Showing posts with label G-Talk. Show all posts
Showing posts with label G-Talk. Show all posts

Wednesday, September 19, 2012

Gtalk Skin လှလှလေးတွေ


ပို့စ်တွေလဲအများကြီးတင်ပေးချင်တယ်  လူကလဲမအားဘူး စာတွေနဲ့ရှုပ်လိုက် ကိုယ်နှစ်သက်တဲ့

ဘောလုံးပွဲလေးကြည့်လိုက် နဲ့လုံးလည်ချာရိုက်နေတာ  အခုအပြုံးတစ်ချက်ပရိတ်သတ်အတွက်

Gtalk Skin လှလှလေးတွေ ပေးမယ်ဗျာ ဟိုးးအရင် 2010 လောက်ကတည်းက ကိုသံလုံငယ်ဆီကနေ

ကျွန်တော်ဒေါင်းလော့ချပီး သုံးဖူးတယ် အခု ကိုယ်တိုင်တင်ပေးမယ်ဆိုတော့ ဆော့ဝဲက ရှာရတာမလွယ်

ဘူး Google ကများလိုက်ပီးဒေါင်းလော့ဖိုင်တွေလိုက်ဖျက်နေသလားမသိဘူး တင်ထားတဲ့ဆိုဒ်တော်တော်

များများမှာ ဖိုင်တွေဖျက်ခံထားရတယ် ချစ်ပရိတ်သတ်အတွက်တော့ကျွန်တော်ရအောင်ရှာပေးထားပါတယ်


အပိုလက်ဆောင်လေးအနေနဲ့ ပန်းရောင် Gtalk လေးပါ လက်ဆောင်ထည့်ပေးလိုက်တယ်ဗျာ

ဒီ Skin လေးတွေသုံးဖို့အတွက်  မူရင်း Gtalk လေးတော့ရမ်းထားရမယ်နော် ဒေါင်းလော့ချလိုက်တဲ့
skin လေးကိုနှစ်ချက် ကလစ်လိုက်တာနဲ့ သုံးလို့ရသွားပါပီ ဒါလေးကိုပဲသုံးချင်တယ်ဆိုရင်တော့
ကိုယ်သုံးချင်တဲ့ Skin လေးကို cpoy ကူး C >  Program File > Google > Gtalk  ထဲကိုသွားအရင်က
Gtalk လေးကို Delete လုပ်ပီး ခုန Copy လုပ်လာတဲ့ဟာလေးကို ထည့်လိုက်ဗျာ 

 ရမ်းတော့မယ်ဆိုရင် အရင်သုံးနေတဲ့ ဂျီတော့ဘောက်တွေကို ပိတ် Sign out လုပ် Exit ပါပေးပစ်ပီး


မှသုံးဗျာနော်  အဲတာမှကိုယ်သုံးချင်တဲ့အရောင်လေးကိုကွက်တိရောက်မှာ အဲလောက်ဆိုလုပ်တတ်


မယ်ထင်ပါတယ် ကဲ အလန်းလေးတွေမှသုံးချင်သူများအတွက်

 အောက်မှာကျွန်တော်လင့်နှစ်ခုနဲ့ တင်ပေးထားမယ်ဗျာ  လင့်ခ်လေးတွေ မဖျက်
ခင်အဆင်ပြေတဲ့နေရာကနေသာမသွားလိုက်ဗျာ  တကယ်လို့ဒေါင်းလို့မရတော့ဘူးဆိုရင် ကျေးဇူးပြုပီး
Comment Box  လေးမှာ စာချန်ပေးခဲ့ပါ ကျွန်တော်ပြန်တင်ပေးပါ့မယ်
အပြာရောင် Skin


အစိမ်းရောင် Skin



ပန်းနုရောင်  Skin



အဆင်ပြေကြပါစေဗျာ

Sunday, November 20, 2011

ကွန်နက်ရှင်ကြနေစဉ် အသုံးဝင်မည့် နည်းလမ်းကောင်းများ

ပထမဦးဆုံး gtalk ၀င်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။

၁။ http://www.ebuddy.com/#gtalk

ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။

၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage

ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။

၃။ နောက်တစ်ခုက http://webuzz.im/

ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။

အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။

gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com

ဝင်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/

ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။

ဒါလေးကတော့ http://mistakeproxyarea.appspot.com/

မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/

ဝက်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။

တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။

ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။ ဦးဇင်းရဲ့ အင်တာနက်မှာ ဘာသာရေးအကြောင်း အမေးအဖြေများနဲ့သိသင့်သည့်များ ရေးသားတင်ပြချက်များကိုတော့ (၅)လပိုင်း ပြည်ပပြန်ရောက်မှပဲ ဖတ်ရှု့ကြပေါ့လေ။ ခုတော့ သွားလာစရာများတာနဲ့ရော အင်တာနက်မသုံးဖြစ်တာများတာကရောကြောင့် ဘလော့ပို့စ်တင်ခြင်းများ မပြုလုပ်နိုင်တာကို သည်းခံစောင့်ဆိုင်းပေးကြပါလေ။

ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxyနဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ ဦးဇင်းကတော့ ခုဖော်ပြခဲ့တဲ့နည်းစနစ်လေးတွေရှာဖွေအသုံးပြုခဲ့တာ အဆင်ပြေပါတယ်။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။

မှတ်ချက်။ နည်းပညာများ ကျွမ်းကျင်၍ ရေးသားတင်ပြခြင်းမဟုတ်ပါ။ စေတနာထား၍ သိသမျှကို မြန်မာပြည်ကော်နရှင်သုံးနေသူများအား ကိုယ်ချင်းစာလို့ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်


ဧဒင်ဥယျာဉ်မှ တဆင့်ပြန်လည်ဖော်ပြထားပါတယ်..........။

Thursday, November 17, 2011

talk hack

တင်ပေးထားတာကြာပါပြီ၊ ထပ်တင်ပေးလိုက်တယ်ဘောဘောရေ့..

gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။


gtalk icon ပေါ် right click/properties ကိုသွားပါ။ gtalk properties dialog box မှ shortcut ကိုသွားပါ။ Target box မှာ "C:\Program Files\Google\Google Talk\googletalk.exe" /startmen0u/ ဒီ extention လေးနောက်က space/nomutex ရိုက်လိုက်ပါ။ ပြီးရင် ok ပေါ့။ space က ( /nomutex)ပါ။ spacebar ပုတ်ရုံပါဘဲ။
ရပါပြီ ရှိသမျှ account တွေနဲ့ login ၀င်ပြီး chat နိုင်ပါပြီ။

Photobucket

Photobucket

Monday, October 24, 2011

Connection ကျနေစဉ် Gtalk,Gmail ဖွင့်နိုင်စေရန်

Connection ကျနေစဉ် Gtalk,Gmail ဖွင့်နိုင်စေရန်ရည်ရွယ်ပါသည်။
Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ။
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။
ပေါ်လာလျှင်HTTP poxy box တွင်
212.93.193.72 ကိုရိုက်လိုက်ပါ။
ဘေးက Post box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။ ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။
Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင်use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါpost box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပါပြီ။