Friday, November 21, 2014

ကြမ်းကိုးပါး


ကြမ်းကိုးပါးနှင့်ပတ်သတ်၍ ရွှေဟင်္သာဆရာ
တော်ဘုရားကြီးအရှင်ပဏ္ဍိတမထေရ်၏ အဓိ
ပ္ပါယ်ဖွင့်ဆိုချက်ကိုရှင်းလင်းတင်ပြလိုပါသည်။
ရေအဟင်္သာဆရာတော်ဘုရားကြီးသည် ၁၂
ဆက်မြောက်ရွှေကျင်သာသနာပိုင်ဆရာတော်
ကြီးဖြစ်ပါသည်။ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံ
ဆိပ်တော်ရဖြစ်သည်။

ရွှေဟင်္သာဆရာတော်ဘုရားကြီးက
၁။ အစားကြမ်းခြင်းဆိုသည်မှာ လက်များဖြင့်
ဟင်းခွက်ကိုနှိုက်ခြင်း၊ ရှုးရှုးရှဲရှဲအသက်ရှု၍
စားခြင်း၊ ဟင်းရည်ဟင်းဖတ်ကိုအတိုင်း
အရှည်မသိအစားကြီးခြင်း၊ စကားတပြော
ပြောနှင့်စားခြင်း၊ ၀က်သား ကြက်သား
ငါး အမဲကို လွန်စွာစုံမက်အချက်ဝယ်ခိုင်း
၍ရှာကြံစားခြင်း၊ လက်ဖက်အုပ်၊ လက်ဖက်
ရည် ထွေထွေလာလာရှာကြံစားသောက်
ခြင်းတို့ဖြစ်သည်။
၂။ အအိပ်ကြမ်းခြင်းဆိုသည်မှာ
နေ့ကိုင်နေ့ရမ်း ဧကသီကိုချ၊ ကိုယ်ဝတ်
သင်းပိုင်မျှနှင့်အိပ်ခြင်း၊ ဒူးထောင်ပေါင်
ကားအိပ်ခြင်း၊ ဟောက်၍အိပ်ခြင်း။
၃။ အသွားကြမ်းဆိုသည်မှာ
အလွန်လျင်မြန်စွာသွားခြင်း၊ တောင်
မြောက်ကြည့်ရှုလျှပ်ပေါ်လော်လီသွား
ခြင်း၊ ကြမ်းနင်းပြင်းခြင်း၊ လှေကား
အဆင်းအတက်လျင်မြန်ခြင်းစသည်
တို့ဖြစ်သည်။
၎။ အထိုင်ကြမ်းခြင်းဆိုသည်မှာ
မြူမှုန်၊ ဖုန် သလဲရှိရာအခင်းမပါနေထိုင်
ခြင်း၊ မရိုမသေနေထိုင်ခြင်း၊ သီတင်း
ငယ်တို့ကိုတိုးဝှေ့တိုက်ခိုက်နေထိုင်ခြင်း
စသည်တို့ဖြစ်သည်။
၅။ အရယ်ကြမ်းခြင်းဆိုသည်မှာ
လက်ခုပ်လက်ဝါးတီး၍ရယ်ခြင်း၊ စစ်စစ်
မြည်အောင်ရယ်ခြင်း၊ ဟီးလားဟားလား
အသံပြင်းစွာပြု၍ရယ်ခြင်းစသည်တို့ဖြစ်
သည်။
၆။ စိတ်ကြမ်းခြင်းဆိုသည်မှာ
စိတ်အလွန်တိုခြင်း၊ ရန်ငြိုးကြီးခြင်း၊
ငြူစူစောင်းမြောင်းခြင်း၊ သူတစ်ပါးတို့
အားမကောင်းကြံခြင်း။
၇။ ကိုယ်ကြမ်းခြင်းဆိုသည်မှာ
သီတင်းသုံးဖော်တို့ရှေ့၌ မရိုမသေထိုင်ထ
သွားလာခြင်း၊ မညွှတ်မကိုင်းနိုင်ခြင်း၊ ပဆစ်
ဒူး၊ နဖူးမြေကျဝတ်မချနိုင်ခြင်း။
၈။ နှုတ်ကြမ်းခြင်းဆိုသည်မှာ
ငမိုက်၊ ငမည်း၊ ငခွေး၊ င၀က်စသည်မည်တွန်
ခြင်း၊ ရဟန်းတို့နှင့်မလျောက်ပတ်သောပုံကြမ်း
စကားပြောဆိုခြင်း။
၉။ အဆုံးအမကြမ်းဆိုသည်မှာ
ရိုက်နှက်ပုတ်ခတ်၍ဆုံးမခြင်း၊ ကာလဌာန
မငံ့မလင့်ဆုံးမခြင်း၊ ဒေါသမာန်မာနနှင့်ဆုံးမ
ခြင်းစသည်တို့ဖြစ်သည်ဟူ၍ အဓိပ္ပါယ်ရှင်းလင်း
စွာ ဖွင့်ဆိုပြတော်မူခဲ့သည်။
မင်းယုဝေ ၏
တိပိဋကဓရယောဆရာတော်(၆)မှ

No comments:

Post a Comment