Thursday, June 28, 2012

ဆော့ဝဲအချို့အင်စတော error ဖြေရှင်းနည်း

system administrator has set policies to prevent this installation



ဟုတ်ကဲ့ အထက်ပါ error မျိုးတွေ့ကြုံဖူးကြလိမ့်မယ်ထင်တယ်။ Microsoft Office, Neroတို့လို ဆော့ဝဲမျိုး အင်စတောမောင်းလိုက်ရင် အထက်ပါ error မျိုးတက်လာတာတွေ့ရတတ်တယ်။ ကျနော်ကတော့ အင်တာနက်ပေါ်မှာ
တော်တော်အချိန်ပေးလိုက်ရတယ်။ ဖြေရှင်းနည်းကတော့ အများကြီးပဲ၊ နည်းလမ်းအများထဲတွင် အောက်ပါ registry editorနဲ့ ဖြေရှင်းတဲ့နည်းအဆင်ပြေဆုံးလို့ထင်ပါတယ်။ ဒါကြောင့် system administrator has set policies
to prevent this installation ပြဿနာအတွက် အောက်ပါ registry editorနဲ့ ဖြေရှင်းကြရအောင်...
1. Start/Run (Window + R)သို့ ၀င်လိုက်ပါ
2. Run အကွက်ထဲတွင် regedit ရိုက်ထည့်ပြီး Enter
3. အောက်ပါ Path လမ်းကြောင်းတိုင်းရောက်အောင်သွားပါ

HKEY_LOCAL_MACHINE\Software\Policies\Microsoft\Windows\Installer


4. disableMSI ကလစ်နှစ်ချက်နှိပ်ပါ ပေါ်လာသောအကွက်တွင် 0 ရိုက်ထည့်ပြီ OK


computer ကို Restart ချလိုက်ပါ အားလုံးအဆင်ပြေပါစေ...

Audio Sound အသံပိုင်းပြဿနာဖြေရှင်းနည်း

အပိုင်း (၁)
အခု Window 7 Feature အခြေခံပြီးပြောတာပေါ့။ အဖြစ်နိုင်ဆုံး sound ပြဿနာက Device Driver ပါပဲ။
အဲဒါဆိုDriver ကို မိမိလက်ရှိသုံးနေတဲ့ OS (Operation System) နဲ့ ကိုက် မကိုက် Check up စစ်ဆေးမယ်။
My Computer> Right Click> Manage> ကိုနှိပ်၊ ထိုနောက် Computer Management ဘောက်
စ်ပေါ်လာမည်။ ပြီးရင် Device Manager ကို click နှိပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါပုံအတိုင်း Device Manager
ဘောက်စ်ပေါ်လာမည်။

ညာဖက်က Sound Device ကိုကြည့်လိုက်ပါ။ Question Mark, Exclamation, အ၀ါရောင်တွေရှိနေသလား။
အဲဒါတွေရှိလျှင် sound device Driver ပြဿနာရှိနေတာသေချာသည်။
အဲဒါဆို မိမိစက်နဲ့ကိုက်ညီမယ့် Audio Driver တွေကို ပြန်တင်ရမယ်၊ ဒါမှဟုတ် Driver ကို updateလုပ်ခြင်း
အားဖြင့်၎င်းပြဿနာတွေကို ပြေလည်သွားစေနိုင်တယ်။ Driver update လုပ်နည်းတွေကိုတော့ ကျနော်
ဆက်ပြီးမရေးတော့ပါ။

အပိုင်း (၂)
အထက်ပါ Sound Device ပြဿနာမရှိဘူး။ ဒါပေမယ့် sound အသံက မလာသေးဘူးဆိုလျှင် Window
မှာပါတဲ့Sound Feature တွေကို ထပ်မံစစ်ဆေးရအောင်။
Control Panel > Sound ဒါမှမဟုတ် Task Bar > Sound icon ကို Right Click > Sound
ကိုနှိပ်ပါ။ကျနော်အောက်မှာပြမယ့် ပုံအတိုင်းလိုက်ပြီး မိမိ Sound Feature တွေစစ်ဆေးလိုက်ကြ
ရအောင်...

(၁) Sound Menu တွင် Playback ကိုနှိပ်၊ ပြီးတော့ Speaker/Headphone (ဒီနေရာမှာ usb head
pnoeတပ်ထားရင် usb headphone ပါပေါ်မည်) ကိုတစ်ချက်ရွေးပြီး Properties ကိုဆက်နှိပ်ပါ။


(၂) Speaker/Headphone Properties ဘောက်စ်ပေါ်လာရင် Properties ကိုတစ်ချက်နှိပ်ပြီး ၎င်းရဲ့
Driverအလုပ်၊ မလုပ် ညာဖက်ဘောက်စ်အတိုင်း စစ်ဆေးကြည့်နိုင်သည်။ ပြီးတော့ အောက်ခြေက Device
Usageအကွက်တွင် use this device enable or disable စစ်ဆေးပြီး enable ကိုရွေးပြီး apply > OK


(၃) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Custom > PC Spk Mute ရဲ့လေးထောင့်
ကွက်အမှန်ခြစ်ကို ဖြုတ်ထားပါ။


(၄) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Levels > Speakers အကွက်တို့တွင်
Balance ကို ၀ အထိရှိရင် 22 စသည်အားဖြင့် ထားပါ။


(၅) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Enhancements မှာ ကျနော်အောက်ဘောက်
စ်မှာကွင်း ထားတဲ့ထားပါ။ တစ်ခုခုလုပ်ထားမိလို့အဆင်မပြေခဲ့လျှင် Restore Default ကိုပြန်နှိပ်ပါ။


(၆) Speaker/Headphone Properties ဘောက်စ်ရဲ့ Menu တွင် Advanced ကိုနှိပ်၊ အောက်က Default
Format,Exclusive Mode တွေကို ကျနော်ပြတဲ့အတိုင်းထားပါ။ နောက်ပြီး Test ကို အသံလာ မလာနှိပ်ပြီး
စမ်းကြည့်ပါ။ ပြီးတော့ Apply > OK


ဒါတွေအားလုံးပြင်ဆင်ထားခဲ့ပြီးဆိုလျှင် Sound နဲ့ပတ်သက်တဲ့ အသံပြဿနာတွေအနည်းငယ်အဆင်ပြေသွား
မယ်လို့ထင် ပါတယ်။

Earphone/Microphone အသံမကြားရတဲ့ပြဿနာလည်း အလားတူနည်းမှီပြီးဖြေရှင်းနိုင်
ပါတယ်…

အောက်ပါအတိုင်းလိုက်လုပ်ပါ…
Control panel>Sound>Recording ကိုဝင်ပြီး Microphone ပုံလေးကို double click ပေးလိုက်ပါ၊Microphone Properties ဘောက်ကျလာပါလိမ့်မယ်။ Levels ကိုဖွင့်လိုက်ပါ၊
Microphone နှင့် Microphone Boost setting ၂ခုကို တွေ့ ရင်အပေါ်က မိမိတို့ စက်ရဲ့အသံအတိုး၊ အလျှော့၊
လုပ်ပါ။
Microphone boost ကတော့မိမိတို့ ကပြောတဲ့အထွက်အသံပေါ့။ အဲဒီအတိုးအလျှော့လေးကို +40.0 db
ထိမြင့်လို့ရပါတယ်။ ပြီးတော့ ok


အထက်ပါအတိုင်းအားလုံးကိုက်ညီမှုရှိပါလျှက်နဲ့ Sound အသံမလာသေးဘူးဆိုလျှင် DownupVirus ကြောင့် ပဲဖြစ်နိုင်တော့ တယ်။ အောက်ပါအတိုင်းဖြေရှင်းကြည့်ပါ။

ဒီရက်ပိုင်းတွေမှာ Network ရှိတဲ့ ကွန်ပျူတာ တော်တော်များများကို ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေတယ်။ ဒီဗိုင်း
ရပ်စ်ကကူးစက်မြန်သလို။ တုံ့ပြန်မှုကိုလည်း သေးငယ်တယ်လို့ ပြောရင်လဲ ရပါတယ်။ အဓိက လုပ်ဆောင်တာ
က အသံကို ပိတ်ဖြစ်တာပါ။ Windows Audio ကို Disable လုပ်ပစ်တာပါ။

သီချင်းဖွင့် နားထောင်လို့ အသံလဲ မထွက်။ အသံဆော့ဝဲလ်လဲ မပျက်ရင် သေချာပါပြီး Downup Virus ပါပဲ။
ကြုံဖူးသူတော့ ရှိမှာပေါ့။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။

၁) Downup Cleaner ကို run လိုက်ပါ။ run နေစဉ်အတွင်း တစ်ခြား မည်သည့်အလုပ်မှ မလုပ်ရန်။
၂) ပြီးပါ Ctrl + R ကို နှိပ်၍ Run Box ကို ဖွင့်ပါ။ services.msc ကို ရိုက်ဖွင့်ပါ။
၃) အောက်ဆုံးနားတွင် ရှိသော Windows Audio ကို ရှာပါ။ Started ဖြစ်ရပါမယ်။
၎) မဖြစ်ပါက Double Click နှိပ်ဖွင့်ပြီး Start Botton ကို နှိပ်ပါ။ Apply ၊ Ok ။

Download :
Medaifire
Removal Downup virus Original Link

Window CD/DVD များ USB သို့ထည့်နည်း

ကျနော်ရေးပြမှာက Window CD/DVDများကို USB သို့ထည့်နည်းလေးပါပဲ။ တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊ CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊ USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်
တဲ့ ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအ
တွက် အတော်ကိုအဆင်ပြေပါတယ်။

လုပ်နည်းကလဲအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line) ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။ ဆော့ဝဲလ်တွေနဲ့ဆိုအလုပ်
တောင်ရှုပ်သေးတယ်။ cmd နဲ့ဆို ဘာမှမလိုတော့ဘူး။ cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။ စမ်းကြည့်ပါ။

ကဲ...စကြရအောင်...

အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကို ကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။

ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ ဒါမှမဟုတ် Window + R တွဲနှိပ်

Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်

အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ.....

diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ cmd.exe ကို မပိတ်လိုက်နဲ့)

ထိုနောက် ၀င်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB
ူletter တို့ကို မှတ်ထားပါ။

ပြီးလျှင် cmd သို့ပြန်ဝင်။ အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ...

xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။

ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ ဒါဆို USB ကို ကွန်ပျူတာသို့ထိုးသွင်းပြီး ၀င်းဒိုးတင်လို့ရပါပြီးခင်ဗျား။

အားလုံးအဆင်ပြေပါစေ....

Wednesday, June 27, 2012

5GB အခမဲ့ သိုလှောင်နိုင်ပြီး 16 TB အထိ သိုလှောင် နိုင်မည့် Google Drive ကို မိတ်ဆက်


ds_illustration_safe_440x420aအင်တာနက် ရှာဖွေ ရေး အင်ဂျင် နှင့် ၀န်ဆောင်မှု လုပ်ငန်း တွင်  ကျော်ကြား လှသည့် ဂူဂယ်
ကုမ္ပဏီ က Google Drive အမည် ရှိ အွန်လိုင်း အချက် အလက် သိုလှောက် မှု စနစ် ကိုယ
နေ့  မိတ်ဆက် လိုက်သည်။
ဓာတ်ပုံ ၊ ဗီဒီယို အပါ အ၀င် မိမိ ၏ မှတ်တမ်း များ ကို 16 Tetrabyte အထိ သိုလှောင် နိုင်မည့်
Google Cloud ၀န်ဆောင်မှု တွင် 5GB အထိ အခမဲ သုံး နိုင်မည် ဖြစ်ပြီး သတ်မှတ် ပဏာမ
ထက် ကျော်လွန် သုံး စွဲ လို ပါက လစဉ် အလိုက် ၀န်ဆောင် ခပေး ရမည် ဟု ဆိုသည်။
နည်းပညာ ကျွမ်းကျင် သူ များ က ဂူဂယ် သည် Storage ၀န်ဆောင်မှု နယ်ပယ် သို့  ၀င်ရောက်
ခြင်း သည် အရမ်း နောက် ကျ သွား ပြီ ဆိုသည်။
နာမည် ကျော် အွန်လိုင်း သိုမှီးမှု ၀န်ဆောင် မှု ပေး သည့် ကုမ္ပဏီ များ ဖြစ်သည့် Dropbox နှင့်
Microsoft Sky Dive တို့ သည် Online Storage နယ်ပယ် တွင် အထင် ကရ ဖြစ်သည်။
Google Chrome နှင့် Blogspot  ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ အိန္ဒိယ နိုင်ငံ သား ကွန်Sundar Pichai
က Google Drive မိတ်ဆက် ပွဲ တွင် ” သင် ဘယ်နေ ရာ ပဲ ရောက် နေ ပါစေ သင့် ရဲ့ ပရောဂျက်
တွေ ကို လုပ် ဆောင် နိုင်ပါတယ် ၊ သင့် ရဲ့  မိတ်ဆွေ တွေ နဲ့  သုတွေသန လုပ်ငန်း တွေ ကိုလည်း
ကမ္ဘာ တစ်နေ ရာ စီ က နေ အတူ တကွ လုပ်ဆောင် နိုင်တယ် ဟု ဆိုသည်။
5 GB ထက် ပိုမို သုံးစွဲ လိုလျှင် 25 GB အတွက် လစဉ်  ၂.၄၉ ဒေါ်လာာ ၊  100GB အတွက် လစဉ် ကြေး
၎.၉၉ ဒေါ်လာ ၊ 1 TB အတွက် ၄၉.၉၉ ဒေါ်လာ နှင့် 16TB အတွက် ဒေါ်လာ ၈၀၀ နီးပါးည ကျသင့်မည်
ဖြစ်သည်။
မိုက်ခရို ဆော့ဖ် Sky Drive ၏ ၀န်ဆောင် ခ မှာ မူ တစ်နှစ် တာ 100 GB အသုံးပြု မှု အတွက် ဒေါ်လာ
၅၀ ကျသင့် မည်ဖြစ်သည်။
Google Drive ၏ ၀န်ဆောင်ခ နှုန်းထားများ မှာ Dorpbox ထက် ဈေးနှုန်း သက်သာ သည်။
Google က အသုံးပြု သူ များ ၏ အချက် အလက် များ လုံခြုံ စိတ် ချမှု ရှိ ရမည် ဟု ဆိုသည်။
Google Drive  ကို Window နှင့် Mac ကွန်ပျုတာ များ တွင် သုံး နိုင် ပြီး iPhone နှင့် iPad
တွင် လည်း မကြာခင် အသုံး ပြု နိုင် မည် ဟု ဆိုသည်။
Google သည် Gmail, Gtalk , Earth, Google + , Docu နှင့် အခြား အင်တာနက်  ၀န်ဆောင်
မှု ပေါင်း ၁၀၀ ကျော် ကို စီမံ ခန့် ခွဲ နေသည့် ကုမ္ပဏီ ဖြစ်သည်။

တယ်လီဖုန်း တီထွင်သူ အီတာလျံကြီး အန်တိုနီယို မီယူချီ

ငယ်စဉ်တောင်ကျေး အကလေး ဘ၀ကတည်းက ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်းကို တီထွင်ခဲ့သူလို့ သိခဲ့ရပါတယ်။ အခုတော့ ဒီအသိဟာ  ပြောင်းပြန်သဒ္ဓါလန် သွားပါပြီ။ တယ်လီဖုန်းကို တီထွင်ခဲ့သူဟာ အမေရိကန်ပြည်ရောက် အီတာလျံလူမျိုး မျက်နှာမွဲ အညတြစက်မှုပညာရှင် အန်တိုနီယို မီယူချီ (Antonio Meucci) ပဲဖြစ်ပါတယ်။ မှတ်ပုံတင်ဖို့ ပေးဆောင်ရမယ့် ငွေကြေပမာဏကို မပေးဆောင်နိုင်ခဲ့တာကြောင့် သူ့ရဲ့အံ့မခန်းတီထွင်မှုဟာ   မှေးမှိန်ဖျော့တော့ခဲ့ရပါတယ်။

မီယူချီ ဟာ အီတလီနိုင်ငံကနေ ကျူးဘားနိုင်ငံကို ၁၈၃၀ မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ မီယူချီ ဟာ တီထွင်မှုပေါင်းများစွာကို ဆောင်ရွက်ခဲ့ပြီး၊ တီထွင်မှု ၁၄ ခု အတွက် မူပိုင်ခွင့် ရရှိခဲ့သူ ဖြစ်ပါတယ်။ မီယူချီဟာ သူ့ရဲ့တီထွင်မှုဖြစ်တဲ့ ဒီနေ့အသုံးပြုနေကြတဲ့ တယ်လီဖုန်းတို့ရဲ့ ဘိုးအေတော်လောက်မယ့် တယ်လီထရိုဖိုနို (Teletrofono) ကို ၁၈၆၀ ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ သူရဲ့တီထွင်မှုကို အီတလီဘာသာနဲ့ ထုတ်ဝေတဲ့ နယူးယောက်အခြေစိုက် အီတလီသတင်းစာကပဲ ဖော်ပြပေးခဲ့ပါတယ်။

မီယူချီဟာ တယ်လီထရိုဖိုနိုကို ၁၈၆၀ ခုနှစ်ကတည်း တီထွင် ထုတ်ဖော်ပြခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မှတ်ပုံတင်ဖို့ ငွေကြေးအလုံအလောက် မရှိရှာလေတဲ့အတွက် မူပိုင်ခွင့်လျှောက်လွှာဟာ အသက်မ၀င်ခဲ့ပါဘူး။ ဒီနှစ်ကာလအတောအတွင်းမှာ မီယူချီဟာ တယ်လီဖုန်းတီထွင်မှု မူပိုင်ရှင်အဖြစ်ထင်ရှားခဲ့တဲ့ အလက်ဇန်္ဒားဂရေဟမ်ဘဲလ်နဲ့ အတူ အလုပ်ရုံတစ်ခု အတူအလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ဂရေဟမ်ဘဲလ်ဟာ အဲဒီကနေတဆင့် မီယူချီရဲ့တွေ့ရှိမှုကို သိသွားပုံရပါတယ်။ နောက်ပိုင်းမှာတော့ မီယူချီရဲ့ တွေ့ရှိချက်ဖြစ်တဲ့ တယ်လီဖုန်း အခြေခံစနစ်ကို တနည်းနည်းနဲ့ မတရား ရယူသွားတယ်လို့ ယူဆရပါသတဲ့။

မီယူချီဟာ သူရဲ့တွေ့ရှိမှုကို ကြေးနန်းကုမ္ပဏီတစ်ခုကို ရောင်းချဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေတာတွေနဲ့ပဲ ကြုံခဲ့ရပါတယ်။ ဂရေဟမ်ဘဲလ်ဟာ ၁၈၇၇ ခုနှစ်မှာ တယ်လီဖုန်း ထုတ်လုပ်ရောင်းချခွင့် မူပိုင်ခွင့်ကို လျှောက်ထားရာမှာ အောင်မြင်ခဲ့ပြီး၊ တယ်လီဖုန်းထုတ်လုပ်ရောင်းချခွင့် မောင့်မူပိုင်ရှင် ဖြစ်လာခဲ့ပါတယ်။

ဒီသတင်းကိုကြားတော့ မျက်နှာမွဲ အီတာလျံကြီး မီယူချီ ဟာ မခံချိ မခံသာဖြစ်ပြီး ရှိစုမဲ့စုကလေးပိုက်ပြီး မောင့်မူပိုင်ရှင် ဂရေဟမ်ဘဲလဲကို တရားစွဲခဲ့ပါတယ်။ မီယူချီတင်ပြတဲ့ အထောက်အထားတွေဟာ ခိုင်လုံတဲ့အတွက် ရုံးတော်ကလည်း အမှုကိုကြားနာ စစ်ဆေးခဲ့ပါတယ်။ ရုံးတော်က ဂရေဟမ်ဘဲလ်ကို လိမ်လည်မှုနဲ့ စွဲချက်တင်တော့မယ် အခြေအနေအထိတိုင်အောင် တရားတဘောင် ဖြစ်ခဲ့ပါတယ်။ ဒီအမှုဟာ ရုံးတော်မှာ နှစ်လရှည်ကြာခဲ့ပါတယ်။ အမှုမပြီးပြတ်မီ အချိန်အတောအတွင်းမှာပဲ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေရှာလေတဲ့ မျက်နှာမွဲ အီတာလျံကြီးဟာ ၁၈၈၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ တရားလိုသေဆုံးပြီးတဲ့နောက်မှာတော့ ဒီအမှုတွဲဟာ မပြီးမပြတ်အဆုံးမသတ်တော့ဘဲနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဂရေဟမ်ဘဲလဲဟာ တယ်လီဖုန်းထုတ်လုပ်ရောင်းချခွင့် မောင့်မူပိုင်ရှင်အဖြစ်နဲ့ ဆက်လက်ရပ်တည်နိုင်ခဲ့ယုံသာမကပဲ၊ ကျွန်တော်တို့သင်ယူခဲ့ရဖူးတဲ့ ကျောင်းသုံးသင်ရိုးတွေထဲကို ၀င်ရောက်ခဲ့ပါတယ်။ မတော်မတရားပြုကျင့်ခြင်းခံရတဲ့ ၀ိညာဉ်ဟာ ပျောက်ကွယ်သွားခြင်းမရှိပါဘူး ဆိုတဲ့ သိုးဆောင်းစကားရှိပါတယ်။ ။ တရားဥပဒေစိုးမိုးတဲ့အရပ်မှာဖြစ်စေ၊ မစိုးမိုးတဲ့အရပ်မှာဖြစ်စေ အမှန်တရားဟာ ပျောက်ကွယ်သွားခြင်းမရှိပါဘူး။ အမှန်တရားဟာ ပကတိအတိုင်း တည်မြဲနေမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ လူပြက်တွေပြောတဲ့စကားလို အမှားတရံ ဖြစ်မသွားပါဘူး။

ဘုရားသခင်သည် အမှန်တရားကို သိမြင်တော်မူလေ၏။ သို့သော် အချိန်ယူစောင့်ဆိုင်းရမည်ဖြစ်၏ လို့ တော်စတွိုင်းကဆိုခဲ့ပါတယ်။ ဒီစကားရပ်ဟာ မှန်ကန်ပါတယ်။ ဒီလိုနဲ့ပဲ မီယူချီအတွက် အမှန်တရားဟာ ရာစုနှစ်တစ်ခုကြာမြင့်ခဲ့ပါတယ်။ အမှန်တရားဟာ မေ့ပျောက်သွားခြင်းကို မခံရပါဘူး။ ဇာတိသွေး၊ ဇာတိမာန် ထက်သန်ကြတဲ့ အီတာလျံအနွယ်တွေဟာ ဒီကိစ်္စကို မမေ့ခဲ့ကြပါဘူး။ မျိုးဆက်သစ် အီတာလျံအနွယ် အမေရိကန်တွေဟာ ဒီအမှုကို ပြန်လည်ဖော်ထုတ်ပြီး၊ ဆက်လက်စုံစမ်း စစ်ဆေးပေးဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့ဟာ အမှန်တရားပေါ်ထွက်လာဖို့ စောင့်ဆိုင်းသူတွေမဟုတ်ပါဘူး။ အမှန်တရားကို တိုက်ပွဲဝင်တဲ့၊ ရှာဖွေဖော်ထုတ်တဲ့ မျက်မှောက်ခေတ်သူရဲကောင်းတွေဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ ဒီအမှုကို အမေရိကန်ကွန်ဂရက်လွှတ်တော်တွင်းမှာ ပြန်လည် မဲခွဲဆုံးဖြတ်ကြပြီးတဲ့နောက် ၂၀၀၂ ခုနှစ် ဇွန်လ ၁၅ ရက် မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ ကမ္ဘာမြေပေါ်တွင် တယ်လီဖုန်းဟု အမည်တွင်သည့် ကိရိယာကို စတင်တီထွင်သူဟာ စကော့လူမျိုး အလက်ဇန္ဒား ဂရေဟမ်ဘဲလ် မဟုတ်။ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်သူ အီတာလျံကြီး အန်တိုနီယို မီယူချီ သာဖြစ်တယ်လို့ တရားသဖြင့် စီရင်ချက်ချမှတ်ခဲ့ပါတယ်။

ဒါဟာ အီတာလျံအနွယ် အမေရိကန်တွေရဲ့ အောင်ပွဲသာမကပါဘူး။ အမှန်တရားရဲ့ အောင်ပွဲလည်းဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ဆိုတော့ မီယူချီကွယ်လွန်ခဲ့တာ နှစ်ပေါင်း ၁၁၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အီတာလျံအနွယ် အမေရိကန်တွေရဲ့ မဆုတ်မနစ်တဲ့ အားထုတ်မှုကြောင့် ဖျော့တော့မှေးမှိန်ခဲ့ရတဲ့ အမှန်တရားဟာ တိမ်ဖုံးရာကနေ ထွက်ပြူလာတဲ့နေ၀န်းလို ထင်ထင်ရှားရှား ပြန်လည်ထွက်ပေါ်ခဲ့ပါပြီ။ ကြယ်ရောင်၊ လရောင်၊ နေရောင်တွေသာ မှေးမှိန်ပျောက်ကွယ်ရိုးရှိပါတယ်။ ညဏ်ပညာ အရောင်အ၀ါကတော့ ပျောက်ကွယ်ရိုးမရှိပါဘူး။ အီတာလျံအနွယ် အမေရိကန်မျိုးဆက်သစ်တွေသာ မကြိုးစားခဲ့ဘူးဆိုရင် ဒီအမှန်တရားဟာ နောက်ထပ်နှစ်ပေါင်း ဘယ်လောက်ကြာအောင် လျစ်လျူရှုခံရဦးမလဲ။ အားထုတ်မှုမရှိမီကာလအထိ အမှန်တရားဟာ မှေးမှိန်နေဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မျိုးဆက်သစ်တွေဟာလည်း အမှန်တရားကို အမှန်တရားရဲ့ နေရာမှန်ရောက်အောင် စွမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ရှာဖွေနည်းတွေကိုလည်း ကိုယ်တိုင်ရှာဖွေရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေသင်ယူနေတဲ့ ကျောင်းသုံးသင်ရိုးတွေမှာတော့ တယ်လီဖုန်းတီထွင်သူဟာ ဂရေဟမ်ဘဲလ် ဖြစ်တယ်လို့ဆိုပြီး အခုအထိ မှားမှားယွင်းယွင်း ပို့ချနေတုန်းပါပဲ။ ကျွန်တော်တို့တင် မှားနေသေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့အတူ မှားဖော်မှားဖက်တွေ ရှိပါသေးတယ်။ မနေ့က ၀ီကီပိဒယစွယ်စုံကျမ်းကို ကြည့်တော့ သူတို့လည်း မီယူချီကို တရားဝင် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်းကို ဖော်ပြထားတာ မရှိသေးပါဘူး။ အမှန်တရားဟာ ပေါ်ပေါက်လာသည့်တိုင်အောင် ဖျော့တော့နေဆဲပါပဲ။ ပေါ်လွင်လာအောင် အရောင်တင်ပေးဖို့ကတော့ ကျွန်တော်တို့မျိုးဆက်သစ်ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။ သင့်မှာလည်း တာဝန်ရှိပါသည် ဆိုတဲ့ စကားတွေကိုပဲ အပ်ကြောင်းထပ်အောင် ထပ်ပြီးပြောနေရဦးမယ် ထင်ပါတယ်။

မိန်းကလေးများ ရဲ့ သတိထားသင့်တဲ့...ညှို့ချက် (၈) ချက်




ညို့ချက် (၁)

တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောင်္ကျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)




ညို့ချက် (၂)

တစ်ချို့ကျတော့ အသံတိုးတိုးလေးတွေနဲ့ ရီပြတတ်တယ်။ အဲ့ဒါက ညှို့ချက်နံပါတ်နှစ် "ဟာသ" လို့ခေါ်တယ်။ (မကြားတကြားနဲ့ သတိထားရမယ့် ဆည်းလည်းသံလေးတွေပေါ့)








ညို့ချက် (၃)

တစ်ချို့မိန်းကလေးလေးတွေကျတော့    ယောင်္ကျားလေး တစ်ယောက်ရဲ့ ရှေ့ကိုရောက်ရင်ကြောက်ပြ၊ စိုးထိတ်ပြတတ် တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်သုံး "ဘယ"တဲ့။ (အားကိုးခံချင်တဲ့ ယောက်ျားလေးတွေအကြိုက်ပေါ့ဗျာ နောက်မှ (ညားပြီးမှ) မိန်းမကြမ်းကြီးဖြစ်နေတတ်မို့ သတိရှိ ဟိဟိ)





ညို့ချက် (၄)

တစ်ချို့မိန်းကလေးတွေက ရှက်ကိုးရှက်ကန်းဟန် လုပ်ပြတတ်တယ်။ လျှာတစ်လစ်ထုတ်ပြတတ်တယ်။ အဲ့ဒါက ညှို့ချက် နံပါတ်လေး "လဇ္ဇ" လို့ခေါ်တယ်။ (ကလေးဆန်တယ် ချစ်စရာကောင်းတယ်ဆိုပြီး အသည်းယားရင်း ယားရင်း ချစ်သွားတတ်တဲ့ ပုံစံမျိုးပေါ့။ သတိထားကြနော် လျှာတစ်လစ် ထုတ်တုန်းက ချစ်စရာကောင်းခဲ့ပြီး ညားပြီး မှ အဲဒီလျှာကပဲ ဗျစ်တောက် ဗျစ်တောက် မြည်တွန်တတ်တယ်ဆိုတာ …..အဟဲဟဲ)




                                                    ညို့ချက် (၅)

တစ်ချို့မိန်းကလေးတွေကျတော့ စကားကို မကြားတစ်ကြား   ဖြစ်အောင်လုပ်ပြောတတ်တယ်။ အဲ့ဒါကတော့ ညှို့ချက် နံပါတ်ငါး"မန္ဓ၀ါစာ" လို့ခေါ်တယ်။ (ချစ်တယ်ဆိုတဲ့ အဖြေကို မပေးချင်ပေးချင်   ပေးရတဲ့   လေသံမျိုးပေါ့ နောက်တော့ လည်း အတင်းအဖျင်းပြောရင် အသုံးဝင်လာတတ်တဲ့ ညို့နည်းလေးပေါ့)


ညို့ချက် (၆)

မျက်လုံးထောင့်ကပ်ကြည့်တာ ညှို့ချက် နံပါတ်ခြောက် "အဒေက္ခဏာ"တဲ့။ (ရုပ်ရှင်တွေထဲမှာ အနှေးရိုက်ပြရင် သိပ်ကို ကြည့်ကောင်းတဲ့ ပုံစံမျိုးပေါ့ ညားပြီးတဲ့အခါမှ ထောင့်ကပ်ကြည့်တာမဟုတ်ဘဲ မျက်စောင်းတွေချည်း တဒိုင်းဒိုင်းအထိုး ခံရနေနိုင်တဲ့ အကြည့်မျိုးပါ ဟဲ ဟဲ)



ညို့ချက် (၇)

မျက်ရည်ကျပြတာက ညို့ချက်ခုနှစ် "ရုဒါ"တဲ့။ (သနားရာကနေ ဟင်း ဟင်း ဟင်း ချစ်မိသွားတယ်ဆိုတာမျိုးပေါ့ မျက်ရည်ဆိုတာက မိန်းမတွေရဲ့ လက်နက်လေ အဲဒီလက်နက်နဲ့လည်း ကိုယ်တွေကို ခြွေသွားတတ်တယ်နော်)




ညို့ချက် (၈)

မခံချင်အောင် စကားနာထိုးတာက ညို့ချက်ရှစ် "ဤကံကလဟ"လို့ ခေါ်တယ်။ (စကားနာထိုးစဉ်က မနာဘဲ ပိုပိုချစ် တတ်တဲ့လူတွေ အိမ်ထောင်ကျပြီးတော့ အရမ်းနာတတ်တဲ့ ညို့ချက်လေးပါ အဟိ)



အခုဖော်ပြခဲ့တာကတော့ ယောက်ျားလေးတွေကို ကျအောင်ညို့ နိုင်တဲ့ မိန်းကလေးတွေရဲ့ ညို့နည်း ၈ မျိုးပါ။

သတိထားပြီး အမျိုးသားများလွတ်အောင်သာ ရှောင်ကြပေတော့ မရှောင်ချင်ရင်လည်းလာမယ့်ဘေး ပြေးတွေ့လိုက်

တာပေါ့............................ အားလုံးကိုလေးစားစွာဖြင့်...

လက်ဖြင့်​ လိင်စိတ်​ဖျော်​ဖြေမှုလွန်ကဲ၍ ဘရာဇီး​လ်ဆယ်​ကျော်သက် ​သေဆုံး​သွား

ဘရာဇီး​လ်နိုင်ငံမှ ဆယ်​ကျော်သက် လူငယ် တစ်ဦး​သည် လက်ဖြင့်​ လိင်စိတ်​ဖြေ​ဖျောက်မှု လွန်ကဲရာမှ အသက်ဆုံး​ရှုံး​သွား​ကြောင်း​ သိရသည်။
၎င်းသည် ပြီး​ခဲ့​သည့်​လက တစ်ညအတွင်း​ လိင်စိတ်​ဖြေမှု အကြိမ် ၄၀ မျှ ပြုလုပ်ခဲ့​သည်ဟု ယူဆရ​ကြောင်း​ ဆရာဝန်များ​က ခန့်​မှန်း​ခဲ့​သည်။ ရလဒ်အ​နေနှင့်​ ​နောက်တစ်​နေ့​ မနက်လင်း​ချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်၏ အ​လောင်း​ကို မိခင်ြ ဖစ်သူက အိပ်ခန်း​ထဲတွင် ရှာ​ဖွေ ​တွေ့​ရှိခဲ့​သည်။

မိခင်က သူမသည် သား​ဖြစ်သူ၏ လွန်ကဲ​သော အ​ခြေအ​နေကို သိရှိ​နေသဖြင့်​ လိင်စွဲလန်း​မှု ကုထုံး​တစ်ရပ် ခံယူနိုင်​စေရန် စီစဉ်​နေ​သော်လည်း​ ​နောက်ကျသွား​ပြီဖြစ်​ကြောင်း​ ဖွင့်​ဟခဲ့​သည်။ ထိုလူငယ်၏ အတန်း​ဖော်များ​က ၎င်းသည် လိင်စိတ်လှုံ့​ဆော်မှု ပြင်း​ပြလွန်း​ပြီး​ အမျိုး​သမီး​များ​ကို ပုံသဏ္ဍန်မ​ရွေး​၊​ အရွယ်မ​ရွေး​ ​တောင့်​တ​နေတတ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

၎င်းသည် မိမိလက်ဖြင့်​ လိင်စိတ်​ဖြေ​နေခြင်း​ကို Webcamမှတဆင့်​ ကြည့်​ရှုရန် အတန်း​ဖော်များ​ကို ဖိတ်​ခေါ်တတ်​သေး​ကြောင်း​လည်း​ သိရသည်။ ၎င်း၏ အခန်း​ထဲတွင် အပြာမဂ္ဂဇင်း​စာအုပ် အများ​အပြား​ကို ရဲများ​က ​တွေ့​ရှိခဲ့​သည်။ ထို့​အပြင် လိင်စိတ်လှုံ့​ဆော်​သော ရုပ်ပုံများ​နှင့်​ ညစ်ညမ်း​ဗီဒီယိုများ​ကိုလည်း​ ကွန်ပျူတာအတွင်း​ ​တွေ့​ရှိခဲ့​ရ​ကြောင်း​ သိရှိရသည်။

FWD Mail