Friday, November 4, 2011

ဝင်းဒိုးXpကိုဝင်းဒိုး7အသွင်းပြောင်းသောဆောစ့်ဝဲလ်


ခေါင်းစဉ်ကိုဖတ်ပီးသူငယ်ချင်းတို့စိတ်ဝင်စားမယ်ထင်တယ် တကယ်လည်းဟုတ်ပါတယ်ခင်ဗျာ
SYSTEM ပိုင်းဆိုင်ရာတွေကလွဲပီး ကွန်ပျူတာDesktopမြင်ကွင်း start up မြင်းကွင်း Turn off မြင်းကွင်း Floderမြင်းကွင်း
ကွန်ပျူတာ ဖွင့်/ပိတ် ရင်မြည့်တဲ့အသံ
စတဲ့ အရာအားလုံးကို Xp ပုံစံကနေ ၀င်းဒိုး7 ပုံစံအဖြစ်ပြောင်းလဲသွားပါတယ်


ဒီပုံလေးက ကျွန်တော်စက်မှာတင်ထားတဲ့ပုံစံပါ သူကိုDownloadချင်ရင်တော့ http://www.deviantart.com/
မှာဒေါင်းနိုင်ပါတယ် 22.8MB ရှိပါတယ်

အခုလိုပုံကိုDownloadချင်ရင်တော့ http://www.deviantart.com/ မှာဒေါင်းနိုင်ပါတယ်19.1MBပါ
အခုပုံကတော့ဝင်းဒိုးXpကနေVista ပုံစံပြောင်းတဲ့ဆောစ့်ဝဲလ်လေးပါDownloadချင်ရင်တော့
http://www.deviantart.com/မှာဒေါင်းနိုင်ပါတယ် 8.9MBရှိပါတယ်
ဒါကတော့ဝင်းဒိုး Vistaကနေ ၀င်းဒိုး7 ပုံစံပြောင်းတဲ့ပုံပါ
Downloadချင်ရင်တော့ http://www.deviantart.com/ 18MBရှိပါတယ်
http://www2.niwradsoft.com/ ဒါကတော့မှုရင်းလိပ်စာပါခင်ဗျာ ထပ်ပီးလေ့လာချင်သူတွေသွားလေ့လာနိုင်ပါတယ်ခင်ဗျာ
http://www.deviantart.com/ ကိုကလစ်လိုက်ရင် Download ဖိုင်တစ်ခါတည်းကျလာပါတယ် ဒါရိုက်Downloadလိုင်းပါခင်ဗျာ

SpeedConnect.Interne Accelerator.8.0

 
SpeedConnect.Interne Accelerator.8.0 ပါ သူက ကွန်နက်ရှင်ကိုမြန်အောင်အထောက်ပံပေးနိုင်တဲ့ ဆောစ့်ဝဲလ်ကောင်းလေးပါ
အမှန်တကယ်ကောင်းတဲ့ဆောစ့်ဝဲလ်လေးပါ ကွန်နက်ရှင်နှေးသူအတွက်သတင်းကောင်းပေါ့ဗျာ

Download>>>http://www.ziddu.com/ (or)http://ifile.it/ (or)http://www.4shared.com/ အဆင်ပြေကျပါစေ

Metro UI Color Changer For Windows 8


 
Metro UI Color Changer For Windows 8
 သူက ၀င်းဒိုး8 မှာကာလာချိန်းတဲ့ ဆောစ့်ဝဲလ်လေးပါ ကျွန်တော်အွန်လိုင်းမှာတွေ့လို့ပြန်မျှဝေလိုက်တာ
အသုံလိုတဲ့သူတွေအဆင်ပြေကျပါစေ

မှာလေ့လာနိုင်ပါတယ်
ကဲ...ဆရာလေးသဲသဲရေ...  တော်ကီတော့မဟုတ်...သိတယ်နော်...စိတ်ဝင်စားနေတဲ့ ဟာလေးလေ။
ပီပီလေး အဆင်သင့်ဖြစ်ရင်ပြော...

Try Windows 8 on you PC. You need a PC with 1GHz or faster processor (either 32- or 64-bit), 1GB of RAM (2GB for 64-bit), 16GB of hard disk space (20GB for 64-bit), DirectX 9 graphics with WDDM 1.0 or higher driver.

Download the Windows 8 Developer Preview ISO 64 & 32 :-


Windows Developer Preview with developer tools English, 64-bit (x64)


Windows Developer Preview English, 64-bit (x64)

Windows Developer Preview English, 32-bit (x86)
Windows 8 Developers Preview Product key:

6RH4V-HNTWC-JQKG8-RFR3R-36498
Windows Server 8 Developers Preview product key: 4Y8N3-H7MMW-C76VJ-YD3XV-MBDKV
စမ်းချင်ရင်ပြော....လာခဲ့မယ်လေ..ဘော်ဘော်တို့..ပြူတင်းပေါက်တင်ပေးဖို့ပြောတာ..
                     KO SOE MOE

Friday 11 march 2011 Hardware & System အကြောင်း မြန်မာလို....

Hardware.jpg
          ဒါလေးကတော့ Hardware တွေအကြောင်း ရေးထားတယ့် မြန်မာလိုစာအုပ်ကလေးပါ။ ကျွန်တော့် အစ်ကိုတစ်ယောက် တောင်းဆို ထားလို့တင်ပေးလိုက်တာပါ။ ကျွန်တော်လည်း ချက်ချင်းကြီးရှာပြီး တင်ပေးလိုက်ရတော့ ဘာမှ မဖတ်ရသေးလို့ ဘယ်လိုကောင်းတယ် ဘာကောင်းတယ်ဆိုပြီး ကြော်ငြာမပေး နိုင်တာကိုတော့ ခွင့်လွတ်ကြပါ။ ဒီထဲမှာ မြန်မာလိုရေးထားတယ့် Hardware အကြောင်းစာအုပ် နှစ်အုပ်ပါပါတယ်။ တစ်အုပ်က ဆရာ ကကကွန် ရေးသားထားတာဖြစ်ပြီး နောက်တစ်အုပ်ကတော့ ရေးသားသူ နာမည် မသိသေးပါ။ ဖတ်ကြည့်ပြီး ရေးသားသူ နာမည်သိသူများ ကျွန်တော့ကို Mail ပို့ပြီး အသိပေးစေလိုပါတယ်။ ရေးသားသူများကို လေးစားသမှုပြုသောအားဖြင့် Credit ပေးချင်လို့ပါ။ ကဲကဲ ပြောနေရင် လေကြောတောင် တော်တော်ရှည်လာပြီ။ ဖတ်ကြည့်ချင်တယ့်သူများ အောက်မှာ ဒေါင်းသွားလိုက်ကြနော်။
     Download Link <-- ဒီမှာဒေါင်းကြပါဗျို့။

Thursday, November 3, 2011

speed up

/ Comments: (1)
web page တွေူloading time မြန်လာအောင် လုပ်တဲ့နည်းပါ။ တစ်ကယ်လည်းမြန်လာပါတယ်။
ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။ သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။

ပထမဦးဆုံး start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။

HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။ အပျံစား နဲ့ အမြန်သွားနိုင်ပါပြီ။

ကမ္ဘာပျက်မယ့်နေ့



တည်မြဲနေတဲ့ကမ္ဘာကြီး ဘယ်နေ့အဆုံးသတ်မလဲ သင်သိပါသလား။ကိုယ်တိုင်တွက်ချက်ကြည့်လို့ရရင်ကော သင်စိတ်ဝင်စားပါသလား။

ဘုရားသခင်က ကမ္ဘာကြီး ဖန်ဆင်းပြီးတာနဲ့ ကမ္ဘာပျက်မယ့်နေ့ကိုသိဘို့ ပဟေဠိတစ်ပုဒ် ထားခဲ့ပါတယ်။ဖြေရှင်းနိုင်ရင် ဘယ်တော့ ကမ္ဘာပျက်မလဲ သိပြီပေါ့..:)

ဒဏ္ဍာရီက ဒီလိုပါ။

ကြေးဝါအောက်ခံပြားပေါ်မှာ “ စိန်တိုင်” သုံးတိုင်စိုက်ထူထားပြီး တစ်တိုင်မှာ ရွယ်တူနှစ်ခု မပါတဲ့ ကွင်း ၆၄ ကွင်း အောက်မှအထက်သို့ ကြီးစဉ်ငယ်လိုက် စေတီပုံသဏ္ဍာန် စွပ်ထားတဲ့ခုံတစ်ခုပါ။
အဲဒါကို “ ဗြဟ္မာ့ဘုံ ” လို့ ခေါ်ပြီး အိန္ဒိယ နိုင်ငံ “ ဗီနာရီ ” မြို့ဘုရာရှိခိုးကျောင်းမှာတဲ့။
နောက် အဆိုက အင်ဒိုချိုင်းနားကျွန်းဆွယ် ဟနွိုင်းမြို့က ဘုရားကျောင်းတဲ့။ ဟနွိုင်းမျှော်စင် လို့ ခေါ်ပြန်တယ်။
မျက်စိထဲ စီဒီ ရာဘူးခုံ မှာ အရွယ်မတူစီဒီပြား ၆၄ ပြား ထည့်ထားပုံ မြင်မိတယ်။

စည်းကမ်းချက်က ကွင်း ၆၄ ကွင်းကို ကြီးစဉ်ငယ်လိုက်ပစုံအတိုင်း အခြားတစ်လွတ်ကိုရွှေ့ခြင်းပါ။ သို့သော် တစ်ကြိမ်မှာ တစ်ကွင်းဘဲရွှေ့ရမှာဖြစ်ပြီး ငယ်သောကွင်းသည် ကြီးသောကွင်းအောက် မည်သည့်အကြိမ်မှ မရောက်စေရ။ဘေးသို့ချမထားရတဲ့။ဒါပါဘဲ။

က်ျရွှေ့ခြင်းမပြီးဆုံးမီ မိုးကျိုး မုန်တိုင်းတွေ ကျရောက်ပြီး ကမ္ဘာကြီး ပျက်စီးရလိမ့်မယ် ဆိုဘဲ။

၃ကွင်းကို ၇ကြိမ်၊၄ကွင်းကို ၁၅ကြိမ်၊၅ကွင်းကို ၃၁ကြိမ်၊၆ကွင်းကို ၆၃ကြိမ် ရွှေ့ရတယ်။ ၆၃ကွင်းကို ဘယ်နှစ်ကြိမ်ရွှေ့ရမလဲပေါ့။ ဒါဆိုရှင်းလောက်ပါပြီ။

Photobucket

ပုံကို paint နဲ့ အလွယ်လုပ်လိုက်တာ။စုတ်တီးစုတ်ပြတ်လေး ဖြစ်နေတယ်။photoshop cs 3 တင်ပြီးမှ အသစ်ပြန်ဆွဲမယ်။

လူလဲပြီး နေ့ည ရွှေ့ရင် တစ်စက္ကန့် တစ်ကြိမ်နှုန်းနဲ့ဆို တစ်နှစ် (၃၁၁၀၄၀၀၀)ကြိမ် ရတယ်။
အခု ကမ္ဘာမပျက်သေးတာ ပြီးနိုင်တဲ့ အကြိမ်ရေ အထိ မရောက်သေးတာနေမှာ :P
ဒါဆို ဘယ်တော့လောက်ပြီးနိုင်မလဲ တွက်ကြည့်ကြပါ။

ဒီပဟေဠိကို ရှေးပညာရှင်တွေက ၃ကွင်း၊၄ကွင်း၊၅ကွင်း အကြိမ်ကို ကြည့်ပြီး အဖြေရသွားကြတယ်။ကျောက်သင်ပုန်း ပေရွက်တွေနဲ့နေမှာ။
လွယ်သလိုဘဲနော်။

Can You Run It?


ဂိမ်း နောက်ထွက်တာတွေက ဟတ်ဝဲလ် လိုအပ်ချက်ကြီးမားလာလို့ ၀ယ်ပြီးမှ သုံးလို့ အဆင်မပြေတာတွေ ကြုံကြရတတ်တယ်။ High-end user တွေ တော့ အေးဆေးပေါ့။

ဆိုင်တွေက ဘာ ဟတ်ဝဲလ် သုံးထားလဲ မေးကြပေမယ့် ဘယ်လောက်ထိ match ဖြစ်မလဲ ကြိုသိထားရင် ပိုအဆင်ပြေစေမှာပါ။ တစ်ခါတစ်လေ ကျတော့ ၀ယ်ပြီးမှ သုံးလို့ ရရုံလေက်သာ ကြုံတတ်တယ်။

အ၀ယ်မမှားရအောင် ဒီဆိုဒ်မှာ ကြိုတင် စမ်းသပ်ကြည့်နိုင်ပါတယ်။ မိမိ သုံးချင်တဲ့ ဂိမ်း အမျိုးအစား ကိုရွေးပြီး Can You Run It ကို နှိပ်လိုက်ရင် မိမိ ကွန်ပြူတာကို အန်နာလိုက်စ် လုပ်ပြီး အသေးစိတ် ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ထွက် ဂိမ်းတွေလည်း အပ်ဒိတ်လုပ်ထားတာ တွေ့ရတယ်။

အနိမ့်ဆုံး လိုအပ်ချက် မပြည့်စုံရင် fail ပြနေပါလိမ့်မယ်။ အောက်က ပုံမှာ supreme commander နဲ့ စမ်းသပ်ထားပြီး လိုအပ်တဲ့အပိုင်း ကို ပြနေပုံပါ။
Gamer တွေ system requirement ကြိုတင် စမ်းသပ်နိုင်မယ့် ဆိုဒ်လေးပါဘဲ။ Java plugin ရှိဖို့နဲ့ popup blocker ပိတ်ထားဖို့တော့ တောင်းဆို ထားပါတယ်။ ဂိမ်းအသစ်တွေ ၀ယ်တော့မယ်ဆို ကြို စမ်းထားတော့ အမှားကင်းပြီပေါ့...

Monday, October 31, 2011

Access Denied ကို ကျော်ဖို့နည်းလမ်း

အခုချိန်မှာ blogspot site တွေအပါအ၀င်..... တစ်ချို့သော site တော်တော်များများကို Access Denied ဖြစ်နေတာများတယ်ဗျ ။  ဒါတွေကို proxy သုံးပြီးကျော်လို့ရပေမယ့်.... တစ်ခါတစ်ခါ download လုပ်ဖို့ကျတော့ အဆင်မပြေဘူး mediafire လိုမျိုးဆိုရင်ပေါ့ ။ ဒါလေးကို အဆင်ပြေမယ့် နည်းလေးက သင့် browser ရဲ့ internet setting မှာထည့်တဲ့ proxy ကို အရင် ygncache.mpt.net.mm ဆိုတဲ့နေရာမှာ...ygncache3.mpt.net.mm
လို့ပြောင်းလိုက်ရင် အဆင်ပြေသွားလိမ့်မယ်...ကောင်းကျိုးအတွက် သုံးချင်သူများအတွက်ပါ ဘာရည်ရွယ် ချက်မှမ ပါဘူးနော်....ဟဲဟဲ....
{ ခြွင်းချက်......တစ်ခါတစ်လေမှာ Access Denied ပဲ့ဆက်ပြနေတတ်တယ်... refresh လုပ်ဖို့ F5 ကို ဆက်တိုက်နှိပ်ပေးလိုက်ပါ....မရမချင်းပေါ့ }


Ultrasurf ဖြင့် Proxy အသုံးပြုခြင်း

Ultrasurf ကို သုံးရတာ Your Freedom ထက်ပို ပြီးတော့ လွယ်ကူ ပါတယ်။ ဒါ့အပြင် သူ့ရဲ့ file size ကလဲ သေး ပါတယ်။ Your Freedom ဆိုရင်Java  ပါပါတဲ့ installer ရဲ့ ဆိုဒ်က တော်တော် ကြီး ပါတယ်။ Ultrasurf က Your Freedom  လောက် မလေးပဲ ပေါ့ပေါ့ ပါးပါး ရှိပါတယ်။ Memory လဲ သိပ်မစားပါဘူး။ ဒါပေမယ့် ကျွန်တော် Your Freedom ကို မစွန့်လွှတ်နိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ https နဲ့ ၀င်ရတဲ့ ၀က်ဆိုဒ်တွေအတွက် တခါတရံ (အမြဲမဟုတ်) အဆင် မပြေတတ်လို့ပါ။ သူ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော် စသုံး ခဲ့ဖူး ပါတယ်။ ဘယ်လိုမှ ၀င်လို့မရတဲ့ အခါမျိုးတွေ မကြာ မကြာ ကြုံခဲ့ ရတဲ့ အတွက် Your Freedom ပဲ ပြန်သုံးဖြစ်ခဲ့ ပါတယ်။ အခု နောက်ပိုင်း ပြန်သုံး ကြည့်မိတော့ အဆင် ပြေပြေ connect လုပ်လို့ ရနေ ပြန်ပါတယ်။ Your Freedom လောက်တော့ ၀က်ဆိုဒ် တွေ အားလုံးကို အဆင် ပြေပြေ ၀င်လို့ မရပါဘူး။ ဒါတွေ ပြောနေလို့ စာဖတ် သူ့ကို မသုံး သင့်ဘူးလို့ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး၊ လွယ်လွယ် ကူကူ သုံးလို့ရတဲ့ အပြင် Your Freedom ထက် speed ပိုမြန်တဲ့ ဒီ software လေးကို မသုံး ဖူး သေးရင် စမ်းသုံး ကြည့်သင့် လှပါတယ်။သူ့ကို သုံးချင်ရင်တော့ ဒီလိုလုပ်ပါဗျာ။

http://www.ultrareach.com/company/download.htm ကိုသွားပြီး ဒေါင်းလုဒ်လုပ်ပါ။

    - ရလာတဲ့ zip file ထဲက ဖိုင်လေးကို harddisk တစ်နေရာရာမှာ ကူးပါ။သူ့ကို run ပါ။Manual Setting ကို ရွေးပါ။ Proxy Host မှာ 203.81.71.111 နဲ့ Proxy Port မှာ 9090 ရိုက်ပါ။ (စာဖတ်သူ့ ISP ရဲ့ Proxy address ကိုရိုက်တာပါ။)  Connect ဖြစ်သွားရင် status မှာပြပေး ပါလိမ့် မယ်။IE လေးပွင့်လာရင် သုံးလို့ရပါပြီ။ (ကျွန်တော်သုံးကြည့်မိသလောက်တော့ IE7 မှာ ကိုယ်ဘာသာ 127.0.0.1 နဲ့ 9666 ဆိုပြီး ကိုယ်ဘာသာ ပြန်ပြင်ပေး ရပါတယ်) Firefox မှာ သုံးချင်ရင် Your Freedom သုံးရင် ပြင်ပေးရသလိုမျိုး ပြင်ပေးရပါတယ်။ သူ့ရဲ့ address ကတော့ 127.0.0.1 နဲ့ Port 9666 ပါ။

proxy များနှင့် ကျော်ခွခြင်း...

Mozilla Firefox လေးလဲရှိနေတယ်ဆိုရင် Phproxy လေးသုံးကြတာပေါ့။ Size က 110 KB လေးပဲလေ။ Dialup ကနေဖြစ်ဖြစ် ယူလို့လွယ်ပါတယ်။  Install လုပ် Firefox ကို Restart ချပြီးရင် အောက်က Status Bar က P ပုံစံလေးကို Right Click လေးနဲ့ Option ကိုဝင Proxy Setup မှာ http://www.proxy2net.com လေးထည့် Apply လေး Ok လေးလုပ်။ ပြီးရင် နောက်ပိုင်း တောက်လျှောက် သက်သာပြီမှတ်။ ကျော်ချင်တဲ့ဆိုက်ဆိုမှ အဲဒP ပုံလေးကို Click လိုက်ရုံပဲဗျို့။

အပေါ်ကလိပ်စာမှာ PH:: ဆိုတာလေး ထပ်ပေါ်လာမယ်။ နောက်က Original Address ကိုပြပေး သဗျ။


နောက် Right Click ရဲ့ Popup မှာ Phproxy နဲ့သွားမလား Original Link ကိုသွားမလားလဲ မေး တယ်။ Download လဲ ထို့နည်းလည်းကောင်းပဲ။ တော်တော်လေး သက်သာသွားတာပေါ့ဗျာ။


နောက်တစ်နည်းကတော့ အင်း ဘယ်လိုခေါ်မလဲပေါ့လေ တစ်ခုတော့ရှိတာပေါ့ ဘာလဲဆိုတော့ ဟိုဟာလေ ဟိုဒင်း MBS က Post သုံးဆယ်ကျော်မှာတဲ့ဗျ။ နောက်ပိုင်း ဆရာကြီးတွေဆိုရင် ၃၀၀၀ ကျော် မှဆိုပြီး လာရင်လာမှာ အခုကတည်းက Post တွေခွဲရေးထားမှ။ :D နောက်တာပါ ရှုပ်ကုန်မှာဆိုးလို့ ခွဲရေးလိုက်မယ်။ သူကတော့ www.Your-Freedom.netို့ UltraSurf တို့ရှိမှ ရပါတယ်။ သို့သော် ပိုပြီးကောင်းမွန်ပါတယ်။ Proxy-2 ပေါ့ဗျာ။ လာမည် အခုလာမည် တော်ကြာလာမည် လာချင်မှလည်း လာမည် မလာချင်လည်းမလာတော့ပါ။


အဆင်ပြေကြပါစေ