တစ်ခါတစ်ရံ မွန်းကြပ်ပိတ်လှောင်သော ဘသထဲမှ ထွက်သွားလိုသည့် စိတ်ကူများရှိလာသည် ဆိုပါစို့။ ဒီ tutorial ကသင့်စိတ်ကူကို အကောင်အထည်ပြု အသက်သွင်းပေးပါလိမ့်မည်။
၁) သို့အတွက် လိုအပ်သောဓာတ်ပုံကိုဖွင့်ပါ။





















၁) သို့အတွက် လိုအပ်သောဓာတ်ပုံကိုဖွင့်ပါ။

၂) Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ။
ပထမဦးစွာသင်လိုအပ်သော Foreground color ကို set လုပ်ပါ။ ထို့နောက် Rectangular Marquee တစ်ခ်ုဆွဲပါမည်။ သင်လိုအပ်သော အနေအထားကိုရလျှင် (Alt+Delete) ဖြင့် Fill လုပ်ပါ။
ပထမဦးစွာသင်လိုအပ်သော Foreground color ကို set လုပ်ပါ။ ထို့နောက် Rectangular Marquee တစ်ခ်ုဆွဲပါမည်။ သင်လိုအပ်သော အနေအထားကိုရလျှင် (Alt+Delete) ဖြင့် Fill လုပ်ပါ။

၃) Layer Palette မှနေ၍ Layer Opacity ကိုလျှော့ပါ။ အောက်မှ Background Layer ကိုမြင်ရမည်ဖြစ်သည်။

၎) နောက်ထပ် Layer အသစ်တစ်ခုခေါ်ပါ။ (Layer>New>Layer) သို့မဟုတ် (Shift+Ctrl+N) ကိုနှိပ်ပါ၊ ပြီးလျှင် (Edit>Stroke) ကိုဝင်ပါ။ Stroke Width =5 , Location = inside ဖြင့် Stroke တစ်ခုဆွဲပါမည်။

ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။

၅) ထို Layer ကို Style တစ်ခုထည့်ပါမည်။ Style Palette ကို F6 နှိပ်ပြီးအလွယ်တကူဖွင့်နိုင်ပိတ်နိုင်ပါသည်။ ထို Style များထဲမှ သင့်တော်သော Style တစ်ခုကိုရွေးပါ။

ထို Style ထည့်ထားသော Layer နှင့် သူ့အောက်မှ Layer ကို Link လုပ်ပါ။

၆) ပြီးလျှင် (Edit>Transform>Perspective) ဖြင့် သဘာဝကျကျ အဝေးအနီးသဘောမျိုးကိုဖန်တီးပါ။ ပြီးလျှင် မိမိထည့်သွင့်လိုသော အနေအထားရောက်အောင် ရွေ့ပါ။ ပုံအတိုင်းအဆင့်ဆင့်တွေ့ရမည်။


၇) အပေါ်ဆုံးမှ Style ထည့်ထားသော Layer ကို မျက်လုံးလေးအားမှိတ်ပြီးခဏဖျောက်ထားပါမည်။ ပြီးလျှင်အောက်ဆုံးမှ Background Layer ကို Select လုပ်ပါ။ ပုံအတိုင်းတွေရမည်။

၈) Lasso tool ဖြင့် မိမိအပြင်ထွက်စေလိုသော လူရဲ့ Body Outline ကိုရွေးပါ။ ရွေးပြီးသား selection အပေါ် ထပ်တိုးလိုပါက Lasso Tool ကို Shift ဖြင့် တွဲသုံးရမည်ဖြစ်ပြီး လျှော့လိုပါက Alt key ဖြင့်တွဲသုံးပါ။ ပြီးလျှင်ပုံအတိုင်းတွေ့ရမည်။

၉) Ctrl+J ကိုနှိပ်ပါ။ Background Layer အပေါ်တွင် Duplicate လုပ်ထားသော Layer တစ်ခုပေါ်လာသည်ကိုတွေရမည်။ ထို Layer ကိုအပေါ်ဆုံးရှိ မျက်လုံးမိတ်ထားသော Layer အထက်သို့ရောက်အောင် Drag ဆွဲတင်ပါ။ ပုံအတိုင်းတွေ့ရပါမည်။

၁၀) Ctrl ကိုဖိပြီး Background Layer အပေါ်ရှိ Opacity လျှော့ထားသော Layer ကို Click လုပ်ပါ။ Object Outline အတိုင်း Marfquee Selection တစ်ခုပေါ်လာမည်။ ပြီးလျှင် (Select>Inverse) သို့မဟုတ် (Shift+Ctrl+I) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်။

၁၁) ထို့နောက် အောက်ဆုံးမှ Background Layer ကို select လုပ်ပါ။ တဆက်တည်း မိမိ Fill လုပ်လိုသော foreground color ကို ရွေးပါ။

ထို Selection ကို (Alt+Delete)နှိပ်၍ဆေးခြယ်ပါ။ ပြီးလျှင် (Select>Deselect) သို့မဟုတ် (Ctrl+D) ကိုနှိပ်ပါ။ ပုံအတိုင်းတွေရမည်ဖြစ်သည်။

၁၂) Opacity လျှော့ထားသော Layer ကို Delete လုပ်ပစ်ပြီး Style ထည့်ထားသော Layer ကိုပြန်ဖွင့်လိုက်လျှင် ပုံအတိုင်းတွေရမည်ဖြစ်သည်။

၁၃) အချောသတ်အနေဖြင့် Stamp Tool ကိုအသုံးပြုပြီး လိုအပ်သော ရေစက်ရေမှုန် ရေလှိုင်းတွေကို ကူယူပြီး လိုအပ်တာတွေ ဖြည့်လိုက်လျှင်တော့ ပုံအတိုင်းသေသပလှပသဘာဝကျတဲ့ အနေအထားကိုရရှိမှာပါ။

အောက်မှာဒီ tutorial က Idea အတိုင်းဖန်တီးထားတဲ့ ပုံတွေကိုနမူနာလေ့လာရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒါအပြင် ကောင်းမွန်ဆန်းပြားတဲ့ အနုပညာဆိုတာ ဖန်တီးသူရဲ့စိတ်ကူနဲ့ စိတ်ရှည်မှုအပေါ်မှာ အခြေခံတယ်ဆိုတဲ့အချက်ကိုလည်းမေ့မထားနဲ့ဦး။



