Showing posts with label လေ့လာပညာ။ ဖတ်စရာ။. Show all posts
Showing posts with label လေ့လာပညာ။ ဖတ်စရာ။. Show all posts

Saturday, March 17, 2012

ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့သူများ



ပါရမီရှင်များ၊ ဘီလီယံနာကြီးများ၊ စိတ်ကူးကောင်းသူများက ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ နည်းပညာနဲ့ ကမ္ဘာကိုပြုပြင်ပြောင်းလဲခဲ့တယ်။ နည်းပညာလက်နက်ကို ကိုင်စွဲပြီးတော့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ ကမ္ဘာကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။
သူတို့ဟာ အများနဲ့မတူ တစ်မူထူးပြီး ခပ်ကြောင်ကြောင်လူစားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တီထွင်ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေကတော့ အများနဲ့မတူတာကြောင့်လည်း ထင်ရှားလာခဲ့သူတွေဖြစ်တယ်။ တီထွင်မှု သမိုင်းမှာ သူတို့စွမ်းဆောင်ချက်တွေကို ပယ်ဖျက်လို့မရနိုင်လောက်အောင် ချန်ထားခဲ့ပါလိမ့်မယ်။
တီထွင်ဖန်တီးမှုဆိုတာ အလုပ်၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတတ်ပါ တယ်။ တကယ်တော့ သူတို့တီထွင်ခဲ့တာတွေကို ကျွန်တော်တို့က အလွယ်လေးသုံးနိုင်ကြပေမယ့် သူတို့ အားထုတ်ခဲ့ရတာတွေကတော့ ဘ၀နဲ့ရင်းခဲ့ကြရတာတွေ အများကြီးရှိပါလိမ့်မယ်။
သူများတွေ တွေးသလိုမတွေး၊ သူများတွေ နေသလိုမနေ၊ သူများတွေ ဇိမ်ခံသလို မခံတတ်ဘဲ ဘ၀မှာ ဖြစ်ချင်တဲ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း၊ အပင် ပန်းအဆင်းရဲ ခံနိုင်လို့လည်း သူတို့ အောင်မြင်ခဲ့တာလို့ ပြောရင်ရနိုင်တယ်။ အခြေအနေတစ်ခုကို သူတို့ရောက်လာဖို့ သူတို့ တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ကြတယ်။
နည်းပညာဆိုတာ လူသားတွေရဲ့ လူနေမှုဘ၀ (Life Style) ကို တစ်ခုသော အချိန်ကာလအတွင်း အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်မှုပေးပါတယ်။ လူသားတွေ အကောင်းဆုံး၊ အဆင်အပြေဆုံး၊ အသက်သာဆုံးဖြစ်အောင် သူတို့ လုပ်ဆောင်ခဲ့ပါတယ်။
ကမ္ဘာကြီးဟာ သူတို့တီထွင်မှုတွေကြောင့် အသစ်ပြန်လည်မွေးဖွားလာတယ်လို့လည်း ဆိုနိုင်ပါတယ်။ သူတို့ ဘယ်သူတွေလည်း၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ကြည့်ရအောင်။

Steve Jobs and Steve Wozniak
 
အဲဒီသူငယ်ချင်းနှစ်ယောက်ဟာ နည်းပညာတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့သူတွေလို့ပြောရမယ်။ နှစ်ယောက် စလုံး တက္ကသိုလ်ပညာကို စိတ်ပျက်ပြီး တစ်ပိုင်းတစ်စနဲ့ ထွက်ခဲ့တဲ့သူတွေချည်းဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ “အတွေးအမြင်ကွဲပြားမှု” ဆိုတဲ့ ကိုယ်ပိုင်အစွမ်းအစတွေကို ပိုင်ဆိုင်ထားခဲ့ကြတယ်။
ပထမဦးဆုံး iDevices ဆိုတဲ့ ကွန်ပျူတာကို ကာလီဖိုးနီးယားပြည်နယ်၊ လော့စ် အယ်လ်တော့စ်မြို့က စတိဂျော့ရဲ့ ကား ဂိုဒေါင်ထဲမှာ စတင်တီထွင်ကြတယ်။ စတိ ဂျော့ရဲ့ သူမတူအောင် ဖန်တီးတီထွင်နိုင်စွမ်း၊ စည်းရုံးနိုင်စွမ်း တွေကြောင့် သူ့လိုပညာရှင်တွေကို သိမ်းသွင်းဖော်ဆောင်နိုင်ခဲ့တယ်။
သမိုင်းတွင်စေမယ့် Apple ကုမ္ပဏီကြီးကို စတင်ထူထောင်နိုင်ခဲ့ရုံမက CEO တစ်ယောက်အနေနဲ့ပါ တာဝန်ယူခဲ့တယ်။ ပညာရှင်တွေကို မဖြစ်မနေဇွဲနဲ့ သည်းသည်းမည်းမည်းရှာပြီး စီမံခန့်ခွဲကာ သူ့စိတ်ကူးကို အကောင်အထည် ဖော်စေနိုင်ခဲ့တာကြောင့်လည်း Apple ဟာအောင်မြင်ခဲ့တယ်လို့ ပြောနိုင်တယ်။
ခုဆိုရင် Apple က အမေရိကန်မှာတင် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို မူပိုင်ခွင့် အနေနဲ့ မှတ်ပုံတင်ထားခဲ့တာ အမျိုးအစားပေါင်း ၃၀၀ ကျော်နေပါပြီ။ စတိ ဂျော့တစ်ယောက် ၂၀၁၁ အောက်တိုဘာလမှာ ကင်ဆာရောဂါနဲ့ သူချစ်တဲ့အိုင်တီလောကကြီးကို ကျောခိုင်းသွားခဲ့ပါပြီ။ ဒါပေမယ့် Macintosh, iPod, iPhone, iPad ဆိုတဲ့ သူ့ စိတ်ကူးတွေကို ကမ္ဘာကြီးအတွက် ထားရစ်ခဲ့ပါတယ်။

Bill Gates

တကယ့်နည်းပညာတို့ရဲ့ဆရာကြီးတစ်ယောက်လိုဖြစ်နေသူဆိုတော့ အထွေအထူး မိတ်ဆက်ပေးဖို့တောင် လိုမယ် မထင်ဘူး။ Microsoft ဆိုတာ အိုင်တီခေတ်မှာ နည်းပညာစိတ်ဝင်စားသူတိုင်းနဲ့လည်း မကင်းနိုင်ပါဘူး။ ဘေ ဂိတ်စ် အကြောင်းကိုရေးတဲ့ စာအုပ်တွေအများကြီးထွက်တယ်။ အဲဒီစာအုပ်တိုင်းမှာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းပြီးအောင် မတက်ဘဲ ထွက်လာတယ်ဆိုတာ ချီးကျူးဂုဏ်ပြုရေးသားစရာ အချက်တွေဖြစ်နေတယ်။
ကွန်ပျူတာ Programming ဆိုတာ ဘေ ဂိတ်စ်အတွက် ဘ၀တစ်ခုဖြစ်လာတယ်။ ပေါလ် အယ်လန်နဲ့သူ BASIC ဆိုတဲ့ ပရိုဂရမ်ကို ကွန်ပျူတာဘာသာစကားတစ်ခုဖြစ်အောင် တီထွင်နိုင်ခဲ့ကြတယ်။ သူတို့ကြောင့် Altair 8800 ဆိုတဲ့ မိုက်ခရိုကွန်ပျူတာဟာ အသက်ဝင်လာတယ်လို့ ပြောနိုင်တယ်။ အဲဒီကတစ်ဆင့် ၁၉၇၅ ခုနှစ်မှာ Microsoft ဆိုတာ ပေါ်လာတယ်။
DOS (Disk Operating System) ကို တီထွင်နိုင်ခြင်းဟာ မိုက်ခရိုဆော့ဖ်ကို ကွန်ပျူတာ OS (operating system) ပိုင်းမှာ စိုးမိုးသွားစေနိုင်တဲ့ အချက်ဖြစ်ခဲ့တယ်။ DOS နောက်ပိုင်းမှာ MS Windows, MS Office တွေနဲ့ မိုက်ခရိုဆော့ဖ်ဟာ တစ်ခုပြီး တစ်ခု အောင်ပွဲတွေဆက်ခဲ့တယ်။ ဒီလိုနဲ့ မိုက်ခရိုဆော့ဖ်ဆိုတဲ့ အင်ပါယာကြီးကို ထူ ထောင်နိုင်ခဲ့တယ်။
မိုက်ခရိုဆော့ဖ်ဟာ ကွန်ပျူတာ operating system အပိုင်းမှာ စိုးမိုးလာတာနဲ့အမျှ သူ့လက်ဝါးကြီးအုပ်မှုအပေါ် အတိုက်အခံတွေလည်း အများကြီးပေါ်လာတယ်။ ရန်များလွန်းတာနဲ့ ဘေ ဂိတ်စ်လည်း မိုက်ခရိုဆော့ဖ်ရဲ့ အုပ်ချုပ်မှု အပိုင်းကနေ အနားယူပြီး အလှူအတန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေမှာပဲ မွေ့ပျော်နေတော့တယ်။
ဘေ ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးသုံးနေရာလောက်က အမြဲရပ်တည်နေခဲ့တယ်။ သူနဲ့ သူ့ဇနီးတို့ ထူထောင်ထားတဲ့ Bill & Melinda Gates Foundation ဟာ ကမ္ဘာမှာ ယနေ့တိုင် အလှူဒါန်းနိုင်ဆုံး၊ လူမှုရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းတွေ အလုပ်နိုင်ဆုံး ဖောင်ဒေးရှင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်။

Akio Morita
 
နည်းပညာနဲ့ပတ်သက်ရင် လူတွေမေ့ ဖျောက်လို့မရနိုင်တဲ့ ကုမ္ပဏီတစ်ခုရှိပါတယ်။ Sony Corporation ဆိုတာပဲ ဖြစ်တယ်။ နည်းပညာလောကမှာ ထရန်စစ္စတာရေဒီယိုတွေနဲ့ စတင်ပြီး အသိအမှတ်ပြုခြင်းခံလာရတယ်။ နောက်ပိုင်း Walkman, Video Cassette recorder, Trinitron TV ကြီးတွေအထိ အဆင့်ဆင့်တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာ့ အကြီးဆုံးနဲ့ အထင်ရှားဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်လာရတယ်။
အမေရိကန်မှာ စတိ ဂျော့ဟာ Apple နဲ့ ခေတ်တစ်ခေတ်ထူထောင် နိုင်ခဲ့သလို၊ ဂျပန်မှာလည်း မိုရီတာကို Sony နဲ့ အီလက်ထရောနစ်ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူလို့ ပြောနိုင်တယ်။
မိုရီတာဟာ ၁၉၄၆ ခုနှစ် မေလမှာ တိုကျို Telecommunication Engineering Corporation ကို စတင် ထူထောင်ခဲ့တယ်။ အဲဒီအချိန်ဟာ ဂျပန်နိုင်ငံမှာ စစ်ဒဏ်ကို အလူးအလဲပြန်ခံနေရချိန်လို့ပြောရမယ်။
ခရီးဆောင်၊ အိတ်ဆောင် သီချင်းဖွင့်စက်တွေ တီထွင်တဲ့အထဲမှာ ဆိုနီရဲ့ Walkman ဆိုတာ ခေတ်အစောဆုံးလို့ ပြော ရမယ်။ iPod တွေကို စတိ ဂျော့က သူ့စိတ်ကူးကိုယူပြီး လိုက်ထုတ်ရာက အောင်မြင်လာတာလို့ ပြောနိုင်တယ်။ ဒီ သီချင်းဖွင့်စက်လေးတွေကိုလည်း မိုရီတာက သူ လေကြောင်းနဲ့ ခရီးရှည်ကြီးတွေထွက်စဉ်မှာ သီချင်းနားထောင် ချင်တာနဲ့ တီထွင်ခဲ့တာလို့ ဆိုပါတယ်။
မိုရီတာဟာ ဂျပန်မှာတော့ တစ်ခုတည်းသော အီလက်ထရောနစ်ကမ္ဘာနဲ့ စိုးမိုးထားသူလို့ ပြောနိုင်တယ်။ သူ့အလှမ်း ကျယ်မှုကြောင့် အမေရိကမှာလည်း ဆိုနီရဲ့ ဩဇာတွေ အများကြီးလွှမ်းမိုးထားနိုင်ခဲ့တယ်။
ဒီနေ့ဆိုရင် ဆိုနီကုမ္ပဏီကြီးဟာ Vaio, PlayStation, Cyber-shot, Bravia, Xperia ဆိုတဲ့ အမည်ပေါက် တီထွင်မှုတွေနဲ့ လွှမ်းမိုးထားနိုင်ပါပြီ။ ပြောင်မြောက်တဲ့စိတ်ကူး၊ တီထွင်မှုအသစ်အဆန်းတွေနဲ့ အရည်အသွေးတွေ ကြောင့် ယနေ့တိုင် နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

Sir Timothy Berners-Lee
 
တင်မ် ဘာနာလီး တီထွင်ခဲ့တာ ယနေ့လူတိုင်းအတွက် မရှိမဖြစ် အရေးပါနေပေမယ့် သူ့ကိုတော့ လူသိနည်းပါတယ်။ သူ့မူလ အလုပ်က CERN (European Organization for Nuclear Research) မှာ လုပ်ခဲ့တယ်။ သိုသိပ် လျှို့ဝှက်တဲ့အဖွဲ့လည်းဖြစ်ပြီး၊ သူတီထွင်ခဲ့တာကို အစောပိုင်းမှာ မထုတ်ဖော်ခဲ့တာကြောင့် သူ့ကို လူသိနည်းခဲ့တယ်။
တင်မ်ဟာ ကွန်ပျူတာပရိုဂရမ်တစ်ခုရေးဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီ ပရိုဂရမ်က CERN မှာ လုပ်ကိုင်နေတဲ့ လူ ၁၀၀၀၀ လောက် တစ်ပြိုင်တည်း ဆက်သွယ်နိုင်မယ့် နည်းလမ်းဖြစ်တယ်။
၁၉၈၀ ပြည့်နှစ်မှာ တင်မ်ဟာ ENQUIRE ဆိုတဲ့ပရိုဂရမ်ကို စတင်ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီစနစ်ဟာ ယနေ့ လူသိများတဲ့ WWW ((World Wide Web) ရဲ့ ရှေ့ပြေးအစီအစဉ်တစ်ခုဖြစ်တယ်။
နောက် ၁၀ နှစ်အကြာမှာ TCP (Transmission Control Protocol) နဲ့ Domain name စနစ်အတိုင်း ကွန်ပျူတာက တစ်ဆင့် စာတွေ ပေးပို့ဖြန့်ချိနိုင်တဲ့ (ယနေ့အင်တာနက်ပုံစံ) ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်။ ယနေ့ Web လို့ လူသိ များတယ်။
မူလ CERN ဌာနအတွင်း သုံးနိုင်ဖို့ စနစ်ကနေ ကမ္ဘာသိ၊ ကမ္ဘာသုံး အင်တာနက် စနစ်ကြီးဖြစ်လာပြီး သူကိုလည်း Sir ဘွဲ့နဲ့ ချီးမြှင့်ခဲ့တယ်။ သူ့ကို ၂၀၀၄ ခုနှစ်မှာ ဘုရင်မကြီး ဒုတိယမြောက် အဲလီဇဘက်ကိုယ်တိုင် သူကောင်းပြုဘွဲ့ကို ချီးမြှောက်ခဲ့တယ်။ တင်မ်ဟာ အောက်စ်ဖို့ဒ်၊ ကွင်းကောလိပ်က ကျောင်းသားဟောင်းတစ်ယောက် ဖြစ်ပါတယ်။

Sergey Brin and Larry Page
 
အလွန်တော်တဲ့ ပရိုဂရမ်မာနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက် စတန်းဖို့ဒ် တက္ကသိုလ်မှာ ပါရဂူဘွဲ့ အတွက်တက်ဖို့လာရင်းတွေ့ကြတာ။ အဲဒီကတည်းက search engine လို့ခေါ်တဲ့ အင်တာနက်မှာ မရှိမဖြစ် စနစ် တစ်ခုကို တည်ဆောက်ဖို့ စိတ်ကူးရခဲ့ကြတယ်။ အင်တာနက်မှာ ပိုပြီးတော့ အထောက်အကူဖြစ်စေနိုင်ပြီး လူတိုင်း အတွက် အသုံးအတည့်ဆုံးစနစ်တစ်ခုလည်း ဖြစ်လာစေဖို့ သူတို့စတင်ကြံဆောင်ခဲ့ကြတယ်။
ဆာဂေး ဘရင်းက စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ကွန်ပျူတာစနစ်မှာ အကန့်အသတ်တွေကို တွန်းလှန်နေချင်တယ်။ အဲဒီ စိတ်ကူးဟာ Google ဆိုတဲ့ကုမ္ပဏီကြီးကို စတင် အခြေတည်စေခဲ့တဲ့ စိတ်ကူးတစ်ခုဖြစ်ခဲ့တယ်။
သူတို့စိတ်ကူးအတွက် အထောက်အပံ့ ပေးခဲ့တဲ့ ကုမ္ပဏီကြီးကတော့ Sun Microsystem ဖြစ်တယ်။ ဒေါ်လာ တစ်သန်း မတည်ပေးပြီးတော့ တီထွင်မှုကို အားပေးခဲ့တယ်။
သူတို့နှစ်ယောက်စိတ်ကူးဟာ မကြာခင် ပုံနှိပ်စက်ကိုတီထွင်ခဲ့တဲ့ ဂူတင်ဘတ်ပြီးရင် အရေးအပါဆုံးတီထွင်မှုတစ်ခုဖြစ် လာခဲ့တယ်။
အင်တာနက်ပေါ်မှာ လိုချင်တာ၊ သိချင်တာကို ရှာဖွေချင်ရင် Google နဲ့ ကင်းနိုင်တာမရှိပါဘူး။ လာရီ ပေ့ဂ်ျက PageRank ဆိုတာကို တီထွင်တယ်။ Google ကိုရောက်လာတဲ့ အဖျက်အမှောင့်တွေကို စောင့်ကြည့် ဖျက်စီးပေးတယ်။ နောက်ပိုင်းတရုတ်ပြည်က ဆင်ဆာကိစ္စတွေများတာကြောင့် အငြင်းပွားပြီး တရုတ်ပြည်အတွက် Google ကို ရပ်နားခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ နောက်ပိုင်း ဒီမိုကရေစီထောက်ခံရေးလှုပ်ရှားမှုတွေမှာ Google ဟာပိုပြီး ဂုဏ်တက်လာခဲ့တယ်။

Mark Zuckerberg
 
သူ့အကြောင်းတွေကို မီဒီယာကနေ အမျိုးမျိုးဖော်ထုတ် ချီးကျူးကြတယ်။ ပရိုဂရမ်မာတွေထဲမှာ စိတ်ကူးကောင်းတဲ့ ပရိုဂရမ်မာတစ်ယောက်လို့ ပြောရမယ်။ လူမှုရေးကွန်ရက်ကြီးတစ်ခုဖြစ်တဲ့ Facebook ဟာ သူ့ကြောင့် ပေါ်ပေါက် လာတာလို့ ပြောနိုင်တယ်။ ယခုဆိုရင် သူ့ Facebook ကို ကမ္ဘာတစ်ဝန်းလုံးမှာ သုံးစွဲသူပေါင်း ၈၄၅ သန်း တောင်ရှိနေပါပြီ။
Facebook ဟာ အင်တာနက်လောကကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တဲ့ လူမှုရေးကွန်ရက်ကြီးတစ်ခုလို့ ပြောနိုင် တယ်။ အစပိုင်းမှာ ကျောင်းသားတွေ အချင်းချင်း အပြန်အလှန်ပြောဆိုဆွေးနွေးနိုင်မယ့် Forum သဘောကနေ၊ နောက်ပိုင်း အားလုံးဆုံတွေ့ရာ စုရပ်တစ်ခုလိုဖြစ်လာတယ်။
အမှန်တော့ Facebook ဟာ အီးမေးလ်စနစ်ကို တိုက်ဖျက်ပစ်ဖို့ ပေါ်လာတဲ့ ဆက်သွယ်ရေးစနစ်လို့လည်း ခေါ်နိုင်တယ်။ ယနေ့တိုင် Facebook နဲ့ နောက်ကွယ်ကရှိနေတဲ့ ဇူကာဘတ်ကိုယ်တိုင် ပဟေဠိလိုဖြစ်နေတယ်။ မယုံရဲ ယုံရဲနဲ့ပဲ Facebook ကို သုံးစွဲသူတွေကလည်း များလာတယ်။ ဇူကာဘတ်ဆိုတာ ဘာလဲ၊ ဘာတွေဆက်လုပ်မလဲ၊ Facebook ကြောင့် ဘာတွေဖြစ်လာမလဲ ယနေ့တိုင် အဖြေရှာနေကြဆဲပဲ။

Jimmy Wales
 
ဂျင်မီ ဝေးလ်ဟာ လာရီဆန်းဂါးဆိုသူနဲ့ အတူ ဝီကီပီးဒီးယား (Wikipedia) ကို ထူထောင်ခဲ့တယ်။ ပရောဂျက်တွေကို ပြီးဆုံးအောင်မလုပ်နိုင်ကြလို့ အခက်တွေ့နေကြတဲ့ ကျောင်းသားတွေအတွက် ကယ်တင်ရှင် site ကြီးတစ်ခုလို့ ပြောရင် မမှားဘူး။ ဝီကီပီးဒီးယားဆိုတာ သုတရတနာသိုက်ကြီးလို့ ပြောရင်လည်း မမှားဘူး။ ယနေ့ခေတ်မှာ စွယ်စုံ ကျမ်းကြီးတွေကို မျိုးသုဉ်းအောင် လုပ်နိုင်ခဲ့တဲ့ လူတိုင်းအတွက် လွတ်လပ်စွာ အခမဲ့ဖွင့်ပေးထားတဲ့ သုတ ဘဏ်တိုက်ကြီးလို့လည်း ပြောနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံး ဒီ site ထဲဝင်ပြီးတော့ ဖတ်မှတ်လေ့လာ နေသူပေါင်း ၃၆၅ သန်းလောက်ရှိတယ်။
၁၉၉၀ လောက်ကတည်းက ဝေးလ်ဟာ Bomis ဆိုတာကို စတင်လုပ်နေပြီ။ လူကြီးလူကောင်းတွေဖတ်စာလို့ ခေါ်ရမယ့် စာတွေကို အင်တာနက်ပေါ်ကို တင်ထားပေးတယ်။ လူသိနည်းခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ search engine ကို အွန်လိုင်းစွယ်စုံကျမ်းလိုင်းကိုပြောင်းဖို့ စိတ်ကူးရသွားတယ်။
ဒီလိုနဲ့ Nupedia ဆိုတာကို စတင်မွေးဖွားခဲ့တယ်။ လာရီ ဆန်းဂါးက ဝေးလ်ဖြစ်ချင်တဲ့ စိတ်ကူးကို လူတိုင်းပါဝင်၊ လူတိုင်းဝင်ရေး၊ လူတိုင်း ဖတ်နိုင်တဲ့ အနေအထား ရောက်အောင် အကောင်အထည်ဖော်ပေးခဲ့တယ်။ ဒီလိုနဲ့ ဝီကီပီးဒီးယားဆိုတာ ဖြစ်လာခဲ့တယ်။ လူတိုင်းအခမဲ့ သိချင်တာရှာ၊ ယူချင်တာယူ၊ ပေးချင်တာပေးနိုင်တဲ့ site တစ်ခုအဖြစ် အောင်မြင်နေပါတယ်။

Linus Torvalds
 
ကမ္ဘာပေါ်မှာ အဓိက ငြခမသျသ်အ နဲ့ ဗစစူန ရဲ့ ဆော့ဖ်ဝဲတွေကပဲ လက်ဝါးကြီးအုပ် စိုးမိုးနေချိန်မှာ ဖင်လန်-အမေရိကန်ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ လိုင်းနပ်စ် တော်ဗဲလ်ဆိုသူတစ်ယောက်က ပြုပြင်ပြောင်းလဲမှု တစ်ခုကို လုပ်လိုက်ပါတယ်။ သူတီထွင် လိုက်တဲ့ Linux ဆိုတဲ့ ဆော့ဖ်ဝဲဟာ အခမဲ့လည်းရ၊ အသုံးလည်းတည့်၊ စိတ်ချလုံခြုံမှုလည်း အပြည့်ရှိတဲ့ လေးစားစရာ open source ဆော့ဖ်ဝဲတစ်ခုဖြစ်လာပါတယ်။
Linux ကို လူတိုင်းအသုံးတည့်လာပေမယ့် တော်ဗဲလ်ကတော့ ဒီဆော့ဖ်ဝဲကို မတော်တဆ တွေ့ရှိခဲ့တယ်လို့ ပြောတယ်။ သူ့ Linux မှာ BitKeeper ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုထားကြောင်း စွပ်စွဲချက်တွေထွက်လာတယ်။ ဒါနဲ့ တော်ဗဲလ်လည်း Git ဆိုတာကိုတီထွင်ပြီးသူ့ open source ကို ခိုင်မာအောင်လုပ်တယ်။
Open source ဆိုတာ အခမဲ့လည်းရ တီထွင်သူပရိုဂရမ်မာတွေအတွက်လည်း အသုံးတည့်၊ လုပ်ငန်းကြီးတွေ အတွက်ပါ အနှောင်အဖွဲ့ကင်းရှင်းစွာ သုံးနိုင်ကြလို့ စိတ်ဝင်စားပြီး အထွဋ်အထိပ်ကိုရောက်လာခဲ့တယ်။ ယနေ့ Linux ကို စူပါကွန်ပျူတာကြီးတွေမှာတောင် စိတ်ချရတယ်ဆိုပြီး သုံးစွဲနေကြတယ်။ ဆဲလ်ဖုန်းတွေမှာကအစ open source ဆိုတာ နှစ်သက်စရာဖြစ်လာစေတယ်။

Jeffery Bezos
 
ဂျက်ဖ် ဘီဇို့စ်ဟာ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်နေချိန်မှာ Amazon.com ဆိုတဲ့ အင်တာနက်ကနေ ဈေးဝယ်စနစ်ကို စတင်ဖော်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘီဇို့စ်ဟာ ကွန်ပျူတာသိပ္ပံနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ယောက်ဖြစ်ခဲ့တယ်။ ပရင့်စ်တန်တက္ကသိုလ်ကျောင်းထွက်ပါ။
သူဟာ နိုင်ငံတကာကုန်သွယ်မှုမှာလည်း ကျွမ်းကျင်တာကြောင့် Amazon.com ကို စိတ်ကူးရခဲ့တာဖြစ်တယ်။ မူလက အွန်လိုင်းကနေ စာအုပ်တွေရောင်းဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်း သီချင်း၊ အီလက်ထရောနစ်ပစ္စည်း၊ ဆော့ဖ်ဝဲ၊ ဗီဒီယိုဂိမ်း၊ အဝတ်အထည်၊ အိမ်တွင်းအဆင်အပြင်၊ အစားအစာနဲ့ ကစားစရာတွေအထိ တစ်လိုင်းထဲမှာ အစုံ ဝယ်ယူလေ့လာနိုင်တဲ့ site ကြီးဖြစ်သွားတယ်။ မိုက်ခရိုမန်နေဂျာလေးကနေ သမိုင်းဝင်မန်နေဂျာကြီးဖြစ်သွားခဲ့တယ်။

Shigeru Miyamoto
 
မီယာမိုတိုဟာ ဗီဒီယိုဂိမ်းတီထွင်သူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားသူလည်းဖြစ်တယ်။ သူတီထွင်ခဲ့တဲ့ Mario, Donkey Kong, The Legend of Zelda, Star Fox, F-Zero, Pikmin ဆိုတဲ့ဂိမ်းတွေဟာ ကမ္ဘာကျော် တွေလို့ ပြောနိုင်တယ်။
သူဟာ ကလေးဘ၀ကတည်းက ကျိုတိုမြို့ ဆင်ခြေဖုံး ဆိုနိုဘီရပ်ကွက်မှာ ကြီးပြင်းခဲ့ရတယ်။ သူ့ ဂိမ်းဇာတ် ကောင်လေးတွေဟာ ဒစ်စနေးကာတွန်းဇာတ်ကောင်လေးတွေလို ဖန်တီးထားတာများတယ်။ ဥပမာ မာရီယိုဆိုတဲ့ ဇာတ်ကောင်ဆိုရင် ကျေးလက်သူရဲကောင်းတစ်ယောက်ပါ။ မင်းသမီးကို သွားကယ်ရတယ်။ ဂိမ်းကစား သူတိုင်းကို ဆွဲဆောင်စေခဲ့တယ်။
ခုထိ Nintendo ကုမ္ပဏီမှာ မန်နေဂျင်းဒါရိုက်တာ တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေ တယ်။ ဒီဂိမ်းတွေဟာ သူ့ရဲ့ စိတ်ရောကိုယ်ပါ စွမ်းဆောင်ချက်တွေကြောင့် ပေါ်ပေါက်လာတာလို့ပြောနိုင်တယ်။

Michael Dell
 
ပွဲတွေကို ရှောင်လေ့ရှိတဲ့ မိုက်ကယ် ဒဲလ်ဟာ သေးသေးလေးနဲ့ ဘ၀ကို စတင်ခဲ့တယ်။ ကွန်ပျူတာပစ္စည်းလေးတွေကို စတင်ရောင်းရာကနေ အလုပ်စလုပ်ခဲ့တယ်။ သူ့ အသက် ၁၅ နှစ်သားမှာ ပထမဦးဆုံး ကွန်ပျူတာထုတ်ဖို့ စိတ်ကူး ရခဲ့တယ်။
ဒါကြောင့် ကွန်ပျူတာတစ်လုံးကို အစအဆုံး ပြန်ပြီးဖျက်ကြည့်တယ်။ ကွန်ပျူတာကို အဲဒီအချိန်က ရောင်းကြတာ ကြားခံအရောင်းသမားတွေကတစ်ဆင့်ဖြစ်နေတယ်။ ဒါကြောင့် သူက ကုမ္ပဏီမှာ ကွန်ပျူတာကို တိုက်ရိုက်ဝယ်ယူနိုင်တဲ့စနစ်ကို စတင်တီထွင်ခဲ့တယ်။
၁၉၈၄ ခုနှစ်မှာ သူ့စိတ်ကူးကို အကောင်အထည်ဖော်တဲ့အနေနဲ့ Dell Computer Corporation ကိုစတင်ထူထောင် နိုင်ခဲ့တယ်။ သူ့ကုမ္ပဏီဟာ Fortune 500 မှာ ပါဝင်လာခဲ့တယ်။ အသက် ၂၇ နှစ်မှာ လူငယ် CEO တစ်ယောက်ဖြစ်လာတယ်။ ၁၉၉၉ ခုနှစ်မှာ Michael and Susan Dell ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တယ်။ ကလေး တွေအတွက်ဘ၀ဖူလုံရေး အထောက်အပံ့ အများဆုံးပေးနေတဲ့ ဖောင်ဒေးရှင်းကြီးတစ်ခုလည်းဖြစ်တယ်။

Lawrence Ellison
 
လာရီလို့ လူသိများတဲ့ လောရင့်စ် အယ်လီဆန်ဟာ Oracle Corporation ကို ထူထောင်သူနဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်သူ ကွန်ပျူတာဒီဇိုင်းပညာရှင်လို့ပြောတဲ့ ချီကာဂိုတက္ကသိုလ် ကျောင်းထွက် တစ်ယောက်ဖြစ်တယ်။ Ampex Corporation မှာ စတင်အလုပ်လုပ်တယ်။ စီအိုင်အေအဖွဲ့ အတွက် “Oracle” လို့ခေါ်တဲ့ database စနစ်တစ်ခုကို စတင်လုပ်ဆောင်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းသုံးစနစ်တွေကိုလည်း အများကြီး တီထွင်ခဲ့တယ်။
၁၉၈၀ ပြည့်နှစ်မှာ IBM က သူ့ Oracle ကို မိန်းဖရိန်ကွန်ပျူတာကြီးတွေမှာ စတင်သုံးခဲ့တာကအစ သူ့ကို လူသိများလာတယ်။ သူလည်း Oracle ဆိုတဲ့ ကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ Oracle စနစ်ကို ကုမ္ပဏီကြီးတွေနဲ့ လုပ်ငန်းကြီးတွေမှာ သုံးကြတယ်။ ချမ်းသာပြီး ကိုယ်ပိုင်လေယာဉ်ပျံ၊ အကောင်းဆုံး ဇိမ်ခံကားတွေ စီးတတ်တာကြောင့် နာမည်ကျော်တယ်။
အခုပြောခဲ့တဲ့ ထင်ရှားသူတွေ အားလုံးမှာ တူညီတာတစ်ခုက ဘာလုပ်လုပ် “စိတ်အားထက်သန်စွာလုပ်” ဆိုတာပါ။ သေးသေးလေးပဲလုပ်လုပ် အားနဲ့ မာန်နဲ့ လုပ်တတ်ကြတာဟာ သူတို့ဘ၀အတွက် အောင်မြင်မှုတွေရရှိစေခဲ့ပါတယ်။ သူတို့မှာ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းတွေထွက်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ကြပေမယ့် အောင်မြင်ခဲ့တာကြောင့် အစဉ်အလာ ပညာရေးဆိုတာ သူတို့အတွက် အဓိကမကျဘူးဆိုတာလည်း သက်သေပြနေတယ်။
ဘာပြောပြော သူတို့ရဲ့ တော်လှန်ပြီး ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဓာတ်တွေက အစဉ်အလာကမ္ဘာကြီးကို ပြန်လည်ဖန်တီးနိုင်ခဲ့ တယ်ဆိုတာတော့ ထင်ရှားတယ်။

Saturday, December 10, 2011

“အငြင်းဝါကျများ”




ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...

ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...


မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...

ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...



အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...

ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။

Sunday, November 20, 2011

အင်တာနက်သုံး အတိုကောက် ဗန်းစကားများ(၁)


0 can be O or vice versa, (the letter and the number are often interchangeable)
1 = won or one, (1dr = wonder)
2 = too, to, or two,
3 = the letter E, (so 's33 U' means See you)
4 = for, four, or a prefix of suffix of 'fore. (b4 = before, 4warned = forewarned),
8 is usually either a pair of eyes, glasses, or ate, although it gets used a lot for making pictures,
9 is a good thing (he was dressed to the 9s means he was all dressed up),
B = be,
C = see, (IC means I see)
G = gee,
K = OK, (so k, or kk means I'm OK)
M = am,
N = in,
O = oh,
R = Are,
U = You,
g = grin,
s = smile,

Chatting မှာသုံးနိုင်တဲ့ / သုံးတတ်တဲ့ ဗန်းစကားပုံစံလေးတွေကိုပြောပြပါအုံးမယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ နံပါတ်တွေနဲ့ အက္ခရာတွေကို ဘယ်လိုတွဲသုံးနိုင်တယ်ဆိုတာလေးပါ။ အကယ်၍များ တစ်ယောက်ယောက်က သူငယ်ချင်းတို့ကို "h3l3Ft" လို့ပြောခဲ့ရင် 3 ဆိုတာက E လို့ယူဆပါတယ်။ ဒါကြောင့် "he left" လို့အဓိပ္ပာယ်ရပါလိမ့်မယ်။
တခါတရံမှာ တချို့လူတွေက စိတ်ခံစားမှုအများအပြားကိုထုတ်ဖော်ချင်တဲ့ အခါတွေက နောက်ဆုံးအလုံးတွေကိုထပ်ခါထပ်ခါသုံးတတ်ပါတယ်။ ဥပမာ - HEYYYYYY BILLLLLLL ဆိုတာမျိုးပါ။ Hello Bill လို့ဝမ်းသာအားရ နှုတ်ဆက်လိုက်တာပါ။(သို့)စိတ်တိုပြီးပြောလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ တစ်ခုမှတ်ထားစရာက Caps Lock ဖွင့်ပြီးရိုက်တာပါ ကျနော်တို့ မြန်မာတွေအတွက်ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံခြားသားတွေအတွက်ကတော့ I နဲ့ setence အစဆုံးစာလုံးတွေကို Capital letters နဲ့ ရိုက်တာကလွဲရင် setence တစ်ခုလုံးကို Capital Letters (သို့) Caps lock ဖွင့်ပြီးရိုက်တာဟာ ရိုင်းစိုင်းတဲ့ အပြုအမှုဖြစ်ပါတယ်။ သူတို့တွေ Caps lock နှိပ်လိုက်မိပြီး မှားရိုက်မိရင်လည်း ချက်ချင်း တောင်းပန်တာကိုတွေ့ရပါလိမ့်မယ်။ setence တစ်ခုလုံးကို Capital letters နဲ့ရိုက်တယ်ဆိုတာက အရမ်းဝမ်းသာတဲ့အခါ အံသြတဲ့ အခါနဲ့ တစ်ဦးနဲ့တစ်ဦးမကျေနပ်လို့ ဆဲကြဆိုကြ အော်ကြဟစ်ကြတဲ့အခါတွေမှာ သုံးကြပါတယ်။ သာမန်အခြေအနေမှာသုံးလိုက်ရင် ရိုင်းပါတယ်။ မရင်းနှီးသေးတဲ့ သူတွေနဲ့ပြောတဲ့အခါ Capital letters ကိုရှောင်တာကောင်းပါတယ်။
နောက်တစ်ခုက chatting အသုံးအနှုန်းတွေမှာ သရစာလုံးတွေကိုပြုတ်ပြောတတ်ကြပါတယ်။ ဥပမာ - "wrd" အဓိပ္ပာယ်က weird ဒါမှမဟုတ် word လို့လည်း အဓိပ္ပာယ်ရပါတယ်။
နောက်ပြီး z ကိုစာလုံးရဲ့နောက်ဆုံးမှာ ရိုက်တာတွေတွေ့ဘူးမှာပါ။ အများအားဖြင့်တော့ z ကို s (သို့) es (the plural of something) လို့ ယူဆကြပါတယ်။ ဆိုလိုတာက 2 many billz = I have too many bills ပါ။ hugzzzz, thankz, huggelzzzz,OK အတွက် kkz အဲလိုလည်း သုံးကြပါတယ်။
နောက်ထူးခြားတာလေးတစ်ခုက နံပါတ်တွေနဲ့ ပြောတာပါ။ အဲဒါတွေကတော့....


* 1040 ရဲ့ အဓိပ္ပာယ်က you owe me big time(tax form?...get it?)
* 86 ရဲ့ အဓိပ္ပာယ်က you're done (သို့) we are outta here.
* 747 ကတော့ let's fly (သို့) we're leaving.
* 360 ကတော့ I love you back (သို့) right back at you.
* 143 က I love you ပါ။ (1= I , 4= Love နဲ့ 3= You) ဒါကြောင့် စကားလုံးတစ်လုံစီရဲ့ စာလုံးအရေအတွက်လို့ ယူဆရပါတယ်။
* % ကတော့ အများအားဖြင့် o နှစ်လုံး "oo" ဖြစ်ပါတယ်။ T%K = took
* & အဓိပ္ပာယ်က "and" ပါ။ ဒါကြောင့် b& = band ပါ။


ဒီလောက်ဆိုအဆင်ပြေကြလိမ့်မယ်ထင်ပါတယ်။ နောက်ထပ် up to date သုံးနေကြတဲ့ စကားလုံးတွေ သင်္ကေတတွေလည်း ရှိအုံးမှာပါ။ ဒီထဲမှာမပါတဲ့ စကားလုံးအသစ်လေးတွေကိုလည်း သိရင်ပြောပေးကြပါအုံး၊ comments ရေးခဲ့နိုင်ပါတယ်။ ကောင်းကောင်း chat နိုင်ကြပါစေ...Razz

အင်တာနက်သုံး အတိုကောက် ဗန်းစကားများ

AAK Alive And Kicking
AAR - At Any Rate
AAS - Alive And Smiling
ADN - Any Day Now
AFAIK - As Far As I Know
AFK - Away From the Keyboard
AFN - that's All For Now
AOTA - All Of The Above
a/s/l or asl - Age/Sex/Location - (used to ask a chatter their personal information)
AV - Avatar - Graphical representation (a picture) often used in chat rooms to depict a person that is in the room and chatting.
b4 - Before
BAK - Back At Keyboard (I'm back)
BBL - Be Back Later
BBS - Be Back Soon
BCNU - I'll Be Seeing You.
b/f - Boyfriend (also shown as bf, B/F, or BF)
BEG - Big Evil Grin
BFN - Bye For Now
BMA - Bite My A** (became popular with the Simpson's cartoon show)
boot - To get kicked out of a chat room, or have to restart the computer because you couldn't talk in the chat room anymore.
BR - Best Regards
BRB - Be Right Back
BRH - Be Right Here
BSEG - Big S**t Eatin Grin
BTA - But Then Again....
BTW - By The Way
btw - BeTWeen you and me ...
chat room - A web page where people gather using software that allows them to talk to one another in real time.
CRS - Can't Remember S**t
CU - See You - also posted as cya
CUS - Can't Understand S**t (stuff)
CNP - Continued in Next Post (seen more on message boards than chat)
CP - Chat Post
CUL8R - See You Later
CUOL - See You On Line
CYA - See Ya
dd, ds, dh - Darling or Dear: Dear Son, Dear Daughter, or Dear Husband. Usually exchanged in family chats.
DDSOS - Different Day, Same Old S**t
DEGT - Don't Even Go There (I don't want to talk about it)
DIKU - Do I Know You?
DIS - Did I Say
D/L, DL, d/l, dl - Downloading, or Download it.
EG - Evil Grin
EM - E-Mail
EMA - E-mail Address (example: ?ema or ema? = what is your email address)
EOT - End Of Thread (meaning end of discussion)
ez or EZ - easy (one of the really old ones)
F2F - Face To Face
FAQ - Frequently Asked Question
FISH - First In Still Here (someone who is on line TOO much)
FITB - Fill In The Blanks
flame - to insult someone. Used when a person asks a stupid question, or says something rude to irritate the users of a chat room or message board.
FOCL - Falling Off Chair - Laughing
forum - What todays message boards are called. Often using php as defining language to quickly write 'real time' messages and replies to a web site (or page)
FTS - F*** This S***
fu - f*** you (If you can't figure this one out, you shouldn't be on line)
FUBAR - "Fouled" Up Beyond All Repair / Recognition
FUD - Fear, Uncertainty, and Doubt
FWIW - For What It's Worth
FYI - For Your Information
GA - Go Ahead
GAL - Get A Life
gest - Gesture ... a small multimedia file played over the internet, usually expressing an emotion or comment.
g/f - Girlfriend (also shown as gf, G/F, or GF)
GFN - Gone For Now
GGOH - Gotta Get Outta Here
GMTA - Great Minds Think Alike
GR - Gotta Run
GR&D - Grinning, Running, and Ducking.
GTR - Got To Run
GTRM - Going To Read Mail (leaving chat room to check email)
H&K - Hugs and Kisses
hack - person who breaks into software, or disrupts a chat room.
HAGD - Have A Good Day
HAGO - Have A Good One
Halsoft - Name of a company that purchased the brand of Chat that Excite offered, now a pay as you go service.
HB - Hurry Back
Hosts - Refers to the people that are running the chat room, they usually have the ability to kick a person off due to rude behavior.
HTH - Hope That Helps
huggles - Hugs
IAC - In Any Case
IB - I'm Back
IC - I See
IDN - I Don't kNow
IDK - I Don't Know
IDTS - I Don't Think So
IANAL - I'm Am Not A Lawyer (expect an uninformed opinion)
IC - I See
ICQ - I Seek You. A computer program used to communicate instantly over the Internet.
ILU or ILY - I Love You
IM - Instant Message
IMHO - In My Humble Opinion (or In My Honest Opinion)
IMO - In My Opinion
IOH - I'm Out of Here
IOW - In Other Words
IRL - In Real Life
IYO - In Your Opinion
JAS - Just A Second
JIC - Just In Case
JK - Just Kidding
JMO - Just My Opinion
JW - Just Wondering
k, K, or kk - O. K.
KIT - Keep In Touch
L8R - Later (an early one, kind of outdated with current 'young geeks')
LMAO - Laughing My Ass Off
LFFAO - Laughing My F***(freaking) Ass Off
LOL - Laughing Out Loud
LTNS - Long Time No See
LTS - Laughing To ones Self
LY - I Love Ya.
LYL - Love You Lots
Message Board. - A web page where people write comments, and those comments are than added to that web-page for others to view. Used to carry on conversation, request information, and relay messages.
MUG - Refers to a new user of that chat program, goes back to Excite VP days when the AV (or icon) that represented someone new was a picture of a coffee mug.
NE1 - Anyone
newbie - refers to a person who is new to an area or technology. Also seen as nube, nooby, nubie, nb, etc.
NFW - No Feasible (or F***ing) Way
NIMBY - Not In My Back Yard
nm, or NM - Never Mind
NP, np - No Problem
NRN - 1. No Response Necessary
2. Not Right Now
NT - No Thanks
OBTW - Oh, By The Way.
OIC - Oh, I See
OF - Old Fart, someone who has been around for a while.
OJ or OK - Only Joking or Only Kidding


OL - the Old Lady
OM - the Old Man
OMG - Oh My Gosh (although it's usually used with the Lords name in place of "gosh")
OT - Off Topic
oth or OTH - Off The Hook: Something is really popular, or hot. Very exciting.
otr or OTR - Off The Rack: Saying that something is outside the ordinary.
OTE - Over The Edge (beyond common sense or beyond good taste)
OTOH - On The Other Hand ...
OTOMH - Off the Top of My Head ...
OTW - On The Way ... I've sent a file to you, it's "On the way"
P911 - My parents are in the room. P=Parents, and 911=emergency, in other words either drop the subject, or watch the language.
PANS - Pretty Awesome New Stuff (often referring to computer technology)
PCMCIA - Personal Computer Memory Cards International Association
PCMCIA - People Can't Master Computer Industry Acronyms (slang)
PEBCAK - Problem Exists Between Chair And Keyboard
peeps - People. example: "There sure are a lot of peeps in this room" - meaning a lot of people are in the chat room.
peep this - Hey, listen to this, I've got some interesting news.
PITA - Pain In The Ass
PLZ - Please
PMJI - Pardon Me for Jumping In (when you enter into a new conversation)
poof - when someone leaves a chat room, often seen as *poof* as in boy he *poofed* in a hurry.
POTS - Plain Old Telephone Service
POS - Parents are looking Over my Shoulder.
POTS - Parents Over The Shoulder - (My parents are watching, I can't really talk)
PPL - People
QT - Cutie
RFC - Request For Comments (used more in newsgroups, a page or pages that supply technical information)
rl or RL - Real Life (as opposed to being online)
r m or RM - Ready Made: pre-existing
ROFL - Rolling On Floor, Laughing
ROTF - Rolling On The Floor (laughing is implied)
ROTFLMAO - Rolling On The Floor Laughing My Ass Off
ROTFLMFAO - Rolling On The Floor Laughing F(***ing) My Ass Off
RSN - Real Soon Now
r/t - Real Time (also: RT, or rt)
RTFM - Read The "Flippin" Manual (response to beginner question on net, chat, newsgroups, etc.)
RU - aRe yoU?
SEG - Shit Eating Grin
SH - Same Here
SMS - Short Message Service (more cell phones and pagers than chat rooms and the Internet)
SN - Screen Name. The name or moniker selected by person in an IM or chat program. ex: My "SN" in vp was "-lone.wolf"
SNAFU - Situation Normal, All "Fouled" Up
SO - Significant Other
SOL - Shit Out Of Luck
SOS - Same Old S**t (stuff)
SOTA - State Of The Art (latest technology)
SPST - Same Place, Same Time
SSDD - Same S**t, Different Day
STR8 - Straight (can refer to sex, or DSTR8 as in Damn Straight)
STW - Search The Web
SY - Sincerely Yours
SYL - See You Later
TAFN - That's All For Now
TC - Take Care
TFH - Thread From Hell (a topic or discussion that won't stop - esp. newsgroups)
TGIF - Thank Goodness It's Friday
THX - Thanks!
TIA - Thanks In Advance
TM - Text Message (often refers to communications with text over cell phones)
TMI - Too Much Info. (information)
TNT - 'Til Next Time
TPS - That's Pretty Stupid
TPTB - The Powers That Be (can sometimes refer to the people that are running the chat room or server)
TRDMF - Tears Running Down My Face: Can be with either laughter, or due to saddness.
TS - Tough S**t
TSFY - Tough S**t For You
TTFN - Ta-Ta For Now
TTTT - These Things Take Time
TTYL - Talk To You Later
TY - Thank You
TYT - Take Your Time
TYVM - Thank You Very Much
VPPH - Virtual Places Page Host
US - You Suck
usa or USA - Until Sides Ache: Usually used with one of the laughter acronyms such as "lolusa" Laughing Out Loud Until my Sides Ache. I've also heard that some folks substitute ush for "Until Sides Hurt". rotflolush = rolling on the floor, laughing out loud, until my sides hurt.
UV - Unpleasant Visual
UW - yoU're Welcome
UY - Up Yours
vp or VP - Virtual Places: A brand of chat offered by Excite in the late 90s and early 2000.
WB - Welcome Back (you say this when someone returns to a chat room)
WC - WelCome
WEG - Wicked Evil Grin
WEU - What's Eating You?
WFM - Works For Me
WIIFM - What's In It For Me?
WTG - Way To Go
WTF - What The F**K
WT? - What The ...? or Who the ...?
WTGP? - Want To Go Private? (move to a private chat room)
WWJD - What Would Jesus Do?
YAA - Yet Another Acronym
YBS - You'll Be Sorry
YL - Young Lady
YM - Young Man
YMMV - Your Mileage May Vary
YR - Yea, Right. (sarcastic)
*ys* - You Stinker
YVW - You're Very Welcome
YW - You're Welcome


နောက်ထပ်တွေ့မယ့်သင်္ကေတတွေကတော့ feeling ကိုဖော်ပြတဲ့ သင်္ကေတလေးတွေပါ။ သူတို့ကို "emoticons" လို့ခေါ်ပါတယ်။ ဒီသင်္ကေတလေးတွေကိုအသုံးပြုပြီး Chatting ထဲမှာ ကိုယ့်ရဲ့ ခံစားချက်လေးတွေကို ထုတ်ဖော်နိုင်ပါတယ်။ ဥပမာ ;-) ဒီသင်္ကေတမှာဆိုရင် ;(semi-colon) က မျက်လုံးကိုဖော်ပြတာပါ။ -(hyphen)ကတော့ နှာခေါင်း နဲ့ ) ကတော့ ပါးစပ်ဖြစ်ပါတယ်။ တခါတလေ တစ်ယောက်နဲ့ တစ်ယောက်အသုံးပြုတဲ့ သင်္ကေတလေးတွေ ကွဲပြားမှုအနည်းအကျဉ်းတော့ရှိပါတယ်။ ဥပမာ ;-) ကို Wink နဲ့ ရိုက်ရင် hyphen(-)မပါပေမယ့် အဓိပ္ပာယ်ကတော့ အတူတူပါပဲ။ သိပြီးသားတော့ ဖြစ်မှာပါ။ ဒါပေမယ့် Chatting ကို စတင်သင်ကြားမယ့်သူတွေအတွက်ပါ...Razz

Monday, November 7, 2011

HD speed မြင့်တင်ရအောင်


1.Start-->Run တွင် SYSEDIT.EXE လို့ရိုက်ပါ။
2.System Configuration Editor ရောက်ပါမယ် C:\ system.ini file window ကိုထပ်မံ ဖွင့်ပါ။
3.Scroll Down ဆွဲပြီးအောက်နားလေးက " [386enh]" ဆိုတာလေးကို ရှာလိုက်ပါ။
4." [386enh]" အောက်ကပ်ရပ်မှာ" Irq14=4096 " ဟုရိုက်ထည့်လိုက်ပါ
5.File-->Save ပြီး၊ SYSEDIT ကိုပိတ် ကွန်ပျူတာကို reboot ပေးပါ။
6.ကြိုက်တဲ့ system info. software မဆို အသုံးပြုပြီး ဘယ်လောက်တိုးတက်လာသလဲ ဆိုတာ စစ်ဆေးနိုင်ပါတယ်။

မိမိရဲ့ hard disk ကိုဝန်မပိစေဘဲပေါ့ပေါ့ပါးပါးလေးသုံးမယ်

ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို
Waste capacity ကို များစွာပေးထား တာပါ
ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
System Restore: Default 12% dropped to 1% (~ 1 GB)
အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ…….

Hard disk ကို Defragment ဘာကြောင့်လုပ်သင့်သလဲ


ကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့
ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။
Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။ Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါ
သို့သွားပါ ဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ပြီးရင်တော့Defragment
ခလုပ်လေးကိုနှိပ်ပြီးလုပ်လိုက်ရုံပါဘဲဒါပေမဲ့
ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။
Hard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။ Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့် Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်Start>Programs>Accessories>System Tools>Scan Disk သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။



Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။



System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့်မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး

အဆင်ပြေကြပါစေဗျာ

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Overheating


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။
တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး
Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို

ချက်ခြင်းစစ်ဆေးသင့်ပါတယ်။

Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့
အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကို
BIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်း
ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်
တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Hard disk drives


ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk
ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
Start>Programs>Accessories>System Tools>Disk Defragmenter
ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့်
ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်
များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…
software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ
အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။

ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊
bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။

Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး
လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ memory


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်နောက်ပြသနာတစ်ခုက

memory ပါ သူ့  ပြဿနာကလည်း Blue death screen တက်လာပြီး
Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။

fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory
ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။

memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……
..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Software


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်ပြသနာတစ်ခုက
ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း
ကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှ
စနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကို
ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ်
Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ
သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall
လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။Registry ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။
Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင်
အသစ်တင်လိုက်တဲ့အခါမှာထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး
ဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။
Registry Mechanics, System Mechanics, One click ,maintenance
, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

Thursday, November 3, 2011

ကမ္ဘာပျက်မယ့်နေ့



တည်မြဲနေတဲ့ကမ္ဘာကြီး ဘယ်နေ့အဆုံးသတ်မလဲ သင်သိပါသလား။ကိုယ်တိုင်တွက်ချက်ကြည့်လို့ရရင်ကော သင်စိတ်ဝင်စားပါသလား။

ဘုရားသခင်က ကမ္ဘာကြီး ဖန်ဆင်းပြီးတာနဲ့ ကမ္ဘာပျက်မယ့်နေ့ကိုသိဘို့ ပဟေဠိတစ်ပုဒ် ထားခဲ့ပါတယ်။ဖြေရှင်းနိုင်ရင် ဘယ်တော့ ကမ္ဘာပျက်မလဲ သိပြီပေါ့..:)

ဒဏ္ဍာရီက ဒီလိုပါ။

ကြေးဝါအောက်ခံပြားပေါ်မှာ “ စိန်တိုင်” သုံးတိုင်စိုက်ထူထားပြီး တစ်တိုင်မှာ ရွယ်တူနှစ်ခု မပါတဲ့ ကွင်း ၆၄ ကွင်း အောက်မှအထက်သို့ ကြီးစဉ်ငယ်လိုက် စေတီပုံသဏ္ဍာန် စွပ်ထားတဲ့ခုံတစ်ခုပါ။
အဲဒါကို “ ဗြဟ္မာ့ဘုံ ” လို့ ခေါ်ပြီး အိန္ဒိယ နိုင်ငံ “ ဗီနာရီ ” မြို့ဘုရာရှိခိုးကျောင်းမှာတဲ့။
နောက် အဆိုက အင်ဒိုချိုင်းနားကျွန်းဆွယ် ဟနွိုင်းမြို့က ဘုရားကျောင်းတဲ့။ ဟနွိုင်းမျှော်စင် လို့ ခေါ်ပြန်တယ်။
မျက်စိထဲ စီဒီ ရာဘူးခုံ မှာ အရွယ်မတူစီဒီပြား ၆၄ ပြား ထည့်ထားပုံ မြင်မိတယ်။

စည်းကမ်းချက်က ကွင်း ၆၄ ကွင်းကို ကြီးစဉ်ငယ်လိုက်ပစုံအတိုင်း အခြားတစ်လွတ်ကိုရွှေ့ခြင်းပါ။ သို့သော် တစ်ကြိမ်မှာ တစ်ကွင်းဘဲရွှေ့ရမှာဖြစ်ပြီး ငယ်သောကွင်းသည် ကြီးသောကွင်းအောက် မည်သည့်အကြိမ်မှ မရောက်စေရ။ဘေးသို့ချမထားရတဲ့။ဒါပါဘဲ။

က်ျရွှေ့ခြင်းမပြီးဆုံးမီ မိုးကျိုး မုန်တိုင်းတွေ ကျရောက်ပြီး ကမ္ဘာကြီး ပျက်စီးရလိမ့်မယ် ဆိုဘဲ။

၃ကွင်းကို ၇ကြိမ်၊၄ကွင်းကို ၁၅ကြိမ်၊၅ကွင်းကို ၃၁ကြိမ်၊၆ကွင်းကို ၆၃ကြိမ် ရွှေ့ရတယ်။ ၆၃ကွင်းကို ဘယ်နှစ်ကြိမ်ရွှေ့ရမလဲပေါ့။ ဒါဆိုရှင်းလောက်ပါပြီ။

Photobucket

ပုံကို paint နဲ့ အလွယ်လုပ်လိုက်တာ။စုတ်တီးစုတ်ပြတ်လေး ဖြစ်နေတယ်။photoshop cs 3 တင်ပြီးမှ အသစ်ပြန်ဆွဲမယ်။

လူလဲပြီး နေ့ည ရွှေ့ရင် တစ်စက္ကန့် တစ်ကြိမ်နှုန်းနဲ့ဆို တစ်နှစ် (၃၁၁၀၄၀၀၀)ကြိမ် ရတယ်။
အခု ကမ္ဘာမပျက်သေးတာ ပြီးနိုင်တဲ့ အကြိမ်ရေ အထိ မရောက်သေးတာနေမှာ :P
ဒါဆို ဘယ်တော့လောက်ပြီးနိုင်မလဲ တွက်ကြည့်ကြပါ။

ဒီပဟေဠိကို ရှေးပညာရှင်တွေက ၃ကွင်း၊၄ကွင်း၊၅ကွင်း အကြိမ်ကို ကြည့်ပြီး အဖြေရသွားကြတယ်။ကျောက်သင်ပုန်း ပေရွက်တွေနဲ့နေမှာ။
လွယ်သလိုဘဲနော်။

Wednesday, October 26, 2011

Memory ရဲ့ Transfer Rate ကို တွက်ချက်ခြင်း



Dynamic Random Access Memory ကို အများစုက memory လို့သာ ခေါ်ကြပါတယ်။ Memory အမျိုးအစား များစွာ ရှိပါတယ်။ Memory ကို ကွန်ပျူတာမှာ ယာယီမှတ်ဉာဏ်အနေနဲ့ အသုံးပြုပါတယ်။ Memory အကြောင်း ပြောရင် ဘယ်လောက်သိမ်းဆည်းပေးနိုင်သလဲဆိုတဲ့ size ကို သိထားဖို့ လိုပါတယ်။ ရှေးကတော့ ကွန်ပျူတာတွေ မှာ 256MB, 512MB သာ ပါဝင်ပေမယ့် ယနေ့ ကွန်ပျူတာတွေမှာ အနည်းဆုံး 1GB အထိ ပါဝင်လာပြီ ဖြစ်ပါတယ်။ Memory အကြောင်းပြောရင် memory speed ကို ချန်ထားလို့ မရပါဘူး။ Speed ဖြစ်တဲ့အတွက် သူ့ရဲ့ unit က Hz နဲ့ တိုင်းတာပါတယ်။ DDR memory တွေရဲ့ Speed က 266, 333, 400MHz ဆိုပြီး သုံးမျိုးရှိပါတယ်။

Memory နဲ့ CPU ဆက်သွယ်တဲ့အခါ data bus တွေကို အသုံးပြုရပါတယ်။ Pentium 4 တွေရဲ့ External data bus က 64 bit ဖြစ်ပါတယ်။ 8 bit ကို 1 byte ရှိတဲ့အတွက် 8 bytes ရှိပါတယ်။ DDR memory ရဲ့ data bus width က 64 bit (8 byte) ကို အသုံးပြုပါတယ်။ Memory ရဲ့ Speed နဲ့ bus width ကို မြှောက်ပေးရင် တစ်စက္ကန့်မှာ data ပို့ပေးတဲ့ transfer rate ကို ရရှိပါတယ်။

Transfer Rage = Memory Speed x Memory bus width
= 400 MHz x 8 bytes
= 3200 MB/s


DDR 400 MHz ရဲ့ transfer rate က 3200 MB/s ရှိတာကို သိလောက်ပါပြီ။ ဒီအတွက် PC 3200 လို့ ခေါ်ပါ တယ်။

SMAC in Numbers
Memory Technology Rated Clock Real Clock Maximum Transfer Rate
PC66 SDRAM 66 MHz 66 MHz 533 MB/s
PC100 SDRAM 100 MHz 100 MHz 800 MB/s
PC133 SDRAM 133 MHz 133 MHz 1,066 MB/s
DDR200 DDR-SDRAM 200 MHz 100 MHz 1,600 MB/s
DDR266 DDR-SDRAM 266 MHz 133 MHz 2,100 MB/s
DDR333 DDR-SDRAM 333 MHz 166 MHz 2,700 MB/s
DDR400 DDR-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-400 DDR2-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-533 DDR2-SDRAM 533 MHz 266 MHz 4,264 MB/s
DDR2-667 DDR2-SDRAM 667 MHz 333 MHz 5,336 MB/s
DDR2-800 DDR2-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-800 DDR3-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-1066 DDR3-SDRAM 1066 MHz 533 MHz 8,528 MB/s
DDR3-1333 DDR3-SDRAM 1333 MHz 666 MHz 10,664 MB/s
DDR3-1600 DDR3-SRAM 1600 MHz 800 MHz 12,800 MB/s

Resource: September | 2010 | Personal Computer ( ဦးအေးကိုကို၊ B.E (Electronics), FEB Computer Centre

USB Thumb Drive ၏ လျှို့ဝှက်ချက် (၁၀)ခု



Hard Disk မှာ နေရာလွတ် နည်းပါးနေသူတွေအတွက် အလုပ်မှအိမ်၊ အိမ်မှကျောင်း၊ အချက်အလက် သင်ခန်းစာ၊ အလုပ်ဖိုင်တွေကို သယ်ဆောင်သွားလိုသူတွေအတွက်၊ စနစ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုပြည့်ဝစွာ အလုပ်လုပ်လိုပြီး အစီအစဉ်တကျ ရှိလိုသူများအတွက် USB Thumb Drive ရဲ့ လျှို့ဝှက်ချက်လေးများကို စုစည်းဖော်ပြ လိုက်ပါတယ်။

1. USB Drive ကို icon အနေနဲ့ သုံးနိုင်ပါတယ်
တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကို ထားရှိသုံးစွဲမယ်ဆိုရင်၊ နောက်ပြီး USB အများကြီးနဲ့ Multiple USB port တွေ ထားရှိ သုံးစွဲမယ်ဆိုရင် အမျိုးမျိုး အစားစားကွဲပြားတဲ့ ကိုယ့်ရဲ့ USB ကို icon တွေအနေနဲ့ ဖော်ပြ ပေးထားနိုင်ပါတယ်။ အဲဒီလို ဖော်ပြပေးတဲ့ XP, Vista, Windows 7 တွေမှာ ပါဝင်တဲ့ custom icon တွေကို အသုံးပြုပြီး folder တွေကို icon ပုံစံချိန်းတဲ့ ပုံစံမျိုးအဆင့်ပဲ လွယ်လွယ်ကူကူ ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ (.ico) format ကို drive ထဲမှာ အရင် မောင်းထည့်ရပါမယ်။ အကယ်၍ web application တစ်ခုဖြစ်တဲ့ convert icon ကို အသုံးပြုလည်း ရပါတယ်။ icon ကို အမျိုးအစားကွဲပြားစွာနဲ့ USB မှာ ရည်ညွှန်းဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဘယ် USB က ဘာ file တွေ ပါဝင်တယ်ဆိုတာ အလွယ်တကူ သိရှိရမှာပါ။

2. Google ၏ OS ကို အိတ်ထဲ ထည့်ထားနိုင်ပါတယ်
Google ၏ OS ဖြစ်တဲ့ Chrome OS ကို USB drive ထဲမှာ ထည့်သွင်းပြီး ကိုယ့်ကွန်ပျူတာရဲ့ ဒုတိယ OS အဖြစ် ထားရှိ သုံးစွဲနိုင်ပါတယ်။ အလွန်မြန်ဆန်ပြီး ကိုယ့်စိတ်ကြိုက် custom ပြုလုပ်ထားနိုင်ပါတယ်။ ဒီဇိုင်း အဆင်အပြင်တွေကအစ ပါဝင်တဲ့ coding တွေကို သွားပြန်ပြီး ပြင်ဆင်ရေးသားနိုင်တဲ့ open source OS တစ်ခု ဖြစ်ပါတယ်။

3. Democra key ဖြင့် လုံခြုံစိတ်ချစွာ အလုပ်လုပ်သုံးစွဲနိုင်ပါတယ်
တကယ်လို့ USB drive ကိုဖြစ်စေ၊ PC ကိုဖြစ်စေ သုံးစွဲရတာ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေနဲ့ ကိုယ်ရေး ကိုယ်တာဖိုင်တွေ မလုံခြုံဘူးလို့ ခံစားရရင် Democra Key ကို download ရယူ၍ windows platform တွေပေါ် မှာ အလုပ်လုပ်နိုင်သော web application တစ်ခုလို သုံးစွဲနိုင်ပါတယ်။ အဲဒီအထဲမှာ ပုံရိပ်တည်းဖြတ်တာတွေ၊ email ဖွင့်စစ်တာတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို encrypt ပြုလုပ်တာတွေနဲ့ Internet ကို browse လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ လုံခြုံမှုအပြည့်အ၀ ရှိပါတယ်။

4. XBMC Media Center ကို ထည့်သွင်းထားနိုင်ပါတယ်
ကိုယ့် PC မှာ WMP player နဲ့ အခြား player များစွာရှိပေမယ့် XBMC live ကို ရယူပြီး drive ထဲကို ထည့်သွင်း ထားမယ်ဆိုရင် netbook မှာပဲဖြစ်ဖြစ်၊ laptop မှာပဲ ဖြစ်ဖြစ် media file တွေကို အလွယ်တကူ ကြည့်ရှုခံစား နိုင်ပါတယ်။ အဲဒီအထဲမှာ အလွယ်တကူနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ လမ်းညွှန်ချက်တွေကို သင်ခန်းစာ ဖိုင်တွေအနေနဲ့ ကြည့်ရှုပြီး လိုက်လံလုပ်ဆောင်နိုင်ပါတယ်။

5. Windows System တစ်ခုလုံးကို save လုပ်ထားနိုင်ပါတယ်
တကယ်လို့ Thumb drive ထဲမှာ Ubuntu စနစ်တစ်ခုလုံးကို ထည့်သွင်းထားမယ်ဆိုရင် windows ရဲ့စနစ်မှာ မှားယွင်းနေတဲ့အမှားတွေ၊ error တွေ အားလုံးကို ubuntu ကတစ်ဆင့် boot လုပ်ပြီး ၀င်ရောက်ကြည့်ရှုရင်း ပြင်ဆင်နိုင်ပါတယ်။ ထို့အတွက် ပုန်းအောင်းနေတဲ့ ဖိုင်တွေ၊ ဖိုင်ယောင်ဆောင်ထားတဲ့ virus တွေကို အလွယ် တကူ ကြည့်ရှုသတ်ပစ်နိုင်ပြီး drive space ကို သန့်သန့်ရှင်းရှင်း analyze လုပ်နိုင်ပါတယ်။ Partition လုပ်တာ တွေ၊ windows password တွေကို ပြန်ခေါ်တာနဲ့ ပျောက်ဆုံးနေတဲ့ file တွေကို ပြန်လည်ရှာဖွေတာတွေ ပြုလုပ် နိုင်ပါတယ်။ လုပ်ဆောင်ပုံ နည်းအသေးစိတ်ကို lifehacker.com မှာ ကြည့်ရှုနိုင်ပါတယ်။

6. USB Drive ကနေတစ်ဆင့် Windows စနစ်တစ်ခုလုံးကို အမိန့်ပေး ထိန်းချုပ်နိုင်ပါတယ်
Windows ပြန်လည်စတင်ချိန်မှာ USB drive ကနေ log off လုပ်တာတွေ၊ shut down လုပ်တာတွေကို USB drive ရဲ့ click ကို နှိပ်လိုက်တာနဲ့ အထဲထဲမှာ အမိန့်ပေး file တွေကို တန်းစီပြီး ထည့်သွင်းဖို့အတွက် coding တွေ လွယ်လင့်တကူ ရှိပါတယ်။

7. သယ်ဆောင်ရ လွယ်ကူသော Windows Suite တစ်ခုလုံးကို ထည့်သွင်းသွားနိုင်ပါတယ်
Portableapps.com မှာ ရွှေ့ပြောင်းသယ်ယူရလွယ်တဲ့ software ကလေးတွေ၊ ဥပမာ Photoshop, acrobat reader, firefox, gtalk စတဲ့ software ကလေးတွေကို download ရယူပြီး USB drive ထဲ ထည့်ထားမယ် ဆိုရင် windows အတွက် နေရာလွတ်တွေများစွာ ထွက်ပေါ်လာစေပါမယ်။ Memory အရမ်းစားတဲ့ software တွေ ဆိုလို့ရှိရင်လည်း memory အစား သက်သာသွားပါမယ်။ ဒါ့အပြင် ရုံးက ကွန်ပျူတာမှာ ကိုယ်လိုချင်တဲ့ software မရှိလို့ အိမ်ပြန်အလုပ်လုပ်လို့ မရတဲ့သူတွေအတွက်လည်း အချိန်ကုန်သက်သာ သွားစေပါတယ်။ Portable software တွေဟာ software ကြီးတွေက လွဲလို့ function အစုံအလင် ပါရှိပြီး ပုံမှန်အတိုင်း အလုပ် လုပ်နိုင်ပါတယ်။

8. USB Drive ထဲမှာ အရေးကြီး Data တွေကို ထားရှိနိုင်ပါတယ်
တစ်ချို့ မိသားစုနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ၊ ကိုယ့်ရဲ့ အကြံအစည်နဲ့ ပတ်သက်တဲ့ idea စိတ်ကူး တွေကို USB drive ထဲကို ထည့်သွင်းထားပြီး အဲဒီ USB ကို USB safeguard သုံးစွဲလိုက်မယ်ဆိုရင် USB ကို လက်လွတ်စပယ် ထားခဲ့မယ်ဆိုတာတောင်မှ ကိုယ့်ဖိုင်ကို ၀င်ကြည့်တဲ့အခါမှာ password တောင်းတာမျိုးတွေ၊ ဖိုင်ကို ၀ှက်ထားတာမျိုးတွေ၊ ဖိုင်ပုံစံ ဖျောက်ထားတာမျိုးတွေ လုပ်ထားနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

9. လိုချင်တဲ့အချိန်တွေမှာ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်ပါတယ်
USB drive နဲ့ hard drive ကြားထဲမှာ ဖိုင်တွေကို ရွှေ့ပြောင်းတာ အလွန်လွယ်ကူပါတယ်။ USB ရဲ့ နည်းပညာ မြင့်မားရင် မြင့်မားသလို ရွှေ့ပြောင်းရ လွယ်ကူပြီး မြန်ဆန်ပါတယ်။ တကယ်လို့ internet မှာ နာမည်ကြီးနေတဲ့ ဖိုင်တင်တဲ့ upload sharing site ဖြစ်ပြီး application မှာ ထုတ်ပေးထားတဲ့ drop box နဲ့ဆိုရင် USB ထဲက ဖိုင် တွေကို အဲဒီထဲထည့်တာတွေ၊ Online ပေါ်မှာ ကြည့်ရှုနေတဲ့အချိန်မှာ ရုံးကနေတစ်ဆင့် drop box ထဲ ထည့်သွင်းသိမ်းဆည်းထားပြီး အိမ်ကနေတစ်ဆင့် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

10. Linux OS ကို USB Drive ထဲ ထည့်သွင်းထားနိုင်ပါတယ်
Linux အနွယ်ဝင် OS တွေဟာ virus အန္တရာယ်ကင်းရှင်းစေပြီး သုံးစွဲရ လွယ်ကူတဲ့အပြင် အခုဆိုရင် ရွှေ့ပြောင်း သယ်ဆောင်ရ လွယ်ကူတဲ့ Portable Linux OS တွေပါ ထွက်ရှိလာတဲ့အတွက် drive ထဲကို ထည့်သွင်းထားပြီး အလုပ်လုပ်တဲ့အခါမှာ- ဥပမာ ရုံးမှာ virus တွေ အလွန်ကိုက်နေတဲ့အတွက် ရုံးက virus တွေ အိမ်က ကွန်ပျူတာကို ပါလာမှာ စိုးရိမ်နေသူများအတွက် အလွန် အသုံးဝင်ပြီး ရုံးမှအိမ်၊ အိမ်မှရုံး USB drive မှတစ်ဆင့် လွယ်ကူစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Source: NetGuide_ 6 November 2010

Tuesday, October 25, 2011

တော်ကီလေးတွေလန်းလွန်းလို့ပါဗျာ..

  တော်ကီလေးတွေကမိုက်လို့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်ပါတယ်။။။

(၁) ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင် ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။

(၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင် ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

(၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။

(၄) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။

(၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။ ၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။

(၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။

(၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။ ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။ ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။

(၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့ ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့ မှတ်ယူထားရမယ်။

(၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။

(၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည် ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်၊၊

Monday, October 24, 2011

ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၂)

Cyberextortion ဆိုတာဟာ ဆိုက်ဘာတိုက်ခိုက်မှုနှင့်သက်ဆိုင်သော စကားလုံးဖြစ်သည်။ စီးပွား ရေးလုပ်ငန်းများကို ရည်ရွယ်တိုက်ခိုက်မှုများဖြစ်ပြီး တိုက်ခိုက်မှုများကိုရပ်ဆိုင်းလိုပါက ငွေကြေးတောင်းခံကြသည်။ Cyberextortion ပုံစံသည် မျိုးစုံဖြစ်နိုင်သည်။ Denial of service (DOS) တိုက်ခိုက်မှုသည် ဖြစ်နိုင်ချေအများဆုံး ဘုံနည်းလမ်းတစ်ခုဖြစ်သည်။ လက်ရှိနှစ်များတွင် ဆိုက်ဘာ ရာဇ၀တ်သားများသည် ransom-ware ဟုခေါ်သော ဆော့ဖ်ဝဲတစ်ခုကိုပြုလုပ်ခဲ့ပြီး သားကောင်၏အ ချက်အလက်များကို encrypt လုပ်နိုင်ရန်စီမံကြသည်။ တိုက်ခိုက်သူများက ၎င်းအချက်အလက်များကို ပြန်လည်ရယူရန်အတွက် decryption key အတွက် ငွေပေးချေရန် တောင်းဆိုကြသည်။ စီးပွားရေးလုပ်ငန်းများဟာ ၎င်းတို့၏ စီးပွားရေးကိစ္စအတွက် အင် တာနက်ကိုမှီခိုရမှု ပိုမိုများပြားလာခဲ့ကြသည်။ ၎င်းအချက်သည် ဆိုက်ဘာရာဇ၀တ်သားများ၏ အကြိုက်ဖြစ်ခဲ့ပြီး ခွဲခြားသတ်မှတ်ရန် အဖမ်းအဆီးအထိမ်းအသိမ်းခံရရန်နှင့် တရားစွဲဆိုခံရန်လည်း အခွင့်အလမ်းနည်းပါးကြသည်။ တိုက်ခိုက်သူများက အမည်မသိအကောင့်များနှင့် အယောင်ပြ email လိပ်စာများဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။ Cyberextortion လုပ်ငန်းစဉ်သည် လွန်စွာမှတိုက်ခိုက်သူများကို အကျိုးအမြတ်ထွက်စေသည်။ နှစ်စဉ်ဒေါ်လာပေါင်းသန်းနှင့်ချီ၍ ၎င်းတို့အတွက် အကျိုးအမြတ်ရနေကြသည်။ ငွေပေးချေမှုမပြုလုပ်ခဲ့လျှင် ပြဿနာရှိသကဲ့သို့ ငွေပေးချေမှုပြုလုပ်ခဲ့သော်လည်း အပြည့်အ၀အာမခံနိုင်ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် အခြားသောအုပ်စုသို့မဟုတ် နဂို encrypt လုပ်နိုင်ခဲ့သောအုပ်စုထဲမှပင် ပြန်လည်၍တိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကား အဆင့် မြင့်သောနည်းပညာများ၏ အကူအညီကို ရယူနိုင်ခဲ့သောကြောင့် အနည်းငယ်သော cyberextortionist များကိုရှာဖွေပြီး တရားဥပဒေအရ အပြစ်ပေးနိုင်ခဲ့ကြသည်။ သို့သော် နည်းပညာများ၏အားပြိုင်မှုအရ အများစုမှာလွတ်မြောက်ပြီး ၎င်းလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်သည်။
PictBridge
PictBridge ဆိုတာဟာ Firmware အတွက် စက်မှုလောကမှာ စံသတ်မှတ်ထားတဲ့အမည် ဖြစ်ပါတယ်။ ဒီ firmware က ဒီဂျစ်တယ်ကင်မရာများနှင့် ပရင်တာများအကြား တိုက်ရိုက်ဆက်သွယ်နိုင်စေရန် လုပ်ဆောင်ပေးပါတယ်။ ရုပ်ပုံတွေတည်းဖြတ်တဲ့ ဆော့ဖ်ဝဲ သို့မဟုတ်ကြားခံ ကွန်ပျူတာမလိုအပ်ဘဲနှင့် ဒီဂျစ်တယ်ကင်မရာ ရုပ်ပုံတွေကို ပရင်တာဆီကိုပို့ဆောင်နိုင်စေရန်အတွက်ဒီ firmware ကခွင့်ပြုပါတယ်။ PictBridge-compliant ကင်မရာများက PictBridge-compliant ပရင်တာများနှင့် စံသတ်မှတ်ထားတဲ့ USB ကြိုးကိုအသုံးပြုပြီးတိုက်ရိုက်ဆက်သွယ်နိုင်ကြပါတယ်။ Device တွေအချင်းချင်း ဆက်သွယ်တဲ့အခါမှာ ကင်မရာက ပရင်တာမှာ PictBridge function ရှိသလားလို့ စစ်ဆေးပါတယ်။ ပရင်တာက အဖြေပြန်ရတဲ့အခါမှာတော့ ကင်မရာရဲ့ LCD စကရင်သို့မဟုတ် viewfinder မှာ print option ပေါ်လာပါတယ်။ print function ပေါ်လာတဲ့အခါမှာ ပရင့်ထုတ်ချင်တာကိုရွေးပြီး ပရင့်ထုတ်နိုင်ပါတယ်။ အဲဒီလိုပြုလုပ်ပြီးတဲ့အခါမှာတော့ ပရင်တာဟာ ကင်မရာဆီကို အဆင့်သင့်ဖြစ်ပြီဖြစ်ကြောင်း အကြောင်းကြားချက် ပြန်လည်ပို့ပေးပါတယ်။ Camera & Imaging Products Association (CIPA) က သတ်မှတ်ထားတဲ့စံနှုန်းဖြစ်တဲ့ PictBridge မှာ အောက်ဖော်ပြပါ feature တွေပါဝင်ပါတယ်။
-Camera to printer USB connection
-Single image printing
-Error and Status messages အဆင့်မြင့် PictBridge feature များကတော့-
-Wireless Connection
-Print multiple copies of a single image
-specify the exact size of a print
-Print all images
-Print part of image by specifying a clip area
-Print images with a time stamp
-Print an index of all images
-ကင်မရာစကရင်မှ နှစ်ခုသို့မဟုတ် နှစ်ခုထက်ပိုတဲ့ရုပ်ပုံများကို ပရင့်ထုတ်ခြင်း
Cyberwarfare
Cyberwarfare ဆိုတာဟာ အင်တာနက်အခြေပြု တိုက်ပွဲတစ်ခုပါ။ နိုင်ငံရေးအရင်းခံပြီး သတင်း အချက်အလက်နှင့် သတင်းအချက်အလက်စနစ်များကို ၀င်ရောက်တိုက်ခိုက်မှုတွေ ပါဝင်ပါတယ်။ Cyberwarfare တိုက်ခိုက်မှုမှာ တရားဝင်ဝက်ဘ်ဆိုက်တွေနဲ့ ကွန်ရက်တွေကို အလုပ်မလုပ်နိုင်အောင်ပြုလုပ်မယ်။ အရေးပါတဲ့ ၀န်ဆောင်မှုတွေကို ချိနဲ့သွားအောင် သို့မဟုတ် အနှောင့်အယှက်ဖြစ်အောင်လုပ်မယ်။ အချက်အလက်တွေကို ခိုးယူမယ် သို့မဟုတ် အစီအစဉ်တကျဖြစ်နေတာတွေကို ကမောက်ကမဖြစ်အောင်လုပ်မယ်။ ဘဏ္ဍာရေးစနစ်ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေရန် ပြုလုပ်မယ် စသည်ဖြင့် အခြားသော ဖြစ်နိုင်ခြေများစွာရှိတဲ့ အဖျက်လုပ်ငန်းတွေကို စနစ်တကျပြုလုပ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုမျိုးစုံ ပါဝင်ပါတယ်။ Inside Cyber Warfare ဆိုတဲ့စာအုပ်ရေးသားသူ Teffery Carr က ဘယ်နိုင်ငံကမဆို တစ်ခြားနိုင်ငံတစ်ခုကို ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်နိုင်ပါတယ်။ ရင်းမြစ်တွေရဲ့ ဘယ်အရာမဆိုကိုလည်း ဆိုက်ဘာပေါ်ကနေ တိုက်ခိုက်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်အများစုဟာ ကွန်ရက်ဗဟိုပြုနဲ့ အင်တာနက်ကို ဆက်သွယ်ထားကြလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်လုံခြုံမှုဆိုတာ မရှိပါဘူးဆိုပါတယ်။ တူညီတဲ့အကြောင်းပြချက်ကတော့ အစိုးရမဟုတ်တဲ့အုပ်စုတွေနဲ့ တစ်သီးပုဂ္ဂလတွေက Cyberwarfare တိုက်ခိုက်မှုတွေကို ပြုလုပ်နိုင်ပါတယ်။ ပုံခိုင်းနှိုင်းမယ်ဆိုရင်တော့ အင်တာနက်ဟာ လက်တစ်ဘက်တည်းနဲ့ ပစ်ခတ်နိုင်တဲ့စွမ်းရည်ကို ပေးတယ်ဆိုရမှာပါ။ ဒါကို ကြီးကျယ်တဲ့ချိန်ညှိမှုလို့ ခေါ်ဆိုပါတယ်။
  • Cyberwarfare ၏ ဥပမာများ
၁၉၉၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက ဆားဘီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ထဲသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး လေကြောင်းထိန်းချုပ်မှုများ ပြုလုပ်ရန်နှင့် ဆားဘီးယားပစ်မှတ်ကို ဗုံးကျဲတိုက်ခိုက်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တွင် ဒက်စတိုးနီးယား၌ Botnet ဖြစ်နေတဲ့ သန်းပေါင်းများစွာသော ကွန်ပျူတာများက အစိုးရ၊ စီးပွားရေးနဲ့ မီဒီယာတွေရဲ့ ၀က်ဘ်ဆိုက်များစွာကို ပြုတ်ကျစေရန်ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ရုရှားက နှစ်နိုင်ငံအကြားဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတင်းမာမှုကြောင့် ပြုလုပ်ခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ Ghost Net လို့ခေါ်တဲ့ ဆိုက်ဘာသူလျှိုကွန်ရက်က ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း တစ်ရာကျော်မှ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၏ အရေးပါသော လျှို့ဝှက်အချက်အလက်များကို ရယူခဲ့ပါတယ်။ GhostNet ဟာ တရုတ်နိုင်ငံမှာ မူရင်းရှိနေတယ်လို့ဆိုပေမယ့် ၎င်းနိုင်ငံက ငြင်းဆိုခဲ့ပါတယ်။ Cyberwarfare တိုက်ခိုက်မှုကို အထိရောက်ဆုံးကာကွယ်မှုကတော့ ကွန်ရက်တွေနဲ့ သတင်းအချက်အလက်တွေကို လုံခြုံစိတ်ချအောင် ပြုလုပ်ထားခြင်းသာ ဖြစ်ပါတယ်။ လုံခြုံမှုရှိစေရန် ခေတ်နှင့်အညီမွမ်းမံခြင်း (သို့) အချိန်နှင့်အညီ မွမ်းမံခြင်းတို့ကို စနစ်အားလုံးမှာ ပြုလုပ်ထားရမှာပါ။ ဘာကြောင့်လဲဆိုတော့ လုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်ရှိနေတဲ့ စနစ်တွေဟာ တိုက်ခိုက်မှုကို သယ်ဆောင်လာတာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် အလားအလာရှိတဲ့ ပျက်စီးမှုများကို လျော့ပါးသက်သာမှုရှိစေရန်အတွက် သဘာဝဘေးအန္တရာယ်ကာကွယ်မှုကဲ့သို့သော စီမံကိန်းတွေနဲ့ အင်တာနက်ပြတ်တောက်သွားချိန်မှာ ဘာတွေလုပ်ဆောင်မယ်ဆိုတဲ့ ကြိုတင်စီမံမှုတွေကိုလည်း ပြုလုပ်ထားရမှာဖြစ်ပါတယ်။
PCS (Personal Communication System)
ဒီဂျစ်တယ်ကြိုးမဲ့ဆက်သွယ်ရေးစနစ်ဖြစ်ပါတယ်။ Cellular စနစ်ရဲ့စည်းမျဉ်းတွေကိုပဲ အခြေခံထားတာပါ။ သို့သော်လည်း လုပ်ဆောင်ချက်ပိုင်းမှာတော့ Frequency range တွေမတူညီပါဘူး။ PCS ဟာ အမေရိ
ကန်နိုင်ငံရှိ ဖယ်ဒရယ်ဆက်သွယ်ရေးကော်မရှင်မှ ပိုင်းခြားသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ Sprint PCS ဟာ ဥပမာတစ်ခုဖြစ်ပါတယ်။
State Wide Area Network (SWAN)
SWAN ဆိုတာဟာ အိန္ဒိယနိုင်ငံတွင် အစိုးရမှအစိုးရပိုင်းအတွက် ကွန်ပျူတာကွန်ရက်စနစ်တည်ဆောက်ရန်ဖန်တီးတဲ့ ပရောဂျက်ဖြစ်ပါတယ်။ ၎င်းဟာ အစိုးရလုပ်ငန်းများကို ပိုမိုပြီးအချိန်တိုတိုနှင့် ခရီးရောက်စေရန်ရည်ရွယ်တည်ပြီး ဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်။ SWAN ကိုအိန္ဒိယအစိုးရမှ ၂၀၀၅ ခုနှစ်မတ်လတွင် စတင်ပြုလုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်ဇွန်လတွင် အပြီးသတ်နိုင်စေရန်ရည်ရွယ်ထားပါတယ်။ SWAN ပရောဂျက်ပြီးဆုံးတဲ့အခါတွင် အိန္ဒိယရှိပြည်နယ် ၂၉ ယူနီယံခြောက်ခုမှရုံးများဟာ အပြန်အလှန်ဆက်သွယ်နိုင်မှာဖြစ်ပြီး နိုင်ငံတော်အီလက်ထရောနစ် အစိုးရစီမံကိန်းကို အပြည့်အ၀အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရအချင်းချင်းကိုဖြစ်စေ (government-to-government) အစိုးရမှ ဖောက်သည်ဝန်ဆောင်မှုများ (government-to-consumer servies) ကိုစတင်ဆက်သွယ်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ SWAN backbone ဟာ အချက်အလက် (data)၊ အသံ (voice) နှင့် ဗီဒီယို (video) တို့ကိုသုံးစွဲနိုင်ရန်အတွက် အထောက်အပံ့ပေးမှာဖြစ်ပါတယ်။
Technohedonist
၎င်းစကားလုံးဟာ နောက်ဆုံးပေါ်ဒီဂျစ်တယ်နည်းပညာများကို ဈေးကွက်ထဲမှာ သို့မဟုတ် နည်းပညာနယ်ပယ်မှာ သင့်လျှော်လျောက်ပတ်သည်ရှိမရှိကိုဂရုမပြုပဲ အလောတကြီးထုတ်ပြန်ကြေညာတတ်သူ ခေါ်ဆိုပါတယ်။
Micro-botnet
Micro-botnet ဆိုတာဟာ botnet အသေးစားပါ။ ၎င်းဟာ အင်တာနက်နဲ့ဆက်သွယ်ထားတဲ့ ကွန်ပျူတာများချိတ်ဆက်ထားတဲ့ ကွန်ရက်အသေးစားပါ။ ၎င်းတို့ဟာ ကုမ္ပဏီအတွင်းကတိုက်ခိုက်ခံထားရတဲ့ ကွန်ပျူတာအစုပေါင်းကို ခေါ်ဆိုတာဖြစ်ပါတယ်။ ၎င်းင်း botnet  များဟာ ကုမ္ပဏီအတွင်း သူလျှိုလုပ်ငန်းများကို ပြုလုပ်ထားတာဖြစ်ပါတယ်။ တိုက်ခိုက်ချင်သူများကိုရည်ရွယ်ပြီး စောင့်ကြတာတို့၊ တိုက်ခိုက်တာတို့လုပ်ကြပါတယ်။ သတင်းအချက်အလက်တွေကို ရယူစုဆောင်းပြီး ပြန်လည်ရောင်းချမှုအတွက်ပြုလုပ်ကြတာ ဖြစ်ပါတယ်။
Micro-botnet ထဲမှကွန်ပျူ တာပေါင်းတစ်ရာထက်နည်းပါးတဲ့ အရေအတွက်သာရှိပါတယ်။ Firewall သို့မဟုတ် Intrasion detection system (IDS) တို့ကို နှောင့်ယှက်ပြီးဖြတ်ကျော်ကြပါတယ်။
e-mall
e-mall ဆိုတဲ့စကားလုံးက ၀က်ဘ်ဆိုက်ပေါ်မှ ကုန်တိုက်ကိုဆိုလိုတဲ့စကားလုံးပါ။ အဲဒီနေရာမှာ ပစ္စည်းတွေကို browser လုပ်ပြီးရှာနိုင်သလို ၀ယ်ယူလို့လဲရနိုင်ပါတယ်။ အွန်လိုင်းကုန်တိုက်ပါ။
OpenBSD
OpenBSD ဆိုတာဟာအခမဲ့ရရှိသော open source operating system ဖြစ်ပါတယ်။ ၎င်းဟာ UNIX အတွက်ပေးထားတဲ့ operating system ပါ။ ပရိုဂရမ်မင်းလောကမှာ လုံခြုံရေးဆိုင်ရာ ၎င်း၏သတိပြုဂရုစိုက်မှုကြောင့် နာမည် ကျော်နေတဲ့ Theo de Raadt ကပူးပေါင်းထားတဲ့ OpenBSD ပရောဂျက်တစ်ခုလည်းဖြစ်ပါတယ်။Theo de Raadt အဖွဲ့က Network packets အတွက် encryption လုပ်တဲ့ Open SSH (Open-Source secure shell daemon) ကိုပြုလုပ်ပေးမှု့အတွက် ထင်ရှားပါတယ်။OpenBSD ဟာ လုံခြုံရေးဆိုင်ရာအတွက် အထူးစိတ်ချရပြီး Firewall တစ်ခုကဲ့သို့ တစ်ခါတစ်ရံတွင်အသုံးပြုနိုင်ပါတယ်။ Open- BSD.org ရဲ့အဆိုအရ Open- BSD ဟာ စေတနာဝန်ထမ်းတွေနဲ့ ပြုလုပ်ထားတာပါလို့ သိရပါတယ်။ ဒီပရောဂျက်အတွက်ရန်ပုံငွေက CD တွေရောင်းချတာနဲ့ တစ်သီးပုဂ္ဂုလ (သို့မဟုတ်) အဖွဲ့အစည်းများက လှူဒါန်းငွေကနေရခဲ့တာပါ။ အခမဲ့သုံးစွဲနိုင်ဖို့အတွက် စီမံပေးထားပါတယ်။
Eavesdropping
Eavesdropping ဆိုတာဟာ အခြားသူများစကားပြောနေစဉ် အတွင်းမှာ ပြောဆိုနေသူမသိအောင် ၎င်းတို့ပြောနေမှုများကို ကြားဖြတ် ၍ခိုးယူနားထောင်မှုကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှု Instant Message  နဲ့ ဗီဒီယိုကွန်ဖ ရင့် သို့မဟုတ် Fax  ပို့လွှတ်မှုတို့ကို ကြားဖြတ်နားဆင်မှုတို့နဲ့ သက်ဆိုင် ပါတယ်။VoIP စနစ်လိုမျိုး Encryption  မလုပ်ထားတဲ့ ဖုန်းခေါ်ဆိုမှု တွေဟာ ကြားဖြတ်နားထောင်သူ တွေအတွက် အလွယ်တကူဖြစ်စေ တယ်လို့ ပညာရှင်များကပြောဆို ကြပါတယ်။IP အခြေပြုဖုန်းခေါ်ဆိုမှုတွေ ဟာ ကြားဖြတ်နားဆင်ရတာလွယ် ကူပြီး PC  တွေကလာတဲ့ ဒီဂျစ် တယ်အသံတွေကို စံသတ်မှတ်ထား တဲ့ WAV  ဖိုင်တွေကိုပြောင်းပြီး နားထောင်နိုင်ဖို့ဆော့ဖ်ဝဲတွေလည်း ရှိနေပါတယ်။၂၀၀၉ ခုနှစ် သြဂုတ်လက Symantec  က Peskyspy  လို့ လူသိများတဲ့ Wiretap Trojan  ဟာ Skype  အသုံးပြုတဲ့ အသံဖိုင် တွေကို Encrypt  မလုပ်ခင်ကြား ဖြတ်ဖမ်းယူနိုင်ဖို့ ဒီဇိုင်းရေးဆွဲထား တာဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရ တယ်လို့ပြောဆိုပါတယ်။Eavesdropping တွင်အသုံး ပြုသော နည်းပညာမှာ Wire-apping  ဆိုတဲ့နည်းပညာဖြစ်ပါတယ်။

ထိထိရောက်ရောက် နည်းပညာဝေါဟာရများ အပိုင်း(၁)

Proxy Server
အင်တာနက်သုံးစွဲသူတွေကြားမှာတော့ proxy server ဆိုတဲ့စကားဟာ ကြားနေကျစကားဖြစ်ပါတယ်။ Proxy server ဆိုတာဟာတကယ်တော့ အင်တာနက်နဲ့ ကွန်ပျူတာသုံးစွဲသူတွေရဲ့ကြားမှာ ကြားခံဆက်သွယ်ပေးတဲ့ဆာဗာ (server) တစ်ခုပါပဲ။ Proxy server ဟာ gateway လို့ခေါ်တဲ့ ဆာဗာတစ်မျိုးပဲဖြစ်ပါတယ်။ Gateway server တွေဟာ ကွန်ရက်တစ်ခုနဲ့ ပြင်ပကွန်ရက်တို့ကိုခွဲခြားထားတဲ့ ဆာဗာတစ်မျိုးဖြစ်ပါတယ်။ ပြီးတော့ကွန်ရက်ထဲမှာရှိတဲ့ firewall server နဲ့ပြင်ပကွန်ရက်တို့ကို ခွဲခြားပေးထားတဲ့အရာလည်းဖြစ်ပါတယ်။ Proxy server ဟာသုံးစွဲသူထံမှ အင်တာနက်ဝန်ဆောင်မှုအတွက် တောင်းခံချက်တွေကို လက်ခံပါတယ်။ Proxy server ဟာ cache server လိုမျိုး ယခင်ကပြုလုပ်ခဲ့တဲ့ web page တွေရဲ့ download ထဲမှ local cache ကိုပြန်လည်ကြည့်ရှုပါတယ်။ အကယ်လို့ အဲဒီ့စာမျက်နှာဟာ cache ထဲမှာမရှိဘူးဆိုခဲ့လျင် proxy server ဟာသုံးစွဲသူကိုယ်စား client တစ်ခုကဲ့သို့ ကိုယ်တိုင် IP address နှင့် သုံးစွဲသူလိုချင်တဲ့စာမျက်နှာကို သက်ဆိုင်ရာဆာဗာထံတောင်းခံပါတယ်။ အဲဒီ့စာမျက်နှာ ရောက်ရှိလာတဲ့အခါမှာတော့ သုံးစွဲသူထံသို့ ပြန်လည်ပို့ဆောင်ပေးပါတယ်။
Bot worm
Bot worm ဆိုတာဟာ ကိုယ့်ဘာသာတုံ့ပြန်လုပ်ကိုင်နိုင်တဲ့ malware ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ RAM ထဲမှာခိုအောင်းနေထိုင်ပါတယ်။ Bot worm ဟာ စွဲကပ်နေတဲ့ကွန်ပျူတာတွေကို 20 mbie တွေဖြစ်အောင် (သို့မဟုတ်) bot တွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ Bot worm ဟာ botnet တွေဖန်တီးပြီးနောက်ပိုင်းတွင်မတော့ Virus, Trojan တွေနဲ့ Spam တွေပျံ့နှံ့စေရန်အတွက် ပတ်ဝန်းကျင်ကို တည်ဆောက်ပြီးသားဖြစ်နေပါတော့တယ်။ Botnet တွေရဲ့ အဓိကလုပ်ဆောင်ချက်တွေက Virus တွေပျံ့နှံ့ဖို့၊ Trojan တွေပျံ့နှံ့ဖို့နဲ့ Spam တွေပျံ့နှံ့ဖို့အတွက် စက်ရုပ်တွေလို အလိုအလျှောက် လုပ်ဆောင်ကြတာဖြစ်ပါတယ်။ Bot worm တွေဟာ Windows operationg system တွေရဲ့ ချို့ယွင်းချက်တွေကိုအသုံးချပြီး antivirus ဆော့ဖ်ဝဲတို့လို application မျိုးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တတ်ကြပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွေမှာတုန်းကတော့ Big Yellow လို့ခေါ်တဲ့ bot worm ဟာ Symantec ရဲ့လုံခြုံရေးဆော့ဖ်ဝဲကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Bot worm တွေထဲက အစောဆုံးအရာတွေထဲမှာ Zotob ဆိုတာကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Zotob ဟာ ပစ်မှတ်ထားတဲ့ကွန်ပျူတာတွေနဲ့ ကွန်ရက်တွေကို ဟက်ကာတွေ တိုက်ခိုက်ဝင်ရောက်နိုင်အောင် ပြုလုပ်ပေးပါတယ်။ ဟက်ကာတွေက Zotob ကိုအသုံးချပြီး ပုဂ္ဂလိကဆိုင်ရာအချက်အလက်တွေနဲ့ ငွေကြေးဆိုင်ရာအချက်အလက်တွေကို ရယူကြပါတယ်။ Anti-malware ပရိုဂရမ်တွေကို update ဖြစ်တာတွေသုံးစွဲပြီး စစ်ဆေးခိုင်းတဲ့အခါမှာ worm တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ကာကွယ်ရမယ့်နည်းလမ်းကတော့ အမြဲတမ်းထုတ်ပေးတဲ့ Operating system ရဲ့နောက်ဆုံးပေါ် patch တွေကို ရယူသုံးစွဲဖို့ဖြစ်ပါတယ်။ Antivirus တွေ၊ anti-spyware ပရိုဂရမ်တွေနဲ့ ကွန်ပျူတာကိုပုံမှန်စစ်ဆေးပေးပြီး အဲဒါတွေကိုလည်းပုံမှန် update လုပ်ပေးဖို့လိုပါတယ်။
Slackware
Slackware ဆိုတာဟာ Linux operating system ရဲ့အစောပိုင်း ကာလတွေမှာဖြန့်ဖြူးပေးခဲ့တဲ့ Operating System ပါ။ ယခု အချိန်အထိဖွံ့ဖြိုးဆဲဖြစ်ပါတယ်။ Patrick Volkerding က Slackware ကို တီထွင်ခဲ့ပြီး Softlanding Linux ဆိုတဲ့အမည်နဲ့ ဖြန့်ဖြူးပေးခဲ့ပါတယ်။ Slackware ပရောဂျက်ဝက်ဘ်ဆိုက်ရဲ့အဆိုအရ ဒီ OS ဟာ သုံးစွဲရလွယ်ကူစေရန်အတွက် ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။ Slackware ကို ၁၉၉၃ ခုနှစ် ဧပြီလမှာ ပထမဆုံးအဖြစ်ဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။ Slackware Linux ပရောဂျက်ကို UNIX နှင့်တူအောင်ပြုပြင်ထားပြီး Linux လောကထဲမှာဖြန့်ချိပေးထားတာဖြစ်ပါတယ်။ Slackware ဟာ Linux File Standard ကဲ့သို့ Linux စံသတ်မှတ်မှုဘောင်ထဲမှ စံများနှင့်ပြည့်စုံအောင် ပြုလုပ်ပေးထားပြီးမှ ဖြန့်ချိပေးထားတာဖြစ်ပါတယ်။ Slackware ပရောဂျက်လုပ်ဆောင်သူတွေကတော့ ဒီ OS ကိုပြုလုပ်တဲ့အခါ ရိုးရှင်းလွယ်ကူမူနဲ့ တည်ငြိမ်မှုတို့ကို အဓိကထား လုပ်ဆောင်ပေးထားပါတယ်လို့ ပြောဆိုကြပါတယ်။ Slackware ကို အပြည့်အ၀တင်ပြီးသုံးတဲ့အခါ အောက်ပါ feature တွေလည်း ပါဝင်တာတွေ့ရမှာဖြစ်ပါတယ်။
- the X Windows System
- C/C ++ adevelopment enviroments
- Perl
- networking atilities
- a mial server
- a news server
- a web server
- an FTP server
- the GNU Image Maniulation Program
Slackware ရဲ့အမည်ဟာ slack လို့ခေါ်တဲ့စကားလုံးကို ရည်ညွှန်းပြီးခေါ်ဆိုတာပါ။ Slack ရဲ့ သွယ်ဝိုက်တဲ့အဓိပ္ပာယ်က ပုဂ္ဂလိကအနေနဲ့လွတ်လပ်မှု (personal space and freedom) ပြီးတော့ သီးခြားလွတ်လပ်မှု စတာတို့ဖြစ်ပါတယ်။ Developer တွေက Slackware operating system ကို ဒီအမည်သုံးစွဲဖို့အကြံပြုခဲ့ပြီး သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။
Cloud backup
Cloud backup ဆိုတာဟာ အွန်လိုင်း backup တစ်မျိုးဖြစ်ပါတယ်။ အများသုံးကွန်ရက်မှ ပေးပို့လိုက်တဲ့ ဒေတာတွေကို သိမ်းဆည်းထားတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်တဲ့ backup နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီဆာဗာကို third party service provider တွေက host အဖြစ် ပုံမှန်အားဖြင့် သုံးစွဲကြပါတယ်။ ဖောက်သည်တွေကို ၎င်းတို့က သူတို့ ရယူသုံးစွဲသိုလှောင်တဲ့ပမာဏနဲ့ bandwidth သို့မဟုတ် သုံးစွဲတဲ့သူအရေအတွက်ပေါ်ကိုမူတည်ပြီး ငွေကြေးတောင်းခံကြပါတယ်။ စီးပွားရေးလုပ်ငန်းအတွင်းမှာတော့ backup လုပ်တဲ့နည်းပညာဟာ server များမှာ လုပ်ဆောင်ကြတဲ့ပုံစံနဲ့ အတူတူပဲဖြစ်ပါတယ်။ အွန်လိုင်း backup စနစ်ဟာ client software appliction နဲ့ ပတ်သက်ပြီး တည်ဆောက်ကြတာ ဖြစ်ပါတယ်။ ဒီ software တွေဟာ အချိန်ဇယားတွေနဲ့ သတ်မှတ်ပြီးတော့ ၀ယ်ယူထားတဲ့ဖောက်သည်ရဲ့ ၀န်ဆောင်မှုအဆင့်အတန်းကို မူတည်ပြီး ပိုင်းခြားသတ်မှတ် အလုပ်လုပ်ပေးကြတာဖြစ်ပါတယ်။ အကယ်၍ ဖောက်သည်တွေဟာ နေ့စဉ် backup လုပ်ဖို့ တောင်းဆိုထားတယ်ဆိုရင် ဒီ application ဟာ အချက်အလက်တွေကို ရယူခြင်း၊ compresses ပြုလုပ်ခြင်း၊ encrypts ပြုလုပ်ခြင်းနှင့် အချက်အလက်များကို service provider ရဲ့ server ဆီသို့ ပို့ဆောင်ခြင်းများကို ၂၄ နာရီအတွင်း ပြုလုပ်ကြမှာဖြစ်ပါတယ်။ Bandwidth ကိုလျှော့ချပြီး ရယူခဲ့မယ်ဆိုရင်တော့ service provider ဆီကို အချက်အလက်တွေကို ပို့ဆောင်တဲ့နေရာမှာ အချိန်ပိုကြာပါလိမ့်မယ်။ Third party cloud backup ဟာ လုပ်ငန်းငယ်တွေနဲ့ အိမ်သုံးအတွက်တော့ လူကြိုက်များတဲ့ အသုံးဝင်လှတဲ့ backup စနစ်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ အတွက်ကတော့ cloud backup service လုပ်ဆောင်မှုတွေဟာ အရေးပါလှပါတယ်။ ယခင်သုံးနေကြ backup စနစ်တွေထက် ပိုမိုပြီးတော့ကောင်းမွန်တဲ့ စနစ်ဖြစ်ပါတယ်။ အချက်အလက်တွေကို လိုအပ်တဲ့အခါမှာ အချိန်တိုတိုနဲ့ ရယူအသုံးပြုနိုင်ပါတယ်။ အကယ်၍ အချက်အလက်အများအပြားကို recobered လုပ်ဖို့လိုအပ်ခဲ့မယ်ဆိုရင်တော့ တိပ် သို့မဟုတ် သယ်ဆောင်ရလွယ်ကူတဲ့ storage media တွေကို သုံးစွဲရမှာဖြစ်ပါတယ်။
Peppermint
Peppermint ဆိုတာဟာ ပေါ့ပါးသော Open source operating system တစ်ခုဖြစ်ပါတယ်။ Cloud computing နှင့်ဝက်ဘ်အခြေပြု application တွေအတွက် ပြုလုပ်ထားတာဖြစ်ပါတယ်။ Ubuntu Linux ကိုအခြေခံပြီးပြုလုပ်ထားတဲ့ Operating System တစ်ခုပါ။ Peppermint ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်ပေးတဲ့ နောက်ကွယ်ကတွန်းအားကတော့ မြန်ဆန်တဲ့ဝက်ဘ်အခြေပြု Operating system တွေပြုလုပ်ဖို့အတွက် ဖြစ်ပါတယ်။ ဒီဝက်ဘ်အခြေပြု OS ဟာ သုံစွဲသူတွေကို ၀က်ဘ် application တွေသုံးစွဲနိုင်ဖို့ အထောက်အပံ့ပေးမှာဖြစ်ပါတယ်။ သုံးစွဲသူတွေက ဒီ application တွေကို ကိုယ့်စက်မှာတင်ပြီးသုံးစွဲရသလို ခံစားနိုင်အောင်စီမံပေးမှာဖြစ်ပါတယ်။ Mozilla Prism ကို site-specific browsers (SSBs) အဖြစ်သုံးစွဲရန် ဖန်တီးပေးထားပါတယ်။ ၀က်ဘ် application တွေကို ရှုပ်ထွေးမှုနည်းပါးစေရန် ပြုလုပ်ပေးထားတဲ့ Windows ပေါ်မှာသုံးစွဲနိုင်ဖို့စီမံပေးထားပြီး application နှင့်မသက်ဆိုင်သော browser feature တွေနဲ့ ခလုတ်တွေမပါဝင်အောင် ပြုလုပ်ပေးထားပါတယ်။ Peppermint Operating System ကိုသုံးစွဲဖို့အတွက် သိုလှောင်သိမ်းဆည်းနိုင်တဲ့နေရာဟာ 512MB လောက်ရှိဖို့လိုအပ်ပါတယ်။ Operating system ကို စဖွင့်လိုက်တဲ့အခါ သုံးစွဲဖို့အသင့်ဖြစ်တဲ့အချိန်အထိ ကြာချိန်က ၂၅ စက္ကန့်လောက်ပဲရှိပါတယ်။ ပိတ်မယ်ဆိုလျင်တော့ ၅ စက္ကန့်သာကြာပါလိမ့်မယ်။ Default အဖြစ်ထားပေးထားတဲ့ desktop environment ကတော့ LXDE (Lightweight x11 Desktop Environment) ဖြစ်ပါတယ်။ အခြားသော default အဖြစ်ထည့်သွင်းပေးထားတဲ့ application တွေကတော့ Firefox Dropbox (အွန်လိုင်း backup application), Exaile (သီချင်းစီမံခန့်ခွဲမှု application), Prism, X-Chat နဲ့ Transmission တို့ဖြစ်ပါတယ်။ Default အဖြစ်ထည့်သွင်းပေးထားတဲ့ cloud application တွေကတော့ Editor ပါဝင်တဲ့ Pixlr, Facebook, Hulu, last.FM, Pandora, Seesmic Web, The Cloud Player, YouTube, Google Calendar, Google Docs, Google Mail နဲ့ Google Reader တို့ဖြစ်ပါတယ်။ Peppermint OS One အစိတ် အပိုင်းတွေထဲမှာ ပါဝင်တဲ့အရာတွေကတော့
- Linux Kernel 2.6.32
- Xorg 7.5
- Openbox 3.4.20
- PCManFM 0.95
- LX Session 0.4.3 တို့ဖြစ်ပါတယ်။ Peppermint ကို Peppermint ၀က်ဘ်ဆိုက်မှအခမဲ့ download လုပ်ပြီးရယူနိုင်သလို Live CD သို့မဟုတ် Live USB တို့ဖြင့် ဈေးနှုန်းချိုသာစွာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။
Cyberterrorism
Cyberterrorism ဆိုတာဟာ ပုဂ္ဂလိကကွန်ပျူတာတွေကိုဖြစ်စေ၊ အများဆိုင်ကွန်ရက်တွေကိုဖြစ်စေ၊ အစိုးရနှင့်သက်ဆိုင်သောကွန်ရက်များကိုဖြစ်စေ ရည်ရွယ်ချက်ရှိစွာနှင့် ချိုးဖောက်ဝင်ရောက်ပြီး အချက်အလက်ပျက်စီးစေရန်လုပ်ဆောင်တာကို ဆိုလိုတဲ့စကားလုံးပါ။ ကွန်ပျူတာဗိုင်းရပ်စ်တွေ၊ Trojan တွေစတဲ့ အဖျက်စွမ်းအားရှိတဲ့ပရိုဂရမ်တွေနဲ့ တိုက်ခိုက်တာကိုဆိုတာပါ။ ယနေ့ခေတ်မှာ ဆိုက်ဘာအကြမ်းဖက်မှု (cyberterrorism) ဆိုတဲ့စကားလုံးက အတော်လေးကိုတွင်ကျယ်လာပါတယ်။ ကျယ်ပြန့်နက်ရှိုင်းတဲ့စကားလုံးဖြစ်ပြီး ၎င်းကိစ္စကို လူတစ်ဦးချင်းစီမှဖြစ်စေ၊ အစိုးရအဖွဲ့တစ်ဖွဲ့မှဖြစ်စေ၊ လူအုပ်စုတစ်ခုမှဖြစ်စေ လုပ်ကိုင်နိုင်ကြပါတယ်။ လူမှုကိစ္စ အတွေးအခေါ်၊ ဘာသာရေး၊ နိုင်ငံရေးနှင့် ၎င်းကိစ္စကဲ့သို့သောအကြောင်းများကြောင့် တိုက်ခိုက်မှုကိုပြုလုပ်ကြခြင်းဖြစ်ပါတယ်။ ၎င်းစကားလုံးဟာ Barry C.Collin ဆိုတဲ့သူကစပြီး အမည်ပေးခေါ်ဝေါ်ခဲ့တာဖြစ်ပါတယ်။ ၎င်းစကားလုံးဟာ လူတိုင်းကိုခြိမ်းခြောက်နေတဲ့ ယနေ့ခေတ်စကားလုံးတွေထဲက တစ်လုံးလည်းဖြစ်ပါတယ်။ Hacking သို့မဟုတ် information warfare တို့လို စကားလုံးတွေနဲ့မတူဘဲကွဲပြားပါတယ်။