Friday, November 21, 2014

နောင်းမှရသည့်မိုက်နောင်တ


ပုဂ္ဂိုလ်သတ္တ၀ါတို့သန္တာန်၌ စရိုက်အမျိုးမျိုးရှိကြ
သကဲ့သို့ပင်အခြေခံမတူပုဂ္ဂိုလ်အမျိုးမျိုးကွဲပြား
ကြပေသည်။
အကုသိုလ်စရိုက်များကြသူများမှာ အမှီသမ္ပတ္တိ
စက်ပါညံ့နေလျှင် ပို၍ပင်စရိုက်ကြမ်း၍အမှီသမ္ပ
တ္တိစက်ဖြစ်သော ပတိရူပ-သပ္ပုရိသူပနိဿယ
တို့ကိုရရှိလျှင်မူ အထိုက်အလျောက်သင့်တော်
ပေဦးမည်။
ဘုရားရှင်က ပုဂ္ဂိုလ်လေးမျိုးလေးစားတို့ကို
မြင်းလေးမျိုးဥပမာထား၍ဟောကြားထား
ပေသည်။
ယင်းမြင်းလေးမျိုးတို့မှာ
ဆာယာဋ္ဌမြင်း၊ လောပဝေဓမြင်း၊ စမ္မဝေဓမြင်း၊
အဋ္ဌိဝေဓမြင်းဟူ၍ဖြစ်ပေသည်။
ဆာယာဒိဋ္ဌမြင်းဟူသည်မြင်းဆရာကအရိပ်
နိမိတ်ပြရုံမျှဖြင့် ငါ့ကိုတကယ်ရိုက်တော့မှာ
လားဟု အသိဉာဏ်ဝင်ကာ လုပ်ငန်းခွင်
ကောင်းစွာဝင်ရောက်သောမြင်းတစ်မျိုး။
လောမဝေဓမြင်းဟူသည် မြင်းဆရာကနှင်တံ
ဖြင့် အရိပ်နိမိတ်ပြသော်လည်း အရေးမစိုက်
အမွှေးကျွတ်သည်အထိ ရိုက်ဆုံးမမှအသိဉာဏ်
ဝင်ကာ လုပ်ငန်းခွင်ကောင်းစွာဝင်ရောက်သော
မြင်းတစ်မျိုး။
စမ္မဝေဓမြင်းဟူသည် မြင်းဆရာက နှင်တံ
ပြသော်လည်း မလိမ္မာ အမွှေးကျွတ်အောင်
ရိုက်ပါသော်လည်း လုပ်ငန်းမ၀င်၊ အရေ
စုတ်သညီအထိ ရိုက်ဆုံးမပါမှ အသိဉာဏ်
ဝင်ကာ လိမ္မာသွားသောမြင်းတစ်မျိုး။
အဋ္ဌိဝေဓမြင်းဆိုသည်မှာ မြင်းဆရာက
အရေစုတ်သည်အထိရိုက်ဆုံးမပါသော်
လည်း အသိဉာဏ်မ၀င် မလိမ္မာ၊ အရိုး
ထိအောင်ရိုက်ဆုံးမပါမှ အသိဉာဏ်
ဝင်ကာ လုပ်ငန်းခွင်ကောင်းစွာဝင်ရောက်
သောမြင်းတစ်မျိုးဟူ၍လေးမျိုးဖြစ်ပေ
သည်။
ထိုသို့မြင်းလေးမျိုးရှိသကဲ့သို့ လူလေးမျိုး
ရှိပုံကိုလည်း ဘုရားရှင်ကမိန့်ဆိုထားသည်
မှာ မိမိနှင့်နီးစပ်သူတစ်ဦးဦးသေဆုံးသွား
သည်ဟု သတင်းကြားသိသောအခါသူ
ဘာကြောင့်သေဆုံးရပါသလဲဟု စဉ်းစား
ပြီး ဘ၀ခန္ဓာရထားလို့သာ သေရတာပဲ။
ငါလည်းတစ်နေ့နေ့တော့ သေရမှာပဲဟု
အသံကြားရုံဖြင့် သံဝေဂဉာဏ်ဖြစ်ပြီး
မသေခင် ဒါန သီလ ဘာဝနာပြုသော
သူကို ဆာယာဒိဋ္ဌမြင်းနှင့်တူသောသူ
ဟု ဆိုရပေသည်။
နောက်တစ်ဦးမှာက ပြောသံကြားရုံမျှဖြင့်
အသိဉာဏ်မ၀င်သေး၊ လူ့ဘ၀ပန်းတိုင်
တက်လှမ်းနိုင်ဖို့ရန် အားယူချီတက်နေစဉ်
မမျှော်လင့်ဘဲ မိမိနှင့်အတူလုပ်ဖော်ကိုင်
ဖက်တစ်ဦး ဗြုန်းခနဲသေဆုံးသွားသည့်
အခါမျိုးမှာမှ ကိုယ်တိုင်မြင်တွေ့ရပြီး
မသေခင် ဒါန သီလ ဘာဝနာပြုကာ
အသိဉာဏ်ဝင်သွားသူကို လောမဝေဓ
မြင်းနှင့်တူသူဟူ၍ ဆိုအပ်၏။
တတိယမြောက်ပုဂ္ဂိုလ်ကမူ မြင်ရုံကြားရုံ
မျှဖြင့် အသိဉာဏ်မ၀င်သေး။ မိမိ၏မိသားစု
အတွင်းမှ ပုဂ္ဂိုလ်တစ်ယောက်ယောက်သေ
ဆုံးသွားပါမှ ငါ့ရဲ့သွေးသားထဲကအနီးကပ်
ဆုံးသေခြင်းပါလား အခုငါသေသွားရင်
ဒါန သီလ ဘာမျှမရှိ၊ လက်ချည်းပဲဒီအတိုင်း
သာ ဆက်သွားရင် အပါယ်ဒုဂ္ဂတိရောက်ဖို့
သာရှိမယ်။ မသေခင်ဒါနသီလပြုမှတော်
မည်ဟု သံဝေဂရ အသိဉာဏ်ဝင်သွားသူ
ကို စမ္မဝေဓမြင်းနှင့်တူသူဟူ၍ဆိုအပ်ပေ
သည်။
နံပါတ်လေးပုဂ္ဂိုလ်ကမူ သူများသေတာ
သတင်းကြားတွေ့မြင်နေရပါသော်လည်း
ပျော်လို့ပါးလို့ကောင်းတုန်း၊ သူကိုယ်တိုင်
ရောဂါဖြစ်ပြီးအိပ်ယာပေါ်ပက်လက်လဲ
ခြေမသယ်နိုင် လက်မသယ်နိုင် အစား
မ၀င် သေရာညောင်စောင်းလဲနေရာမှ
သတိဝင်လာပြီးသေတယ်ဆိုတာတကယ်
ပါလား။ သူများတွေ ဘ၀ခန္ဓာရလို့အိုတဲ့
အခါ၊ နာတဲ့အခါ၊ သေတဲ့အခါ ငါဘာမှ
သံဝေဂမရခဲ့ပါလားဟု နောက်ဆုံးအချိန်
ကျမှသံဝေဂရသည့်သူကို အဋ္ဌိဝေဓမြင်း
နှင့်တူသူဟူ၍ ဆိုရပေသည်။
ဤကဲ့သို့ဘုရားရှင်ဟောတော်မူသော
မြင်းလေးမျိုးဥပမာကိုရှု၍ အသိနောက်
မကျမှီ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်၍
ပြင်သင့်သည်ကိုပြင်ရမည်။ နောက်မှ
ရသည့်နောင်တမျိုးမဖြစ်စေရန်ပြုပြင်
စရာအားလုံးမိမိကိုယ်တိုင်ပြုပြင်၍
မိမိနှင့်ဆက်နွယ်ရာ တပည့်သားသမီး
ညီအစ်ကို မောင်နှမ ပတ်ဝန်းကျင်အား
လုံး ကိုယ့်အတွက်စိတ်အနှောက်အ
ယှက်မဖြစ်စေမူ၍ အသိဉာဏ်ရှိသော
ပတ်ဝန်းကျင်ဖြစ်စေရန် လမ်းညွှန်သင့်
ပေသည်။
အရှင်သုစိတ္တ(တောင်သာ)
ဒေသနာမျက်ရှုနှင့်သုတမှတ်စု

No comments:

Post a Comment