Friday, November 21, 2014

မင်္ဂလာ အတွေးများ (၆)


တစ်ခါတုံးက ဘုရားအလောင်း ဟိရိတစ ရသေ့ဟာ ဟိမ၀န္ဆာ တော မှာ သီတင်းသုံး နေပါတယ်။ တရား ကျင့် ရင်း ဈာန် အဘိညာဉ် သမာ ပတ်တွေ လည်း ရထားပါတယ်။ တစ်နေ.တော့ ချဉ်စားမှီဝဲ ဖို. ဗာရာဏသီ ပြည်ကို ထွက်ခဲ့ပါတယ်။ တောထဲမှာ အနေကြာရင် ဆားဓတ် နည်းလာ ပြီး ဒူးခေါင်းတွေ ကြီးလာ ရတယ်လို. ဆိုပါတယ်။ ဒါကြောင့် တောထဲမှာ နေတဲ့ ရသေ.တွေဟာ ခန္ဓာကိုယ်မှာ ဆားဓတ် နည်း လာပြီ ဆိုရင် မြို.တက်ပြီး အလှူခံလေ. ရှိပါတယ်။
ဟရိတစ ရသေ.ဟာ မြို.ရောက်တော့ ဗာရာဏသီ မင်းရဲ့ နန်းတော် ကို သွားပြီး ချဉ်ဆား အလှူ ခံပါတယ်။ ဗာရာဏသီမင်းက ဟရိတစ ရသေ. ကို မြင်မြင်ချင်း ကြည်ညိုသွားပြီး နန်းတော်ထဲက ဥယျာဉ်ထဲမှာ သိတင်းသုံးစေပါတယ်။
တစ်နေ.မှာ ဗာရာဏသီမင်းက စစ်ထွက်ဖို. ကြုံလာပါတယ်။ ဒါကြောင့် စစ်ထွက်ခါနီးမှာ ဆရာရသေ.ကို ကောင်းကောင်းလုပ် ကျွေးဖို. မိဖုရားကို မှာခဲ့တယ်။
မိဖုရားက မင်း မှာတဲ့ အတိုင်း ဆွမ်း ဘောဇဉ်ကို ကောင်းကောင်းပြင်ပြီး ရေချိုး နံ့သာရည် လိမ်းပြီး စောင့်နေ လိုက်ပါတယ်။ ရသေ.ကို စောင့်ရင်းနဲ့ အမှတ်တမဲ့ ကုတင်ပေါ်မှာ အိပ်ပျော်သွားပါတယ်။ မိဖုရား အိပ်ပျော်နေစဉ်မှာပဲ ရသေ.က ဈာန် နဲ့ပြူတင်းပေါက်က ၀င် လာ ပါတယ်။ မိဖုရားက လျှော်တေ သင်္ကန်းသံကြားလို. အမှတ်တစ်မဲ့ အမြန်ထလိုက်တာ ၀တ်ထားတဲ့ ၀တ်ရုံက အောက်လျောကြ သွားပါတယ်။ ရသေ.က မိဖုရားရဲ့ ၀ိသဘာဂ အာရုံကို မြင်လိုက်တော့ ကိုယ်တွင်းမှာ ငြိမ်သက်စွာ တည်နေတဲ့ ကုေ ဋ နှစ်သိန်းလောက် ရှိတဲ့ ကိလေသာ တွေဟာ တစ်ခါတည်း ထကြွလာတယ် လို. ဆိုပါတယ်။ ရထားတဲ့ ဈာန်လည်း ကိလေသာနဲ့ အတူ ကွယ်ပျောက် သွားပါတယ်။ နောက်ဆုံး မိဖုရားနဲ့ မှားယွင်းတဲ့ အထိ ရောက်သွားပါတယ်။
ဗာရာဏသီမင်း ပြန်ကြွလာတော့ ဒီအကြောင်းကို အမတ်တွေက တိုင်ကြပါတယ်။ ဒါပေမဲ့ မင်းက မယုံဘူးလို.ဆိုပါတယ်။ အမတ်တွေက တစ်ယောက် မက တိုင်လာတော့ မင်းက မိဖုရာကို “ သင်ရသေ.နဲ့ မှားယွင်းနေတယ် ဆိုတာ ဟုတ်သလား ” လို. မေးကြည့်ပါတယ်။ မိဖုရားကလည်း မှန်ပါတယ် လို. ၀န်ခံပါတယ်။ ဒါပေမဲ့ မင်းက မယုံပြန်ပါဘူးတဲ့ ။ နောက်ဆုံး ရသေ.ကို တိုက်ရိုက် သွားမေးတော့ ဟုတ်ပါတယ် မင်းကြီးလို. ပြောလိုက်ပါတယ်။ ဒီတော့မှ မင်းက ယုံသွားပါတယ်။
ပြီးတော့ ဟရိတစ ရသေ.က ကိုယ့်စိတ်ကိုယ် ပြန်ဆောက်တည် ယူပါတယ်။ ငါဟာ အမှားကြီးတစ်ခုကို ကျုးလွန်ခဲ့ပြီ၊ ငါ့အမှားကို ငါကိုယ်တိုင်ပဲ တည်ဆောက် ယူလို.ရမယ်။ မင်းကြိးလည်း တည်ဆောက်ပေးလို. မရဘူး၊ မိဖုရားကြီးလည်း တည်ဆောင်ပေးလို. မရဘူး၊ ကိုယ့်အမှား ကိုယ် သိတဲ့ သူဟာ ပြုပြင်ယူဖို. မခဲယဉ်းပါဘူး။
ရသေ.က ၊ အဲဒီလို ဆင်ခြင်ပြီး မင်းကြီးကို “ မင်းကြီးရေ ငါ့ကိုခွင့်လွတ်ပါ ၊ငါဟာ မနေသင့်တဲ့ အရပ်မှာ နေခဲ့လို. လူတွေရဲ့ ပါးစပ်ဖျားမှာ ကဲ့ရဲ့ စရာ ဖြစ်ကုန်ပြီ ၊ မိန်းမနံ ကင်းတဲ့ တောဆီကိုပဲ ပြန်ပါရစေတော့ လို. ပြောပြီး တော ကို ပြန်ကြွ သွားပါတယ်။
ပြောလက်စနဲ့ အများကြားဖူးတဲ့ ဓမ္မ ၀တ္တုလေး တစ်ပုဒ်ကိုလည်း ခပ်ကျဉ်းကျဉ်း ထပ်ပြော လိုက်ပါရစေဦး။ အာရုံးနိုးတဲ့ အနေနဲ့ပေါ့ ။
ကဿပ ဘုရားရှင် လက်ထက်က ရဟန်းတစ်ပါး ရှိပါတယ်။ အဲ့ဒီ ရဟန်းက သီလလည်း တော်တော် စင်ကြယ်ပါတယ်။ တစ်နေ.တော့ သူ.ကျောင်းကို အာဂန္တု ကိုယ်တော်တစ်ပါး ရောက်လာပါတယ်။ သူ.ရဲ့ ဆွမ်းကပ်နေကျ ဒကာက ကျောင်းမှာ အာဂန္တု ကိုယ်တော်တစ်ပါး ရောက်နေတယ် ဆိုတာ သိရတော့ မနက်ကျရင် အာဂန္တု ရဟန်းကိုပါ ပင့်ခဲ့ဖို. ဖိတ်သွားပါတယ်။ အဲဒီ အချိန်မှာ ကျောင်းထိုင် ကိုယ်တော် ရဲ့ စိတ်ဟာ အာဂန္တု ရဟန်းကို မနာလို ၀န်တိုတဲ့ စိတ်တွေက တစ်ဖွားဖွား ပေါ်လာတော့တာပါပဲ။ ဒီတော့ မနက်ဆွမ်းစား သွားခါနီးမှာ လက်သည်းဖျားနဲ့ ခေါင်းလောင်းထိုး နိုးခဲ့ပါသတဲ့.။ အိမ်ရောက်တော့ ဒကာကို သင့်ကိုယ်တော်ကြီး အအိပ်ကြီးနေတယ် ၊ ခေါင်းလောင်း ထိုးနိုးတာတောင် မနိုးဘူးလို. မိန်.ပါတယ်။
ဒကာကတော့ ရိပ်မိလိုက်ပြီ။ ဒါကြောင့် အာဂန္တု ကိုယ်တော် အတွက် ဆွမ်းထည့်ပေးလိုက်ပါတယ်။ အဲဒီတော့ ကျောင်းထိုင်ကိုယ်တော် က ဒုတိယအကြိမ် မနာလို ၀န်တိုစိတ်တွေ ထပ်ဝင်လာပြန်ရော။ ဒီတော့ ဆွမ်းကိုလမ်းမှာပဲ သွန်ပစ်ခဲ့ပါတယ်။ အဲဒီ မကောင်းတဲ့ စိတ်ဟာ သူ.ဘ၀ရဲ့ တစ်သံသရာလုံးကို ဒုက္ဖပေးခဲ့ ပါတယ်။ သူတင်မကဘူး၊ ရွာ တစ်ရွာ မှာလူ ဖြစ်သွားရင် တစ်ရွာလုံး ဆင်းရဲ တဲ့ အထိပါ။
တကယ်လို.သာ ဒီရဟန်းဟာ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့ ချက်ခြင်း သိပြီး ကိုယ့် စိတ်ကလေးကို အကောင်းဆုံး ဖြစ်အောင် ပြန်တည်ဆောက် ယူလိုက်မယ်ဆိုရင် ဇတ်လမ်းက တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ ခုတော့ ဇတ်လမ်းက မလှတော့ဘူး ဖြစ် သွားပါတယ်။
မင်္ဂလာ (၃၈) ပါးထဲမှာ စာရေးသူ စိတ်ဝင်စားတာက အတ္တ သမ္မာ ပဏိဓိ မင်္ဂလာပါ။ ဘာဖြစ်လို.လဲ ဆိုတော့ အဲဒီ အတ္တ သမ္မာ ပဏိဓိ မင်္ဂလာနဲ့ ဆန်.ကျင်ဘက် ဖြစ်ဖြစ်နေတတ်လို.ပါ ။
အတ္တ သမ္မာ ပဏိဓိဆိုတာ ကိုယ့်စိတ်ကိုယ် မှန်ကြည့်သလို သတိနဲ့ စောင့်ကြည့်နေတာပါ။ အထူးသဖြင့် မကောင်းတဲ့ စိတ်ဖြစ်တာနဲ့ ချက်ခြင်း သိ သိတာနဲ့ ပယ်နိုင်ဖို.ပါ။ ဘယ်လို ပယ်မလဲ ဆိုတော့ ပယ်နည်းမှာ နှစ်မျိုးရှိပါတယ်။ ဆင်ခြင်ပြီး ပါယ်တာနဲ့ ပွားများပြီး ပယ်တာပါ။
“ငါ့မှာ မကောင်းတဲ့ စိတ်တွေ ဖြစ်နေပြီ။ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဟာ ငါ့အောင်မြင်မူ.၊ ငါ့တိုးတက်မူ.၊ ငါ့ဘ၀ ၊ ငါ့အနာဂတ်ကို ငါကိုယ်တိုင် ဖျက်စီးပစ်နေတာပဲ ။ သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့သူဟာ ကြီးပွားတိုးတက် အောင်မြင်တယ် လို. တစ်ခါ မှ မကြားဘူးသေးဘူး။ စသည် ကိုယ်နားလည်သလို ဆင်ခြင်ပြီး ပယ်နိုင်သလို မကောင်းတဲ့ စိတ် ဖြစ်နေတာလေးကိုလည်း သတိကပ်ပြီး
“ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ မကောင်းတဲ့ စိတ် ဖြစ်နေတယ်။ ” ဆိုပြီး အချက်သုံးဆယ် လောက်မှတ်ပြီးလည်း ပယ်နိုင်ပါတယ်။ မှတ်နေတဲ့ အချိန်မှာ ကုလားထိုင် ပေါ်မှာ ထိုင်နေတယ် ဆိုရင်လည်း မျက်လုံးလေးကို အသာလေး မှိတ်ပြီး မကောင်းတဲ့ စိတ် ဖြစ်နေ တာလေးကို အာရုံ ညွတ်နိုင်သမျှ ညွတ်ပြီး သိနေဖို.လည်း အရေးကြီးပါတယ်။
သူတစ်ပါးအပေါ် မကောင်းတဲ့ စိတ်ကို ဆင်ခြင်ပြီး ပယ်ပယ် ပွားများပြီး ပယ်ပယ် ၊ ပယ်နိုင်ဖို.က အဓိကပါ။ ဥပမာ၊ လမ်းသွားရင်း မကောင်းတဲ့ စိတ် ဖြစ်တယ် ဆိုပါစို။ လှမ်းနေတဲ့ ခြေလှမ်းကို ချက်ခြင်း ရပ်ပစ်ပြီး ကိုယ် စွမ်းနိုင် သမျှ နည်းနဲ့ ပယ်ပစ်နိုင်ရပါမယ်။ အထူးသဖြင့် ပွားများပြီး ပယ်နိုင်ရင်တော့ ပိုကောင်းပါတယ်။ အသွားမှာ ဖြစ်တဲ့ မကောင်းတဲ့ စိတ်ကို အသွားမှာပဲ ပယ်ပစ်နိုင်ဖို.ပါ။
ဒီလိုပါပဲ၊ ကားစီးရင်း ပဲဖြစ်ဖြစ်၊ ဧည့် ခံပွဲ တက်ရင်းပဲ ဖြစ်ဖြစ် ထိုင်ရင်းပဲ ဖြစ်ဖြစ်၊ အိပ်ရင်းပဲဖြစ်ဖြစ် ဖြစ်တာနဲ့ သိ၊ သိတာနဲ့ ပယ် ပစ်ဖို.ပါ။
အကျင့်တစ်ခု ဆိုတာ ကျင့်ယူရတာပါပဲ ။ အတိတ်ဘ၀က အကုသိုလ် အထုံတွေ များခဲ့တော့ အတိတ် အထုံတွေရဲ့ လွမ်းမိုး မူ.ကြောင့် ကျင့်စမှာ နည်းနည်း ခက်ရင်ခက်မယ်။ ကျင့်ပါ များလာရင် အဆင်ပြေသွားပြီး အလေ့ အကျင့်တစ်ခုလို ဖြစ်နေပါလိမ့်မယ်.။ ဒါဆို အလေ့ အကျင့်က တစ်ခု ဖြစ်နေပြီး မကောင်းတဲ့ စိတ်ရဲ့နေရာမှာ မေတ္တာ၊ ဂရုဏာ ၊ မုဒိတာ စတဲ့ ကောင်းတဲ့ စိတ်ကလေးတွေ ၀င်လာပါ လိမ့်မယ်။
အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်း ၊ အဆင်ပြေခြင်း၊ အဆင်မပြေခြင်း ၊ အသက်ရှည်ခြင်း၊ မရှည်ခြင်း၊ ကျန်းမာခြင်း ၊ မကျန်းမာခြင်း၊ စသည်တွေကို အတ္တသမ္မာပဏိဓိက လူသား တစ်ယောက် အတွက် များစွာ ပြဌန်း ထားပါတယ်။
ဟိုဟို ဒီဒီ သွားနေ စရာမလိုပဲ အချိန်မရွေး၊ နေရာမရွေး ၊ အလုပ်မရွေး၊ ရိယာပုထ် မရေါး ကျင့်လို. ရတဲ့ အကျင့်လေး တွေကို ကျင့် ကြည့်လိုက် စမ်းပါ။ အောင်မြင် စေချင်လို.ပါ။
စာဖတ်သူ- စကားလေး တစ်ခွန်းတော့ ထပ်မှာလိုက်ပါရစေ။ သူတစ်ပါး အပေါ် မကောင်းတဲ့ စိတ်ဖြစ်တဲ့ နေ.ဟာ ကိုယ့်အောင် မြင်မူ. ၊ ကိုယ့်တိုးတက်မူ. ၊ ကိုယ့် အနာဂတ်ကို ၊ ကိုယ်တိုင်ဖျက်စီး ပစ်လိုက်တဲ့ နေ.ပါပဲ။ တကယ်ပါ။ အကြားနဲ့ ပြောတာ မဟုတ်ဘူး၊ ကိုယ်တွေ. မို.လို. ပြောတာပါ။
အလင်းတန်း ဂျာနယ် (၆.၈.၂၀၀၃)
ရေးသားသူ- ရဝေနွယ် (အင်းမ)

သောတာပန်ချင်းအတူတူ


ဘုရားရှင် ကပိလ၀တ္ထုမြို့မှာသီတင်းသုံးတဲ့အခါ
သာကီဝင်တွေမှာ ဒီလိုစကားဖြစ်တယ်။
အရင်သောတာပန်ဖြစ်သူက နောက်သောတာပန်
ဖြစ်သူထက်တရားအားဖြင့်ပိုကြီးတယ်။ ဒါကြောင့်
နောက်မှသောတာပန်ဖြစ်တဲ့ရဟန်းက အရင်
သောတာပန်ဖြစ်တဲ့ လူဝတ်ကြောင်အား ရှိခိုးမှု
စသည်ကို ပြုရမယ်။
အဲဒီစကားကိုဆွမ်းခံသွားနေတဲ့ ရဟန်းတစ်ပါးက
ကြားပြီး ဘုရားရှင်အားလျှောက်တယ်။ ဘုရားရှင်
က ဒီဇာတ်က တခြားစီပဲ၊ အသွင်ဟာ ပူဇော်ထိုက်
တဲ့ ၀တ္ထုပဲလို့ ရည်ရွယ်ကာ ရဟန်းတို့လူဝတ်ကြောင်
က အနာဂါမ်ပဲဖြစ်စေဦးတော့၊ လူဝတ်ကြောင်
အနာဂါမ်က ဒီနေ့မှ ကိုရင်ဝတ်တဲ့ သာမဏေအား
ရှိခိုးခြင်းစသည်ကိုပြုလုပ်ရတယ်လို့ မိန့်တော်မူပါ
တယ်။
အနီရောင်ဟင်္သာ၊ အစိမ်းရောင်ဟင်္သာ၊ နို့ရည်ရောင်
ဟင်္သာ၊ ပါကဟင်္သာ၊ ရွှေဟင်္သာတွေထဲမှာ ရွှေဟင်္သာ
ရဲ့အဟုန်ကို အခြားဟင်္သာတွေက ၁၆စိတ်၊ ၁၆ ပြန်
စိတ်ရာ တစ်စိတ်ကိုတောင်မမီပါ။ မှန်ပါတယ်။
ရွှေဟင်္သာက တမုဟုတ်အတွင်းနဲ့ ယူဇနာတစ်
ထောင်လည်းသွားနိုင်ပါတယ်။ အခြားဟင်္သာက
တစ်ယူဇနာတောင်မသွားနိုင်ပါ။ ဟင်္သာနှစ်ကောင်
လုံး လှတာချင်းတူကြပါတယ်။
အဲဒီလိုပါပဲ၊ လူဝတ်ကြောင်က အရင်သောတာပန်
ဖြစ်ထားပေမယ့် နောက်မှသောတာပန်ဖြစ်တဲ့ရဟန်း
က သောတာပတ္တိမဂ်ကိုမြင်ထားလို့ ကြည့်ကောင်း
တာချင်းတူပါတယ်။ လူဝတ်ကြောင်က ရဟန်းရဲ့
အထက်မဂ်အတွက် ၀ိပဿနာဉာဏ်အဟုန်ကို
မတုပနိုင်ပါ။
မှန်ပါတယ်။ လူဝတ်ကြောင်ရဲ့အထက်မဂ်အတွက်
ဝိပဿနာဉာဏ်အဟုန်ဟာ သား သမီး ဇနီးစတဲ့
အရှုပ်အထွေးနဲ့ရှုပ်ထွေးနေလို့ နှေးပါတယ်။
ရဟန်းရဲ့အဲဒီဉာဏ်ကတော့ အဲဒီအရှုပ်အထွေး
ကင်းနေလို့ ထက်မြက်ပါတယ်။
(သုတ္တနိပါတ၊ ဋ္ဌ၊ ၂၆၂)
သာမဏေကျော်
ပိဋကတ်တော်လာသိမှတ်စရာ

ရုပ်ပွားတော်ကိုနှုတ်ထွက်စော်ကားဖျက်စီး မိသော လူသားနှစ်ဦး၏ ဘ၀ကံကြမ္မာ


၁၃၆၂ခုနှစ်၊ တော်သလင်းလဆန်း(၁၂)ရက်နေ့တွင်
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီးဦး
ဆောင်လျက် ဖောင်းကုန်းရွာသို့ စက်လှေဖြင့်ဘုရား
ပင့်ဆောင်ရန် သွားရောက်ကြသည်။

ရုပ်ပွားတော်သည် ရှေးဟောင်းရုပ်ပွားတော်ဖြစ်၍
ဆရာတော်ဘုရားကြီးက အများပြည်သူအပေါင်း
ကြည်ညိုသဒ္ဓါပွားနိုင်စေရန်ပြုပြင်ဆဲမုခ်တစ်ထောင်
စေတီတော်၌ အကြည်ညိုခံထားရန်ပင့်ဆောင်ခြင်း
ဖြစ်ပါသည်။
ရုပ်ပွားတော်၏မူလဇာတိမှာ ပါကလားနယ်မှဖြစ်ပါ
သည်။ ပါကလားနယ်သည် မြတောင်မြို့မှအရှေု့
လက် တကောင်းတောင်တန်းအထိနယ်ကိုရှေး
အခါက ပါကလားနယ်ဟုခေါ်ပါသည်။
မိုးမိတ်ရာဇ၀င်တွင် သာသနာသက္ကရာဇ် ၃၈ခုခန့်
က မိုးမိတ်စော်ဘွား ဆေဟုံဗသည် ပါကလာ
(၁၂)ရွာနှင့်တကောင်းမြို့ဦးကာလာချောင်းကို
ပေါင်း၍ဆင်းသော ချောင်း(၁၂)ချေုာင်းတို့ကို
အမှီပြု၍ ရွာပေါင်း(၁၂)ရွာတည်ထားကြောင်း
ပြဆိုထားပါသည်။
ထိုရုပ်ပွားတော်သည် ပါကလားနယ်မှရုပ်ပွား
တော်ဖြစ်ပါသည်။ နယ်ပျက်စီးသွားသောအခါ
စောင့်ရှောက်ထိန်းသိမ်းမည့်သူကင်းသွားပါ
သည်။ ဘုရားကြီးမှာ မိုးရွာရွာနေပူပူအောက်
တွင် ဆင်းရဲစွာ သီတင်းသုံးနေရပါသည်။
သို့အတွက်မောင်းကုန်းဆရာတော်အရှင်
ဣဿရိယက ပါကလားနယ်မှ ပင့်ဆောင်
ထားခြင်းဖြစ်ပါသည်။
ရုပ်ပွားတော်မှာမတ်တပ်ရပ်ကိုယ်တော်ဖြစ်
ပြီး ဘယ်ဘက်လက်မောင်းတစ်ဘက်က
အထက်ဘက်သို့လက်ဝါးထောင်ပြထားဟန်
ဖြစ်ပြီး ညာဘက်လက်တစ်ဖက်က အောက်
ဘက်သို့လက်ဝါးဖြန့်ပြထားဟန်ဖြစ်ပါသည်။
ုဘုရားမှာလက်ညှိုးတစ်ချောင်းနှင့်တက်ခလယ်
တစ်ချောင်းကျိုးနေပါသည်။
ထိုကျိုးမှုနှင့်ပတ်သတ်၍အဖြစ်အပျက်တစ်ခု
ပေါ်လာခဲ့ရပါသည်။
ဘုရားကိုမောင်းကုန်းသို့ပင့်ဆောင်လာစဉ်
ခေတ္တခဏအနေဖြင့် စပ်စားရွာ၌ထားရှိခိုက်
ထိုရွာမှနွားကျောင်းလာသော(၁၀)တန်း
ကျောင်းသားလေးတစ်ယောက်သည်ရုပ်ပွား
တော်ကိုသေချာစွာကြည့်ရှုကာ ဘယ်လိုစိတ်
ရိုင်းဝင်လာသည်မသိ။
ဒီလက်က ဘာတောင်းနေတာလဲ ဟုဆိုပြီး
ပါလာသော သားရေဂွဖြင့်ရိုက်ချိုးပစ်လိုက်
လေသည်။
သိုသူငယ်သည်နောက်တစ်နေ့တွင်ဖခင်နှင့်
အတူ တောထဲသို့ထင်းခွေသွားကြရာမိမိ
ခုတ်သော ထင်းချောင်းမှကျိုးပြီးလက်ကို
မှန်လိုက်၍ လက်ညှိုးလက်ခလယ်နှင့်လက်
ကောက်ဝတ်ပါကျိုးလေတော့သည်။
အနာပျောက်ပြီးလအကြာလောက်တွင်
လှည်းဖြင့်ထင်းတိုက်ရန်တောထဲသို့သွား
ပြန်သည်။ တောထဲမှအပြန်တွင် လှည်းပေါ်
မှကျကာ လှည်းနင်းခံရပြန်သည်။ ထိုလှည်း
နင်းခံရသောအနာဖြင့်ပင် သေဆုံးခဲ့ရလေ
သည်။
ယင်းရုပ်ပွားတော်ကိုပင့်ဆောင်ရန်ဆရာ
တော်နှင့်အတူ ရွာသူရွာသားများလာရောက်
ကြသည်။
ထိုအခါ စပ်စားရွာနှင့်ရွာနီးချင်းရွာမှလူတစ်
ယောက်သည် စပ်စားရွာသို့ရောက်ရှိခိုက်နှင့်
ကြုံကြိုက်နေ၍ ဘုရားပင့်ရာသို့လာရောက်
ကြည့်သည်။ ထိုသူသည် ရုပ်ပွားတော်ကို
သေချာစွာကြည့်ပြီး နှုတ်ကအငြိမ်မနေနိုင်
ဘဲ
ဘုရားကလည်း အချွန်အတက်တွေနဲ့အနူ
ကြီးနဲ့တူလိုက်တာ ဟု ပြောမိသည်။
ထိုသူသည် ရွာသို့ရောက်သောအခါ ခန္ဓာ
ကိုယ်တစ်ခုလုံး ယားယံလာခဲ့သည်။
ဆေးအမျိုးမျိုးဖြင့်ကုသသော်လည်းမရ။
အဖုအပိမ့်များသာထွက်လာပါသည်။
ကလိန်စေ့ခန့်ထွက်ပြီး တွဲရရွဲဖြစ်လာပြီး
အယားအယံကမူပျောက်သွားသည်။
ယခုထက်တိုင်မျက်လုံးမှလွဲ၍ တစ်ကိုယ်လုံး
အသီးလုံးအဖုလုံးများဖြင့် အသက်ရှင်နေရ
ဆဲဖြစ်ပါသည်။
ဤသည်မှာ ၀စီနှုတ်ထွက်စကားစော်ကား
မိသော အကုသိုလ်ကြောင့်ခံစားရခြင်းဖြစ်
ပါသည်။
ဗုဒ္ဓဓမ္မလောကစာစောင်၊ အတွဲ ၃၆၊ အမှတ် ၃၇၊

ဘ၀ကုန်သည်


ကျုပ်နာမည်က မဟာဓန၀ါဏိဇ လို့ခေါ်တယ်။
မြန်မာလိုဆိုရင် ဥစ္စာကုန်သည်ကြီးလို့ပြောရင်ရ
တာပေါ့။
ပညတ်သွားရာ ဓါတ်သတ်ပါဆိုသလို ကျုပ်အလုပ်
ကလည်း အ၀တ်ကုန်သည်အလုပ်ပါပဲ။ နေတာက
တော့ ဗာရာဏသီမြို့မှာနေတယ်။ ဗာရာဏသီက
ထွက်တဲ့အ၀တ်တွေကို မြို့တကာလှည့်ရောင်း
တစ်ခါ အဲဒီကထွက်တဲ့ကုန်တွေကိုပြန်ဝယ်ပြီး
ကျုပ်ဇာတိဗာရာဏသီမှာပြန်ရောင်းတယ်။
အဲဒီလိုနဲ့ကျုပ်တစ်နေ့တော့ သာဝတ္ထိမြို့သွားပြီး
အ၀တ်ရောင်းထွက်ဖို့စိတ်ကူးရတယ်။ လှည်း
ငါးရာနဲ့အ၀တ်တွေအပြည့်တင်၊ နေ့ကောင်း
ရက်သာလေးဘာလေးရွေးပြီး ဗာရာဏသီက
ထွက်ခဲ့တယ်။
ကျုပ်တို့ဗာရာဏသီနဲ့သာဝတ္ထိကလည်းဝေး
တော့ အဝေးသား၊ ကြားမှာမြစ်တစ်စင်းက
လည်းရှိသေးတယ်။ ကျုပ်လည်းမြစ်ရောက်
တော့စဉ်းစားမိတယ်။ ခရီးကလည်းအတော်
ပေါက်နေပြီ။ ဒီမြစ်ကိုကူးပြီးဟိုဘက်ကမ်း
ကိုရောက်ရင် သာဝတ္ထိမြို့ကမဝေးတော့ဘူး။
ခု ငါတို့တစ်တွေရော၊ နွားတွေရော ပင်ပန်း
လှပြီ။ ဒီမြစ်ကိုဒီနေ့မကူးသေးဘဲနောက်နေ့
မှပဲ ကူးမယ်။ ဒီနေ့ည ဒီနေရာမှာစခန်းချ
အနားယူရရင်ကောင်းမယ်လို့စဉ်းစားမိ
တယ်။ ဒါနဲ့ကျုပ်လှည်းသမားတို့ကိုဒီနေရာ
တစ်ညနားမယ်၊ နွားတွေဖြုတ်ပြီးအစာ
တွေကျွေးကြ၊ ရေတိုက်ကြလို့အော်ပြော
လိုက်တယ်။
အခုကျုပ်တို့စခန်းချတဲ့နေရာက မြစ်ဘေး
ဆိုတော့ သဘာဝရှုခင်းတွေကလှတယ်။
မြစ်ရေကတော့ အပြည့်မရှိပါဘူး။ အပေါ်
ယံနည်းနည်းပဲ စီးဆင်းနေတယ်။ ကျုပ်တို့
ဖြတ်ကူးမယ်ဆိုရင်ကူးလို့ရတာပေါ့။ လှည်း
ဘီးတစ်ဝက်မရောက်တရာက်လောက်ပဲ
ရေက နက်မယ်ထင်တယ်။ တဖြည်းဖြည်း
နဲ့နေလုံးကြီးက ၀င်လုဝင်ခင်ဖြစ်နေပြီပေါ့။
မြစ်ကြောင်းဆိုတော့ သစ်ပင်အကာအကွယ်
မရှိတော့ လေကလည်း တဟူးဟူးတိုက်
ခတ်နေတယ်။
ပထမတော့လေလေးတဟူးဟူးပဲဆိုတော့
ကျုပ်ဘာမျှမပူပင်ပါဘူး။ သိပ်မကြာခင်
လည်းရောက်ရောမိုးနံ့တွေက ပါလာတယ်။
ဒါနဲ့ကျုပ်က အပြင်ကို အကဲခတ်လိုက်တော့
မိုးစနေ၊ လေရာဟု ဆိုသလိုစနေထောင့်မှာ
မိုးသားတွေမည်းမည်းမှောင်လို့။ ကျုပ်စိုးရိမ်
စိတ်တွေဝင်ပြီးကျုပ်ရဲ့လှည်းသမားတွေကို
သတိပေးလိုက်တယ်။ မိတ်ဆွေတို့မိုးသား
တွေတရိပ်ရိပ်တက်လာပြီ။ အ၀တ်တွေမိုး
မရွဲအောင် ဂရုစိုက်ကြလို့။
ကျုပ်ပြောပြီးမကြာပါဘူး။ မိုးခြိမ်းသံတွေက
တဂျိန်းဂျိန်းနဲ့လျှပ်စီးတွေကလည်းတ၀င်းဝင်း
ကျုပ်ဘ၀မှာဒီလောက်သဲကြီးမဲကြီးရွာတဲ့မိုး
မကြုံဖူးသလောက်ပါပဲ။ ရွာတော့လည်း
ညလုံးပေါက်ကိုရွာချထားတာဆိုတော့မြစ်
ရေကလည်းတစ်လုံးပြည့်စီးနေတယ်။
အထက်ဒေသတွေမှာလည်း မိုးသဲကြီးမဲ
ကြီးရွာတော့မြစ်ရေကကျမသွားဘူး။
တစ်ရက်ကျနိုး။ တစ်ရက်ကျနိုးနဲ့ မျှော်
ကိုးနေပေမယ့် ခုနှစ်ရက်ပြည့်မှပဲမြစ်ရေ
ကကျတယ်။ မြစ်ရေကျကျခြင်းကျုပ်တို့
ဖြစ်မကူးရဲကြသေးဘူး။ တော်တော်လေး
ကြာမြစ်ရေအခြေအနေအကဲခတ်ပြီးမှ
ဖြတ်ကူးကြတယ်။
သာဝတ္ထိမြို့တစ်ဖက်ကမ်းရောက်တာနဲ့
ကျုပ်တို့တစ်တွေသာဝတ္ထိမြို့ဆီဦးတည်
မောင်းတယ်။ သာဝတ္ထိလည်းရောက်ရော
နက္ခတ်ပွဲသဘင်ကစားနေတာနဲ့ကြုံပြန်
ရော။ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆို
သလို ကျုပ်တော့ကံဆိုးမိုးမှောင်ကျပြီ
ပေါ့။ နက္ခတ်ပွဲသဘင်ကလည်းတစ်ရက်
လည်းမဟုတ် ခုနှစ်ရက်ကြီးများတောင်
မြစ်ရေကြီးလို့ခရီးဖင့်နေတာကခုနှစ်
ရက်၊ နက္ခတ်ပွဲသဘင်နဲ့ဆုံလို့ရောင်း
မရတာကခုနှစ်ရက်ဆိုတော့(၁၄)ရက်
ကြီးများတောင်အချိန်တွေအလဟဿ
ကုန်တယ်။ အသွားအပြန်ကုန်တဲ့ရက်
တွေထည့်ရေတာမဟုတ်သေးပါဘူး။
ကျုပ်ကိုယ်တိုင်ရဲ့အပြစ်ပါပဲ။ မြစ်ကိုကူး
လို့ရလျက်နဲ့နေ့ရွေ့ညရွေ့လိုပ်မိတာပဲ
ကိုး။ မြစ်ကိုတန်းကူးရင်(၁၄)ရက်တွင်
ဘယ်ကတော့မလဲ။ ကျုပ်မှာပါလာတဲ့
ပစ္စည်းတွေရောင်းပြီးသာဝတ္ထိမြို့က
ထွက်ကုန်တွေက ၀ယ်ရဦးမယ်ဆိုတော့
အချိန်တွေအများကြီးကုန်ရဦးမယ်။
ဘယ်သူမပြုမိမိမှုပါပဲလေ။
ဒါနဲ့ကျုပ်အခြေအနေအရပ်ရပ်ကိုပြန်
သုံးသပ်တယ်။ ဗာရာဏသီကထွက်
လာတာလည်းကြာပြီ။ ခုထိကုန်ရောင်း၊
ကုန်ဝယ်တစ်ခုမျှမလုပ်ရသေးဘူး။
ဒီအတိုင်းလှည့်ပြန်ရင်ကျုပ်ရှုံးမှာပေါ့။
အင်းလေဒီမှာပဲနေပြီးအလုပ်လေး
ဘာလေးလုပ်၊ တစ်ဖက်ကလည်း
အ၀တ်အထည်တွေအရင်ကုန်အောင်
ရောင်းရတော့မှာပေါ့။ အဲဒီလိုကျုပ်
စဉ်းစားပြီး လှည်းတွေချွတ်ခိုင်းပြီး
သင့်တင့်မယ့်အရပ်ကို ရှာကြတယ်။
ဘုရားအမှူးရှိတဲ့သံဃာတော်တွေ
ဆွမ်းခံကြွရင်း ကျုပ်ရဲ့အကြံအစည်
တွေကိုသိတော်မူလို့ ဘုရားပြုံးတော်
မူတယ်ဆိုပဲ။ အဲဒါကိုအရှင်အာနန္ဒာ
ကမေးလျှောက်တော့ ကျုပ်သာဝတ္ထိ
မြို့မှာတစ်နှစ်နေမယ်ကြံတယ်။
ဒါပေမယ့်ကျုပ်အသက် ခုနှစ်ရက်ပဲ
ရှင်မယ်ဆိုတာသိလို့ ပြုံးတော်မူတာ
ပါတဲ့။ ဒါတွေအားလုံးကျုပ်ကိုရှင်
အာနန္ဒာလာပြောလို့သိရတာပါပဲ။
ကျုပ်လည်းသိသိချင်းအတော်လေး
ကိုကြောက်သွားတယ်။ အေးလေ
ကျုပ်မှာကုသိုလ်ကောင်းမှုတွေလုပ်
မိမှာမဟုတ်ဘူး။ ခုတော့ကျုပ်ဘုရား
အမှူးရှိတဲ့သံဃာတွေကိုပင့်ပြီးဆွမ်း
ကပ်ကြ၊ ဝေယျာဝစ္စကုသိုလ်တွေပြု
ကြနဲ့ပေါ့။ ဒီနေ့ပါဆိုရင် ခုနှစ်ရက်တိ
တိပြည့်ပြီလေ။ ကျုပ်အသက်ရှင်ရ
မယ့်ခုနှစ်ရက်လုံးလုံးကုသိုလ်တွေ
ချည်းပြုလုပ်တာပေါ့။ ကျုပ်သေရ
မယ်ကိုကျုပ်မသိရခင်ကျုပ်သာဝတ္ထိ
မြို့မှာတစ်နှစ်နေဖို့ကြံစည်တယ်။
ဒီကလာတုန်းကလည်းမိုးရွာမယ်မှန်း
မသိဘဲနားလိုက်မိလို့ ကျုပ်ခရီးစဉ်တွေ
ကစဥ့်ကလျားဖြစ်ခဲ့ရတယ်။ ခုတော့
ကျုပ်ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေ
က ကျုပ်သွားရမယ့်သံသရာခရီးမှာ
ကစဥ့်ကလျားမဖြစ်အောင်ပြုလုပ်ပေး
မှာ အသေအချာပါပဲ။
အနုမောဒနာတရားနာကြားဖို့အတွက်
ဘုရားရှင်ရဲ့သပိတ်ကိုလှမ်းယူလိုက်
တယ်။ ဘုရားရှင်က လူမိုက်တွေဟာ
မမြဲတဲ့ခန္ဓာကိုယ်နဲ့အသက်မြဲတယ်
ထင်ပြီးဒီနေရာမှာ မိုးဥတု၊ နွေဥတု၊
ဆောင်းဥတုတွေမှာနေဖို့တွေးကြံကြ
တယ်။ မိမိရဲ့အသက်နဲ့ခန္ဓာရဲ့အန္တရာယ်
ကို မသိကြဘူးလို့ဟောတယ်။ ကျုပ်ရဲ့
အကြောင်းကိုသိတော်မူထားတော့
ကျုပ်နဲ့လျောက်ပတ်တဲ့ဒေသနာတော်
ကို ဟောတော်မူတာပါပဲ။
တရားဒေသနာအဆုံးမှာကျုပ်ရတနာ
သုံးပါးအပေါ်မှာအသက်နဲ့အမျှကိုး
ကွယ်ဆည်းကပ်သူဖြစ်သွားရသလို
ငါးပါးသီလကိုလည်းခါးဝတ်ပုဆိုးလို
မြဲမြံစွာကျင့်တဲ့သူဖြစ်ပြီဆိုတာကျုပ်
ကိုယ်ကျုပ်သိလိုက်တယ်။
အ၀ိဇ္ဇာတွေပိတ်ဖုံးနေတဲ့ကျုပ်ရဲ့စိတ်
တွေ အသက်နဲ့ခန္ဓာမြဲမယ်ထင်ပြီး
ပမာဒ မေ့လျော့နေတဲ့စိတ်တွေကို
ခုမှပဲကျုပ်သတိပြုမိသွားတယ်။
ဟုတ်ပါတယ်။ အခုခရီးစဉ်ဟာ ကျုပ်
အတွက် မပြောပလောက်တဲ့လောကီ
ကုန်တွေရှုံးပေမယ့် သံသရာမှာအဖိုး
မဖြတ်ရတဲ့အမြတ်တွေကျန်ခဲ့တယ်။
ကျုပ်ရင်းနှီးလိုက်ရတာက မုံညင်းစေ့
လောက်လေး။ ကျုပ်ပြန်ရလိုက်တဲ့
အမြတ်တွေက မြင်းမိုရ်တောင်ပေါင်း
ရာထောင်မကတဲ့ အမြတ်လောကုတ္တရာ
ဥစ္စာတွေပါပဲ။
ဘုရားရှင်က ကျုပ်သာဝတ္ထိနေမယ်
ကြံစည်တာကိုသိလို့ ရှင်အာနန္ဒာကို
မိန့်တော်မူတဲ့အခါတရားတစ်ပုဒ်ဟော
တယ်တဲ့။ နက်ဖြန်မှာကိုယ်အသက်
ရှုင်ရမယ် သေရမယ်ဆိုတာ မည်သူမျှ
မသိနိုင် ဒါကြောင့်ကိုယ်အသက်ရှင်
နေရတဲ့ယနေ့မှာအပ္ပမာဒဆိုတဲ့မမေ့
မလျော့မပေါ့မဆတဲ့သတိနဲ့ကုသိုလ်
တွေပြုလုပ်သင့်တယ်။ သေမင်းဆိုတာ
တံစိုးလက်ဆောင်တွေ၊ ချော့မြူတဲ့
စကားတွေနဲ့ဖြားယောင်းလို့မရဘူး
လို့ဟောတော်မူပါတယ်။
ကျုပ်ဘ၀ကိုကျုပ်တွေးကြည့်တဲ့အခါ
ဒီနေ့မှာ ခုနှစ်ရက်လည်းစေ့ပြီမို့ကျုပ်
အသက်ရှင်ဖို့နာရီပိုင်းပဲကျန်တော့
တယ်လေ။ ဘုရားရှင်ပေးတော်မူတဲ့
မဂ္ဂင်ယဉ်ကြီးနဲ့တစ်ဆင့်ထက်တစ်ဆင့်
မြင့်သည်ထက်မြင့်အောင်အပ္ပမာဒတရား
လက်ကိုင်ထားပြီးသံသရာခရီးလက်ကျန်
ဘ၀တွေကိုကျုပ်သွားရဦးမယ်။ ခင်ဗျား
တို့တစ်တွေလည်း ကျုပ်ဘ၀ဇာတ်လမ်း
ကိုကြည့်ပြီး အပ္ပမာဒတရားနဲ့မဂ္ဂင်လှေ
ကားတွေတစ်ထစ်ပြီးတစ်ထစ်နိဗ္ဗာန်ကို
လက်လှမ်းနိုင်ကြပါစေဗျာ။
စာကြွင်း
ဓမ္မပဒအဋ္ဌကထာ (ဒု) မဟာဓန၀ါဏိဇ
ဝတ္ထုကိုမှီးပါသည်။ ကုန်သည်သည်
ဘုရားရှင်ဒေသနာအဆုံးသောတာပန်
ဖြစ်သွားပြီး ညနေစောင်းသောအခါ
ရုတ်တရက်ခေါင်းကိုက်သောဝေဒနာ
ဖြင့်ကွယ်လွန်သွားပါသည်။ ကုန်သည်
သည် သောတာပန်ပုဂ္ဂိုလ်ဖြစ်သဖြင့်
ခုနှစ်ဘ၀သာ အလွန်ဆုံးဘ၀ခန္ဓာရ၍
နောက်ဆုံးခုနှစ်ဘ၀မြောက်၌ပရိနိဗ္ဗာန်
စံရပါမည်။ ဤစာကိုကုန်သည်နေရာမှ
ခံစားရေးဖွဲ့ပါသည်။
နေသစ်မှူး(ငွေသာတွင်း)
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း

တဏှာဆိုသည်မှာ အငမ်းမရဆာလောင်ခြင်းဖြစ်၏။

အသိစိတ်လွှာအောက်တွင် ပုန်းလျိုးကွယ်ဝှက်၍ လူတို့၏စိတ်ကို စိုးမိုးကြိုးကိုင် ချယ်လှယ်နေသော ၊
မာယာအမျိုးမျိုးဖြင့် လှည့်ပတ်ဖြားယောင်းတတ်သော၊
အလိုဆန္ဒကြီးမားများပြား၍ မည်သည့်အခါမှ တင်းတိမ်ရောင့်ရဲမှု မရှိသော ၊
ဆင်းရဲခြင်းကိုဖြစ်စေတတ်သော၊ဘဝလွတ်မြောက်ရေးကို ပိတ်ပင်တားဆီးတတ်သော ရန်သူကြီး။
ထိုရန်သူ သည်မိမိတို့အား ဒုက္ခအပေးနိုင်ဆုံး ကြောက်ဖွယ်အကောင်းဆုံးလည်းဖြစ်သည်။ဒုက္ခကို သုခထင်အောင် ၊
ကြောက်စရာကို ချစ်စရာထင်အောင် ဖြားယောင်းနိုင်သည်။အနိဋ္ဌာရုံဟူသမျှကို ဣဋ္ဌာရုံထင်အောင်ဖန်ဆင်းနိုင်ပြီး လောကကို ဖျက်ဆီးနိုင်သည့် စွမ်းအားကြီးမား လှသည်။
လူတို့၏ အတွင်းသန္တာန်၌ အချိန်တိုင်း ထကြွလှုပ်ရှားနေသော်လည်း သူ့ကို
ရှာဖွေတွေ့ရှိရန် ခက်ခဲလှပေသည်။
ထိုရန်သူကြီးကား အခြားမဟုတ် ၊တဏှာပင်တည်း။
တဏှာဆိုသည်မှာ အငမ်းမရဆာလောင်ခြင်းဖြစ်၏။ဘဝသစ်နှင့် ဆင်းရဲဒုက္ခအမျိုးမျိုး မကောင်းကျိုး ဟူသမျှ ဆီသို့သာဦးတည်၏။
ဒုစရိုက်များကို နှစ်နှစ်ခြိုက်ခြိုက် ရဲရဲဝံ့ဝံ့ ပြုလုပ်အောင်လည်း အားပေးတတ်သည်။တဏှာတွင်
တပ်မက်ဖွယ် သက်ရှိသက်မဲ့ ၊အာရုံခံစားမှု အစုစုတို့ကို လိုချင်သာယာမှုဟူသော ကာမတဏှာ။
ဘဝကိုတွယ်တာမြတ်နိုးလျှက် အသက်ရှည်စွာနေလိုသော ဘဝတဏှာ။ထိုတဏှာကြောင့်ဝိညာဉ်သည် မသေဘဲ ခိုင်မြဲသည်ဟူသော သဿတဒိဋ္ဌိအယူမှားကိုဖြစ်စေသည်။
သေပြီးနောက်အားလုံးပြီးပြတ် သွားသည်ဟုအယူမှားသောဝိဘဝတဏှာ။ထိုတဏှာကြောင့် အကုသိုလ်ကံကို ရဲရဲကြီးပြုဝံ့ကြသည်။
ဒီဘဝဒီကိုယ်နဲ့စံ၊နောက်ဘဝဟိုကိုယ်နဲ့ခံဟူသော အတွေးအခေါ်မျိုး။
ထိုတဏှာသုးံမျိုးသည် အမှန်မသိမှု အဝိဇ္ဇာနှင့်ပေါင်းပြီး အကန်းမြင် အရမ်းထင်အောင် လမ်းထွင်ကြတော့သည်။"ပုထုဇ္ဇနော ဥမ္မတ္တကော"၊ ပုထုဇဉ်မှန်သမျှ တဏှာကြောင့် ရူးနေုကြသူချည်းဖြစ်၏
။ ဗုဒ္ဓကိုယ်တိုင်သော်မှ အရဟတ္တမဂ် ဉာဏ်မျက်စိဖြင့် ထိုးထွင်းကြည့်နိုင်သည့်အခါမှ တဏှာကိုမြင်ပြီး အကြွင်းမဲ့ ပယ်ရှင်းနိုင်တော့၏။ထိုအခါမှ ဘဝသစ် ထပ်မဖြစ်တော့ဘဲ သံသရာရဟတ် ရပ်တန့် အဆုံးသတ်လေသည်။
ထို့ကြောင့်မိမိတို့သည်လည်း ဗုဒ္ဓ၏ အဆုံးအမ အတိုင်း ဘဝသစ်ဖြစ်စေသော အကြောင်းရင်း တဏှာကို တွေ့အောင်ရှာ၍ ပယ်ရမည်ဖြစ်ပါသည်။ဘဝဟူသည် ခန္ဓာငါးပါးမှလွဲ၍ ဘာမှမဟုတ်၊ ထိုခန္ဓ္ဓာငါးပါးသည်လည်းမတည်မြဲ၊ဖောက်လဲဖောက်ပြန် ဖြစ်ခြင်းပျက်ခြင်းမှလွဲ၍ မည်သည့်ဆုပ်ကိုင် အားကိုးရာမျှမရှိ၊ နှစ်သက်ဖွယ်ရာမဟုတ်ဟု ဉာဏ်အမြင်မှာ သဘောပေါက်လာလျှင် တဏှာကင်းပြတ်လေတော့သည်။
ဓမ္မမိတ်ဆွေအားလုံး ရန်သူတဏှာကို တွေ့အောင်ရှာနိုင်ပြီး အမြစ်ပြတ် ချေမှုန်းနိုင်သူများဖြစ်ကြပါစေ။

သွားနေသူလားရောက်နေသူလား


ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ရန်ရည်ရွယ်လျက်
သီလခံယူသောအခါ သံသာရ၀ဋ္ဋဒုက္ခတောမော
စနတ္ထာရဟူသော စာပိုဒ်ကိုဆိုပါမှ သဘာဝကျ၏။
သို့မဟုတ်ပါက လူချမ်းသာနတ်ချမ်းသာအကျိုး
မျှော်ကိုးရာရောက်ပေသည်။
ထို့ပြင်အမှန်တကယ် ကမ္မဋ္ဌာန်းအားထုတ်သော
ယောဂီဆိုလျှင် ငါးပါးသီလအပြင်မသင့်တော်ချေ။
ရှစ်ပါးသီလကိုခံယူကျင့်သုံးအပ်ပေသည်။ ဤတွင်
အမှန်တကယ်ဟူသောစကားကို မိမိတို့သတိပြုဖို့
ပင်ဖြစ်သည်။ အမှန်တကယ်မဟုတ်လျှင်ကား
ပြောစရာမလို။ ယောဂီသည်ငါးပါးသီလဖြင့်
အဘယ်ကြောင့်မသင့်တော်ပါသနည်းဟူမူ
ယောဂီသည် ၀ိကာလဘောဇနာ၊ နေ့လွဲညစာ
စားပါက ၁။ အိပ်ငိုက်တတ်၏။ ၂။ ကာမ၀ိတက်
အလိုရမ္မက်ပေါ်တတ်၏။ ၃။ ခန္ဓာကိုယ်ပေါ့ပါး
မှုမရှိဖြစ်၏။
စေ့စေ့တွေးသော် ယနေ့လူသားကမ္ဘာကိုညစာ
ဝိကာလဘောဇနာက ကြီးစိုးနေသည်။ ကမ္ဘာ့
နိုင်ငံများစွာရှိ ဟိုတယ်ကြီးများ၊ စားသောက်
ဆိုင်ကြီးများသည် ညစာကိုသာ အဓိကထား၍
ချက်ပြုတ်ရောင်းချနေကြသည်။ တဏှာလူသား
တို့ကလည်း ညစာကိုပင် အသားလုပ်၍စားကြ
သည်။
လူတို့သည်နေ့တွင်အလုပ်လုပ်ပြီးညတွင်
အိပ်စက်နားနေကြသည်။ ထို့ကြောင့်အလုပ်
ပြီးချိန်အိပ်စက်အနားယူမှုမပြုမှီညစာကို
ကောင်းကောင်းစားကြကုန်၏။ ညစာစား
ပြီး ကာမဂုဏ်ခံစားပျော်ပါး၏။ တိရစ္ဆာန်
တို့ကဲ့သို့မောဟတည်းစွာအိပ်စက်တတ်
ကြ၏။ တချို့လူတို့သည် ညစာကိုညဥ့်
နက်ခံစားပြီး ခန္ဓာကိုယ်အားအင်ပြည့်ဖြိုး
စေလျက် ကာမဂုဏ်ကိုအားရပါးရခံစား
ကြပါ၏။
ညစာသည်ကာမဂုဏ်ကိုအားပေး၏။
ထို့ကြောင့်ညစာသည် စက်ဆုပ်သော
ယောဂီသူတော်ကောင်းအတွက်ဆန့်ကျင်
ဘက်ဖြစ်ပါသည်။ ညစာသည်ကာမဘက်
ကဖြစ်၏။ ညစာရှောင်မှုသည်ဓမ္မဘက်က
ဖြစ်၏။
မြတ်စွာဘုရားရှင်သည် လူ့လောက၌ညစာ
ရှောင်သူအလွန်နည်းပါး၏။ ဒုလ္လဘပင်ဖြစ်
၏ဟုဟော်တော်မူ၏။ သို့ဖြစ်၍ဓမ္မဘက်တော်
သားဟူသမျှညစာဝိကာလဘောဇနာကိုရှောင်
ကြဉ်ရမည်သာဖြစ်၏။ ရဟန်းသံဃာများအား
ညစာမစားရန်ဘုရားရှင်ပညတ်တော်မူထား
ခြင်းသည် ဓမ္မရေးရာဘက်မှအမျှော်အမြင်
ကြီးရာရောက်၏။ ကာမဂုဏ်စိတ်မတိမ်းညွှတ်
အောင်ထိန်းကျောင်းနေရသောရဟန်းသာမ
ဏေများညစာမစားခြင်းအားဖြင့်ကာမစိတ်
ကိုသွေ့ခြောက်စေလေသည်။
ထိုမှတစ်ဖန် နစ္စ ဂီတ ၀ါဒိတ သိက္ခာပုဒ်တို့ကို
ကြည့်မည်ဆိုလျှင် တကယ်တရားအားထုတ်
သူတို့အဖို့ကနေ၍ဖြစ်ပါမည်လား။ ကနေ
သည်ကိုကြည့်၍ဖြစ်ပါမည်လား။ သီချင်းဆို
သံ နားထောင်နေ၍ဖြစ်ပါမည်လား။ တရား
အားထုတ်ရင်း ဂီတာတီးနေ၍ နှဲမှုတ်နေ၍
ဖြစ်ပါမည်လား။ သူများတီးတာမှုတ်တာ
နားထောင်နေ၍ဖြစ်ပါမည်လား။ စဉ်းစားရာ၏။
မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသန
တရားအားထုတ်သည့်ယောဂီအနေဖြင့်ပန်း
များဝေနေ၍ သင့်ပါမည်လား။ မိတ်ကပ်
တဖုံဖုံ နံ့သာမျိုးစုံ လိမ်းသချယ်လှယ်သင့်ပါ
မည်လား။ မိမိကိုယ်ကိုလှစေရန်တန်ဆာ
အမျိုးမျိုးဝတ်ဆင်၍ မှန်ရှေ့မခွါလုပ်နေ၍
ဖြစ်ပါမည်လား။ စဉ်းစားရာ၏။ မသင့်၍
မတော်၍ပင်တကယ်တရားအားထုတ်
သည့်ယောဂီအဖို့ ဤနစ္စ၊ ဂီတ သိက္ခာပုဒ်
ကို စောင့်ထိန်းရခြင်းဖြစ်ပေသည်။
ဥစ္စာသယန မဟာသယန = အိစက်ညက်
ညောသည့် ထိုင်စရာ အိပ်စရာမျိုးမရှောင်
ကြဉ်ဘဲ သုံးဆောင်လျှင် ကာမဂုဏ်စိတ်
ပေါ်ပေါက်တတ်၏။ ထိနမိဒ္ဓ၀င်၍ငိုက်မျဉ်း
တတ်ပေသည်။ ထို့ကြောင့် ထိုနေရာမျိုးကို
လည်းရှောင်ခိုင်းခြင်းဖြစ်ပေသည်။
ဤ၌အချို့သူတို့သည် ပမာဒလေခကြ၍
လားမသိ၊ ၀ိသာခါကျောင်းအမကိုပြယုဂ်
ထုတ်ကာ ပေါ့စေလို၍ ကြောင်ရုပ်ထိုး
တတ်ကြပါသည်။ ၀ိသာခါသည်ဥပုသ်စောင့်
သည့်နေ့မှလွဲလို့ ကျန်တဲ့နေ့တွေမှာ ဖြီးလိမ်း
ပြင်ဆင်ပြီးနေထိုင်ပါတယ်။ ပြင်ဆင်ထားလို့
လည်း သားသမီးမြေးမြစ်တွေကြားထဲမှာ
ထိုင်နေလျှင် ဘယ်ဟာဝိသာခါဆိုတာခွဲခြား
လို့မရအောင်လှနေပါတယ်ဟုဆိုလာသည့်
အပြင် ၀ိသာခါ၏ ဖြီးလိမ်းပြင်ဆင်နေတတ်
မူကြောင့် အိမ်သားဖြစ်သူသူဌေးသားမှာ
သံယောဇဉ်တွေပိုကာသားသမီး(၂၀)ရသည်
အထိပေါင်းသင်းနေခြင်းဖြစ်သည်ဟု ၀ိသာခါ
ထုံးနှလုံးမူကျင့်သုံးကြရန် အတ္တနောမတိနှင့်
အဖြေညှိတတ်လာကြပါသည်။
အမှန်ကားထိုသို့မဟုတ်။ ထိုသို့မဆိုသင့်၊
ထိုသို့လည်း နားလည်ရန်မဟုတ်၊ နားလည်
ရန်မှာကား ခရီးသွားသူနှင့်ခရီးရောက်သူကို
ခွဲခြားနားလည်တတ်ရန်ပင်ဖြစ်ပေသည်။
ခရီးသွား(၀ါ)ခရီးသွားဆဲပုဂ္ဂိုလ်မှာကား
အမောအပန်းခံ၍ လမ်းလျှောက်ရ၏။
ခရီးရောက်သူမှာကား အသာအယာနားနေ
နိုင်ပြီ။ ယောဂီကားသောတာပန်ခရီးသွား
ဖြစ်သည်။ သောတာပန်ဖြစ်ပြီးသူ ၀ိသာခါ
မှာကား ခရီးရောက်ပြီးသူနှင့်တူပေ၏။
ထို့ကြောင့် သောတာပန်ငါးပါးသီလလုံခြုံ
စွာနေသည်ကို လက်ညိုးထိုး၍ယောဂီ
လည်း ရှစ်ပါးသီလမလို၊ ငါးပါးသီလလုံက
ပြီး၏ဟု မနှိုင်းမပြုအပ်။
ထို့ကြောင့် အမှန်တကယ်တရားအားထုတ်
တော့မည်ဆိုပါလျှင် ရှစ်ပါးသီလကိုစောင့်
ထိန်းရမည်ဖြစ်ပေသည်။ ငါးပါးသီလမျှဖြင့်
ဖြစ်နိုင်မဖြစ်နိုင်သိသာပေသည်။ ငါးပါး
သီလဖြင့် တရားအားထုတ်၍ ဖြစ်သည်ဆို
ပါက ညစာကလေးစား၊ တီဗွီဇာတ်လမ်း
တွဲလေးတွေကြည့်၊ မိတ်ကပ်ပေါင်ဒါကလေး
သ၊ ဆိုဖာပေါ်ထိုင်၊ မွေ့ရာပေါ်အိပ်တရား
လားထုတ်ဟုဆိုရာရောက်ချေသည်။
ထို့ပြင် တရားအားထုတ်သောယောဂီပုဂ္ဂိုလ်
သည်
စက္ခုမာဿ ယထာ အန္ဓော၊ သောတ၀ါ ဗဓိ ရောယတာ။
ပညာဝါဿ ယထာမူဂေါ၊ ဗလဝေါ ဒုဗ္ဗ လောရိဝ။
အထ အတ္ထေ သမုပ္ပန္နေ၊ သယေထ မတ သာယိကံ
ဟူသော ထေရဂါထာနှင့်မိလိန္ဒပဥှာတို့၌ဖွင့်ဆို
ပြထားသည်နှင့်အညီ
စက္ခုမာ၊ မျက်စိရှိသူ မျက်စိမြင်သူဖြစ်သော်လည်း၊
အန္ဓောယထာ၊ သူကန်းကဲ့သို့။ အဿ၊ ဖြစ်ရာ၏။
မမြင်သောသူကဲ့သို့ မြင်ရတာကိုဂရုမစိုက်ဘဲ
ရှုမြဲတရားကိုသာ ရှုနေရမယ်လို့ဆိုလိုပါတယ်။
သောတ၀ါ၊ နားရှိသူ နားကောင်းသူပင်ဖြစ်သော်
လည်း၊ ဗဓိရောယထာ၊ နားပင်းသူ၊ နားမကြား
သူကဲ့သို့၊ အဿ၊ ဖြစ်ရာ၏။
ပည၀ါ၊ ပြောဆိုတတ်သူ ပညာရှိပင်ဖြစ်သော်
လည်း။ မူဂေါယထာ၊ သူအကဲ့သို့၊ အဿ၊
ဖြစ်ရာ၏။
ဗလ၀ါ၊ အားရှိသူပင်ဖြစ်သော်လည်း။ ဒုဗ္ဗလော
ဣ၀၊ အားနည်းသူကဲ့သို့၊ အဿ၊ ဖြစ်ရာ၏။
အထ၊ ထို့ပြင်၊ အတ္ထေ၊ မလှုပ်မယှက်နေခြင်း
ဖြင့် ပြီးစေသင့်သောအကျိုးကိစ္စသည်။
သမုပ္ပန္နေ၊ ဖြစ်ပေါ်လတ်သော်။ မတသာယိကံ၊
သူသေအလားမလှုပ်မရှားအိပ်နေခြင်းဖြင့်။
သယေထ၊ လျောင်းစက်ငြိမ့်စွာ အိပ်နေရာ
၏ဟု ဖော်ပြထားပေသည်။
ဆိုလိုသည်မှာတရားအားထုတ်သည့်ပုဂ္ဂိုလ်
သည် အင်အားရှိနေသော်ငြားအားမရှိသည့်
လူမမာများကဲ့သို့ကျင့်ရပေမည်ဟုဆို၏။
ပကတိ ကျန်းမာသည့်အင်အားရှိသည့်
ပုဂ္ဂိုလ်များသည် ထခြင်း၊ သွားခြင်းအမှုတို့၌
လွယ်လွယ်ဖြင့်ဆတ်ကနဲပင် လျှင်မြန်စွာထ
ကြ၏။ အင်အားမရှိလူမမာများကားဖြည်း
ဖြည်းရွရွ၊ သိမ်သိမ်မွေ့မွေ့ဖြင့်လှုပ်ရှားကြ
ရ၏။
ထို့ကြောင့်တရားအားထုတ်ရာ၌လည်း
အားမရှိသည့်လူမမာများကဲ့သို့ပြုကျင့်မှ
သာဖြည်းဖြည်းချင်းပြုပြင်ရာရောက်၍
သတိ၊ သမာဓိ၊ ဉာဏ်ကောင်းစွာမှီပေ
သည်။ ရှုမှတ်မှုတစ်ခုတည်းသာ ကိုယ့်
အလုပ်ဖြစ်သဖြင့်အခြားလူများကဲ့သို့
မည်သို့ပင်ထူးထူးဆန်းဆန်းအစရှိသည်
တို့ကို မြင်ရ၊ ကြားရသော်လည်းမမြင်ရ
မကြားရသကဲ့သို့မိမိအမှတ်ကိုသာဂရု
စိုက်၍ မှတ်နေရမည်ဖြစ်ပြီး ကိုယ်အမှု
အရာပြုပြင်ရာတွင်လည်း မကျန်းမာ
သည့်ပုဂ္ဂိုလ် အားအင်မရှိသည့်ပုဂ္ဂိုလ်
များကဲ့သို့ဖြည်းဖြည်းနှင့်ငြိမ်ငြိမ်သက်
သက်သိမ်သိမ်မွေ့မွေ့ပြုပြင်ရပေသည်။
သို့ဆိုလျှင်တစ်စုံတစ်ဦးသောပုဂ္ဂိုလ်မှ
ကျွန်တော်တို့ခေတ်ယောဂီတွေကတရား
စခန်းဝင်လိုက်တာနဲ့လူမမာပုံပေါက်သွား
ပါတယ်။ ယောဂီဝတ်စုံကြီးကလည်း
ဖက်ရှင်လိုဖြစ်နေတဲ့အတွက်ဒီဝတ်စုံဝတ်မှု
တရားရတော့မလိုနဲ့လူကိုတော်တော်အိုစာ
စေပါတယ်။ ၀ိသာခါဝတ်တဲ့ဝတ်စုံကိုကြည့်
ပါ။ ၁၈ ကုဋေတန်ပါတယ်ဟုပြောဆိုလာငြား
အံ့။ ထိုပြောဆိုလာသူ၏ သဘောတရားကို
ကြည့်မည်လား။ ဧကာယနောဟူသော
တစ်ခုတည်းသော တရားသဘောကိုသာ
ကြည့်မည်လား။
စာရှုသူတို့သာ ဆုံးဖြတ်ပါတော့ ဟူ၍။
အနန္တဂုဏ်ရည်မဂ္ဂဇင်း

ခုနှစ်နေ့ဖွားများ


ရက်သတ္တပတ်တစ်ပတ်လျှင် ခုနှစ်ရက်ရှိရာ ထိုနေ့ရက်
တို့ကိုခေါ်ရလွယ်ကူစိမ့်သောငှါ တနင်္ဂနွေ၊ တနင်္လာ၊
အင်္ဂါ၊ ဗုဒ္ဓဟူးစသည်ဖြင့်ခေါ်ဝေါ်ပညတ်ရာမှလူတို့မွေး
ဖွားသည့်နေ့ရက်အပေါ်အမှီပြု၍ တနင်္ဂနွေသား၊
တနင်္လာသား၊ အင်္ဂါသားစသည်ပညတ်တင်ကြပြန်
ပါသည်။
အမှန်တော့နိုင်ငံတကာ၌ မွေးဖွားသည့် ခုနှစ်၊ လ၊
ရက်ကိုသာ ပဓါနပြုလေ့မရှိပါ။ ဗြဟ္မဏ၀ါဒမှိုင်းမိ
ခံရသောကြောင့် တနင်္ဂနွေသား၊ တနင်္လာသား
စသည်အလေးထားသတ်မှတ်နေကြခြင်းဖြစ်ပါ
သည်။ အမှန်စင်စစ်မည်သည့်နေ့တွင်ဖွားသည်
ဖြစ်စေ ဘာမျှအရေးမကြီးပါ။ ဤသည်မှာဗြဟ္မဏ
ဝါဒ၏အမှတ်အစွဲများသာဖြစ်ပါ၏။ အလေးထား
နေစရာမလိုပါ။ စွဲမှတ်နေစရာမလိုပါ။
မည်သည့်နေ့ဖွားသောကြောင့်ကံကောင်းမည်၊
အောင်မြင်မည်၊ ကြီးပွားမည်ဟုထင်မှတ်စရာ
မလိုသကဲ့သို့ မည်သည့်ဖွားဖြစ်သောကြောင့်
ကံမကောင်းအကြောင်းမလှဖြစ်မည်ဟုစိုးရိမ်
စရာမလိုပါ။ လူသာအဓိကပါ။ လူသာပဓါနပါ။
တနင်္ဂနွေသားသမီးဖြစ်ဖြစ်၊ တနင်္လာသားသမီး
ဖြစ်ဖြစ် မည်သည့်နေ့ဖွားပင်ဖြစ်စေ ထိုသူ၏
ကံဉာဏ်ဝီရိယတို့ကသာ သူ့ဘ၀ကိုပုံဖော်
တည်ဆောက်သွားမည်ဖြစ်ပါသည်။ တနင်္ဂနွေ
ဖွား တနင်္လာသားတွေထဲမှာပင် ကံကောင်းသူ
တွေလဲရှိမည်။ ကံမကောင်းသူတွေလဲရှိမည်။
ချမ်းသာကြွယ်ဝနေသူလည်းရှိမည်။ ဆင်းရဲ
နွမ်းပါးသူတွေလည်းရှိမည်။ ထို့အတူ တနင်္လာ
အင်္ဂါ၊ ဗုဒ္ဓဟူးစသည့်အခြားသောနေ့ဖွားတွေ
ထဲမှာလည်း ချမ်းသာဆင်းရဲဆူကြုံနိမ့်မြင့်
ရောယှက်နေမည်သာဖြစ်ပါသည်။
နေ့ဖွာအပေါ်အမှီပြု၍ ဘယ်နေ့သားကဘယ်
လိုစရိုက်မျိုးရှိတတ်သည်ဟုကောက်ချက်ချ
ခြင်းမျိုး၊ ယုံကြည်ခြင်းမျိုးတွေလည်းရှိပါ၏။
ဥပမာ - တနင်္ဂနွေသားဆိုလျှင်စိတ်ကောက်
တတ်သည်။ သောကြာသားဆိုလျှင်စကား
များတတ်သည်။ ကြာသာပတေးသားဆိုလျှင်
အေးချမ်းသည်။ စနေသား အင်္ဂါသားဆိုလျှင်
ထက်သည်စသည်ဖြင့် ယူဆပြောဆိုနေတတ်
ကြသည်။
တနင်္ဂနွေသားစိတ်ကောက်တတ်သည်ဟု
ဆိုရအောင် တနင်္ဂနွေဖွားဘယ်နှစ်ယောက်
ကို စနစ်တကျလေ့လာသုတေသနပြုခဲ့လို့
လဲ။ တနင်္ဂနွေသားတိုင်းစိတ်ကောက်တတ်
သလား။ တနင်္ဂနွေသားတစ်ရာမှာဘယ်နှစ်
ရောက်စိတ်ကောက်တတ်သလဲ။ ကောင်းပြီ
တနင်္ဂနွေဖွာမှသာစိတ်ကောက်တတ်သလား။
အခြားသော တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးစသည့်
နေ့ဖွားတွေမှာရော စိတ်ကောက်တတ်သူ
တွေမရှိတော့ဘူးလား။
ထိုနည်းအတူသောကြာသားစကားများသည်
ဟုဆိုတတ်ကြသည်။ သောကြာသားထောင်
သောင်းကိုစနစ်တကျလေ့လာသုတေသနပြု
ပြီးမှ ဤသို့သောကောက်ချက်ကိုချမှတ်ခဲ့
ခြင်းလား။မဟုတ်ပါလေ။ စကားများတတ်
သော သောကြာသားအချို့ကိုကြုံဆုံဖူးရုံ
မျှဖြင့် သောကြာသားစကားများသည်ဟု
ကောက်ချက်ချမည်ဆိုလျှင် ထိုကောက်ချက်
သည်မှန်ကန်နိုင်ပါမည်လား။
အမှန်တော့စိတ်ကိုမထိန်းသိမ်းတတ်သူ၊
နှုတ်ကိုမစောင့်စည်းတတ်သူ၊ အတင်း
အဖျင်းပြောတတ်သူမှန်သမျှသောကြာနေ့
ဖွားသည်ဖြစ်စေ၊ စနေနေ့ဖွားသည်ဖြစ်စေ၊
မည်သည့်နေ့ဖွားသည်ဖြစ်စေ စကားများ
မည်သာဖြစ်ပါ၏။ မည်သည့်နေ့ဖွားဆိုလျှင်
မည်သည့်စရိုက်မျိုးရှိတတ်သည်။ မည်သည့်
စိတ်နေစိတ်ထားမျိုးရှိတတ်သည်ဟု
ကောက်ချက်ချယူစွဲနေကြခြင်းမှာ သဘာဝ
မကျပါ။ ယုတ္တိမတန်ပါ။ စနစ်တကျသုတေ
သနပြုလေ့လာထားသောအချက်အလက်
များမဟုတ်ပါ။
သဘာဝမကျ၊ ယုတ္တိမတန်သော အယူအစွဲ
များကိုစွန့်လွှတ်နိုင်မှသာ မိမိ၏အသိအမြင်
သည် လင်းပွင့်လာပေလိမ့်မည်။ မိမိ၏
အတွေးအခေါ်သည်မှန်ကန်မြင့်မားလာပေ
မည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်မှန်သမျှ
ဗြဟ္မဏပုဏားတို့၏ ဗေဒင်မှဆင်းသက်
လာသောရှေးဦးစကား၊ ရှေးဦးအယူအစွဲ
များကိုလက်ခံခြင်း၊ ယုံကြည်ခြင်းမပြုသင့်
မပြုထိုက်ပါ။ ဗေဒင်ကျမ်းများတွင်ပါရှိ
သော ခုနှစ်နေ့ဖွားအဟောများသည်
ကမ္ဘာနှင့်ချီ၍ မှန်ကန်သောနိယာမမဟုတ်
ကြောင်း ဆရာမ မေနှင်းက ဤသို့ရေးသား
ဖူးပါသည်။
နှစ်ပေါင်းများစွာအတွေ့အကြုံများအရ
ဘယ်နေ့မွေးတဲ့လူဟာ ဘယ်လိုစရိုက်
မျိုးရှိတယ်ဆိုတာ မှတ်ချက်ပြုကြတာ
ပါ။ ဥပမာ တနင်္ဂနွေဆိုရင်စိတ်ကောက်
တယ်။ သောကြာဆိုရင်စကားများတယ်
ကြာသာပတေးဆိုရင်အေးချမ်းတယ်။
စနေတို့အင်္ဂါတို့ဆိုရင်ထက်တယ်စသည်
ဖြင့်ပေါ့။
ဒါပေမယ့်ဒါဟာ များသောအားဖြင့်မှန်တာ
မဟုတ်ဘူး။ စိတ်မကောက်တတ်တဲ့တနင်္ဂနွေ
သား၊ စိတ်ဆိုးလွယ်တဲ့ကြာသာပတေးသား
အေးချမ်းတဲ့စနေသားတွေအများကြီးတွေ့
ဖူးပါတယ်။ ဒါကြောင့်တရားသေသဘော
မသတ်မှတ်သင့်ပါဘူး။
ပြီးတော့ ဒီအယူအဆဟာ နိုင်ငံတကာ
အယူအဆလည်းမဟုတ်ပါဘူး။ ကမ္ဘာနဲ့
ချီပြီးမှန်ကန်တဲ့နိယာမတစ်ခုလည်း
မဟုတ်ပါဘူး။ ဒါကိုနားလည်ပြီးအစွဲ
အလိမ်းမထားပါနဲ့လို့ပြောချင်ပါတယ်။
မင်းနန်(မော်ကျွန်း)
ဓမ္မပန်းဥယျာဉ်

ကြမ်းကိုးပါး


ကြမ်းကိုးပါးနှင့်ပတ်သတ်၍ ရွှေဟင်္သာဆရာ
တော်ဘုရားကြီးအရှင်ပဏ္ဍိတမထေရ်၏ အဓိ
ပ္ပါယ်ဖွင့်ဆိုချက်ကိုရှင်းလင်းတင်ပြလိုပါသည်။
ရေအဟင်္သာဆရာတော်ဘုရားကြီးသည် ၁၂
ဆက်မြောက်ရွှေကျင်သာသနာပိုင်ဆရာတော်
ကြီးဖြစ်ပါသည်။ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံ
ဆိပ်တော်ရဖြစ်သည်။

ရွှေဟင်္သာဆရာတော်ဘုရားကြီးက
၁။ အစားကြမ်းခြင်းဆိုသည်မှာ လက်များဖြင့်
ဟင်းခွက်ကိုနှိုက်ခြင်း၊ ရှုးရှုးရှဲရှဲအသက်ရှု၍
စားခြင်း၊ ဟင်းရည်ဟင်းဖတ်ကိုအတိုင်း
အရှည်မသိအစားကြီးခြင်း၊ စကားတပြော
ပြောနှင့်စားခြင်း၊ ၀က်သား ကြက်သား
ငါး အမဲကို လွန်စွာစုံမက်အချက်ဝယ်ခိုင်း
၍ရှာကြံစားခြင်း၊ လက်ဖက်အုပ်၊ လက်ဖက်
ရည် ထွေထွေလာလာရှာကြံစားသောက်
ခြင်းတို့ဖြစ်သည်။
၂။ အအိပ်ကြမ်းခြင်းဆိုသည်မှာ
နေ့ကိုင်နေ့ရမ်း ဧကသီကိုချ၊ ကိုယ်ဝတ်
သင်းပိုင်မျှနှင့်အိပ်ခြင်း၊ ဒူးထောင်ပေါင်
ကားအိပ်ခြင်း၊ ဟောက်၍အိပ်ခြင်း။
၃။ အသွားကြမ်းဆိုသည်မှာ
အလွန်လျင်မြန်စွာသွားခြင်း၊ တောင်
မြောက်ကြည့်ရှုလျှပ်ပေါ်လော်လီသွား
ခြင်း၊ ကြမ်းနင်းပြင်းခြင်း၊ လှေကား
အဆင်းအတက်လျင်မြန်ခြင်းစသည်
တို့ဖြစ်သည်။
၎။ အထိုင်ကြမ်းခြင်းဆိုသည်မှာ
မြူမှုန်၊ ဖုန် သလဲရှိရာအခင်းမပါနေထိုင်
ခြင်း၊ မရိုမသေနေထိုင်ခြင်း၊ သီတင်း
ငယ်တို့ကိုတိုးဝှေ့တိုက်ခိုက်နေထိုင်ခြင်း
စသည်တို့ဖြစ်သည်။
၅။ အရယ်ကြမ်းခြင်းဆိုသည်မှာ
လက်ခုပ်လက်ဝါးတီး၍ရယ်ခြင်း၊ စစ်စစ်
မြည်အောင်ရယ်ခြင်း၊ ဟီးလားဟားလား
အသံပြင်းစွာပြု၍ရယ်ခြင်းစသည်တို့ဖြစ်
သည်။
၆။ စိတ်ကြမ်းခြင်းဆိုသည်မှာ
စိတ်အလွန်တိုခြင်း၊ ရန်ငြိုးကြီးခြင်း၊
ငြူစူစောင်းမြောင်းခြင်း၊ သူတစ်ပါးတို့
အားမကောင်းကြံခြင်း။
၇။ ကိုယ်ကြမ်းခြင်းဆိုသည်မှာ
သီတင်းသုံးဖော်တို့ရှေ့၌ မရိုမသေထိုင်ထ
သွားလာခြင်း၊ မညွှတ်မကိုင်းနိုင်ခြင်း၊ ပဆစ်
ဒူး၊ နဖူးမြေကျဝတ်မချနိုင်ခြင်း။
၈။ နှုတ်ကြမ်းခြင်းဆိုသည်မှာ
ငမိုက်၊ ငမည်း၊ ငခွေး၊ င၀က်စသည်မည်တွန်
ခြင်း၊ ရဟန်းတို့နှင့်မလျောက်ပတ်သောပုံကြမ်း
စကားပြောဆိုခြင်း။
၉။ အဆုံးအမကြမ်းဆိုသည်မှာ
ရိုက်နှက်ပုတ်ခတ်၍ဆုံးမခြင်း၊ ကာလဌာန
မငံ့မလင့်ဆုံးမခြင်း၊ ဒေါသမာန်မာနနှင့်ဆုံးမ
ခြင်းစသည်တို့ဖြစ်သည်ဟူ၍ အဓိပ္ပါယ်ရှင်းလင်း
စွာ ဖွင့်ဆိုပြတော်မူခဲ့သည်။
မင်းယုဝေ ၏
တိပိဋကဓရယောဆရာတော်(၆)မှ

ငါ့ကျောင်းမဟုတ်


လယ်တီဆရာတော်ဘုရားကြီးသည် ကပ္ပိယ
တစ်ယောက်နှင့်အတူ ထွဋ်ခေါင်ဆရာတော်
ဘုရားကြီးသီတင်းသုံးရာ ဓမ္မိကတိုက်သို့ဖူး
မြော်ရန်သွားသည်။

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ဘုန်းကံ
ကြောင့် ဓမ္မိကတိုက်သည် အလွန်အင်မတန်
စည်းကားလှ၏။ ချောင်အ၀င်ဝမှစကာကျောင်း
ဆောင်များ၊ မှန်ကျောင်းတော်များ၊ သိမ်၊ ကျောင်း၊
တန်ဆောင်း၊ ဘုရား၊ ဇရပ်များကိုသားနားခံ့ညား
စွာ တောကြီးထဲတွင်အံ့မခန်းတွေ့မြင်ကြရ၏။
ကပ္ပိယကြီးကဆရာတော်ကိုဖူးမြော်ကန်တော့
ပြီးနောက် ဆရာတော်ကြီးကျောင်းတွေကောင်း
လှချည့်လားဘုရားဟု လျှောက်ထားပါသည်။
ဆရာတော်က ငါ့ကျောင်းမဟုတ်ပါဘူးဒကာ
လို့မိန့်တော်မူသဖြင့် ဆရာတော်ကျောင်းမဟုတ်
ရင် ဘယ်သူ့ကျောင်းပါလဲဘုရားဟုထပ်လျှောက်
ုပြန်ရာ ဒကာ့ကျောင်းပါကွာဟု ပြန်လည်မိန့်
တော်မူသည်။
ကပ္ပိယကြီးကမကျေနပ်နိုင်သေးသောကြောင့်
ကျောင်းဒကာကရေစက်ချအမျှဝေပြီးအရှင်
ဘုရားကိုအပ်ပြီးသားမို့ အရှင်ဘုရားရဲ့ကျောင်း
ပေါ့ဘုရားဟု ထပ်ဆင့်လျှောက်ပြန်၏။
ထွဋ်ခေါင်ဆရာတော်ကြီးက ဒကာကြီးရ၊
ဘုန်းကြီးကဒီကျောင်းတွေကို ငါ့ကျောင်း
ငါ့ကျောင်းနဲ့စွဲလမ်းပြီးသေသွားရင်ဘယ်
ရောက်မလဲဟုမေးရာ ကပ္ပိယကြီးက
ပြိတ္တာဖြစ်မှာ၊ ငရဲကျမှာပေါ့ဘုရားဟုပြန်
ဖြေ၏။ ဆရာတော်ကြီးက ကျောင်းဒကာ
က ငါ့ကျောင်း ငါ့ကျောင်း ငါလှူထားတဲ့
ကျောင်းဆိုတဲ့စွဲလမ်းမှုနဲ့သေရင်ဘယ်
ရောက်မှာလဲဟုမေးပြန်ရာ နတ်ပြည်ပေါ့
ဘုရားဟု အားရ၀မ်းသာပြန်ဖြေလေသည်။
ထိုအခါ ဆရာတော်ကြီးက ဒါကြောင့်
ဒီကျောင်းတွေကိုငါ့ကျောင်းမဟုတ်ဘူး
လို့ပြောနေတာပေါ့ဒကာဟု အမိန့်ရှိတော်
မူသည်။
ဓမ္မိကချောင်သမိုင်းနှင့်ထွဋ်ခေါင်ဆရာတော်ကြီးလေးပါး၏ ထေရုပ္ပတ္တိမှ

သိမ် ဘာကြောင့် ရှိသင့်တာလဲ


ယနေ့တိုင် သာသနာတော်၌ ထင်ရှားရှိနေသော သာသနာ့ဝန်ထမ်း ဆရာတော်၊ သံဃာတော် အရှင်မြတ်တို့သည် သိမ်ထဲမှ ဖြစ်ပေါ်လာသော အရှင်မြတ်တို့ ဖြစ်ပါသည်။ သိမ်မရှိလျှင် နောက်ထပ် ရဟန်းသံဃာတော် အစစ်အမှန်များ မပေါ်ပေါက်လာ နိုင်တော့ပါ။ သိမ်ရှိသော်လည်း သိမ်မမြောက်ပါလျှင်၊ သိမ်မအောင်ပါလျှင် ရဟန်းသံဃာ အစစ်အမှန်များ မပေါ်ပေါက်နိုင်ပါ။ ရဟန်းသံဃာ အစစ်အမှန်များ မရှိလျှင် အသွင်မျှသာကျန်ပြီး သာသနာ ဆိတ်သုဉ်း ကွယ်ပျောက်ပါလိမ့်မည်။ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး၊ သာသနာတော် အသက်ဆက်ရေးတို့ကို အထောက်အကူ ပြုသောအားဖြင့် သိမ်ဖြစ်မြောက်ရေး လျှင်မြန်ချောမောစွာ အောင်မြင်နိုင်ရန် အဘက်ဘက်မှ အကူအညီပေးနိုင်ရန် သိမ်နှင့်ပတ်သက်သော အကြောင်းအရာ အချို့ကို ဗဟုသုတဖြစ်စေရန် တင်ပြလိုက်ရပါသည်။
သိမ်ကိုမြတ်စွာဘုရားခွင့်ပြုပုံ။
ဝိနည်း မဟာဝါခန္ဓက၌ မြတ်စွာဘုရားရှင်သည် အတူနေသံဃာများ အတူဥပုသ်ကံ စသည်တို့ ပြုခြင်းဖြင့် ညီညွတ်မူကို ဖြစ်စေလိမ့်မည်ဟု ရည်ရွယ်၍ သိမ်သမုတ်ခြင်းကို ခွင့်ပြုခဲ့ပါသည်။
သိမ်ဆိုသည်မှာ
“သိမ်”ဆိုသည်မှာ ကံကြီး၊ ကံငယ်ပြုလုပ်ရန် သီးခြား နယ်မြေလေး တစ်ခုအနေနှင့် သတ်မှတ်ထားသော ဌာနတစ်ခုမျှသာ ဖြစ်ပါသည်။ ယင်းသိမ်သည်---
(၁) ကမ္မဝါစာဖြင့် သမုတ်ထားသည့် “ဗဒ္ဓသိမ်”၊
(၂) ကမ္မဝါစာဖြင့် သမုတ်ထားခြင်း မရှိ အလိုလို သိမ်ဖြစ်နေသည့် “အဗဒ္ဓသိမ်”၊ ဟူ၍ နှစ်မျိုးရှိပါသည်။
ထိုသိမ်နှစ်မျိုးတို့တွင် “ဗဒ္ဓသိမ်” သည် ခဏ္ဍသိမ် စသည်ဖြင့် သုံးမျိုးရှိသလို “အဗဒ္ဓသိမ်”သည်လည်း ဂါမသိမ် စသည်ဖြင့် သုံးမျိုးစီပင် ရှိပါသည်။ ဗဒ္ဓသိမ်သည် ဂါမသိမ်ပေါ်၌ ကမ္မ ဝါစာရွက်ဖတ်၍ သမုတ်ရပါသည်။ ကမ္မဝါစာဖြင့် ရွတ်သမုတ်ခြင်းသည် သိမ်အဖြစ် မြဲစေရန် ဖြစ်ပါသည်။
သိမ်သမုတ်နည်း
သိမ်သမုတ်နည်းသည်--
(၁) ဝိသုံဂါမ (သီးခြားရွာ) တောင်း၍ သမုတ်နည်း၊
(၂) ရွာနယ်မြေတစ်ပိုင်း သိမ်း၍ သမုတ်နည်းဟူ၍ နှစ်မျိုးရှိပါသည်။
ယင်းနှစ်မျိုးတို့တွင် “ဝိသုံဂါမသိမ်” ဟူသည် ပကတိဂါမ (ပကတိရွာတစ်ရွာ) မှ ဝိသုံဂါမ (သီးခြားရွာ) သိမ်တစ်နေရာစာကို ရွာစားနာမည် တပ်၍ နိုင်ငံတော် အစိုးရတို့က သတ်မှတ်ပေး လိုက်သည်နှင့် တစ်ပြိုင်နက်လိုလို သိမ်အဖြစ်သို့ ရောက်လာသော သိမ်ဖြစ်ပါသည်။
ရွာနယ်မြေ တစ်ပိုင်းသိမ်း၍ သမုတ်ဟူသည်မှာ သိမ်သမုတ်ရာသို့ တနယ်လုံးရှိ ရဟန်းသံဃာ အားလုံးကို သိမ်းပြီး ပင့်ဖိတ်ရပါသည်။ အကယ်၍ သိမ်သမုတ်ရာသို့ မကြွနိုင်သော သံဃာများရှိပါက ထိုသံဃာရှိရာကျောင်း တိုက်သို့သွား၍ ဆန္ဒမသိုးစေရန် နေချင်းပြီး ဆန္ဒတောင်းပြီးမှ ကမ္မဝါစာဖြင့် ရွတ်ဖတ် သမုတ်ရသောသိမ် ဖြစ်ပါသည်။
တခါတရံ မိမိတို့ သတင်းသုံးရာ ဂါမခောတ် (ရွာနယ်မြေ) မှာကျယ်ဝန်းလွန်း၍ နယ်မသိမ်းနိုင်သော ကြောင့်လည်းကောင်း၊ လှည်း၊ မော်တော်ကား၊ ရထား စသည် ဖြတ်သွားဖြတ်လာ အဝင်အထွက် အလွန်များသဖြင့် နယ်သိမ်းရန် ခက်ခဲသောကြောင့် လည်းကောင်း၊ နယ်သိမ်းသိမ် သမုတ်ရန် မကြွနိုင်သော တနယ်လုံး သံဃာများ၏ ဆန္ဒကို တောင်းခံတဲ့အခါ ဆန္ဒကိုဒေသနာနှင့် အညီ
(၁)ဆန္ဒံ ဒမ္မိ-တပည့်တော် ဆန္ဒပေးပါ၏၊
(၂)ဆန္ဒံ မေ ဟရ- တပည့်တော်၏ ဆန္ဒကို သံဃာ့ထံသို့ ဆောင်သွားပါ၊
(၃) ဆန္ဒံ မေ အာရောစေတိ- တပည့်တော်၏ ဆန္ဒကို သံဃာတော်အား လျှောက်ထားပါလို့ ပေးတတ်သော ရဟန်းတော်များ ရှားပါးနေပါက လည်းကောင်း နယ်သိမ်းသိမ်သမုတ်ရန်အခက်အခဲနှင့် ကြုံရတတ်ပါသည်။
ဝိသုံဂါမ(သီးခြားရွာ) တောင်း၍ သမုတ်ခြင်း
ယင်းသို့သော အခက်အခဲများကို ကျော်လွားနိုင်ရန် ယင်းဂါမခောတ်၊ ဂါမသိမ်မှ သီးခြားသိမ်တစ်လုံးစာ ရွာစားနာမည်မှည့်၍ ရွာနယ်မြေကလေး တောင်းပြီး သိမ်သမုတ်ကြခြင်းကို ဝိသုံဂါမ(သီးခြားရွာ) သိမ်ဟုခေါ်ပါသည်။ ကျောင်းတိုက်တစ်ခု တစ်တိုက်လုံး တည်ထောင်ပြီး၊ ဆောက်လုပ်ပြီး ယင်းကျောင်းတိုက် အတွင်းမှ သိမ်ကျောင်း တစ်နေရာစာလေးကို ဝိသုံဂါမ (သီးခြားရွာ)လို ကျောင်းဒကာ(သို့)လျှောက် ထားသူ ပိုင်မြေဟု ရွာစားနာမည် ပေးလိုက်ခြင်းဖြင့် မည်သူ့ကိုမှ မထိခိုက်၊ မနစ်နာစေပါ။ အရှိမြေကွက် တစ်ခုကို ဝိသုံဂါမ(သီးခြားရွာ)ဟု သတ်မှတ်ပေးလိုက် ခြင်းမျှသာဖြစ်ပါသည်။
ယင်းသို့ သတ်မှတ်ပေးရာ၌ ယင်းမြေကွက်ကို ဖျက်မရအောင် အပိုင်အဆိုင် ပေးမူ မပေးမူနှင့်လည်း မသက်ဆိုင်ပါ။ သိမ်သမုတ်လို့ လွယ်ကူစေရန် လျှေက်ထားသူကို ရွာစားနာမည်မှည့်၍ ဝိသုံဂါမ (သီးခြားရွာ)ဟု ပေးလိုက်ခြင်းသာ ပဓာနဖြစ်ပါသည်။ အချို့ကျောင်းတိုက်မှာ သာသနာ့မြေဟု သက်မှတ်ပြီးမှ ခိုင်သထက်ခိုင်၊ မြဲသထက်မြဲရန်၊ အထူးသန့်ရှင်းရန် ယင်းသာသနာ့ မြေထဲမှ သိမ်တစ်လုံးစာကို ဝိသုံဂါမ(သီးခြားရွာ) အဖြစ်လျှောက်ထား၍ ပေးခြင်းမှာလည်း မည်သူ့ကိုမျှ မထိခိုက် မနစ်နာစေခြင်းကြောင့် သိမ်မိန့်ပေးနိုင်သူ၊ သာသနာတော်ကို အထူးကြည်ညိုသူများက အလွယ်တကူ ချပေးသင့်ပါသည်။ သာသနာ သန့်ရှင်းတည်တံ့ ပြန့်ပွားရေးကို အထူးဆောင်ရွက် ပေးလိုက်ခြင်းလည်း မည်ပါသည်။ အမိန့်ချပေးလိုက်သော ဝိသုံဂါမ (သီးခြားရွာ) သည် သိမ်သမုတ် ကံအောင်မြင်ရန် ရာနူန်းပြည့်ရှိပါသည်။ ယင်းသို့ သိမ်မိန့်တောင်းခံ၍ အစိုးရမင်းတို့မှ ဝိသုံဂါမ(သီးခြားရွာ) အဖြစ်ရရှိပြီးနောက် သိမ်အဖြစ် မြဲနေစေရန် ကမ္မဝါစာဖြင့် ရွတ်ဖတ်၍ သမုတ်သော သိမ်သည် “ဗဒ္ဓသိမ်”ဖြစ်ပါသည်။
သိမ်သည်သာသနာတော်၏အသက်
အောင်မြင်သော သိမ်ဖြစ်ပါမှ ရဟန်းအစစ်များ ပေါ်ပေါက်ပြီး ဝိနည်းလေးစားသော ရဟန်းတော်များ အတွက် ဥပုသ်ကံ ပဝါရဏာကံ စသော ကံကြီး ကံငယ်များ ဆောင်ရာတွင် အထူးချမ်းသာမည် ဖြစ်ပါသည်။ အောင်မြင်သော သိမ်၌ ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း ပြုသည့်အခါ ယုံမှားသံသယ မဖြစ်စေဘဲ ကိုယ်ရောစိတ်ပါ နှစ်ဖြာသုခ ရရှိကြမှာ အမှန်ဖြစ်ပါသည်။ မိမိတို့ ရဟန်းတော်များအတွက် သိမ်သည် အသက်တမျှ အရေးကြီးလှ၍ သာသနာတော်၏ အသက်ဟု ခေါ်ဆိုရမည် ဖြစ်ပါသည်။
သိမ်ရှိမှ ရဟန်းဖြစ်မည်။
ဝိနည်း စူဠဝါအဋ္ဌကထာ၊ သံဃ ဘေဒကက္ခန္ဓက၌ ရဟန်းဖြစ်ရန် အင်္ဂင်္ါ(၅)ချက်ရှိ ပါသည်။ ထိုအချက်များမှာ (၁)ဝတ္ထုသမ္ပတ္တိ- ရဟန်းခံနိုင်လောက်သော လူပုဂ္ဂိုလ် ဗျတ္တိ၊ ပဋိဗလနှင့် ပြည့်စုံခြင်း (၂)ဉတ္တိသမ္ပတ္တိ-သုဏာတုမေ စသည်ဖြင့် ဉာတ်ထားမူနှင့် ပြည့်စုံခြင်း။ (၃)ပရိသာ သမ္ပတ္တိ- ကာရက ရဟန်းသံဃာ အနည်းဆုံး (၄)ပါးနှင့်ပြည့်စုံခြင်း။ (၄) ကမ္မဝါစာ သမ္ပတ္တိ- ကမ္မဝါစာ (၃)ကြိမ် ရွတ်ဖတ်မူနှင့် ပြည့်စုံခြင်း။ (၅) သီမာသမ္ပတ္တိ- သိမ်ရှိမူ၏ ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။ အထက်ပါ အချက်ငါးချက်တို့တွင် သိမ်တစ်ခုဖြစ်ဖို့ အလွန်အရေးကြီးသလို၊ အလွန်တရာမှ ခက်ခဲလှပါသည်။ သိမ်တစ်ခုဖြစ်ရန် သက်ဆိုင်ရာမှ ခွင့်ပြု
မိန့်ယူရခြင်၊ ခွင့်ပြုမိန့်ရပြီးပါက သံဃာတော်များစွာ ပင့်ဖိတ်၍ အကြိမ်ကြိမ်အခါခါ သိမ်နူတ်ခြင်း၊ သိမ်သမုတ်ခြင်းများ ပြုရခြင်း၊ သိမ်အဆောက်အဦး ဖြစ်ရန် နဝကမ္မ ဝတ္ထုငွေကြေးများ မတည် စုဆောင်းရခြင်း စသော ကိစ္စများမှာ ခက်ခဲမည်မှာ အမှန်ဖြစ်ပါသည်။
သိမ်အရေးကြီးပုံနှင့် ပတ်သက်ပြီး စာသင်သားဘဝက အဖြစ်အပျက်လေး တစ်ခုကို သတိရမိပါသေးသည်။ မိမိသည် ပဲခူးမြို့ သာသနမဏ္ဍိုင် ကျောင်းတိုက်၌ အပတ်စဉ် ပထမငယ်တန်း ဝိနည်း စာမေးပွဲ ဖြေစဉ်က ဖြစ်ပါသည်။ ထိုစဉ် သာသနမဏ္ဍိုင် ကျောင်းတိုက်၌ အဖိတ်နေ့စာဖြေ၍၊ ဥပုသ်နေ့တွင် သက်ဆိုင်ရာ စာချဘုန်းကြီးမှ တပါးစီ၏ ဖြေလွှာ များကို ပြန်ဖတ်ပြလေ့ရှိပါသည်။ ဝိနည်းဖြေရသောနေ့ ရောက်သောအခါ ထုံးစံ အတိုင်းစာချ ဘုန်းကြီးက ဖြေလွှာများ ဖတ်ပြပါသည်။ စာသင်သားတပါး၏ ဖြေလွှာကို ဖတ်ပြသောအခါ သံဃာများ သဘောကျခဲ့ ရပါသည်။ ဝိနည်း၌ ရဟန်းဖြစ်ခြင်း အင်္ဂါ(၅)ပါးကို မေးထားရာ စာဖြေရှင် စာသင်သားမှာ အထက်ပါ လေးပါးကို သာမှတ်မိ၍ မှန်မှန်ကန်ကန် ရေးနို်င်သော်လည်း နောက်ဆုံး အချက် သီမာသမ္ပတ္တိ- သိမ်၏ပြည့်စုံခြင်းဟု ဖြေရမည်ကို မေ့နေသောကြောင့် ထိုနေရာတွင် နံပါတ်ထိုး ၍ “ပိုက်ဆံရှိလျှင် ဖြစ်နိုင်ခြင်း” ဟုဖြေချလိုက်ပါသည်။ ယခု ပြန်စဉ်းစားကြည့်သောအခါ ရဟန်းဖြစ်ဖို့ သိမ် အရေးကြီးသလို၊ သိမ်ဖြစ်ဖို့ သိမ်ကုသိုလ်ရှင်လည်း အမှန်တကယ် လိုအပ်မှာမို့ သိမ်မိန့် စသည် ရပြီးပါကလည်း သိမ်ကုသိုလ် ဖြစ်မြောက်ရေးကို အထူးအကူအညီ ပေးသင့်ကြပါသည်။
သိမ်အလှူသေမဖြစ်စေဘဲ သိမ်အလှူရှင်ဖြစ်အောင်လုပ်ဖို့လိုအပ်
ယခုအခါ သာသနာတော်မှာ သိမ်တစ်လုံး ဖြစ်မြောက်မူဟာ အလွန်အရေးပြီး သာသနာတော်အတွက် အကျိုးများ မည့်အရေးကို သိထားသော နိုင်ငံကျော် ဓမ္မကထိက ဖြူးဆရာတော် ဘုရားကြီးနှင့် တပည့်ကြီးဖြစ်သူ အရှင်အဂ္ဂဝရတို့၏ ဦးဆောင်မူ၊ ကာရက သံဃာများ၏ ချီးမြောက်မူ၊ တပည့်ဒကာ၊ ဒကာမများ၏ ထောက်ပံမူဖြင့် ရန်ကုန်တိုင်း၊ လိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဓမ္မရက္ခိတ ဖြူး မဟာစည်ရိပ်သာ ကျောင်းတိုက်၌ သာသနာဝုဎိုကာရီ သုံးထပ်ကျောင်းဆောင်ကြီး ဖြစ်မြောက်လို့ လာခဲ့ပါပြီ။ ကျောင်းဆောင်ကြီး ပြီးမြောက်သည့် သတင်းကို ကြားရကတည်းက မိမိအနေနဲ့ သာသနာတော်အတွက် အကျိုးများမည့် အရေးကို ကြိုတင်တွေး၍ ဝမ်းသာပီတိ ဖြစ်မိပါသည်။
မိမိတို့ ဗုဒ္ဓဘာသာဝင်များ အမြဲပြောလေ့ရှိသော ဆိုရှိးစကားတစ်ခု ရှိပါသည်။ ဆွမ်းမှာ ပိဏ်၊ သင်္ကန်းမှာ ကထိန်၊ ကျောင်းမှာသိမ် ဟူ၍ ဖြစ်ပါသည်။ ဆွမ်းအလှူများ ထဲတွင် ပိဏ္ဍပါတ်ဆွမ်း လှူဒါန်းခြင်းသည် အမြတ်ဆုံး ဒါနဟူ၍ လည်းကောင်း၊ သင်္ကန်း အလှူများထဲတွင် ကထိန်သင်္ကန်း လှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း၊ ကျောင်း အလှူများထဲတွင်လည်း သိမ်ကျောင်း ဆောင်လုပ် လှူဒါန်းရခြင်းသည် အမြတ်ဆုံးဟူ၍ လည်းကောင်း ပြောဆို သုံးနူံးနေကြပါသည်။ အဘယ်ကြောင့် အမြတ်ဆုံးဟု ပြောဆိုရပါသနည်း။ု စာရေးသူ အမြင်ကို ပြောရမည်ဆိုလျှင် ဤဆွမ်း၊ သင်္ကန်း၊ ကျောင်းတို့ကို လက်ခံသော အလှူခံ များကဤ ပစ္စည်းများကို အမှန်တကယ် လိုအပ်နေပြီး လိုအပ်သော နေရာများတွင် အကျိုးရှိရှိ အသုံးချမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဤကဲသို့ အသုံးချမှသာ အလှူရှင်များ အနေဖြင့် အသုံးကျသော အလှူဖြစ်ပြီး မြတ်သော အကျိုးကို ခံစားရမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အလှူရှင်များ အကျိုးများစေရန် သိမ်ကျောင်းဆောင်ကြီးသည် သံဃာကိစ္စမျာအတွက် အမြဲတမ်း အသုံးချထားသော ကျောင်းဆောင်ကြီးဖြစ်ဖို့ လည်းအရေးကြီးပါသည်။ သို့မှသာ အလှူရှင်များ၏ အလှူသည် လည်း အမြဲတမ်း ရှင်သန်နေသော အလှူဖြစ်ပြီး ဆရာဒကာ သံသရာအတွက် အကျိုးများမည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဦးဇင်းလေး

အမ္ဗဋ္ဌသုတ်မှ သင်ခန်းစာ


သူ၏ရုပ်သွင်ကား အခြားသူများနှင့်မတူ တစ်မူ
ထူးခြားလျက်ရှိ၏။ အသားအရေမှာ ကြာဖြူပွင့်
ကဲ့သို့ ဆွတ်ဆွတ်ဖြူလျက်ရှိသည်။ ထို့ကြောင့်
သူ့ကိုပုံပန်းသဏ္ဍာန်နှင့်ကိုက်ညီအောင်ပေါက္ခ
ရသာတိဟု မှည့်ခေါ်ကြလေသည်။ သူသည်လူဖြစ်
ငြားသော်လည်းအမိဝမ်းတွင်းမှာ ပဋိသန္ဓေ
တည်ပြီးကိန်းအောင်းခဲ့သူမဟုတ်။ ပဒုမ္မာကြာ
တိုက်တွင်းမှာပဋိသန္ဓေတည်ပြီးကိန်းအောင်း
ခဲ့ရသူဖြစ်ပေသည်။ သူ၏ကိုယ်မှာငွေတံတိုင်း
ကဲ့သို့ဖြူပြီးဖြောင့်စင်းလျက်ရှိသည်။ ဦးခေါင်း
ကား ဣန္ဒနီလာကျောက်ညိုပမာညိုမည်းလျက်
ရှိသည်။ မုတ်ဆိတ်မွှေးတို့မှာ လ၀န်းအနားမှာ
ရစ်၍နေသော တိမ်မည်းညိုနှင့်တူလှပေသည်။
မျက်စိတို့သည်ကြာညိုပန်းနှင့်တူလှပေသည်။
နှာခေါင်းကားငွေကြည်တောက်ကဲ့သို့လုံးပြီး
ချောမွေ့လျက်ရှိသည်။ လက်ဖ၀ါးခြေဖ၀ါး
တို့မှာ ချိတ်ရည်နှင့်ဆွတ်ထားသည့်ပမာ
နီရဲလျက်ရှိသည်။ အခြားသူများနှင့်မတူတမူ
ထူးကဲနေခြင်းမှာ သူ၏အတိတ်ကံတရားက
ဖန်တီးပေးခြင်းကြောင့်ဖြစ်သည်။
သူသည်ကဿပမြတ်စွာဘုရားလက်ထက်
တော်အခါက လူ့ဘ၀မှာဖြစ်စဉ်ကုသိုလ်အမှု
ကို ကြိုးကြိုးစားစားပြုလုပ်ခဲ့ပေသည်။ လူ
ဘ၀မှ စုတေပြီးသော်နတ်ပြည်မှာစံမြန်းရ
ပြီး ချမ်းသာစွာနေခဲ့ရပေသည်။ နတ်ပြည်
မှတဖန်စုတေပြန်သော် ဟိမ၀န္တာတော
ရေအိုင်ကြီးတစ်အိုင်အတွင်းရှိ ပဒုမ္မာကြာ
တိုက်၌ပဋိသန္ဓေနေခဲ့ရပေသည်။ ပုတ်ညီ
သော လူမိန်းမ၏၀မ်း၌ပဋိသန္ဓေနေရမှု
ကို စက်ဆုပ်သဖြင့် ပဒုမ္မာကြာတိုက်ထဲ
မှာ ပဋိသန္ဓေနေခဲ့ရပေသည်။ ထိုရေအိုင်
၏အနီးတွင်ကား ရသေ့တစ်ဦး၏သစ်ရွက်
မိုးကျောင်းကလေးရှိသည်။ ရသေ့သူတော်
စင်သည်ကမ္မဋ္ဌာန်းတရားကိုပွားများအား
ထုတ်လျက်ရှိပေသည်။ တစ်နေ့သောအခါ
ရသေ့သည် ရေအိုင်အတွင်းရှိကြီးမား
သော ပဒုမ္မာကြာငုံကြီးတစ်ပွင့်ကိုမြင်
တွေ့လိုက်ရပေသည်။ ပွင့်လာသောအခါ
ဆွတ်ခူးမည်ဟုအခြေအနေကိုစောင့်
ကြည့်၍နေ၏။ (၇)ရက်ခန့်ကြာသော်
လည်း ဤကြာငုံကြီးသည်ပွင့်၍မလာ
သေးပေ။ ထို့ကြောင့်ရသေ့သည်ပွင့်၍
လာသည့်တိုင်အောင်မစောင့်နိုင်တော့
ဘဲ အိုင်အတွင်းသက်ဆင်းကာချိုးယူ
လေတော့သည်။ ချိုးယူလိုက်သည်နှင့်
တပြိုင်နက်ကြာဖူးကြာငုံကြီးမှာပွင့်၍
လာတော့သည်။ ထိုအခါကြာပန်းအတွင်း
မှ ရွှေမှုန်တို့ဖြင့်လူးထားသော ငွေရုပ်
ကလေးပမာ လှပချောမွေ့သောသူငယ်
လေးကိုမြင်တွေ့ရပေသည်။ ရသေ့သူ
တော်စင်သည် ထိုကလေးကိုကိုယ်တိုင်
မွေးမြူ၍လာခဲ့ပေသည်။ (၇)နှစ်အရွယ်
ရောက်သော် ဗေဒင်သုံးပုံကိုသင်ကြား
ပေး၏။ တဖြည်းဖြည်း သင်ယူလာခဲ့ရာ
အကြွင်းအကျန်မရှိတတ်မြောက်ပြီး
ဇမ္ဗူဒိတ်ကျွန်း၌ဗေဒင်အရာမှာအတု
မရှိတတ်မြောက်သူဟုထင်ရှားကျော်
ကြား၍ လာခဲ့ပေသည်။ ပသေနဒီ
ကောသလမင်း၏ ခမည်းတော်ဖြစ်
သည့် မဟာကောသလမင်းကြီး
သည်ထိုသူငယ်ကိုသဘောကျသဖြင့်
နေပြည်တော်သို့ခေါ်ဆောင်ကာသား
တော် ပသေနဒီကောသလမင်းသား
ကို ပညာသင်ကြားစေသည်။ ပသေ
နဒီကောသလမင်းသားသည် မင်း
အဖြစ်သို့ရောက်သောအခါ၌ဆရာ
ဖြစ်သော ပေါက္ခာရသာတိပုဏ္ဏားအား
ဥက္ကဋ္ဌမြို့ကိုအပိုင်စားပေးထားကာ
ပူဇော်ထားလေသည်။
အခါတစ်ပါးဝယ်ရှင်တော်ဗုဒ္ဓသည်
ရဟန်းငါးရာခြံရံလျက်ကောသလ
တိုင်းတွင် ခရီးဒေသစာရီကြွချီတော်
မူခဲ့ရာ ဣစ္ဆာနင်္ဂလပုဏ္ဏားရွာအနီး
တောအုပ်တစ်ခုသို့ခေတ္တ၀င်ရောက်
သီတင်းသုံးတော်မူခဲ့လေသည်။
ပေါက္ခာရသာတိပုဏ္ဏားကြီးသည်
ရှင်တော်ဗုဒ္ဓဣစ္ဆာနင်္ဂလတောအုပ်သို့
ရောက်နေတော်မူကြောင်းကိုလည်း
ကောင်း၊ ရှင်တော်ဗုဒ္ဓ၏ဂုဏ်သတင်း
ကျော်ကြားမှုကိုလည်းကောင်းကြား
သိခဲ့ရပြီးဖြစ်သဖြင့်အလွန်ဖူးမြော်ချင်
စိတ်ပြင်းထန်လာခဲ့ပေသည်။ သို့သော်
မိမိကဲ့သို့ဇမ္ဗူဒိတ်မှာကျော်ကြားနေ
သောဆရာကြီးက ပြောသံကြားရရုံ
နှင့်မဆင်မခြင်အရမ်းသွား၍မဖြစ်ချေ။
ထို့ကြောင့်တပည့်ရင်း အမ္ဗဋ္ဌကိုခေါ်ပြီး
အို တပည့် အမ္ဗဋ္ဌ ရဟန်းဂေါတမဟာ
ဣစ္ဆာနင်္ဂလတောအုပ်မှာရောက်နေပြီ
ဆိုပဲ။ ဂုဏ်သတင်းကလည်းသိပ်ပြီး
တော့ကျော်ကြားလှပေတယ်။ အဲဒါ
ငါ့တပည့်သွားပြီးတော့ ကျော်ကြား
တဲ့အတိုင်းဒီပုဂ္ဂိုလ်ဟာ ဘုရားဟုတ်
မဟုတ်စုံစမ်းကြည့်ဦးကွာဟု ဆိုသော်
အမ္ဗဋ္ဌက
ဆရာရယ် ရဟန်းဂေါတမဟာ ကျော်
ကြားတဲ့အတိုင်း ဘုရားဟုတ်မဟုတ်
ကို ဘယ်လိုလုပ်ပြီးကျွန်ုပ်ကသိနိုင်
ပါ့မလဲ။
သြော်တပည့်ရယ်၊ ငါတို့ရဲ့ဗေဒင်ကျမ်း
မှာ ယောက်ျားမြတ်တို့ရဲ့သုံးဆယ့်နှစ်
ပါးသော လက္ခဏာတော်ကြီးငယ်တွေ
ဆိုတာရှိတယ်လေ။ ဒီလက္ခဏာတော်
တွေနဲ့ကိုက်ညှိပြီး စုံစမ်းပေါ့ကွယ်။
ထိုအခါ အမ္ဗဋ္ဌသည် ဆရာဖြစ်သူပေါက္ခ
ရသာတိပုဏ္ဏားကြီး၏အမိန့်ကိုဦးထိပ်
ရွက်ပြီး မြည်းတပ်ဆင်ထားသောရထား
ကို စီးကာ လုလင်ငယ်ပေါင်းများစွာခြံရံ
၍ ဣစ္ဆာနင်္ဂလတောအုပ်သို့ထွက်ခွါလာ
ခဲ့ပေသည်။ ထိုအခါ အမ္ဗဋ္ဌသည်ရဟန်း
တော်တို့အား
အရှင်ဘုရားတို့တပည့်တော်များဘုရား
ကို ဖူးတွေ့ချင်လို့ပါဘုရား။ ဘယ်နေရာ
မှာဖူးတွေ့နိုင်ပါသလဲဘုရားဟုမေးလျှောက်
လေသည်။ ရဟန်းတော်များက
အမောင် အမ္ဗဋ္ဌ၊ ရှင်တော်ဗုဒ္ဓစံကျောင်း
တော်အတွင်းမှာသီတင်းသုံးနေပါတယ်။
စံကျောင်းတံခါးတော့ပိတ်ထားတယ်။
ဖြည်းဖြည်းသက်သာသွားပြီးအနားရောက်
တော့ချောင်းဟန့်သံပေးလိုက်ပါ။ အဲဒီ
အခါ သင်တို့ကိုတံခါးဖွင့်ပေးလိမ့်မယ်
ဟု မိန့်ကြားတော်မူကြကုန်၏။
အမ္ဗဋ္ဌနှင့်အဖွဲ့သည်ရဟန်းတော်များမိန့်
ကြားသည့်အတိုင်း ရှင်တော်ဗုဒ္ဓထံ
ရောက်သွားခဲ့ကြပေသည်။ မိမိနှင့်အတူ
ပါလာသော ပုဏ္ဏားလုလင်တို့ကားထိုင်
၍နေကြလေသည်။ အမ္ဗဋ္ဌကားရှင်တော်
ဗုဒ္ဓရှေ့မှောက်မှာ မတ်တပ်ရပ်၍သာ
စကားပြောဆိုလေသည်။ ရှင်တော်ဗုဒ္ဓ
သည် အို အမ္ဗဋ္ဌလုလင်၊ သင်ဟာအခု
ငါနဲ့စကားပြောဆိုသလို သက်ကြီးရင့်
ရွယ်ဆရာပုဏ္ဏားတွေရှေ့မှာလည်း
မိုးတိုးမတ်တပ်ရပ်ပြီးစကားပြောတာ
ပဲလားဟု မိန့်တော်မူလိုက်သည်ရှိ
သော် မဟုတ်ဘူး။ အရှင်ဂေါတမ၊
ဆရာပုဏ္ဏားတို့နဲ့ကတော့ သွားလျှင်
သွားချင်း၊ ရပ်လျှင်ရပ်ချင်း၊ ထိုင်
လျှင်ထိုင်ချင်း၊ လျောင်းလျှင်လျောင်း
ချင်း၊ ပြောဆိုတာပေါ့။ အရှင်ဂေါတမ
တို့လို အမျိုးဇာတ်ယုတ်နိမ့်တဲ့သူတွေ
နဲ့တော့ အခုလိုပဲ မိုးတိုးမတ်တပ်ရပ်
ပြီးတော့ပဲပြောလေ့ရှိတယ်။
ကောင်းပြီး အမ္ဗဋ္ဌ၊ သင်ဒီကိုလာတာ
ကိစ္စရှိလို့လာတာပဲံမဟုတ်လား။
ကိုယ့်ရဲ့လာရရင်းကိစ္စကိုနှလုံးသွင်း
ဦး၊ သင်ဟာလိမ္မာယဉ်ကျေးတဲ့သူ
မဟုတ်သေးတဲ့ မိမိကိုယ်ကိုအထင်
တကြီးနဲ့မလုပ်ပါနဲ့ဦး။
ရှင်တော်ဗုဒ္ဓ၏စကားကြောင့် အမ္ဗဋ္ဌ
သည် အနာပေါ်တုတ်ကျသလိုဒေါသ
ထွက်လာပြီး ရှင်တော်ဗုဒ္ဓကိုအနာ
ပေါ်တုတ်ကျသလို အမျိုးယုတ်ညံ့
သူအဖြစ်လည်းကောင်း၊ မိမိသာလျှင်
အမျိုးမြတ်သောသူအဖြစ်လည်းကောင်း
ကြမ်းကြမ်းတမ်းတမ်းရိုင်းရိုင်းစိုင်းစိုင်း
ပြောဆိုလေတော့သည်။ ရှင်တော်ဗုဒ္ဓ
သည် ခန္တီတရားကိုလက်ကိုင်သုံးပြီး
အေးအေးဆေးဆေးနှင့်အမ္ဗဋ္ဌတို့၏
ဘိုးစဉ်ဘောင်ဆက်ကစပြီး ဇာစ်မြစ်
လှန်၍မိန့်ကြားပြလိုက်ရာနောက်ဆုံး
အမ္ဗဋ္ဌ၏အမျိုးယုတ်ညံ့သည့်အဖြစ်
ထင်ထင်ရှားရှားပေါ်သွားလေတော့
သည်။ ထိုအခါ အမ္ဗဋ္ဌအဖို့ ပရိသတ်
အလယ်မှာခေါင်းပင်မဖော်နိုင်ရှာ
တော့ပေ။ ထိုအခါ ရှင်တော်ဗုဒ္ဓက
အမ္ဗဋ္ဌကိုသက်သာရာရစေရန်ဖြေ
သိမ့်မိန့်ကြားပြီး ၀ိဇ္ဇာနှင့်စရဏ
အကြောင်းကို အကျယ်တ၀င့်ဟော
ကြားတော်မူလေသည်။ ထို့နောက်
ကျောင်းတော်မှစကြံလမ်းမပေါ်ထွက်
တော်မူပြီးလျှင် စကြံကြွတော်မူလေ
သည်။ ထိုအခါ ရှင်တော်ဗုဒ္ဓ၏လက္ခ
ဏာတော်ကြီး သုံးဆယ့်နှစ်ပါးကို
အကုန်အစင်သိခဲ့ရပြီး အမ္ဗဋ္ဌနှင့်အဖွဲ့
သည် ဆရာဖြစ်သောပေါက္ခရသာတိ
ပုဏ္ဏားကြီးအထံသို့ပြန်သွားလေသည်။
ပေါက္ခာရသာတိပုဏ္ဏားကြီးသည်အမ္ဗဋ္ဌ
ထံမှအကြောင်းစုံကိုကြားသိရသော်
သြော် အမ္ဗဋ္ဌ၊ သင်ဟာဒီလောက်ဗေဒင်
ပညာ မတောက်တခေါက်တတ်သိရုံနဲ့
ဂေါတမဘုရားကို ရိုင်းရိုင်းစိုင်းစိုင်း
မောက်မောက်မာမာပြောဆိုဆက်ဆံ
ရပါသလားဟု ကြိမ်းမောင်းပြီးခြေနှင့်
လှိမ့်ကန်လေတော့သည်။ နောက်တစ်
နေ့ နံနက်စောစောတွင် ပေါက္ခာရသာ
တိပုဏ္ဏားကြီးသည် လှူဒါန်းဖွယ်ရာ
အဖြာဖြာတို့ကို ယူဆောင်ပြီး ရှင်တော်
ဗုဒ္ဓအထံအရောက်သွားကာ ယမန်နေ့
က အမ္ဗဋ္ဌ၏ပြစ်မှားခဲ့သမျှကိုခွင့်လွှတ်
ပါရန်တောင်းပန်လျှောက်ထားလေ
သည်။ ရှင်တော်ဗုဒ္ဓသည်မိမိအနေဖြင့်
သည်းခံတော်မူကြောင်းမိန့်ကြားပြီး
တရားဟောကြားတော်မူလိုက်ရာ
ရတနာမြတ်သုံးပါးအပေါ် အသက်
တမျှယုံကြည်မြတ်နိုးစိတ်များတဖွားဖွား
ဖြစ်ပေါ်လာပြီး သောတာပန်အရိယာ
အဖြစ်သို့ရောက်ခဲ့ပေသည်။
စာရှုသူတို့အနေဖြင့်
၁။ အမ္ဗဋ္ဌလုလင်သည် မိမိကအမျိုးယုတ်
ညံ့သူဖြစ်ပါလျက်ဟန်ဆောင်ဖုံးကွယ်ကာ
မာန်ထောင်၍နေခဲ့သော်လည်း ရှင်တော်
ဗုဒ္ဓ၏ရှေ့မှောက်မှာဇာတိပေါ်ပြီးအရှက်
ရကာ မာန်ချလိုက်ရပုံကိုလည်းကောင်း။
၂။ ပေါက္ခရသာတိပုဏ္ဏားကြီးသည်
သူတစ်ဖက်သားတို့၏ပြောစကားကို
ဇွတ်မှတ်မယုံသေးဘဲ အမ္ဗဋ္ဌလုလင်ကို
ရှေးဦးစွာလွှတ်၍ဘုရားဟုတ်မဟုတ်
စုံစမ်းစစ်ဆေးခဲ့ပြီးနောက်မှ ကိုယ်တိုင်
ရှင်တော်ဗုဒ္ဓအထံချဉ်းကပ်ခဲ့ပုံကိုလည်း
ကောင်း
၃။ ရှင်တော်ဗုဒ္ဓအနေဖြင့် အမ္ဗဋ္ဌလုလင်
၏ လာရောက်ဆဲရေးနှိမ်ချပြောဆိုသမျှ
ကို သည်းခံပြီး၊ ထိုအမ္ဗဋ္ဌလုလင်ကိုပင်
အကျိုးရှိစေရန် တရားတော်ဟောကြား
ဆိုဆုံးမပေးလိုက်သည်ကိုလည်းကောင်း
ဆင်ခြင်သုံးသပ်နိုင်ကြပါစေသတည်း။
ဒီဃနိကာယ်၊ သုတ်သီလက္ခန်ပါဠိ
အဋ္ဌကထာတို့ကို မှီငြမ်းတင်ပြပါသည်။
ဝန၀ါသီအရှင်ဝါသေဋ္ဌာဘိဝံ

နောင်းမှရသည့်မိုက်နောင်တ


ပုဂ္ဂိုလ်သတ္တ၀ါတို့သန္တာန်၌ စရိုက်အမျိုးမျိုးရှိကြ
သကဲ့သို့ပင်အခြေခံမတူပုဂ္ဂိုလ်အမျိုးမျိုးကွဲပြား
ကြပေသည်။
အကုသိုလ်စရိုက်များကြသူများမှာ အမှီသမ္ပတ္တိ
စက်ပါညံ့နေလျှင် ပို၍ပင်စရိုက်ကြမ်း၍အမှီသမ္ပ
တ္တိစက်ဖြစ်သော ပတိရူပ-သပ္ပုရိသူပနိဿယ
တို့ကိုရရှိလျှင်မူ အထိုက်အလျောက်သင့်တော်
ပေဦးမည်။
ဘုရားရှင်က ပုဂ္ဂိုလ်လေးမျိုးလေးစားတို့ကို
မြင်းလေးမျိုးဥပမာထား၍ဟောကြားထား
ပေသည်။
ယင်းမြင်းလေးမျိုးတို့မှာ
ဆာယာဋ္ဌမြင်း၊ လောပဝေဓမြင်း၊ စမ္မဝေဓမြင်း၊
အဋ္ဌိဝေဓမြင်းဟူ၍ဖြစ်ပေသည်။
ဆာယာဒိဋ္ဌမြင်းဟူသည်မြင်းဆရာကအရိပ်
နိမိတ်ပြရုံမျှဖြင့် ငါ့ကိုတကယ်ရိုက်တော့မှာ
လားဟု အသိဉာဏ်ဝင်ကာ လုပ်ငန်းခွင်
ကောင်းစွာဝင်ရောက်သောမြင်းတစ်မျိုး။
လောမဝေဓမြင်းဟူသည် မြင်းဆရာကနှင်တံ
ဖြင့် အရိပ်နိမိတ်ပြသော်လည်း အရေးမစိုက်
အမွှေးကျွတ်သည်အထိ ရိုက်ဆုံးမမှအသိဉာဏ်
ဝင်ကာ လုပ်ငန်းခွင်ကောင်းစွာဝင်ရောက်သော
မြင်းတစ်မျိုး။
စမ္မဝေဓမြင်းဟူသည် မြင်းဆရာက နှင်တံ
ပြသော်လည်း မလိမ္မာ အမွှေးကျွတ်အောင်
ရိုက်ပါသော်လည်း လုပ်ငန်းမ၀င်၊ အရေ
စုတ်သညီအထိ ရိုက်ဆုံးမပါမှ အသိဉာဏ်
ဝင်ကာ လိမ္မာသွားသောမြင်းတစ်မျိုး။
အဋ္ဌိဝေဓမြင်းဆိုသည်မှာ မြင်းဆရာက
အရေစုတ်သည်အထိရိုက်ဆုံးမပါသော်
လည်း အသိဉာဏ်မ၀င် မလိမ္မာ၊ အရိုး
ထိအောင်ရိုက်ဆုံးမပါမှ အသိဉာဏ်
ဝင်ကာ လုပ်ငန်းခွင်ကောင်းစွာဝင်ရောက်
သောမြင်းတစ်မျိုးဟူ၍လေးမျိုးဖြစ်ပေ
သည်။
ထိုသို့မြင်းလေးမျိုးရှိသကဲ့သို့ လူလေးမျိုး
ရှိပုံကိုလည်း ဘုရားရှင်ကမိန့်ဆိုထားသည်
မှာ မိမိနှင့်နီးစပ်သူတစ်ဦးဦးသေဆုံးသွား
သည်ဟု သတင်းကြားသိသောအခါသူ
ဘာကြောင့်သေဆုံးရပါသလဲဟု စဉ်းစား
ပြီး ဘ၀ခန္ဓာရထားလို့သာ သေရတာပဲ။
ငါလည်းတစ်နေ့နေ့တော့ သေရမှာပဲဟု
အသံကြားရုံဖြင့် သံဝေဂဉာဏ်ဖြစ်ပြီး
မသေခင် ဒါန သီလ ဘာဝနာပြုသော
သူကို ဆာယာဒိဋ္ဌမြင်းနှင့်တူသောသူ
ဟု ဆိုရပေသည်။
နောက်တစ်ဦးမှာက ပြောသံကြားရုံမျှဖြင့်
အသိဉာဏ်မ၀င်သေး၊ လူ့ဘ၀ပန်းတိုင်
တက်လှမ်းနိုင်ဖို့ရန် အားယူချီတက်နေစဉ်
မမျှော်လင့်ဘဲ မိမိနှင့်အတူလုပ်ဖော်ကိုင်
ဖက်တစ်ဦး ဗြုန်းခနဲသေဆုံးသွားသည့်
အခါမျိုးမှာမှ ကိုယ်တိုင်မြင်တွေ့ရပြီး
မသေခင် ဒါန သီလ ဘာဝနာပြုကာ
အသိဉာဏ်ဝင်သွားသူကို လောမဝေဓ
မြင်းနှင့်တူသူဟူ၍ ဆိုအပ်၏။
တတိယမြောက်ပုဂ္ဂိုလ်ကမူ မြင်ရုံကြားရုံ
မျှဖြင့် အသိဉာဏ်မ၀င်သေး။ မိမိ၏မိသားစု
အတွင်းမှ ပုဂ္ဂိုလ်တစ်ယောက်ယောက်သေ
ဆုံးသွားပါမှ ငါ့ရဲ့သွေးသားထဲကအနီးကပ်
ဆုံးသေခြင်းပါလား အခုငါသေသွားရင်
ဒါန သီလ ဘာမျှမရှိ၊ လက်ချည်းပဲဒီအတိုင်း
သာ ဆက်သွားရင် အပါယ်ဒုဂ္ဂတိရောက်ဖို့
သာရှိမယ်။ မသေခင်ဒါနသီလပြုမှတော်
မည်ဟု သံဝေဂရ အသိဉာဏ်ဝင်သွားသူ
ကို စမ္မဝေဓမြင်းနှင့်တူသူဟူ၍ဆိုအပ်ပေ
သည်။
နံပါတ်လေးပုဂ္ဂိုလ်ကမူ သူများသေတာ
သတင်းကြားတွေ့မြင်နေရပါသော်လည်း
ပျော်လို့ပါးလို့ကောင်းတုန်း၊ သူကိုယ်တိုင်
ရောဂါဖြစ်ပြီးအိပ်ယာပေါ်ပက်လက်လဲ
ခြေမသယ်နိုင် လက်မသယ်နိုင် အစား
မ၀င် သေရာညောင်စောင်းလဲနေရာမှ
သတိဝင်လာပြီးသေတယ်ဆိုတာတကယ်
ပါလား။ သူများတွေ ဘ၀ခန္ဓာရလို့အိုတဲ့
အခါ၊ နာတဲ့အခါ၊ သေတဲ့အခါ ငါဘာမှ
သံဝေဂမရခဲ့ပါလားဟု နောက်ဆုံးအချိန်
ကျမှသံဝေဂရသည့်သူကို အဋ္ဌိဝေဓမြင်း
နှင့်တူသူဟူ၍ ဆိုရပေသည်။
ဤကဲ့သို့ဘုရားရှင်ဟောတော်မူသော
မြင်းလေးမျိုးဥပမာကိုရှု၍ အသိနောက်
မကျမှီ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်၍
ပြင်သင့်သည်ကိုပြင်ရမည်။ နောက်မှ
ရသည့်နောင်တမျိုးမဖြစ်စေရန်ပြုပြင်
စရာအားလုံးမိမိကိုယ်တိုင်ပြုပြင်၍
မိမိနှင့်ဆက်နွယ်ရာ တပည့်သားသမီး
ညီအစ်ကို မောင်နှမ ပတ်ဝန်းကျင်အား
လုံး ကိုယ့်အတွက်စိတ်အနှောက်အ
ယှက်မဖြစ်စေမူ၍ အသိဉာဏ်ရှိသော
ပတ်ဝန်းကျင်ဖြစ်စေရန် လမ်းညွှန်သင့်
ပေသည်။
အရှင်သုစိတ္တ(တောင်သာ)
ဒေသနာမျက်ရှုနှင့်သုတမှတ်စု

Thursday, November 20, 2014

သာဓုခေါ်ရကျိုး



ဂေါတမဘုရားရှင်လက်ထက်တော်အခါတွင်သာဝတ္ထိပြည်၌
ကြွယ်ဝချမ်းသာသော သူဋ္ဌေးဇနီးမောင်နှံရှိလေသည်။ သူတို့
သည် ရတနာသုံးပါးအား အထူးပင် ယုံကြည်မြတ်နိုးကြလေ
သည်။ သူတို့သည်အသက်အရွယ်အားဖြင့် မကြီးလှချေ။
ရှေးပါရမီအကြောင်းကံကောင်းမွန်သူများဖြစ်ခြင်းကြောင့်
ဤဘ၀၀ယ် မငြိုမငြင် တင့်တင့်တယ်တယ်နေကြရလေ
သည်။

အချိန်ကား လဆန်း၁၄ရက်နေ့ညတစ်ညတွင်ဖြစ်လေသည်။
ထက်ကောင်းကင်မှ ရွှေလမင်းကား အသာကြီးသာလျက်
သာဝတ္ထိမြို့ကြီးကား တိတ်ဆိတ်ငြိမ်သက်သော အသွင်ကို
ဆောင်လျက်နေ၏။

တိုင်းသူပြည်သားလူအများတို့လေ၊ နက်ဖြန်သီတင်းနေ့၌
ဇေတ၀န်ကျောင်းတော်ကြီးဝယ် ဘုရားရှင် တရားဟော
တော်မူပါလိမ့်မယ်။ နာကြားလိုသူများဇေတ၀န်ကျောင်း
တော်ကြီးသို့ ဆက်ဆက်ကြွကြပါကုန်။

နိဗ္ဗာန်ဆော်များ၏ ကြေညာသံကား သူဌေး၏ဇနီးမောင်နှံ
တို့၏နားသို့ ရိုက်ခတ်သွားသည်။ ထိုအသံကိုကြားသော
အခါ

ရှင်မရေ၊ နက်ဖြန် လပြည့်နေ့တဲ့။ ဘုရားရှင်တရားဟော
မယ်ဆိုပါလားဟု သူဌေးကတော်လေးက ခွန်းတုံ့ပြန်လိုက်
၏။

နေရာကား ကြီးကျယ်သောဇေတ၀န်ကျောင်းတော်ကြီး၏
ခန်းမဆောင်တစ်နေရာဖြစ်လေသည်။ တရားနာလာကြသော
ပရိသတ်ကြီးက အုန်းအုန်းကျွတ်ကျွတ်တခဲနက်များလှပေ
သည်။ ထိုအခါ ဘုရားရှင်ကိုယ်တော်မြတ်သည် ရောင်
ခြည်တော်ခြောက်သွယ်လွှတ်လျက်

ချစ်သားချစ်သမီးတို့ အကုသိုလ်မဖြစ်အောင်
ကိုယ်ဖြင့်စောင့်စည်းခြင်းသည် ကောင်းလှပေ
၏။ နှုတ်ဖြင့်စောင့်စည်းခြင်းသည် ကောင်းလှ
ပေ၏။ စိတ်ဖြင့်စောင့်စည်းခြင်းသည်လည်း
ကောင်းလှပေ၏။ အရာခပ်သိမ်းစောင့်စည်းမှု
သည် ကောင်းလှပေ၏။ထို့ကြောင့် သင်တို့သည်
ကိုယ်၊နှုတ်၊ စိတ်သုံးပါးကို စောင့်စည်းကြပါကုန်။

ထိုဂါထာကိုဟောပြီးသောအခါ သိန်းသောင်းမက
များလှသော ပရိသတ်ကြီး၏ သာဓု သာဓု သာဓု
ဟူသော အသံကြီးသည် ပဲ့တင်မည်ဟည်းသွား
လေ၏။

ဤတရားနာပွဲ၌အချို့ သောတာပန်၊ အချို့သကဒါဂါမ်၊
အချို့အနာဂါမ်၊ အချို့ရဟန္တာအဖြစ်သို့ရောက်ကြလေ
ကုန်၏။

တရားပွဲမှပြန်လာသော သူဌေးလေးသည် သာသနာ့
တာဝန်ကို ထမ်းဆောင်လိုစိတ်ပေါ်လာသောကြောင့်
ရှိသမျှပစ္စည်းများကို သူဌေးကတော်အားအပြီးအပိုင်
အပ်နှင်းကာ သူဌေးမလေးထံခွင့်ပန်ြ့ပီး ပိဏ္ဍပါတိက
ဓုတင်ဆောင်ရဟန်းတော်တစ်ပါးအထံတွင်သာသနာ့
ဘောင်သို့ ၀င်ခဲ့လေသည်။

ထိုအခါရုပ်ချောဥစ္စာပေါသည့် သူဌေးမလေးအဖို့
အသက်ငယ်ငယ်နှင့် တစ်ခုလပ်မလေးဘ၀သို့
ရောက်ခဲ့ရရှာလေ၏။ အဆိုပါသတင်းကိုကြားသိ
သောအခါ ပေဿနဒီကောသလမင်းကြီးသည်
လင်မဲ့သူ သူဌေးမလေးအား သိမ်းပိုက်တော်
ကောက်တော်မူလေ၏။

နန်းတော်အတွင်း၌ ပန်းတော်ဆက်က ကြာပန်းများ
ဆက်သသောအခါ ကောသလမင်းကြီးသည်
မိဖုရားတစ်ဦးလျှင် ပန်းတစ်ပွင့်စီပေးကမ်းလေ
၏။ သူဌေးကတော်အသစ်စက်စက်မိဖုရာ
ကလေးကိုမူ ချစ်စနိုးသည့်အတွက်နေ့စဉ် ၂ပွင့်
၂ပွင့်ပေးသနားလေ၏။ အခြားသောမိဖုရားများ
က သူ့အား မနာလိုကြချေ။

တစ်နေ့သ၌ကြာပန်းဝေသောအခါ မိဖုရားလေး
သည် ကြာနှစ်ပွင့်ကို တစိမ့်စိမ့်ကြည့်၍ ရှေးဦး
စွာပြုံးလေ၏။ ပြုံးပြီးသည့်နောက်မည်သို့စိတ်
ကူးပေါက်သည်မသိ။ ကြာပန်းနှစ်ပွင့်ကိုအားရ
ပါးရနမ်းရှုပ်ကာ ငိုကြွေးလေ၏။ ထိုအခြင်း
အရာကိုမြင်သောအခါ ကောသလမင်းကြီး
သည် မျက်မန်တော်ရှလျက်

ဟယ်မိဖုရားငယ် သင်သည် ပြုံးတစ်ခါ ငိုတစ်
လှည့်နဲ့ အဘယ်ကြောင့် ပြုဘိသနည်း။ သင်၏
ငိုခြင်းရယ်ခြင်းဟူသော အပြုအမူသည် နန်းနှင့်
မထိုက်တန်တကား။ ငါ့အားမကွယ်မထောက်
အမှန်အတိုင်း သံတော်ဦးတင်လော့။ မတင်က
သင်သည် ကြီးလေးသောအပြစ်ဒဏ်ခံရချေ
မည်ဟု မိန့်လေရာ မိဖုရားလေးသည်စီးကျ
သောမျက်ရည်တို့ကို မြတဘက်ဖြင့် အသာ
သုတ်ကာ

မှန်လှပါဘုရား။ အခြားသော မိဖုရားတွေမှာ
ပန်းတစ်ပွင့်စီ တစ်ပွင့်စီသာရပြီးငါ့အဖို့မှာ
တော့ အရှင်မင်းကြီးက ချစ်မြတ်နိုးသည့်
အတွက် ပန်းနှစ်ပွင့်ရသည့်အတွက်ပြုံးရယ်
မိပါသည်အရှင်ဘုရား။

ဒီကြာပန်းကလေးကိုမြင်ရသောအခါ ခံတွင်း
က ဒီကြာပန်းရနံ့ပမာ မွှေးပျံ့သောအနံ့ရှိ
သည့် သာသနာ့ဘောင်သို့ပြောင်းသွားသူ
အချစ်ဦးကို အမှတ်ရ၌ ၀မ်းနည်းသောအထိမ်း
အမှတ်အဖြစ် လွမ်းဆွတ်မိသောကြောင့်ငိုကြွေး
မိပါသည်ဘုရားဟု သနားစဖွယ် ငိုကြွေးကာ
သံတော်ဦးတင်ရှာလေသည်။

မင်းကြီးသည် မယုံသည့်အတွက်
အဘယ်မိဖုရားငယ်၊ လူ့ပါးစပ်ကကြာနံ့ပမာ
မွှေးပျံ့သည်ဆိုသည်ကို ငါမယုံနိုင်။ သင်သည်
ငါ့အပြင်တစ်ဦးတစ်ယောက်နှင့်ဖောက်ပြားလို
၍သာ ပြောတန်ရာသည်မဟုတ်လောဟုစွပ်စွဲ
မေးမြန်းပြန်လေ၏။

မိဖုရားလေးသည် သုံးကြိမ်တိတိစကားမပြောင်း၊
လေမပြောင်းဘဲ ရှေးနည်းအတိုင်းပင်ဖြေဆို
လေသည်။ ဘုရင်ကြီးသည်သုံးကြိမ်ဖြေသော်
လည်း ယုံကြည်မှုမရှိသောကြောင့် အကျပ်ကိုင်
သည့်သဘောဖြင့် သက်သောတောင်းလေ၏။
ထိုအခါ အားနွဲ့သူမိဖုရားလေးက မှန်လှပါ
အရှင်မင်းမြတ်မယုံကြည်ပါလျှင် မနက်ဖြန်
ဆွမ်းပင့်ကျွေးတော်မူ၍ ဆုံစမ်းကြည့်တော်မူ
ပါ။ အကယ်၍မဟုတ်မမှန်ပါလျှင် ကျွန်တော်
မျိုးမအားပေးလိုသော အပြစ်ကိုပေးတော်မူ
ပါဟု အရဲစွန့်၍ သံတော်ဦးတင်ရှာလေ၏။

နောက်တစ်နေ့၌မင်းကြီးသည် ဘုရားရှင်နှင့်
တကွသံဃာတော်တို့အားနန်းတော်သို့ပင့်၍
ဆွမ်းကျွေးလတ်သော် မိဖုရားငယ်ညွှန်ပြ
သောကိုယ်တော်လေးအား တရားဟောရန်
လျှောက်ထားလေ၏။ ဘုရားရှင်နှင့်တကွအခြား
သော သံဃာတော်များကျောင်းတော်သို့ကြွပြန်
သွားတော်မူလေသည်။

တာဝန်ကျသူကိုယ်တော်လေးသည် ငြိမ်သက်
တည်ကြည်သော ဣနြေ္ဒဖြင့်တရားဟောရန်
မပွင့်တပွင့်ခံတွင်းကို ဖွင့်ဟလိုက်သောအခါ
နံ့သာဖြင့်ပြည့်သောဆင်စွယ်ကြုတ်ကလေးကို
လှုပ်လိုက်ဘိသကဲ့သို့ နန်းတော်တစ်ခုလုံး
ကြာညိုပန်းရနံ့များမွှေးကြိုင်သွားလေ၏။
ထိုအခါ ဘုရင်ကြီးသည်အလွန်အံ့သြသွားပြီး

ဤမိဖုရားသည်မှန်သောစကားကိုဆိုပေ၏
ဟု ၀မ်းသာအားရချီးကျူးအော်ဟစ်ကာမိဖုရား
ငယ်အားရှေးကထက် မြှောက်စားလေ၏။
ကိုယ်တော်ကလေးအားလည်း ပစ္စည်းလေးပါး
ဒကာအဖြစ်ခံလိုက်လေသည်။

နောက်တစ်နေ့သို့ရောက်သောအခါ ဘုရင်ကြီး
သည် ဘုရားရှင်ထံသွား၍
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
ဤကိုယ်တော်လေးသည် ဘယ်ကုသိုလ်ကောင်းမှု
ကံကြောင့်ယခုကဲ့သို့ ခံတွင်းမှ ကြာညိုနံ့ပမာ
မွှေးကြိုင်သောရနံ့ထွက်ပါသနည်းဟု မေး
လျှောက်လေ၏။ ထိုအခါ ဘုရားရှင်သည်

ဒကာတော်မင်းမြတ်၊ ဤကိုယ်တော်လေးသည်
ရှေးရှေးအတိတ်ဘ၀များက တရားနာသောအခါ
ရိုရိုသေသေနာယူပြီး သာဓု၊ သာဓု၊ သာဓုဟု
စေတနာသဒ္ဓါတရားဖြင့် ခေါ်ဆိုခဲ့သည့်အတွက်
ယခုလိုအကျိုးထူးခံစားရပေသည်ဟု သာဓု၏
အကျိုးတရားကိုဟောတော်မူလေ၏။

မာဂဓီ(သာစည်)

အမြဲကောင်းမြတ်သောအရာ



အခါတစ်ပါး၌ ဗုဒ္ဓမြတ်စွာဘုရားသည် သာဝတ္ထိပြည်
ဇေတ၀န်ကျောင်းတွင် သီတင်းသုံးနေတော်မူ၏။

ထိုအခါနတ်သားတစ်ယောက်သည် ညဥ့်တစ်ညဥ့်၏
သန်းခေါင်ယံအချိန်လောက်၌မြတ်စွာဘုရားထံသို့
ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကိုမေးလျှောက်လေ
၏။

မြတ်စွာဘုရား လူတို့အတွက်
၁။ အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင် တင့်တယ်
လှပစေသော အရာသည်ကား အဘယ်ပါနည်းဘုရား။

၂။ အဘယ်အရာသည်မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာ
တည်နေပါလျှင် ကောင်းမြတ်ပါသနည်းဘုရား။

၃။ သုံးဆယ့်တစ်ဘုံ၌ ကျင်လည်ကြရသောသတ္တ၀ါ
တို့တွင် ရောက်လေရာရာဘ၀တို့၌ ကောင်းမြတ်၍
နှစ်သက်စေတတ်သော ရတနာသည်ကားအဘယ်
ပါနည်းဘုရား။

၎။ သူခိုး၊ ဓားပြစသောလူဆိုးတို့ကို မလုယူ၊ မတိုက်
ခိုက်နိုင်သော ဥစ္စာသည်ကား အဘယ်ပါနည်းဘုရား
ဟု မေးလျှောက်လေသည်။

မြတ်စွာဘုရားက အိုနတ်သားလူတို့အတွက်
၁။ အိုမင်းရင့်ရော်သည့်အချိန်တိုင်အောင်တင့်တယ်
လှပစေသောအရာသည်ကား သီလ တန်ဆာဖြစ်
သည်။

၂။ ဘုရား တရား သံဃာဟူသော ရတနာသုံးပါး
ကံ ကံ၏အကျိုးကိုကောင်းစွာယုံကြည်၍မဂ်ဖိုလ်
တရားတို့ကိုတကယ်ယုံကြည်မှုသဒ္ဓါတရားသည်
မိမိသန္တာန်၌ မြဲမြံခိုင်ခံ့စွာတည်တံ့ပါလျှင်အကောင်း
ဆုံးဖြစ်သည်။

၃။ အရာရာ၌ ကောင်းစွာခွဲခြမ်းပြီး သိစွမ်းနိုင်သော
ပညာသည် သုံးဆယ့်တစ်ဘုံဝယ်ကျင်လည်ကြရ
သော သတ္တ၀ါတို့တွင်ရောက်လေရာရာဘ၀တို့
ကျင်လည်ရသမျှကာလပတ်လုံး ကောင်းမြတ်၍
နှစ်သက်စေတတ်သောရတနာဖြစ်သည်။

၎။ သူခိုး၊ ဓါးပြစသောလူဆိုးတို့က မတိုက်ခိုက်
မလုယူနိုင်သော ဥစ္စာသည်ကား သဒ္ဓါအရင်းခံ
၍ ပင်ကိုယ်ဉာဏ်ဖြင့်နေ့စဉ်မှန်မှန်ပြုလုပ်သော
ကောင်းမှုကုသိုလ်ပင်ဖြစ်သည်ဟု ဟောတော်မူ
သည်။

သဂါထာဝဂ္ဂသံယုတ်၊ ဒေ၀တာသံယုတ်၊ ဧရာဝဂ်၊ ဧရာသုတ်။
ဦးငွေအောင်မွန်၊
မြတ်မင်္ဂလာစာစောင်

ငစံမိုက်ကြောင့်ငါ့ကျားငယ်ရတယ်


တစ်ခါတုန်းက ဘုန်းတော်ကြီးတစ်ပါးဟာ လူသူ
မနီးတဲ့တောကြီးမျက်မည်းထဲမှာ တစ်ပါးတည်း
တောရဆောက်တည် ဧကစာရီနေသတဲ့။
တစ်နေ့မှာရွာထဲက ဒကာမောင်စံဟာ တောလည်
သွားရင်း တောရကျောင်းဘုန်းကြီးထံဝင်ရောက်
ခစားပြီး အရှင်ဘုရား ကိုယ်တော်တစ်ပါးတည်း
တောကြီးလယ်ကောင်ကျောင်းတစ်ဆောင်နဲ့
ညဥ့်မှောင်မိုက်ခါမကြောက်ပါလော။ သတ္တ၀ါ
သစ်ကျား ဘေးရန်တွေများတာကြောင့်တော
ကြားတွင်နေ၍မပျော်၊ တပည့်တော်များရွာ
ကျောင်းသို့ရွေ့ပြောင်းသီတင်းသုံးတော်မူပါ
ဘုရားလို့ လျှောက်ထားတောင်းပန်သတဲ့။
အဲဒီအခါတောရကျောင်းဘုန်းကြီးက ဒကာ
လျှောက်ထားတဲ့စကားဟာ တယ်မှန်တာပဲ
မနေ့ညနေ၀င်ပြီးစအချိန်မှာ ဘုန်းကြီးလည်း
ကျောင်းပေါ်ကသက်ဆင်းပြီးသစ်ပင်ရင်းမှာ
ပုတီးစိပ်နေတုန်းလာလိုက်တဲ့ကျားကြီးနှယ်
မငယ်လှပေဘူးလို့အမိန့်ရှိရာ ဒကာမောင်စံ
က မှန်လှပါဘုရား အရှင်ဘုရားမြင်လိုက်ရ
တဲ့ကျားကြီးက ဘယ်လောက်များကြီးပါ
သလဲဘုရားလို့အင်မတန်စိတ်ဝင်စားတဲ့
ပုံစံနဲ့မေးမြန်းလျှောက်ထားပါတယ်။
တောရကျောင်းဘုန်းကြီးက အမှန်ပြောရ
ရင် အဲဒီကျားဟာ ကိုးတောင်လောက်
လိမ့်မယ်ထင်ပါရဲ့လို့ မိန့်ကြားတော်မူတဲ့
အခါ လူရှုပ်လူပွေမောင်စံကရယ်စရာလုပ်
လက်ခုပ်လက်ဝါးတီးပြီး အရှင်ဘုရား
ဤကဲ့သို့သာစကားကိုလူပုံအလယ်မှာ
မိန့်ကြားတော်မမူပါနဲ့ဘုရား။ ကျားဆို
တဲ့အကောင်ဟာ ရှစ်တောင်ကိုးတောင်
ကြီးမြဲမဟုတ်ပါဘူး။ သေးနုပ်တဲ့စကား
ကို သူတစ်ပါးကြားကရယ်ဖွယ်ရာဖြစ်ပါ
လိမ့်မယ်ဘုရားလို့ လီဆယ်ကာလျှောက်
ထားသတဲ့။
အဲဒီအခါတောရကျောင်းဘုန်းကြီးက
အင်း နေ၀င်ဆည်းဆာမှိန်ပြပြမှာမြင်
လိုက်ရတာဆိုတော့ တပ်အပ်သေချာ
မပြောနိုင်ဘူးပေါ့။ ဒါပေမယ့်မင်းဘယ်
လိုငယ်တယ်ပြောပြော ငါမြင်လိုက်ရတဲ့
အကောင်ဟာ အနည်းဆုံးငါးတောင်
လောက်တော့မုချရှိမယ်ကွလို့ တစ်ထစ်
ချစကားပြောကြားပြန်ရာ ဒကာမောင်စံ
က လှောင်ချင်တဲ့စိတ်ထားနဲ့တ၀ါးဝါး
ရယ်ပြီး အရှင်ဘုရားအပိုမကြွားပါနဲ့
ကျားဆိုတာဒီလောက်မကြီးပါဘုရား
လို့လျှောက်ထားတဲ့အခါ တောရ
ကျောင်းဘုန်းကြီးဟာစိတ်တိုလာပြီး
ဟေ့ ဒကာစံ မှန်မှန်လျှောက်စမ်း ငါ့ကို
လှည့်စားမနေနဲ့ ကျားဆိုတာဘယ်
လောက်ကြီးသလဲလို့ ခပ်ဆတ်ဆတ်
မိန့်ကြားတော်မူသတဲ့။
အဲဒီတော့မှ ဒကာမောင်စံက အရှင်ဘုရား
နောက်တစ်ခါ မလွဲအောင်တစ်ခါတည်း
မှတ်ထား ကျားဆိုတာ ကြီးရင်လက်တစ်ဝါး၊
ငယ်ရင် လက်လေးသစ်လောက်ပဲရှိပါတယ်
ဘုရားလို့ မှင်နဲ့မောင်းနဲ့လျှောက်ထားပြီး
အိမ်ပြန်သွားပါသတဲ့။
ဒီလိုနဲ့နောက်တစ်နေ့နံနက်အလင်းမှာ
ဥပုသ်သီတင်းနေ့နဲ့ကြုံကြိုက်တာမို့
ရပ်သူရွာသား ဒါယကာ ဒါယိကာမ
တွေဟာ တောရကျောင်းကို ရှစ်ပါး
သီလစောင့်သုံးကြရန်ရောက်ရှိလာကြ
ပါတယ်။ တောရကျောင်းဘုန်းကြီးထံ
မှာ သီလခံယူပြီးတဲ့နောက် ဒကာ
ဒကာမတွေက အရှင်ဘုရား တောကြီး
မျက်မည်းထဲမှာသစ်ကျားဘေးရန်
အတန်တန်နဲ့သီတင်းသုံးရတာအင်
မတန်အားငယ်စရာကောင်းပါတယ်။
တပည့်တော်တို့ရွာနီးကျောင်းကို
ရွေ့ပြောင်းသီတင်းသုံးတော်မူပါ
ဘုရားလို့ လျှောက်ထားတောင်းပန်
ကြတဲ့အခါ တောရကျောင်းဘုန်းကြီး
က ဒကာအများလျှောက်ထားသည်မှာ
မမှားဧကန်အမှန်ပဲဖြစ်ပေတယ်။
တစ်နေ့ညကငါဟာကျောင်းပေါ်မှ
သက်ဆင်းပြီး သစ်ပင်ရင်းမှာပုတီးစိပ်
နေတုန်းလာလိုက်တဲ့ကျားနှယ်မငယ်
လှပေဘူးလို့ ထပ်မံအမိန့်ရှိပါတယ်။
ဒကာ ဒကာမတွေက မှန်ပါဘုရား။
အရှင်ဘုရားမြင်လိုက်ရတဲ့ကျားက
ဘယ်လောက်တောင်ကြီးမားပါသလဲ
ဘုရားလို့လျှောက်ထားမေးမြန်းကြ
တဲ့အခါ တောရကျောင်းဘုန်းကြီးဟာ
ဒကာမောင်စံလိမ်ညာထားတဲ့စကား
ကိုအမှန်ုလို့ထင်မှတ်ပြီး ဒကာဒကာမ
တို့ဘုန်းကြီးမြင်လိုက်ရတဲ့ကျားဟာ
ကြီးရင်လက်တစ်ဝါး ငယ်ရင်လက်
လေးသစ်လောက်ရှိလိမ့်မယ်လို့
တည်ကြည်တဲ့မျက်နှာထားနဲ့မိန့်ကြား
လိုက်သတဲ့။
ကြားလိုက်ရတဲ့ ဒကာဒကာမတွေဟာ
အောင့်မထားနိုင်ကြဘဲ တအုန်းအုန်း
တသောသောရယ်မောကြတဲ့အခါ
တောရကျောင်းဘုန်းကြီးက ဟဲ့
ဒကာတွေ ဘာကြောင့်ရယ်မော
တသောသောဖြစ်နေကြသတုန်းလို့
မေးမြန်းပါတယ်။ ဒကာတစ်ယောက်
က အရှင်ဘုရား ဆရာနဲ့ဒကာ၊ ဒကာ
က ဆရာလုပ်တယ်လို့မထင်ပါနဲ့ဘုရား
အရှင်ဘုရားမြင်လိုက်ရတဲ့ကျားဟာ
လက်တစ်ဝါးလက်လေးသစ်လောက်
ပဲဆိုတော့ လူမရိုသေလောက်တဲ့
စကား မခန့်ညာလောက်အောင်ဖြစ်
နေပါတယ်ဘုရားလို့ပြန်လည်လျှောက်
ထား တဲ့အခါ တောရကျောင်းဘုန်းကြီး
က ဒကာတို့ ဒီလိုဆိုရင် ကျားဆိုတဲ့
အကောင်ဟာ ဘယ်လောက်တောင်
ရှိသတုန်းလို့မေးမြန်းစုံစမ်းပါတယ်။
မှန်လှပါဘုရား။ ကျားဆိုတဲ့သတ္တ၀ါ
ဟာ ကြီးရင်ရှစ်တောင် ကိုးတောင်၊
ငယ်ရင် လေးတောင်ငါးတောင်လောက်
ရှိမြဲဖြစ်ပါတယ်ဘုရားလို့ ဒကာအများ
ကလျှောက်ထားတဲ့အခါ တောရ
ကျောင်းဘုန်းကြီးက တောက်အစက
ငါပြောတာဟန်အကိုက်သားနဲ့ငစံ
မိုက်ကြောင့်ငါ့ကျားငယ်ရတယ်လို့
ညည်းတွားတော်မူလိုက်ပါသတဲ့။
ဒီပုံပြင်ထဲကအတိုင်းပါပဲ။ ယခုအခါ
သာသနာတော်မှာလည်းရှင်ရဟန်း
ဆိုတာ မူလကမြတ်စွာဘုရားပညတ်
တော်မူအပ်တဲ့ဂုဏ်သိက္ခာနဲံဟန်
အကိုက်ရှိနေပြီးမှ မိုက်မဲမှားယွင်း
ဖောက်ပြန်စွာပြုမူပြောဆိုနေထိုင်
ကြတဲ့ ရဟန်းရှင်လူတချို့ကြောင့်
သံဃဂုဏ်ဟာညှိုးငယ်နေရပါပြီ။
ရွာနေသူလူအများပျက်စီးရင်ရွာ
ပျက်တယ်လို့ပြောဆိုရသလိုပါပဲ
သာသနာတော်ကိုမှီခိုနေသူရဟန်း
ရှင်လူတို့ပျက်စီးရင်လည်းသာသနာ
ပျက်စီးတော့တာပါပဲ။
ဗုဒ္ဓသာသနာတော်ရဲ့အနာဂါတ်နဲ့
ပါတ်သတ်ရင် အမရပူရမြို့မဟာ
ဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့
အယူအဆကိုနှစ်သက်မိပါတယ်။
ဆရာတော်ကြီးကသာသနာတော်ဟာ
၁။ ဂုဏ်မဲ့သိက္ခာမဲ့ဆက်လက်တည်တံ့
နေတာရယ်၊
၂။ ဂုဏ်ရှိသိက္ခာရှိအမြန်ကွယ်ပျောက်
သွားတာရယ် ဒီနှစ်ခုကိုရွေးရမယ်ဆို
ရင် နံပါတ်နှစ်ဖြစ်တဲ့ဂုဏ်ရှိသိက္ခာရှိ
အမြန်ကွယ်ပျောက်သွားတာကိုပဲ
လိုချင်ပါတယ်တဲ့။ တကယ်တော့ဗုဒ္ဓ
သာသနာတော်ဟာ တစ်လောကလုံး
ကုသိုလ်ဖြစ်ဖို့ချမ်းသာဖို့ပါ။ ဒီရည်ရွယ်
ချက်အတိုင်းဖြစ်မလာရင်အမြန်ပျောက်
ကွယ်သွားတာကမှပိုကောင်းပါတယ်။
ကိုယ်တိုင်ဘုရားမတည်နိုင်ရင်ကုသိုလ်
မရရုံဘဲရှိပါတယ်။ ငရဲမကျနိုင်ပါဘူး။
ဒါပေမယ့်သူတစ်ပါးတွေတည်ထားတဲ့
စေတီပုထိုးတွေကိုတူးဖြိုဖျက်စီးမိရင်
တော့ သေချာပေါက်ငရဲကျမှာပါပဲ။
ဒီနေရာမှာ ရတနာပုံနေပြည်တော်ခေတ်
က မင်းတုန်းမင်းကြီးရဲ့သာသနာတော်
နဲ့ပတ်သတ်ပြီး ပြတ်သားတဲ့မိန့်ကြား
ချက်ကို နားဆင်ကြည့်ပါ။ ခွေးတိရစ္ဆာန်
သည်သာသနာတော်မြတ်ကိုမဖျက်စီး
နိုင်၊ ထိုသို့မဖျက်စီးနိုင်သောခွေးသည်
အ၀ီစိသို့မကျ။ လူသည်သာသနာတော်
ကိုဖျက်စီးနိုင်သည်။ ထိုသို့ဖျက်စီးနိုင်
သောလူသည် အ၀ီစိသို့ကျရသည်။
မောင်မင်းတို့သည်သာသနာတော်
မြတ်ကို ဖျက်စီးကုန်သော အရှက်မရှိ၊
သိက္ခာမဲ့အလဇ္ဇီပုဂ္ဂိုလ်တို့အားချီးမြှောက်
ထောက်ပံ့ခြင်းကို မပြုကြကုန်လင့်
အ၀ီစိငရဲသို့ကျဆင်းကြရမည်ကို
ကြောက်ကြကုန်။
သာသနာတော်ကိုအဖျက်သဘောမဖက်၊
အပြုသဘောသက်သက်ဖြင့်ဆည်းကပ်
နိုင်ကြပါစေ။
တော်ဝင်နွယ်

အတိုဆုံးနှင့်အပြည့်စုံဆုံးသမိုင်းကျမ်း


တစ်ရံရောအခါက အရှေ့အလယ်ပိုင်းတိုင်းနိုင်ငံ
တစ်ခု၌ ပညာဗဟုသုတလိုလားသောဘုရင်
တစ်ပါးစိုးစံ၏။ တစ်နေ့တွင် ထိုဘုရင်သည်
ဤကမ္ဘာမြေ၌နေထိုင်ခဲ့ကြသူတို့အကြောင်းကို
အလုံးစုံသိလိုသောဆန္ဒပြင်းပြလေသည်။
သို့နှင့်မှုးကြီးမတ်ရာသေနာပတိအပေါင်းတို့
အား ဤသို့မိန့်ကြားစေခိုင်း၏။
မောင်မင်းတို့ ငါသည် ဤကမ္ဘာမြေ၌ မှီတင်း
နေထိုင်လျက်ရှိသည့်လူမျိုးတစ်ရာ့တစ်ပါးတို့
၏ သမိုင်းအားလုံးကိုသိလိုသည်။ ရှေးအခါက
သူတို့မည်သို့နေထိုင်ခဲ့ကြသည်။ မည်သည့်
စစ်ပွဲများဆင်နွဲခဲ့ကြသည်။ မည်သည့်အရပ်၌
မည်သည့်ကုန်ပစ္စည်းများပေါကြွယ်ဝ၍မည်
သည့်အတတ်ပညာတို့မည်သည့်နေရာတွင်
ထွန်းကားခဲ့သည်စသည်ဖြင့်အလုံးစုံသော
အရာတို့ကို ငါသိလိုသည်။ င့ါအားရေးသား
ပြုစုကြလော့။
ထိုသို့ဆိုပြီးနောက် မှုးမတ်ပေါင်းတို့အား
ငါးနှစ်တိတိအချိန်ပေးလိုက်၏။
ဘုရင့်ရှေ့တော်မှအသာခေါင်းငုံ့နောက်ဆုတ်
၍ ထွက်လာခဲ့ကြပြီးသည့်နောက်မှုးမတ်တို့
စုဝေးတိုင်ပင်ကာ ပြည်ရွာအနှံ့အပြားရှိပညာရှိ
ကြီးငယ်အပေါင်းတို့အား နေပြည်တော်၌စုဝေး
စေလေသည်။
ထို့နောက်တွင်ဘုရင်မင်းမြတ်ဖတ်ရှုရန်ကျမ်းဂန်
များကိုငါးနှစ်လုံးလုံးအပတ်တကုတ်ရေးသား
ပြုစုကြရာ သိုးကလေးသားရေ၊ ဆိတ်ကလေး
သားရေများတွင်စာရေးကြသောခေတ်ကာလ
ဖြစ်သည့်အလျောက် ရွှေနန်းတော်သို့သားရေ
ချပ်လွှာများပေးသွင်းခွင့်ရကြသောသားရေ
လုပ်ငန်းရှင်များနှင့်မွေးမြူရေးသမားများမှာ
အကြီးအကျယ်စီးပွားဖြစ်ကြသောဟူ၏။
ငါးနှစ်မြောက်သည့်နှစ်တွင် နန်းတော်သို့
မှုးကြီးမတ်ရာများနှင့်ကျမ်းဂန်ပြုစုသူဦးဆောင်
ပညာရှိများစုံညီစွာရောက်ရှိလာကြသည်။
အရှင့်အမိန့်တော်ကိုအောင်မြင်စွာထမ်း
ဆောင်ပြီးကြောင်းပါ။ ယခုနန်းတော်လေသာ
ပြတင်းမှအရှင်မင်းကြီးလှမ်းမျှော်ကြည့်မည်
ဆိုလျှင် အရှင့်အတွက်ပညာရှိများပြုစုခဲ့သည့်
ကျမ်းဂန်များသယ်ဆောင်လာသည်ကိုတွေ့
မြင်ရပါလိမ့်မည်ဟူ၍ နန်းရင်းဝန်ကြီးက
လျှောက်ထားလေသည်။
ရှင်ဘုရင်ကလေသာပြတင်းဝ၌ရပ်ကာ
အပြင်မှာမြင်ရသည်များကိုကြည့်ပြီးဇဝေ
ဇ၀ါဖြစ်သွားသည်။ ထို့နောက်မျက်စိကို
ပွတ်သပ်ကြည့်ကာ တစ်ကြိမ်ထပ်မံကြည့်
ပြန်သည်။ နန်းတော်ရှေ့တွင်ကုလားအုပ်
တန်းကြီးကမျက်စိတစ်ဆုံး။
ကုလားအုပ်တစ်ကောင်စီး၏ကျောပေါ်တွင်
အထုပ်ကြီးနှစ်ထုပ်စီတင်ထားသည်။ တစ်
ထုပ်စီ၌ စာဆယ်အုပ်စီပါသည်။ တိရစ္ဆာန်
သားရေလွှာများပေါ်တွင် မင်ရောင်စုံတို့ဖြင့်
လှပစွာရေးခြယ်ထားသည့် စာအုပ်ကြီးများ
စာအုပ်အဖုံးနှင့်အနှောင့်များတွင် စာအုပ်
အမည်နှင့်ရေးသားပြုစုသူတို့၏ အမည်များ
ကိုရွှေစာလုံးများဖြင့် ရေးထိုးထားသည်။
စာအုပ်ထုပ်တွေကိုကြည့်ကာရှင်ဘုရင်
မျက်မှောင်ကြုတ်သွားသည်။
ဘာတွေလဲကွ ဒါတွေက။
မှန်လှပါ။ အကျွမ်းကျင်ဆုံးပညာရှင်ကြီးများ
ငါးနှစ်တိုင်တိုင် ရေးသားပြုစုခဲ့ကြသည့်
ကမ္ဘာ့သမိုင်းကျမ်းပေါင်းချုပ်ကြီးပါ။ ကမ္ဘာ့
လူသားအားလုံးတို့ရဲ့လူမှုရေးသမိုင်း၊
ယဉ်ကျေးမှုသမိုင်း၊ စီးပွားရေးသမိုင်း၊ စစ်
ရေးသမိုင်း၊ နိုင်ငံရေးသမိုင်း၊ ၀ိဇ္ဇာသိပ္ပံ
အတတ်ပညာများသမိုင်းစသဖြင့်ဘက်စုံ
ထောင့်စုံ အလုံးစုံပါဝင်အောင်အထူးတလည်
စီမံထားသော ကျမ်းဂန်ကြီးဖြစ်ကြောင်းပါ။
ရှင်ဘုရင်ဒေါထွက်သွားသည်။
မင်းတို့ငါ့ကိုလှောင်ပြောင်နေကြတာလား။
ဒီလောက်များတဲ့စာအုပ်တွေ ငါသေတဲ့အထိ
ဖတ်လို့ပြီးနိုင်ပါ့မလား။ ငါဖတ်လို့ရအောင်
အကျဉ်းချုပ်အမြန်လုပ်စေ။ သို့သော်အရေး
ကြီးတဲ့အချက်တွေတော့ အကုန်ပါးပါပစေ။
ရှင်ဘုရင်ကအမိန့်တော်မြတ်ချမှတ်ကာအချိန်
တစ်နှစ်ပေးလိုက်ပြန်သည်။
တစ်နှစ်ကုန်ပြီးနောက်နန်းတော်ရှေ့သို့ကုလား
အုပ်တန်းတစ်တန်းရောက်ရှိလာပြန်သည်။
ကုလားအုတ်ဆယ်ကောင်။ တစ်ကောင်လျှင်
နှစ်ထုပ်။ တစ်ထုပ်လျှင်စာအုပ် ဆယ်အုပ်။
စုစုပေါင်းအုပ်နှစ်ရာ။ ရှင်ဘုရင်မျက်နှာပျက်
သွားပြန်သည်။
ဟေ့ဒီမှာ ခေတ်အဆက်ဆက်နိုင်ငံတကာမှာ
ဖြစ်ပျက်ခဲ့တဲ့အရေးအကြီးဆုံးအဖြစ်အပျက်
တွေပဲရေးခိုင်းတာကွ။ အဲဒီအတွက် အချိန်
ဘယ်လောက်ပေးရဦးမှာလဲ။
သည်အခါပညာရှိများထဲမှ ပညာအရှိဆုံး
ပညာရှိတစ်ယောက်ရှေ့သို့ထွက်လာပြီး
ဘုရင်အားတင်လျှောက်သည်။
မနက်ဖြန်ဆိုရင်ရနိုင်ပါတယ်အရှင်မင်းကြီး
အရှင်မင်းကြီးသိလိုသမျှပြည့်စုံရပါစေ့မယ်။
မနက်ဖြန်၊ဘုရင်ကြီးအံ့အားသင့်သွားသည်။
အေးကောင်းပြီ မင်းစကားနဲ့မင်းပဲ။ မနက်ဖြန်
ရှေ့တော်မှောက်အရောက်မတင်ဆက်နိုင်ရင်
ဘာဖြစ်မယ်ဆိုတာမင်းအသိပဲ။
နောက်တစ်နေ့နံနက်အာရုဏ်တက်စ ငှက်
ကလေးတွေတေးဆိုစ ဘုရင်ကြီးအိပ်ရေး
မ၀တ၀အချိန်မှာပင် မနေ့ကကတိပေးထား
သည့်ပညာရှိကြီးနန်းတော်သို့ရောက်ရှိလာ
သည်။ ဘုရင်ကြီးအိပ်တော်ဆောင်အထွက်
မှာပင် ပညာရှိကြီးအခစားဝင်ကာ သူ့လက်
ထဲတွင်ပါသည့်အရာကိုဆက်သသည်။
စန္ဒကူးသားဖြင့်ပြုလုပ်ထားသည့် သေတ္တာ
ဘူးသေးသေးလေး။ ဒီသေတ္တာလေးကိုဖွင့်
ကြည့်ရင် ခေတ်အဆက်ဆက်လူမျိုးတစ်ရာ့
တစ်ပါးတို့၏ တိုင်းနိုင်ငံပေါင်းများစွာမှာ
ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းပေါင်းစုံက
အဆီအနှစ်ချည်းသက်သက်ရေးသားပြုစု
ထားတဲ့ အတိုဆုံးကမ္ဘာ့သမိုင်းကျမ်းကြီးကို
ဖတ်ရှုရပါလိမ့်မယ် အရှင်မင်းကြီးဟူ၍
ပညာရှိကြီးက လေးနက်တည်ကြည်စွာ
လျှောက်ထားလိုက်သည်။
သေတ္တာလေးကို ရှင်ဘုရင်ဖွင့်ကြည့်လိုက်
သည့်အခါ အထဲ၌အဖိုးတန်ကတ္တီပါစနှင့်
ထုပ်ပိုးထားသည့် အရာတစ်ခုကိုတွေ့ရှိရ
သည်။ ကတ္တီပါစကိုခွါချလိုက်သည့်အခါ၌
အလွန်သေးကွေးသောဆိတ်သားရေစတစ်
စ။
ထိုသားရေးစတွင်စာလုံးသေးသေးဖြင့်ရေးထိုး
ထားသည့် စာအချို့ရှိသည်။ ဘုရင်ကြီးအသံ
ထွက်၍ ဖတ်ကြည့်သည်။
သူတို့မွေးဖွားလာကြသည်။ အသက်ရှင်နေထိုင်
ကြသည်။ ထို့နောက်သေဆုံးသွားကြချေသည်
ဟူ၍။
ဆောင်ပုဒ် ။ ။ တစ်သက်တာ ဆည်းပူးလေ့လာ
ရမည့်ပညာကို တစ်မနက်စာဖြင့် မရနိုင်။
ဖေမြင့်
စာဖတ်သမား၏မှတ်စုများမှ

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၆)


ဗုဒ္ဓဘာသာမှာ ကိုယ့်အားကိုယ် ကိုးတတ်ဖို့ (self-reliance) ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ဒါကို နားမလည်တဲ့အခါကျတော့ ဒို့ဗုဒ္ဓဘာသာတွေ ဟိုအားကိုးရမှာလိုလို ဒီအားကိုးရမှာလိုလို ဖြစ်ပြီး ဘာသာရေး လမ်းကြောင်းမှ သွေဖီသွားတာတွေ တွေ့တွေ့နေရတယ်။ အဲဒါ ဘာတွေလဲဆိုရင် နတ်ကိုးကွယ်မှု၊ ဘိုးတော်၊ ရသေ့ ကိုးကွယ်မှု၊ ဗေဒင် ဓာတ်ရိုက်ဓာတ်ဆင် အားကိုးမှု၊ မှော်ဆရာကိုးကွယ်မှု၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကိုးကွယ်မှု စသည်ပေါ့။ ကိုယ်တိုင် ကြိုးစားလို့ စီးပွားတိုးတက် အဆင်ပြေလာတဲ့အခါမှာ ကိုယ်ကိုယ်တိုင် လုံ့လ ၀ီရိယနဲ့ ကြိုးစား အားထုတ်မှုကြောင့် တိုးတက်ကြီးပွားလာတာကို နတ်က မစလို့ ဒီလိုဖြစ်လာတာဆိုပြီး ကိုယ့်အစွမ်းတွေကို နတ်ပေါ်မှာ ပုံအပ်လိုက်တယ်။ ဒီလိုနဲ့ စီးပွားလဲတက်လာရော နတ်ရဲ့ကျေးကျွန်တွေ ဖြစ်ကုန်ကြတာတွေ တော်တော်များများ တွေ့နေရတယ်။ နတ်ကို အားကိုးနေမိတဲ့အချိန်မှာ အချိန်ကိုက် စောင့်နေကြတဲ့ နတ်ကတော် ဆိုတာတွေကလဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ ချဉ်းကပ်လာကြတာပေါ့။ နတ်ရဲ့စေညွှန်ရာ တင်မကဘဲ နတ်ကတော်ရဲ့ လှည့်ကွက်အတိုင်း လိုက်၍ က နေရပြန်တယ်။ စီးပွားကတော့ တကယ်တမ်းမှာ ကိုယ်တိုင် ကြိုးစားလို့တိုးတက်နေတာ၊ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကျေးဇူးမတင်ဘဲ နတ်နဲ့ နတ်ကတော်ကို ကျေးဇူးတင်နေကြရတဲ့ စီးပွားရေးသမားတွေ များစွာ ရှိနေတာတော့ အားမလို အားမရဖြစ်နေမိတယ်။
အချို့ကျတော့လဲ ဘိုးတော်၊ ဘရသေ့ဆိုတာတွေကို အိမ်ပေါ်မှာတင်ထားပြီး ကိုးကွယ်နေကြ ပြန်တယ်။ အချို့က အိမ်ပေါ်မှာ မတင်ပေမယ့် သူတို့ကို ဆရာတင်ပြီး သူတို့ ခိုင်းတဲ့အတိုင်း လုပ်နေကြပြန်တယ်။ ဒီဘိုးတော်က ဒို့နဲ့ ကံစပ်တယ်၊ ဘိုးတော်က ဒို့ကို မစတယ်ဆိုပြီး ယုံမှတ်ကာ ပုံအပ်နေတဲ့ ဗုဒ္ဓဘာသာတွေမှာ ဘာအားနဲနေတာလဲ ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနဲနေတာပါပဲ။ ကိုယ့်ကိုယ်ကို ကိုယ့်အစွမ်းအစကိုယ် မယုံကြည်ရာကနေ ဒီလိုမျိုး ဟိုအထင်ကြီး ဒီအထင်ကြီးနဲ့ ဖြစ်ကုန်ကြတာပါ။ ပြီးတော့ စီးပွားရေးကို လွယ်လွယ်နဲ့ ဖြတ်လမ်းကနေ သူများထက်သာချင်၊ ချမ်းသာချင်ကြတဲ့ သူတွေဟာ ဒီလိုမျိုးတွေကို လုပ်လေ့ရှိကြပြန်တယ်။ အချို့က စီးပွားရေး မလုပ်တာတော့ မဟုတ်ဘူး၊ အခုရေတွင်းတူး အခု ရေကြည်သောက်ချင်ဆိုသလို အခုလုပ် အခု ချမ်းသာချင်နေတော့ အလုပ်ကို တစ်ခဏ လုပ်ကြည့်လိုက်တယ်၊ အဆင်မပြေဘူး ဆိုပြီး ဆက်မလုပ်တော့ဘူး၊ အရင်းမထုတ်ခင် ကတည်းက အမြတ်ကြိုပြီးလိုချင်နေတော့ ဘယ်အဆင်ပြေမှာလဲ။ နောက်တစ်မျိုးက ကြိုးတော့ မကြိုးစားချင်ဘူး။ သူများထက်တော့ ချမ်းသာချင်တယ်ဆိုရင်လဲ ဟိုချဉ်းကပ် ဒီချဉ်းကပ် လွယ်လွယ်နဲ့များ ချမ်းသာလာလေမလား ဆိုပြီး အချောင်ရလိုတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်နေကြတာတွေလဲ ရှိတာပေါ့။
ဒီလိုစိတ်ဓာတ်တွေကနေ မြန်မာပြည်မှာ နှစ်လုံး၊ သုံးလုံးစတဲ့ လောင်းကစားတွေ တော်တော် ခေတ်စားလာတာပါပဲ။ ဒါတွေ ဘာလို့ ခေတ်စားနေတာလဲ ဆိုရင် အချောင် ရချင်တဲ့ စိတ်ဓာတ်တွေ၊ အလုပ်မလုပ်ဘဲနဲ့ များများရချင် များများသုံးချင်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲလို့ အဖြေထွက်ပါတယ်။ အလုပ်ကိုတော့ စည်းစနစ်နဲ့ မလုပ်ချင်ဘူး၊ ငွေကိုတော့ သူများလိုသုံးချင်တယ် ဆိုတဲ့စိတ်ဓာတ်တွေဟာ ကိုယ့်အားကိုယ် မကိုးချင်တဲ့ လူမျိုးတွေမှာ များများတွေ့ရတယ်။ ဒါတွေနဲ့ တွဲဘက်ပြီး နတ်တွေ ဘိုးတော်တွေ ဘရသေ့ဆိုတာတွေက ခေတ်စားလာကြပြန်တယ်။ သူတို့က ပေးတဲ့ဂဏန်းထိုးလို့ ပေါက်တယ်၊ သူတို့ကိုးကွယ်ရင် သူတို့က တစ်နည်းမဟုတ်တစ်နည်းနဲ့ ဂဏန်းတွေ ချပေးတယ်ဆိုတာမျိုးတွေပေါ့။ သဘောတရားအရ ကြည့်လိုက်မယ်ဆိုရင် သူတို့က လာတဲ့သူတိုင်းကို ဂဏန်းတွေပေးနေတာ၊ လူ ၁၀၀ ပေးလိုက်ရင် တစ်ယောက်တော့ ပေါက်မှာပေါ့။ မပေါက်တဲ့သူက ဘာမှမပြောဘဲ ပေါက်တဲ့သူကသာ ဒီဘိုးတော် ပေးတဲ့ဂဏန်းထိုးလို့ ငါပေါက်တယ်ဆိုတော့ ဘိုးတော်က အလိုလို နာမည်ကြီးသွားတာပေါ့။
ဒီလို ကိုးယိုကားယားဖြစ်နေကြတဲ့ အထူးသဖြင့် ဒို့မြန်မာဗုဒ္ဓဘာသာတွေမှာ ဘာတွေအားနဲနေ တာလဲဆိုရင် ပညာဓာတ်ခံ အားနဲနေတာပါပဲ။ ဒီဖြစ်ရပ်တွေဟာ ပညာတတ်တွေအတွက် ရယ်စရာလဲဖြစ်၊ အားမလိုအားမရလဲ ဖြစ်နေကြရပါတယ်။ ပညာတတ်နဲလေ ဒီလိုမျိုးတွေ များလေ၊ စီးပွားရေးအဆင်မပြေလေ၊ ပညာမတတ်လေ၊ ပညာ မတတ်လေ ဒီလို မဟုတ်မဟတ်ယုံကြည်မှုတွေ တိုးလာလေ။ နှီးနွယ်နေတာပါပဲ။ ဒီလိုဖြစ်နေတော့ စီးပွားရေးကို စနစ်တကျ လုပ်တတ်တဲ့ အကျင့်မရှိတော့ဘူး။ လေးလေးနက်နက် စဉ်းစားတွေးခေါ်တတ်တဲ့ အကျင့်မရှိတော့ဘူး။ အချောင်ရ အချောင်စား ၀ါဒသာ ကြီးထွားလာတော့တယ်။ အချောင်ရ အချောင်စားဝါဒ လွှမ်းမိုးလာတဲ့ အခါကျတော့ ပညာတတ်မှ ချမ်းသာတယ်၊ အလုပ်ကြိုးစားလုပ်မှ ချမ်းသာတယ်ဆိုတာ ပုံပြင်တွေ ဖြစ်လာတယ်။ ဒီလောက် ပညာတတ်စရာမလိုပါဘူး၊ ဒီလို အလုပ်တွေ လုပ်နေစရာမလိုပါဘူး ဆိုပြီး ဂွင်တဲ့လို့ ချမ်းသာသွားတဲ့သူတွေက လက်မထောင်လာကြပြန်တယ်။ အများက ဒီလမ်းကို လိုက်နေတဲ့အခါကျတော့ ဒီအထဲမှာလဲ အလုပ်မလုပ်ဘဲနဲ့ ကိုယ်ပိုင်စီးပွားရေးရယ်လို့ မယ်မယ်ရရ မရှိဘဲနဲ့ သူ့နည်းနဲ့သူ ချမ်းသာသွား တာတွေက ရှိတာပေါ့။ ဒီလိုသာ ဖြစ်သလို လုပ်နေတဲ့စနစ်တွေနဲ့ ကိုယ့်အားကိုယ် ကိုးမှုကင်းမဲ့ ကြိုးစားအားထုတ်မှု လျော့နဲနေကြ ပေါ့ဆနေကြမယ်ဆိုရင် ကြုံသလိုလုပ် ကြုံသလိုစား (၁၈)ရာစုခေတ် လူသားတွေရဲ့ နေထိုင်စားသောက်မှု ပုံစံမျိုးသာသာပဲ ဖြစ်နေတော့မှာပေါ့။
ဒီလို ကမောက်ကမ အခြေအနေတွေကို လေးလေးနက်နက် တွေးကြည့်မယ်ဆိုရင် တော်တော်ဆိုးဝါးတဲ့ အခြေအနေတွေ အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒို့ဗုဒ္ဓဘာသာဝင်တွေမှာ စီးပွားရေးကို စနစ်တကျ မလုပ်တတ်ဘူး လို့ အထင်ရောက်သွားနိုင်ပါတယ်။ ဒါတွေကို ဘယ်လိုပြုပြင်ကြမလဲ။ လူတိုင်း ကိုယ့်အစွမ်းအစကိုယ် လက်ခံယုံကြည်လာနိုင်ကြမယ်၊ လောင်းကစားကို စီးပွားရေးလို့ ထင်နေတဲ့စိတ်တွေ လျော့ပါးသွားအောင် စွမ်းဆောင်နိုင် ကြမယ်၊ ပညာတတ်တွေ များသထက်များလာအောင် ၀ိုင်းဝန်း ကြိုးပမ်းကြမယ်ဆိုရင် အလိုလို ပြေလည်သွားမှာပါ။ ဗုဒ္ဓဘာသာရှုထောင့်ကနေ ပြောမယ်ဆိုရင် ယုံကြည်မှုရှိရမယ်ဆိုတာပါပဲ။ အဲဒါကို သဒ္ဓါလို့ခေါ်ပါတယ်။ သဒ္ဓါဆိုတာ ဘုရား တရား သံဃာ ယုံကြည်မှုလို့ စာပေမှာ အကန့်အသတ်နဲ့ဖွင့်ပြပေမယ့် တကယ်တမ်း လက်တွေ့ဘ၀မှာ အသုံးချမယ်ဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ကို ယုံကြည်မှုလဲပါတယ်။ ဒီယုံကြည်မှုနှစ်မျိုး အခြေခံပြီးတော့ အလုပ်တစ်ခုကို တစိုက်မတ်မတ် လုပ်ကြည့်ပါ။ တကယ်အောင်မြင် ကြီးပွားလာပါလိမ့်မယ်။ ယုံကြည်မှုပါလာရင် ဇွဲလုံ့လလဲ ရှိလာမယ်။ တစ်ခါနဲ့ မအောင်မြင်ရင် နှစ်ခါ၊ နှစ်ခါနဲ့ မအောင်မြင်ရင် သုံးခါ၊ ယုံကြည်ချက်အပြည့်နဲ့သာ လက်မလျှော့တမ်း လုပ်ကိုင်ပါ။ အဆင်မပြေဘူးဆိုတာ မရှိပါဘူး။ မအောင်မြင်ဘူးဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဇွဲလုံလကိုတော့ မေ့မထားလိုက်နဲ့။ ယုံကြည်မှုနဲ့ ဇွဲလုံလဟာ အောင်မြင်မှု ကြီးပွားချမ်းသာမှုရဲ့သော့ချက်ပဲ။ မှန်ကန်တည့်မတ်အောင် ချင့်ချိန်တတ်၊ စဉ်းစားတွေးခေါ် တတ်တဲ့ ပညာနဲ့သာပေါင်းစပ်လိုက်ပါ။ ရသေ့ ဘိုးတော် ဗေဒင်တွေ ဆရာတင်နေစရာ မလိုတော့ပါဘူး။
Dr. V. Parami

ဉာဏ်တော်သုံးပါးစွမ်းရည်များ


အခါတစ်ပါး၌မြတ်စွာဘုရားသည် ဝေသာလီပြည်
မဟာဝုန်တော ကုဋာဂါရသာလာကျောင်းတိုက်၌
သီတင်းသုံးနေတော်မူ၏။ ထိုအခါမကြာမီကပင်
ရဟန်းအဖြစ်ကိုစွန့်၍သာသနာတော်မှထွက်သွား
သော လိစ္ဆ၀ီမင်းသား သုနက္ခတ္တသည် ဝေသာလီ
မြို့ပရိသတ်အလယ်၌ ဤသို့ပြောဆိုလေသည်။
ရဟန်းဂေါတမအား သာမာန်လူတို့ကျင့်သုံးမြဲဖြစ်
သော ကုသိုလ်တရားထက်သာလွန်သော ဉာဏ်
အမြင်ထူးသည် မရှိ။ ရဟန်းဂေါတမသည်ကြံစည်
စဉ်းစား၍ ဆင်ခြင်သုံးသပ်ပြီး မိမိဉာဏ်၌ထင်မြင်
သည့်အတိုင်း တရားကိုဟော၏။ သို့သော်သူ့တရား
သည် သူဟောသည့်အတိုင်းကျင့်သူအား ဒုက္ခကုန်
ဆုံးရာသို့ပို့ဆောင်ပေးနိုင်ပေ၏။
သုနက္ခတ္တသည် မြတ်စွာဘုရားမှာ မဂ်ဉာဏ်
စသောလောကုတ္တရာဉာဏ်အမြင်များမရှိ။
မိမိဘာသာကြံစည်တွေးခေါ်တတ်သော
လောကီဉာဏ်မျှဖြင့်သာလျှင်တရားကို
ဟောကြားနေခြင်းသာဖြစ်၏ဟူသော အဓိပ္ပါယ်
ဖြင့် အထက်ပါစကားကိုပြောကြားနေုခြင်းဖြစ်
၏။ ဤသို့စဉ်းစားဉာဏ်မျှဖြင့် ကြံဆဟောကြား
သောတရားဖြစ်၍ သူ့တရားသည်ဒုက္ခမှလွန်
မြောက်စေနိုင်သော နိယျာနိကဓမ္မမဟုတ်ဟု
သုနက္ခတ္တပြောလို၏။ သို့သော်ဝေသာလီမြို့၌
ဘုရားရှင်၏တရားကိုကြားနာ၍ သောတာပန်
သကဒါဂါမ်၊ အနာဂါမ်စသည်ဖြစ်နေကြသော
လူတွေများစွာရှိနေသဖြင့် ထိုကဲ့သို့မပြောဝံ့ဘဲ
သူ့တရားသည်သူဟောသည့်အတိုင်းကျင့်သူ
အား ဒုက္ခကုန်ရာသို့ပို့ပေးနိုင်ပေ၏ဟု လျှောချ
၍ ပြောလိုက်ရ၏။ သို့အားဖြင့်သုနက္ခတ္တ၏
စကားမှာ ရှေ့နောက်မညီဘဲ ကဲ့ရဲ့မှုတစ်ပိုင်း
နှင့် ချီးမွမ်းမှုတစ်ပိုင်းဖြစ်နေ၏။ ကဲ့ရဲ့သလိုနှင့်
ချီးမွန်းသောစကားဖြစ်နေ၏။
တစ်နေ့သ၌အရှင်သာရိပုတ္တရာသည်ဝေသာလီ
မြို့တွင်း၌ဆွမ်းခံတော်မူစဉ်သုနက္ခတ္တကထိုကဲ့
သို့ပြောဆိုနေသည်ကို ကြားသိခဲ့ရသည်ဖြစ်၍
မြတ်စွာဘုရားအားလျှောက်ကြားလေ၏။
ထိုအခါ မြတ်စွာဘုရားက သုနက္ခတ္တအမျက်
ဒေါသဖြင့်ထိုကဲ့သို့ပြောဆိုခြင်းဖြစ်ကြောင်း
သို့သော် သူ့စကားမှာ ကဲ့ရဲ့သလိုနှင့်ချီးမွှန်း
သောစကားဖြစ်ကြောင်းမိန့်ကြားတော်မူ၏။
အမှန်အားဖြင့်သုနက္ခတ္တသည်စောစောပိုင်း
က သာသနာတော်၌ကြည်ညို၍ ရဟန်းပြု
ပြီး သုံးနှစ်တိုင်တိုင် ဘုရားရှင်၏နောက်
တော်မှအမြဲလိုလိုလိုက်ပါနေခဲ့၏။ ဒိဗ္ဗစက္ခု
ဉာဏ်ကိုပင်ရရှိခဲ့၏။ ထို့နောက်သူ၏တစ်ခု
တည်းသောအတိတ်ကံကြောင့်ဒိဗ္ဗသောတ
ဉာဏ်ကိုမရနိုင်ဘဲရှိရာမှဘုရားရှင်အပေါ်
အထင်အမြင်လွဲမှားပြီးလူထွက်သွားခြင်း
ဖြစ်၏။ လူထွက်သွားပြီးနောက်တွင်လည်း
ကိုယ့်အပြစ်ကိုယ်ဆင်ခြင်၍တိတ်ဆိတ်စွာ
မနေဘဲ ဘုရားရှင်အားမဟုတ်မမှန်သော
စကားတို့ဖြင့် စွပ်စွဲပြောဆိုနေ၏။ ဤသို့
ဘုရားရှင်အား မဟုတ်မမှန်သောစကား
ဖြင့်စွပ်စွဲပြောဆိုသူသည် သေလွန်သော
အခါ အပါယ်ငရဲသို့မလွဲမသွေရောက်မည်
သာဖြစ်ပေသည်။
မြတ်စွာဘုရားသည် ဤအကြောင်းများကို
စဉ်းစားဆင်ခြင်တော်မူမိသည်ဖြစ်၍
သုနက္ခတ္တအပေါ်၌သနားကြင်နာခြင်းများ
စွာဖြစ်တော်မူခဲ့၏။ သုနက္ခတ္တ၏စကားကို
ယုံကြည်မိ၍ အခြားသူများအပါယ်လားရ
မည်ကိုလည်း စိုးရိမ်ကြောင့်ကြတော်မူခဲ့
၏။ ထို့ကြောင့်မြတ်စွာဘုရား၌ သာမာန်
လူတို့၏အသိဉာဏ်ထက်ထူးကဲသော
လွန်သော ဉာဏ်တော်စွမ်းရည်များရှိ
ကြောင်းကို ရှင်သာရိပုတ္တအားအကျယ်
ဟောကြားတော်မူလေသည်။
ဤသို့လိစ္ဆ၀ီမင်းသားသုနက္ခတ္တကို
အကြောင်းပြု၍ ရှင်သာရိပုတ္တရာအား
ဟောကြားခဲ့သည့် မဟာသီဟနာဒသုတ်
အမည်တွင်သော ထိုသုတ္တန်ဒေသနာ
တော်၌ဘုရားရှင်သည် ရှေးဦးစွာဣဒ္ဓိ
ဝိဓဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတော
ပရိယဉာဏ်ဟူသောဉာဏ်တော်သုံးပါး
ကို ဟောကြားတော်မူခဲ့၏။
ထိုဉာဏ်တော်သုံးပါးတို့တွင်ဣဒ္ဓိဝိဓ
ဉာဏ်ဟူသည် ကိုယ်တော်ကိုတစ်ပါး
တည်းမှ ကိုယ်ပွားအများအပြားဖြစ်စေ
ခြင်း၊ ကိုယ်ပွားအများအပြားမှတဖန်
တစ်ပါးတည်းဖြစ်စေခြင်း၊ ကိုယ်တော်
ကိုမမြင်ရအောင်ကွယ်ပျောက်စေနိုင်ခြင်း၊
ကွယ်ပျောက်ရာမှတဖန်ထင်ရှားပေါ်လာ
စေခြင်းအစရှိသော အံ့ဖွယ်တန်ခိုးအမျိုး
မျိုးကို ပြုလုပ်နိုင်သောဉာဏ်တော်စွမ်း
ရည်ဖြစ်၏။
ထိုဣဒ္ဓိဝိဓတန်ခိုးရှင်သည် နံရံ တံတိုင်း
တောင်အစရှိသည်တို့ကိုဖောက်ထွင်း
လျက် ဟင်းလင်းပြင်မှာကဲ့သို့လွပ်လပ်
စွာသွားနိုင်၏။ ရေထဲ၌ငုတ်ခြင်းပေါ်ခြင်း
ပြုနိုင်၏။ ရေပြင်၌လည်းမြေပြင်ကဲ့သို့
လျှောက်သွားနိုင်၏။ ကောင်းကင်ပြင်
၌လည်းငှက်များကဲ့သို့ ထိုင်လျက်ဖြင့်
ပင် ရွေ့လျားသွားလာနိုင်၏။ အထက်
ကောင်းကင်မှအလွန်တန်ခိုးအာနုဘော်
ကြီးသော လနှင့်နေတို့ကိုလည်းလက်
ဖြင့်ဆုပ်ကိုင်နိုင်၏။ ဗြဟ္မာ့ပြည်တိုင်
အောင်လည်းကိုယ်အားဖြင့် မိမိ၏
အလိုအတိုင်း ဖြစ်စေနိုင်၏။
အထက်ဖော်ပြပါဉာဏ်တော်သုံးပါးတို့
တွင် ဒိဗ္ဗသောတဉာဏ်ဟူသည် နတ်
တို့သည် သလိပ် သည်းခြေ၊ သွေး လေ
စသည်တို့၏ပိတ်ပင်နှောက်ယှက်မှုမှ
ကင်းသည်ဖြစ်၍ အလွန်သန့်ရှင်းစင်ကြယ်
သော သောတပသာဒဖြင့် အလွန်နီးသော
အသံ၊ အလွန်ဝေးသောအသံတို့ကိုကြား
နိုင်ကြ၏။ လူသံဖြစ်စေ၊ နတ်သံဖြစ်စေ၊
အလွန်တိုးတိတ်စွာပြောဆိုအပ်သော
အသံများကိုကြားသိနိုင်ကြ၏။ ထို့အတူ
ပင် အဘိညာဉ်တန်ခိုးရှင်တို့သည်လည်း
ထိုလူတို့၏သောတပသာဒစွမ်းရည်ထက်
သာလွန်ပြီး နတ်တို့၏ပသာဒစွမ်းရည်
နှင့်တူသော ဉာဏ်စွမ်းရည်တစ်မျိုးကို
ရရှိကြ၏။ ဒိဗ္ဗသောတခေါ်ထိုဉာဏ်
စွမ်းရည်ဖြင့် နီးဝေးမဆိုထိုထိုအသံမျိုး
ကို ကြားသိနိုင်ကြ၏။
ဉာဏ်တော်သုံးပါးတို့တွင်တတိယမြောက်
ဖြစ်သော စေတောပရိယဉာဏ်ဟူသော
သူတစ်ပါးတို့သန္တာန်ဖြစ်ပေါ်နေသော
စိတ်အကြံအမျိုးမျိုးကို မိမိ၏စိတ်ဖြင့်
ဆင်ခြင်၍ ခွဲခြားသိမြင်ခြင်းဖြစ်၏။
ဤစေတောပရိဉာဏ်ကိုရရှိထားသော
ပုဂ္ဂိုလ်သည် အကြောင်းအားလျော်စွာ
အခြားသူတစ်ဦး၏ စိတ်အခြေအနေကို
သိရှိလိုသောအခါ ဤဉာဏ်ဖြင့်ဆင်ခြင်
၍ ယခုဤလူအားတပ်မက်သောရာဂ
စိတ်ဖြစ်နေ၏။ မုန်းတီးသောဒေါသ
စိတ်ဖြစ်နေ၏။ တွေဝေသောမောဟ
စိတ်ဖြစ်နေ၏ စသည်အားဖြင့် ခွဲခြား၍
သိမြင်၏။ တွန့်ဆုတ်သော စိတ်ဖြစ်နေ
သူ၊ တည်ကြည်သောစိတ်ဖြစ်နေသူ၊
ကိလေသာကင်းစင်သောစိတ်ဖြစ်နေ
သူ စသည်တို့ကိုလည်းထိုနည်းတူပင်
သိမြင်၏။
အထက်ဖော်ပြပါ သုံးပါးသောဉာဏ်တော်
တို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား
သည် ပုဗ္ဗေနိဝါသနုဿတိဉာဏ်ဖြင့်မိမိ
နှင့်တကွသတ္တ၀ါမှန်သမျှတို့၏ အတိတ်
ဘ၀ ဖြစ်စဉ်များကို ပြန်ပြောင်းဆင်ခြင်
သိမြင်တော်မူ၏။
ဒိဗ္ဗသောတဉာဏ်ဖြင့် အဝေး၌လည်းကောင်း၊
အနီး၌လည်းကောင်း၊ မျက်မှောက်၌လည်း
ကောင်း၊ မျက်ကွယ်၌လည်းကောင်း နတ်
တွေ လူတွေပြောဆိုသမျှသော စကားတို့
ကို ကြားသိလိုပါက အလိုရှိသလိုကြားသိ
တော်မူနိုင်၏။
စေတောပရိယဉာဏ်ဖြင့်ဝေနေယျသတ္တ၀ါ
တို့၏ စိတ်အခြေအနေကိုဆင်ခြင်ပြီးပုဂ္ဂိုလ်
အသီးသီးနှင့်လျောက်ပတ်သောတရားကို
ဟောကြားတော်မူနိုင်၏။
ထို့ကြောင့်ရဟန်းဂေါတမမှာထူးခြားသော
ဉာဏ်အမြင်မရှိဟု ပြောဆိုသောသုနက္ခတ္တ
၏ စကားသည် မဟုတ်မမှန်လုပ်ကြံပြော
ဆိုသော စကားသာဖြစ်ကြောင်းပြဆို
တော်မူခဲ့လေသည်။
ဓမ္မာစရိယ ဦးမောင်မောင်လေး