Saturday, October 22, 2011

RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင်

မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခုပြောပြပါ့မယ်။ Hacking နည်းလမ်းတစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။ :P
My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။
Image Hosting by Picoodle.com

Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။

Image Hosting by Picoodle.com
အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။
Image Hosting by Picoodle.com
Virtual Memory ဆိုသည်မှာ RAM က Hard disk memory ကို ငှားသုံး ခြင်းဖြစ်ပါတယ် ။ (ဥပမာ – Default Initial size = 1500 Mb(nearly 1.5Gb) , Hard Disk free space = 5 Gb ရှိတယ် ဆိုကြပါစို့ Initial size ကို 2000 Mb ( 2Gb ) တင်လိုက်ပါက Hard disk free space သည် 4.5 Gb ဖြစ်သွားပါလိမ့်မယ် ။ ( မည်သို့ပင် memory transfer လုပ်နိုင်သည် ဖြစ်စေ System Memory က ပဲ တစ်ကယ် လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ ) ကျနော့်မှာ Initial 1500 ရှိပြီးသား ဖြစ်လို့ 2000 လို့ပေးပြီး၊ Maximum ကို 3500 ပေးလိုက်ပါတယ် ။ ပြီးရင် Set ကို နိုပ်ပါတယ် ။
Image Hosting by Picoodle.com
ပြီးရင်တော့ OK ပေါ့ ။ Restart တောင်းလာပါလိမ့်မယ် ။ window ပြန်တက်လာ ရင်တော့ ခင်ဗျားစက် အရင်ထက်ပိုမြန် နေတာ တွေ့ရပါလိမ့်မယ် ။ CPU ရဲ့လုပ်ဆောင်နိုင်ရည်ကို ကြည့်ပြီး တင်သင့်ပါတယ်။ Memory များရင် စက်မြန်တယ် ဆိုပြီး memory အများကြီး စိုက်ပြီး CPU မလိုက်နိုင်လို့ ပိုလေး သွားတဲ့ စက်တွေ တွေ့ဘူးပါတယ်။ အားလုံး အဆင်ပြေကြပါစေ ။

Thursday, October 20, 2011

blog တစ်ခု hack မခံရအောင် (သို့) All blog posts Import In 1 Min.

ကျနော် ဒီပို့စ်ကို နာမည်ဘယ်လိုပေးရမှန်းမသိ ဖြစ်နေတာ။ ခေါင်းစဉ်တွေများနေလို့ လေ ။ ဒီလိုဗျာ .. အစ်ကိုတစ်ယောက်ရဲ့ ဘလော့ Hack ခံလိုက်ရတယ်ဗျာ။ password ချိန်းခံလိုက်ရတယ်။ အရင်ကလည်း ကြားဖူးကြမှာပေါ့။ ဘာလို့ အဲလိုလုပ်တာလဲ၊ ဘယ်ကောင်လဲ၊ ယုတ်မာလိုက်တာ ဆိုပြီး ထိုင်ငြီးနေမယ့်အစား ကို့ကို အဲလို လုပ်ရင်ကော ဘယ်လိုလုပ်မလဲလို့ တွေးလိုက်ပါတယ်။ blog တွေ hack ခံရတော့ အဓိက အချိန်ဗျ။ တစ်ခြို့က post တွေ အားလုံးကို microsoft word နဲ့ သိမ်းထားကြတယ်။ အဲ ပြန်တင်ဖို့ save ထားတယ်ပဲ ထားပါတော့ ပို့ ရာကျော်ကို ထိုင်တင်မှာလား။ ပျင်းစရာကြီးဗျာ။ နည်းမယ့်အချိန်မဟုတ်ဘူး။ တော်ရုံလူဆိုရင် ဘလော့ ပြန်ရေးချင်စိတ် မရှိတော့ပါဘူး။ စကားများသွားပြီ ကြိုတင် ကာကွယ်ထားလို့ ရအောင် ပြောတော့မယ်နော်။ ဘလော့ကို hack ရင် gmail account ရဲ့ password ကို ပြောင်းသွားလိုက်ပါတယ်။ တစ်ခြို့ကျတော့ account တစ်ခုလုံးကို delete ပြစ်လိုက်ပါတယ်။
မိမိ အရင် ဘလော့ရဲ့ Layout – Edit HTML မှာ Download Full Template ကို နှိပ်ပြီး Template ကို Download လုပ်လိုက်ပါ။ Sidebar Widget တွေကိုလည်း ကူးထားလိုက်ပေါ့။ (လူတိုင်းသိပြီးသားပါ)ဒါက Template အတွက် ဖြစ်ပါတယ်။ နောက်တစ်ခုက ပို့စ်တွေ အတွက်ပါ။ draft.blogger.com ကို ၀င်လိုက်ပါ။ (လက်ရှိ blogger မှာ ၀င်ပြီးသားဆိုရင် နှိပ်လိုက်တာနဲ့ Sign in ၀င်ပြီးသား ဖြစ်ပါလိမ့်မယ်။ draft.blogger မှာ မိမိ ပို့စ်တွေ ဒေါင်းချင်တဲ့ blog ရဲ့ Settings ကို နှိပ်ပါ။ အခုလို Basic နေရာမှာ Import blog – Export blog – Delete blog လို့တွေ့ပါလိမ့်မယ်။ Export blog ကို နှိပ်လိုက်ပါ။

Image Hosting by Picoodle.com

Download Blog လို့ ပေါ်လာပါလိမ့်မယ်။ ဒေါင်းထားလိုက်ပါ။
Image Hosting by Picoodle.com
( တစ်ခုပြောချင်တာက file size ကို ကြည့်ထားလိုက်ပါ။ connection မငြိမ်ရင် post အားလုံး မပါလာပဲ ဖြစ်တတ်ပါတယ်။ ကျနော်ဆိုရင် ပထမတစ်ခါ ဒေါင်းတော့ ပို့စ် ၁၈၀ မှာ ၁၀၈ ခုပဲ ကျပါတယ်။ ကွန်မန့်တွေလည်း ပါမလာပါဘူး။ )
Image Hosting by Picoodle.com
Download လုပ်ပြီးတာနဲ့ mail account အခြားတစ်ခုနဲ့ blogger မှာ Blog အသစ်တစ်ခု ထပ်လုပ်ပါတယ်။ (သဘောပေါက်မှာပါနော်) Layout – Edit HTML ကနေ အရင်ဆုံးချထားတဲ့ Template ကို upload တင်ပါတယ်။ ပြီးရင် sidebar widget တွေ ထည့်ပါတယ်။ (ဒါလည်း သိပြီးသားနေမှာပါ) ပြီးရင် draft.blogger.com ကို ပြန်ဝင်ပါတယ်။ (အခု အသစ်လုပ်နေတဲ့ ဘလော့ရဲ့ draft Dashboard ကိုသွားရမှာ ဖြစ်ပါတယ်)။ Settings ကို နှိပ်ပြီး Import blog ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com
အောက်ပါအတိုင်း ခုနက ဒေါင်းထားတဲ့ blog xml ဖိုင်ကို upload ပြန်တင်ပါတယ်။
Image Hosting by Picoodle.com

တင်ပြီးပြီ ဆိုရင် အောက်ပါအတိုင်း Edit posts နေရာမှာ အခုလို ပေါ်ပါတယ်။ တကယ်လို့ မိမိရေးထားတဲ့ ပို့စ် အားလုံးပါမလာဘူး၊ ကွန်မန့်တွေလည်း မပါဘူးဆိုရင် blog xml ဒေါင်းက မစုံလိုက်လို့ ဖြစ်ပါတယ်။ နောက်တစ်ခါ ထပ်ဒေါင်းပေးပါ။ (file size ကိုကြည့်ပေါ့။ ကျနော်ဆို ဒုတိယ တစ်ခါဒေါင်းမှ အားလုံးရပါတယ်)
Image Hosting by Picoodle.com
ဒါဆိုရင် မိမိဘလော့ရဲ့ ဒီဇိုင်းအားလုံး၊ widgetအားလုံး၊ posts အားလုံးနဲ့ Comments အားလုံးကို နောက်ထပ် mail account တစ်ခုနဲ့ Blog ထပ်လုပ်ပြီး ဖြစ်လို့ clone blog လေးတစ်ခု ရှိနေပါပြီ။ ဘာမှ မကြာလိုက်တဲ့ အချိန်လေးပါပဲ။ နောက်ပြီးရင် URL ဖြစ်ပါတယ်။ ကျနော်ဆိုရင် co.cc ကနေ Domain ယူထားတာ ဖြစ်တဲ့အတွက် အရင် www.thanlonengal.blogspot.com ကို www.thanlonengal.co.cc လုပ်ထားတာပါ။ blogspot ဆိုတဲ့ မူရင်း thanlonengal ပျက်သွားခဲ့ရင်တောင် co.cc ဒိုမိန်းကို နောက်ထပ် clone လုပ်ထားတဲ့ ဘလော့မှာ ပြောင်းသုံးလိုက်ပါမယ်။ ဒါဆိုရင် နောက်ထပ်လုပ်တဲ့ clone က www.thanlonengal.co.cc လင့်နဲ့ပဲ ဖြစ်တဲ့အတွက် Hack ခံလိုက်ရတယ် ဆိုရင်တောင် ခဏလေးနဲ့ မူရင်း url ကို ပြန်ရပါတယ်။ ဆုံးရှုံးမှု မရှိတဲ့အပြင် ဒိုမိန်းလေး ပြောင်းလိုက်ရုံပဲ ဖြစ်တဲ့အတွက် ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ပါဘူး။ ကြိုတင်ပြင်ဆင်ထားရတာလည်း မပင်ပန်းလှပါဘူး။ အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။ ဘယ်သူ hack တာလဲ၊ စိတ်ဓါတ်က ဆိုးလိုက်တာ လို့ ထိုင်ငြီးနေမလား ? ။ ကျနော် ပြောခဲ့တဲ့အတိုင်း ကြိုပြင်ထားမလား ?
ဟိုးအရင်ထဲက ဒီပို့စ်လေးမှာလည်း backup လုပ်နိုင်တဲ့ site တစ်ခုကို ညွှန်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခုနည်းက အရမ်းအဆင်ပြေပါတယ်။ အားလုံး ကျေနပ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ ……. ။ စိတ်ချမ်းမြေ့ခြင်းကို အချိန်တိုင်း ပိုင်ဆိုင် နိုင်ကြပါစေ။

Change CPU Information in Windows

 သီချင်းဆိုနေတာမဟုတ်ဘူး … ပြောပြသင့်မယ်ထင်လို့။ အများကြီးတွေ ရေးမနေတော့ပါဘူး။ ကွန်ပျူတာ ဝယ်မယ်ဆိုတာနဲ့ (win key + Break key) ကို နှိပ်လို့ပဲဖြစ်ဖြစ်၊ my computer ကို right-click လုပ်ပြီး properties ကို နှိပ်လို့ပဲဖြစ်ဖြစ် system properties ကို ကြည့်ကြတယ်လေ။ အဓိက က CPU information ကိုး ဗျ။ တော်တော်များများက အဲဒီနေရာတစ်ခုကိုပဲ ကြည့်ပြီး ယုံနေကြလို့။ အဲဒါကို ပြောင်းပြထားပြီး အင်ရိုက်လို့ ရတယ်ဆိုရင်ရော …. အောက်မှာကြည့်လိုက်ပါဦး …
Image Hosting by imagefra.me==>Image Hosting by imagefra.me
တွေ့တယ်နော် … Dual-Core ကနေ Core 2 Quad ကြီးကို ဖြစ်သွားပြီ။ ဘယ်လောက်ပိုပေးမှာလဲ။း) ..ဘယ်လိုပြောမှာလဲ … ထားပါ။ ပြောင်းလို့ ရနိုင်တဲ့ နည်းလေး အရင်ပြောပါ့မယ်။

Run – regedit လို့ရေးပြီး registry editor ထဲဝင်။ အောက်က ပြောထားတဲ့ လမ်းကြောင်းအတိုင်း အစဉ်လိုက်သွားပေတော့။

HKEY_LOCAL_MACHINE\Hardware\Description\System\CentralProcessor
CentralProcessor ရဲ့ အောက်မှာ 0 နဲ့ 1 ဆိုပြီး နှစ်ခု ရှိပါတယ်။ 0 ကို ပြောင်းလိုက်ရင်ပဲ ပေါ်ပါပြီ။
Image Hosting by imagefra.me
0 ကို နှိပ်ပြီး ညာဘက်မှာ ProcessorNameString ဆိုပြီးရှိပါတယ်။ Double-click နှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်။
Image Hosting by imagefra.me
ပြောင်းပြီးရင် registry editor ကိုပိတ်ပြီး system properties ကို ပြန်ဖွင့်ပါ။ ပြောင်းလိုက်တဲ့အတိုင်း ပေါ်လာတာကို မြင်ရပါလိမ့်မယ်။
ပြောင်းရ၊ ရှာရပျင်းတဲ့လူတွေကတော့ အောက်မှာ ကျနော်ပေးထားတဲ့ စာအားလုံးကို Notepad မှာ ကူးထည့်၊ နာမည်တစ်ခုပေးပြီး .reg နဲ့ save လိုက်ပါ။ (name.reg)

Windows Registry Editor Version 5.00 [HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor]
[HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor]
“Component Information”=hex:00,00,00,00,00,00,00,00,00,00,00,00,00,00,00,00
“Identifier”=”x86 Family 6 Model 23 Stepping 10″
“Configuration Data”=hex(9):ff,ff,ff,ff,ff,ff,ff,ff,00,00,00,00,00,00,00,00
“ProcessorNameString”=”Core 2 Quad Q6600 @ 2.40GHz”
“VendorIdentifier”=”GenuineIntel”
“FeatureSet”=dword:60ef3fff
“~MHz”=dword:000007cb
“Update Signature”=hex:00,00,00,00,07,0a,00,00
“Update Status”=dword:00000006
“Previous Update Signature”=hex:00,00,00,00,07,0a,00,00
“Platform ID”=dword:00000080
[HKEY_LOCAL_MACHINE\HARDWARE\DESCRIPTION\System\CentralProcessor\1]
“Component Information”=hex:00,00,00,00,00,00,00,00,01,00,00,00,00,00,01,00
“Identifier”=”x86 Family 6 Model 23 Stepping 10″
“Configuration Data”=hex(9):ff,ff,ff,ff,ff,ff,ff,ff,00,00,00,00,00,00,00,00
“ProcessorNameString”=”Core 2 Quad Q6600 @ 2.40GHz”
“VendorIdentifier”=”GenuineIntel”
“FeatureSet”=dword:60ef3fff
“~MHz”=dword:000007cb
“Update Signature”=hex:00,00,00,00,07,0a,00,00
“Update Status”=dword:00000006
“Previous Update Signature”=hex:00,00,00,00,07,0a,00,00
“Platform ID”=dword:00000080
ပြီးရင် Double-click နဲ့ run လိုက်တာနဲ့ ကျနော် ပေးထားတဲ့ information အတိုင်း ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။

Using ISO & MDF file Without CD Burning

ISO ဖိုင် အမျိုးအစားတွေနဲ့ MDF တွေက အခုနောက်ပိုင်းမှာ တော်တော်ကိုသုံးလာကြတယ်။ အထူးသဖြင့် OS တွေ share တဲ့အခါ Game တွေ share ချင်တဲ့အခါ ပြန်သုံးတဲ့လူက CD burning လုပ်လိုက်တာနဲ့ အဆင်သင့် သုံးလို့ ရတဲ့အတွက်လည်း အတော် အသုံးဝင်ပါတယ်။ ဒါပေမယ့် လောလောဆယ် ခွေမရှိဘူး။ ဒါမှမဟုတ် ISO က DVD နဲ့ burn ရမယ့် Version ဖြစ်နေပြီး မိမိမှာက CD R/W Drive ပဲ တပ်ထားတယ် ဆိုရင်တော့ တော်တော်စိတ်ညစ်ဖို့ကောင်းသွားပါပြီ။ အခုနောက်ပိုင်း Game တွေကိုပဲ ကြည့် ဖိုင်က ISO နဲ့ပဲ ရှယ်ကြတာဖြစ်ပြီး DVD version ဖြစ်လို့ 3 GB တော့ အနည်းလေး ရှိပါတယ်။ ကျနော် C&C 3 နဲ့ Call Of Duty ကို ဒေါင်းပြီး ကစားဖို့ လုပ်တော့ နှစ်ခုလုံးက MDF ဖိုင်နဲ့ဗျ ။ windows က အဲဒီ file type ကို မသိဘူးဗျ ။ unknown file type icon အနေနဲ့ အဖြူသက်သက်ပဲ ပြပါတယ်။ မသိတဲ့လူတွေအတွက် ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူးလို့ တွေးမိလိုက်တယ်။ နောက်ပြီး Need for Speed နဲ့ ကားမောင်းမယ်ကြံတော့လည်း ISO နဲ့ ပေးထားတာဗျ။ OS တွေ အတွက် ခွေအကုန်ခံပြီး ရိုက်နိုင်ပေမယ့် Game ကျတော့ နှမျောတယ်လေ။ ကဲ လေရှည်သွားပြီဗျာ ။ ISO နဲ့ MDF ဖိုင်တွေကို ခွေမရိုက်ပဲ သုံးနိုင်အောင် Magic ISO လေးကို ဒေါင်းလိုက်ပါဦး။ သုံးနည်းပါ ဆက်ရေးပေးပါ့မယ်။
Image Hosting by Picoodle.com

Download mirror 1 : Mediafire ( MagicISO Maker 5.4+ Serial )

Download mirror 2 : Zshare ( MagicISO Maker 5.4+ Serial )
run ပြီးရင် All Programs ထဲက MagicISO မှာ ဒုတိယမြောက် MagicISO ဆိုတာကိုပဲ အရင်ရွေးပေးလိုက်ပါ။
Image Hosting by Picoodle.com
အောက်ပါအတိုင်းပေါ်လာတဲ့ ၀င်းဒိုးမှာ မိမိရဲ့ ISO ဖိုင် ရှိတဲ့နေရာကို ရှာပြီး Double click နှိပ်ပေးလိုက်ပါ။ (အောက်ညာဘက်နေရာက ဖိုင်ကို Double click နှိပ်ပေးရပါမယ်။ အပေါ်ညာဘက်မှာ သူ့ထဲက ဖိုင်တွေ ပေါ်လာပါတယ်။
Image Hosting by Picoodle.com
ကျနော် အရင်ဆုံး Desktop ပေါ်မှာ New Folder တစ်ခုယူပြီး Game ISO လို့ နာမည်ပေးလိုက်ပါတယ်။ ပြီးရင် အပေါ်ဘယ်ဘက်ဒေါင့်က CD Drive icon လေးကို Right click လုပ်ပြီး Extract ကို နှိပ်လိုက်ပါတယ်။
Image Hosting by Picoodle.com
အောက်ပါအတိုင်း ပေါ်လာတဲ့ pop up box မှာ ခုနက လုပ်ထားတဲ့ Game ISO folder ကို ရွေးပေးပြီး Ok ပေးလိုက်ပါတယ်။
Image Hosting by Picoodle.com
အခုဆိုရင် rar ဖိုင်ကနေ ဇစ်ဖြည်တဲ့ အတိုင်း extract လုပ်လေပြီ ဖြစ်ပါတယ်။ ( win rar ရဲ့ file type option ထဲမှာ ISO ကို check ပေးထားရင်လည်း အခုအတိုင်း extract လုပ်လို့ရပါတယ်။ ဒါပေမယ့် အားလုံးကို မရပါဘူး။ အချို့သော ISO ဖိုင်များက win rar နဲ့ အဆင်မပြေပါဘူး။ MagicISO Maker က အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ )
Image Hosting by Picoodle.com
Extract ပြီးသွားတာနဲ့ သူ့ကိုဖြည်လိုက်တဲ့ Folder ထဲမှာ CD ရိုက်လိုက်တဲ့ အတိုင်း ဖိုင်တွေအားလုံးကို တွေ့ပါလိမ့်မယ်။
Image Hosting by Picoodle.com
CD ခွေထည့်ပြီး run တဲ့အတိုင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
နောက်ဖိုင်တစ်ခုဖြစ်တဲ့ MDF ဖိုင်ကိုလည်း အခုနည်းအတိုင်းပဲ Double click ပေးပြီးဖွင့်ပါတယ်။
Image Hosting by Picoodle.com
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Extract လုပ်လိုက်ပါတယ်။
Image Hosting by Picoodle.com
နောက်ထပ် function တစ်ခုဖြစ်တဲ့ Magic CD & DVD Burner ကိုလည်း All Programs ကနေဖွင့်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ထပ်မရေးတော့ပါဘူး။ ISO Burning အကြောင်းကို ဒီမှာ ရေးခဲ့ ပြီးပါပြီ။ Software မတူပေမယ့် သဘောတရားတူတူပါပဲ။ အဆင်ပြေမှာပါ။

Windows 7 Activator for All Versions

nistrator ကို နှိပ်ပါတယ်။
Image Hosting by Picoodle.com
ပြီးရင် လိုင်စင်ကို သဘောတူပေးလိုက်ပါ။ administrator run အတွက် Confirm ထပ်တောင်းပါတယ်။ Ok ပေးလိုက်ပါ။ နောက်ဆုံး အောက်ကအတိုင်း cmd screen အပြာ ပေါ်လာပါတယ်။ screen 1 လို့ ဆိုပါစို့ …
Image Hosting by Picoodle.com
Enter your Choise ? တဲ့ … ရှင်းပါတယ်။ အပေါ်ဆုံး A က 32 bit Windows 7 တွေအတွက်ပါ။ သူ့ကို run ဖို့ a ကို ကီးဘုတ်မှာ နှိပ်ပေးလိုက်ရုံပါပဲ။ နှိပ်ပြီးတာနဲ့ အောက်ပါအတိုင်း Press any Key to Continue ဆိုပြီး ပေါ်ပါတယ်။ Screen 2 ပေါ့ .. ။ ကီးတစ်ခု နှိပ်ပေးလိုက်တာနဲ့ Screen 1 ကို ပြန်ရောက်ပါတယ်။
Image Hosting by Picoodle.com
ကီးအတွက်တော့ a နဲ့ b ကို run ပေးပြီးရင် ရပါတယ်။ windows tittle bar မှာ ပါလာတဲ့ Send Feedback ဆိုတာကို ဖြုတ်ချင်ရင်တော့ f ကို နှိပ်ပေးပေါ့ ။
Image Hosting by Picoodle.com
နားလည်မယ်ထင်ပါတယ်။ အရင် Activator တွေ သုံးထားတာ ရှိခဲ့ရင် အဲဒါတွေကို အရင် Install လုပ်ဖို့အတွက် c d ကို နှိပ်ပေးပြီး uninstall အရင် လုပ်ပေးပါ။ ကျန်တာတွေလည်း နားလည်မှာပါ။ Restart လုပ်ပေးလိုက်ပြီးရင်တော့ သက်တမ်းအတွက် Activation မပေါ်နိုင်တော့ပါဘူး …
Image Hosting by Picoodle.com

Hardware Requirement For Windows 7

Windows 7 တင်ပေးဖို့အတွက် မိမိ PC နဲ့ အသုံးပြုနိုင် မပြုနိုင် သိရအောင် Hardware Requirement ကို အရင်ရေးလိုက်ပါတယ်။


# 1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
# 1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
# 16 GB available hard disk space (32-bit) or 20 GB (64-bit)
# DirectX 9 graphics device with WDDM 1.0 or higher driver
Microsoft ရဲ့ official site မှာတော့ ဒီတိုင်းပဲ ရေးထားပါတယ်။ (စတင် အသုံးပြုသူများအတွက်) သေချာ နားလည်အောင် ကျနော်ထပ်ရှင်းပြပါ့မယ်။

! .. 1 GHz နှင့်အထက် ရှိသော processor (x86 version အတွက် x32-bit CPU လိုအပ်ပြီး၊ x64 version အတွက် x64-bit CPU ဖြစ်ပါတယ်)

! .. 32-bit အတွက် RAM 1 GB နှင့်၊ 64-bit အတွက် RAM 2 GB
! .. 32-bit အတွက် 16 GB စာနေရာလွတ်သော hard disk partition တစ်ပိုင်း၊ 64-bit အတွက် 20 GB
! .. DirectX 9 ကို Support လုပ်ပေးနိုင်သော 128 MB memory graphics (Aero Theme ကို အသုံးပြုရန်အတွက်)
နားလည်သွားမယ်လို့ထင်ပါတယ်။ Hardware ကို ဒီလောက် အနိမ့်ဆုံး ရှိရမယ်လို့ ပြောထားတာဖြစ်ပါတယ်။ ( ပိုမြင့်လေ ကောင်းလေပေါ့)။ ကျန်တာတွေကတော့ ရှင်းမှာပါ။ မိမိ CPU ဟာ 32-bit လား 64-bit လား သိနိုင်ဖို့ သူ့ရဲ့ ကုမ္ပဏီ site မှာ ရှာကြည့်ဖို့ လိုပါတယ်။ (ဥပမာ – T4200 ) သို့မဟုတ် ဒီဆော့ဝဲလ် နဲ့လည်း သိနိုင်ပါတယ်။
64-bit processor က 32-bit windows ကို အသုံးပြုနိုင်သော်လည်း၊ 32-bit processor က 64-bit windows ကို အသုံးပြုနိုင်မှာ မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။ ကဲ … ဒါဆိုရင် မိမိ PC က Windows 7 သုံးနိုင် မသုံးနိုင် သိသွားပါပြီ။
Vista အတွက်ပါ တလက်စထဲ ဖော်ပြပေးလိုက်ပါတယ်။
# 1 GHz processor (32- or 64-bit)
# 512 MB of RAM (for Home Basic); 1 GB of RAM for all other versions
# 15 GB of available disk space
# Support for DirectX 9 graphics and 32 MB of graphics memory (for Home Basic); 128 MB of graphics
ဪ … သတိမထားမိမှာစိုးလို့ ဖြည့်စွက် တစ်ချက် တိုးပေးလိုက်ပါတယ်။ 7 ရော Vista ပါ နှစ်ခုစလုံးက DVD version များ ဖြစ်တဲ့အတွက် အနည်းဆုံး DVD RW (သို့) DVD Combo drive ဖြစ်ရပါမယ်။

ဝင်းဒိုး 7 Ultimate 32bit


ဝင်းဒိုးစ်ဆဲဗင်း (Ultimate 32bit x86) ကို စုစုပေါင်း ဖိုင်ဆိုဒ် 2.32 gb ရှိပါတယ်။ မရှိသေသည့် လိုချင်သည့်သူငယ်ချင်းများအောက်မှာ ဒေါင်းလုတ်လုပ်နိုင်ပါသည်။ khwekabaung တင်ထားသည်ကို တဆင့်ပြန်လည် မျှဝေပေးပါသည်။

Download below: