Wednesday, July 8, 2015

Android ဖုန်း ပြုပြင်မည့် သူများအတွက် မသိမဖြစ်များ

Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့ Bootloader , Firmware,
ADB , Stock ROMs, Custom ROMs, OS Kernel, ClockworkMod, Flashing , Rooting , Baseband
စသဖြင့် စာလုံး အထူး အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့် အနှစ်သာရ
မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့ အဓီပါယ်နဲ့ အသုံးဝင်ပုံ
အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား ရပါမယ်၊ ဒီပို့စ်မှာ အထက်က
စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊ တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက်
Open Source ဖြစ်တဲ့ Android က မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System တစ်ခုဖြစ်သွားတဲ့ အထိ
ပြုပြင်ယူလို့ရပါတယ်၊

Bootloader ဆိုတာဘာလဲ
Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို စတင်အလုပ်လုပ်အောင် ခေါ်မယ်
ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal Memory ထဲမှာရှိတဲ့ Paratition တွေအားလုံး ရဲ့
ပထမဆုံး Partition မှာ တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point ပါပဲ၊
Bootloader ဘယ်လိုအလုပ်လုပ်တာလဲ
Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊ ပီးရင် Bootloader
လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot Strap Firmware ထဲမှာ MBR and GRUB/LILO
တို့ပါဝင်တယ်၊ Bootloader အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment
ကို 0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c ဖိုင် စ
အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board, keypad, console
တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux Kernel image ကို Memory ကနေ
ဝင်တင်မယ်၊
Botloader ရွေးချယ်မ်မှု
Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး စတင်တဲ့ အတွက်
မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့ အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့
အတွက် ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့ ကိုက်ညီတဲ့ Bootloader
version ကို Develop လုပ်ထားကြပါတယ်၊ Android ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း
Locked ချထားပါတယ်၊ ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို
သူတို့ထုတ်လုပ်တဲ့ဖုန်းကို သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom ROM Install
လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊

Kernel ဆိုတာဘာလဲ
Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ IOS,MacOS,Window,BlackBerry's
QNX တို့မှာလဲရှိပါတယ်၊ High Level Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊
ခု ပြောမှာက Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊ Android
သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux Operation System က သုံးတဲ့
Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android Kernel မှာ Android အတွက် သီးသန့် Build-in code
တွေပါနေပါတယ်၊ ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက် သုံးတဲ့ drivers တွေက
Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊
Kernel ရဲ့ အဓီက အလုပ်က Hardware ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့
ကုတ်တွေလဲ တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊
Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့ အခါကျရင် Hardware ကို
တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက
ဖုန်းက လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း
အမြင့် ချိန်တာတို့၊ Raido ကို ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့ စသဖြင့်
အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware ကိုတိုက်ရိုက် မခိုင်းပဲ Kernel
ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ Kernal က တဆင့် Hardware ကို
လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera)
ရိုက်တဲ့ခလုပ် မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊ ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က
Event တစ်ခုကိုနားထောင်လို့ရမယ် ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊
kernel ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware ကိုလှမ်းပို့မယ်၊ Camera
Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက Software က Input လုပ်လိုက်တာကို Kernel က
ယူပီး Output တစ်ခုအဖြစ် Hardware ကိုပြန်ပေးပါတယ်၊
အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို ခိုင်းစေရမှာဖြစ်ပါတယ်၊
Kernel က ကြားခံ ပေးထားတဲ့အတွက် Application Developers တွေအနေနဲ့ Android System API's
တွေကနေ တစ်ဆင့် Kernel ဆီကို Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက်
အလုပ်လုပ်ဖို့သာ Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop လုပ်တဲ့
Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop လုပ်ပေးစရာလို့ပါတယ်၊

CWM ဆိုတာဘာလဲ
CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း နဲ့ Tablet တွေ
Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊
CWM recovery လုပ်ခြင်းအားဖြင့် Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root
access ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM ထည့်သွင်း
အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့် အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android
အခြေခံ အဆင့် ကို နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင်
အခက်အခဲ တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း memory ထဲ ထည်ပီး
ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ Boot တက်နိုင်ပါတယ်၊ အကယ်၍
မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင် ကျွန်တော်တို့ Factory Reset သုံးပီး Recover
လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ် zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery လိုမဟုတ်ပဲ Stock
Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ် ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင်
အဆင့်မြင့်တဲ့ Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update လုပ်ခြင်း Themes ပြောင်းခြင်း
Kernel ပြောင်းလဲခြင်း Zip ဖိုင် အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း
resotre နဲ့ Backup မှာ စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊
ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android ROM Manager ကို
Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို
ရှာတွေ့နိုင်ပါတယ်၊
Firmware နဲ့ ပက်သ်သက်သမျှ
Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software program
ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install လုပ်သ လိုပါပဲ၊ ဖုန်းအတွက်
Firmware Install လုပ်တယ်ဆိုရင်တော့ Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat
တို့လို Android Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့ Firmware နဲ့
installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့ ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့
မဟုတ်ပါဘူး၊ တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့ သဘောပေါ့၊ ဒါဆိုရင်
ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ
တော့ ROM ထဲမှာ Firmware ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊ အကြောင်းကတော့
သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read Only Menory, ရှေ့က
ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့
အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့ Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal
flash meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊ ဒါ့ကြောင့်
firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊

Flashing ဆိုတာဘာလဲ
Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data တွေကို ပြန်ရေးခြင်းပါပဲ၊
Android ဖုန်းမှာ Custom ROMs ကို Stock ROMs အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့
ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့ Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှူကို ရရှိနိုင်ပါတယ်၊

Rooting ဆိုတာဘာလဲ
Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို လိုသလို ထိန်းချုပ်လို့ရနိုင်မယ့်
အခွင့်အရေးရချင်လို့ Root access လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊
Android File System ထဲမှာ အဓိက ပါဝင်တဲ့ အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင်
Booting နဲ့ ပက်သက်တဲ့ Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure
Share protocol) (သို့) HTTP (Hyper Text Transfer Protocol) DHCP (Dynamic Host Configuration
Protocol) (သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ အသုံးပြုနိုင်ပါပီ၊ Android
System ရဲ့ လုပ်ဆောင်မူတွေထဲက ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင်
Arbitrary commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော အချက်တွေအများ
အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ
Rooting လုပ်တယ်လဲခေါ်ပါတယ်
ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software restrictions တွေပါလာပါတယ်၊
ဒီလို Software Restrictions တွေပါလာရတဲ့ အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့
သူတို့ပစ္စည်းကို အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊ ဘယ်လို
အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android ဖုန်း (သို့) Tablet ကို သုံးတဲ့သူ
လိုအပ်တဲ့ ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့ ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး
ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို အကာ အစီးကို ကျော်ဖြတ်ပီး
စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access ရဖို့ကြိုးစားကြပါတယ်၊
Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက ကန့်သတ်ထားတဲ့
ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက် မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting
လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ
ရေးချင်တာရေးနိုင်သလို ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ
Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone
Operation System. Stock ROM မှာ Software Restriction တွေထည့်သွင်းထားတဲ့ အတွက်
စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့ Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS
Version တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device တစ်ခုလုံးကို
အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊ Services တွေပါမယ်၊
တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ဖြစ်ခြင်းနဲ့ Software Restriction
တွေမပါခြင်းပါပဲ၊ ဒီတော့ Custom ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source
ဖြစ်တဲ့ အတွက် Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊ ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊
အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက် ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို
တည်ဆောက်ယူနိုင်တယ်၊ ဒီလို စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM
လို့ခေါ်တာပါ၊

ADB ဆိုတာဘာလဲ
ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ သူက ဖုန်းကို ပြုပြင်ဖို့
အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့ တံတားတစ်စင်းပါ၊ Android Phone က Linux Kernel
ကို အခြေခံထားပါတယ်၊ ဒီတော့ computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb
Client ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ ဒီနည်းက တော့ အမှားရှာပီး
ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊ ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB
Client ဖြစ်တဲ့ ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB ရဲ့
အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊

Baseband ဆိုတာဘာလဲ
Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း Version နဲ့ ထုတ်လုပ်တဲ့
ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊ Raido File တွေကို Recovery tools တွေကနေ
Flash လုပ်နိုင်သလို ADB/ODIN တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version
တို့ ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ တတ်နိုင်ပါတယ်၊ ဒါကြောင့်
အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့) Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့
network နဲ့ bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊
Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions တွေကိုသုံးပီး
Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍ ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့
ပြသနာမျိုး Android Device မှာ တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊
Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို ပိုမိုကောင်းမွန်လာ မှာ
ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ ရှော့ချပေးနိုင်ပါတယ်၊
ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets တွေကို
ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊

Tuesday, May 19, 2015

"အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်စကားတိုလေးများ "


======================================
-
(1) About when? = ဘယ်တော့လောက်လဲ
(2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား
(3) Any clues? = ဘာ သဲလြန္စမ် ား ရွိလဲ
(4) Any discount ? = ဈေးလျှော့ဦးမလား
(5) Any seats? = ခုံလွတ်ရှိသေးလား
(6) Anything else? = ဘာလိုသေးလဲ
(7) Anything new? = ဘာထူးသေးလဲ
(8) Anything wrong ? = ဘာဖြစ်တာလဲ
(9) Apparently so = အဲဒီလို ထင်တာပဲ
(10) Back off ! = သွားစမ်းပါ
(11) Bad news ! = စိတ်မကောင်းပါဘူး (ဆိုးလိုက်တဲ့ သတင်း)
(12) Be patient ! = စိတ်ရှည်ရှည်ထားစမ်းပါ
(13) Be reasonable ! = နည်းလမ်းတကျ စဥိးစားကြည့်
(14) Beautiful job ! = ကောင်းလိုက်တဲ့ လက်ရာ
(15) Big deal ! = ဒါလေးများ
(16) Bless me ! = ဘုရားရေ
(17) Bless you ! = ဆုတောင်းပေးပါတယ်ကွာ
(18) Bye now ! = သွားပြီဗျို့ 
(19) Can't complain ! = ဘာမှပြောစရာ မရှိဘူး
(20) Certainly not ! = ဘယ်ဟုတ်ပါ့မလဲ
(21) Chill out ! = မကြောက်နဲ့
(22) Could be ! = ဖြစ်နိုင်ပါတယ်
(23) Damned fool ! = သောက်ရူး
(24) Drop dead ! = သွား...သေလိုက်
(25) Enjoy yourself ! = ပျော်ရွှင်ပါစေ
(26) Fat chance ! = မဖြစ်နိုင်တာပဲ
(27) Female troubles ! = မိန်းမတွေက သိပ်ပစိပစပ်များတာ
(28) For shame ! = ရှက်စရာ ကောင်းလိုက်တာ
(29) Get lost ! = ထွက်သွားစမ်း
(30) Go on ! / Keep on ! / Carry on ! /Go ahead ! = ဆက်လုပ် ဆက်ပြော
(31) Good job ! = တယ်ဟုတ်ပါလား
(32) Got that ? = နားလည်ရဲ့လား
(33) Guess what ? = မှန်းကြည့်စမ်း
(34) Hands off ! = မထိနဲ့ (လက်ရှောင်)
(35) Hard times ! = အတော် စိတ်ရှု ပ်ဖို့ ကောင်းတာပဲ
(36) Hot air ! = မဟုတ်တရုတ်တွေ
(37) How come ? = ဘယ်လို ဖြစ်ရတာတုန်း
(38) How maddening ! = စိတ်ညစ်အောင် တော်တော် လုပ်တာပဲ
(39) It stinks ! = နံစော်နေတာပဲ
(40) It's handy ! = အသုံးတည့်ပါတယ်
(41) Looking good ! = ကြည့်လို့ ကောင်းတယ်
(42) Lucky you ! = မင်း...တော်တော် ကံကောင်းတာပဲ
(43) My treat ! = ငါ့ ဧည့်ခံတာပါ /ကျွန်တော်၊မ ကျွေးမယ်
(44) Not likely ! = မဖြစ်နိုင်ဘူး / ဝေးပါသေးရဲ့
(45) Not yet ! = မပြီးသေးဘူး
(46) Over here ! = ဒီမှာ ဟေ့
(47) Watch out ! = သတိထား
(48) You guys ! = ကိုယ့်လူတို့
(49) Why bother ? = ဘာလို့ ဒုက္ခရှာနေတာလဲ
(50) Think positively ! = အကောင်းဖက်က တွေးစမ်းပါ
(51) Search me ! = ပန်းပေးတယ် / ကျွန်ုပ် မသိပါ
(52) You see ? = သိလား
(53) Have fun ! = ပျော်ကြ ...ပျော်ကြ.../ ပျော်သလို နေကြပါ
(54) Enjoyable ! Delighted! = ကြို က်တယ်
(55) Honest work! = သမ္မာ အာဇီဝ အလုပ်ပဲ
(56) Right away ! = အခုချက်ချင်း
(57) Come on ! = လာလေကွာ
(58) Shut up ! = ပါးစပ်ပိတ်
(59) Thumbs up ! = အောင်ပြီဟေ့
(60) Hold sit ! = ရပ်လိုက် /ခဏ နေဦး
(61) Hold still ! = မလှု ပ်နဲ့ ငြိမ်ငြိမ်နေ
(62) God forbid ! = ဖွ လွဲစေဖယ်စေ
(63) Poorly paid ! = လခ မစွံဘူး
(64) Need anything ? = ဘာလိုချင်ပါသလဲ
(65) That's weired ! = ကိုးရို့ကားယားကြီး
(66) It can ! = အဲဒါ ဖြစ်နိုင်တယ်
(67) Mutual reliance ! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
(68) Pardon me ! = တဆိတ်လောက်
(69) Need to talk ! = ပြောစရာရှိလို့
(70) So talk ! = အဲလိုဆို ပြောလေ
(71) Chat ! What? = ဘာပြောမှာလဲ ပြောလေ
(72) Stop that ! = တော်ပါ မပြောပါနဲ့တော့
(73) Well enough ! = အခြေအနေ ကောင်းပါတယ်
(74) What happen ? = ဘာဖြစ်နေလဲ
(75) Any hardship ? / Any different ? = ဘာခြားနားနေလို့လဲ / ဘာထူးလို့လဲ?
(76) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား
(77) Take that ! = ကဲကွာ
(78) Look alive ! = မြန်မြန်လုပ်
(79) Show time ! = လှုပ်ရှားလိုက်ကြစို့
(80) Let go ! = လွှတ်စမ်း / လွှတ်လိုက်ပါ
(81) Go ...go ! = လုပ်ထားကွ
(82) Nature calls! = အိမ်သာ သွားလိုက်ဦးမယ်
(83) Duty calls ! = ကိစ္စလေး ပေါ်လာလို့ သွားလိုက်ဦးမယ်
(84) Near miss ! = ထပ်လွဲသွားတယ်ကွာ
(85) far out ! = မိုက်တယ်ကွာ
(86) Thank God ! = တော်ပါသေးရဲ့
(87) Holy cow ! / Good Heavens! =အမလေး
(88)My ...my ! = အမလေး ...လေး
(89) Who cares ? = ဘာဂရုစိုက်စရာရှိလဲ
(90) Who supervise ? = ဘယ်သူ ကမကထလုပ်တာလဲ
(91) Better talk != ပြောသင့်တာပေါ့ကွာ
(92) Doing okay ? = အိုကေလား
(93) Been okay ! = အိုကေပါတယ်
(94) And you ? = ခင်ဗျာကော ဘယ်လိုလဲ
(95) Have courage ! = တရားနဲ့ ဖြေပါဗျာ
(96) Which country ? = ဘယ်နိုင်ငံကလဲ
(97) Have it ! = စားပါဦး
(98) What thing ? = ဘာတွေလဲ
(99) Dutch treat ! = ကိုယ်စားတာကိုယ်ရှင်း
(100) Where to ? = ဘယ်လဲ
(101) Just here! = ဒီနားလေးတင်
(102) Phone calling ! = ဖုန်းလာနေတယ်
(103) Keep trying ! = ဆက်ကြိုးစားပါ
(104) What about ? = ဘာတွေပြောနေတာလဲ
(105) Just gossip ! = အတင်းပြောနေကြတာပါ
(106) No doubt ! = အဲဒါတော့ သံသယ မရှိနဲ့
(107) Lovely voice ! = ကောင်းလိုက်တဲ့ အသံ
(108) Can't wait = မစောင့်နိုင်ပါဘူး
(109) Dear me ! = အဲလို ဒုက္ခပါပဲ
(110) So soon ! = မကြာတော့ပါဘူး
(111) Really splendid ! = တစ်ကယ့် သားနားတယ်
(112) Just relax ! = စိတ်အေးအေးထားပါကွာ
(113) You wish ! = မင်းပြောသလို ဖြစ်ပါစေ
(114) No lie ? = လိမ်တာ မဟုတ်ဘူးနော်
(115) Mind that ! = အဲဒါကို သတိရပါ
(116) Enjoying yourself ? = မင်း ပျော်နေလားဟင်
(117) All time ! = အချိန်တိုင်းပါပဲ
(118) Hurry on ! = သွက်သွက်လုပ်ပါ
(119) Hold , please ! = ခနလေး နေပါဦး
(120) This taken ? = ဒီခုံ လူရှိလား
(121) You decide ! = မင်းပဲ ဆုံးဖြတ်လိုက်
(122) Stop worrying ! = မစိုးရိမ်နဲ့တော့
(123) Any difference ? = ဘာကွာလို့လဲ
(124) Fairly act ! = သရုပ်ဆောင်ကောင်းတယ်
(125) Most pleased ! = ကျေနပ်သွားပြီ
(126) Behind you ! = နောက်မှာ အန္တရာယ်
(127) Noisy talk ! = ဆူညံနေတာပဲ
(128) Do justice ! = မှန်မှန်ကန်ကန်လုပ်
(129) Your hear ? = ငါပြောတာ ကြားလား
(130) Perhaps not ! = ဖြစ်ချင်မှ ဖြစ်မှာပါ
(131) Hope not ! = မဖြစ်ပါစေနဲ့ဗျာ
(132) Who then ? = ဒီလိုဆိုရင် ဘယ်သူလဲ
(133) Aim high ! = ရည်ရွယ်ချက် မြင့်မြင့်ထား
(134) No fair ! = မတရားဘူးကွာ
(135) Sure do ! = သေချာတာပေါ့
(136) Never before ! = အရင်က ဒီလို တစ်ခါမှ မကြုံ ဖူးဘူး
(137) Well done ! = ခင်ဗျာပြောတာ သိပ်ကောင်းတာပဲ
(138) Nightly - night ! = ဂွတ်ဒ်နိုက်ပါနော်
(139) Butt out ! = ၀င်မရှု ပ်စမ်းနဲ့
(140) Just thinking ! = ငါ စဉ်းစားနေပါတယ်
(141) Never better ! = မဆိုးပါဘူး
(142) Don't yan ! = စကားမများနဲ့
(143) First class ! = သိပ်ကောင်းတာပဲ
(144) Beautiful dreams! =အိပ်မက်ကောင်းကောင်းမက်ပါစေ
(145) Sure thing ! = စိတ်ချစမ်းပါ
(146) Any thing ? = ဘာ ကိစ္စရှိလို့လဲ
(147) So what ? = အဲဒီတော့ ဘာဖြစ်လဲ
(148) Look here = ဒီမှာ ကြည့်ပါဦး / ဒီမယ် ငါပြောမယ်
(149) Listen here = နားထောင်ပါဦး
(150 ) Just beyond = ဟိုဘက်လေးမှာ
(151) Just here = ဒီနားမှာပဲ
(152) Just things = စုံနေတာပဲ
(153) Just friendly = ခင်ခင်မင်မင်ပေါ့ / မိတ်ဖြစ်ဆွေဖြစ်ပေါ့
(154) Just relaxed = အပန်းဖြေရုံပါပဲ
(155) Just now = ခုလေးတင်ပဲ
(156) Just easy = အလွယ်လေးပါ
(157) Just usually = ခါတိုင်းလိုပေါ့ / ထုံးစံအတိုင်းပါပဲ
(158) Just arrived / Just got = ငါလိုချင်တာ ဒါပဲ
(159) Just so = ဒီလို ဖြစ်ရမယ်လေ
(160) I say = ဟေ့လူ
(161) I see = ဟုတ်ပြီ / သဘောပေါက်ပြီ
(162) I do = သဘောတူပါတယ်
(163) I quit = ကျွန်ုပ် နုတ်ထွက်တယ် / ငါမလုပ်တော့ဘူး
(164)Earliest memories=ငယ်ငယ်တုန်းက သတိရစရာတွေပေါ့
(165) Well dressed = ၀တ်ထားတာ ကြော့နေတာပဲ
(166) Something wrong = တစ်ခုခု မှားနေပြီ
(167) How much? = ဘယ်လောက်ကျ သလဲ
(168) Any time = ဘယ်အချိန်မဆို
(169) May be = ဟုတ်ချင် ဟုတ်မယ်
(170) Without fail = မပျ က်မကွက်
(171) So far = ခုချိန်ထိ
(172) Keep away / Keep out = အနားမကပ်နဲ့ ဝေးဝေးရှောင်
(173) Take care = သတိထား
(174) It depends = အခြေအနေအရပဲ
(175) Make ready = အသင့်ပြင်ပါ
(176) You insist = မင်းကတော့ ဇွတ်ပဲ
(177) Seem secretive = အုံ့ပုန်းကျနေတာပဲ
(178) Be friend = သူငယ်ချင်း ဖြစ်ချင်လို့ပါ
(179) Easy now = ဖြည်းဖြည်းပဲ / စိတ်အေးအေးထား
(180) That's great = သိပ်ကောင်းတာပေါ့ကွယ်
(181) Really say = တကယ်ပြောတာ
(182) Brace up = အားတင်းထားနော်
(183) Touch wood = တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် ဆုတောင်းခြင်း
(184) Guess what ? = ဘာလဲဆိုတာ မှန်းကြည့်ပါလား
(185) Forget it = မေ့လိုက်ပါတော့
(186) Your treat ? = မင်းကျွေးမှာလား
(187) Any prides = မာန်တက်နေတာလား
(188) Be franked = ပွင့်ပွင့်လင်းလင်းပေါ့
(189) Here goes ! = စပြီဟေ့
(190) Hello again ! = ပြန်တွေ့ကြပြန်ပြီ
(191) Speak up! = ကျယ်ကျယ်ပြော
(192) Good job ! = တယ်ဟုတ်ပါလား
(193) Nice place ! = နေချင်စရာလေး
(194) Absolutely stunning = အံ့မခန်းပဲဟေ့
(195) Respective job! = လူရိုသေ ရှင်ရိုသေ အလုပ်လေးပဲ
(196) Oh quite ! = ငါ သဘောတူတယ်
(197) Any more? = နည်းနည်း ယူပါဦးလား
(198) No more = တော်ပါပြီဗျာ
(199) Need assistance = အကူညီလိုလို့လား
(200) Anything's wrong ?= ဘာဖြစ်လို့လဲ
(201) So difference = တစ်ခြားစီ
(202) You eavesdrop = မင်းက ချောင်းနားထောင်နေတာကိုး
(203) Bad trait = အကျင့်ကို မကောင်းဘူး
(204) Craning you = မျှော်လိုက်ရတာ
(205) Fully- engaged = လုံးဝကို မအားတာ
(206) Uneasy act-polite = လောကွတ်လုပ်ဖို့က မလွယ်ဘူးလေ
(207) l'm cardial = ငါဒီလောက်ပျူငှါတာ
(208) Quite off-hand ! = တယ်အလိုက်မသိတာပဲ
(209) Welcome back! = ပြန်ရောက်လာတာ ကြိုဆိုပါတယ်
(210) That's enough = တော်ပါပြီ
(211) Ever devoted = သိပ်ချစ်ကြတာပဲ
(212) Getting hurt = အထိနာတယ်
(213) Getting dressed = အ၀တ်ဝတ်နေတယ်
(214) What 's wrong ? = ဘာမ် ားမွားသြားလဲ
(215) Here comes = လာပါပြီ
(216) Fairly sensible = အမြော်အမြင် တော်တော် ရှိတယ်
(217) Look here! = ငါ ပြောမယ်
(218) Have courage = တရားနဲ့သာ ဖြေလိုက်ပါ
(219) Bitterly disappointed = အော့ နှလုံးနာတယ်
(220) Don't sweet- talk = မြှောက်ပင့် မပြောပါနဲ့
(221) Seriously ill = အသဲအသန် ဖျားနေတယ်
(222) Any hardships?= အခက်အခဲ ရှိလား
(223) Silly idea = ပေါက်တတ်ကရ စိတ်ကူးပဲ
(224) Narrow - minded = အမြင်ကျ ဉ်းတယ်
(225) Quick - sighted = မျ က်စိရှင်တယ်
(226) Better talk = ပြောသင့်တာပေါ့
(227) Need anything ? = ဘာလိုသေးလဲ
(228) Extra ordinary ! = ထူးခြားပါပေ့
(229) Really upset = တကယ် စိတ်ထိခိုက်ရတယ်
(230) Uneasy feeling = စိတ်ဂဏာမငြိမ် ဖြစ်နေတယ်
(231) Any remedy ? = ဘာဆေးရှိလဲ
(232) Badly hurt = ဒဏ်ရာ ပြင်းတယ်
(233) On business?= အလုပ်ကိစ္စနဲ့လား
(234) Really upset = တကယ်ပဲ စိတ်ထိခိုက်မိတယ်
(235) What line? = ဘယ်လမ်းက သွားမှာလဲ
(236) Money talks = ပိုက်ဆံ စကားပြောတယ်
(237) Time out = ခဏ ရပ်နားပေးပါ
(238) I'm buying = ငါ ဒကာခံမယ်
(239) Right away! = အခု ချ က်ချင်းပဲ
(240) That's why = အဲဒါကြောင့် / ဒါကြောင့်
(241) That's because = ဘာကြောင့်လဲဆိုတော့
(242) Nature calls ! = အိမ်သာ သွားလိုက်အုံးမယ်
(243) Duty calls ! = ကိစ္စ ရှိလို့ သွားလိုက်အုံးမယ်
(244) How much = ဘယ်လောက်ကျ သလဲ
(245) Any time = ဘယ်အချိန်မဆို
(246) What's wrong ? = ဘာမ် ားမွားသြားလဲ
(247) That's enough = တော်ပါပြီ
(248) You should = မင်း လုပ်သင့်တယ်
(249) It depends = အခြေအနေအရပဲ
(250) Thumbs up = အောင်ပြီဟေ့
(251) Take care = သတိထား
(252) Go on / Go ahead / Keep on / Carry on = ဆက်လုပ် / ဆက်ပြော
(253) So far = ခုချိန်ထိ
(254) May be = ဟုတ်ချင်ဟုတ်မယ်
(255) Let out = လျို့  ၀ှက်ချ က်ကို ပြောပြပါ
(256) So what? = အဲဒီတော့ ဘာဖြစ်လဲ
(257) As ever = အရင်အတိုင်းပဲ
(258) Here comes = လာပါပြီ
(259) How come! = ဘယ်လိုဖြစ်တာလဲ
(260) What's happened = ဘာဖြစ်ခဲ့တာလဲ
(261) Rosy cheeks = ပါးပြင်က နှင်းဆီရောင် သန်းနေတယ်
(262) Charming manners = ပီပြင်လိုက်တဲ့ စရိုက် လက္ခဏာတွေပဲ
(263) Oriental charm = အရှေ့တိုင်းအလှပဲ
(264) Familiar voice = ဒီအသံ ကြားဖူးတယ်
(265) Make ready = အသင့်ပြင်ပါ
(266) Walk charmingly ! = ကြည့်ကောင်းအောင်လျှောက်ပါ
(267) immortal film = လူၾကိဳ က္မ် ားတဲ့ ရုပ္ရွင္ပဲ
(268) Have fun! = ပျော်ကြပါစေ
(269) Phone's calling? = ဖုန်းလာနေတယ်
(270) The reminder = အမှတ်တရ ပစ္စည်းများ
(271) Well dressed = ၀တ်ထားတာ ကျော့နေတာပဲ
(272) Dress tastefully. = အ၀တ်ကို လိုက်ဖက်အောင် ၀တ်ပါ
(273) Delicate skin. = အသားရေက နုဖက်နေတာပဲ
(274) Need anything? = ဘာ လိုအပ်ပါသလဲ
(275) Fair price = ဈေးသင့်တယ်
(276) Market price = ပေါက်ဈေးပဲ
(277) Family tidings.= မိသားစု သံယောဇဉ်တွေပေါ့

Wednesday, February 11, 2015

ပရိတ်ကြီး ၁၁ သုတ်


ပရိတ်ကြီး ၁၁ သုတ် အစ-အဆုံး - ဦးဝိစိတ္တသာရဘိဝံသ မင်းကွန်းဆရာတော်ကြီး (Download)
ပရိတ်ကြီး ၁၁ သုတ် နှင့် အနက် - သီရဂူဆရာတော် (Download)
ပရိတ်ကြီး ၁၁ သုတ် (Download)
ပရိတ်ကြီး ၁၁ သုတ် တစ်ပုဒ်ချင် ရယူလိုသူများအတွက်
  • ပရိတ်နိဒါန်း (Download)
  • မင်္ဂလသုတ် (Download)
  • ရတနသုတ် (Download)
  • မေတ္တသုတ် (Download)
  • ခန္ဓသုတ် (Download)
  • မောရသုတ် (Download)
  • ဗောဇ္ဈင်္ဂသုတ် (Download)
  • အင်္ဂုလိမာလသုတ် (Download)
  • ဓဇဂ္ဂသုတ် (Download)
  • အာဋာနာဋိယသုတ် (Download)
  • ၀ဋ္ဋသုတ် (Download)
  • ပုဗ္ဗဏှသုတ် (Download)

လူ့စိတ် လူ့သဘော ~~~~~~~~~


လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏။

ငယ်ငယ်ကတည်းက ရထားသည့် ဆုံးမစကားလေး ဖြစ်ပါ၏။ မိမိက အစဉ်ကောင်းခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် တစ်ခါမလိုက်လျောမိသည့်အခါ၊ ထိုမလိုက်လျောခဲ့မှုကြောင့် ယခင်ကောင်းခဲ့သည် များကိုပါမေ့ပြီး အပြစ်ပြောခံ အကဲ့ရဲ့ခံရသည်များနှင့် ကြုံရသည့်အခါ အထက်ပါ ဆုံးမစကားလေးကို ရွတ်ကာ မိမိကိုယ်ကိုမိမိ ပြန်လည်ဆုံးမနေဖြစ်၏။ ထို့အတူ မိမိနှင့် နီးစပ်ရာများကိုလည်း ထိုဆုံးမစကားလေးကို ရွတ်ဆိုကာ ‘လူ့ရဲ့စိတ်၊ လူ့ရဲ့သဘောဟာ ဒီလိုပဲရှိတတ်တယ်၊ ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ သူ့အလိုအတိုင်း တစ်ခါလောက် မလိုက်လျောလိုက်ရင် အကုန်အဆိုးဖြစ်ကုန်တာပဲ’ဟု ဆုံးမပေးနေမိ၏။ 

မှန်၏။ လောကတွင် အပေါင်းသင်းရ အခက်ဆုံး သတ္တ၀ါကား လူဟူသော သတ္တ၀ါပင်ဖြစ်၏။ လူသည် အသိပညာ ရှိသည်နှင့်အမျှ ကောက်ကျစ်စဉ်းလဲမှုလည်း အားကြီး၏။ လူသည် အတ္တကြီးသည်နှင့်အမျှ တစ်ကိုယ်ကောင်း ဆန်သူလည်း ဖြစ်၏။ လူသည် သူတပါးကို ချီးမွန်းပေးရန် ၀န်လေးသော်လည်း ကဲ့ရဲ့ဖို့ရန်ကား အလွန်အားကောင်း၏။ လူသည် သူတစ်ပါးအပေါ် ၀မ်းမြောက်ပေးသည့် မုဒိတာတရား ခေါင်းပါးသော်လည်း မနာလိုသည့် ဣဿာတရားကား အလွန်အားကြီးလှ၏။ လူသည် သူတစ်ပါးအပေါ် အကောင်းမြင်ပေးရန် ခက်သော်လည်း အဆိုးမြင်ရန်ကား မြန်လွန်းလှ၏။ လူသည် သူတစ်ပါး၏ အပြစ်ကိုပြောရန် အလွန်မြင်တတ်သော်လည်း မိမိ၏ အပြစ်ကို ၀န်ခံရန်ကား အလွန်ခက်ခဲတတ်၏။ လူ၏ ပါးစပ်သည် အကောင်းပြောရန် ခက်သော်လည်း အဆိုးပြောရန်ကား လွယ်လွန်းလှ၏။ ထို့ကြောင့် လူသည် လောကတွင် အဆင့်အမြင့်ဆုံး သတ္တ၀ါဖြစ်သော်လည်း လူစိတ်ပျောက်သည့်အခါတွင်ကားအယုတ်မာဆုံး၊ အနိမ့်ကျဆုံးသတ္တ၀ါဟု ဆိုကြခြင်းဖြစ်၏။

လူ့လောကတွင် နေကြသည့်သူများ ဖြစ်သဖြင့် လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် လူများနှင့် ကြုံတွေ့ နေကြရမည်သာ ဖြစ်၏။ ထိုအမျိုးမျိုးသော လူများအတွင်း၌ မိမိအတွက်သာကြည့်ပြီး အခြားသူများအတွက် မစဉ်းစားသည့် သူများရှိ၏။ မိမိအလိုရှိသည်ကိုသာ ရအောင်ယူတတ်ပြီး တစ်ဖက်သူအပေါ် စဉ်းစားပေးခြင်း မရှိသောသူများ ရှိ၏။ ထိုသို့သဘောရှိသော သူများနှင့် ပေါင်းသင်းဆက်ဆံရသည့် သူများသည်လည်း အလွန်အခက် ကြုံရတတ်၏။ မကင်းရာ မကင်းကြောင်းဖြစ်သဖြင့် ကြိုးစားပေါင်းသင်း နေရသော်လည်း စိတ်ပါလက်ပါ မရှိလှပေ။ ထို့ကြောင့် တစ်ခါတစ်ရံ မိမိအကြောင်းနှင့်မိမိ ထိုသူတို့ အလိုရှိသည်များကို မလိုက်လျောမိတတ်ဘဲ ရှိတတ်၏။ ထိုအခါ အမြဲရယူနေကျဖြစ်သည့် အရာကို မရသည့်အခါ ယခင်ယခင်များက လိုက်လျောခဲ့မှုများကို မေ့ပျောက်ကာ တစ်ခါတစ်ရံ မလိုက်လျောမိသဖြင့် ရန်သူသဖွယ် ဆက်ဆံခြင်းကို ခံရတတ်သည်များလည်း ရှိ၏။ ထိုသို့ အကြိမ်ကြိမ်လိုက်လျောခဲ့စဉ်က မည်သည့်ပြဿနာမျှ မဖြစ်ဘဲ တစ်ခါမလိုက်လျောမိသဖြင့် ရန်သူသဖွယ် ဆက်ဆံခံရ၊ အထင်သေးခဲ့ရသည့် သူများရှိသဖြင့် ပညာရှိများက ‘လူ့အလိုနတ်မလိုက်နိုင်’ဟု ဆိုကြခြင်းဖြစ်၏။ လူ၏အကြိုက်ကို မည်မျှပင်လိုက်နေသော်လည်း အလိုပြည့်သည်ဟူ၍ မရှိတတ်ကြောင်း သတိပေးတော်မူခြင်း ဖြစ်၏။ မိမိက မည်မျှပင် အကြိုက်လိုက်ပေးသော်လည်း တစ်ခါတစ်ရံ မိမိအကြောင်းနှင့်မိမိ မလိုက်လျောနိုင်သည့်အခါ ရန်သူသဖွယ် ဆက်ဆံခံရတတ်သဖြင့် အများအကြိုက် လိုက်တတ်သည့်သူများ သတိထားသင့်ကြောင်း ဆုံးမတော်မူခြင်း ဖြစ်၏။

မှန်၏။ လူ၏အကြိုက်ဟူသည် တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် တွေ့သမျှလူများ၏ အကြိုက်ကိုလိုက်ပြီး နေထိုင်ဆက်ဆံ နေရလျှင် ဆုံးနိုင်မည် မဟုတ်တော့ပေ။ ထိုသို့ အကြိုက်ကိုလိုက်ပြီး နေပေးသော်လည်း လူဟူသည် အမြဲပြောင်းလဲနေတတ်သဖြင့် မနေ့ကပုံစံမျိုးနှင့် ယနေ့ပုံစံမျိုး မတူလျှင်ပင် တစ်မျိုးမြင်တတ်သည့် သဘောရှိ၏။ မိမိက ပုံမှန်ဆက်ဆံ နေထိုင်ပေးနေသော်လည်း တစ်ဘက်သူမှာ အလိုမကျ ဖြစ်နေတတ်သည်လည်း ရှိ၏။ သေချာသည်မှာ လူသည် မလိုတစ်မျိုး လိုတစ်မျိုး ဖြစ်နေသည့် သတ္တ၀ါသာ ဖြစ်၏။ သဘောကျကျေနပ်နေလျှင် ဘာပဲလုပ်လုပ် အကောင်းမြင်နေတတ်ပြီး၊ အလိုမရှိတော့လျှင်ကား အသေးအဖွဲ့ကအစ အပြစ်မြင်ကာ ပုံကြီးချဲ့တတ်၏။ မိမိနှင့် အဆင်ပြေနေသည့် အချိန်တွင် အမျိုးမျိုး ချီးမွန်းထောမနာပြုပြီး အဆင်မပြေသည့် အချိန်တွင်ကား ငယ်ကျိုးငယ်နာမှအစ ဖော်ထုတ်ကာ သွားပုတ်လေလွင့် ပြောလေ့ရှိတတ်၏။ ထို့ကြောင့် လောကတွင် ဆက်ဆံပေါင်းသင်း၍ အခက်ဆုံး သတ္တ၀ါကား လူဟုဆိုကြခြင်းဖြစ်၏။

စာရေးသူနှင့် သိသည့် ဒကာလေးတစ်ဦးရှိ၏။ ထိုဒကာလေးလည်း အလားတူ အဖြစ်မျိုးနှင့် ကြုံရသဖြင့် စာရေးသူထံ ရင်ဖွင့်ပြောဆိုဖူး၏။ ယခင်က သူနှင့်အတူ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော သူတစ်ယောက်က တစ်စုံတစ်ခုသော အကြောင်းကြောင့် အခန့်မသင့်ဖြစ်ကာ မခေါ်မပြော ရှိနေချိန် သူ့ကွယ်ရာတွင် သူ့မကောင်းကြောင်းများကို လျှောက်ပြောလေ့ရှိကြောင်း၊ မဟုတ်မမှန် တစ်ဘက်သတ် အပုတ်ချပြောနေသဖြင့် ရင်းနှီးကျွမ်းဝင်သူများကြားတွင် သူသာမကောင်းဖြစ်ရကြောင်း၊ သို့ဖြစ်၍ ဒကာလေးက သူလည်းပြန်လည်တုံ့ပြန်ပြီး ပြောဆိုလိုက်လျှင် ကောင်းမည်ဖြစ်ကြောင်း စာရေးသူကို ဖွင့်ဟတိုင်ပင်ဖူး၏။ စာရေးသူက မလုပ်ရန်သာ ပြန်ပြောလိုက်၏။ ‘ပြန်လည်တုံ့ပြန်ခြင်းအားဖြင့် ကိုယ်လည်းသူနှင့် မထူးသည့် ပုံစံမျိုး ဖြစ်သွားတတ်ကြောင်း၊ အချိန်တန်လျှင် သူ့အလိုလို ပြီးသွားမည်ဖြစ်ကြောင်း၊ တုံ့ပြန်ခြင်းအားဖြင့် သံသရာ ရှည်ရုံသာရှိကြောင်း၊ သူဘာပြောပြော သူပြောသမျှ စကားများကို လိုက်ပြီးမခံစားမိဖို့လိုကြောင်း၊ အချိန်တန်လျှင် သူသည်ဤကဲ့သို့သော လူစားမျိုးဖြစ်သည်ကို အပြောခံရသည့်သူများ ကိုယ်တိုင်သိရှိလာသည့်အခါ သွားပုတ်လေလွင့် ပြောတတ်သည့်သူ့ကို အများက ရှောင်ဖယ်သွားမည်ဖြစ်ပြီး ကိုယ့်အပေါ်လည်း အမြင်ကြည်လင်သွားကြမည် ဖြစ်ကြောင်း၊ အဓိကကတော့ ယခုအချိန်တွင် ထိုသို့သော သွားပုတ်လေလွင့် အပုတ်ချပြောဆိုမှုများကို ခေါင်းထဲတွင် ထည့်မထားဘဲ၊ သူနှင့် ထိပ်တိုင်မတွေ့အောင် နေလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း’ စသည်ဖြင့် အကြံပြုဖြစ်လိုက်၏။

စင်စစ် ထိုသို့သော အခြေအနေများသည် လူ့လောကတွင် အများအပြားရှိ၏။။ မိမိတစ်ဦးတည်းမဟုတ်။ မိမိကဲ့သို့ပင် အလားတူ အဖြစ်အပျက်မျိုး ကြုံတွေ့သူများ အများအပြားရှိ၏။ မိမိနှင့် အဆင်ပြေနေချိန်တွင် အစစအရာရာ အကောင်းချည်းဖြစ်ခဲ့သော်လည်း အဆင်မပြေသည့် အချိန်တွင်ကား အဆိုးချည်းသာ ဖြစ်နေတတ်၏။ ဤသည်မှာ လူ၏သဘောပင်ဖြစ်၏။ ထို့သို့ အဆင်ပြေချိန် အကောင်းပြောပြီး မတည့်သည့်အချိန် အဆိုးပြောခံရခြင်းသည် လောကဓံတရားပင်ဖြစ်၏။ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းသည် လူတိုင်းတွေ့ကြုံရမည့် သဘော ဖြစ်၏။ လောကတွင် အတုမရှိ အလုံးစုံ ပြည့်စုံတော်မူသည့် ဘုရားရှင်ပင်လျှင် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရသေး၏။ မိမိတို့အတွက်ကား အထူးအဆန်း မဟုတ်လှပေ။ သေချာသည်မှာ ထိုချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းများသည် အမြဲတစ်သမှတ်တည်း ဖြစ်မနေခြင်းဟူသည့် အချက်ပင်ဖြစ်၏။ မည်သူမျှ ချီးမွမ်းခံရခြင်း တစ်ခုတည်း ရှိနေသည် မဟုတ်သကဲ့သို့ ကဲ့ရဲ့ခံရခြင်း တစ်ခုတည်းလည်း မဟုတ်ပေ။ ယနေ့ချီးမွမ်းခံရသော်လည်း မနက်ဖြန်တွင် အကဲ့ရဲ့ခံရသည်နှင့် ကြုံတွေ့ရတတ်၏။ ယနေ့ အကောင်းအပြောခံ နေရသော်လည်း မနက်ဖြန်တွင်ကား မကောင်းအပြောခံရတတ်၏။ လောကဓံသဘောကား အတက်အကျ၊ အနိမ့်အမြင့် အမြဲရှိနေခြင်းပင် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က အတုလအား ‘ချစ်သား အတုလ… ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှ ဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သော သူမည်သည် မရှိ။ လုံးဝအကဲ့ရဲ့ ခံရသူ၊ လုံးဝအချီးမွမ်း ခံရသူမည်သည် ရှေးကလည်း မရှိခဲ့ဘူး။ နောင်လည်း ရှိမည်မဟုတ်။ ယခုလည်း မရှိ။’ ဟု မိန့်တော်မူခြင်း ဖြစ်၏။ မြတ်ဗုဒ္ဓပင်လျှင် အကဲ့ရဲ့ခံရသဖြင့် လောက၏ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း သဘောသည် မည်သူမျှ မလွတ်သည်ကို ဘုရားရှင်၏ ဤမိန့်တော်မူချက်က သက်သေပြနေ၏။ ဆိုလိုသည်မှာ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းသည် လောကသားတိုင်း ကြုံတွေ့နေရသဖြင့် လူသားတို့သည် မိမိတို့အပေါ် မကောင်းအပြောခံ၊ အပုတ်ချခံရသည့်အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိစေရန် ကြိုးစားကြဖို့ ဆိုလိုပါ၏။

အကယ်၍ ထိုသို့ အကဲ့ရဲ့ခံရမည်ကို ကြောက်သဖြင့် လူ့အကြိုက် လိုက်နေမည်ဆိုပါက အလိုပြည့်နိုင်ကြမည် မဟုတ်ဘဲ အကြိုက်လိုက်နေရသည့် မိမိသည်သာ ဒုက္ခများနှင့် ကြုံတွေနေတတ်ပေ၏။ မိမိလုပ်ရပ်ကြောင့် မိမိသည်သာ အပြစ်ဖြစ်စေသည်နှင့် ကြုံတွေ့ရတတ်၏။ အချို့သူများသည် အကြောင်းအကျိုး မခွဲခြားတတ်သဖြင့် သူ့အတွက် လုပ်ပေးသည်ကိုပင် အဆိုးမြင်ကာ အပြစ်ပြောလေ့ရှိသဖြင့် မိမိသည်သာ လုပ်ပေးသင့်၊ မလုပ်ပေးသင့်၊ အကြိုက်လိုက်သင့်၊ မလိုက်သင့် စဉ်းစားသင့်ပေ၏။ ခဏတာ တွေ့ကြုံလာသည့်အခိုက်တွင် အားလုံးနှင့် အဆင်ပြေစေရန်အတွက် လူအများ၏ အကြိုက်ကို လိုက်ပြီးနေကြလျှင် မိမိအကျိုးများသာ ဆုတ်ယုတ်နေတတ်၏။ လူ့အကြိုက်လိုက်ပြီး သူလုပ်သည့် အလုပ်ကို မိမိပါလိုက်လုပ်နေပါက သူမကောင်းလျှင် မိမိပါမကောင်းဖြစ်တတ်၏။ ထို့ကြောင့် လူ့စိတ်၊ လူ့သဘောသည် မည်မျှပင် အကြိုက်လိုက်ပေးသော်လည်း ကျေနပ်သည်ဟူ၍ မရှိတတ်သဖြင့် အတိုင်းအတာ တစ်ခုအနေဖြင့်သာ လိုက်လျောသင့်ကြပေ၏။ မိမိက အမြဲအကြိုက်လိုက်နေရာမှ တစ်ကြိမ်တစ်ခါ မလိုက်မိသည့်အခါတွင် ရန်သူကဲ့သို့ ပြုမူဆက်ဆံတတ်သဖြင့် လူ့အကြိုက်လိုက်သူများသည် မိမိ၏ ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုးများဖြင့် ရင်း၍ကား မလိုက်သင့်လှပေ။

အချုပ်အားဖြင့် လူစိတ်၊ လူ့သဘောသည် နားလည်လက်ခံရန် ခက်ခဲသည့်အပြင် ကျေနပ်နှစ်သက်အောင် လိုက်လုပ်ပေးရန်လည်း ခက်ခဲတတ်သဖြင့် မိမိတို့အနေဖြင့် လိုသည်ထက်ပို၍ အစမလုပ်ကြရန်နှင့် အစလုပ်၍ လိုက်လျောမိပါက အကြောင်းမညီညွတ်သဖြင့် တစ်ခါမလိုက်လျော မိသည့်အခါ ရန်သူသဖွယ် မှတ်ယူတတ်သည်ကို သတိပြုရန် လိုအပ်ပေ၏။ လူ့အကြိုက်ကိုလိုက်ကာ မိမိတို့၏ အကျင့်သီလများကို ပျက်ဆီးသည်အထိ မလုပ်ကြရန် လိုအပ်ပေ၏။ အရက်သမားအကြိုက်ကို လိုက်ကာ မိမိပါ အရက်သောက်သည့် အကျင့်ဖြစ်သည်အထိ မလိုက်လျောသင့်ပေ။ ဖဲသမားအကြိုက်လိုက်ကာ မိမိပါ ဖဲရိုက်တတ်သည့် အကျင့်ဖြစ်သည်အထိ မလိုက်လျောသင့်ပေ။ စင်စစ် လူသည်အကြိုက်လိုက်နေလျှင် ကောင်းနေသော်လည်း အကြိုက်မလိုက်သည့်အခါ မကောင်းမြင်တတ်၊ အပြစ်မြင်တတ်သဖြင့် လူ့သဘောကို ကောင်းစွာနားလည်ပြီး မိမိအကျိုးနှင့်ယှဉ်ကာ မလိုက်သင့်သည့်အခါတွင် မလိုက်ကြရန် နားလည်ထားသင့်၏။ ထိုသို့ အကြိုက်မလိုက်သဖြင့် တစ်ဘက်သူက မည်သို့သော တုံ့ပြန်မှုမျိုးဖြင့် ပြန်လည်တုံ့ပြန်ပါစေ ‘ဒါဟာ… လူ့စိတ်၊ လူ့သဘောပါပဲ..’ဟု နှလုံးသွင်းဆင်ခြင်၍ မိမိကိုယ်တိုင်သာ အပြစ်မဖြစ်အောင်၊ သက်သောင့်သက်သာ ဖြစ်အောင် နေနိုင်ရန် ကြိုးစားသင့်ပေ၏။ ဤသို့သော နေနည်းသည်သာ လူတို့၏ စိတ်သဘောကို ရှောင်လွဲ၍ နေခြင်းဖြစ်သဖြင့် မဆုံးနိုင်သည့် လူ့သဘောကို အဆုံးလိုက်မနေကြဘဲ ဖြစ်သမျှ အခြေအနေအပေါ်တွင်သာ အပြစ်မဖြစ်အောင် နေကြည့်ကြပါဟု တိုက်တွန်းလိုက်ရပေ၏။

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

သူတော်စင်နှင့် မိန်းမပျက်

သျှိဝဘုရားကျောင်းအနီး သူတော်စင်တစ်ဦး နေထိုင်ပါတယ်။ သူတော်စင်ရဲ့အိမ်နှင့် မျက်နှာချင်းဆိုင်မှာ မိန်းမပျက်တစ်ယောက်နေထိုင်ပါတယ်။ မြောက်မြားစွာသော ယောက်ျားတွေ သူမထံကို ဝင်ထွက်နေခြင်းကို သူတော်စင် တွေ့မြင်ပါတယ်။ ထိုအခါ သူမကို စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“မင်းဟာ ဒုစရိုက်ကောင်ကြီးပဲ” လို့ မျက်နှာထားတည်တည်နဲ့ သူတော်စင် ပြောလိုက်ပါတယ်။
“မင်းရဲ့အပြုအမှုက ဘုရားသခင်ကို နေ့နေ့ညည ရိုသေလေးစားမှုမရှိဘူးဆိုတာကို ပြနေတယ်။ မင်းရဲ့လုပ်ရပ်တွေကို ခဏရပ်ပြီး၊ သေပြီး နောက်ဘဝ ဘာဖြစ်မယ်ဆိုတာကို စဉ်းစားမိရဲ့လား။”
          သနားစရာမိန်းမဟာ သူတော်စင်ရဲ့စကားကို နာကြားအပြီး တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ဘုရားသခင်ကို တကယ်ရိုကျိုးမှုနဲ့ စိတ်ပါလက်ပါ ဆုတောင်းပါတယ်။ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ သူမဘဝရှင်သန်ဖို့ အခြားအသက်မွေးဝမ်းကျောင်းမှုတစ်ခုရရှိရန် ကူညီပေးဖို့လည်း ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
          သို့သော်လည်း အခြားအလုပ်ကို ရှာဖွေလို့ မတွေ့ပါဘူး။ တစ်ပါတ်ကြာ ငတ်ပြတ်ပြီးနောက် ပြည့်တန်ဆာအလုပ်ကိုပဲ သူမ ပြန်လုပ်ပါတော့တယ်။
          သူမကိုယ်ခန္ဓာကို လူစိမ်းတစ်ယောက်ထံ အပ်နှံပျော်ပါးလိုက်တိုင်း၊ သူမကို ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ ဆုတောင်းပါတယ်။
          သူတောင်စင်ဟာ သူ့ရဲ့အကြံပေးချက် မထိရောက်ကြောင်း သိရှိတဲ့အခါ စိတ်ရှုပ်သွားပါတယ်။ ပြီးတော့ ဒီလိုတွေးပါတော့တယ်။
“ဒီအချိန်မှစလို့ ဒီမိန်းမအိမ်ကို ယောက်ျား ဘယ်နှစ်ယောက်ဝင်ထွက်သလဲဆိုတာကို ရေတွက်တော့မယ်။ နောက်ဆုံး ဒီအပြစ်သားသေတဲ့အချိန်အထိပေါ့။”
          အဲဒီအချိန်မှစလို့ သူတော်စင်ဟာ အခြားအလုပ်ကို မလုပ်တော့ပါဘူး။ မိန်းမပျက်ရဲ့အိမ်ကို ဝင်ထွက်မှုတွေကို စောင့်ကြည့်နေပါတယ်။ ယောက်ျားတစ်ယောက် အိမ်ထဲကို ဝင်သွားတိုင်း ကျောက်တုံးတစ်တုံး သူ့ဘေးမှာ ချထားလိုက်ပါတော့တယ်။
          အချိန်ကြာတဲ့အခါ သူတော်စင်သည် မိန်းမပျက်ကို နောက်ထပ်တစ်ခါ စကားပြောပါတယ်။
“ကျောက်တုံးပုံကို မင်းမြင်ရဲ့လား။ ကျောက်တုံးတစ်တုံးဟာ မင်းလုပ်ထားတဲ့ စာရိတ္တအပြစ်တစ်ခု။ ငါ့ရဲ့သတိပေးချက်တွေကို ဆန့်ကျင်ပြီးလုပ်တဲ့အပြစ်တွေ။ နောက်ထပ်တစ်ခါ မင်းကို ငါ သတိပေးလိုက်မယ်။ အပြစ်တွေ ထပ်မလုပ်ပါနဲ့တော့။”
          သူမရဲ့အပြစ်အစုအပုံကြီးကို တွေ့မြင်တဲ့အခါ အရမ်းတုန်လှုပ်ခြောက်ခြားသွားပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ နောင်တတရားကြောင့် မျက်ရည်တွေကျနေပါတယ်။ ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
“အို၊ အဖဘုရားသခင် အဖရဲ့ဂရုဏာတော်နဲ့ ဒီလိုစိတ်ပျက်စရာဘဝမှ လွတ်မြောက်ခွင့်ကို ဘယ်အချိန်မှာ အကျွန်ုပ်ရနိုင်မှာလဲ။”
          သူမရဲ့ဆုတောင်းချက်ကို ဘုရားသခင်ကြားသွားပါတယ်။ ထိုနေ့မှာပဲ သေမင်းဟာ သူမထံကို ရောက်လာပြီး၊ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဘုရားသခင်ရဲ့အမိန့်တော်အရ သူတော်စင်ကိုလည်း မိန်းမပျက်နှင့်အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။
          မိန်းမပျက်ရဲ့ဝိဥာဉ်ဟာ ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်သွားပါတယ်။ သူတော်စင်ကိုတော့ ငရဲပြည်ကို ဆွဲခေါ်သွားပါတယ်။ သူတို့ကို ခေါ်ဆောင်သွားရာလမ်းခရီးမှာ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြပါတော့တယ်။ သူတော်စင်ဟာ ဒီအဖြစ်အပျက်ကို မြင်တွေ့တဲ့အခါမှာ အော်ဟစ်ပါတော့တယ်။
“ဒီဟာ တရားမျှတပါရဲ့လား၊ အဖဘုရားသခင်။ အကျွန်ုပ်ရဲ့ဘဝတစ်လုံးလုံး အရှင့်ကို ရိုသေကိုးကွယ်ပြီး ဆင်းဆင်းရဲရဲနေထိုင်ခဲ့ပါတယ်။ အခုတော့ အကျွန်ုပ်ကို ငရဲသို့ ပို့ပြီး၊ တစ်ဘဝလုံး အပြစ်တွေပြည့်နေတဲ့ ဒီမိန်းမပျက်ကို ကောင်းကင်ဘုံကို ပို့ဆောင်လိုက်ပါပြီ။”
          သူတော်စင်ရဲ့စကားကို ကြားရတဲ့အခါ နတ်သမီးတစ်ဦးက ပြန်လည် ဖြေကြားပါတယ်။
“ဘုရားသခင်ရဲ့လုပ်ဆောင်ချက်ဟာ အမြဲမျှတပါတယ်။ ဘုရားသခင်ရဲ့မေတ္တာတော်ဟာ သင့်အိမ်နီးနားချင်းရဲ့ အပြုအမူအတိုင်း အဆုံးအဖြတ်ပြုမယ်လို့ သင် ထင်မြင်ယူဆပါသလား။ သင့်နှလုံးအိမ်ကို အခြားသူတစ်ဦးရဲ့အပြစ်တွေနဲ့ ဖြည့်နေချိန်မှာ၊ ထိုအမျိုးသမီးက နေ့နေ့ညည စိတ်ပါလက်ပါ ဆုတောင်းသမှုပြုနေပါတယ်။ သူမကျခဲ့တဲ့မျက်ရည်တွေကြောင့် နှလုံးသားဟာ အရမ်းကို ပေါ့ပါးနေပါတယ်။ ဒါကြောင့် ငါတို့ သူ့ကို ကောင်းကင်ဘုံကို သယ်ဆောင်သွားလို့ရတာပါ။ သင့်ဝိဥာဉ်ကတော့ ကျောက်တုံးတွေနဲ့ အင်မတန်လေးလံလို့ မ မတင်နိုင်အောင်ဖြစ်ရပါတယ်။”
( The monk and the prostitute by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )

ဇာတ်တော်လာ မိန်းမပျက်အင်္ဂါ(၂၅)ချက်


၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၎။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။

၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။
၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။
၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ (မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)

Friday, January 2, 2015

သွေးတိုးရောဂါအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

ကမ္ဘာတစ်ဝန်း လူသန်းပေါင်း တစ်ထောင်မှာ သွေးတိုးရောဂါ ခံစားနေကြ ရပြီး နှစ်စဉ် ၇ဒသမ၁ သန်း သေဆုံး စေပါတယ်။ မြန်မာနိုင်ငံမှာလည်း သွေးတိုးရောဂါ ခံစားနေရသူ ဦးရေဟာ တစ်နှစ်ထက်တစ်နှစ် ပို၍မြင့်တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လည်းကျွမ်းကျင်ဆေးပညာရှင် များ ကသွေးတိုးရောဂါကိုတိတ်တဆိတ် လူသတ်သမား(Silent Killer)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သွေးတိုးရောဂါဟာအချိန်အခါမရွေး၊ရာသီဥတုမရွေးဖြစ်တတ်တဲ့
 ရောဂါအမျိုးအစားဖြစ်ကာအပူအကြောင်းခံ၍သွေးတိုးခြင်း၊အအေးအကြောင်းခံ၍သွေးတိုးခြင်းနဲ့ အပူအအေးနှစ်ပါးပြိုင်၍ သွေးတိုးခြင်းဆိုပြီးသွေးတိုးသွေးတက်ရောဂါသုံးမျိုးရှိပါတယ်။ သွေးပေါင် တိုင်းမည်ဆိုပါက (၁) မတိုင်းမီနာရီဝက်အတွင်း အစာစားခြင်း၊ ဆေးလိပ်သောက် ခြင်းနှင့်လေ့ကျင့်ခန်းလုပ်ခြင်းမလုပ် ပါနှင့်၊ (၂) ဝမ်းနည်း ဝမ်းသာစိတ်လှုပ်ရှားချိန်တွင်မတိုင်းပါနှင့်၊ (၃) မတိုင်းမီ၁ဝမိနစ်ခန့်ကိုယ်ရောစိတ် ပါ ဖြေလျှော့အနားယူပါ၊ (၄) လက်မောင်း ပတ်လေအိတ်နှင့်နှလုံးကိုရေပြင်ညီတစ်တန်းတည်းရှိနေပါစေ၊(၅)တိုင်းနေစဉ်ငြိမ်ငြိမ်နေပါ၊ စကားမပြောပါနှင့်၊မလှုပ်ပါနှင့်။ သွေးတိုးရောဂါအဆင့် သွေးဖိအားကို မီလီမီတာ မာကျူရီယူနစ်ဖြင့်တိုင်းတာပြီး နှလုံးကြွက်သား ညှစ်ထုတ်စဉ် သွေးကြောအတွင်းဖြစ်ပေါ်နေတဲ့ ဖိအားကို အပေါ်သွေးဟုခေါ်ပြီး နှလုံးကြွက်သား မူလအတိုင်း ပြန် ဆန့်စဉ်ဖြစ်ပေါ်နေတဲ့ဖိအားကို အောက်သွေးဟု ခေါ်ပါတယ်။ အသက်(၁၈)နှစ်နှင့်အထက်လူကြီး များအားလုံး၏ သွေးဖိအားအခြေ အနေကို(က)ပုံမှန်သွေးဖိအား၊ (ခ) ပုံမှန်ထက်မြင့်မားပြီးသွေးတိုးမဟုတ် သည့်အခြေအနေ၊(ဂ)အဆင့် (၁)သွေးတိုးရောဂါ၊(ဃ)အဆင့် (၂)သွေးတိုးရောဂါဟူ၍ အပိုင်း (၄) ပိုင်းခွဲခြားသတ်မှတ်လေ့ရှိပါ တယ်။ (က) အပေါ်သွေး ၁၂ဝ အောက်နှင့်အောက်သွေး၈ဝအောက် က ပုံမှန်သွေးဖိအားဖြစ်ပါတယ်။ (ခ)အပေါ်သွေး ၁၂ဝမှ၁၃၉ကြား နှင့်အောက်သွေး ၈ဝမှ ၈၉ကြား က ပုံမှန်ထက်မြင့်မားပြီး သွေးတိုး မဟုတ်သေးတဲ့အခြေအနေလို့ယူ ဆလေ့ရှိပါတယ်။(ဂ)အပေါ်သွေး ၁၄ဝမှ၁၅၉ကြားနှင့် အောက်သွေး ၉ဝမှ၉၉ကြားကိုတော့ သွေးတိုး ရောဂါအဆင့်(၁) အဖြစ်သတ်မှတ် ပါတယ်။(ဃ)အပေါ်သွေး ၁၆ဝ နှင့်အထက်၊ အောက်သွေး ၁ဝဝနှင့် အထက်ကသွေးတိုးရောဂါအဆင့် (၂)ဖြစ်ကာ စိုးရိမ်ရပါတယ်။ သွေးတိုးရောဂါလက္ခဏာများ သွေးတိုးရောဂါရှိသူတွေရဲ့ပျမ်း မျှသုံးပုံတစ်ပုံခန့်မှာ မည်သည့် လက္ခဏာများထွေထွေထူးထူးမပြ တာကြောင့် မိမိကိုယ်မိမိ သွေးတိုးနေမှန်းတောင်မသိကြပါဘူး။ လူအများစုမှာဖြစ်တတ်တဲ့ ရောဂါအစလက္ခဏာများခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်လာခြင်း၊ အမြင်ဝေ ဝါးလာခြင်း၊ နားအူခြင်း၊ မျက်နှာ ရောင်အမ်းခြင်း၊ နှာခေါင်းသွေးလျှံ ခြင်း၊ မျက်ခွံမို့အစ်ခြင်း၊ လေးလံထိုင်းမှိုင်းခြင်းတွေဖြစ်တတ်ပါတယ်။အမျိုးသမီးများဓမ္မတာရာသီလာနေ စဉ်မှာလည်းသွေးဖိအားတိုးတတ်ပါတယ်။ (သွေးတိုးရောဂါရဲ့ သဘောသဘာဝဟာ ရောဂါစဖြစ်ပြီဆိုတာနှင့်ဆက်တိုက် သွေးတိုးသွားဖို့သာရှိပါတယ်။
 ပြန်ကောင်းသွားစရာအကြောင်းမရှိပါ။ရောဂါ လက္ခဏာပေါ်သည်နှင့်မပေါ်သည် သာဖြစ် ပါတယ်။သွေးတိုးကျ ဆေးအမျိုးအစားဟာအခြားသော ပဋိဇီဝအကိုက်အခဲပျောက်ဆေးများ ကဲ့သို့သောက်သုံးသူ ကို ဆေးယဉ်သွားခြင်း(ဆေးမတိုးခြင်း)မျိုးလုံးဝမဖြစ်စေပါဘူး။ဒါကြောင့် မိမိသဘောဖြင့်လက္ခဏာပေါ်လျှင်ဆေးသောက်မည်၊ မပေါ်လျှင်ဆေး မသောက်ဘဲနေတာမျိုးမပြုသင့်ပါ ဘူး။ မည်သည့်ရောဂါလက္ခဏာ မျှမပြဘဲနှင့်လည်းသွေးတိုးရောဂါ ဆိုးဆိုးရွားရွား ရှိနေနိုင်တာကို သတိပြုပါ)
ဒါတွေကြောင့်လည်းသွေးတိုးနိုင် သွေးတိုးရောဂါရှိသူတွေရဲ့ ၉ဝ-၉၅ရာခိုင်နှုန်းခန့်မှာအကြောင်း ရင်းတိတိကျကျမသိရဘဲသွေးတိုး နေကြပြီး ကျန်၅-၁ဝရာခိုင်နှုန်း ခန့်ကခန္ဓာကိုယ်တွင်းရောဂါတစ်မျိုး မျိုးစွဲကပ်နေခြင်းကြောင့်သွေးတိုး ရောဂါခံစားရလာပါတယ်။အထူး သဖြင့် ကျောက်ကပ်ရောဂါအမျိုး မျိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သိုင်းရွိုက်ဟော်မုန်းအထွက်လွန် ကဲသောရောဂါ၊ Cocaineç Cy-closporinç Erythropoietinç Adrenergic စတဲ့ ပဋိဇီဝဆေးမှီဝဲ သောက်သုံးရခြင်း၏ ဘေးထွက် ဆိုးကျိုး ကြောင့်ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် သွေးတိုးခြင်း၊အရက်အလွန်အကျွံ သောက်သုံးခြင်းနှင့် ပူပြင်းသော နေရောင်ခြည်အောက် အချိန်ကြာ မြင့်စွာသွားလာရခြင်းစသည့် အကြောင်းများကြောင့်လည်း သွေးတိုးရောဂါဖြစ်လာရပါတယ်။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ (၁)သွေးတိုးရောဂါကြောင့် နှလုံးသွေးကြောများမာကျောကျစ် လျစ်လာပြီးနှလုံးသွေးကြောကျဉ်း ခြင်း(သို့မဟုတ်) ပိတ်ဆို့ခြင်း၊နှလုံး ကြွက်သားများထူထဲလာခြင်း၊နှလုံး ညှစ်အားလျော့နည်းလာခြင်း စသည့်နှလုံးရောဂါအမျိုးမျိုး ဖြစ် လာနိုင်ပါတယ်။ (၂)သွေးတိုး ကြောင့်ဦးနှောက်သွေးကြောပိတ် ခြင်း၊ သွေးကြောပေါက်ခြင်းဖြစ် လာကာ ထိုမှတစ်ဆင့် လေဖြတ် လေငန်းရောဂါဖြစ်လာနိုင်ပါတယ်။ (၃) သွေးတိုးရောဂါ နာတာရှည် လာပါကကျောက်ကပ်ပျက်စီးသွား ပြီး ဆီးထဲသွေးပါခြင်း၊ ဆီးဆိပ်တက်ခြင်းများဖြစ်လာပါတယ်။ (၄)သွေးတိုးရောဂါပြင်းထန်မှုကြောင့် မျက်စိတွင်းရှိ မျက်ကြည်လွှာနှင့် သွေးကြောများ ထိခိုက်ပျက်စီးပြီး အမြင်အာရုံထိခိုက်ယိုယွင်းသွား နိုင်ပါတယ်။ (၅) သွေးတိုးရောဂါ ရှိသူများက သွေးဖိအားကို 140/90 mmHg ထက်မကျော်လွန် အောင်ထိန်းထားသင့်ပြီးဆီးချိုနှင့် ကျောက်ကပ်ရောဂါရှိ သူများအနေ ဖြင့်သွေးဖိအားကို 130/80 mmHg အောက်ရှိနေရမှာဖြစ်ပါတယ်။ ဘဝနေထိုင်နည်းပုံစံ ကိုယ်အလေးချိန် အဝမလွန်စေရန် ထိန်းသိမ်းထားရမှာဖြစ်လို့ Body Mass Index(BMI) ကို ၁၈ဒသမ၅ မှ ၂၄ဒသမ၅ အတွင်း ရှိနေပါစေ။လမ်းမြန်မြန်လျှောက်ခြင်း၊စက်ဘီးစီးခြင်း၊ရေကူးခြင်းစတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို တစ်နေ့မိနစ်၃ဝပုံမှန်လုပ်ပေး ပါ။ စိတ်ဖိစီးမှုများခြင်း၊ သောကများခြင်း၊ဒေါသအမျက်ထွက်ခြင်း တို့က သွေးတိုးစေနိုင်တာ ကြောင့် အတတ်နိုင်ဆုံးစိတ်အေးချမ်းသာစွာနေထိုင်ပါ။တရားမှတ်ပါ။ယောဂကျင့်ပါ။ အိမ်မွေးတိရစ္ဆာန်ခွေး၊ ကြောင်လေးများဖြင့်အချိန်ပေး၍ နေပါ။ အိပ်ရေးမဝခြင်းကလည်း သွေးတိုးစေနိုင်ပါတယ်။ ဆောင်ရန်ရှောင်ရန်အစားအစာများ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကိုများများစားပါ။ဆား(ဆိုဒီယမ်)ပမာဏ ပါဝင်မှုနည်းတဲ့အစားအစာများကို ရွေးချယ်ပါ။ အရသာကောင်းစေ ရန် ပြုပြင်ထားသောအစားအစာ များနှင့်အသင့် စားအစားအစာအထုပ် တွေမှာလည်း ဆားပါဝင်မှုများ လို့သတိပြုပါ။ ငါးများများစား ပါ။ အဆီပါဝင်မှုများတဲ့အနီရောင် အသားများနှင့် ကြက်၊ ဘဲ အရေခွံ များကိုရှောင်ပါ။ကိုလက်စထရော များတဲ့အဆီအဆိမ့်၊ အချိုများကို ရှောင်ပါ။ အရက်အလွန်အကျွံ သောက်သုံးခြင်းက သွေးတိုးစေ တတ်သဖြင့် အထူးရှောင်ကြဉ်ပါ။
သွေးတိုးရောဂါပျောက်မြန်မာ့ဆေး နည်းတိုများ (၁) ဒန့်သလွန်ရွက်ကို ရေစင် အောင်ဆေးပြီးထောင်းကာအရည် ညှစ်ယူပြီးလက်ဖက်ရည်ဇွန်းနှစ်ဇွန်း ခန့်သောက် ပေးခြင်းဖြင့် ချက်ချင်း သက်သာသွားစေပါတယ်။ ဒန့်သလွန်ရွက်ဟင်းခါးရည်သောက်နိုင်ပါတယ်။ (၂)သံပရာသီး အစေ့ငါးစေ့ ခန့်ဝါးစားလိုက်တဲ့အခါသွေးတိုး ချက်ချင်းသက်သာသွားပါလိမ့် မယ်။သံပရာပင်၏အခေါက်ကို ဆေးကြောပြီး ရေနှင့်သွေး၍သောက် နိုင်ပါတယ်။ ဒါ့အပြင်သံပရာသီး တစ်လုံးကိုအလယ်မှထက်ခြမ်း လှီးကာ ရေနွေးအပူချိန် ၇၅ ဒီဂရီ ဖာရင်ဟိုက်ထဲသို့ ၄၅မိနစ်ခန့် ထည့်ပြီးယင်းပြုတ်ရည်ကိုသောက် သုံးပါက တစ်ခဏအတွင်းသွေး တိုးကျစေပါတယ်။(၃) မြင်းခွာ ရွက်ကိုအရည်ညှစ်သောက်ခြင်း၊ သုပ်စားခြင်း၊ဟင်းခါးချက်သောက် ခြင်းဖြင့်သွေးတိုးကျစေပါတယ်။ (၄) ဧကရာဇ်ပင်၏အရွက်နှင့် အမြစ်တို့ကို အရည်ညှစ်၍ တစ်နေ့ သုံးကြိမ်သောက်ပေးပါ။ (၅) ဗာဒံ ရွက်အနုသုံး လေးရွက်ခန့် ကို ရေစင်အောင်ဆေးပြီး ငါးမိနစ်ခန့် ပြုတ်၍သောက်ပေးပါ။တစ်နေ့ ကို လက်ဖက်ရည်ခွက်သုံးခွက်ခန့် သောက်ပေး ခြင်းဖြင့်ရက်သတ္တပတ် အတွင်းမှာပင်သွေးတိုးရောဂါ သက်သာသွားပါလိမ့်မယ်။အထူး သတိပြုရန်မှာ ဗာဒံရွက်ပြုတ်ရည် ကို အလွန်အကျွံသောက်ပါက ဝမ်းချုပ်တတ်ပါတယ်။(၆) ကြက် သွန်ဖြူဥတစ်လုံးအမျိုးအစားကို ထမင်းစားတဲ့အခါတိုင်း သုံးလုံး မှ ငါးလုံးအထိစားပေးပါက သွေးပေါင်တက်ခြင်းကိုကျစေသလိုသွေး ပေါင်ကျနေသူကိုလည်း
 ပြန်လည်သွေးညိုပေးနိုင်ပါသည်။