ်ဆောင် သလောက်ပင် သင့်ဘ၀ ကံကြမ္မာများ ဖန်တီး ဖြစ်ပေါ်ရပေသည်။

  • ကျွန်ုပ်တို့ အတွက် အဓိက လိုအပ်ချက် နှစ်ခုရှိတယ်။ တစ်ခုက အခြေတည်စရာ ရေသောက်မြစ်၊ နောက်တစ်ခုက မြင့်မြင့်မားမား ဖြန့်ကျက်ပျံသန်းဖို့ အတောင်ပံတစ်စုံ။

  • အခုလက်ရှိအနေအထားကို သင် မကြိုက်ဘူးဆိုရင် သင်ကြိုက်တဲ့ ပုံစံအတိုင်းဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားပါ။ မအောင်မြင်ဘူး၊ သူက သင့်ကို အလဲ ထိုးလိုက်တယ်ဆိုရင်လဲ အဲ့ဒီတိုင်း ဆက်လှဲမနေနဲ့၊ ပြန်ထ၊ အသစ်တစ်ကြိမ် ထပ်ကြိုးစား။

  • လိမ်လည်ပြီး အောင်မြင်ခြင်းထက် သိက္ခာရှိရှိ ရှုံးနိမ့်ခြင်းက သာ၍မြတ်၏။

  • မကောင်းမှုကို လက်မခံသည့် ပညာရှိ ပက်ဝန်းကျင်တွင် ပေါက်ဖွားလာသည့် လူတစ်ယောက်သည် မှန်သောအကျင့်၊ သင့်သောအရာကို ပြုကျင့်တတ်သော အလေ့အထများ စွဲမြဲကိန်းအောင်းကာ၊ ကြီးပြင်းလာသောအခါ၌ ကိုယ်ကျင့်တရားကောင်းသူ အဖြစ် လူအများကြားတွင် တင့်တယ်မည်၊ အောင်မြင်မည်။

    တဒင်္ဂစိတ်အလိုကို မလိုက်ဘဲ မှန်ရာကို ဆုံးဖြတ်လုပ်ကိုင်ဖြစ်ခဲ့သော အကျင့်သည်လည်း နောင်တသက်တာ၌ မိတ်ဆွေအပေါင်းအသင်းများ၊ သားသ္မီး မြေးမြစ်များအား အခွင့်ကြုံတိုင်း ၀မ်းမြောက်ဂုဏ်ယူစွာ ပြန်ပြောင်းပြောဆိုစရာ ကိုယ်တွေ့ ဘ၀ဇာတ်လမ်း ပုံပြင်တစ်ပုဒ်အဖြစ် စွဲထင်ကျန်ရစ်နေပေမည်။

  • ကျနော်တို့ အားလုံးမှာပင် မိမိတန်ဖိုးထားသော အရာ၊ မိမိသစ္စာစောင့်သိရမည်ဟု ယုံမှတ်ထားသည့်အရာ၊ မိမိလုပ်ဆောင်ရမည့် တာဝန်ဟု ပြဌာန်းမိသည့် အရာများ ရှိပါသည်။ ဒါတွေကို ကျေပွန်စွာ ထမ်းရွက်နိုင်သော် ကျနော်တို့ ၀မ်းသာပီတိဖြစ်ကြ၏။ ဂုဏ်ယူမိကြ၏။ တာဝန် မကျေပွန်ခဲ့လျှင် သို့မဟုတ် သစ္စာဖောက်ဖျက်ခဲ့လျှင်ကား အကြီးအကျယ် စိတ်မချမ်းမြေ့ခြင်း ဖြစ်ရပါသည်။ မိမိအတွင်းစိတ်၏ ကဲ့ရဲ့ရှုတ်ချခြင်းကိုလည်း မိမိဘာသာ အပြင်းအထန် ခံရတတ်ပါသည်။


  • စွန့်လွှတ်ခြင်း ဟူသည် မေတ္တာ၏ အမြင့်ဆုံး အသွင်သဏ္ဌာန်တစ်ရပ်ပင်။

  • ဒဂါင်္းပြားမှာနှစ်မျက်နှာရှိသည်၊ နန်းမြို့ရိုးမှာလေးမျက်နှာရှိသည်၊ အံစာတုံးမှာခြောက်မျက်နှာရှိသည်၊ ဒသဂီရိမှာဆယ်မျက်နှာရှိသည်၊ မိန်းမတွေရဲ့ မျက်နှာပိုင်ဆိုင်မှုက အားလုံးထက် ပိုသည်။


  • မေတ္တာ၏ သင်္ကေတပြယုဂ်ကလေးတစ်ခုမှာ အလွန်ထူးခြားကြီးကျယ်သော အခြင်းအရာများကို ဖန်တီးပေးနိုင်သည့် တန်ဖိုးစွမ်းအားတွေ ရှိနေတတ်သည်။

  • စကားလုံးတစ်ထောင်ထက် ဆောင်ရွက်မှုတစ်ခုက ပို၍ အရာထင်သည်။

  • ဘယ်သူမှမမြင်သည့်အချိန်မှာ ကျနော်တို့ မဟုတ်တာလုပ်သလား မလုပ်ဘူးလား၊ ရှုပ်သလား မရှုပ်ဘူးလား၊ ဘယ်သူမှမသိဘူးဆိုပြီး လစ်သည့်အချိန် လုပ်ငန်းကိစ္စမှာ ခိုသလား မခိုဘူးလား၊ သူတစ်ပါးအပေါ် မတရား အမြတ်ထုတ်သလား မထုတ်ဘူးလား။ ကျနော်တို့မှာ ကိုယ်ကျင့်သီလ ပြည့်ဝ မပြည့်ဝ ဟူသည် အဲ့သည် ကျနော်တို့ အပြုအမူတွေအပေါ် မူတည်နေလိမ့်မည်။


  • သည်ကနေ့ထက် ပို၍ အဖိုးတန်သောအရာ မရှိပါ။

  • ကြိုးစား။ မအောင်မြင်လျှင် သည့်ထက်ပိုကြိုးစား ဟူသောနည်းလမ်းသည် အမြဲ သင့်တော် မှန်ကန်သည့် အဖြေမဟုတ်ပါ။ သည် ၀ါဒ တစ်ခုတည်းကို အားကိုးပြုထားရုံဖြင့် သင်၏ ဘ၀ ရည်မှန်းချက်တွေ အထမြောက် အောင်မြင်လိမ့်မည်ဟု စိတ်ချ ယုံကြည်၍မရပါ။ စင်စစ် သည်လမ်းစဉ်ကို တရားသေ ကိုင်စွဲခြင်းကြောင့်ပင် ပြဿနာတွေ ရင်ဆိုင်လာရနိုင်ပါသည်….။

    နည်းလမ်းကို ပြန်သုံးသပ်မှု မပြု၊ ပြုပြင်ပြောင်းလဲရန်လည်း မကြိုးစား၊ ၀ီရိယကို အမြင့်ဆုံးတင်နိုင်လျှင် ရှိသမျှ အတားအဆီးကို ဖောက်ထွက်ကျော်လွားနိုင်ရမည်ဆိုက မအောင်မြင်ရုံမက အောင်မြင်မည့် အခွင့်အလမ်းများစွာကိုပင် မိမိဘာသာ ဖျက်ဆီးပစ်နိုင်ပေသည်…..။

    ကြိုးစားပါ။ ကြိုးစားပါလျက် ဖောက်ထွက်၍ မရသည့် အခါတိုင်းတွင် မှန်ပြတင်းပေါက်တွင် ပိတ်မိကာ တစ်ဖက်သို့ ထိုးဖောက်ရန် ကြိုးစားပျံသန်းရင်း အသက် ဆုံးရှုံးသွားသည့် ယင်ကောင်များကို သတိရပါ….။

  • ဘုရားသခင်။ ကျေးဇူးပြုပြီး လွန်ခဲ့တဲ့ ၁၀နှစ်ကို ပြန်ပေးပါ။ မိဘနှစ်ပါးလုံးကို အနီးကပ်အလုပ်ကျွေးပြုပြီး ကမ္ဘာပေါ်မှာ ကျေးဇူးအသိတက်ဆုံး သားကောင်းတစ်ယောက်ဖြစ်ဖို့ ကျနော် တာကတိပေးပါတယ်။


  • ဒီနေ့ ကမ္ဘာမှာ အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ တီဘီလည်းမဟုတ်ဘူး၊ AIDS လည်းမဟုတ်ဘူး၊ ကြက်ငှက်တုပ်ကွေးလည်း မဟုတ်ဘူး။ နှစ်သက်လိုလားသူ မရှိတာ၊ မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ၊ ပေယျာလကန် အပြုခံရတာတွေပဲ…..။

    ကိုယ်ကာယ ရောဂါတွေကို သာမန်ဆေးဝါးများ ပေးလို့ရပေမယ့်၊ အထီးကျန်ခြင်း၊ စိတ်ပျက်အားလျော့ခြင်း မျှော်လင့်ချက် ကုန်ဆုံးခြင်း ဝေဒနာတွေကိုတော့ မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်….။

    ယနေ့ ကမ္ဘာမှာ ပေါင်မုန့်တစ်ဖဲ့ အတွက် အသက်ငင်နေသူတွေ အမြောက်အမြားရှိနေတာ မှန်သလို မေတ္တာအကြာင်နာလေး နည်းနည်းလေးမှ မခံစားရလို့ သေဆုံးကြမယ့် လူတွေလည်း ဒုနဲ့ဒေးပါ……။

  • ပညာဗဟုသုတကို သဲသဲမဲမဲ အလိုရှိမယ်ဆိုရင် တစ်နေ့သောအခါ ပညာရှိ မုချ ဖြစ်လိမ့်မည်။

  • သင့်ဂုဏ်သတင်းကို လေးစားရင် အရည်အချင်း၊ အဆင့်အတန်းရှိသူတွေနဲ့ ပေါင်းသင်းပါ။ ဘာကြောင့်ဆိုတော့ လူသိမ်၊ လူညံ့၊ လူဖျင်း တွေကြားမှာ နေမယ့်အစား တစ်ယောက်တည်းနေတာက ပိုကောင်း၏။

  • သင့်နာမည်၊ သင့်ဂုဏ်သိက္ခာကို အမြဲတမ်းထိန်းပါ။ အလုပ်ကို အစွမ်းကုန် ကြိုးစားပါ။ လူတွေကို အကောင်းဆုံးဆက်ဆံပါ။ ကတိတည်ပါ။ လုပ်သမျှ အောင်မြင်ပါလိမ့်မည်။

  • လူချမ်းသာခြင်းသည် ကောင်း၏။ စိတ်ချမ်းသာခြင်းသည် ပိုကောင်း၏။ အတွေးအမြင်ချမ်းသာခြင်းသည် အကောင်းဆုံးဖြစ်၏။

  • အတတ်နှင့် ပညာ ဟာ တန်ဖိုးချင်း အလွန်ကွာခြား၏။ အတတ်သည် သညာ.. သင်၍ တတ်မြောက်မှု.. အသက်မွေးမှုနှင့် အဓိက သက်ဆိုင်သည်။ ပညာသည် ကိုယ်ပိုင်ဥာဏ်ဖြင့် ထိုးထွင်းမြင်သိမှုနှင့်၊ ဆန်းသစ်တီထွင်မှု၊ အမှားနှင့်အမှန်ကို ကျိုးကြောင်းမြော်မြင် နှိုင်းချိန်နိုင်မှု။

  • ဥာဏ်ပညာ အမြော်အမြင် မရှိပဲ ကြိုးစားတဲ့ ၀ီရိယဆိုသည်မှာ မြှားမပါတဲ့ လေးကဲ့သို့ပင်။ အကျိုးမဲ့ ပင်ပန်းရုံမျှသာဖြစ်သည်။

  • အနာဂတ်ကို ကြိုတင်မြော်မြင်ကာ စီစဉ်နိုင်ခြင်းသည် လူအများစုထက် သာစေမယ့် လူတော် တစ်ယောက်၏ အရည်အချင်းကောင်းတစ်ခုပင်။

  • ဘ၀ဆိုတာ ကိုယ့်ကို အလိုလိုက်တဲ့ မိခင်မဟုတ်ဘူး။ ညှာမယ်တော့ မထင်နဲ့။ တက်အောင်မသင်နိုင်လို့ သူကရိုက်လိုက်ပြီဆိုလို့ကတော့ မလွယ်ဘူးသာမှတ်။

  • လက်ဝှေ့သမားကောင်း တစ်ဦးသည် မိမိက ထိုးနိုင်ရုံမျှသာမဟုတ်၊ အထိုးခံနိုင်ရည်လည်း ရှိရမည်။

  • လူ့ဘ၀သည် တာဝေးအပြေးပြိုင်ပွဲတစ်ခုနှင့် တူ၏။ အချို့လူများက ရှေ့မှပြေးနေကြပြီး အချို့က ရှေ့မှလူများကိုမှီရန်နှင့် ကျော်တက်နိုင်ရန် ပြေးလျှက်ရှိကြသည်။ သို့သော် လူအများမှာမူ နောက်တွင် တော်တော်များများ ပြတ်ကာ ကျန်ရစ်ခဲ့ကြသည်။

  • ဘ၀ ဆိုတာ တိုက်ပွဲပဲ။ အမြဲတမ်း တိုက်ခိုက်နေရတယ်။ ဒါကြောင့် မတော်တဲ့လူ မထက်တဲ့လူတွေ ခံရတာ။ တော်တဲ့လူ၊ ထက်တဲ့လူတွေကိုပဲ ပေါင်းသင်းပါ။

  • သင့်တိုင်းပြည်က သင့်အတွက် ဘာလုပ်ပေးနိုင်မလဲ မမေးပါနဲ့။ သင့်တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်မလဲဆိုတာကိုပဲ ဖြေပါ။

  • စီးပွာရေးလုပ်ငန်းတိုင်းမှာ အဓိက ထောက်သုံးထောက်ရှိသည်။ (၁) Expert မိမိလုပ်ငန်းနှင့် ပက်သက်သမျှ ကျွမ်းကျင်နေရမည်။ (၂) investment ငွေရင်းနှီးမြှုပ်နှံနိုင်ရမည်။ (၃) Adventure စွန့်စားရဲတဲ့ သတ္တိရှိရမည်။

  • စီးပွားရေးလုပ်ငန်းတိုင်းမှာ ပိုက်ဆံရဲ့ အရေးပါမှုကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ ပိုက်ဆံကို အလေးထားတတ်ရမယ်။ နောက်ဆုံးကျရင်တော့ ဒီအချက်ဟာ စီးပွားရေးသမားတွေအတွက် အမှန်ဆုံးပါပဲ။

  • ငွေကြောင့် သိက္ခာကျသည်။ ငွေကြောင့် အရှက်ရသည်။ ငွေကြောင့် အနေကြပ်၍ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရ၏။ ငွေကြောင့် အရွယ် အိုစာမှု မြန်ရ၏။ တကယ့် အရေး တကယ့်ကိစ္စနှင့် ကြုံတွေ့လာလျှင် ငွေကမှ ကယ်တင်နိုင်သည်။ ငွေ၏တန်ဖိုးကို ဆင်းရဲနေသူများနှင့် ဆင်းရဲဖူးသူများ ပို၍သိကြ၏။

  • ငွေသည် ဆဌမအာရုံနှင့် တူသည်။ ငွေမရှိပါက ကျန်သည့်အာရုံငါးပါးကိုလည်း နှစ်သက် ခံစားနိုင်တော့မည် မဟုတ်ပေ။

  • ငတ်လို့ လုပ်တာမဖြစ်စေနှင့်၊ တတ်လို့ လုပ်တာသာဖြစ်ပါစေ။

  • ရှေ့တန်းအရောက်ဆုံးနည်းနဲ့ ကိုယ့်ကိုယ်ကို အထက်ရောက်အောင် လုပ်ချင်သပဆိုရင် ခေါက်ရိုးကျိုးနေတဲ့ စဉ်းစားပုံတွေကို ပြောင်းလိုက်ပါ။ ပြီးတော့ ပုံစံခွက်သမားတွေနဲ့လဲ လမ်းခွဲလိုက်ပါ။

  • ကျွန်ုပ်လိုသေးသည်။ ကျွန်ုပ်လုပ်သမျှ အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားရအုံးမည်။

  • ခုနစ်ကြိမ်လဲလျှင် ရှစ်ကြိမ်ထမည်။

အတွေးမှတ်စုလေးများ(၁)




  1. သင်ဘာလုပ်နေသလဲဆိုတာ ကမ္ဘာကြီးကို ပြောပြပါ။


  2. အုတ်ခဲတစ်ခဲမှာ ရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသောအုတ်ခဲကို အုတ်ခဲပီသတဲ့ အုတ်ခဲ၊ တနည်းအားဖြင့် ဂုဏ်သိက္ခာရှိသော အုတ်ခဲ ဟု ဆိုနိုင်သည်။
    ပျဉ်တစ်ချပ်မှာ ရှိသင့်သည့် အရည်အသွေးများနှင့် ပြည့်စုံသော ပျဉ်ချပ်သည် ဂုဏ်သိက္ခာရှိသော ပျဉ်ချပ်ပင်။
    လူမှာဆိုလျှင်??။
    ဂုဏ်သိက္ခာရှိသော လူဆိုသည်မှာ တည်ကြည်ခိုင်ခံ့သည့် ကိုယ်ပိုင်အရည်အသွေး တသမတ်တည်း ပေးနိုင်သူသာဖြစ်သည်။


  3. မိမိကိုယ်ကိုလေးစားသူမှန်သမျှ ထိပ်တန်းရောက်အောင်ကြိုးစားမည်ဟူသော စိတ်မျိုး ရှိကြသည်။


  4. လူငယ်ဘ၀မှာ အမှား၊ လူလတ်ဘဝမှာ စွန့်စားရုန်းကန်မှု၊ လူအိုဘဝမှာ နောင်တ။


  5. လူငယ်ဘဝတွင် ပြုပြင်စီမံခဲ့ရသမျှ အိုမင်းချိန်အတွက် ကောင်းကျိုး ဆိုးကျိုးသာ ဖြစ်ရချေသည်။


  6. အသက်(၄၀)အရွယ်သည် လူငယ်တစ်ဦး၏ အိုမင်းချိန်။ အသက်(၅၀)အရွယ်သည် လူအိုတစ်ဦး၏ နုပျိုချိန်ဖြစ်သည်။


  7. လူငယ်တို့၏အားသည် ပျိုရွယ်မှု၊ လူအိုတို့၏အားသည် ရင့်ကျက်မှု။


  8. အချို့သည် ဘဝတွင် ကြီးကျယ်ခမ်းနားစွာ မွေးဖွားလာကြသည်။ သို့သော် သူတို့၏ ကြီးကျယ်မှုကို မမက်မော မခုံမင်ကြချေ။ တကယ်ဆိုတော့ သူတို့သည် သူတို့ကိုယ်သူတို့ ရာဇဝင်တွင်အောင် လုပ်သွားသူများသာ ဖြစ်ကြသည်။


  9. သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘဝလေးတစ်ခု ရှိသည်။ ထိုဘဝသည် အညံ့စား ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။ ဒါဗင်ချီ၏ မိုနာလီဇာပန်းချီကား၊ ရိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့လည်း ကြီးကျယ်သွားနိုင်ပါ၏။


  10. နပိုလီယန်က မဖြစ်နိုင်ဆိုသားစကား ငါ့အဘိဓာန်တွင်မရှိ ဟု ဆိုခဲ့သည်။ လောက၌ မဖြစ်နိုင်သောအရာတွေလည်း ရှိမှာ မုချဖြစ်သည်။ သို့သော် ဖြစ်နိုင်ပါ့မလား ဟူသော အတွေးမျိုး ခေါင်းထဲ အဝင်မခံသော သူအတွက်မူ မဖြစ်နိုင်ဟူသောအရာတွေသည် အခြားသူများထက်တော့ နည်းပါးနေမည်မှာ သေချာသည်။


  11. လူဦးရေ ၅၄ သန်းရှိတဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ D.Sc ဘွဲ့ရ ပညာတတ် တစ်ယောက်မှမရှိသေးဘူး။ လူတွေကျောင်းမနေရ၊ အလုပ်အကိုင်မရကြတော့ သူခိုး သူဝှက်ဖြစ်သူဖြစ်၊ လူဆိုးလူမိုက် ဖြစ်သူဖြစ်နဲ့ တိုင်းပြည်ကို နှောက်ယှက်ဖျက်ဆီးကြတယ်။ ကျွန်တော်တို့နိုင်ငံကြီးကို ဒီလိုနဲ့တော့ အပျက်မခံနိုင်ဘူး။ ကျွန်တော်တို့ ဘယ်သွားရမလဲ၊ ဘာလုပ်ရမလဲ၊၊ မဖြစ်မနေသွားမယ်၊ လုပ်ရမယ်၊ ကျနော်တို့ ကြိုးစားရမယ်။


  12. တိုက်ရမည်လား ဆုတ်ရမည်လား မကွဲပြားသည့်အခါတိုင်း ကျွန်ုပ် တိုက်ရန် ဆုံးဖြတ်မည်။


  13. ပစ်မည်ဆိုလျှင် အဆီကို နှမြောမနေနှင့်၊ စားမည်ဆိုလည်း သဲကြောက်မနေနှင့်။


  14. မပြတ်သားသောသူသည် ခေါင်းဆောင်မဖြစ်နိုင်။


  15. မနေ့ကငါထက် ဒီနေ့ငါက ပိုသာရမည်။


  16. လူအများစုတို့သည် မိမိတို့မှာရှိသည့် တီထွင်ကြံဆမှုစွမ်းရည်နှင့် အလုပ်လုပ်မှုစွမ်းရည်တို့၏ ဆယ်ပုံတစ်ပုံမျှကိုသာ အသုံးပြုနေကြသည်။ အကယ်၍ မိမိ စွမ်းအားရှိသမျှသာ ပြည့်ပြည့်ဝဝ အသုံးချမည်ဆိုက မိမိ၏ စွမ်းဆောင်မှုများအတွက် မိမိကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည်။


  17. အတော်ဆုံး လူများထံ အကြီးမားဆုံး ပြဿနာများ ရောက်ရှိလာစမြဲဖြစ်သည်။


  18. "အကယ်၍…..ခဲ့လျှင်” ဆိုတာမျိုးမတွေးနှင့်။
    "အဲ့ဒါသာ ငါမလုပ်ခဲ့မိလျှင်”၊ "ဒီကိစ္စကြီးသာ ငါ့မှာမဖြစ်ခဲ့လျှင်”၊ ”ငါသာ……လို ကံကောင်းခဲ့လျှင်” စသည့် အကျိုးမရှိ၊ အကြောင်းမထူးသည့် အတွေးများဖြင့် အချိန်ကုန်မခံနှင့်။
    "ဘယ်လို” လုပ်မလဲဆိုတာကိုပဲ စဉ်းစားပါ။


  19. အိပ်တယ်ဆိုတာ မူးရစ်ဆေးဝါး သုံးစွဲသလိုပဲ၊ များများအိပ်လေ ပိုပြီးအိပ်ချင်လေပဲ။ အိပ်တဲ့အတွက် အချိန်ကုန်တယ်၊ ခွန်အားယုတ်လျော့တယ်၊ အခွင့်အရေးတွေ ဆုံးရှုံးတယ်။


  20. စာမဖတ်သူ အကန်းနှင့်တူ၊ စာမဖတ်က လူ့ဗာလ။


  21. လူမျိုးတစ်မျိုး၏ အဆင့်အတန်းကို သိလိုလျှင် စာတတ်မတတ်ကိုကြည့်။


  22. စာအုပ်တွေနှင့် ပြည့်နေသောအိမ်သည် ပန်းပေါင်ဝေစာနေသော ဥယျာဉ်ကြီးနှင့် တူသည်။


  23. ပညာရေးဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို မရမနေ တည်ဆောက်ရမည်။


  24. စာဖတ်ခြင်းသာလျှင် ဘဝတိုးတက်ရေးအတွက် နည်းလမ်းကောင်းဖြစ်သည်။


  25. မိန်းမဟာ ဆေးလိပ်ထက် ကျုပ်တို့အတွက် သစ္စာရှိတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းမဟာ ဘယ်အခြေအနေရောက်ရောက် မိန်းမပါပဲ။ ဒါပေမယ့် ဆေးလိပ်ကတော့ နောက်ဆုံးမှာ အန္တရာယ်ဘဝသို့ ပြောင်းသွားတယ်။


  26. ပုခက်လွှဲသောလက်များသည် ကမ္ဘာကို စိုးပိုင်ထားနိုင်၏။


  27. မိန်းမများသည် ယောင်္ကျားတို့ထက် မှတ်ဥာဏ်ကောင်း၏။ အဘယ်ကြောင့်ဆိုသော် သူတို့်သည် နည်းနည်းသိ၍ များများနားလည်သောကြောင့် ဖြစ်၏။


  28. က္ကတ္ထိယ မိန်းမဓာတ်သည် ကျွန်ုပ်တို့အား ရှေ့သို့ တွန်းတင်ပေးနိုင်၏။

  29. ယောင်္ကျားမှာ အတွေး၊ မိန်းမမှာ အမြင်။


  30. လူတို့သည် တစ်ခါတစ်ရံ ကလေးများနှင့် တူကြသည်။ မည်မျှပညာတက်တက်၊ မည်မျှ အသက်ကြီးကြီး ကလေးအတွေးမျိုး တွေးကြသည်။ ကလေးသည် မိမိလက်က ကစားစရာကို ကောင်းသည်မထင်။ အခြားကလေးလက်က ကစားစရာကိုမှ အကောင်းထင်သည်။ လိုချင်သည်။ မိမိလက်ငင်းရယူနိုင်သော အရာကို အကောင်းမမြင်။ အဆိုးများ၊ အပျက်များ၊ ချွတ်ယွင်းချက်များကိုသာ မြင်ကြ၏။ သူတပါး၏ အနေအထားကို အကောင်းတွေချည်း၊ အနှစ်သာရတွေချည်းဟု မြင်ကြ၏။


  31. တစ်ဦးတစ်ယောက်အတွက် မရည်ရွယ်ဘဲ ပြုလုပ်သောအလုပ်သည် လူသားအားလုံးအတွက် မြင့်မြတ်သော အလှူဒါန မျိုးပင်ဖြစ်သည်။


  32. ကမ္ဘာကြီးတစ်ခုလုံး ရေတွေ ပြည့်နေသော်လည်း သောက်သုံးရန် ရေတစ်ပေါက်က ရှားလွန်းလှသည်။

အတွေးမှတ်စုလေးများ




  1. ကျေးဇူးပြုပြီး ကျွန်ုပ်တို့ အတွေးတွေကို ဘောင်ခတ်ဖို့ မကြိုးစားပါနဲ့။ သင့်ရဲ့အတွေးခြံစည်းရိုး တံခါးကိုလည်း အမြဲဖွင့်ထားပါ။
  1. ကောက်ရိုးပုံထဲမှာ လ သာ၊ ဝါးလုံးခေါင်းထဲ လ သာ၊ နွားခြေရာခွက်ကို သမုဒ္ဒရာထင် ကူးခက် မနေပါနဲ့ ပြတင်းပေါက်ကိုဖွင့်ပြီး အဝေးဆုံးထိ လှမ်းကြည့်ပါ။
  1. အမြင်မကျဉ်းတာ မကောင်းပါဘူး၊ တခြားသူတွေရဲ့ အကြံဥာဏ်တွေကိုလည်း အသိအမှတ်ပြု လေးလေးစားစား လက်ခံနားထောင်တတ်ဖို့လိုပါတယ်။
  1. မြင့်မြင့်တက်လို့ ဝေးဝေးကိုမြင်ရတာ မှန်ပေမယ့်၊ အမြင့်ကြီးက ပြုတ်ကျရင် ပိုပြီး အကျ နာတယ်ဆိုတာကိုလည်း မမေ့နဲ့။
  1. ချောင်းထက် မြစ်က ပိုကျယ်တယ်၊ မြစ်ထက် ပင်လယ်က ပိုကျယ်တယ်၊ ပင်လယ်ထက် သမုဒ္ဒရာက ပိုကျယ်တယ်၊ သမုဒ္ဒရာထက် စကြဝဠာက ပိုကျယ်တယ်။ စင်္ကြဝဠာထဲမှာ လှေစီးလို့မရတော့ဘူး။ မွေးကတည်းက ဖက်တွယ်လာပေမယ့်လည်း အသုံးမလိုတော့လို့ ထားခဲ့သင့်ရင် ထားခဲ့ရမယ်။
  1. ကောင်းကင်ကိုမော့ကြည့်ပြီး မြင့်တယ်လိုထင်တဲ့ အရာအားလုံးဟာ သူထက် မြင့်တဲ့အရာတွေနဲ့တွေ့တဲ့အခါ အားလုံးက နိမ့်သွားကြလိမ့်မယ်။
  1. အချိန်တိုင်း၊ အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကို လုံခြုံအောင် ကြိုးစားနေရတဲ့ ပက်ဝန်းကျင်မှာ နေရတာထက် စာရင် မွေးရပ်မြေမှာ နေရတာက ပိုပြီး ဘဝ အဓိပ္ပါယ်ရှိတယ်။
  1. သင်္ချိုင်းအုတ်ဂူကို ရွှေပဲချချ၊ ထုံးပဲသုတ်သုတ် အရောင်သာပြောင်းသွားမယ် အုတ်ဂူရဲ့သဘာဝက ပြောင်းမသွားဘူး။
  1. လွတ်တဲ့ငါးက ပိုကြီးတယ်လို့ လူတိုင်းက ထင်ကြတယ်။ အဲ့လိုထင်တိုင်းလည်း သောကရောက်ရတယ်။ တကယ်တော့ လွတ်သွားတဲ့ငါး ထက် ရလိုက်တဲ့ငါးကို အာယုံစိုက်သင့်တယ်။
  1. ကျေးဇူးမရှိအောင် ကြိုးစားပြီးနေ။ ကျေးဇူးတရားဆိုတာ တင်ပြီးရင် ပြန်ဆပ်လို့မကုန်တော့ဘူး။
  2. တစ်ခုခုအတွက် လူတွေက ပေးဆပ်မှုတွေ လုပ်ကြတယ်။ ပေးဆပ်သလောက် ပြန်ရဖို့လဲ မျှော်လင့်ကြတယ်။ ကိုယ့်အတွက် ပေးဆပ်သူတွေ များလာတိုင်း အရမ်းမပျော်နဲ့၊ မကြာခင်မှာ ကိုယ့်ဆီက သူတို့ မျှော်လင့်သလောက် ပြန်ပေးရလိမ့်မယ်၊ သူတို့ မျှော်လင့်သလောက် ပြန်တောင်းကြလိမ့်မယ်၊ သူတို့ မျှော်လင့်သလောက် ပြန်ယူသွားကြလိမ့်မယ်။
  1. ဘဝဆိုတာ ကံစမ်းမဲလိုပဲ။ ကံစမ်းမဲ တစ်မဲတည်းပါတယ်လိုတော့မထင်နဲ့၊ ပေါက်ဖို့မပေါက်ဖို့က ဖေါက်ပေးတဲ့လူပေါ်မှာ မူတည်တယ်။ ပေါက်မဲကတော့ နှိုက်ကြည့်မှ သိမယ်။
  1. နှလုံးသားဆိုတာ အိမ်လိုမျိုး တစ်ယောက်ဆင်း၊ တစ်ယောက်တက် လုပ်လို့မရဘူး။ သင်ကိုတိုင် ဖျက်စီးဖြိုချခဲ့တဲ့ အိမ်မှာ သင်ပြန်နေလို့မရဘူး။
  1. မိုးခြိမ်းတိုင်း မိုးမရွာဘူး။ ပြီးတော့ မိုးကြိုးဆိုတာ တစ်နေရာတည်းမှာ နှစ်ကြိမ်မပစ်ဘူး။
  1. ကိုယ်အထင်မကြီးတဲ့ မိန်းမတစ်ယောက်ကို လက်တွဲဖို့ ဆုံးဖြတ်ချိန်ဟာ ကိုယ့်ဘဝကိုကိုယ် အဆုံးစီရင်လိုက်ချိန်ပဲ။
  1. သည်းခံခြင်းဆိုတာ အတိုင်းအတာ တစ်ခုတော့ ရှိတယ်။ မိမိရဲ့ သည်းခံမှု အတိုင်းအတာ ကို ပိုများအောင်ကြိုးစားပါ။ သူတပါးရဲ့ သည်းခံမှုအတိုင်းအတာကိုလည်း သတိထားပါ။
  1. အလျှင်စလို ဆုံးဖြတ်ပါက နောင်တနဲ့ရင်ဆိုင်ရမည်။ အမှားဝန်မခံတတ်ခြင်း၊ ကိုယ်လုပ်တာ တာဝန်မယူခြင်းကြောင့် သူရဲပေါကြောင်မှုကြောင့် အထင်သေးခံရမည်။ စိတ်တိုလွယ်ပါက မိတ်ဆွေနည်းပါးမည်။
  1. အောင်မြင်သူဆိုတာ တိုက်ရိုက်ဗျူဟာရော သွယ်ဝိုက်ဗျူဟာ အတတ်ပညာပါ ပြည့်စုံသူ ဖြစ်သည်။
  1. ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုး ကိုယ်၌ မြဲပါစေ။