Tuesday, June 24, 2014

PC ကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်မယ်


မင်္ဂလာပါ.. မိမိ ကွန်ပျူတာကနေ အလွယ်ကူဆုံး WiFi ပြန်လွှင့်ချင်သူများအတွက် ဖိုင်ဆိုက်အသေးဆုံး (116KB) နဲ့ လိုင်စင်အတွက် စိတ်မညစ်ရပဲ အမြဲအသုံးပြုနိုင်မယ့် VirtualRouterPlus 2.3.0 ကို မျှဝေပေးလိုက်ပါတယ်... Download မှရလာတဲ့ VirtualRouterPlus 2.3.0 Folder လေးကို Local Disk C အောက်မှာ ထည့်ထားပြီး Folder ထဲမှ VirtualRouterPlus Icon လေးကို Right Click >>> Send To >>> Desktop လုပ်ပြီး ဖွင့် မိမိအသုံးပြုလိုတဲ့ Password ထည့်ပြီး WiFi ပြန်လွှင့်ပေးနိုင်ပါတယ်... အသုံးပြုလိုသူများအတွက် Sharebeast, Zippyshare နှစ်နေရာတင်ပေးထားပါတယ်...



What is Virtual Wifi Hotspot?

Virtual Wifi Hotspot is a free, open source software based router for PCs running Windows 7, Windows 8, Windows Server 2008 R2 and Windows Server 2012. Using Virtual Wifi Hotspot, users can wirelessly share any internet connection (Wifi, LAN, Cable Modem, Dial-up, Cellular, etc.) with any Wifi device (Laptop, Smart Phone, iPod Touch, iPhone, Android Phone, Zune, Netbook, wireless printer, etc.) These devices connect to Virtual Wifi Hotspot just like any other access point, and the connection is completely secured using WPA2 (the most secure wireless encryption.)
Improvements from Virtual Router

    Works on Windows 8 and Windows 2012
        Solved the problem of "Virtual router could not be started"
    No installation needed
    Do not start background service so anything is under your control
VirtualRouterPlus 2.3.0


Sharebeast


>>>  Download  <<<


Zippyshare


>>>  Download  <<<

Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း


မင်္ဂလာပါ... Router တစ်လုံးကို Setting ချနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ်... အဓိကကတော့ ကြိုးဖုန်းဖြင့် MPT  က အင်တာနက်လိုင်းကို သုံးသူများ၊ CPE ဖြင့် WiFi လွှင့်ရောင်းသူများမှ ၀ယ်သုံးနေတဲ့သူ (အိမ်သုံးသမား)၊ လက်ဖေ့ရည်ဆိုင်၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုအနေဖြင့် WiFi လွှင့်ပေးချင်သူများ အဆင်ပြေအောင် ရည်ရွယ်ရေးပေးထားပါတယ်။ ယခု Post ကိုလေ့လာယုံနှင့် Router တစ်လုံးကို ကိုယ်တိုင် Setting ချပြီး WiFi လွှင့်တတ်သွားမှာပါ။ လိုအပ်တာကတော့ အင်တာနက်ရရှိနေတဲ့ Network ကြိုးတစ်ချောင်းနှင့် Router တစ်လုံးပဲလိုအပ်ပါတယ်။


ဒီ Post မှာတော့ ပုံတွေလည်းများပြီး ရှည်နေသည့်အတွက် အိမ်သုံးသမားများနှင့် မိမိ လက်ဖေ့ရည်ဆိုင်နှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် WiFi လွှင့်ပေးချင်သူများအတွက် အဆင်ပြေအောင် အဓိကထားရေးပေးလိုက်ပါတယ်။ နောက် Post မှာတော့ CPE ဖြင့် WiFi လွှင့်ရောင်းသူများထံမှ ၀ယ်သုံးနေတဲ့သူများအတွက် အချို့လိုင်းများ MAC @ IP Binding လုပ်ထားသဖြင့် (မိမိကွန်ပျူတာ MAC နှင့် IP ကို တွဲပေးထားခြင်း) မိမိကွန်ပျူတာတွင် Network ကြိုးထိုးမှ အင်တာနက်လိုင်းရရှိသူများအတွက် Router ကို MAC Clone ချိတ်နည်း၊ IP @ MAC Binding တွဲပြီး WiFi လွှင့်နည်း၊ MAC Filtering လုပ်နည်း၊ MAC Binding တွဲပြီး လွှင့်သော အင်တာနက်လိုင်းများကို CPE မှာ MAC Clone ပြီးချိတ်နည်းတို့ကို ထပ်မံရေးသားပေးထားပါသည်။ ( Publish မလုပ်ရသေးပါ )

အရင်ဆုံး ဆက်သွယ်ရေးက ချပေးတဲ့ Moden နဲ့Splitter တပ်ဆင်ပုံလေးကိုပြောပါ့မယ်။ ပုံလေးကိုအရင်ကြည့်လိုက်ပါ။
Moden က ထွက်လာတဲ့ lan ကြိုးကို Router ရဲ့ Lan အပေါက် အ၀ါမှာထိုးပါ။
အာက်ကပုံလေးမှာပြထားပါတယ်။ ဖုန်းကြိုးကိုတော့ Splitter ဘူးရဲ့ တစ်ပေါက်ထဲရှိတဲ့ ဘက်မှာတပ်ပါ။
နှစ်ပေါက်ပါတဲ့ ဘက်က moden ဆိုအပေါက်မှာ ဖုန်းကြိုး တစ်ချောင်းကို တပ်ပါ ကျန်တစ်ဖက်ကိုတော့ Moden ရဲ့ ဖုန်းလိုက်ပေါက်မှာတပ်ပါ။ ကျန်တစ်ပေါက် မှာ ဖုန်းဆိုတဲ့ အပေါက်လေးလွတ်နေပါအုံးမယ် အဲဒီမှာ အိမ်က ကြိုးဖုန်းလည်း သုံးအုံးမယ်ဆိုရင်တော့ ဖုန်းကြိုးကို တပ်ပြီး ဖုန်းပါထိုးနိုင်ပါတယ်။

ပုံမှပြထားတဲ့အတိုင်း Lan ကြိုးကို Lan အပေါက် အ၀ါ မှာတပ်ပြီး ကျန်ကြိုးတဖက်ကို ကွန်ပြူတာမှာတပ်ပါ။ အပြာကတော့ Wan ပါ ဆက်သွယ်ရေးကချပေးတဲ့ Moden က ထွက်လာတဲ့ Lan Cable ကို တပ်ရမှာပါ။
အပေါ်ပုံမှာပြထားတဲ့ အတိုင်း Router ဘူးခွံရဲ့ တစ်နေရာရာမှာ ပါမယ်ထင်ပါတယ်။
USer Name = admin
Password = admin
IP Address = 192.168.0.1

ဘာကြောင့်ဖော်ပြပေးတာလည်းဆိုတော့ သူ့ရဲ့ Defaults ဆိုတာကို သိစေချင်လို့ပါ။
ကျွန်တော် လုပ်ဖူးတဲ့ Router တော်တော်များများကတော့ အဲ့အတိုင်းပါပဲ။
Firefox ကို ဖွင့်ပါ (အခြား Browser လည်းရပါတယ်) Router ရဲ့ IP ကို ရိုက်ပါမယ်။
သဘောကတော့ Router, CPE ထဲကိုဝင်ချင်ရင် သူ့ရဲ့ IP ကို ရိုက်ထည့်ရပါတယ်။
ပထမဆုံးပုံမှာပြထားတဲ့ အတိုင်း User Name = admin / Password = admin ကိုရိုက်ဝင်ရပါမယ်။
အဲ့ခါ သူရဲ့ Page Setting ကိုရောက်ပါလိမ့်မယ်။ 
ဘာကြောင့် admin ရိုက်ရလည်းဆိုတော့ သူရဲ့မူရင်း Default မှာပြထားလို့ဖြစ်ပါတယ်။
Page Setting ကိုရောက်ပြီဆိုရင်တော့ နှစ်ပိုင်းခွဲမှတ်လိုက်ပါခင်ဗျာ။ 
အလွယ်ပေါ့နော် WAN နဲ့ LAN  ပေါ့ဗျာ :D

Lan ပိုင်းကိုပြောပါ့မယ် အဲဒါကတော့ Router  တွေ့ရဲ့ Default IP ပါ။ Router ထဲကို ၀င်တုန်းက ရိုက်ခဲ့တဲ့ IP 192.168.0.1 ဆိုလိုပါတယ်။ မိမိကြိုက်တဲ့ IP ကို ပြောင်းလဲသတ်မှတ်ခွင့်ရပါတယ်။
သတိထားရမှာ တစ်ခုက Lan နဲ့ Wan IP တူနေလို့မရပါဘူး။
Eg. Wan က ဆက်သွယ်ရေးက ချပေးတဲ့နံပါတ်ပါ။ Gateway က အဓိကပါ။
ကိုယ့်ကိုချပေးတဲ့နံပါတ်ကို ဥပမာအနေနဲ့ပြပါ့မယ်။

ip address =192.168.1.2
subnet mask = 255.255.255.248
default gateway = 192.168.1.1

primary dns = 203.81.64.18
secondary dns = 203.81.64.19

Wan ရဲ့ default gateway 192.168.1.1 ဆိုရင်  Lan ရဲ့ IP ကိုလွဲပေးလိုက်ပါ။

Lan ကို 192.168.0.1 ပေါ့ခင်ဗျာ ဒါမှမဟုတ် 192.168.10.100 ကြိုက်တာပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နောက်တစ်ခါ Router ထဲကို ပြန်ဝင်ချင်တယ်ဆိုရင်တော့ မိမိပြောင်းလိုက်တဲ့ lan ip နံပါတ်ကို ရိုက်ပေးပြီးဝင်ရမှာဖြစ်ပါတယ်။

 WAN ကို Setting ထည့်ပါ့မယ်။





             Network မှတဆင့် Internet Access ကိုနှိပ်ပါ။ Wan only ကိုရွေးပြီး Save လုပ်ပါ။










 Network ကို နှိပ်ပါ။

Wan connection Type မှာ Static IP ကို ရွေးပေးပါ။
IP Address, Sub Mark, Default Gateway, DNS တွေကို ဖြည့်ပေးပြီး Save ပါ။
(MPT ကချပေးတဲ့ IP တွေကိုဖြည့်ပေးရမှာပါ)
 Wan အပိုင်းတော့ပြီးပါပြီ။ 
Router ထဲသို့ အင်တာနက်ရောက်မရောက်ကို သိရအောင် Status မှာ Page ရဲ့အောက်ဆုံး Teaffic Statistic မှာ ကြည့်နိုင်ပါတယ်။ Received မှာ ပြပြီဆိုရင်တော့ ok ပါပြီ။


 Router ထဲကို အင်တာနက်ရောက်ပြီဆိုတော့ ပြန်လွှင့်ဖို့အတွက် Wireless အပိုင်းကို ဆက်ပါမယ်။

WIRELESS
*********
WiFi လွှင့်ဖို့အတွက် Wireless ကို Setting ထည့်ပါမယ်...  Wireless ကိုနှိပ်ပါ။
SSID မှာ မိမိအသုံးပြုလိုတဲ့ နာမည်ကို ထည့်ပြီး SAVE ပါ။ wifi လေးပါ တစ်ခါထဲလွှင့်ချင်တယ် ဆိုရင်တော့
Enable wireless Router Radio ဆိုတဲ့ဘေးနားကအမှတ်လေးကိုခြစ်ပေးလိုက်ပါ။
SAVE ကိုနှိပ်လိုက်တဲ့အခါ အပေါ်မှာပြထားသည့်ပုံအတိုင်း မြင်ရပါလိမ့်မယ်။ 
Click Here ကိုနှိပ်ပါ။
Reboot ကိုနှိပ်ပါ။
အပေါ်မှာပြထားသည့်ပုံအတိုင်း Restarting လုပ်ပါလိမ့်မယ်။
ပြန်တက်လာတဲ့အခါ Page Setting မှ Wriless မှာ မိမိပြောင်းလည်းလိုက်တဲ့ နာမည်ကို ပြောင်းလည်းပြီး မြင်တွေ့ရမှာပါ။
ကွန်ပျူတာရဲ့ Wireless ကို ဖွင့်ကြည့်လိုက်ပါဦး။ 
အပေါ်ပုံမှာ ပြထားသလို မိမိနာမည်နဲ့ Wifi လိုင်းလွှင့်ပြီး ဖော်ပြပေးနေပါလိမ့်မယ်။
Security အတွက် ဘာ Password မှ မထည့်ထားရသေးတော့ ( ? ) ပုံလေးနဲ့ ပြနေမှာပါ။
Password ထည့်လွှင့်ဖို့ Setting ဆက်ထည့်ပါမယ်။
Wireless ကို နှိပ်ပါ။
Security Settings ကိုနှိပ်ပါ။
မြှား (၁) မှာပြထားတဲ့ Version မှာ WPA2 PSK ကိုရွေးပေးပါ။
မြှား (၂) Encryption မှာ Automatic အတိုင်းထားလည်းရပါတယ်။
မြှား (၃) PSK Password မှာ မိမိ အသုံးပြုလိုတာ ထည့်ပါ။
အနည်းဆုံး အက္ခရာ သို့မဟုတ် နံပါတ် ဒါမှမဟုတ် အက္ခရာ + နံပါတ် + လက္ခဏာပါ ပေါင်းပြီးထည့်ပေးလို့ရပါတယ် အနည်းဆုံး ( ၈ ) လုံးတော့ထည့်ပေးပါ။ ပြီးသွားရင်
Save လုပ်ပါ။
Save နှိပ်လိုက်ပါက အပေါ်ကပုံအတိုင်း တွေ့ရမည်ဖြစ်ပြီး မြှားပြထားသည့် Click Here ကို နှိပ်ပါ။
Reboot ကို ထပ်နှိပ်ပါ။

Restarting လုပ်ပါလိမ့်မယ်။ ခဏဆောင့်ပေးပါ။
ပြန်တက်လာတဲ့ အခါမှာ ကွန်ပျူတာက WiFi ကို ကြည့်လိုက်ပါက 
အပေါ်မှာ ပြထားသည့်ပုံအတိုင် Security Type မှာ WPA2-PSK လို့ပြောင်းလည်းဖော်ပြနေပါလိမ့်မယ်။
============================================
ဒီနေရာမှာ တစ်ခုပြောချင်တာက Router ကို ၀င်တဲ့ IP က WiFi လိုင်းကိုဝင်ချိတ်သုံးယုံနဲ့ သိတာပေါ့နော်။
IP ကို သိလို့ Router ကို ၀င်ရင် User Name နဲ့ Password ကို မူရင်းအတိုင်း 
admin ထားမယ်ဆိုရင် ကိုယ့် Router ထဲ ၀င်ချင်တိုင်း ၀င်လို့ရသွားပြီပေါ့။ 
အဲ့တော့ ကျွန်တော်တို့ Router ထဲ ၀င်တဲ့ User Name နဲ့ Password ကို ပြောင်းပါမယ်။
============================================
Maintenance ကို နှိပ်ပါ။
System Tools မှတဆင့် Password ကို နှိပ်ပါ။
ပုံမှာပြထားသည့်အတိုင်း 
Old user Name မှာ အရင်သုံးခဲ့တဲ့ admin
Old Password မှာ အရင်သုံးခဲ့တဲ့ admin
New တွေမှာတော့ မိမိအသစ်သုံးလိုတာကို ဖြည့်ပေးလိုက်ပြီး Save လုပ်ပါ။

ဒီအတိုင်းပြန်တက်လာပြီး အသစ်ပြုလုပ်လိုက်တဲ့ User Name နဲ့ Password ကို အသုံးပြုနိုင်ပါပြီ။
Router ကို အင်တာနက်ရရှိစေပြီး WiFi လည်း ပြန်လွှင့်ပေးပြီးပါပြီ။ ကြိုးဖြင့်လည်း အသုံးပြုနိုင်ပါပြီ။

GSM WCDMA CDMA 800 MHz များအတွက် Internet APN Setting ချိန်နည်း


ကဲဗျာ Android ဖုန်းအတော်များများအတွက်ပါ.။ တစ်နည်းအားဖြင့် GSM WCDMA CDMA 800 MHz စတဲ့ဖုန်းတွေ 1500 ရာတန်ဖုန်းတွေ အင်တာနက်လျှောက် ထားပြီးရင် ဒီနည်းလေးတော့ လိုအပ်တာပေါ့ဗျာ ဒါလေးသိထား
ထားရင် ကိုယ့်ဟာကို အင်တာနက်ဖွင့်လို့ ရတာပေါ့ သို့မဟုတ်လျှင် ဆိုင်ပြေးရတဲ့ ဒုက္ခဖြစ်မှာပေါ့.။ မိမိတို့ရဲ့ သူငယ်ချင်းဘဲဖြစ်ဖြစ် ဦးလေးတွေ ဒေါ်လေးတွေ ကလည်း ငါ့တူငါ့မောင်ရယ် အင်တာနက် Setting မချိန်တတ်ဘူးလား ချိန်တတ်ရင် ချိန်ပေးစမ်းပါဆိုရင် ကိုယ်က မချိန်တတ်ရင်တော့ နဲနဲအောက်တာပေါ့ဗျာ.။ အဲဒီတော့ လူငယ်ပီပီ ဟာဦးလေးကလည်း ဒါလောက်ကတော့ ရပါတယ်ဆိုတာမျိုးလေး ဖြစ်စေချင်လို့ပါ.။ များသောအားဖြင့်
ကတော့ ကိုယ့်ထက်တော်တဲ့သူ တတ်တဲ့သူတွေချည်းပါဘဲ ကျုပ်ကစာရေးရတာ နဲနဲတောင် ၀ါသနာပါလာလို့
ရေးနေတာပါ.။ မသိသေးတဲ့သူတွေအတွက်ရောပေါ့ဗျာ.. စာအုပ်လည်း တင်ပေးမယ်.။ နည်းလေးလည်းတင်
ပေးမယ်.။ ဒီနည်းလေးကတော့ အိုင်တီဘဏ်ကနေ ရတာလေးပေါ့ GSM WCDMA အတွက်ကတော့ ကျုပ်ချိန်
တတ်ပါတယ် ခုနောက်လာတဲ့ 1500 တန်အတွက်တော့ မချိန်တတ်ဘူး အဲဒါကြောင့် ဒါလေးပို့စ်အဖြစ်တင်လိုက်
တာပါ..။ အောက်မှာ စာအုပ်ရော နည်းရော ရေးထားတယ် တင်ထားတယ် ရှိုးကြည့်လိုက်ဦး...


ဒေါင်းရန်.လင့်များ 



ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ connection ကျတတ်တဲ့ ပြဿနာကို ဖြေရှင်းနည်း

ဖုန်းကနေ wifi hotspot လွှင့်ပြီး ကွန်ပျူတာနဲ့ အင်တာနက်သုံးတဲ့အခါ connection ကျတတ်တဲ့ ပြဿနာကို ဖြေရှင်းနည်း 

ဖုန်းကနေ အင်တာနက်ကို wifi hotspot လွှင့်ကာ ကွန်ပျူတာနဲ့ချိတ်သုံးတဲ့သူတွေအတွက် ဖြစ်တတ်တဲ့ ပြဿ နာလေးတစ်ခု ရှိပါတယ်။ ကွန်ပျူတာနဲ့ချိတ်သုံးနေရင်း လိုင်း ခဏခဏ ကျသွားတဲ့ ပြဿနာပါ။ အထူးသဖြင့် download ဆွဲတဲ့အခါ လိုင်းကျသွားတတ်ပါတယ်။ ဖုန်းအင်တာနက်ကို ပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ရင် လိုင်းပြန် တက်ပါတယ်။ ဒါကြောင့် လိုင်းကျသွားရင် data ကို on / off ခဏခဏ လုပ်ပြီး အသုံးပြုနေရတဲ့ ဘော်ဒါများရှိခဲ့ရင် ဒီနည်းလေး စမ်းကြည့်စေချင်ပါတယ်။ Samsung , Sony .. နောင်ပိုင်းထွက် မော်ဒယ်မြင့်ဖုန်းတွေနဲ့ ချိတ်သုံးတဲ့ အခါ ဖြစ်တတ်ပါတယ်။ Android 4.0 နှင့်အထက် ဖုန်းတွေမှာ အဖြစ်များပါတယ်။ ဒီပြဿနာက ဘာလို့ဖြစ်ရတာ လဲဆိုရင် wifi hotspot ကို timer ပေးထားလို့ဖြစ်တယ်လို့ယူဆရပါတယ်။ ဒါကြောင့် wifi hotspot ကို timer ပေးထားတာကို ဖျက်လိုက်ရင် ပုံမှန်တိုင်း သုံးနိုင်တာကိုတွေ့ရပါတယ်။ ဒီနည်းလမ်းကို Admin ဖြစ်တဲ့ Mr.KT ကလိရင်းနဲ့ တွေ့ခဲ့တာပါ။ သိတဲ့သူများရှိသလို မသိတဲ့သူများလဲရှိပါမယ်။ ဒါကြောင့် မသိတဲ့သူတွေအတွက် ဖြေရှင်းနည်း ရေးပေးလိုက်ပါတယ်။

- ဖုန်း Setting ထဲကို ၀င်လိုက်ပါ။

- Tethering and portable hotspot ကို ၀င်လိုက်ပါ။

- Portable Wi-Fi hotspot ကို တွေ့ပါမယ်။ ထိုစာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။ (on/off) လုပ်ခိုင်းတာမဟုတ်ပါ။ စာကြောင်းကို နှိပ်ပြီး ၀င်လိုက်ပါ။

- Allowed devices , Configure စတဲ့ စာတန်းတွေ ပါတဲ့ setting ထဲကို ရောက်သွားပါမယ်။ ဖုန်းရဲ့ menu ခလုတ်ကိုနှိပ်လိုက်ပါ။ Timeout settings ဆိုတာ ပေါ်လာပါမယ်။ နှိပ်ပြီး ကြည့်လိုက်ရင် timer ပေးထားလား မပေးဘူးလား မြင်ရပါမယ်။ timer ပေးထားရင် Never time-out ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။

setting ထဲ ၀င်ပုံကတော့ ဖုန်အမျိုးစားအလိုက် အနည်းငယ် ကွာခြားပါလိမ့်မယ်။ ကျွန်တော်ကတော့ Samsung setting အတိုင်း ရေးထားတာပါ။

ဖုန်းကနေ Portable Wi-Fi hotspot ကို ဖွင့်လိုက်ပြီး ကွန်ပျူတာနဲ့ချိတ်ကာ သုံးကြည့်ပါ။ လိုင်းမကျတော့တာကို တွေ့ရပါမယ်။ သေချာချင်ရင် download ဆွဲကြည့်ပါ။ download လုပ်နေလဲ လိုင်းက လုံးဝ ဂန့်သွားတဲ့ပုံစံ မရှိတော့ပါဘူး။ MPT ကနေ လိုင်းချထားရင်တော့ ကျမှာပါပဲ။ အခုနည်းလမ်းက ပုံမှန်လိုင်းကောင်းနေတဲ့အချိန်မှာပဲ အသုံးပြုနေရင်း connection ဂန့်သွားတတ်တဲ့ ပြဿနာကို ဖြေရှင်းတဲ့နည်းပါ။

ကျွန်တော်တို့လေ့လာမိသလောက် ပြန်လည်ပြောပြတာပါ။ ကျွန်တော်တို့ လက်တွေ့စမ်းကြည့်တာ အဆင်ပြေသွားပါတယ်။ wifi hotspot ချိတ်သုံးရင်း လိုင်းကျသွားလို့ ခဏခဏ အင်တာနက် အဖွင့်အပိတ်လုပ်နေရသူတွေ အခုပဲ စမ်းကြည့်လိုက်ပါ။ ကျွန်တော်တို့လဲ ပညာရှင်မဟုတ်ပါဘူး။ ရှာတွေ့တာလေး အဆင်ပြေလို့ ရေးလိုက်တာပါ။ အဆင်ပြေမယ်လို့လဲ မျှော်လင့်ပါတယ်။ အိုကေတယ်ဆိုရင် comment မှာ အိုကေကြောင်း ရေးပေးကြပါ။ တစ်ခြားနည်းလမ်းများရှိရင်လဲ ရေးပေးကြပါ။
အားလုံး ပျော်ရွှင်ပါစေဗျာ။