Monday, July 16, 2012

Advanced Video Compressor 2012


 ဒီ Advanced Video Compressor 2012 လေးကတော့ တော်တော်လေး ညွှန်းဆိုထားပါတယ် ..... ညွှန်းဆိုထားတဲ့ အတိုင်းလဲ ကောင်းမွန်ပြည့်စုံတဲ့ Software လေးပါ ... သူကတော့ မိမိတို့ရဲ့ အလွန်ကြီးမားနေတဲ့ Video ဖိုင်ဆိုက်ဒ်ကြီးတွေကို   (without any loss of quality) အရည်အသွေး ကျမသွားစေပဲ ခြုံ့ပေးနိုင်ပါတယ်...။
ပြီးတော့ portable devices တွေဖြစ်တဲ့  mobile phone , media player တွေ အတွက်လဲ  Format အမျိုးမျိုးကို လွယ်ကူစွာ Converts လုပ်ပေးနိုင်ပါတယ် ..။ စိတ်ဝင်စားရင် အောက်မှာ ဆက်လေ့လာနိုင်ပါတယ်....:)

Crack , Patch ကို မသုံးတတ်ဘူးဆိုပြီး ပြောပြောနေကြလို့ မသုံးတတ်သေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ပါတယ်... ပထမဆုံး Crack ဖိုင်လေးထဲက avc.exe လေးကို Right Click နဲ့ Copy (Ctrl + C) ကူးထားပါ..။ ပြီးရင် C:/ >> Program file >> Advanced Video Compressor ထိ တဆင့်ချင်း သွားပြီး  Paste (Ctrl + V) လုပ်ပါ Replace လုပ်မလားမေးရင် Yes Replace All  (or) Yes All ကို နှိပ်ပေးလိုက်ပါ...ပျော်ရွှင်ကြပါစေ...:)

Advanced Video Compressor is a special tool to compress and resize video, convert video for portable media players such as iPod/iPhone/mobiles.

Video resizing and compressing is helpful to get videos for faster up/downloading from YouTube, Facebook, own websites.

It is a powerful MP4/3GP/FLV/AVI video converter/resizer/compressor which does video converting oriented on the resulting video file size and quality. #1 as a MPEG4 H264 video converter.

With the help of this application users will have the possibility of quickly reducing the size of their video files without any loss of quality.

Convert video files for portable devices AVC easily converts your video files for using them on portable devices, such as a mobile phone or a media player.

Convert videos to MP4 (MPEG4), H.264, 3GP, FLV from other formats Do video converting from many formats to the most modern ones by using a selection of our advanced video/audio codecs.

Here are some key features of "Advanced Video Compressor":

· Video Compression Engine implements the most advanced video compression algorithms to create resulting video files with the highest quality/file size ratio.
· Over 100+ video/audio codecs and over 20+ video file formats (containers) are supported to decode source video files, including: AVI, WMV, FLV, 3GP, MKV, MOV, MP4, MPEG, MPG, DIVX, XVID, AVM, AVS, DAT, F4V, NSV, OGM, RM, RMVB, TP, TS, VOB; - Get MP4, 3GP, FLV, AVI video files, or set "Original" to get the resulting file in the same file format as the source one.
· Easily set bitrates for video and audio data, to get any desired file size.
· Video frame size controls allow you to easily resize video.
· Video editing functions to cut video files, crop or add padding to video frames, overlay a logo/watermark, deinterlace, modify levels, and more.

GSM အင်တာနက် အသုံးပြုခြင်း

အားလုံး အဆင်ပြေစေဖို့ တဆင့်ပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်....:)

nokia တွင် အသုံးပြုခြင်း
Menu>Setting> Connectivity> Setting> Destinations ကိုတဆင့်ခြင်းဝင်သွားပါ။
Destinations > Access Point ထဲကိုဝင်လိုက်ပါ၊
Automatically check for available access points ကို Yes လုပ်ပါ။
Packet Data ကို ၀င်လိုက်ပါ၊
Packet data access point name ကို MPTNET လို့နာမည်ပေးပါ။
Select destination ကို Internet ဟုရွေးပေးပါ။
အခုနောက် Menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲဒီမှာ ခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲဒီကိုဝင်လိုက်ပါ၊ Connection name ရယ် Access Point Name မှာ MPTNET ဆိုတာတွေ့နေရပါမယ်။
Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်၊ Username နဲ့ PW မှာ မိမိနှစ်သက်ရာပေးပါ။
Prompt PW ကိုတော့ Internet သုံးတဲ့အချိန်မှာ ဖော်ပြစေချင်ရင် Yes ပေးပါ။
Authentication မှာ Secure ပဲပေးပေး Normal ပဲပေးပေးပါ။ Homepage ကတော့ None ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပါ။
PC ကနေသွားမယ်ဆိုရင်တော့ PC နဲ့ချိတ်ဆက်ဖို့ USB ကြိုးလိုပါမယ်၊ ပြီးတော့ Nokia Ovi Suite(or) Nokia PC suiteကို ကွန်ပြူတာမှာ Install လုပ်ထားတာရှိရပါမယ်၊ အဲဒီ software ကနေ connect your computer to the internet ဆိုတာနှိပ်ပြီး connect လုပ်ပါမယ် ၊ ပြီးရင်တော့ ကြိုက်ရာ browser ကိုသုံးနိုင်ပါပြီ။ ဘာ proxy မှထည့်စရာမလိုပါ။
Iphone ပေါ်တွင် သုံးခြင်း
Setting –> Enable 3G
Open Safari and go to unlockit.co.nz
Choose Continue –> Choose Custom APN –> Create Profile
Change APN –> “mptnet” –> Create Profile –> Save Profile and hen restart it’s working
နောက်တစ်နည်းက
setting>general>network က Enable 3G ကို off
Cellular Data  ကို on ပေးလိုက်ပြီး ဖုန်းကို restart ချလိုက်ရင်
E ဆိုတာလေး ပေါ်လာပြီး သုံးလို့ရသွားပါတယ်။
မသုံးတော့ရင် Cellular Data ကို off နောက်တခါပြန်သုံးချင်ရင် on လိုက်တာနဲ့ သုံးလို့ရပါတယ်။
Ref : http://tyrino.wordpress.com

Android ဖုန်းများတွင် အင်တာနက် setting ထည့်နည်းလေးတွေ ကို မိမိနဲ့ အဆင်ပြေမယ့် နည်းလေးတွေကို သိရှိစေဖို့  ဖော်ညွန်းပေးလိုက်တာပါ။အင်တာနက်ပေါ်က တခြားဆိုဒ်များကနေ သင့်တော်မယ့်အရာလေးတွေကို ဖော်ပြပေးထားတာပါ။ အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။gsm ဖုန်းတွင် အင်တာနက် speed ကတော့ download ကို 1 second = 1 kb to 4 kb အထိပဲ ရပါတယ်..
idm နဲ့ download လုပ်မယ်ဆိုရင်တော့ 4 kb to 15 kb ထိရပါတယ်...

GSM အမျိုးအစားများအတွက်
 
GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )
၁-ပထမဦးစွာ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – ဒီအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ပြောတာ )
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ
မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….
အဆင်ပြေကြပါစေ …ကျေးဇူးတင်ပါတယ်


Huawei U8650


Huawei U8650 အတွက်internet setting.
Settings > Wireless & networks > Mobile networks > Network operators >
(waiting for Searching).You will see (Myanmar Post and Telecommunication)
> (waiting for registration)to (registered on network)
and then Data enabled > on


Huawei C8812 အတွက်
 

Huawei C8812 အတွက်
အတွက်internet setting.
အရင်ဆုံး Setting ——-> More ————>Mobile Networks ————-> Access Point Names  ကို ၀င်ပါ။
Access Point Names ကို ရောက် လျှင် ညာဘက် အစွန်းဆုံး က တုတ်ချောင်းလေး သုံးချောင်း (MEMU) ကို နှိပ်ပါ။
ပြီးရင် New APN ကို နှိပ်ပါ။ Settting တွေ စတည်.ပါတော.မယ်။
Name  —————>  MPT

APN  —————-> #777

Username ———> ####@c800.mm
(#### နေရာမှာ ကြိုက်ရာဖြည့်ပါ။)E.g(mobimax@c800.mm)
password ———-> ကြိုက်ရာ ဖြည့်ပါ။

Authentication type —-> CHAP
    ကိုရွှေးပါ။
APN type  ———-> default
    ကို ရိုက်ပါ။
Data bearer ——–>  package Data 
  ကို on ပေးပါ။
Prompt password–>  #777
    ကို ရိုက်ပါ။
Menu
ကို နှိပ်ပြီး Save ကို နှိပ်ပါ။ MPT  ကို ON ပေးပါ။
Data enabled 
  ကို on ပေးလိုက် ပါ။ 3G  ကို တွေ.ရပါလိမ့်မယ်။


Huawei U8661

Huawei U8661အတွက် internet setting
Settings ——-> Wireless & Network Settings ——->Mobile Network Settings
Select Subscription ——-> Card 1(or) Card 2 – Access Point Names ——-> တုတ်ချောင်းလေး သုံးချောင်း(MEMU) ကို နှိပ်ပါ။ New APN – Nameမှ mptnet Apnမှ mptnet အဲဒီနှစ်ခုပဲ ဖြည့်ပေးပါ
ကျန်တာ ဘာမှ မဖြည့်ပါနဲ့ .သူအတိုင်ပဲထားပါ.,,,တုတ်ချောင်းလေး သုံးချောင်း Menu လေကို နိုတ်ပြီး save လုပ်လိုက်ပါ။Data enabled ကို on ပေးလိုက် ပါ။ အဆင်ပြေပါတယ်။SAMSUNG GSM ဖုန်းတွေ့လဲရပါတယ်
့HUAWEI GSM ဖုန်းတွေ့လဲ အဆင်ပြေပါတယ်။

Name —————> mptnet

APN —————-> mptnet

Username ———> မဖြည့်ပါ။

password ———-> မဖြည့်ပါ။

MCC —————> 414

MNC—————-> 01

Authentication type —->None ကိုရွှေးပါ။

APN type ———-> မဖြည့်ပါ။
 

Android  V4.0.3 သုံးသူများ အတွက်

Setting ——-> More ————>Mobile Networks ————-> Access Point Names
  ကို ၀င်ပါ။
အခြား Version များအတွက်
Setting —–>Wireless and Network——>Mobile networks——>Access Point Names ကို ၀င်ပါ။

Access Point Names ကို ရောက် လျှင် ညာဘက် အစွန်းဆုံး က တုတ်ချောင်းလေး သုံးချောင်း (
MEMU) ကို နှိပ်ပါ။
ပြီးရင် New APN ကို နှိပ်ပါ။ Settting တွေ စတည်.ပါတော.မယ်။

Name  —————>  MPT
APN  —————-> mptnet

Username ———> mpt
password ———-> မဖြည့်ပါ။
MCC  —————> 414
MNC—————-> 01
Authentication type —-> CHAP    ကိုရွှေးပါ။
APN type  ———-> Internet ကိုရွေးပါ။
Menu ကို နှိပ်ပြီး Save ကို နှိပ်ပါ။ MPT  ကို ON ပေးပါ။
Data enabled 
  ကို on ပေးလိုက် ပါ။  E  ကို တွေ.ရပါလိမ့်မယ်။
အောင်မြင်ပါစေ ခင်ဗျာ။
 
Ref:http://www.myanmarmobileapp.com/

sony ericsson GSM ဖုန်း တွင် အင်တာနက်အသုံးပြုနိုင်ရန် setting ထည့်ခြင်း 
 
 
sony ericsson တွင် setting ထည့်နည်း ပြောပြချင်ပါတယ်...
ပထမဆုံး internet setting တွင် accect point name ကို mpt ဟုထည့်ပါ...
APN name ကို mptnet ဟုထည့်ပါ....
username နေရာတွင် mpt ဟုထည့်ပါ...
password မလိုပါ...proxy လည်းမလိုပါ...
ထို့နောက် ဖုန်းကို ပိတ်ပြီး ပြန်ဖွင့်ပါ..connection bar/ဖုန်း နက်ဝေါ့ တိုင်ဘေးနားတွင် E ဟု ပေါ်လာပါက အသုံးပြုနိုင်ပါပြီ...
Ref:http://moiblehouse.blogspot.com/

Huawai C5900 သုံးသူများ အတွက်

1.Handset ပေါ်တွင် အသုံးပြုခြင်း

၁။ ပထမဦးစွာ Menu ကိုသွားပါ

၂။ esurfing icon ကို ရွေးပါ

၃။ WAP ကိုရွေးပါ

၎။option ကိုရွေးပါ

၅။option menu မှ setting ကို ရွေးပါ

၆။Proxy ကို ရွေးပါ

၇။Use Proxy ကိုရွေးပြီး off လုပ်ပါ။ ပြန်ထွက်ပါ။

၈။Proxy server ကို ရွေးပါ။

၉။custom1 ကိုရွေးပါ။

၁၀။ Address တွင် 192.168.50.16 ကို ရိုက်ထည့်ပါ။

၁၁။Port တွင် 8080 ကို ရိုက်ထည့်ပါ။

၁၂။ User name တွင် xxxxxx@c800.mm ကို ရိုက်ထည့်ပါ။ ( xxxxx သည် သင်ကြိုက်နှစ်သက်ရာဖြစ်သည်။ )

၁၃။ password တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။

၁၄။ PPP Number တွင် #777 ကို ရိုက်ထည့်ပါ။

၁၅။ Use HTTP/1.1 ကို ရွေးချယ် check လုပ်ပေးပြီး Ok လုပ်ပါက သင်၏ Handset သည် အင်တာနက် အသုံးပြုနိုင်သည့် handset တစ်လုံးဖြစ်သွားပါပြီ။
 

Sunday, July 15, 2012

ဘို့ရှိတိုင်း ဥသဘ မထင်နဲ့


လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ရွာနိဂုံးတခုဝယ် သူဋ္ဌေးကြီးတဦးဖြစ်ခဲ့၏။ ဘုရားလောင်းသူဋ္ဌေးကြီးတွင် အချိန်တန် အရွယ်ရောက် လူလားမြောက်သည့် သားတယောက်ရှိရာ တနေ့သောအခါ သားအတွက် ဗာရာဏသီမြို့ရှိ သူဋ္ဌေးတဦး၏သမီးကို စေ့စပ်ကြောင်းလမ်း တောင်းရမ်းပြောဆိုကာ မင်္ဂလာနေ့ရက် သတ်မှတ်ခဲ့လေ၏။

ဗာရာဏသီ သူဋ္ဌေးကြီးသည် အိမ်တွင် မွေးမြူထားသော နွားလားဥသဘအား ကောင်းစွာပြုစု မြတ်နှိုးမှုဖြင့် ဂရုတစိုက် အရေးပေးလေ့ရှိ၏၊ ဤအခြင်းအရာကို သူဋ္ဌေးသမီးသည် နေ့တိုင်းနေ့စဉ် တွေ့မြင်နေရသဖြင့် နွားလားဥသဘအား လေးစားမှုရှိလေ၏။

တနေ့သော် သူဋ္ဌေးသမီးသည် လမ်းတွင် လူကုန်းတယောက်ကို မြင်လေရာ ဘို့ရှိသောနွားလားဥသဘကဲ့သို့ ဤသူလည်း ယောက်ျားဥသဘဖြစ်ပေမည်-ဟု မြှော်ရည်တွေးဆလျက် ဥစ္စာပစ္စည်းများကို ယူငင်ပြီး လူကုန်းနှင့် လိုက်ပြေးလေ၏။

ဘုရားလောင်း သူဋ္ဌေးကြီးလည်း မင်္ဂလာနေ့ ရက်ချိန်းစေ့သဖြင့် ဗာရာဏသီသူဋ္ဌေးသမီးကို ခေါ်ဆောင်ရန် အခြွေအရံတို့ဖြင့် လာရောက်စဉ် လမ်းတွင်ပင် သူဋ္ဌေးသမီးနှင့် လူကုန်းကို ပက်ပင်းတွေ့ဆုံလေသည်။

သူဋ္ဌေးသမီးနှင့် လူကုန်းမှာ တညလုံးခရီးနှင်ခဲ့သဖြင့် မအိပ်မစက်ရဘဲ ပင်ပန်းလှသောကြောင့် နံနက်မိုးသောက် အရုဏ်ရောက်ချိန်ဝယ် လူကုန်းတွင် ပြင်းထန်သော လေနာရောဂါ ထကြွလေသည်၊ သူဋ္ဌေးသမီးလည်း စောင်းကောက်သဏ္ဍာန် ကုန်းကွေးကွေး အိပ်နေသော လူကုန်း၏ခြေရင်းတွင် ထိုင်၍နေလေသည်။

ဘုရားလောင်းလည်း သူဋ္ဌေးသမီးကိုမြင်လျှင် ချစ်သမီး၊ သင်သည် မမေးမမြန်း မစုံစမ်းဘဲ အရမ်းမဲ့ပြုဘိသည်၊ ဤသူကား ပညာမရှိ၊ ရှေးကံဝဋ်ကပ်ငြိ၍ ခါးကုန်းနေသည့်သူမျှသာဖြစ်၏၊ အကြီးအကဲမဟုတ်သဖြင့် ဤလူကုန်းနှင့် မသင့်မမြတ် မပေါင်းအပ်ချေတကား-ဟု ဆို၏။

ထိုအခါ သူဋ္ဌေးသမီးက အရှင် အကျွန်ုပ်သည် နွားမင်းဥသဘ၏ကျောက်ကုန်း ထက်၌ လဘို့ရှိသည်ကို တွေ့မြင်၏၊ ဤသူ၏ ကျောက်ကုန်းသည်လည်း ကောက်ခုံးမောက်မို့နေ၍ လဘို့အသွင်ရှိသဖြင့် ယောက်ျား ဥသဘထင်ကာ ခင်မင်တပ်စွန်းမိခြင်း ဖြစ်ပါသည်-ဟု ဖြေကြားလေသည်။

ဘုရားလောင်းလည်း သူဋ္ဌေးသမီးသည် ငယ်ရွယ်သူဖြစ်၍ မသိမလိမ္မာ နားမလည်ရှာသောကြောင့် ဖြစ်ရလေသည်-ဟု တွေးတောဆင်ခြင်လျက် သန့်စင်စွာ ရေချိုး၍ ၀တ်စားဆင်ယင်စေပြီးလျှင် ရထားနှင့်တင်ကာ ခေါ်ဆောင်၍ သွားလေသည်။

ဤ၀တ္ထုဖြင့် ဘို့ရှိတိုင်း ဥသဘ မထင်နဲ့-ဟူသော စကားပုံ ဆိုရိုးတခု ဖြစ်ပေါ်လာလေသည်။

( နီတိ )
ဤပုံပြင်ဖြင့်၊ အသွင်အသွေး၊ အရေးအရာ၊ လက္ခဏာစု၊ တူပုံကိုရှုလျက်၊ အမှုကိစ္စ၊ သဘာဝလည်း၊ မုချဧကန်၊ အမှန်မခြား၊ ဖြစ်တကားဟု၊ ထင်စားယုံမှတ်၊ မပြုအပ်လေသတည်း။

ကံကုသိုလ်ဆိုင်သော်လည်း-မပိုင်စားရ။ ကံမွဲပစ္စည်း-ကံကြီးရောက်။


ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ကာသိကတိုင်း ပုဏ္ဏားမျိုး၌ဖြစ်၍ မိဘများကွယ်လွန်သော် ရသေ့ရဟန်းပြုကာ ဟိမ၀န္တာတော၌ နေလေသည်။
တနေ့တွင် ဘုရားလောင်းရသေ့သည် ဗာရာဏသီမြို့တွင်းသို့ ၀င်၍ ဆွမ်းခံသောအခါ ဆင်ကဲတဦးသည် ဘုရားလောင်း၏ တည်ငြိမ်သော ဣနြေ္ဒကို ကြည်ညိုလှသဖြင့် နိစ္စမပြတ် ဆွမ်းဝတ်ပြုလေသည်။

တနေ့သောအခါ၌ ဗာရာဏသီပြည်သား ထင်းခွေယောက်ျားတဦးသည် တောတွင်းသို့ ထင်းခွေသွား၍ ပြန်လာစဉ် အချိန်နှောင်းသဖြင့် မြို့တံခါးပိတ်ထားသည်ကို တွေ့ရ၏။ သို့ဖြစ်၍ ထင်းခွေယောက်ျားသည် မြို့တံခါးအနီး သစ်ပင်ကြီးတပင်အောက်ရှိ နတ်ကွန်းတွင် ခိုဝင်အိပ်စက်ရလေ၏။

သစ်ပင်ကြီးပေါ်တွင် မြို့မှဘေးမဲ့ လွှတ်ထားသော ကြက်အများ အိပ်တန်းတက်နေကြ၏။
လူသံ တိတ်ဆိတ်လှသော ညသန်းကောင်ယံတွင် သစ်ပင်ကြီး၏ တဖက် အထက်ကိုင်းတခုမှ ကြက်သည် အောက်ကိုင်းတွင်အိပ်သော ကြက်ပေါ်သို့ မစင်စွန့်ချမိလေသည်။

ထိုအခါ အောက်ကိုင်းရှိ ကြက်က-ကျွန်ုပ်၏ကိုယ်ပေါ်သို့ အဘယ်သူ မစင်စွန့်ချလေသနည်း၊ ကျွန်ုပ်ကို သာမန်ကြက် ထင်မှတ်သလား-ဟု ကြုံးဝါး၏။ ဤတွင် အထက်က ကြက်ဖက-သင်သည် အဘယ်သို့သော ကြက်မျိုးနည်း၊ သင်၏ ဂုဏ်စွမ်းကား အဘယ်နည်း-ဟု မေး၏။

ထိုအခါ အောက်ကိုင်းရှိကြက်ဖက-ကျွန်ုပ်ကား ထူးခြားသော ဂုဏ်စွမ်းရှိသည့် ကြက်တည်း။ ကျွန်ုပ်၏အသားကို စားရသူသည် အသပြာတထောင် ရနိုင်၏-ဟု ဆို၏။

ထိုစကားကိုကြားလျှင် အထက်ကိုင်းရှိကြက်က-အဆွေကြက် ဤမျှသော ဂုဏ်စွမ်းမျှဖြင့် မာန်မာနမထားသင့်၊ ငါကား သင့်ထက်ပိုမို၍ ထက်မြက်သော ဂုဏ်တန်ခိုးရှိ၏၊ ငါ၏ အသည်းအမြစ်ကို စားရသူသည် မင်းအဖြစ်ကိုပင် ရနိုင်၏။
အသားကို စားရသူကား ယောက်ျားဆိုလျှင် စစ်သူကြီးဖြစ်နိုင်၍ မိန်းမဆိုလျှင် မိဖုရားဖြစ်နိုင်၏။
အရိုးသားကို ကိုက်စားရသူသည် ရဟန်းဖြစ်ပါမူ မင်းဆရာ ဖြစ်၍
လူယောက်ျားဖြစ်သော်ကား ဘဏ္ဍာစိုးရာထူးကို ရနိုင်စွမ်းရှိ၏-ဟု ၀င့်ကြွားလေသည်။

ယင်းသို့ ကြက်ဖ ၂-ကောင် အချီအချပြောဆိုကြသည်ကို သစ်ပင်ရင်းမှ ထင်းခွေယောက်ျား ကြားသိလေလျှင် အကျိုး အကြောင်း ဆင်ခြင်လျက် သစ်ပင်သို့တက်ကာ အထက်ကိုင်းရှိ ကြက်ဖအား ဖမ်းယူပြီး အိမ်သို့ ဆောင်ကြဉ်းသွားလေသည်။

အိမ်သို့ရောက်သော် မယားဖြစ်သူအား အကြောင်းစုံပြောကြားလျက် ကြက်သားကို ကောင်းမွန်သန့်ပြန့်စွာ ချက်ပြုစေ၏။ ထိုနောက် ထမင်းဟင်းလျာများ ချက်ပြုတ်ပြီးစီးသောအခါတွင် သူဆင်းရဲယောက်ျားသည် ခံစားအံ့သော မင်းစည်းစိမ်ကို မြှော်တွေးအားရ ရွှင်မြူးလှလျက် မယားဖြစ်သူအား -ရှင်မ ဤဟင်းလျာသည် မင်းစည်းစိမ်ကို ပေးစွမ်းနိုင်သော အစာကောင်းအစာမွန်ဖြစ်သဖြင့် သန့်ရှင်းစင်ကြယ်စွာ သုံးဆောင်အပ်၏။ သို့ဖြစ်၍ မြစ်ဆိပ်သို့သွားကာ ကောင်းစွာရေချိုးပြီးမှ သုံးဆောင်ကြအံ့၊ ဤဟင်းလျာအိုးကို မြစ်ဆိပ်သို့ ယူခဲ့လေ-ဟု ဆိုပြီး မြစ်ဆိပ်သို့ ထွက်ခွါလာခဲ့ကြလေသည်။

မြစ်ဆိပ်သို့ရောက်လေသော် သူဆင်းရဲလင်မယားသည် မြစ်ကမ်းပါးစပ်တွင် ဟင်းအိုးကိုချထားလျက် မြစ်ဆိပ်သို့ဆင်းကာ ရေချိုး ခေါင်းလျှော် တူပျော်ပျော်နွှဲကြလေသည်။
ထိုအတွင်း လေပြင်းတခု ရုတ်တရက် ကျရောက်လာရာ ရေလှိုင်းကြီးများ ရွှေ့လျားတိုက်ခတ်သဖြင့် ကမ်းစပ်ရှိ ဟင်းလျာအိုးမှာ မြစ်ထဲသို့ မျောပါသွားလေတော့သည်။

ထိုအချိန်တွင် မြစ်အောက် ရေချိုးဆိပ်တခုဝယ် ဆင်ကဲသည် ဆင်များကို ရေချနေခိုက်ဖြစ်၍ အနီးသို့ မျောကပ်လာသော အဆိုပါ ဟင်းလျာအိုးကို တွေ့မြင်ဆယ်ယူလိုက်ပြီး ဖွင့်ကြည့်ရာတွင် သင်းပျံ့သော ဟင်းရနံ့ကြောင့် သုံးဆောင်ရန် အိမ်သို့ယူဆောင်သွားလေသည်။

ထိုနေ့နံနက်ပိုင်းတွင် ခါတိုင်းကဲ့သို့ ဘုရားလောင်းရသေ့သည် မိမိ၏တကာဖြစ်သော ဆင်ကဲ၏ ရှေ့ရေးအတွက် နက္ခတ်များကိုကြည့်ရှု ဆင်ခြင်သည်ရှိသော် ဆင်ကဲသည် ၃-ရက်လွန်မြောက်လျှင် မင်းအဖြစ်ကို ရမည့်အကြောင်း ကောင်းစွာမြင်သဖြင့် ဆင်ကဲအိမ်ဝသို့ ဆွမ်းခံကြွရောက်ရပ်နားလေသည်။

ဆင်ကဲလည်း ကောင်းမွန်သင်းပျံ့သော ဟင်းလျာအိုးကို ရခိုက်ဖြစ်၍ ဘုရားလောင်းရသေ့အား အဆိုပါဟင်းလျာကို ကပ်လှူလေသည်။ ဘုရားလောင်းရသေ့သည် အရိုးသားကိုသာ သုံးဆောင်ပြီး အသည်းနှင့်အမြစ်ကိုမူ ဆင်ကဲအားပေးစွန့်လျက် အသားကို ဆင်ကဲကတော်အား စားသုံးစေကာ ယနေ့မှ ၃-ရက် လွန်မြောက်သည့်အခါ တကာဆင်ကဲသည် မင်းဖြစ်မည့်အကြောင်းနှင့် မမေ့မလျော့ နေထိုင်ရန် ဆိုဆုံးမပြီး ပြန်ကြွသွားလေသည်။

ထိုနောက် ၃-ရက်မျှကြာလျှင် ပြည်နီးချင်းတခုမှ မင်းတပါးသည် ဗာရာဏသီပြည်အား ထိုက်ခိုက်သိမ်းယူရန် စစ်ချီလာလေသည်။ ထိုအခါ ဗာရာဏသီမင်းသည် ပရိယာယ်ဉာဏ်ဖြင့် ဆင်ကဲအား မင်းဝတ်တန်ဆာ ၀တ်ဆင်စေလျက် -စစ်ဦးမှ ခုခိုက်တိုက်ခိုက်လော့-ဟု မိန့်ကြားပြီး မိမိကား မထင်မရှား သာမန်အရပ်သား အသွင်ကိုယူကာ စစ်ကိုစီရင်ခန့်ခွဲလေ၏။

သို့ရာတွင် မကြာမီ ရန်သူ၏တပ်မှ ပစ်လွှတ်လိုက်သော မြှားတစင်းသည် ဗာရာဏသီမင်းအား ထိမှန်စူးဝင်သဖြင့် နေရာတွင်ပင် ၀ိညာဉ်ကြွေပြုန်း သေဆုံးနတ်ရွာစံလေသည်။
မင်းကြီး နတ်ရွာစံကြောင်းကို ကြားသိလျှင် ဆင်ကဲသည် ဥစ္စာကိုခုံမင်တပ်မက်သူတို့အား ဥစ္စာများစွာပေးကမ်း ချီးမြှင့်လျက် အသေခံတပ်သားအဖြစ် စစ်ဦးမှနေစေပြီး ရွတ်ရွတ်ချွံချွံ ခုခံတိုက်ခိုက်လေရာ ရန်သူတပ်ကြီး ပြိုကွဲ၍ ဖရိုဖရဲ ပြေးကြလေသည်။

ထိုနောက် အမတ်တို့သည် မင်း၏အလောင်းကို ကောင်းစွာဖုတ်ကြည်းသင်္ဂြိုဟ်ပြီးသော်-ငါတို့၏မင်းသည် အသက်ရှိစဉ်ကပင် မိမိအသွင်းကို ဆင်ကဲအားပေး၏၊ ဆင်ကဲကလည်း စစ်ကိုအနိုင်တိုက်ခိုက်ကာ ငါတို့နိုင်ငံအား ရန်သူဘေးမှ ကာကွယ်ခဲ့၏။ ထိုဆင်ကဲအားသာလျှင် မင်းမြှောက်ကြကုန်အံ့-ဟု တိုင်ပင်ဆွေးနွေး စည်းဝေးကြပြီးလျှင် ဆင်ကဲအား မင်းအဖြစ် အဘိသိက်သွန်းကြလေသည်။ ဤသို့ဖြင့် ဆင်ကဲကတော်သည် မိဖုရားဖြစ်လာ၍ ဘုရားလောင်းရသေ့ကား မင်းဆရာ ဖြာလာလေသတည်း။

ဤပုံပြင်ဖြင့် ပညာရှိတို့သည်-ကံကုသိုလ်ဆိုက်သော်လည်း မပိုင်စားရ-ဟူ၍တနည်း။
ကံမွဲပစ္စည်း-ကံကြီးရောက်-ဟူ၍တဖုံ ဆိုရိုးပြုကြကုန်၏။

( နီတိ )
ဤဇာတ်ဝတ္ထု၊ ဖြစ်ပုံရှု၍၊ ဤလူ့လောက၊ ဖြစ်ရပေသား၊ များထွေသတ္တာ၊ ဝေနေယျာကို၊
ကံသာလျှင်စိုး၊ ကံသာမိုး၏၊ အကျိုးအပြစ်၊ ကံကြောင့်ဖြစ်၏၊
ယုတ်ညစ်မပြု၊ သူတော်မှုကို၊ ဂရုထင်ထင်၊ ကျင့်ခဲ့လျှင်မူ၊ ခုတွင်ဘ၀၊ စံစားရလိမ့်၊
ရှေးကကုသိုလ်၊ သူ့ထက်ပိုလျှင်၊ အလိုအလျောက်၊ သူ့ထံမှောက်မှ၊ ကူးရောက်မျောလာ၊ ကြက်ဟင်းလျာသို့၊ မှန်စွာမယွင်း၊ ကောင်းကျိုးခင်းသည်၊ ဖြစ်ခြင်းလောက-စဉ်လာတည်း။

ညီမလေးအတွက်အပြင်းပြေ

မောင်လဲ မင်းလိုပါပဲကွာ

တစ်ခါက ဆယ်တန်းစာမေးပွဲ ဖြေတဲ့ အချိန်ပေါ့ အခန်းတစ်ခန်းမှာ ကောင်လေးက နောက်ကခုံမှာ အရှေ့မှာက စာသိပ်ကြိုးစားတဲ့ ကောင်မလေးတစ်ယောက် ထိုင်တယ် ခုံတစ်တန်းထဲ ကျကြတာ ရှေ့နောက် ကိုယ့်စာကိုယ်ဖြေရင်း အချိန်စေ့ဖို့ ၄၅ မိနစ်လောက်အလို ခုနကပြောတဲ့ နောက်ကကောင်လေးက စာရွက်ကြီးကိုင်ပြီး စာပြန်စစ်နေတဲ့ပုံစံနဲ့ မိန့်မိန့်ကြီး
ကောင်မလေးက အဲဒီမှာ မေးခွန်းနံပါတ် (၅)ကိုမဖြေတတ်လို့ အခက်တွေ့နေတယ် ကောင်မလေးက ဂုဏ်ထူးတွေဘာတွေ မှန်းထားတာ ဒီတစ်ပုဒ်ပဲ ကျန်တာ ဖြေဖို့ အစ မေ့နေတယ် နာရီကြည့်တော့ မိနစ် ၄၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကြံရာမရတော့ အနီးဆုံးဖြစ်တဲ့ နောက်ကကောင်လေးကို လှည့်ပြီး တိုးတိုးလေးမေးတယ်
““ ဟေ့.....နံပါတ်(၅) ပြောပြကြည့်““
အဲဒီမှာကောင်လေးက နောက်ကနေ တိုးတိုးလေးပြန်ပြောတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး စိတ်အရမ်းဆိုးသွားတယ်””
အဒါနဲ့သူ့ရှေ့က ကောင်မလေးကိုမေးတော့ မရဘူးပြောတယ် ဆရာမတွေကလဲ မျက်စိတောက်ထောက်ကြည့်နေတာ
နာရီကြည့်တော့ မိနစ် ၃၀ လောက်ပဲကျန်တော့တယ် အဲဒါနဲ့ ကောင်မလေးက စိတ်ကိုလျှော့ပြီး အသံလေးချိုချိုသာသာနဲ့ နောက်ပြန်လှည့်ပြီး
““ ဟေ့ ...ပြောပြလေဟာ နင်ကလဲ နော် ””
ကောင်လေးကလည်းပြန်ပြောရှာပါတယ်
““ မောင်လို့ခေါ်ရင်ပြောမယ် ””
ကောင်မလေး တောက်တစ်ချက် တိုးတိုးလေးခေါက်လိုက်တယ် မပြောချင်နေကွာ ဆိုပြီးတင်းခံပြီးစဉ်းစားနေတယ် မရဘူး
နာရီကိုတစ်ခေါက်ထပ်ကြည့်တော့ ၂၅ မိနစ် ပဲကျန်တော့တယ် အဲဒါနဲ့ကောင်မလေးက စဉ်းစားတယ် သူ့ကိုမောင်လို့တစ်ခါခေါ်လိုက်ရင် ကိုယ်ကဘာဖြစ်သွားမှာကျလို့ နောက်တွေ့မှာမှ မဟုတ်တာ ခေါ်လိုက်ရင် ငါ စာတစ်ပုဒ်ရမှာ တန်ပါတယ် ဆိုပြီး နောက်လှည့် ပြီး
““ မောင်.............””လို့ခေါ်လိုက်တယ် ကောင်လေးကပြုံးပြီး တိုးတိုးလေး ပြန်ပြောတယ်
““ သိပ်မကြားရဘူး ”” ကောင်မလေး နှုတ်ခမ်းတစ်ချက်ဆူသွားတယ် စိတ်ထဲမှာလဲ ကျိန်ဆဲနေပြီ ဒါပေမယ့်စာရဖို့က အရေးကြီးနေတော့
အသံကိုမနဲချိုပြီး ““ မောင်.....ပြောပြပါနော် ......မောင်နော် ””
အဲဒီမှာကောင်လေးက အနောက်ကနေ ကပ်ပြီးပြန်ပြောလိုက်တာက
““ ဟဲဟဲ .....မောင်လည်းမင်းလိုပါပဲကွာ အဲတစ်ပုဒ်ကိုမရဘူး ””

e-mail-မှ
ပေးပို့သူကို အရမ်းကျေးဇူးတင်ပါတယ်
 ( ဆရာကြီး၏ နောက်ဆုံးဆေးလုံး )

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။
ရွာသားများသည် ကြံရာမရသည်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီး နှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေသည်။
( ဆရာကြီး ) ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း
( စုန်းမ )- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း
( ဆရာကြီး )- သိကြသေးတာပေါ့ ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “
တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့် အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီးပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံး တစ်လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့်ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ် နင့်ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေလေပြီ။
ဆရာကြီးက မကြောက်ရန်ပြောပြီး“ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့ မန်းမှုတ်ပြီး လျှင် စုန်းမကြီး ထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာဖြစ်သွားလေတော့သည်။
ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။

“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။


( သရဲ ထင်လို့ပါ )
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက်သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီးကြီး ကိုယ်လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟု အော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့် ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ
လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“
အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး
ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက်လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့
သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။


( သူရဲကောင်းရွေးခြယ်ပွဲ )

တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်ပြီး သူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကို မိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။
“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်၏သူရဲကောင်းရွှေးခြယ်ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကို တိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ်ကြီးမှ ဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။
ပြိုင်ပွဲ စပါပြီခင်ဗျား။ “

ပရိတ်သတ်များသည် ကမ်းလုံးပြည့်မျှ စည်ကားလှ၏။ အမတ်ကြီးက ထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှ ရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာတော့ ဘုရင်ကြီးဒေါသထွက်လာသည်။
ငါကိုယ်တော်ရဲ့တိုင်းပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူးလားဟု မူးမတ်များကို မေးသည်။ တစ်ခဏနေသော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ ခုန်ချ သွားသည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။
ထိုသူသည် မိချောင်းများကို ရှောင်တိမ်းရင်း ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီးလည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်ရင်ဖိုစွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီသို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီး ရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။
ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေးကြလေသည်။ ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကို
ဘာများပြောချင်ပါသေးသလဲခင်ဗျား“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှ ပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။


( သေချာပြောပါ )

မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး အနီးတွင် တောင်းကြီးပိုက်ပြီး ထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော် မောင်းသူက သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ
အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေး ပူလိုက်တာ“

ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“


( ဖိုးသူတော် နှင့် ဂဏန်းများ )

တစ်ခါကကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဖိုးသူတော်တပါးရှိလေသည်။ တစ်နေ့သော် ရွာရှိဒကာတစ်ဦးက ဂဏန်းများလာပေးရာ အရှင်တွေဖြစ်နေသည်။ ဆရာတော်သိလျှင် ထိုဂဏန်းအားလုံးကို လွတ်ပစ်ရမည်ဖြစ်သည်။ ဖိုးသူတော်က ဂဏန်းလည်း စားချင်သည် ဆရာတော်ဆူမှာကိုလည်း ကြောက်သဖြင့် ဂဏန်းများကို မချက်ရဲပဲ အကြံအိုက်နေသည်။
နောက်ဆုံးတွင် အကြံတစ်ခုရသည်။ သူသည် မီးဖိုကြီးဖိုပြီး အပေါ်တွင် ရေနွေးဒန်အိုးတယ်ပြီး။ ပြီးလျှင် ဒန်အိုးပေါ်တွင် ၀ါးခြမ်းသေးသေးလေးတင်ပြီး ဂဏန်းများကို ဖြတ်လျှောက်စေပြီး

“ကဲဂဏန်းတွေရေ မင်းတို့နဲ့ငါနဲ့ကစားကြမယ် မင်းတို့ ဒီဝါးခြမ်းကို ဖြတ်လျှောက်နိုင်ရင် လွပ်လပ်ရာသွားပေတော့“
ဟုဆိုကာ တစ်ကောင်ပြီးတစ်ကောင် ၀ါးခြမ်းပေါ်သို့ တင်ပြီး ဖြတ်လျှောက်စေသည်။
ထိုအခါ ၀ါးခြမ်းက သေးသည်ကတစ်ကြောင်း ရေးနွေးငွေ့အပူကြောင့် လည်းကောင်း တစ်ကောင်ပြီးတစ်ကောင် ရေနွေးအိုးထဲကျကုန်၏။ နောက်ဆုံးတွင် အကြီးဆုံးဂဏန်းကြီး အလှည့်တွင်မူကား ထိုဂဏန်းကြီးသည် အားကောင်းမောင်းသန်ဖြစ်သဖြင့် ၀ါးခြမ်းကို ကုတ်ကတ်ပြီး ဖြတ်ကျော်သွားနိုင် လေသည်။ ထိုအခါဖိုးသူတော် က အားမလိုအားမရဖြစ်ပြီး
“မင်းက အကောင်ကြီးတယ် နှစ်ခေါက်ဖြတ်“
ဟုဆိုကာ ဂဏန်းကြီးကို ၀ါးခြမ်းပေါ်သို့ပြန်တင်လိုက်လေသတည်း။

အမောပြေ ရယ်ဖို့

( ၁ ) “နွေ” ကာလရောက်လာချိန်တွင် “တနင်္ဂနွေ” သားသမီးများသည် မီးနားနေရသလို
ပူစပ်ပူလောင်ဖြစ်လတ္တံ့။ တနင်္ဂနွေနံနိုင်ငံဖြစ်သော အမေရိကန်တွင် တနင်္ဂနွေသား
အိုဘားမားသမ္မတဖြစ်လာသော်လည်း အကျယ်ချုပ်ကျခံနေရသော တနင်္ဂနွေနံ နာမည်ရှိ
အမျိုးသမီးသည် အိမ်ထဲတွင်ပင် ဆက်နေရဦးအံ့။ နံတူအကျိုးပေးလုပ်ငန်းများကို
ထင်ရှားစွာတွေ့မြင်နေရသဖြင့် အိမ်သာကျင်းတူးခြင်း၊ အုတ်ဂူဆောက်ခြင်းတို့ကို
အင်တာပရိုက်စ်တည်ထောင်လုပ်ကိုင်သင့်သည်။ ကျန်းမာရေးတွင် အော်ဟစ်ညည်းညူရမည့်
ရောဂါကြီးများကို အောင်မြင်စွာလက်ခံနိုင်သည့် အခြေအနေများရှိနေသည်။
အချစ်ရေးတွင် အထာကျသည့် ချစ်သူလေးများရခါနီးကာမှ အူကြောင်ကြားများနှင့်
အကြောင်းပါသွားသဖြင့် အုတ်အော်သောင်းနင်း ဖြစ်တတ်သည်။ ယတြာချေလိုသူများအနေဖြင့်
အသုဘတစ်ခုသို့သွားပြီး အလောင်းနှင့်အတူ ၂ ရက်ခန့် ယှဉ်အိပ်နေပါ။


( ၂ ) “ကျားဆိုမှကျား” တနင်္လာသားသမီးများသည် ယခုလအတွင်း ကြောင်တောင်တောင်နိုင်ခြင်း၊
ကျပ်မပြည့်ခြင်းတို့ကြောင့် ကျက်သရေမရှိဖြစ်တတ်သည်။ ခြေထောက်၊ ခါး၊ ခေါင်းစသည့်
တနင်္လာနံအင်္ဂါအစိတ်အပိုင်းများ ခွဲစိတ်ခံရကိန်းရှိသည်။ ကိုယ်ပိုင်အရည်အချင်းဖြင့်
ဘာအလုပ်မှ မရနိုင်သဖြင့် ဘာမှ မလုပ်ပါနှင့်။ ချစ်သူနှင့် ချိန်းတွေ့စဉ်
ချောင်းရိုက်ခံရတတ်သဖြင့် သတိပြုပါ။ ချက်တင်း (Chatting) ဝင်သူများ
ချူစားခံရလတ္တံ့။ ပညာရေးတွင် ကျောင်းထုတ်ခံရခြင်း၊ စာမေးပွဲကို
ခွေးကျကျခြင်းများဖြစ်တတ်သဖြင့် ဖြစ်နိုင်လျှင် ကျောင်းမသွားပါနှင့်။
ဂေါ်လီရိုက်ခြင်း၊ ဂက်စ်မီးခြစ်ဂက်စ်ထည့်ခြင်း၊ ကူလီထမ်းခြင်းများကို ယခုလအတွင်း
တနင်္လာသားသမီးများအတွက် ဝင်ငွေကောင်းသော လုပ်ငန်းများအဖြစ် မြင်နေရသည်။
အဆိုးများပျောက်ကင်းစေမည့် ယတြာမှာ (အင်လျားကန်ကဲ့သို့သော) ကန်ဘောင်တစ်ခုသို့
အဝတ်အစားလုံးဝမဝတ်ဘဲ သွားကာ “ကံတွေ ဟောဒီလို လွတ်လွတ်ကျွတ်ကျွတ် တက်လာပြီ” ဟု
သက်စေ့ကြွေးကြော်ပါ။

( ၃ ) ယခုလအတွက် အကောင်းဆုံး ဇာတာရှင်များမှာ အင်္ဂါသားသမီးများပင်ဖြစ်သည်။ မကြာခဏ
အလှူအဖိတ်ခံရခြင်း၊ လိုင်းကားပေါ်တွင် ထိုင်စရာရတတ်ခြင်းတို့ကြောင့်
အနေအစားချောင်နေနိုင်သည်။ စုတ်ပြတ်နေသည့်တိုင်အောင် “ဆရာကြီး” ဟု
အထင်ခံရနိုင်သည်။ ဆွဲကြိုးချသတ်သေသည့်တိုင် ဇက်မကျိုးဘဲ လှလှပပ
အသက်ထွက်သွားမည့် အင်္ဂါသားသမီးများဖြစ်သည်။ စစ်သားများ ဆီးသွားရာတွင်
ဇယားကပ်နိုင်သည်။ စီးပွားရေး ကောင်းနေစဉ် ညရေးညတာ သွားလာရေးအဆင်ပြေစေရန်
ဆင်တစ်ကောင် ဝယ်ထားသင့်သည်။ ကျန်းမာရေးတွင်မူ
ဆိုးဆိုးရွားရွားကြီးမဟုတ်သော်လည်း ဆေးများ ဆက်တိုက်ဆိုသလို သောက်နေရတတ်သည်။
နှလုံးသားရေးရာတွင် စိတ်ဖောက်ပြန်နေသူများ၊ ဇိမ်မယ်များ၊ ဇီဇာကြောင်သူများ၊
ညစောင့်များနှင့် စွဲစွဲမြဲမြဲချစ်သွားဖွယ်ရှိနေသည်။ ယတြာအနေဖြင့်
ဇော်ဂျီအဝတ်အစားများဝတ်ပြီး ဈေးဝယ်ထွက်ပါ။


( ၄ ) ကံဇာတာမှေးမှိန်နေခြင်း မဟုတ်သည့်တိုင် တောက်ပနေခြင်းမျိုးလည်း
မဟုတ်သဖြင့် ဗုဒ္ဓဟူးသားသမီးများ အလယ်တွင် လတ်နေတတ်သည်။ ယမကာကြိုက်တတ်သူများ
ရန်များအံ့။ လေထိုးကျွတ်ဖာလုပ်ငန်း လုပ်ကိုင်နေသူများ လျှမ်းလျှမ်းတောက်
အောင်မြင်အံ့။ လောင်းကစားကြောင့် ယောက္ခမနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ဝ သောသူများ
ဝိတ်မချနိုင်ပါက ဝက်နှင့်တူလတ္တံ့။ ပညာရေးတွင် ယောင်ချာချာဖြစ်နေသူများ
လျက်ဆားပြောင်းရောင်းသင့်သည်။ ရုပ်ဆိုးသော၊ ယုတ်မာသော၊ လော်မာသော
အိမ်ထောင်ဘက်သည် သင့်အားအကျိုးပေးလတ္တံ့။ အကန်းလည်း ပေးလတ္တံ့။ ယတြာချေလိုပါက
တစ်ခုသော ဗုဒ္ဓဟူးနေ့တွင် ရထားလာနေချိန်၌ ရထားလမ်းပေါ် ခဏလေးလှဲအိပ်ပါ။


( ၅ ) မူယာမာယာများတတ်သော ကြာသပတေး သားသမီးများအတွက် ပြတ်ပြတ်သားသား
ကြိုးစားရမည့်အချိန်ပင်ဖြစ်သည်။ ပြဿဒါးကိန်းထဲရောက်သဖြင့်
ပြောင်ချော်ချော်လုပ်ခဲ့သမျှ ပြဿနာတတ်နိုင်သည်။ စီးပွားရေးတွင်
ပူဖောင်းရောင်းခြင်း၊ ဖိနပ်စောင့်ခြင်း၊ ဖဲရိုက်ခြင်းများ အမြတ်များအံ့။
ကျန်းမာရေးတွင် ပန်းနာရင်ကြပ်မှသည် ပန်းညှိုးပန်းသေ၊ မျက်စိကွယ်၊
ဖုတ်လှိုက်ဖုတ်လှိုက်နှင့် အသက်သေသည်အထိဖြစ်တတ်သဖြင့် ဘုရားတရားလုပ်ချိန်တန်ပြီဟု
ဆိုချင်သည်။ ပညာရေးတွင် ပထမရရန်ကြိုးစားခဲ့သော်လည်း အခြေအနေမပေးသဖြင့်
ပန်းရံဆရာဖြစ်သွားအံ့။ နှလုံးသားရေးတွင် ချစ်ရေးဆိုလာသူကို ပဲများပြီး
ပါးရိုက်မိပါက မိုက်မဲခြင်းသာဖြစ်ပြီး မည်သူ့ကိုမဆို
မြန်မြန်လက်ခံလိုက်သင့်သည်။ ကံကောင်းစေမည့် ယတြာမှာ ပိတ်စတစ်ခုတွင်
“ဘိန်းဖြူရောင်းသည်” ဟုရေးပြီး မ.ယ.က ရုံးသို့ ပျော်ပွဲစားထွက်ပါ။


( ၆ )သောကြာသားသမီးများ ကြွက်ကလေးများလို တွင်းအောင်းနေရအံ့။
အပြင်ထွက်လာသူများသည်လည်း ကြွက်ကလေးများလို ထောင်ချောက်မိကာ ထောင်ကျအံ့။
အလုပ်အကိုင် အကြံအစည်များကို သိုသိုသိပ်သိပ် ကြံစည်သည့်တိုင်အောင်
သောကများနေနိုင်သည်။ ကျန်းမာရေးတွင် သေလောက်သည့် ကံများမရှိသော်လည်း
သစ်ပင်ပိခြင်း၊ ဟီးနိုးကားအတိုက်ခံရခြင်းတို့ကြောင့်
ဆေးရုံဆေးခန်းရောက်ရန်ရှိသည်။ “သိပ်ချစ်မိနေပြီ ကလေးရယ်” ဟု ပြောလာသူရှိပါက
“ရူးချင်ယောင် ဆောင်မနေနဲ့” “ရှေ့မှာ သေခြင်းရဲ့ တံခါးများ” ဟု ပြန်ပြောရန်
ဝန်မလေးပါနှင့်။ ကံတက်စေမည့် ယတြာမှာ - တစ်ခုသော သောကြာနေ့တွင် သိက္ခာရှိ
သူတော်ကောင်းတစ်ဦးကို သဲနှင့်ပက်ပြီး “သိပ်တတ်နေတယ်ပေါ့လေ” ဟု သက်စေ့ရေရွတ်ပါ။


( ၇ ) *တင့်တောင့်တင့်တယ်နေချင်သော စနေသားသမီးများ “ဒုက္ခ” ဆိုသော စကားလုံးနှင့်
ရင်းနှီးပြီး တဲထိုးနေရကိန်းများရှိနေသဖြင့် သတိရှိစေချင်သည်။
နိုင်ငံရေးသမားများ ထောင်ကမလွတ်လာသေးသည့်တိုင်အောင် တရားရုံးထပ်တက်ရဖွယ်ရှိသည်။
နိဗ္ဗာန်ယာဉ်လုပ်ငန်းများ နေပြည်တော်တွင် အောင်မြင်အံ့။ ပညာရေးလိုက်စားသူများ
နိုင်ငံခြားမထွက်နိုင်ပါက ပြည်တွင်းတွင်ပဲ နေရလတ္တံ့။ နေမကောင်းသူများ
နှုတ်ဆက်ချိန်ပင်မရလိုက်ဘဲ အသက်ပါသွားအံ့။ တရားဝင်လက်ထပ်ထားသည့်သူ
ရှိနေသည့်တိုင်အောင် တောင့်တောင့်ဖြောင့်ဖြောင့် အငယ်အနှောင်း
ထပ်ရရန်ရှိနေသဖြင့် အိမ်ထောင်ဘက်ကို အလစ်မပေးသင့်ပေ။ အဆိုးများ
ပြေပျောက်သွားမည့် ယတြာမှာ နှာစေးနေသူတစ်ဦးထံမှ နှပ်ချေးနည်းနည်းတောင်းစားပါ။

e-mail မှ


*သွားမှဖြစ်မယ်*
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန်တွေက
ဖုန်းလှမ်းဆက်သည်။ "ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ
တစ်အိမ်လိုနေလို့" ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ
ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော
ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။ "ဟိုမှာ တော်တော်လေး
အရေးကြီးနေလို့လား မောင်" ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။ "အရေးကြီးတာပေါ့။
ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"

*ကြောက်သွားပြီ*
သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြသည်။ တစ်ယောက်ကပြောသည်။
"တော်ပြီကွာ။ ငါခုတလော လျှော့သောက်နေတယ်" အံ့သြသွားသော အခြားသူငယ်ချင်းက
အကြောင်းရင်းကိုမေးရာ ပထမတစ်ယောက်က ပြန်ဖြေသည်။ "တလောကကွာ။ ငါအပြင်မှာ သောက်တာ
တော်တော်များသွားတယ်။ အဲဒါ အိမ်လဲပြန်ရောက်ရော တံခါးဖွင့်ပေးတဲ့ ငါ့မိန်းမက
နှစ်ယောက်ဖြစ်နေတယ်လို့ ငါ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်။ နောက်တစ်ခါ အဲဒီလောက်
ကြောက်စရာကောင်းတဲ့ ခံစားချက်မျိုး ထပ်မဖြစ်ချင်တော့ဘူးကွာ"

*နားမလည်ဘူး*
မိသားစု(၃)ယောက် ညစာတူတူ စားနေကြသည်။ သားငယ်က အဖေအား လှမ်းမေးသည်။ "ဖေဖေ
မေမေ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ ဟင်" ယောက်ျားလုပ်သူက မိန်းမအား လှည့်ပြောသည်
"တွေ့လား … ငါ့လုပ်ရပ်ကို ကလေးတောင် နားမလည်ဘူး"

*စောစောပြန်မယ် *
မိဘချင်း သဘောတူထားပြီး မကြာမီ လက်ထပ်တော့မည့် စုံတွဲတစ်တွဲ အပြင်ထွက်လည်ကြသည်။
နေ့လည်ပိုင်းတွင် စားသောက်ဆိုင်တစ်ဆိုင်၌ ၀င်ထိုင်ကြရင်း အမျိုးသားကမေးသည်။
"ခင်ဗျား အရင်က ထားခဲ့ဖူးတဲ့ ရည်းစာတွေအကြောင်း ပြောပြပါလား" အမျိုးသမီးက
ပြန်ဖြေသည်။ "ဒီနေ့တော့ မပြောပြနိုင်ဘူး။ မေမေတို့ကို ဒီနေ့ မိုးမချုပ်ခင်
ပြန်လာမယ်လို့ ကတိပေးထားတယ်ရှင့်"

*မှတ်ကရော *
အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။
ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။ "မောင် … ခင့်ကို
ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ်
ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့
စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …" စိတ်မရှည်တော့သော
ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။ "မင်း ခုလို
ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"

*နေလိုလူ*
အိမ်ထောင်သက် (၁)လလောက်ရှိပြီဖြစ်သော သူမတို့ သူငယ်ချင်းကို မိန်းကလေးများ
ဝိုင်းမေးကြသည်။ "ဟဲ့ နင့်ယောက်ျားအကြောင်း ပြောပြစမ်းပါ" မိန်းကလေးကဖြေသည်။
"ငါ့ယောက်ျားက နေလို ယောက်ျားဟ" သူငယ်ချင်းများက ၀ိုင်းပြောသည်။ "တယ်လဲ
ကောင်းတဲ့ ဥပမာပါလား။ နင့်ယောက်ျားက နေမင်းကြီးလို ကြီးကျယ် မြင့်မြတ်တယ်လို့
ပြောချင်တာပေါ့" မိန်းကလေးက ရှင်းပြသည်။ "ဟုတ်ပါဘူးဟာ။ နေဆိုတာ
မနက်ဖက်ပဲရှိပြီး ညဘက်ဆိုရင် ပျောက်သွားတယ်မဟုတ်လား"

*ဧည့်သည် *
လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ
မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။ အပြင်တွင်
ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့
အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။ "ကျုပ်က လူသတ်သမားပဲ။
မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်" ယောက်ျားဖြစ်သူက ထိုလူအား
ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။ "မိန်းမရေ၊ ဟောဒီမှာ
မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"

*ဖိုးကံကောင်း *
လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။ သူငယ်ချင်းဖြစ်သူက ၄င်း ကံကောင်းကြောင်း
ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။ "ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ
ဘာပြောသေးလဲ" ထီပေါက်သူက ဖြေသည်။ "ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ
ခုထိ စကားမပြောနိုင်သေးဘူး" သူငယ်ချင်းက ပြောသည်။ "ကြည့်စမ်း၊ ကြည့်စမ်း …
ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"

*ကံကောင်းတဲ့ မောင် *
လူတစ်ဦး ကားတိုက်ခံရပြီး ဆေးရုံသို့ ရောက်လာသည်။ သတင်းကြားသဖြင့် ဆေးရုံသို့
လိုက်လာသော ၄င်း၏ဇနီးက ၀မ်းသာအားရပြောသည်။ "မောင်ရယ်၊ ကံကောင်းလိုက်တာနော်။
မနေ့ကပဲ မောင် မတော်တဆမှုအတွက် အာမခံ လုပ်ထားလိုက်တယ်။ ဟော … ဒီနေ့ပဲ
ကားတိုက်ခံရပြီ"

*ပျော်ရှာမယ် *
လက်ထပ်ပြီး သုံးလခန့်အကြာတွင်ဖြစ်သည်။ အလုပ်မှပြန်လာသော ယောက်ျားအား
မိန်းမလုပ်သူက အိမ်ပေါက်ဝတွင် ထွက်ကြိုပြီး ပြောသည်။ "မောင် လောလောဆယ်
နှစ်ယောက်ပဲ နေတဲ့ကျွန်မတို့ အိမ်လေးမှာ မကြာခင် သုံးယောက် ဖြစ်လာတော့မယ်"
ယောက်ျားဖြစ်သူ၏ မျက်နှာမှာ နူးညံ့ဝင်းထိန်သွားသည်။ ဇနီးသည်အား တယုတယ
ပွေ့ဖက်လိုက်ရင်း ကောင်းတာပေါ့ကွာလို့ တိုးတိုးလေး ပြောသည်။ ဇနီးသည်က
ဝမ်းသာအားရ ပြောသည်။ "မောင်ခုလို သဘောထားမျိုးရှိမှန်း သိလို့ရှိရင်
နောက်အပါတ်ထဲဆို ကျွန်မတို့အိမ်မှာ လာနေမယ့် မေမေတော့ အရမ်းပျော်ရှာမှာပဲ "

*အလေလိုက်တဲ့လူ *
သင်္ဘောတစ်စင်း မုန်တိုင်းမိပြီး နစ်မြုပ်သွားသည်။ လူတစ်ဦးမှာ
ပျဉ်ချပ်တစ်ချပ်တွင် တွယ်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကျော်ကြာအောင်
မျောနေလေတော့သည်။ သို့သော်လည်း ကံကောင်းထောက်မပြီး ရေစီးကြောင်းက သူ့အား
ကျွန်းတစ်ကျွန်းသို့ သယ်ဆောင်သွားသည်။ ထိုလူ ကမ်းပေါ်သို့ ဒယိမ်းဒယိုင်
တက်လာချိန်တွင် သင်္ဘောနစ်စဉ်က ၄င်းနှင့် လူချင်းကွဲသွားသည့် ဇနီးဖြစ်သူကို
တွေ့လိုက်ရသည်။ ခါးထောက်ပြီး ရပ်စောင့်နေသော ဇနီးဖြစ်သူက ၄င်းဘာမှမပြောနိုင်ခင်
လှမ်းအော်သည်။ "(၂၄)နာရီလုံးလုံး ပျောက်နေရအောင် …. တော် ဘယ်နားသွားပြီး
အလေလိုက်နေသလဲ ပြောစမ်း"

*မေးသင့်တယ်*
မင်္ဂလာပွဲသို့ မိခင်နှင့်အတူ ရောက်ရှိလာသော ကလေးငယ်က ၄င်း၏မိခင်အား မေးသည်။
"မေမေ … သတို့သမီးက ဘာလို့အဖြူရောင် ၀တ်တာလဲဟင်" မိခင်ဖြစ်သူက
စိတ်ရှည်ရှည်နှင့် ရှင်းပြသည်။ "သြော် … သားရယ်၊ သတို့သမီး အဖြူရောင်ဝတ်တာ
ဝမ်းသာပျော်ရွှင်တဲ့ အထိမ်းအမှတ်အနေနဲ့ ၀တ်ထားတာလေ။ ဒီနေ့က သတို့သမီးရဲ့ဘ၀မှာ
အပျော်ဆုံးနေ့ဖြစ်တဲ့အကြောင်း အဖြူရောင်က ကိုယ်စားပြုတာကွဲ့" ချာတိတ်လေး
ခဏငြိမ်သွားသည်။ ပြီးတော့ သူ့အမေကို တိုးတိုးလေးမေးသည်။ "မေမေ … သတို့သားကရော
ဘာလို့ အနက်ရောင်ဝတ်ထားတာလဲ ဟင်"

*ဘယ်လိုဖြေရမလဲ*
မိဘနှစ်ပါး မင်္ဂလာဆောင်တုန်းက ရေခဲမုန့် အပြန်အလှန် ခွံ့နေကြသော
ဓာတ်ပုံတွေကိုကြည့်ပြီး (၅)နှစ်အရွယ် သားငယ်က မကျေမနပ် မေးသည်။ "အဲဒီတုန်းက
သားကို ဘာလို့ ရေခဲမုန့် ခေါ်မကျွေးတာလဲ" -

E-mail မှ

Thursday, August 20, 2009

ထင်ရတာပေါ့

ချိန်းမိသည့် ၀န်တာ

ဒေါက်တာ-ကျုပ်နာမည် ဂျော့ပါ၊ ကျုပ် ဒေါက်တာနဲ့တွေ့ဖို့ လွန်ခဲ့တဲ့ ၅-လလုံးလုံး ကြိုးစားခဲ့တယ်လေ။ အခုတွေ့ဖို့ အချိန်းအချက် လုပ်နိုင်ပါသလား။

ဒေါက်တာက-မတ်မတ်ထိုင်လိုက်သည်။

ဒီမယ်-မစ္စတာဂျော့ အရင်က ကျွန်တော်ပြောခဲ့ပြီးပြီပဲဗျာ၊ ကျွန်တော့် သူနာပြု ဆရာမလေး၊ ဒါမှမဟုတ် အတွင်းရေးမှူးမလေးနဲ့ အရင်ချိန်းလိုက်ပါလို့။

မစ္စတာဂျော့-လေးလေးပင်ပင်ကြီး ထိုင်ချလိုက်၏။

ချိန်းပါတယ် ဒေါက်တာ ချိန်းပါတယ်၊ နှစ်ယောက်စလုံးနဲ့ တလလုံးချိန်းပါတယ်၊ သိပ်ပျော်စရာကောင်းတာပဲ ဒေါက်တာရယ်၊ အခုတော့ ဒေါက်တာနဲ့တွေ့ဖို့ တကယ်လိုအပ်နေပြီလေ။


အပြင်းပြေပေါ့ညီမလေးရယ်

မှားချက်က နာ

ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို မုံရွာက ဧည့်သည်တွေက သားလည်ပတ်တယ်။ ရွာခံက ဧည့်သည်တွေကို လိုလေသေးမရှိအောင် ဧည့်ခံပါတယ်။ ထမင်းစားချိန်ရောက်တော့ အိမ်ရှင်က “သူငယ်ချင်း ထမင်းစားချင်ရင် စားနှင့် ငါ ကြက်ရှာသွားလိုက်ဦးမယ်”လို့ ပြောပြီး ထွက်သွားတယ်။ 
ဧည့်သည်ကလည်း ထမင်းစားချင်ပေမယ့် ကြက်ရှာသွားတဲ့ အိမ်ရှင်ကိုင် စောင့်နေတာပေါ့။ ဟင်းမရှိလို့ ကြက်ရှာသွားတယ် ထင်ပြီး စောင့်နေတယ်။ အတော်ကြီး ကြာသွားတော့ မစောင့်နိုင်တော့ဘဲ စားနှင့်တယ်။ ညနေ မစောင်း-တစောင်းကြမှ အိမ်ရှင် ပြန်ရောက်လာတယ်။ ဧည့်သည်က မင်းကွာ ဒုက္ခရှာလို့ ငါက ရှိတဲ့ဟင်းနဲ့ စားနိုင်ပါတယ်ကွ။ ဒါနဲ့ မင်းကြက်ရှာသွားတာ ဘယ်မလဲ ကြက်က” လို့ မေးတယ်။ ဒီတော့ အိမ်ရှင်က အူကြောင်ကြောင်နဲ့ ပြန်ပြောတယ်။


”ဟ...ငါသွားတဲ့ ကြက်ရှာက ဒီရွာရဲ့ ဟိုဘက်က ကြက်ရှာရွာကွ” တဲ့။
 
 

အေးတင်လာမှ ဆက်မယ်

တရုတ်ကြီးတယောက် ဗမာစစ်စစ်နဲ့ရပြီး ညောင်ဖြူပင်ရွာမှာ အခြေစိုက် နေရတယ်လေ။ တခါတော့ မိန်းမလုပ်သူက ထမင်း၊ ဟင်း ချက်ပြီး တရုတ်ကြီးကို ဆွမ်းတော်ကပ်လိုက်၊ ကျွန်မက ရွာထဲခဏ သွားလိုက်ဦးမယ် ဆိုပြီး ထွက်သွားတယ်။ 
တရုတ်ကြီးကတော့ ခက်ပြီ၊ အခါတိုင်း မိန်းမက ဆွမ်းတော်ကပ်တာ ပါးစပ်ကနေ ပွစိပွစိနဲ့ အကြာကြီးရွတ်ပြီး ကပ်တာ၊ သူက မရဘူး။ 
ဒီတော့ အရှုံးမပေးပါဘူး၊ ဆွမ်းတော်ကို အကျအန ခူးပြီး ဘုရားစင်ရှေ့ထိုင်တယ်၊ ပြီးတော့ ရွတ်ပါတယ်။
“ ဝ-ကတော့ ထွေလီကာလီ မတတ်ပါဘူး၊ ကျန်တာကို အေးတင်လာမှ ပြောပါမယ်ဘုရား”တဲ့၊ အေးတင်က သူ့မိန်းမလေ။
 
 
ဆရာ့ကို အားနာလို့---
(မောင်ထွေး) ကျွန်တော့်ကို စာတွေ ခဏခဏ မမေးပါနဲ့ ဆရာ။
(ဆရာ) ဟေ-ဘာဖြစ်လို့လဲကွ။
(မောင်ထွေး) အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းလို့ ဆရာပဲ ပြောထားတော့ ဆရာ့ကို ကျွန်တော် အားနာလို့ပါ။
 
 

ပြည်တွင်းဖြစ် ဟာသများ

ဟန်ဆောင်လူနာ---
ဒေါက်တာ ပြီးခဲ့တဲ့အပတ်က ဖျားချင်ယောင်ဆောင်ပြီး ဆေးရုံလာတက်တဲ့လူုနာကို မှတ်မိလား...
အင်း...မှတ်မိပြီ၊ ဘာလဲ သူ အမြင်မှန်ရသွားပြီလား...

ဆုံးပြီ။
 

ကလေးအသစ်---
ဖခင်ဖြစ်သူက ညစ်ပေနေသော သားသမီးများကိုကြည့်၍
အင်း...ဒီကလေးတွေကို ရေချိုးပေးလိုက်ရင် ကောင်းမလား၊ ကလေးအသစ်ထပ်ရအောင် လုပ်ရင် ကောင်းမလား။
***************************************************************************************

ပုံစံတူ---
ဟိုရှာ ဒီရှာ ရှာနေသူတယောက်အား ကျန်တယောက်က..
ဘာရှာနေတာလဲဗျ...
တထောင်တန် တရွက် ပျောက်နေလို့ဗျ၊
ဟေ့လူ...ဒါ ကျုပ် တထောင်တန်နော်...
ဟုတ်လား...ကျုပ်တထောင်တန်နဲ့ တပုံစံတည်းပဲနော်။
****************************************************************************************

မိန်းမ ညီမျှခြင်း စောင်---
မိန်းမဆိုတာ ဘာနဲ့တူသလဲဗျ အနီးစပ်ဆုံး...

စောင်နဲ့ တူတာပေါ့၊
ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် အေးလာပြန်ရော။
****************************************************************************************

သာတဲ့အချက်---
မိန်းမဆိုတာ ဓားပြထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ အဟုတ်လားဗျ၊
သိပ်မှန်တာပေါ့ဗျာ၊ ဓားပြကမှ ငွေပေးမလား၊ ဘ၀ပေးမလားလို့ ကြိုက်ရာတခုခု ရွေးခိုင်းသေးတယ်။
မိန်းမက နှစ်ခုစလုံး ယူတာဗျ။
****************************************************************************************

ကံကောင်းသူ---
အချစ်ရေးမှာ ကံကောင်းတဲ့သူ ဆိုတာ ဘယ်လိုလူမျိုးတွေလဲဗျ။

လူပျိုကြီး အပျိုကြီးတွေလေ။

သစ္စာအနက် ၁၆-ချက်


ဒုက္ခသစ္စာ---
ပီဠနဋ္ဌ-ညှဉ်းဆဲအပ်သော အနက်သဘော၊
သင်္ခတဋ္ဌ-ပြုပြင်အပ်သော အနက်သဘော၊
သန္တာပဋ္ဌ-ပူလောင်စေတတ်သော အနက်သဘော၊
ဝိပရိဏာမဋ္ဌ-ဖောက်ပြန်ပြောင်းလဲ မတည်မြဲသော အနက်သဘော။

သမုဒယသစ္စာ--- 
အာယူဟနဋ္ဌ-ဆင်းရဲပွားအောင် အားထုတ်ခြင်း အနက်သဘော၊
နိဒါနဋ္ဌ-ဆင်းရဲဖြစ်ခြင်း၏ အကြောင်းရင်း အနက်သဘော၊
သံယောဂဋ္ဌ-သံသရာဆင်းရဲနှင့် ယှဉ်တွဲစေသော အနက်သဘော၊
ဗလိဗောဓဋ္ဌ-နှောင့်ယှက်ပိတ်ပင်တတ်သော အနက်သဘော။

နိရောဓသစ္စာ---
နိဿရဏဋ္ဌ-ဆင်းရဲဒုက္ခမှ လွတ်ကင်းသော အနက်သဘော၊
ဝိဝေကဋ္ဌ-သင်္ခါရဒုက္ခ လုံးဝကင်းရှင်း ဆိတ်ငြိမ်ခြင်းအနက်သဘော၊
အသင်္ခတဋ္ဌ-အကြောင်းတစ်စုံတခုက မပြုရသော အနက်သဘော၊
အမတဋ္ဌ-မတည်မပျက်ဘဲ အမြဲတည်နေသော အနက်သဘော။


မဂ္ဂသစ္စာ---
နိယျာနဋ္ဌ-ဝဋ်ဆင်းရဲမှ ထွက်သွားတတ်, ထုတ်ဆောင်တတ်သော အနက်သဘော၊
ဟေတုဋ္ဌ-အကြောင်းရင်းဖြစ်သော အနက်သဘော၊
ဒဿနဋ္ဌ-နိဗ္ဗာန်အလင်းကို ဖောက်ထွင်းမြင်ကာ လေးသစ္စာကို ပိုင်နိုင်စွာ သိမြင်ခြင်း အနက်သဘော၊
အာဓိပတေယျဋ္ဌ-အကြီးအမှူးဖြစ်ခြင်း အနက်သဘော။