Monday, August 6, 2012

Screen မှာ ဓါတ်ပုံ စလိုက်ရှိုး လုပ်ကြည့်ရအောင်


  
ကျနော်တို့ ကွန်ပျူတာရဲ့ screen မှာ ဓါတ်ပုံ စလိုက်ရှိုးလေးတွေ တပုံပြီးတပုံ ပြေးနေအောင် လုပ်ကြည့်ရအောင်.. Windows7 ရဲ့ original ပုံတွေအပြင် နောက်ထပ် ပုံလှလှလေးတွေကို အင်တာနက်ကနေ ဒေါင်းလို့ရပါသေးတယ်.. Personalization ဘောက်စ်ထဲမှာရှိတဲ့ Get more themes online နေရာကို တချက်ကလစ်လိုက်တာနဲ့ အင်တာနက်ပေါ်က windows7 ရဲ့ Themes တွေရှိတဲ့နေရာကို ရောက်သွားပါလိမ့်မယ်..။
အဲဒီမှာ ကိုယ့်စိတ်ကြိုက်ရွေးပြီး Download နေရာကိုနှိပ်လိုက်တာနဲ့ အဲဒီပုံတွေဟာ ကိုယ့်စက်ထဲကို ရောက်လာပါပြီ...။ နောက်တခုက မိမိတို့ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို screen မှာ စလိုက်ရှိုး ပြေးခိုင်းလို့ရပါသေးတယ်..။ ကျနော်ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ လိုက်လုပ်ကြည့်လိုက်ပါဗျာ..


 
                           
                                ဒီအောက်မှာတော့ မိမိတို့ စိတ်ကြိုက်ပုံတွေ ထည့်တာပါ..


 
 ချွင်းချက်အနေနဲ့ Windows7 starter လို version နှိမ့်တဲ့ Windows တွေမှာ စလိုက်ရှိုးမရပါဘူး..။ Windos7 Ultimate, professional, home premerium တို့လို version မြင့်တဲ့ Windows တွေမှာပဲ ရပါတယ်..။

Sunday, August 5, 2012

Format Factory v2.90



 Format Factory ဆိုတာ mp3, mp4 စတဲ့ format မျိုးစုံကို Convert လုပ်ပေးနိုင်တဲ့ Software လေးဖြစ်ပါတယ်။
သူ့ကိုသုံးရတာ တော်တော်လေးကို အဆင်ပြေတာတွေ့ရတယ်။ သယ်ရင်းတို့လည်းလိုချင်တယ်ဆိုရင် ယူလိုက်ကြနော်။ ဗားရှင်း အမြင့်လေးကို တင်ထားပေးပါတယ်။ အဆင်ပြေကြပါစေ။
Size:57.2MB

DVD Shrink 3.2.0.15



ကျွန်တော်အခုပြောမယ့် ဒီကောင်လေးကတော့ DVD burn ပြီးရင် နောက်သူများတွေ ကော်ပီကူးလို့မရအောင်ပြုလုပ်ပေးတဲ့ ဆော့ဝဲလ်လေးပဲဖြစ်ပါတယ်။ လိုချင်တယ်ဆိုရင် အောက်ပါ link ကနေဒေါင်းယူနိုင်ပါတယ်။
DVDShrink is software to backup DVD discs. You can use this software in conjunction with DVD burning software of your choice, to make a backup copy of any DVD video disc.

DVDShrink will also burn your backup DVD, if you have installed the latest version of Nero. If you already possess alternative burning software and prefer to stick with it, then you can still use DVD Shrink. The output from DVDShrink can be saved as files on your hard drive, which you can then burn with software of your choice.

Partition: (C) ကို Hiden လုပ်ရအောင်


Window တစ်ခုမှာ hard disk (C) ဟာ အလွန်အရေးကြီးလှပါတယ်.. Windows ၊ program ဖိုင်တွေအပြင် system ၊ system32 တို့လဲပါဝင်နေပါတယ်။ System32 ထဲကဖိုင်တစ်ခုခု ချို့ယွင်းသွားတဲ့ကွန်ပျူတာဟာ ဘာမှသုံးစားလို့ရတော့မှာ မဟုတ်ပါဘူး။ ဒီလိုအရေးကြီးတဲ့ C : hard disk ကိုဖျောက်ထားမယ် ဆိုရင်
ကျွန်တော်တို့အတွက် ပိုမကောင်းဘူးလား။ အရင်ဆုံး Run box မှာ gpedit.msc လို့ရိုက်ထည့်ပြီး enter ခေါက်ပါ။  Group Policy ဆိုတဲ့ box ကျလာပါမယ် User Configuration\ Windows Components မှ  Window Explore ကိုရွေးပြီး double click လုပ်ပါ။ ညာဘက်က box ထဲမှာ “ Hide these specified drives in my computer “ ဆိုတဲ့ စာကြောင်းကို ရှာလိုက်ပါ။ တွေ့ပြီဆိုရင်တော့ စာကြောင်းပေါ်မှာ right click ထောက်ပြီး properties ကိုရွေးပါ properties box မှ dorp down menu မှာ Restrict C drive only  ဆိုတဲ့စာကြောင်းကို ရွေး Enable ကို check လုပ်ပြီး Apply, Ok ပေါ့ဗျာ။


အခုဆိုရင် C: hard disk ကို My computer မှာတွေ့ရတော့မှာ မဟုတ်တော့ပါဘူး။
(အခုလို C:drive ကိုဖျောက်လိုက်တာဟာ partition လဲပြုလုပ်လို့မရနိုင်တော့ပါဘူး)။ ပြန်ပေါ်စေချင်ရင် အပေါ်ကအတိုင်းသွားပြီး Enable နေရာမှာ Disable ကိုရွေးထား
လိုက်ပါ။ အားလုံးပဲ အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ။

Object Dock Freeware


Windows Desktop ကိုအလှဆင်မယ့်သူတွေအတွက်ဖြစ်ပါတယ်။ ဒီဟာနဲ့ဆိုရင် ခင်ဗျားရဲ့   ရိုးရှင်းတဲ့ 
Desktop ကိုအသွင်တစ်မျိုးနဲ့ ဆန်းသစ်စေမှာ အသေချာပဲပေါ့။ စိတ်ဝင်စားတယ်ဆိုရင် စမ်းသုံးကြည့်နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။ minus link ကနေ တင်ပေးထားပါတယ်။ ဖိုင်ဆိုဒ်ကတော့ 12 MB လောက်ရှိမယ်။ လိုချင်တယ်ဆိုရင် အောက်ကနေယူသွားလိုက်ပါ။
 

ကောင်းလေးတွေသိသင့်တဲ့ အချက် (ဂေါ်ဆယ်)



ဒီပို့စ်ကတော့ ကောင်မလေးတွေက ကောင်လေးတွေကိုသိစေချင်တဲ့ အချက်တွေပဲဖြစ်ပါတယ်။
မူရင်းရေးသားသူကတော့ ဆိုင် လို့သိရပါတယ်။ ကျွန်တော်လည်း ဟိုဖတ်ဒီဖတ်နဲ့တွေ့ရာစာလေးကို ကောင်းမယ်ထင်ပြီးတင်ပေးလိုက်တာပါ။
ကောင်မလေးတွေကလည်း ဒီပို့စ်ကအတိုင်း ချစ်သူကောင်လေးတွေကို သိစေချင်ကြမှာပါ။ ကောင်းလေးတွေလည်း သေချာမှတ်ထားနော်။ မှတ်ဖို့စာအုပ်နဲ့ဘောပန် မပါရင် အခုပဲသွားဝယ်လိုက်ကြ။ :P



၁။ ငါငိုရင် နင်မှားတယ်မမှားတယ်ဆိုတာကို ထားလိုက် ယောင်္ကျားလေးပီပီ အရင်လာချော့ပါ။
၂။ စက္ကန့်တိုင်း မင်းကို သတိရနေမှာမဟုတ်ပါဘူး။ မင်းနဲ့အတူတူလောက်ပါပဲ။
၃။ ကောင်လေးချောတာလေးတွေတွေ့ရင် ငါတို့လဲ ကြည့်ချင်တာပေါ့။
၎။ ငါမင်းကို ရစ်နေတယ် ရှုပ်နေတယ် ဆိုတာကလဲ မင်းကို ဂရုပိုစိုက်စေချင်လို့ပါ။
၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူ ဖြစ်ရမယ် ဆိုတဲ့ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
၆။ တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ၀တ်လာမှပေါ့။
၇။ ငါကလဲ အချောဆုံး အလှဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ကောင်းတယ်။နူးညံ့သိမ်မွေ့တယ်လို့ ပြောတာတော့ ကြားချင်တာပေါ့။
၈။ ငါဆံပင်ကေပြောင်းတာ၊ မျက်လုံးအရောင်ခြယ်တာ၊ ဆံပင်အရောင်ပြောင်းတာ၊ ဖိနပ်အသစ်ဝတ်တာတွေ ကို မင်း သတိထားမိစေချင်ပါတယ်။
၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိရမယ်။
၁၀။ ငါရဲ့ကိစ္စတွေအားလုံးကို မင်းကို ဝေမျှချင်တယ်။ ငါဘာကို လိမ်းထားတာ အလှပြင်တဲ့အကြောင်းပြောရင် နားမလည်နေရင်တောင် နားထောင်စေချင်ပါတယ်။
၁၁။ တခါတလေ အိပ်ခါနီး ဖုန်းလေး တချက်လောက်ဆက်ပါလား။ ဖုန်းပြောပြီးမှ မင်းအိပ်သွားတာကလဲ ငါတို့ ကြည်နူးစရာပါ။
၁၂။ မင်းချောဖို့မလိုပါဘူး။ သန့်နေရင် သပ်သပ်ရပ်ရပ် နဲ့ ကိုယ့်စတိုင်လ်နဲ့ကိုယ် နေပါ။
၁၃။ ငါလဲ ဒေါသထွက်တက်တာပေါ့။ အဲလိုဆိုရင် တလမှာ ၃ရက်လောက်တော့ ခွင့်လွတ်ပါ။
၁၄။ ငါက မင်းလျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းပြင်တတ်တယ် ကျွမ်းကျင်တယ်လို့ယူဆထားမယ်။ ဒါကလဲ မသိရင်တောင် သွားပြင်ဖို့ နေရာလေးတော့ လိုက်ပို့ပြီး
အဆင်ပြေအောင် လုပ်ပေးပါဆိုတဲ့ သဘောပါ။ တနည်းပြောရရင် အားကိုးတာပေါ့။
၁၅။ တချို့တွေကို ငါလဲလုပ်တတ်ပါတယ်။ ဒါပေမဲ့ မင်းလုပ်ပေးတာကို လိုချင်လို့ပါ။
၁၆။ မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့ အရိပ်လိုသိနေချင်ပါတယ်။ တဆင့်စကားကနေကြားရင် မိန်းကလေးဆိုတဲ့အတိုင်းအားငယ်တယ်
စိတ်ဆိုးတတ်တယ် ပြီးရင် ၀မ်းနည်းနေမယ်။
၁၇။ ငါဖုန်းကို ဒီတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ။
၁၈။ မင်းဗိုက်ခေါက်ရှိတာကို ငါမပြောပါဘူး ဒါပေမဲ့ အရမ်းတော့ မ၀စေနဲ့။ ငါ့ထက်လဲ မပိန်စေနဲ့။
၁၉။ ကြွက်သားတွေနဲ့ ဗလတွေနဲ့ က ခုခေတ်မိန်းကလေးတွေရဲ့အကြိုက်မဟုတ်ပါဘူး။ ရွံစရာကောင်းပါတယ်။
၂၀။ မင်းမှာ ဆိုးတဲ့အပေါင်းအဖော်တွေရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို မင်းဆိုးမှာစိုးလို့ပါ။
၂၁။ ငါ့သူငယ်ချင်းတွေကို လဲ မင်းလက်ခံနိုင်အောင်ကြိုးစားပါ။
၂၂။ ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်တော့ တခွန်းလောက်ပြောမှပေါ့။
၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို မင်းတခုလောက်တော့ တတ်သင့်တယ်။ ဂိမ်းကစားတာမပါ။ တခုလောက်ကကျွမ်းကျင်နေပြီး ကျန်တာတွေကို
သိသင့်သလောက်သိရမယ်။
၂၄။ ငါ့အလုပ်ကို လေးစားရမယ်။
၂၅။ gentle man ဆိုတာအထက်စည်းကနေရမယ်လို့ မဆိုလိုဘူး။
၂၆။ နူးညံ့သိမ်မွေ့တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။
၂၇။ ငါထမင်းချက်ပြီးရင် ပန်းကန်ဆေးဖို့ပြင်ထားပါ။ ငါတံမြက်စည်းလှည်းပြီးရင် ကြမ်းတိုက်ဖို့ပြင်ထားပါ။
၂၈။ မင်းအလုပ်ကြိုးစားတာကို ငါသဘောကျတယ်။ ဒါပေမဲ့လဲ ငါ့ကိုတော့ အဖော်ပြုအုံး။
၂၉။ ငါက ဘယ်ကို သွားမလဲလို့မေးရင် ကြိုက်တဲ့နေရာသွားလို့မပြောပါနဲ့။ အဲဒါက အလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့တာ စိတ်မပါသလို ငါခံစားရလို့ပါ။
၃၀။ ငါကသာ ပိန်အောင်အစားလျော့မယ်လို့ပြောရင် ငါလုံးဝမ၀ဘူး အစားမလျော့နဲ့ မင်းလေးကိုချစ်နေမှာပါပဲ ဆိုတဲ့ စကားကို ကြားချင်လို့ပါ။
၃၁။ မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။ ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က အရှက်သိက္ခာနဲ့
လူလုပ်နေတာပါ။
၃၂။ ငါမှာ ယောင်္ကျားလေးသူငယ်ချင်းတော့ ရှိသင့်တာပေါ့။ မိန်းကလေးတွေက အချစ်နဲ့ ခင်မင်မှုကို စည်းနဲ့မဟုတ်ပါဘူး။ တံတိုင်းနဲ့ကို ခြားထားတာပါ။
၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲ ဖြစ်စေချင်တယ်။
၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းအားလုံးကို သိချင်တယ်။ အသေးစိတ်ကို သိချင်တာ။
၃၅။ ငါလဲ ရည်းစားဟောင်း အချစ်ဦး ကြိုက်ခဲ့တဲ့ မင်းသား ကိုတော့ တခါတလေသတိရမိတာပေါ့။ ကလေးတုန်းကမို့ သတိရပြီး သဘောကျမိတာပါ။ ခု၊ နောင်
ချစ်သွားမှာက မင်းကိုလေ။
၃၆။ ငါတို့တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့ မင်းဆီကလိုချင်တာပါပဲ။
၃၇။ ငါကို ချစ်တယ်လို့ ပြောပါ။ မပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ပါ။
၃၈။ လူတွေရဲ့အရှေ့မှာ မင်းငါ့ကို မအော်ပါနဲ့။ ငါလဲမင်းကို လေးစားမှာပါ။ မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။
၃၉။ ငါလုပ်မှားသွားလို့ မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေထားပါ။ အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့တော့ ချော့ပါ။
၄၀။ ငါ့အတွက် မင်းနဲ့ပြည့်စုံနေပြီဆိုပေမဲ့ တခြားသူတွေကတော့ ငါ့ကို ပိုးပန်းနေကြမှာပဲ။
၄၁။ ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေတာက မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။
၄၂။ ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာ က ငါကသူတို့ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကို ရင်ခုန်အောင် ငါပဲလုပ်နိုင်တာပါ။
ငါကလွဲလို့ ဘယ်သူကိုမှ မချစ်ဘူးဆိုတာကို သိချင်နေလို့ပါ။
၄၃။ ငါစိတ်ဆိုးရင် ချက်ချင်းချော့ပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။ ငါအေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။
၄၄။ ငါကြိုက်တယ်လို့ပြောတဲ့ ပစ္စည်းတွေကို အားလုံးဝယ်ပေးစရာမလိုပါဘူး။ အမှတ်တရဖြစ်စေတဲ့နေ့တွေမှာ တခုနှစ်ခုလောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။ မင်းစိတ်ထဲမှာ
ငါ့အတွက်ရှိနေတာသိရင်လုံလောက်ပါတယ်။
၄၅။ ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့ မလုပ်ပါနဲ့။
၄၆။ သူငယ်ချင်းတွေနဲ့ သွားပါ။ လည်ပါ။ တခါတခါတော့ ငါလဲ လိုက်ချင်တာပေါ့။ မင်းရဲ့သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကို သိစေချင်တယ်လေ။
၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ပြောတဲ့အချိန်မှာ စာသားလေးကို သတိထားပြီး နားထောင်ပေးပါ သီချင်းစာသားထဲမှာ ငါပြောချင်တဲ့ စကားလေးရှိနေလို့ပါ။
၄၈။ shopping ထွက်တာမိန်းကလေးတွေရဲ့သဘာဝပါ။ ဒါကို အပစ်မပြောပါနဲ့။ တခါတလေမှာ ငါ့ကို ခေါ်ပြီး လိုက်ဝယ်ပေးပါလား။
၄၉။ မင်းရဲ့မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့မပြောနဲ့ ။ လုပ်တတ်တယ်လဲမပြောပါနဲ့။
၅၀။ ဖြစ်သလို ဘယ်တော့မှ လက်ဆောင်မပေးပါနဲ့

Hack ချင်သူများ သတိထားပါ။


 ကျွန်တော်လဲ ကိုယ့်ကိုကိုယ် သတိပေးတာဖြစ်သလို ၀ါသနာပါတဲ့မိတ်ဆွေများကိုလဲ သတိရလို့ပြောပြရအုန်းမယ် Yangon united FC (http://www.ygnutd.com/) ကိုဝင်လိုက်တာ hack ခံထားရတာတွေ့လိုက်ရတယ် ဒါပေမဲ့ သိပ်မကြာပါဘူး Yangon united (http://www.ygnutd.com/) က ပြန်ပြီး recovery လုပ်လိုက်ပါတယ်။ ဒါနဲhttp://www.blinkhackergroup.net/ဆီကိုခဏရောက်သွားတယ် ကြည့်လိုက်တာနဲ့ Download section မှာ download hacking tools ဆိုတာကို တွေ့လိုက်တယ် ဒါနဲ့ ချက်ချင်းဘဲ နှိပ်ပြီးhttp://bhg.nazuka.net/dl4hktools.html ကည့်လိုက်မိတယ် ဒါနဲ့ ကြိုက်စရာလေးတွေ တွေ့မိရော Download မယ်လုပ်တော့ မှ  Winspy Keylogger အကြောင်းကို သတိရမယ်တယ် ဒီ software ကဘယ်လိုအလုပ်လုပ်လဲဆိုတော့  install လုပ်ဖို့ exe file ကို ထုတ်ပေးပါတယ် ဒီ exe file ကို ကိုယ့် hack ချင်တဲ့ လူရဲ့ Computer ထဲမှာ install လုပ်ပေးရမှာ ဖြစ်ပါတယ် ဆိုတော့ ဒီအတိုင်း ကြီး 

လူတစ်ယောက် ကို exe file ပို့လိုက်ရင် ဘယ်လိုမှinstall လုပ်မှာမဟုတ်သလို၊ စိတ်ဝင်စားမှာ လဲမဟုတ်ဘူး။ ဒါပေမဲ့ အခုလို ကျွန်တော်တို့လို hacking ကို စိတ်ဝင်စားတဲ့ လူတွေကျတော့ install လုပ်တာလဲ လွယ်လွယ်လေး လုပ်တက်တယ် ပြီးတော့  hack ဖို့ကို တအားစိတ်ဝင်စားနေတော့ ဘာမှကို မစဉ်းစားတော့ဘဲ install လုပ်မိတက်တယ် ဒီလို လုပ်မိတယ်ဆိုရင်ဒီ winspy keylogger ရဲ့ exe file က ဒီ computer မှာ လုပ်သမျှကို screen shoot အကုန်လုံးကို ရိုက်ပြီး hacker ရဲ့ လက်ထဲကို ပြန်ပို့ပေးတာဖြစ်ပါတယ် ဒါကြောင့် hacking ကို စိတ်ဝင်စားပြီး ဆိုရင်တော့ ကိုယ့်ရဲ့ လုံခြုံရေးကို သတိထားဖို့လိုပါမယ်။
အထူးသဖြင့် hacking tools တွေက antivirus နဲ့ မထည့်ဘူးဆိုတော့ install လုပ်မယ်ဆိုရင်antivirus ကို ပိတ်ပစ်လိုက်တက်တာ များတယ် ဆိုတော့  တကယ် hacking tools မဟုတ်ဘဲနဲ့winspy keylogger ရဲ့ exe file ကြီးများသာ ဖြစ်နေရင်တော့ ရှိသမျှကုန်ပြီးပေါ့ဗျာ။
သတိထားကြပါ။ Hacking tools တိုင်းကို မယုံပါနဲ့။