Showing posts with label Canon Printer. Show all posts
Showing posts with label Canon Printer. Show all posts

Wednesday, October 26, 2011

Printer အတွက် အကုန်အကျသက်သာစေရန် (၆)ချက်



Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြားသွားစေပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာကြရအောင်။

(၁) Printer ထုတ်လျှင် "Draft Mode" ကို ရွေးခြင်း
မိမိသည် ကိုယ်ပိုင်စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက Printer အား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့် မင်ရည်အသုံးပြုမှုကို အနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။ Draft Mode အသုံးပြုရန်အတွက် Control Panel ထဲက Printer နဲ့ Properties ထဲကို သွားပြီး Printing Preferences ထဲက Paper Quality မှာ Draft ကို ရွေးချယ်လိုက်ပါ။

(၂) Print Nozzle & Cartridge Cradles များအား ရှင်းလင်းခြင်း
ယခုခေတ်အတော်များများသာ Deskjet Printer များဟာ Nozzle နဲ့ Cartridge ကို ရှင်းလင်းရန်အတွက် အပိုပစ္စည်းလေးများ တစ်ခါတည်း ပါဝင်လာတတ်လေသည်။ ဒါကြောင့် တစ်ပတ်ကိုတစ်ခါလောက် မိမိ Printer ရဲ့ Nozzle နဲ့ Cartridge Cradles များကို စစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။

(၃) Web Base Printing အား အသုံးပြုခြင်း
အချိန်နဲ့မင် အသုံးပြုမှု သက်သာစေရန်အတွက် Manufacture များရဲ့ software အတော်များများ ရှိကြပါတယ်။ ဥပမာ- HP Smart Web Printing Software စသည်တို့ကို အသုံးပြုသင့်သည်။

(၄) Cartridge များ မှန်မှန်ကန်ကန်ထည့်ခြင်း
Cartridge များအားထည့်စဉ် အထိုင်ကျစေရန်နဲ့ ဖိတ်စင်မှုများ မရှိစေရန်အတွက် စနစ်တကျ ထည့်သင့်သည်။ Original Ink ကိုသုံးပါက ပိုပြီး အဆင်ပြေမည်။ Nozzle ခေါင်းများ ခြောက်သွေ့မှု မရှိစေရန်အတွက် သတိပြုသင့်သည်။

(၅) စနစ်တကျ Power ပိတ်ခြင်း
Printer ရဲ့ Main Power Switch အား မပိတ်မီ Printer ရဲ့အတွင်းပိုင်းတွင် Run နေသော Process နဲ့ Print Head များကို ကောင်းမွန်စွာ ပိတ်နိုင်မည်ဖြစ်သည်။

(၆) အရည်အသွေးကောင်းမွန်သော paper များအား အသုံးပြုခြင်း
ညံ့ဖျင်းတဲ့ Paper တွေဟာ Printer ရဲ့ စက်ပိုင်းဆိုင်ရာတွေကို Paper Jam ဖြစ်စေခြင်းဖြင့် ပျက်စီးစေပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ Paper များကိုသာ အသုံးပြုသင့်ပါတယ်။

Reset Counter Canon IP2770



Canon Printer ip2770 Printer Series များ၌ စာရွက်အရေအတွက် counter ပြည့်သွားသောအခါ Resume button တွင် လိမ္မော်ရောင်မီး (၈)ကြိမ်တိတိ မှိတ်တုတ်မှိတ်တုတ် ပြသနေပါလိမ့်မည်။ Print ထုတ်ကြည့် သောအခါမှာလည်း Service error 5B00 ဖြစ်နေကြောင်း ပြသနေပါလိမ့်မည်။ သတ်မှတ်ထားသော counter ပြည့်သွားပြီး Waste Ink Absorber Full ဖြစ်ခြင်းကြောင့် Error တက်ခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော Canon ip2770 model များတွင် Absorber full ဖြစ်တိုင်း ပြုလုပ်ပေးရမည့် ဖြေရှင်းချက်လေးတွေလည်း internet ထဲတွင် အမြဲပင် ပေါ်ထွက်လျှက်ရှိပါသည်။


(1) ရှေးဦးစွာ
Service Tool ကိုလည်း download ပြုလုပ်ထားပါ။ အကယ်၍ သင့် Printer Model မှာ iP2772 ဆိုပါက PCM_Service Tool ကို download ပြုလုပ်ရပါမယ်။

(2) Download ပြုလုပ်၍ ရရှိလာသည့် "ip 2770.doc" ဟူသော file ရဲ့ အမည်ကို "ip 2770.exe" ဟု extension ပြောင်းလဲပေးလိုက်ပါ။


(3) ထို့နောက် ယင်း File ပေါ်တွင် double click နှိပ်၍ open လုပ်ရပါမယ်။


(4) တပ်ဆင်ထားသော printer USB port နှင့်ထည့်သွင်းထားသော Printer driver တို့ ကိုက်ညီမှု ရှိ/မရှိကို သတိပြုရပါ့မယ်။ စစ်ဆေးကြည့်ရန်မှာ
Start | Control Panel | Printers and Faxes ပေါ်တွင် click နှိပ်၍ ရွေးချယ်လိုက်ပါ။ ထို့နောက် Canon iP2770 Series ပုံပေါ်တွင် right click နှိပ်၍ Properties ကို ရွေးချယ် click နှိပ်ပေးပါ။ Port နှင့် Printer တို့ ကိုက်ညီမှု ရှိပြီဆိုပါက service mode ကို လုပ်ဆောင်နိုင်ပါပြီ။

(5) သင့် printer ကို reset မပြုလုပ်မီ POWER နှင့် USB Cable ကြိုးများကို ကြိုတင်၍ တပ်ဆင်ထားပါ။


(6) ထို့နောက် printer ရဲ့ POWER နှင့် RESUME ခလုတ် (၂)ခုကို တွဲလျက် ငါးစက္ကန့်ဝန်းကျင် ဖိထားပေးပါ။


(7) ထိုသို့ ဖိထားလျက်ပင် RESUME ခလုတ်ကို (၅)ကြိမ်တိတိ ဆင့်နှိပ်ပါ။ (POWER ကို မလွတ်ရပါ)


(8) ထိုကဲ့သို့ အမှားအယွင်းမရှိဘဲ လုပ်နည်းမှန်ပြီဆိုပါက အစိမ်းရောင် flash မီးလေးမှာ အဆင်သင့် အနေ အထားနဲ့ မြင်တွေ့ရမှာပါ။


(9) ပြီးတော့ စောစောက ဖွင့်ထားတဲ့ Service Tools ကို ပြန်သွားလိုက်ပါ။


(10) အထက်ဖော်ပြပါ ပုံစံအတိုင်း Service Tools ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
- ရှေးဦးစွာ USB Port ကို ရရှိရန်အတွက် Reload ပေါ်တွင် click တစ်ချက်နှိပ်ပါ။
- ထို့နောက် စာရွက်(၂)ရွက်ကို printer တွင် ထည့်ထားပေးပါ။
- Clear Ink Counter ရဲ့အောက်ဖက်ရှိ Main ပေါ်တွင် click တစ်ချက်နှိပ်ပါ။ (အကယ်၍ သင့် printer တွင် error 001 ဟူ၍ ပြသခဲ့ပါက Ok ကိုသာ ဆက်၍ click နှိပ်ပေးပါမည်။ )
- ပြီးနောက် printer ရဲ့ POWER ကို နှိပ်၍ ပိတ်လိုက်ပါမယ်။ (တစ်ခါတစ်ရံ POWER (၂)ချက်ဆင့်နှိပ်၍ ပိတ်ပေးရသည်လည်း ရှိတတ်ပါသည်။ )
- ထို့နောက် POWER ပြန်ဖွင့်ပေးပါ။ ပြန်လည်၍ စမ်းသပ်ချက်များအရ အဆင်ပြေသွားခဲ့ပါသည်။