Saturday, July 21, 2012

၂ လီတာ ရေပုလင်းကို မီးသီးအဖြစ်သုံးပုံ


မြန်မာနိုင်ငံလို လျှပ်စစ်မီး မလုံလောက်ပဲ အလင်းငတ်လင့်နေတဲ့ နိုင်ငံတွေအတွက် အလွန်သင့်တော်တဲ့ နည်းပညာတခုပါ။ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုဆိုင်ရာ နည်းပညာ တခုဖြစ်တဲ့ ၂ လီတာ ရေပုလင်းတွေ ထဲ ရေထည့်၊ မျက်နှာကျက်မှာ လျှပ်စစ် အလင်းအစားသုံးတဲ့ နည်းစနစ်တခု Green Cupboards အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံက အိမ်တွင်းလုပ် နည်းပညာ တခုလည်းဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အပြည့်အ၀ သုံးပြီး ပုလင်း တလုံးကို ၆၀ Watt လျှပ်စစ်မီးသီးတွေလို အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။ အလင်းယိုင်ခြင်း သဘောကို ထူးခြားစွာ အလင်းအတွက် အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။

၂ လီတာ ရေပုလင်းထဲကို ရေအပြည့်ထည့် အဖုံးပိတ်ပြီး အိမ်ခေါင်မိုးမှာ ရေပုလင်းရဲ့ ၃ ပုံ ၁ ပုံကို ဖော်ထားပြီး ကျန် အပိုင်း ကို အိမ်ရဲ့ အတွင်းပိုင်းမှာ မီးသီးအဖြစ် ထားလိုက်တာပါ။ အိမ်တလုံးမှာ အခန်းအကျယ် အ၀န်းအပေါ် မူတည်ပြီး ပုလင်း အရေအတွက်ကို သုံးလို့ ရပါတယ်။ ဒီနည်းစနစ်ကိုပဲ “A litre of Light” လို့ ခေါ်ဆိုပါတယ်။

ဒါကြောင့် ဒီနည်းစနစ်ဟာ မြန်မာနိုင်ငံအတွက် အလွန်အသုံးတည့်ပါတယ်။ အမေရိကန် GE ကုမ္ပဏီကြီးဆီက မီးစက်ကြီး တွေ ၀ယ်စရာလည်း မလိုဘူး။ နောက်မီတာခလည်း ပေးဆောင်စရာမလိုဘူး။ မီးဖြတ်မှာ၊ အလှည့် ကျပေးတာကို စောင့်ရ မှာလည်း မလိုဘူး။

ဒါပေမယ့် ဒီနည်းစနစ်က အဲယားကွန်းတွေ၊ ကွန်ပျူတာ၊ အင်တာနက်သုံးဖို့ လျှပ်စစ်ဓာတ်အားကိုတော့ မထုတ်ပေးနိုင်တာ ကြောင့် ဒါမျိုးတွေပါ သုံးလို့ရမယ့် နည်းစနစ်တခုကို မြန်မာများ တီထွင်နိုင်လိမ့် မယ်လို့မျှော်လင့်တယ်။

ဂျပန်တွေဟာ လောကဓံကို ခံစားရရင် အံတုဘို့ နည်းပညာတွေ တီထွင်နိုင်ကြတယ်။ မြန်မာတွေလည်း အားကျမခံ အမှောင်ထဲက အလင်းရဖို့ အခု ဖိလစ်ပိုင်ထက်သာတဲ့ နည်းပညာသစ်တခုကို နှစ်ပေါင်းများစွာကြာ လာပေမယ့် အခုထိ မတီထွင်နိုင်သေးတာ စဉ်းစားစရာပါ။

မြန်မာသက္ကရာဇ် ဖြစ်လာပုံ

သက္ကရာဇ်

သက္ကရာဇ်ဆိုသည်မှာ အချိန်ကာလကို အမှတ်အသားတစ်ခုအနေဖြင့် သတ်မှတ်ထားသော စံတစ်ခုဖြစ်ပေသည်။ အချိန် ၂၄-နာရီကို တစ်ရက်အဖြစ်သတ်မှတ်ပြီး ရက်ပေါင်း ၃၆၅-ရက်ကို တစ်နှစ်ဟုသတ်မှတ်သည်။ တစ်နှစ်ကို သက္ကရာဇ် တစ်ဟု သတ်မှတ်သည်။

သက္ကရာဇ် (၅)မျိုး

(၁) မဟာ သက္ကရာဇ် = ဂေါတမဘုရားရှင်၏ ဘိုးတော် (သီရိမဟာ မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးသည် ဒိဗ္ဗစက္ခုအဘိညာဉ် ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး မိမိလက်ထက်၌ ရောက်ဆဲဖြစ်သော သက္ကရာဇ် (၈၆၄၅)ခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီးလျှင် တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ် တစ်ခု ထားလေသည်။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်တွင်လေ သည်။ ထိုအချိန်သည် မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလိုဖြစ်သည်။ ဂေါတမ ဘုရားရှင် ၏ သက်တော် (၈၀)နှင့်ပေါင်းသော မဟာ သက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သာ ရှိသည်။ ထို ၁၄၈ နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စ၍တွက်သည်။


(၂) သာသနာ သက္ကရာဇ် = မဟာ သက္ကရာဇ်၏ သက်တမ်းမှာ (၁၄၈)နှစ်သို့ ရောက်သော အခါ ဂေါတမဘုရားရှင်သည် ပရိနိဗ္ဗာန် စံတော်မူသည်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ် ပြည့်ရှင်ဘုရင် အဇာတသတ် ကြီးကြပ်၍ ပထမသင်္ဂါယနာတင်တော်မူပြီးနောက် သက္ကရာဇ် (၁၄၈)ကို ဖြိုခွင်းပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ကြွင်းထားခဲ့သည်။ ထိုမှစ၍ သာသနာသက္ကရာဇ် ပေါ်ပေါက်လာသည်။


(၃) ကောဇာ သက္ကရာဇ်၊ မြန်မာ သက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှ စ၍ ရေတွက်သည်။ (လက်ရှိ မြန်မာ ပြက္ခဒိန်)

(၄) ခရစ် သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ကို ရေတွက်သည်။

(၅) ခရစ် သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးနှစ်မှစ၍ အစဉ်အတိုင်း ရေ တွက်သော နှစ်များ ဖြစ်သည်။ (လက်ရှိ အင်္ဂလိပ် ပြက္ခဒိန်)


သက္ကရာဇ် ဖြိုခြင်း အစ

ဂေါတမဘုရားရှင်၏ ဘိုးတော် အဉ္ဇနမင်းကြီး လက်ထက်တွင် ဒိဗ္ဗစက္ခုအဘိညာဉ် ရ ဒေ၀ီလရသေ့နှင့် တိုင်ပင်ပြီး ရှိရင်းသက္ကရာဇ်(၈၆၄၇)နှစ်မှ (၈၆၄၅)နှစ်ဖြို၍ ကျန်နှစ်နှစ်ကို ဘိုးတော်အဉ္ဇနမင်း ဖြိုကြွင်းသော အဉ္ဇနသက္ကရာဇ် (မဟာသက္ကရာဇ်)အဖြစ် သုံးစွဲခဲ့လေသည်။

အဉ္ဇနသက္ကရာဇ် အတွင်းမှာပင် ဂေါတမဘုရားရှင် သည် သက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့်တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့ပါသည်။ ထိုနှစ်မှာပင် ၀ါခေါင်လ မှ စ၍ ပထမ သင်္ဂါယနာ တင်ရာ ၇ လကြာခဲ့သည်။ ထိုစဉ်က မဂဓတိုင်း၊ ရာဇဂြိုလ်ပြည်၌ စိုးစံသောဘုရင် အဇာတသတ် နှင့် အရှင်မဟာကဿပတို့ တိုင်ပင်ပြီး ရှိပြီး ၁၄၈-ခုနှစ် ကို ဖြို၍ ထိုနှစ်ကို ဗုဒ္ဓသာသနာနှစ် (သာသနာသက္ကရာဇ်) ၁ ခုနှစ် ဟု သတ်မှတ်ခဲ့သည်။


ထိုမှတစ်ဖန် အစဉ်အဆက် သာသနာသက္ကရာဇ် ကို ဆက်လက် သုံးစွဲလာခဲ့ကြရာ သာသနာသက္ကရာဇ် ၆၂၄-ခု ရောက်သောအခါ သရေခေတ္တရာပြည့်ရှင် သုမုန္ဒီရဇ် မင်းလက်ထက်တွင် ရှေးဆရာ ပညာရှိ ရသေ့ကြီးများ၏ နည်းအရ ဒေါဒေါရသ (ခေါ်) နှစ်ရှည် သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်သဖြင့် ၆၂၄-ခုနှစ်မှ ၆၂၂-ခုနှစ်ကို ဖြို၍ အကြွင်း ၂ -နှစ်ကို ထားကာ သုမုန္ဒရဇ်(သရေခေတ္တရာ) သက္ကရာဇ် အဖြစ် မှတ်သားသုံးစွဲ ခဲ့ပြန်သည်။

သုမုန္ဒရဇ်သက္ကရာဇ် ၅၆၂-ခုသို့ ရောက်သောအခါ ပေါက္ကံပြည့်ရှင် ဆရာသင်္ဃရာဇ် ခေါ် ပုပ္ပါးစောရဟန်းမင်း(ပုဂံမင်းဆက် ၂၁ ဆက်မြောက်မင်း) လက်ထက် ခန်းဆပဉ္ဇာ (ခေါ်) နှစ်တို သက္ကရာဇ် ဖြိုကိန်းနှင့် ကြုံကြိုက်ပြန်သည်နှင့် ၅၆၂ ခုမှ ခန်းဆပဉ္ဇာ ၅၆၀ ခု ဖြိုပြီး ကျန်သော ၂ ခု ကို ပေါက္ကံသက္ကရာဇ် အဖြစ် ယနေ့ထိ အဖြိုမရှိတော့ဘဲ ဆက်လက်သုံးစွဲခဲ့သည်။ ထိုသုံး စွဲခဲ့သော ပေါက္ကံသက္ကရာဇ်သည် ယခုအခါ မြန်မာကောဇာသက္ကရာဇ် (ဂေါဇာသက္ကရာဇ်) ဟုခေါ်သည်။

ထိုအချိန် မှ စ၍ သာသနာသက္ကရာဇ် ဟူသော မူလ အခေါ် ပျောက်သွားကာ ကောဇာသက္ကရာဇ် (သို့) သက္ကရာဇ် ဟုသာ သုံးပါတော့သည်။ သိရိခေတ္တရာ ပြည် ဘုရင် သုမုန္ဒီရဇ်မင်း ဖြိုသော ၆၂၂ ကို ပုပ္ပား စောရဟန်း လက်ထက် ဖြိုသော ၅၆၀ နှင့် ပေါင်း လျှင် ၁၁၈၂ နှစ် ရပါသည်။ ယင်း ၁၁၈၂ ကို လက်ရှိ ရောက်နေသော ကောဇာ သက္ကရာဇ် တွင် ထည့်ပေါင်းပါက ပထမသင်္ဂါယနာတင် ချိန် က စခဲ့သော သာသနာ သက္ကရာဇ် ကို ရပါသည်။

    လက်ရှိ ခရစ်နှစ် က (၆၃၈) ကို နှုတ်လျှင် မြန်မာသက္ကရာဇ် ကို ရမည်။

    မြန်မာ ပြက္ခဒိန်နှစ် ကို (၁၁၈၂) ပေါင်းပါက သာသနာနှစ် ကို ရမည်။



သက္ကရာဇ်ဖြိုရာ အင်္ဂါ ၃-ပါး

သက္ကရာဇ်ဖြိုခြင်း ဟူသည်ကား ဂဏန်းသင်္ချာအရေအတွက်တွေ များလာသည်ကို လွယ်ကူစွာ သိမှတ်နိုင် စေရန်ရည်သန်၍ အသစ်အတို ပြုခြင်းပင်ဖြစ်၏၊ သို့သော် အောက်ပါ အင်္ဂါ၃-ပါးနှင့် ညီညွတ်မှ ဖြိုအပ်သည်၊ဖြိုကောင်းသည်ဟု ပညာရှိတို့တွက်ကိန်းပုံစံ ထားကြကုန်၏၊ ကံနီ အတွင်းဝန်မင်းကမူ ကိန်းခမ်းညီးအောင်ဖြိုခြင်းသာ လိုရင်းပဓာနမှတ် ဟု ဆိုလေသည်။

    ရောက်ဆဲသက္ကရာဇ်တည်၇-ခုနှင့်စား၊ အကြွင်းမဲ့ပြတ်၊
    ရောက်ဆဲ သက္ကရာဇ်တည်၁၉-ခုစား၊ အကြွင်းမရှိပြတ်၊
    ရောက်ဆဲသက္ကရာဇ်တည် ၉၅-ခုစား၊ အကြွင်းမရှိပြတ်။

သက္ကရာဇ်ဖြိုမင်း  ၇ မင်း


(၁) အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦးကာလမှစ၍ ``မဟာသုဒ္ဓ၀ယပ္ပ´´ဟူသော ပိဋကသင်္ချာနှင့်အညီ သက္ကရာဇ် (၁၁၄၉၇၈၅) ခုနှစ်တို့ကိုဖြိုခဲ့သည်။

(၂) ကုသမင်းကြီးလက်ထက်မှာ ``နာတိမဇ္ဇလဒ္ဓံဝိယ´´ ဟူသော ပိဋကသင်္ချာကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၁၄၉၃၈၅၆၀) သော ခုနှစ်တို့ကိုဖြိုခဲ့လေသည်။

(၃) ဘိုးတော်အဉ္စနမင်းကြီးသည် ဒေ၀ီလရသေ့နှင့်တိုင်ပင်ကာ ``မာဃစန္ဒေ၊ သို့မဟုတ်ဏ၀စန္ဒေ ´´ ဟူသော ပိဋက သင်္ချာ ကိန်းခမ်းနှင့်အညီ သက္ကရာဇ် (၈၆၄၅) ခုနှစ်တို့ကို ဖြိုခဲ့လေသည်။


(၄) အဇာတသတ် မင်းကြီးနှင့် ရှင်မဟာကဿပထေရ် တိုင်ပင်ကာ ``ဒေ၀ီယ´´ ဟူသော ပိဋကသင်္ချာ ကိန်းနှင့်အညီ သက္ကရာဇ် (၁၄၈)ခုနှစ်တို့ကို ဖြိုလိုက်ပြန်လေသည်။

ထိုနောက် သာသနာသက္ကရာဇ် ၆၂၄-ခုနှစ်သို့ရောက်သောအခါ-

(၅) သုမုန္ဒရီမင်းကြီးသည် သီရိခေတ္တရာပြည်ကြီး၌ ``ဒေါဒေါရသ ´´ကိန်းခမ်းအရ ၂-ခုကြွင်းထား ၍ သက္ကရာဇ် (၆၂၂)နှစ် တို့ကို ဖြိုကာ ၂ က ပြန်စသည်။

ထိုနောက် ၅၆၂-ခုနှစ်သို့ရောက်ပြန်သောအခါ-

(၆) ပုပ္ပါးစောရဟံ မင်းကြီးသည် ပုဂံပြည်၌ ``အလံဗိက´´ ကိန်းကြုံ၍ ``ခဆပဉ္စန်း´´  ခေါ်(၅၆၀) တို့ကို ၂ ခုကြွင်းထားလျက် ဖြိုကာ ၂ က ပြန်စသည်။ ယနေ့ မြန်မာသက္ကရာဇ်ဖြစ်လာသည်။

ထိုမှနောက် သက္ကရာဇ် (၈၀၀)ခုနှစ်သို့ရောက်သော အခါ

(၇) မိုးညှင်း မင်းတရားကြီးသည်၊ ``အဋ္ဌန၀ သတ္တကိန်း´´ သို့မဟုတ် ``ဗသျှုဆိဒ္ဒမုနိကိန်း ´´ အရ (၇၉၈) ခုနှစ်တို့ကို ဖြိုပြန်သော်လည်း ကိန်းခမ်း မရောက်၍ မပြို မကြေဟု ပညာရှိတို့ ဆိုကြ ကုန်၏၊

ထိုနောက်ကား သက္ကရာဇ်ဖြိုမင်း မရှိ မပေါ်သေးပေ။

ငါအိုသွားသောအခါ(လိုသူတွေအတွက်တော့ကောင်း၏)


- ငါအိုသွားသောအခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

- ချည်နဲ့ နဲ့  လက်တွေနဲ့  ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ အင်္ကျီ၊ လုံချည် ဖိုသီဖတ် သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့ ။ ငယ်ငယ်တုံးက ငါ သုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

- အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုံးက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ် နိပါတ်တော်တွေ၊ ဇာတ်ကြီးဆယ်ဘွဲ့ တွေ စတဲ့ ပုံပြင်တွေ မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့တာကို သတိရပေးပါ။

- မလှုပ်ရှားနိုင်လို့  ရေချိုးဖို့  အကူအညီလိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့ ။ ငယ်ငယ်လေးတုံးက ချော့တ လှည့် ခြောက်တလှည့် ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

- ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ။ ငယ်ငယ်တုံးက "ဘာကြောင့်ဆို တဲ့" မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို သတိရပေးပါ။

- စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့  ငါ့ကို ကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုံးက တစ်လှမ်းချင်း လှမ်းလျှောက်လေ့ကျင်ပေးခဲ့တာတွေ ကို သတိရပေးပါ။

- တစ်နေ့ ထက်တစ်နေ့  အိုစာသွားတဲ့ ငါ့ကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့ ။ နားလည်ပေးပါ။ အားပေးပါ။ အရင်တုံးက လူ့ ဘ၀တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ခြင်းမေတ္တာနဲ့  အေးမြမှုတွေကို ငါ ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ ရမှာပါ။

သားတို့  သမီးတို့ ရေ........ ထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေကွယ်။

Link လေးတွေထပ်တင်ပေးလိုက်တယ်နော်

Thursday, July 19, 2012

Internet Download Manager ကို Full Version ဖြစ်အောင် Install လုပ်နည်း

ကျွန်တော် ဒီနေ့တော့ တောင်းဆိုတာလဲ များနေတဲ့အပြင် တော်တော်များများလဲ အဆင်မပြေသေးတဲ့ IDM ကို Full Version ဖြစ်အောင်မသုံးတက်သေးတဲ့ သူတွေအတွက် Keygen နဲ့ Patch File အသုံးပြုနည်းရယ် ၊ အဲ့ဒါတွေကို အသုံးမပြုမှီ ဘာတွေပြင်ဆင်ဖို့ လိုတယ်ဆိုတာရယ် မိမိစက်မှာ လက်ရှိသုံးနေတဲ့ Internet Downlaod Manager က Update မဖြစ်ဖူးဆိုရင် ဘယ်လို Update ပေးပြီး Full Version သုံးလို့ရအောင် ဘယ်လိုလုပ် ရမယ်ဆိုတာကို အသေးစိတ် Install လုပ်နည်းကအစ ပုံလေးတွေနဲ့ ရှင်းပြပေးသွားပါမယ်.. ဒီနေရမှာ ကျွန်တော်က ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ ဆိုတာကိုပဲ အဓိကရေးပေးသွားမှာပါမယ် .. 

တစ်ခါတစ်လေ ကျတော့လဲ စာရေးရတာ တော်တော်စဉ်းစား နေရပါတယ်.. တစ်ချို့က ကွန်ပျူတာ နဲ့ပါတ်သတ်ရင် သုံးတက်တာကလွဲပြီး Software ပိုင်းတွေ နဲ့ပါတ်သတ်ရင် လုံးလုံးကိုနားမလည်တဲ့ သူတွေရှိပါတယ် .. ကျွန်တော်အနေနဲ့ အများစုအဆင်ပြေအောင် အတက်နိုင်ဆုံးတော့ ပုံလေးတွေနဲ့အဓိက ထားပြီး ရေးပေးနေတာပါပဲ.. တကယ်လို့မိမိတို့က ကွန်ပျူတာအခြေခံ လုံးဝမရှိသေးလို့ နားမလည်ဘူးဆိုရင်တောင် ပုံလေးတွေကြည့်ပြီးတော့ ကြိုးစားပြီးလုပ်ပေးစေချင်ပါတယ်.. စမ်းမကြည့်ပဲနဲ့ ဘာတွေရေးထားမှန်း နားမလည်ဘူးဆိုရင်တော့ ကျွန်တော်လည်း ဘာမှတက်နိုင်မှာမဟုတ်ပါဘူး .. ဘယ်အရာမဆို ကိုယ်တိုင်ကြိုးစား အားထုတ်မှုလေးတွေတော့ လိုအပ်တာအမှန်ပါပဲ.. ဘာမှမသိဘူးဆိုပြီး ဘာမှမလုပ်ပဲနေရင်တော့ ဘာမှသိလာမှာလဲမဟုတ်ပါဘူး ..

ကျွန်တော် အနေနဲ့ ပို့စ်တွေကို ပုံတွေနဲ့အသေးစိတ်ရှင်းပြဖို့ ပြင်ဆင်ရတာ အရမ်းအချိန်ပေးရပါတယ်.. စာရေးတယ် ဆိုတာက ကိုရေးချင်တာကို ချရေးရတာ တစ်ခုထဲဖြစ်လို့ အဆင်ပြေပါတယ်.. ပုံတွေနဲ့ရှင်းရတဲ့ အခါကျတော့ ပုံတွေကို Record လုပ်ဖို့အတွက် ပြင်ဆင်ရတယ်.. ပြီးရင် တစ်ခါကိုလိုချင်တဲ့ ပုံစံလေးတွေ ဖြစ်အောင် ပြင်ဆင်ရတယ် နောက်ပြီး ပို့စ်တင်တဲ့အခါ ပုံတွေကို Upload ပြန်တင်ရတယ်.. အရမ်းအချိန်ပေးရသလို ကျွန်တော်လဲ ပင်ပန်းပါတယ်.. ကျွန်တော်အနေနဲ့ အားလုံးကို အဆင်ပြေစေချင်လို့ အပင်ပန်းခံပြီး လုပ်ပေးရတာပါ ဒါကြောင့် ကြိုးစားပြီး လိုက်လုပ်ပေးပါလို့ပဲ ကျွန်တော် တောင်းဆိုပါရစေခင်ဗျာ.. 

အရင်ဆုံး ကျွန်တော် Internet Download Manager 6.05 ကို Keygen သုံးပြီး Full Version ဖြစ်အောင်ဘယ်လိုလုပ် ရမယ်ဆိုတာကို ရှင်းပြပေးပါမယ်.. အရင်ဆုံး Internet Download Manager ကိုစပြီး မိမိတို့စက်မှာ Install မလုပ်ခင် Registry ထဲမှာ အရင် Trail Version သုံးခဲ့တုန်းက ကျန်ခဲ့တဲ့ Key File တွေ အစအန လေးတွေကို အောက်မှာ ပုံလေးတွေနဲ့ပြထားသလို ရှင်းပေးလိုက်ပါ.. တကယ်လို့ ကျွန်တော် တို့က Registry ထဲမှာ မရှင်းခဲ့ဘူးဆိုရင် Patch ချိုးတဲ့အခါမှာ Internet Download Manager ကိုအသုံးပြု နေပါတယ်ဆိုပြီး Error တက်နေမှာဖြစ်ပါတယ်.. တကယ်လို့ Internet Download Manager ကိုခုမှ စပြီး Install လုပ်မှာဆိုရင်တော့ တန်းပြီး Install လုပ်လို့ရပါတယ်..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ.. ပြီးရင် Run Box ထဲမှာ regedit လို့ရိုက် ထည့်ပြီး Enter ခေါက်ပေးလိုက်ပါ..
အပေါ်ကအဆင်အတိုင်း Registry ထဲမှာရှင်းပြီးပြီဆိုရင် My Computer >> Local Disk ( C : ) >> Program File  ထဲမှာ  Internet Download Manager  ဆိုတဲ့ Folder ရှိမရှိရှာလိုက်ပါ.. တကယ်လို့ တွေ့တယ်ဆိုရင် အဲ့ဒီကောင်လေးကို Delete လုပ်ပေးလိုက်ပါ.. တကယ်လို့ မရှိတော့ဘူးဆိုရင်တော့ Delete လုပ်ပေးစရာမလို တော့ပါဘူး.. 
ကျွန်တော် တို့အပေါ်က အဆင့်တွေတိုင်း ရှင်းပြီးပြီ ဆိုရင်တော့ Internet Download  Manager  ကိုစပြီး Install လုပ်လို့ ရပါပြီ..အောက်မှာ ကျွန်တော် Install လုပ်နည်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..
အပေါ်က ပုံအတိုင်း  Finish ပေးပြီးပြီဆိုရင်တော့ သူက Firefox မှာသုံးမှာလား စသည်ဖြင့် မေးတာတွေရှိပါ လိမ့်မယ် .. အားလုံးကို OK ပေးလိုက်ပါ.. ပြီးရင် ကျွန်တော်တို့ Keygen File လေးကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Patch File လေးကိုအသုံးပြုလည်း ရပါတယ်.. ကျွန်တော် Patch File အသုံးပြုနည်း ကိုတော့ နောက်တစ်ဆင့် မှာရှင်းပြပေးပါမယ်..
အရင်ဆုံး အောက်ကပုံအတိုင်း Patch Server Check ကိုနှိပ်ပြီး Patch ချိုးပေးလိုက်ပါ..
အပေါ်က Serial Key လေးကို Copy ကူးပြီးပြီဆိုရင်တော့ IDM လေးကိုဖွင့်လိုက်ပါ .. ပြီးရင်အောက်ကပုံ မှာပြထားတဲ့ အတိုင်း Key ထည့်ပေးလိုက်ပါ..
အောက်ကပုံအတိုင်း ပေါ်လာပြီးဆိုရင်တော့ First Name နဲ့ Last Name မှာမိမိတို့ ကြိုက်တဲ့ နာမည်တစ်ခု ထည့်လိုက်ပါ .. E-Mail မှာတော့ မိမိတို့ အသုံးမပြုတော့တဲ့ E-Mail တစ်ခုထည့်လိုက်ပါ.. ပြီးရင် Serial Number မှာတော့ စောစောက Copy ကူးထားတဲ့ Serial Key လေးကို Paste ပေးလိုက်ပါ.. ပြီးရင်တော့ OK ပေးလိုက်ယုံပါပဲ..
Serial Key ထည့်ပြီးသွားပြီဆိုရင်တော့ Full Version ဖြစ်မဖြစ် ကိုအောက် နည်းအတိုင်း သွားပြီး ကြည့်လိုက်ပါ..
အပေါ်ကနည်းကတော့ Keygen ကိုအသုံးပြုပြီး Full Version သုံးလို့ရအောင် ပြုလုပ်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်.. ဆက်ပြီး ဖော်ပြမဲ့ နည်းလမ်းကတော့ IDM ကို Update ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတဲ့ နည်းလမ်းလေးကို Update လုပ်ပြီးတဲ့ အချိန်မှာ Full Version လေးဖြစ်အောင် လုပ်တဲ့ နည်းလမ်းလေးကို Patch File လေးနဲ့ ကျွန်တော် ရှင်းပြပေးသွားပါမယ်.. ဒီနေရာမှာ ဘာကြောင်း Update လုပ်ရတယ် ဆိုတာကို ကျွန်တော် ရှင်းပြပေးပါမယ်.. အပေါ်မှာ ကျွန်တော် ရှင်းပြပေးထားတဲ့ IDM Version က 6.05 ပါ . လက်ရှိ IDM က Version 6.07 အထိ ထွက်နေပါပြီ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး Version လေးကိုအသုံးပြုချင်ပါတယ် .. အဲ့ဒီအတွက် စက်ထဲမှာ အရင်က သုံးနေတဲ့ Version အဟောင်းကို ဖြုတ်စရာမလိုပါဘူး .. လက်ရှိ သုံးနေတဲ့ Version ကို Update ပေးလိုက်ပါ .. ဒါဆိုရင် သူက နောက်ဆုံး Version ကို Download ချပေးပြီး Install လုပ်ပေးသွားပါလိမ့်မယ်.. ကျွန်တော်တို့က နောက်ဆုံး Version အတွက် Keygen နဲ့ Patch File လေးတွေရှာပြီး Patch ချိုးပေးလိုက်ယုံပါပဲ.. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် အောက်မှာ ဘယ်လို Update လုပ်ရမယ် ဆိုတာကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်..

အပေါ်က Full Version ဖြစ်မဖြစ် ကြည့်တဲ့ အဆင့်အတိုင်းသွားပြီး Check For Update ဆိုတာလေးကို နှိပ်ပေးလိုက် ယုံပါပဲ..
အပေါ်ကပုံအတိုင်း Finish ပေးလိုက်ပြီဆိုရင် အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က အရင်သုံးနေတဲ့ မြင့်တဲ့ Version ကို Update ပေးလိုက်တာ ဖြစ်တဲ့အတွက်  အရင်သုံထားတဲ့ Serial Key ကအလုပ်လုပ်တော့မှာ မဟုတ်ပါဘူး.. ကျွန်တော်အောက်မှာ Update လုပ်လိုက်တဲ့ Version အသစ်ကို Full Version ဖြစ်အောင် လုပ်တဲ့ နည်းလေးကိုတော့ Patch File လေးနဲ့ ရှင်းပြပေးထားပါတယ်.. အောက်ကပုံ အတိုင်း ပေါ်လာရင် OK ပေးလိုက်ပါ.
အပေါ်က ပုံအတိုင်း OK ပေးပြီးပြီ ဆိုရင်တော့ Patch File လေးကို  Copy ကူးလိုက်ပါ..
အပေါ်ကပုံအတိုင်း Patch File လေးကို Copy ကူးပြီးပြီ ဆိုရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း  My Computer >> Local Disk ( C: ) >> Program File အထိအဆင့်ဆင့်သွားပြီး Internet Download Manager ဆိုတဲ့ Folder ထဲမှာ Paste လုပ်ပေးလိုက်ပါ .. 

အပေါ်ကပုံအတိုင်း Patch File လေးကို Double Click ပေးလိုက်ပြီ ဆိုရင် အောက်က ပုံအတိုင်း ပေါ်လာပါလိမ့်မယ်.. ကျွန်တော်တို့က Patch ဆိုတာလေးကို နှိပ်ပေးလိုက်ပါ .. 

အပေါ်က ပုံအတိုင်း Patch ချိုးပြီးသွားပြီ ဆိုရင်တော့ IDM လေးကိုဖွင့်ကြည့်လိုက်ပါ .. Full Version လေးဖြစ် သွားတာကို တွေ့ရပါလိမ့်မယ်..

တကယ်လို့  Trail Version လေးပဲ ဖြစ်နေသေးတယ် ဆိုရင်တော့ Patch File နဲ့အတူတူ ပါလာတဲ့ Keygen လေးကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Generate လုပ်လိုက်ပါ .. ပြီးရင် Key လေးကို Copy လုပ်ပြီး အပေါ်မှာပြခဲ့တဲ့ နည်းအတိုင်း ထည့်ပေးလိုက်ယုံပါပဲ .. ဒီလောက်ဆိုရင်တော့ အားလုံးပဲ  Internet  Downlaod  Manager  ကို Install လုပ်တာနဲ့ ပါတ်သတ်ပြီး အဆင်ပြေပြေနဲ့ ဆောင်ရွက်တက် သွားလိမ့်မယ်လို့ ထင်ပါတယ်..

ဒီပို့စ်လေးကို PDF ဖြင့်လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download  Ifile.itDownload  Mediafire Download  Multiupload

အားလုံးပဲအဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ..

Tuesday, July 17, 2012

စကားဟူသည်


တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။

ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။

ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )

ပျင်းရိခြင်း နှင့် မပျင်းရိခြင်း


ဗုဒ္ဓဘုရားရှင်သည် လူအများ ကျင့်သုံးလိုက်နာရန် အဆုံးအမပေါင်းများစွာကို ဟောကြားတော်မူခဲ့သည်။ ယင်းတို့တွင် ပျင်းရိခြင်းနှင့် ပတ်သက်၍ ဟောကြားသည်မှာ အထူးသတိပြု ဆင်ခြင်ဖွယ်ရာ ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍
(၁) ပျင်းရိ၍ အားမထုတ်ဘဲနေသောသူ။
(၂) မပျင်းရိဘဲ အားထုတ်၍နေသောသူဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။
ထိုသို့ ခွဲခြားပြီးလျှင် အကျိုးအပြစ်များကိုလည်း ဖွင့်ဆိုပြသည်။

မြတ်စွာဘုရား လက်ထက်တော်အခါက မဟာဓနသူဌေးသားနဲ့ ဇနီးမယားတို့ ရှိကြသည်။ သူတို့သည် မိဘတို့၏ အမွေအနှစ်များကို ရ၍ ကြွယ်ဝချမ်းသာကြသော်လည်း အားထုတ်ခြင်းမရှိ၊ ပျင်းရိသောကြောင့် စီးပွားများပျက်၍ သူတောင်းစားဘ၀သို့ ရောက်ခဲ့ကြရသည်။

တနေ့သောအခါ ဆွမ်းစားဇရပ်တခုတွင် မြတ်စွာဘုရားသည် သံဃာတော်များနဲ့အတူ ဆွမ်းစားနေတော်မူ၏။ ထိုစဉ် တံခါးဝ၌ ခွက်လက်စွဲကာ ရပ်နေသော ထိုသူဌေးသား လင်မယားကိုမြင်၍ ပြုံးတော်မူ၏။ ပြုံးတော်မူရခြင်းအကြောင်းကို အရှင်အာနန္ဒာ မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က-ငါသည် သူဌေးသားကိုမြင်၍ ပြုံးရသည်။ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကနှင့် ဓမ္မ နှစ်ဌာနတို့၌ ပျင်းရိ၍ အားထုတ်မှုမရှိသောကြောင့် လောကချမ်းသာ၊ ဓမ္မချမ်းသာ နှစ်မျိုးလုံးတို့မှ ဆုတ်ယုတ်သွားရလေပြီ-ဟု မိန့်ကြားတော်မူ၏။

ဘုရားရှင်က ဆက်လက်၍ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကဘက်၌ ပထမအရွယ်တွင် စီးပွားဥစ္စာ ရှာကြသော် ပထမတန်းစား သူဌေးများ ဖြစ်နိုင်ကြသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင် သူဌေးသားက ရဟန္တာ၊ ဇနီးမယားက အနာဂါမ် ဖြစ်နိုင်ကြပေသည်-ဟု မိန့်တော်မူသည်။

ထို့နောက် ဘုရားရှင်က- ဤသူဌေးသားနှင့် ဇနီးမယားတို့သည် ဒုတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် ဒုတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြသော် သူဌေးသားက အနာဂါမ်၊ ဇနီးမယားက သကဒါဂါမ် ဖြစ်နိုင်ကြပေသည်။

အကယ်၍ တတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် တတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင်မူ သူဌေးသားက သကဒါဂါမ်၊ ဇနီးမယားက သောတာပန် ဖြစ်နိုင်ကြပေသည်။

ယခုမူ ပျင်းရိ၍ အားမထုတ်ခဲ့သောကြောင့် သူဌေးအဖြစ်မှလည်း ဆုတ်ယုတ်သွားကြပေပြီ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်ကြဘဲ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတို့မှလည်း ဆုတ်ယုတ်သွားကြပေပြီ-ဟု မိန့်တော်မူသည်။
ဤမိန့်တော်မူချက်သည် ပျင်းရိခြင်း၏ အကျိုးနှင့်အပြစ်ကို ကောင်းစွာ သာဓကပြလျက်ရှိသည်။


လောကနီတိကျမ်းဆရာများကလည်း ပျင်းရိ၍ အားမထုတ်ဘဲနေသူတို့၏ ဆုတ်ယုတ်သွားပုံကို ရေးသားဖွင့်ပြကြသည်။
* ပျင်းရိသူသည် အတတ်ပညာ မတတ်၊
အတတ်ပညာ မရှိသူအား စီးပွားဥစ္စာ မရနိုင်၊
စီးပွားဥစ္စာ မရှိသူအား မိတ်ဆွေကောင်း မရနိုင်၊
မိတ်ဆွေကောင်း မရှိသူအား ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခ မရှိသူအား ကောင်းမှုမပြုနိုင်၊
ကောင်းမှုမရှိသောသူအား နိဗ္ဗာန်ချမ်းသာကို မရနိုင်-ဟူ၍ လောကဓမ္မ နှစ်ဌာနလုံး၌ ဆုတ်ယုတ်သွားပုံကို ဖွင့်ဆိုပြထားသည်။

ဤကား ကျွန်ုပ်တို့ စာစောင်က ဦးထိပ်ထားသော သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ကြီး၏ ဓမ္မဆောင်းပါးတပုဒ်တွင် ရေးသားချက်ဖြစ်သည်။ မြတ်မင်္ဂလာစာစောင်တွင် ဖော်ပြပြီးဖြစ်သော်လည်း အလွန်တန်ဖိုးရှိလှသဖြင့် ကျွန်ုပ်တို့ ထပ်ဆင့်တင်ပြလိုက်ရပေသည်။