Showing posts with label Game နဲ့ပတ်သက်လို့. Show all posts
Showing posts with label Game နဲ့ပတ်သက်လို့. Show all posts

Monday, July 16, 2012

CRAZY FROG RACER 2


ကျွန်တော်ဒီနေ့တော့ အများစုလည်းအဆင်ပြေအောင် ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကစားနိုင်ဖို့အတွက် ဒီ CRAZY FROG RACER 2 ကို Portable လေးတင်ပေးလိုက်ပါတယ်။ ဂိမ်းကအသေးဆိုတော့ တခြား Graphic ပိုင်းတို့ Memory ပိုင်းတို့တော့ သိပ်ပြီးပူစရာမလိုပါဘူး။ Memory ကအနည်းဆုံး 512 MB ရှိရင်ကို လုံလောက်ပါတယ်။ Window OS အားလုံးကို Support လုပ်ပေးပါတယ်။ ပုံတွေကတော့ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အစမ်းကြည့်လို့ရအောင် သုံးလေးပုံပဲ တင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 66.8 MB ပဲရှိပါတယ်။ အောက်မှာယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ။
CRAZY FROG RACER 2



Thursday, November 3, 2011

Can You Run It?


ဂိမ်း နောက်ထွက်တာတွေက ဟတ်ဝဲလ် လိုအပ်ချက်ကြီးမားလာလို့ ၀ယ်ပြီးမှ သုံးလို့ အဆင်မပြေတာတွေ ကြုံကြရတတ်တယ်။ High-end user တွေ တော့ အေးဆေးပေါ့။

ဆိုင်တွေက ဘာ ဟတ်ဝဲလ် သုံးထားလဲ မေးကြပေမယ့် ဘယ်လောက်ထိ match ဖြစ်မလဲ ကြိုသိထားရင် ပိုအဆင်ပြေစေမှာပါ။ တစ်ခါတစ်လေ ကျတော့ ၀ယ်ပြီးမှ သုံးလို့ ရရုံလေက်သာ ကြုံတတ်တယ်။

အ၀ယ်မမှားရအောင် ဒီဆိုဒ်မှာ ကြိုတင် စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိ သုံးချင်တဲ့ ဂိမ်း အမျိုးအစား ကိုရွေးပြီး Can You Run It ကို နှိပ်လိုက်ရင် မိမိ ကွန်ပြူတာကို အန်နာလိုက်စ် လုပ်ပြီး အသေးစိတ် ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ထွက် ဂိမ်းတွေလည်း အပ်ဒိတ်လုပ်ထားတာ တွေ့ရတယ်။

အနိမ့်ဆုံး လိုအပ်ချက် မပြည့်စုံရင် fail ပြနေပါလိမ့်မယ်။ အောက်က ပုံမှာ supreme commander နဲ့ စမ်းသပ်ထားပြီး လိုအပ်တဲ့အပိုင်း ကို ပြနေပုံပါ။
Gamer တွေ system requirement ကြိုတင် စမ်းသပ်နိုင်မယ့် ဆိုဒ်လေးပါဘဲ။ Java plugin ရှိဖို့နဲ့ popup blocker ပိတ်ထားဖို့တော့ တောင်းဆို ထားပါတယ်။ ဂိမ်းအသစ်တွေ ၀ယ်တော့မယ်ဆို ကြို စမ်းထားတော့ အမှားကင်းပြီပေါ့...