Sunday, January 8, 2012

DreamLight Photo Editor



DreamLight Photo Editor, just by simple mouse clicking, you can add dream effects:
  • Preset filter (10 effects)
  • Pencil drawing filter (10 effects)
  • Light filter (10 effects)
  • Amazing filter (10 effects)
  • Dream filter (10 effects)
  • Weather filter (10 effects)
  • Star filter (10 effects)
  • Art filter (8 effects)
  • Gradient filter (10 effects)
  • Color filter (10 effects)
  • Texture filter (10 effects)
  • Edge filter (20 effects)
Homepage – http://www.picget.net/

Download

Audio Editor Master 5.0.1.186




Features:

  • Digitize a sound recording and save it as supported formats.
  • Real-time visuals: bar, waveform, spectrogram, spectrum, level meter, etc.
  • Record audio data from a microphone or any other available input device.
  • Display a waveform window of an audio file and apply zooming.
  • Edit audio files visually (Cut, Copy, Delete Selection, Delete Silence, Paste, Mix Paste, Mix From File, Edit Channel).
  • Apply various effects (Amplify, Compressor, Delay, Fade In and Fade Out, Flanger, Invert, Normalize, Phaser,Reverb, Reverse, Silence, Stretch, Vibrato, etc.).
  • Apply different filters to any selected portion of audio files (BandPass Filter, HighPass Filter, HighShelf Filter, LowPass Filter, LowShelf Filter, Notch Filter, Peak EQ Filter).
  • Insert noise or silence.
  • Save an audio file as the other format.
  • Use markers to locate the selected part or special part of the audio data.
  • Add and edit extra information to your audio files (Album, Artist, Comments, Copyright, Genre, Title, Year).

Download

Facebook Messenger for Windows




သူငယ်ချင်းက Facebook user ေနာ်? Facebook Messenger ကိုသူငယ်ချင်းသိလိမ့်မယ်။ သူငယ်ချင်းက iPhone, iPod touch နဲ့ iPad သံုးရင်ေပါ့။ Facebook Messenger က iPhone, iPod touch နဲ့ iPad အတွက် App Store မှာရှိတယ်။ အခုဆိုရင် Facebook Messenger က Windows အတွက် Released လုပ်လိုက်ပါြပီ။

ဒီ Facebook Messenger တော့ Web browser သုံးစရာလိုဘူး။ နောကျ Facebook website ကိုသှားစရာမလိုပဲ သူ့ကိုဖွင့်လိုက်တာနဲ့ Chat လို့ရြပီ။

  • Facebook Messenger မှာ Facebook ေပါ်က သူငယ်ချင်းေတွနဲ့ Chat လို့ရမယ်။ Message ပို့လိုရမယ်။
  • Facebook ေပါ်က ကိုယ့်သူငယ်ချင်းေတွရဲ့ Latest Updates ေတွကိုြကည့်လို့ရတယ်။
  • Notifications ေတွလည်း သိနိုင်မယ်။

Facebook Messenger က အခုေလာေလာဆယ်ဆယ် Windows 7 မှာ​ပဲသံုးလို့ရပါမယ်။ ကျန်တဲ့ Windows ေတွမှာသံုးလို့မရေသးပါ။ Facebook Messenger ကိုေဒါင်းြပီး Install လုပ်လိုက်ပါ။ ြပီးရင် Facebook Messenger ဖွင့်လိုက်ြပီဆိုရင် Facebook account ကို Web browser မှာဖွင့်ထားတယ်ဆိုရင် ဒီ Facebook Messenger က Automatically Logs ၀င်ပါမယ်။ Windows 7 သမားများစမ်းြကည့်ပါခင်ဗျား။ ေကျးဇူးတင်ပါတယ်။ ။


Download Facebook Messenger

အေပါ်ကပံုမှာသူငယ်ချင်းေတွနာမည်အချို့ဖျက်ထားပါတယ်။ နားလည်ေပးပါ။ အဲ့ဒါက ကွျန်ေတာ်တို့ Blogger ေတွရဲ့စည်းပါ။ သူငယ်ချင်းေတွကိုခွင့်မေတာင်းပဲ ပံုလုပ်လိုက်မိတယ်။ အဲ့ဒါေြကာင့်ဖျက်ထားတာပါ။ ။

Update
XP, Vista ေတွမှာလည်းသံုးလို့ရတယ်လို့ သူငယ်ချင်းတချို့ကေြပာပါတယ်။ ။

မြိတ်မြို့ရှိ အိမ်များတွင် ငှက်ခေါ်စက် အသုံးပြုသူ များပြားလာ ကုန်းတွင်းပိုင်းရှိ အိမ်များတွင်ပါ တပ်ဆင် အသုံးပြုလာ

AddThis Social Bookmark Button
b4815
မြိတ်မြို့တွင် ငှက်ခေါ်စက် အသုံးပြုသူ များပြားလာပြီး ကုန်းတွင်းပိုင်းရှိ အိမ်များတွင်ပါ တပ်ဆင် အသုံးပြုလာနေကြောင်း သိရသည်။
အိမ်များတွင် ငှက်ခေါ်စက် တပ်ဆင် အသုံးပြုရာတွင် ဇီဝဇိုးငှက်များကို မိမိ၏နေအိမ် အဆောက်အအုံများသို့ လာရောက် အသိုက်ဖွဲ့နေထိုင်ရန် ခေါ်ယူခြင်း ဖြစ်သည်။ နေအိမ် အဆောက်အအုံများရှိ ငှက်ဝင်နိုင်သော နေရာများတွင် ပြတင်းပေါက် ဖောက်ခြင်း၊ ငှက်ခေါ်ပုံးများရိုက်ကာ ခေါ်ခြင်းများ ပြုလုပ်ကြကာ ဇီဝဇိုး ငှက်အော်သံအတုများ ပြုလုပ်ကြကာ မြူဆွယ်ကြလေ့ ရှိသည်။
''ငှက်ခေါ်စက်တွေကို အသုံးပြုရာမှာ ကျူတာဆိုဒ်တွေ အမျိုးမျိုးကို အသုံးပြုကြတယ်။ ပေ ၄၀ x ၆၀ အိမ်တစ်လုံးလောက် ဆိုရင် အကြီးလေးလုံးနှင့် အငယ် ၁၀ လုံးကျော်လောက်ဆို လုံလောက်တယ်။ တချို့က ကျူတာ ဒါဇင်နှင့်ချီပြီး အသုံးပြုကြတယ်။ ငှက်အော်သံတွေ သွင်းထားတဲ့ စီဒီတွေလည်း အမျိုးမျိုးရှိတယ်။ ကျူတာအနေထားမှန်ရင်တော့ ငှက်ဝင်ဖို့ အလားလာရှိပါတယ်။ ကျူတာ အသုံးပြုရာမှာ အရေးကြီးတဲ့အတွက် တပ်ဆင်ရာမှာ စနစ်ကျသွားရင် ငှက်ဝင် နိုင်ပါတယ်''ဟု ငှက်ခေါ်စက် တပ်ဆင်ပေးသူတစ်ဦးက ပြောကြားခဲ့သည်။
ဇီဝဇိုးငှက်များ၏ အသိုက် (သို့) ငှက်အန်ဖတ်မှာ တန်ဖိုးကြီးသောကြောင့် ရင်းနှီးမြုပ်သူ များပြားလာကာ အချို့အိမ်များမှာ ငွေကျပ် သိန်းထောင်ချီကာ ရင်းနှီးမြုပ်နှံထားကြောင်း သိရသည်။
''ဆူနာမီ ဖြစ်ပြီးနောက်ပိုင်းမှာ မြိတ်ကျွန်းစုဒေသတွေဆီကို ဒီငှက်တွေ ပိုမို ရွေ့လျားလာတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တွေမှာရှိတဲ့ ဒေသ အတော်များများမှာ ငှက်ခေါ်စက် အသုံးပြုပြီး ငှက်တွေ ၀င်ရောက်နေထိုင်ဖို့ ကြိုးပမ်းနေကြပါတယ်''ဟု ဒေသခံ တစ်ဦးက ရှင်းပြပါသည်။
မြိတ်မြို့တွင် ငှက်ခေါ်စက် အသုံးပြုကာ ငှက်ခေါ်နေသော အိမ် အရေတွက်မှာ ရာနှင့်ချီကာ ရှိလာပြီး အောင်မြင်နေသော အိမ်မှာလည်း တစ်ရာခန့် ရှိကြောင်း စက်လိုက်လံ တပ်ဆင်ပေးသူ တစ်ဦးထံမှ သိရသည်။ ငှက်သိုက်မှာ နာလန်ထစ လူနာများ အတွက် များစွာ အသုံးဝင်ကြောင်း သိရသည်။
ငှက်သိုက်များကို အများကို ခြောက်လလျှင် တစ်ကြိမ်မျ ကောက်ယူလေ့ရှိကာ ငှက်သိုက် တစ်ပိဿာ ကျပ် ၂၈ သိန်းဝန်းကျင်ခန့် ရှိကြောင်း သိရှိရသည်။

Saturday, December 10, 2011

ရယ်စရာကောင်းတဲရည်းစားစာလေးပါ

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ် ၊ မိကျောင်းမင်း ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့
မထင်စေချင်ဘူးနော်။ ကိုယ့်မှာ မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို ၊ အိတ်ပေါက်နဲ့ ဖားကောက်
ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ၀က်ဖြစ်မှတော့ မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ ။ မင်းအဖေကို ပြောလိုက်ပါ
မြင်းကမလှုပ် ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ ။ ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။
ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲမနေပါနဲ့လို့ ။ မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ အလုပ်မရှိ
ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့ ။ ကိုယ့်ရဲ့ မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို
 ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….


နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့်
ဆက်ရက်တောင်ပံကျိုးလိုဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်း သမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။သူများ အကြောင်းလည်း
မပြောချင်ပါဘူး အချစ်ရယ်ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့ဖြစ်မှာပေါ့လေ။ တကယ်တော့
သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ ကြွက်သေတစ်ခု အရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်လို့၊
ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့ ပြောတော့
ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ
သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။ ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း
အထီးမှန်း အမမှန်းတောင် မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊  ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊
ကျီးကန်းသူကောင်း မြှောက် ချေးကောက်စား ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။

တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက် ၀က်တပ် ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။
မင်းအဖေကလည်း ကြောက်ပါတယ်ဆို ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့ ငါးကြင်းကျော်ချင်နေတာ။
ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့် ကျွဲနှစ်ကောင်ကြားထဲက မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်မင်းဖြစ်အင်ကိုသာ
တွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။

တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင် မြားတစ်စင်း ဆိုတာကို မြင်ပုံမရဘူး။
ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး စွတ်မိုက်နေတာ။ အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး
ပုဇွန်ဆိတ်ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ် လို့ပဲပြောပြော။ သူ့မိဘတွေကလည်း
ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။ တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ
ငါးပွက်ရာငါးစာချဖို့ ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင် ငါးကင်ပစ် လုပ်သွားဦးမှာ။
နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါ နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့
မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့ မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့
ကိုယ့်ယောက္ခမလောင်းကြီးရဲ့ သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။

မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင် နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို
ပွက်ပွက်ညံနေပါရော။တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို
မင်းအဖေကြီးငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင်
လမ်းဖြစ်မယ်လို့ ထင်နေတာလေ။ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက် သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်းလုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင် မင်းပါစိတ်ဆိုးတော့မယ်။ အင်း… ဆင်ဖြူ့မျက်နှာ
ဆင်မည်းမကြည့်ဝံ့ ဆိုသလိုကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး သာသာပဲရှိတော့… အင်း…
ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။

မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။ မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။
ဟုတ်ချင်လည်းဟုတ်မှာပါ။ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့ တုတ်သာသာရှိတော့…
ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။ အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။
ကဲပါ… ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။

တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။ ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော်
ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊ နွားသိုးကြိုးပြတ်
မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။

အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှသစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း
သမင်မွေးရင်း ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေးခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ
သမင်ကူ မမှားဖို့အရေး၊ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး Style မျိုးဖြစ်သွားတော့၊
ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။ တကယ်တမ်းဆိုရင်ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း
ကိုယ်ကမင်းကို ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို နာတာရှည်လားချည်း လာလာမေးနေလေတယ်။
ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။ ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း
ရေခင်းပြတွေ ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။ သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ
ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။ ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ ဒါမှမဟုတ်များ
ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။

မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။
အလကားရတဲ့ သမက်… အဲ… နွား သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ်အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို
လက်တုန့်မပြန်ချင်ပေမယ့်လည်း တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်ရှို့ပစ်မိတော့မှာ။ ရော့…ပတ္တမြား
ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့ ကြုံရင်ပြောလိုက်စမ်းပါ။
ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး မြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင် မျောက်မျက်နှာကြည့်ဆိုသလို
ကိုယ်နာလည်ပေးရမှာပေါ့။

တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊ ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့
သမီးမျိုးကို မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊ ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။
ဘာပဲပြောပြောပါ။ မင်းမရှိတဲ့ ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့  အချစ်တွေကလည်း
ကျားသနားမှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ၊ ကိုယ်ဟာ မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ
အမှန်ပါအချစ်ရယ်။

တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ် ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ချုံပေါ်ရောက်ပြီးေ
ရွှပင်မှာနားတဲ့ ရွှေကျေးလေး ဖြစ်တော့မှာပါ

--
ဆိုဒ်လေးတစ်ခု မှ ကူးယူခြင်းသာ ဖြစ်ပါသည် ။ ကျွန်တော့် ၏ ကိုယ်ပိုင် ရေးသားချက်များ တစ်စုံတစ်ခု မှ မပါပါဘူး ခင်ဗျား ။ ကူးချတာတော့ ပိုင်တယ်လေ ။ သိနေတယ် ဟုတ်

Online ကဟာသများ


အိမ်ထောင်သက်နှစ်၂၀ပြည့်အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲပြုလုပ်ပြီးနောက် ဇနီးသည်ကခင်ပွန်းဖြစ်သူအား မေး လေသည်။
" လွန်ခဲ့တဲ့နှစ်၂၀ဖြစ်တဲ့ဒီလိုနေ့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်နော် "
" ဟုတ်တာပေါ့ "
" အဲဒီနေ့တုန်းက ပျော်လိုက်တာ မင်္ဂလာပွဲလာတဲ့လူတွေလည်း အများကြီး "
" အင်း... ဟုတ်တယ် "
" အဲဒီနေ့ကိုဘယ်တော့မှမမေ့ဘူး၊ ၀မ်းသာလွန်းလို့။ ရှင်ရော... "
" ငါလည်းဘယ်တော့မှ မမေ့ပါဘူး "
" ပျော်လွန်းလို့လား "
" ငါ့ဘ၀မှာ စိတ်ဆင်းရဲမှုစတင်ခဲ့တဲ့နေ့မို့လို့လေ။ "

ပူဆွေးလိုက်ပုံက

အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် ပါအတိုင်းရေရွတ်ကာ ပူဆွေးနေလေသည်။
" မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ၊ မင်းဘာကြောင့်စောစောသေခဲ့ရတာလဲ "
ပထမအမျိုးသားသည် ထိုသူ၏အနားသို့ချဉ်းကပ်ပြီး မေးကြည့်လိုက်မိလေသည်။
" ကျွန်တော် ခင်ဗျားရဲ့ကိုယ်ရေးကိုယ်တာပူဆွေးမှုကိုတော့ ၀င်ရောက်မစွက်ဖက်ချင်ပါဘူးဗျာ၊ ဒါပေမဲ့ အခုခင်ဗျား ရဲ့ နာကျင်ခံစားနေတဲ့ပုံစံမျိုး အရင်ကမတွေ့ဖူးလို့၊ ဘယ်သူ့အတွက်ဒီလောက်ထိထိခိုက်ခိုက် ပူဆွေးနေရတာလဲ၊ ခင်ဗျားကလေးအတွက်လား၊ မိဘအတွက်လား။ အဲဒီဂူထဲမှာရှိနေတာကကော ဘယ်သူလဲလို့ သိပါရစေခင်ဗျာ။ "
" ကျွန်တော့်မိန်းမရဲ့ ပထမခင်ပွန်းပါ "
" အဲဒါနဲ့များ ဘာဖြစ်လို့ဒီလောက်ပူဆွေးနေရတာလဲ "
" သူစောစောစီးစီးသေသွားတော့ သူ့ရဲ့ဒုက္ခတွေကို ကျွန်တော်က သူ့ကိုယ်စားခါးစည်းခံနေရလို့ပါ "

ဟုတ်ကဲ့ဆရာ

အမျိုးသမီးတစ်ဦးသည် ကျန်းမာရေးမကောင်းသော သူမ၏ခင်ပွန်းအားဆေးခန်းသို့ လိုက်ပြပေးလေသည်။ ခင်ပွန်းအား ဆေးစစ်မှုများပြုလုပ်ပြီးနောက် ဆရာဝန်ကသူ၏ရုံးခန်းအတွင်းသို့ သူမအားခေါ်ကာခင်ပွန်းသည် အတွက် တီးတိုးမှာကြားလေသည်။
" မင်းရဲ့ခင်ပွန်းဟာ စိတ်ဖိစီးပြီး စိတ်ကစဥ့်ကလျားရောဂါ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။ တကယ်လို့သာ ငါ့ရဲ့ ညွှန်ကြားချက်ကို ဂရုတစိုက်မလိုက်နာဘူးဆိုရင် မင်းရဲ့ခင်ပွန်းဟာ ကျိန်းသေပေါက်သေမှာပဲ "
" ဟုတ်ကဲ့ဆရာ "
" နံက်တိုင်းသူ့ကို ကျန်းမာရေးဓာတ်စာကျွေးရမယ်၊ အချိန်တိုင်းသူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်၊ ညစာကို သူ့အတွက် ကောင်းကောင်းပြင်ဆင်ချက်ပြုတ်ကျွေးမွေးရမယ်။ "
" ဟုတ်ကဲ့ဆရာ "
" ဝေယျာဝစ္စတွေနဲ့သူ့ကို ၀န်မပိစေနဲ့။ ပြသာနာတွေကိုလည်းသူနဲ့မဆွေးနွေးလေနဲ့၊ ဆွေးနွေးရင်သူ့အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ သူ့ကို နားပူနားဆာမလုပ်နဲ့၊ အရေးကြီးဆုံးကတော့ သူ့ကိုအမြဲတမ်းချစ်ချစ်ခင်ခင်နေဖို့ပဲ၊ အဲဒီ လိုသာ မင်းလိုက်နာခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း မင်းခင်ပွန်းရဲ့ကျန်းမာရေးဟာ လုံးလုံးပြန်ကောင်းလာလိမ့်မယ်"
" ဟုတ်ကဲ့ဆရာ "
အိမ်အပြန်လမ်းတွင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဤသို့မေးလေသည်။
" ဆရာဝန်က မင်းကိုဘာတွေပြောလိုက်လဲ "
" ရှင်မကြာခင် သေရတော့မယ်လို့ပြောလိုက်တယ် "

စောင့်ပါ

ဂျွန်နှင့်စမစ်အမည်ရှိမိတ်ဆွေနှစ်ဦးအားလပ်ရက်တစ်ရက်၌ ငါးမျှားရင်းစကားပြောလျက်ရှိသည်။
" အိမ်မှာနေရတာ အဆင်မပြေပါဘူးကွာ "
" ဘာဖြစ်လို့လဲ "
" ငါ့မိန်းမနဲ့စကားမပြောတာကြာပြီ "
" ဟုတ်လား "
" အဲဒါ ဒီမိန်းမကို ကွာရှင်းလိုက်ရင်ကောင်းမလားလို့စဉ်းစားနေတယ် "
" ကောင်းတယ် မြန်မြန်သာကွာရှင်လိုက်ကွာ "
" ဘာဖြစ်လို့လဲ "
" မင်းနဲ့ကွာရှင်းပြီးတဲ့အထိစောင့်ပါလို့ ငါ့ကိုပြောထားလို့ "

ပိုကောင်းသွားမှာပါ

ဘောလုံးပြိုင်ပွဲတစ်ပွဲ၏နောက်ဆုံးဗိုလ်လုပွဲ၌ ဒိုင်လူကြီးအဖြစ်တာဝန်ယူခဲ့သူတစ်ဦးက အိမ်ရောက်သည်နှင့် သူတာဝန်ယူခဲ့မှုကို သူ့ဇနီးအား ပြောပြလေသည်။
" ဒီနေ့ဘောလုံးပွဲကြည့်သေးလား "
" ကြည့်တာပေါ့ "
" ဘောလုံးသမားတွေ ကစားတာကြမ်းတော့ အတော်လေးထိန်းခဲ့ရတယ် "
" အင်း "
" ပွဲကလည်းကောင်းတယ်ကွာ "
" ဟုတ်တယ် "
" ငါဘောလုံးပွဲကြီးကြပ်တာ ကောင်းတယ်မဟုတ်လား "
" အမှန်အတိုင်းပြောရရင်... "
(ဇနီးသည်က စကားကိုဆက်မပြောပဲရပ်ထားရာ)
" ပြောလေကွာ အမှန်အတိုင်းပြောစမ်းပါ "
" ရှင်မပါရင်အဲဒီပွဲက ဒီ့ထက်ပိုကောင်းသွားမှာ "

တူလိုက်တာနော်

ဘောလုံးပွဲများကြည့်လွန်းသဖြင့်ဇနီးဖြစ်သူနှင့်စိတ်အခန့်မသင့်ဖြစ်နေသည့် ခင်ပွန်းဖြစ်သူသည်ဇနီးဖြစ်သူမီးဖွား ကြောင်း တယ်လီဖုန်းဝင်လာသဖြင့် ဆေးရုံသို့အမြန်လိုက်သွားခဲ့သည်။
" စိုးရိမ်လိုက်တာ၊ နေကောင်းရဲ့လား "
" ကောင်းပါတယ် "
" သားလေးဆိုတော့ ကိုယ်ဝမ်းသာလိုက်တာကွာ "
" ဟုတ်တယ် "
" ကလေးလည်းကျန်းမာတယ်လို့ ဆရာဝန်တွေကပြောတယ်မဟုတ်လား "
" ကျန်းမာတယ် ဘာရောဂါမှမရှိဘူးတဲ့၊ သားလေးကိုကြည့်စမ်း ဘယ်သူနဲ့တူလဲဟင် "
" ကိုယ့်သားလေးက စီရိုနယ်ဒိုနဲ့တပုံစံတည်းပဲနော်... "

နှစ်၂၀ပြည့်ပြီလေ

အမျိုးသမီးတဦးသည် ညသန်းခေါင်အချိန်မှအိပ်ရာမှနိုးလာစဉ် ခင်ပွန်းဖြစ်သူအိပ်ရာထဲတွင်မရှိသည်ကို သိလိုက် ရလေသည်။ ထို့ကြောင့် သူမအောက်ထပ်သို့ဆင်းခဲ့ရာ မီးဖိုချောင်အတွင်းရှိစားပွဲတွင် ကော်ဖီတစ်ခွက်ကိုရှေ့၌ချ လျက်ထိုင်နေသော ခင်ပွန်းသည်အားတွေ့လိုက်ရလေသည်။ သူသည်ရှေ့ရှိနံရံကိုစိုက်ကြည့်ကာ အတွေးနယ်ချဲ့ လျက်ရှိသည်ကို သူမတွေ့လိုက်ရပြန်သည်။ ထို့အပြင် ခင်ပွန်းဖြစ်သူမျက်ရည်သုတ်ပြီး ကော်ဖီတစ်ငုံသောက် လိုက်သည်ကိုလည်း သူမတွေ့လိုက်ရသဖြင့် သူမသိလိုသည်ကိုမေးလိုက်သည်။
" ဘာဖြစ်လို့လဲ ယောက်ျားရေ ဒီအချိန်ကြီးကျမှ ဘာဖြစ်လို့ အောက်ဆင်းထိုင်နေရတာလဲ "
" ဟိုး... လွန်ခဲ့တဲ့နှစ်၂၀တုန်းက မင်းအသက်၁၆နှစ်အရွယ်မှာ မင်းနဲ့ကိုယ်ချိန်းတွေ့ခဲ့ကြတာ မင်းမှတ်မိရဲ့လား "
" မှတ်မိတာပေါ့ "
"အဲဒီတုန်းက ကိုယ့်ကားရဲ့နောက်ခန်းမှာရှိနေကြတဲ့မင်းနဲ့ကိုယ့်ကိုမင်းအဖေမိသွားတာကိုလည်းမှတ်မိသေးလား"
" ဒါလည်းမှတ်မိတာပဲ "
" အဲဒီအချိန်မှာ မင်းအဖေက ကိုယ့်ရဲ့မျက်နှာကိုသေနတ်နဲ့ချိန်ပြီး မင်းငါ့သမီးကိုယူရင်ယူ၊ မယူရင်ထောင်ထဲမှာ နှစ်၂၀နေရစေ့မယ်လို့ပြောခဲ့တာလည်း မှတ်မိဦးမှာပေါ့ "
" သိပ်မှတ်မိတာပေါ့ "
ခင်ပွန်းသည်က သူ၏ပါးပြင်ပေါ်သို့ကျနေသော မျက်ရည်ကိုထပ်သုတ်ရင်း ပြောလိုက်သည်မှာ
" ဒါဆို ဒီနေ့ကိုယ်မင်းနဲ့နေခဲ့တာ နှစ်၂၀ပြည့်ပြီဖြစ်လို့ ကိုယ်ထွက်သွားလို့ရပြီပေါ့ "
"ဘာရယ် "

ဖြစ်ပုံက

နယူးယောက်မြို့မှ လော့စ်အိန်ဂျလိစ်မြို့သို့ ပျံသန်းလာသောခရီးသည်တင် လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ် မှူး၏ အသံထွက်ပေါ်လာသည်။
" ကျွန်တော်တို့ ခရီးသည်တင်လေယာဉ်ဟာ လော့စ်အိန်ဂျလိစ်မြို့သို့ဦးတည်ပျံသန်းနေပါတယ် "
" ခါးပတ်ဖြုတ်လို့ရပြီလား "
" ဟုတ်ကဲ့ အခုချိန်မှာခါးပတ်တွေဖြုတ်ပြီး အေးအေးဆေးဆေးနေလို့ရပါပြီ "
" ကျေးဇူးတင်ပါတယ် "
နောက်မိနစ်၂၀ခန့်ကြာသော်...
" ခရီးသည်များခင်ဗျား ကျွန်တော်တို့လေယာဉ်ကို ဆီမဖြည့်ခဲ့မိပါဘူး။ ခါးပတ်များပြန်ပတ်ပြီး အသင့်သာပြင်ထား ကြပါတော့ "

ဒါကြောင့်ပါ

အကြိတ်အနယ်ယှဉ်ပြိုင်ကစားရသည့်ဗိုလ်လုပွဲကို ကြီးကြပ်ခဲ့ရသည့်ဒိုင်လူကြီးအား ဘောလုံးပွဲအပြီးတွင် သတင်း ထောက်တစ်ဦးက တွေ့ဆုံမေးမြန်းလေသည်။
" ဒီနေ့ပွဲက အကြိတ်အနယ်ရှိပြီး ပွဲကောင်းတစ်ပွဲလို့ထင်ပါသလား "
" စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲပါပဲ "
" ဒီပွဲမှာ နှစ်ဖက်ကစားသမားတွေ ကစားပုံနည်းနည်းကြမ်းတယ်နော် "
" အနိုင်ရလိုစိတ်နဲ့ပါ "
" ဒီလောက်ပွဲကြမ်းနေပေမယ့် အ၀ါကတ်၊ အနီကတ်တွေထုတ်မသုံးခဲ့ဘူးနော်... အဲဒါ... ဘာဖြစ်လို့ပါလဲ... "
" နှစ်ကတ်စလုံး အိမ်မှာမေ့ကျန်ခဲ့လို့ပါ "

အကြံပြုလိုက်ပုံက

Company ပိုင်ရှင်သူဌေး၏ မော်တော်ယာဉ်ပျောက်ဆုံးသွားသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို သူ၏မန်နေဂျာ များနှင့်ဆွေးနွေးရာ
သူဌေး ။ ။ စီမံမန်နေဂျာ အကြံဥာဏ်ပေးပါဦး...
စီမံမန်နေဂျာ။ ။ ရဲစခန်းကိုအကြောင်းကြားသင့်ပါတယ်သူဌေး
သူဌေး ။ ။ အင်း... ဟုတ်တော့ဟုတ်ပါတယ်...ကဲ အုပ်ချုပ်မှုမန်နေဂျာ ပြောပါဦးခင်ဗျာ
အုပ်ချုပ်မှုမန်နေဂျာ။ ။ သံသယရှိတဲ့ လူတွေစာရင်းပြုစုပြီး ရဲစခန်းကိုပေးလိုက်တာကောင်းမယ်
သူဌေး ။ ။ ဒါလည်း စဉ်းစားသင့်တဲ့အချက်ပါပဲ။ ကဲ...ငွေစာရင်းမန်နေဂျာကကောဘယ်လိုသဘော
ရလဲ
ငွေစာရင်းမန်နေဂျာ။ ။ သူဌေးရဲ့ ဘဏ်စာရင်းကို ကြည့်လိုပါတယ်
သူဌေး ။ ။ ဘာဖြစ်လို့လဲ
ငွေစာရင်းမန်နေဂျာ။ ။ ကားအသစ်တစ်စီးဝယ်ဖို့ မှတ်ချက်ပြုမလို့ပါ

ရပါတယ်

Company ပိုင်ရှင်တစ်ဦးက မန်နေဂျာရာထူးအတွက် လျှောက်ထားသူသုံးဦးအား လူတွေ့စစ်ဆေးမေးမြန်းလျက် ရှိရာ ထိုရာထူးအတွက် အင်ဂျင်နီယာဘွဲ့ရတစ်ဦး၊ ကွန်ပျူတာကျွမ်းကျင်သူတစ်ဦးနှင့် စာရင်းအင်းကျွမ်းကျင်သူ တစ်ဦးတို့အား မေးခွန်းမေးရာ
ပိုင်ရှင်။ ။ ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလဲ...
အင်ဂျင်နီယာဘွဲ့ရ။ ။ ကိန်းဂဏန်းများတွက်ချက်နိုင်သည့်ပေတံကိုအိတ်ထဲမှထုတ်ကာစစ်ဆေးကြည့်ရှုပြီး
၎ရပါတယ်ဆရာ။
ပိုင်ရှင်။ ။ ခင်ဗျားကရော ၂နဲ့၂ပေါင်းရင် ဘယ်လောက်ရလည်းပြောပါဦး....
ကွန်ပျူတာကျွမ်းကျင်သူ။ ။ အိတ်ထဲမှဂဏန်းပေါင်းစက်ကိုထုတ်ကာခလုတ်များနှိပ်ပြီးနောက် ၄ရပါတယ်ဆရာ
ပိုင်ရှင်။ ။ ကဲ.... ခင်ဗျားလည်းပြောပါဦး.....
စာရင်းအင်းသမား။ ။ ပိုင်ရှင်၏မျက်နှာကိုအတန်ကြာစူးစိုက်ကြည့်ရှုပြီးမှ ဘယ်လောက်ဖြစ်စေချင်လည်း
ပြောပါဆရာ

ဖယ်ရှားလိုက်ပုံက

မြေးဖြစ်သူ၏လည်ချောင်းအတွင်း အိမ်ရိုက်သံတစ်ချောင်းဝင်သွား၍ ပုဂ္ဂလိကဆေးခန်းတစ်ခန်း၌ ခွဲစိတ်ဖယ်ရှား နေမှုကိုကြည့်ရှုနေသောတူဖြစ်သူအား အဘွားဖြစ်သူက ဖုန်းဖြင့်လှမ်းမေးခဲ့သည်။
" ဘယ်လိုနေလဲ "
" ခွဲစိတ်နေတုန်းပါပဲ "
" ကြာလိုက်တာ "
" ခက်ခက်ခဲခဲ ခွဲစိတ်နေရတယ် "
" လွယ်ပါ့မလား "
" ကြိုးစားနေကြပါတယ် "
" အဲဒီသံချောင်းက မထွက်သေးဘူးလား "
" ဟာ..... ထွက်သွားပြီ "
" ဟဲ့.... ဘာထွက်သွားတာလဲ သံချောင်းလား... "
" ဟုတ်ဘူး.... အသက် "

သြော် အလုပ်

Company တစ်ခုတွင်အလုပ်ချိန်ဝင်ချိန်အမြဲတမ်းနောက်ကျရောက်ပြီးအိမ်ပြန်ချိန်စော၍ပြန်တတ်သည့်ဝန်ထမ်း တစ်ဦးအား မန်နေဂျာကခေါ်ယူသတိပေးလေသည်။
" အလုပ်ဝင်ချိန်နောက်ကျပြီး ပြန်ချိန်ကျတော့ စောနေတယ် "
" ဟုတ်ကဲ့ပြင်ပါ့မယ် "
" နေ့လည်မှာလည်းလက်ဖက်ရည်သောက်ချိန်၊ ထမင်းစားချိန်၊ စကားပြောချိန်တွေကများပြီး အလုပ်ချိန်ကနဲနဲပဲ
ရှိနေတယ် ပြင်ပါ "
" ဟုတ်ကဲ့ပါ "
" တစ်နှစ်လုံးမှာ ခင်ဗျားအလုပ်ချိန်ကနဲနဲလေးပဲရှိနေတယ် ဒါကြောင့်...မနက်ဖြန်က တစ်နှစ်လုံးရဲ့နောက်ဆုံးနေ့ပဲ ၈နာရီအပြည့်အလုပ်လုပ်ရမယ် " Read more...
Labels: Comedy | 0 comments
Reactions:
အင်တာနက်ပေါ်မှ ဟာသလေးများ-၆ by www.kohtet4you.co.cc Mar15အရင်းမစိုက်ပဲ အမြတ်ထုတ်ခြင်း

ရာဘင်နိုဘစ်ခ်ျ နယူးယောက်ကို ရောက်လာတယ်။ စါးသောက်ဆိုင်တစ်ဆိုင်ကိုသွားပြီး ဆိုင်မန်နေဂျာကိုမေးတယ်။
" ဒီဆိုင်မှာ .. ဆာရာ ဆိုတဲ့ အမျိုးသမီး အလုပ်လုပ်နေတယ်လို့ ကြားရပါတယ်။သူမကို ဘယ်မှာတွေ.နိုင်မလဲ ခင်ဗျာ။
မန်နေဂျာက ဘားကောင်တာ ဘေးမှာရပ်နေတဲ့ အမျိုးသမီးကိုညွန်ပြလိုက်တယ်။ ကောင်မလေးနားကို ရာဘင်နိုဘစ်ခ်ျ ကပ်လာပြီးပြောတယ်။
"ခင်ဗျားဟာ အင်မတန်လှတဲ့ မိန်းကလေးပါလား။ ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါလား။ ဒေါ်လာ နှစ်ရာပေးမယ်လေ။ဘယ့်နှယ့်လဲ။ "
ကောင်မလေး သဘောတူလိုက်တယ်။(ပုံမှန်ဈေး 50/100 $ ထက်မပို ဟုကြားဖူးသည်။)
နောက်တနေ. ရာဘင်နိုဘစ်ခ်ျ ထပ်ရောက်လာပြီး မနေ.ကအတိုင်း ကမ်းလှမ်းတယ်။ကောင်မလေးက သဘောတူပြန်တယ်။
တတိယနေ.တွင်လည်း ယခင်ရက်များကအတိုင်း ရာဘင်နိုဘစ်ခ်ျ ကမ်းလှမ်းပြန်တယ်။ ကောင်မလေး ဒီတခါလဲမငြင်း။
ဟိုတယ်ခန်းထဲတွင် ကောင်မလေးက သူ.ကိုမေးတယ်။ " အစ်ကိုကြီး ပိုက်ဆံသိပ်ပေါတယ်နော် ။ ဘယ်ကလာတာလဲဟင်။
" မော်စကိုက....."
" ဟယ် ..ဟုတ်လား။ ကျွန်မရဲ. ဒေါ်လေး အဲဒီမှာနေတာရှင့် "
" အေး... မင်းကို ဒေါ်လာ ခြောက်ရာပေး ပေးပါလို. သူကပဲငါ့ကို လူကြုံပါးလိုက်တာလေ။ "
****************

ဒါကြောင့်မို့လို.

ချီကာဂိုမြို.မှ ဆာရာဂိုးစတိန်း ဆိုသူ အမျိုးသမီးကြီးသည် မိမိ မရောက်ဘူးတဲ့ ဖလော်ရီဒါပြည်နယ်သို. ခရီးထွက်ရန်ဆုံးဖြတ်လိုက်သည်။
ေ၇ာက်သောအခါ ဟိုတယ်တစ်ခုသို.၀င်တယ်။ဒီဟိုတယ်မှာ အချို.လူမျိုးကို လက်မခံသော ဟိုတယ်ဖြစ်တယ်။
ဟိုတယ်မန်နေဂျာကိုမစ် ဂိုးလ်စတိန်းက ပြောတယ်။ " နှစ်ပတ်ကြာနေဖို့ ကျွန်မ အခန်းတစ်ခန်းလိုချင်တယ်။ "
မန်နေဂျာ က ပြန်ပြောတယ်။ '' ၀မ်းနည်းပါတယ်... ကျွန်တော်တို့ဆီမှာ အခန်းလွတ်မရှိပါဘူး။
ထိုအချိန်တွင် ဧည့်သည်တယောက် အခန်းလာအပ်တာကိုတွေ.ရတော့ ၀မ်းသာအားရ ပြောတယ်။
" ကြည့်စမ်း.. အဆင်ပြေလိုက်တာ။ အခန်းတခန်း လွတ်သွားပြီလေ။ အဲဒီအခန်းကျွန်မကိုပေးလို.ရပြီပေါ.။ "
"ဒီလိုလွယ်လွယ် တွက်လို.မရဘူး။.. ကျွင်္နတော်တို.ဆီမှာ ဂျူးလူမျိုးတွေကို လက်မခံပါဘူး။ "
" ဘယ်သူလဲ ဂျူးလူမျိုး.. ကျွန်မလား..ကျွန်မ ကတ်သိုလစ် ဘာသာဝင်ရှင့် "
" ဒါကို ယုံကြည်ဖို. ခက်ပါတယ်။ မေးခွင်.ပြုပါ။ ဘုရားသခင်ရဲ့ သားတော်ဟာဘယ်သူပါလဲ။ "
" မယ်တော် မေရီ ကမွေးတဲ့ ယေရှု သခင်ပေါ့ရှင်. ..."
" သူ. ကိုဘယ်မှာမွေးတာလဲ။ "
" နွားတင်းကုတ်မှာ "
" ဘာဖြစ်လို. နွားတင်းကုတ်မှာမွေးရတာလဲ ...။"
" နင်တို.လို အကောင်မျိုးတွေကြောင့် မယ်တော် မေရီ အခန်းငှားမရလို.တဲ့ဟေ...။


***************************

သေမင်းနှုတ်ခမ်း ခရီးသွား လုပ်ငန်း

- အလုပ်ဖိစီးပြီး စိတ်ပင်ပန်းနေသူများ
- သမက်နှင့်မတည့်သော ယောက္ခမများ
- ယောက္ခမနှင့် မတည့်သော သမက်များ
- အိမ်ထောင်ရေး အဆင်မပြေသည့် ယောင်္ကျားနှင့် မိန်းမများ အတွက်
မေတ္တာလက်ဆောင် ဝယ်ပေးသင့်သည့် “ သေမင်းနှုတ်ခမ်း ” ခရီးစဉ်များနှင့်
ဝန်ဆောင်မူ့များမှာ......
၁။ ဘရိတ် မကောင်း၊ စက် မကောင်း၊ ကြမ်းခင်း မကောင်းသည့် ကားများဖြင့် သွားရမည်။
၂။ လမ်းခရီးတွင် ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းသိုး၊ ဟင်းသိုးများဖြင့် ဧည့်ခံမည်။
၃။ လမ်းခရီးတွင် ရေငတ်ပြေစေရန် ငံပြာရည် ပုလင်းများကို လိုသလောက် ပေးမည်။
၎။ လမ်းခရီးတွင် အမူးအမော ပြေစေရန် နာမည်ကြီး “ ချေးလူးသေးလူး ကုမ္မဏီ ”
မှ ထုတ်လုပ်သည့် ချေးချော့ကလက်၊ ချေးပရုတ်ဆီများ ( ကြော်ငြာသည့် အနေဖြင့်
) ကို အခမဲ့ ပေးမည်။
၅။ အေးအေးဆေးဆေး တည်းခိုလိုသူများအတွက် ရေခဲတိုက် စီစဉ်ပေးမည်။
၆။ ဇိမ်ခံလိုသူများအတွက် ကြမ်းပိုးကိုက်သည့် အိပ်ရာများ စီစဉ်ပေးပါမည်။
၇။ အဆင့်မြင့်မြင့် တည်းခိုလိုသူများအတွက် ထန်းပင်ထိတ်ဖျားတွင် ပုခက်ဆင်ပေးပါမည်။
၈။ လမ်းခရီးတွက် အပျင်းပြေစေရန်အတွက် အစအဆုံး ရန်ဖြစ်သည့် မြန်မာ
ဗွီဒီယိုကားများဖြင့် ဖျော်ဖြေပေးပါမည်။
ကျွန်မတို့ သွားမည့် ခရီးစဉ်များမှာ.....
၁။ ပင်လယ်မျော့ ပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် ( ထိုမှ )
၂။ ငါးပူတင်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ)
၃။ ငါးမန်းပေါသည့် ရေချိုးဆိပ်တွင် တစ်ညအိပ် (ထိုမှ ခရီးသည်များ ကျန်သေးလျှင်)
၎။ တောင်တက်ခရီးစဉ် ( အင်းလေးကန်အတွင်းသို့ ကန်ချသည့်) အပန်းဖြေ
ခရီးစဉ်....( ထိုမှ ခရီးသည် ကျန်သေးလျှင်)
၅။ တောင်အောက်ခရီးစဉ် ( သတိ ဘရိတ်ပိုက် ဖြုတ်ပေးမည်)
ပိုက်ဆံ မတတ်နိုင်ပါက...အလကား ခေါ်ဆောင်ပါမည်။

.............................................................................................................................

သိတတ်တယ်.....

သားက ညတိုင်း မေမေနဲ့အိပ်တော့ မေမေက "သား ကြီးလာလို့ မိန်းမယူရင်ကော
မေမေနဲ့ပဲအိပ်မလား!"

"မေမေနဲ့ပဲ အိပ်မှာပေါ့"

"ဒီလိုဆိုရင် မေမေ့ချွေးမ ဘယ်လိုလုပ်မလဲ"

"ဖေဖေနဲ့ အိပ်ခိုင်းလိုက်မယ်"

ဖေဖေက သားစကားကို ဝင်ထောက်တယ် "အင်း.. ဒီကလေး ငယ်ငယ်ရွယ်ရွယ်နဲ့ သိတတ်လိုက်တာ"

.................................................................................................................................

ဆရာဝန်ရဲ့ စမ်းသပ်ပုံ

အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။

အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။
ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က “ ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။
ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့” လို့ ပြောတော့ အမျိုးသမီးက
“ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ” လို့
ဒေါသတကြီး ပြန်အော်လိုက်တယ်။

....................................................................................................................................

ဒေါက်တာ ဘာမီတွန်

ဟိုးတုန်းက ..မြို့တစ်မြို့မှာ ဆရာဝန်တစ်ယောက်ရှိသတဲ့။

အဲဒီဆရာဝန်က ဘယ်လိုလူနာလာလာ ဘာမီတွန်သာ(Burmeton) ပေးတတ်သတဲ့။

တစ်နေ့ အဲဒီမြို့က အမျိုးသမီးတစ်ယောက်ဟာ ဆရာဝန်ကို ပညာစမ်းလိုတဲ့
စိတ်နဲ့ သူရဲ့ သမီးဖြစ်သူကိုခေါ်ပြီး ဆရာဝန်ဆီသွားတာတော့တာပဲ…

အမျိုးသမီး….ဆရာ ကျွှန်မသမီးလေး ဗိုက်တွေအရမ်းနာနေလို့ပါ..

ဆရာဝန်….ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက်လိုက်..

အမျိုးသမီးကတော့ မကျေနပ်တဲ့ မျက်နှာနဲ့ ပြန်ထွက်လာလေရဲ့။

ဒါနဲ့ နောက်တစ်နေ့ထပ်သွားပြန်တော့တာပဲ..။

အမျိုးသမီး…..ဆရာ ကျွှန်မ ရာသီလာတာ ရက်မမှန်လို့ ဆရာ။

ဆရာဝန်…. ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက်လိုက်။

ဒီတစ်ခါလည်း အမျိုးသမီးက မကျေမနပ်နဲ့ဘဲ ပြန်ခဲ့ တယ်။ နောက်တစ်ရက်

အမျိုးသမီး….ဆရာ ကျွှန်မအမျိုးသား အရက်သောက်များပြီး အိပ်ရာထဲလဲနေလို့ပါ။

ဆရာဝန်….ဘာမှမပူပါနဲ့ဗျာ ရော့ ဘာမီတွန်လေးသောက် ခိုင်းလိုက်။

ဒီတစ်ခါတော့ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ အမျိုးသမီး က

…..ဆရာ ကျွှန်မ ကလေးမလိုချင်လို့ သားဆက်ခြားချင်လို့ပါ။

ဒီတစ်ခါတော့ ဆရာဝန်ခေါင်းတော်တော်စားသွားပြီး
ဟိုတွေးဒီတွေးလုပ်နေပါတယ်။ ဒါကိုကြည့်ပြီး အမျိုးသမီး ကတော့
အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူ့ရဲ့အပျော်တွေဟာ
ဆရာဝန်ရဲ့စကားကြောင့် ဆိတ်သုဉ်းသွားလေရဲ့။
ဆရာဝန်ပြောလိုက်တာက”’ခင်ဗျားအမျိုးသားကို ဘာမီတွန် တိုက်လိုက်””’ ဟူ
သတည်း။

...............................................................................................................................

လဲမယ်လေ........

တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့
တာနဲ့ မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး
ချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကို မိန်းမပိန်ပိန်
တစ်ယောက်ဖြတ်လာတယ်။
သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့
အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်..." အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။
ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။
ဖမ်းသွားရအောင်..." လို့မေးတယ်။ အဖေကလည်း
" ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်
မင်းအမေကို ချက်စားကြတာပေါ့သားရယ် …"

............................................................................................................................

ထကြ....ထကြ...

လူတစ်ယောက်က ဆေးရုံသွားပြီး ညညအိပ်မရတဲ့အကြောင်း ဆရာဝန်ကို
ဆွေးနွေးတိုင်ပင်တယ်။ ဆရာဝန်က ညအိပ်တဲ့အချိန် အိပ်ပျော်နိုင်ဖို့
တစ်ခုခုကို တတွတ်တွတ်ရွတ်ဆိုပြီးအိပ်ဖို့ အကြံပေးလိုက်တယ်။ ဒါပေမယ့်
အရာမရောက်ခဲ့ဘဲ နောက်တစ်နေ့ မနက်မှာ ဆရာဝန်ဆီ သူပြန်ရောက်လာခဲ့တယ်။

ဒီတစ်ခါ ဆရာဝန်က သူ့ကိုနောက်အကြံတစ်ခု ပေးလိုက်တယ်။ ညရောက်တာနဲ့ အဲဒီလူက
"ခြေညိုးတွေအိပ်ပါ... ခြေသလုံးအိပ်ပါ... ဒူးခေါင်းအိပ်ပါ..." နဲ့
မျက်စိအထိ သူ့ခန္ဓာကိုယ်အားလုံးကို တဖြေးဖြေး အိပ်မွေ့ချနေခဲ့တယ်။
အိပ်ပျော်ခါနီးမှာ ဝတ်လစ်စလစ်နဲ့ ညဝတ်အင်္ကျီဝတ်ပြီး ဝင်လာတဲ့မိန်းမကို
တွေ့တော့ အဲဒီလူက သူခန္ဓာကိုယ်ကို ပုတ်ပြီး ပြောလိုက်တယ်။

"ထ.. ထ.. အားလုံး.. ထကြ" ဟူတည်း။

...........................................................................................................................

ဂလို....ဂလို...

သေသွားတဲ့ လူသုံးယောက်ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။

ပထမတစ်ယောက်
အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ
ကပျာကယာ အိမ်ပေါ်ထပ်က ပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန်
အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာ
ကျွန်တော်သေသွားခဲ့တယ်။

ဒုတိယတစ်ယောက်
အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။
ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို
ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ
ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။
ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်တော့ အဝတ်အစား မသပ်မရပ်နဲ့
ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း
စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့
ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။

တတိယတစ်ယောက်
ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့
ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့
ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း"
ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။
...............................................................................................................................

မသိဘူး

မော်စကိုမြို့လယ် ဂေါ်ကီလမ်းအတိုင်း ညမှောင်ရီပျိုးစအချိန်တွင် ကိုဘဲဥ
လမ်းလျှောက်လာသည်။
အရက်မူးနေသော လူတစ်ယောက် သူ၏အနားကပ်လာပြီး မေးသည်။
``ဟေ့ ဘဲဥ၊ ကောင်းကင်မှာ လင်းနေတဲ့ဥစ္စာဟာ နေလား။ လလား ဟင်´´
``မသိဘူးဗျ၊ ကျွန်တော် ဒီအရပ်က မဟုတ်ဘူး´´

.............................................................................................................................

ဘဲဥစစ်သား (၁)

တပ်သားဘဲဥ ကင်းစောင့်နေသည်။ လူတစ်ယောက် ဖြတ်လာသည်။ ဘဲဥ လှမ်းအော်ပြီး ပြောသည်။
``စကားဝှက်ပြော´´
``ကြက်ဖ´´
``အေး.... သွား´´
နောက်တစ်ယောက် ဖြတ်လာပြန်သည်။
``စကားဝှက်ပြော´´
``ကြိုးကြာ´´
ဘဲဥက ပြောလိုက်သည်။
``ကြိုးကြာ မဟုတ်ဘူး။ ကြက်ဖ။ အေး... သွား´´

...............................................................................................................................

ဘဲဥစစ်သား(၂)

တပ်သား ဘဲဥ ကင်းစောင့်နေသည်။
``ရပ်လိုက်၊ ဘယ်သူလဲ´´
``ငါပါ။ တာဝန်ကြပ်ပါကွ။ ပုလင်းပါ ဆွဲလာတယ်ကွ´´
``တာဝန်ကြပ်သွား၊ ပုလင်းရပ်နေ´´

ဘဲဥ စစ်သား (၃)

မော်စကိုမှ စစ်သင်တန်းပြီးသွားသော ကိုဘဲဥ မွေးရပ်မြေသို့ ပြန်ရောက်လာသည်။
မိဘများက အပြစ်တင် စကားပြောသည်။

``ဟဲ့သား၊ မော်စကိုမှာ သင်တန်းသွားတက်တဲ့ သုံးနှစ်လုံးလုံး တို့ဆီကို
ဘာဖြစ်လို့ စာတစ်စောင်မှ မရေးတာလဲကွ´´
``ဖေဖေတို့မှ လိပ်စာမပေးဘဲဟာ´´

3:11 PM မြန်သလားမမေးနဲ့ ..
ကန်ထရိုက်တာနှစ်ဦးအကြွားပြိုင်နေကြသည်။
ပ-ကန်ထရိုက် ။ ။ ငါတို့ ကန်ထရိုက်အဖွဲ့နဲ့ဆောက်ရင် တိုက်တစ်လုံးဟာ
(7)ရက်နဲ့ပြီးတယ် ..
ဒု-ကန်ထရိုက် ။ ။ ဟွန်း .. ကြာလိုက်တာ။ ငါတို့ကန်ထရိုက်နဲ့သာဆောက်၊
မနက်ကစဆောက်ရင် ညနေဆို တိုက်ပိုင်ရှင်က အိမ်လခမပေးနိုင်လို့
တိုက်ခန်းငှားနေတဲ့သူတွေကိုနှင်ချနေတာ တွေ့ရလိမ့်မယ် ။

လက်ဆောင်ကောင်း ..
``နင့်သူငယ်ချင်းမွေးနေ့မှာ ဘာလက်ဆောင်ပေးလိုက်လဲ´´
``င့ါရဲ့အယ်ဇေးရှင်းခွေးကြီးနှစ်ကောင်လက်ဆောင်ပေးလိုက်တယ်´´
``ဟယ် .. ဒီလောက်အဖိုးတန်တဲ့
ခွေးကြီးနှစ်ကောင်ကိုအလကားလက်ဆောင်ပေးပြစ်ရလား နှမြောလိုက်တာ´´
``ကိစ္စမရှိပါဘူး .. ဒီနှစ်ကောင်ညမိုးချုပ်ရင် င့ါအိမ်ကိုပြန်ပြေးလာကြမှာပါ´´

အားလုံးပေါင်းတော့ ..
အန်တီကြီး ။ ။ ဟေ့ .. အန်တီ့ကိုကြည့်ပြီးအသက်ဘယ်လောက်ရှိမယ်ဆိုတာ
ခန့်မှန်းကြည့်စမ်း ..
လူငယ် ။ ။ အင်း ဆံပင်ကိုကြည့်ပြီးပြောရင် 15 နှစ်အရွယ်၊
အန်တီ့သွားတွေကိုကြည့်ပြီးပြောရရင် အသက် 20 အရွယ်၊
ကိုယ်လုံးကိုကြည့်ပြီးပြောရရင်တော့ အသက်အစိတ်မကျော်ဘူးလို့ထင်ရတယ် ..
အန်တီကြီး ။ ။ ဟယ် .. တကယ်ပဲလားဟင် ..
လူငယ် ။ ။ တကယ်ပါ .. အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ အသက် 60 အရွယ်ပေါ့ ..

ပိုနီးလို့ ..
တစ်ကိုယ်လုံးညစ်ပတ်ပေရေနေအောင် ဆော့ထားသော သားငယ်ဖြစ်သူအား ဖခင်က ခေါ်ရ်ျဆူသည် ..
``မင်း တော်တော်ညစ်ပတ်တဲ့ကောင်ပါလား၊ ဖေဖေ့ကိုကြည့်စမ်း၊
ဖေဖေ့လိုသန့်သန့်ရှင်းရှင်း နေစမ်းပါလားကွ´´
ထိုအခါ သားဖြစ်သူက ပြန်ပြောလိုက်ပုံမှာ ..
``ဟာ .. ဖေဖေ့လိုတော့ ဘယ်သန့်ရှင်းပါ့မလဲ၊ ဖေဖေက အရပ်အမြင့်ကြီးပဲဟာ၊
ဖေဖေ့ထက်စာရင် သားက မြေကြီးနဲ့ပိုနီးတာကိုး´´

ရှင်းရော ..
``မင်း ကဗျာရွတ်ပြိုင်ပွဲမှာ မပါဘူးလား´´
``ငါ့ .. ငါ့ကို .. မ … မ .. ပြိုင်ရဘူးတဲ့´´
``ဘာဖြစ်လို့လဲ´´
``အ .. အရပ် .. ပု .. ပု .. ပုလို့တဲ့ကွ´´

ဒီနေ့ကံကောင်းပါလား ..
``င့ါဦးလေးက တောပစ်ထွက်တာ အရမ်းဝါသနာပါတယ်ကွ၊ သူတောပစ်ထွက်တိုင်း
အမြဲကံကောင်းတာချည်းပဲ´´
``ဟင် .. မင်းဦးလေး တောပစ်ထွက်တိုင်းအမြဲကံကောင်းတယ်သာပြောတယ် ..
တစ်ခါမှလည်း အမဲရပြီး ပြန်လာတာမတွေ့ပါလား´´
``လူမသေပဲပြန်ပြန်လာလို့ ကံကောင်းတယ်ပြောတာကွ´´

ကျေးဇူးပြုရ်ျ ..
အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦးသည် ကားတစ်စီးကိုလှမ်းတားပြီး ..
``ကျေးဇူးပြုပြီး ရှင် ကားပြင်တတ်လား၊ ကျွန်မကား စက်နှိုးလို့မရတော့လို့
ကူညီပါရှင်´´
``ခင်ဗျားကားက ဘာချွတ်ယွင်းသွားလို့လဲ´´
``ကာဘရိုက်တာထဲ ရေ၀င်သွားလို့ပါရှင်´´
``ဒါဖြင့် ကျွန်တော်လိုက်ကြည့်ပေးမယ်လေ၊ ခင်ဗျားကား ဘယ်မှာလဲ´´
``ဟိုရှေ့တံတားအောက်က မြစ်ထဲမှာပါရှင်´´

အားလုံးပေါင်းတော့ ..
သမီးရည်းစားနှစ်ယောက်ချိန်းတွေ့ကြရင်း မိန်းကလေးဖြစ်သူက ယောက်ျားလေးအား
သူ့ဓါတ်ပုံတစ်ပုံပေးသည်။ ယောကျာ်းလေးသည် နောက်ကျောကစာကိုဖတ်ပြီး
မျက်လုံးပြူးခဲ့ရလေသည်။
``ကိုကိုရယ် .. ကိုကို့ကို အချစ်စစ် အချစ်မှန်နဲ့ တကယ်ကိုချစ်မိတာပါ ..
နှလုံးသားက သစ္စာချစ်နဲ့ ထာဝရချစ်သူ .. သိန်း´´
သတိ
``ကိုကို၊ သူများတို့နှစ်ယောက် အဆင်မပြေလို့ ဖြတ်ကြရင်တော့
ဒီဓါတ်ပုံလေးပြန်ပေးနော်´´

ကျွမ်းကျင်ရာလိမ္မာ ..
ပါတီပွဲသို့တက်ရန် အ၀တ်အစားဝတ်နေသောသူတစ်ဦး သူ၏လည်စီးကို တပ်ဆင်ရာ
စိတ်တိုင်းမကျဖြစ်နေသည်။ ထိုစဉ် သူ့အခန်းရှေ့မှဖြတ်သွားသော
သူတစ်ဦးကိုတွေ့သဖြင့် လှမ်းခေါ်ပြီး ..
``ကျွန်တော့ကို ကျေးဇူးပြုပြီး ဟော့ဒီလည်စီးလေး စည်းပေးပါခင်ဗျာ´´
``ရပါတယ်ဗျာ .. ကုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ´´
ထို့နောက် ထိုလူက လည်စည်းကို ကျွမ်းကျင်စွာပင် စည်းပေးလိုက်သည်။
``ကျေးဇူးပဲဗျာ .. ခင်ဗျားစည်းပေးလိုက်မှ စတိုင်ကျသွားတော့တယ်၊ ဒါနဲ့
ခင်ဗျားက မတ်တပ်စည်းမပေးပဲ ဘာလို့အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ´´
``ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကိုပြင်ဆင်ပေးရတဲ့သူမို့ပါ´´

အရေးတယူ ..
``ဗျို့ .. အိမ်ရှင်တို့ အိမ်ရှင်တို့´´
အိမ်ရှင် ။ ။ ဘာကိစ္စလဲရှင် ..
``ကျွန်တော် ရေပိုက်ပြင်သမားပါ၊ အစ်မကြီးတို့အိမ်က ရေပိုက်ပြင်ဖို့ ခေါ်ထားလို့ပါ´´
အိမ်ရှင် ။ ။ ဟင် .. ကျွန်မတို့လည်း မခေါ်ရပါလားရှင် ..
``ဒါဖြင့် ဒီအိမ်က မစ္စတာမာတင်တို့အိမ် မဟုတ်ဘူးလား´´
အိမ်ရှင် ။ ။ မဟုတ်တော့ဘူးရှင့်၊ သူတို့ဒီအိမ်ကပြောင်းသွားတာ တစ်နှစ်လောက်ရှိပြီ ..
``ကဲ .. အဲ့ဒါသာကြည့်တော့ အစ်မကြီးရေ၊ သူတို့ပဲ အရေးကြီးလို့
ရေပိုက်အမြန်ပြင်ချင်တယ် လာပါဆိုလို့လာရတယ်၊ ဒီရောက်တော့
သူတို့ကပြောင်းသွားပြီတဲ့ .. ဟွန်း´´

3:13 PM ၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

"ဟေ့ မင်းဘယ်သူလဲ"
"ဂျင်မီနီပါ သခင်"
"လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား"
"ဟုတ်ပါတယ် သခင်"
"ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း"
"ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
"ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။"
"ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ"
"ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ"
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
"ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး"

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
"ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ"
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
"ဝေလငါးနဲ့ တူတူ အိပ်လို့ပါ"
"ပီတာ မင်

“အငြင်းဝါကျများ”




ရေစုန်မကြိုက်ဘူး
လှေကြုံမလိုက်ဘူး
ကိုယ့်ခွန်ကိုယ့်အားထက် စိတ်ချရတဲ့အရာ
ဒီကမ္ဘာမှာမရှိဘူး...

ဗေဒင်မလိုဘူး
ယတြာမလိုဘူး
လုံ့လ၀ီရိယထက် ယုံကြည်ရမယ့်အရာ
ဒီလောကမှာ မရှိဘူး...


မေခလာမမျှော်ဘူး
ဒေ၀တာမမျှော်ဘူး
မိမိကိုယ်ထက် အားကိုးရမယ့်အရာ
ဒီဇမ္ဗူမှာ ဘာမှမရှိဘူး...

ခြေဖျားမထောက်ဘူး
အောက်ခြေမလွတ်ဘူး
မမြဲတဲ့တရားထက် မြဲတဲ့အရာ
ဒီဒ္ဓန္နယာမှာ ဘာမှမရှိဘူး...



အာရုံမများဘူး
ကာမဂုဏ်မမှားဘူး
ကိုယ်ကျင့်တရားထက် ဦးညွှတ်ရမယ့်အရာ
ဒီဘ၀မှာ ဘာမှမရှိဘူး...

ပြီးတော့
ဆွမ်းသွတ်မခိုင်းဘူး
အမျှဝေမခိုင်းဘူး
သတိမြဲသူရဲ့ ဘ၀ကူးထက် ကတိမြဲတဲ့အရာ
ဒီသံသရာမှာ ဘာမှမရှိဘူး.....။ ။