Wednesday, February 11, 2015
လူ့စိတ် လူ့သဘော ~~~~~~~~~
လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏။
ငယ်ငယ်ကတည်းက ရထားသည့် ဆုံးမစကားလေး ဖြစ်ပါ၏။ မိမိက အစဉ်ကောင်းခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် တစ်ခါမလိုက်လျောမိသည့်အခါ၊ ထိုမလိုက်လျောခဲ့မှုကြောင့် ယခင်ကောင်းခဲ့သည် များကိုပါမေ့ပြီး အပြစ်ပြောခံ အကဲ့ရဲ့ခံရသည်များနှင့် ကြုံရသည့်အခါ အထက်ပါ ဆုံးမစကားလေးကို ရွတ်ကာ မိမိကိုယ်ကိုမိမိ ပြန်လည်ဆုံးမနေဖြစ်၏။ ထို့အတူ မိမိနှင့် နီးစပ်ရာများကိုလည်း ထိုဆုံးမစကားလေးကို ရွတ်ဆိုကာ ‘လူ့ရဲ့စိတ်၊ လူ့ရဲ့သဘောဟာ ဒီလိုပဲရှိတတ်တယ်၊ ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ သူ့အလိုအတိုင်း တစ်ခါလောက် မလိုက်လျောလိုက်ရင် အကုန်အဆိုးဖြစ်ကုန်တာပဲ’ဟု ဆုံးမပေးနေမိ၏။
မှန်၏။ လောကတွင် အပေါင်းသင်းရ အခက်ဆုံး သတ္တ၀ါကား လူဟူသော သတ္တ၀ါပင်ဖြစ်၏။ လူသည် အသိပညာ ရှိသည်နှင့်အမျှ ကောက်ကျစ်စဉ်းလဲမှုလည်း အားကြီး၏။ လူသည် အတ္တကြီးသည်နှင့်အမျှ တစ်ကိုယ်ကောင်း ဆန်သူလည်း ဖြစ်၏။ လူသည် သူတပါးကို ချီးမွန်းပေးရန် ၀န်လေးသော်လည်း ကဲ့ရဲ့ဖို့ရန်ကား အလွန်အားကောင်း၏။ လူသည် သူတစ်ပါးအပေါ် ၀မ်းမြောက်ပေးသည့် မုဒိတာတရား ခေါင်းပါးသော်လည်း မနာလိုသည့် ဣဿာတရားကား အလွန်အားကြီးလှ၏။ လူသည် သူတစ်ပါးအပေါ် အကောင်းမြင်ပေးရန် ခက်သော်လည်း အဆိုးမြင်ရန်ကား မြန်လွန်းလှ၏။ လူသည် သူတစ်ပါး၏ အပြစ်ကိုပြောရန် အလွန်မြင်တတ်သော်လည်း မိမိ၏ အပြစ်ကို ၀န်ခံရန်ကား အလွန်ခက်ခဲတတ်၏။ လူ၏ ပါးစပ်သည် အကောင်းပြောရန် ခက်သော်လည်း အဆိုးပြောရန်ကား လွယ်လွန်းလှ၏။ ထို့ကြောင့် လူသည် လောကတွင် အဆင့်အမြင့်ဆုံး သတ္တ၀ါဖြစ်သော်လည်း လူစိတ်ပျောက်သည့်အခါတွင်ကား
လူ့လောကတွင် နေကြသည့်သူများ ဖြစ်သဖြင့် လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် လူများနှင့် ကြုံတွေ့ နေကြရမည်သာ ဖြစ်၏။ ထိုအမျိုးမျိုးသော လူများအတွင်း၌ မိမိအတွက်သာကြည့်ပြီး အခြားသူများအတွက် မစဉ်းစားသည့် သူများရှိ၏။ မိမိအလိုရှိသည်ကိုသာ ရအောင်ယူတတ်ပြီး တစ်ဖက်သူအပေါ် စဉ်းစားပေးခြင်း မရှိသောသူများ ရှိ၏။ ထိုသို့သဘောရှိသော သူများနှင့် ပေါင်းသင်းဆက်ဆံရသည့် သူများသည်လည်း အလွန်အခက် ကြုံရတတ်၏။ မကင်းရာ မကင်းကြောင်းဖြစ်သဖြင့် ကြိုးစားပေါင်းသင်း နေရသော်လည်း စိတ်ပါလက်ပါ မရှိလှပေ။ ထို့ကြောင့် တစ်ခါတစ်ရံ မိမိအကြောင်းနှင့်မိမိ ထိုသူတို့ အလိုရှိသည်များကို မလိုက်လျောမိတတ်ဘဲ ရှိတတ်၏။ ထိုအခါ အမြဲရယူနေကျဖြစ်သည့် အရာကို မရသည့်အခါ ယခင်ယခင်များက လိုက်လျောခဲ့မှုများကို မေ့ပျောက်ကာ တစ်ခါတစ်ရံ မလိုက်လျောမိသဖြင့် ရန်သူသဖွယ် ဆက်ဆံခြင်းကို ခံရတတ်သည်များလည်း ရှိ၏။ ထိုသို့ အကြိမ်ကြိမ်လိုက်လျောခဲ့စဉ်
မှန်၏။ လူ၏အကြိုက်ဟူသည် တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် တွေ့သမျှလူများ၏ အကြိုက်ကိုလိုက်ပြီး နေထိုင်ဆက်ဆံ နေရလျှင် ဆုံးနိုင်မည် မဟုတ်တော့ပေ။ ထိုသို့ အကြိုက်ကိုလိုက်ပြီး နေပေးသော်လည်း လူဟူသည် အမြဲပြောင်းလဲနေတတ်သဖြင့် မနေ့ကပုံစံမျိုးနှင့် ယနေ့ပုံစံမျိုး မတူလျှင်ပင် တစ်မျိုးမြင်တတ်သည့် သဘောရှိ၏။ မိမိက ပုံမှန်ဆက်ဆံ နေထိုင်ပေးနေသော်လည်း တစ်ဘက်သူမှာ အလိုမကျ ဖြစ်နေတတ်သည်လည်း ရှိ၏။ သေချာသည်မှာ လူသည် မလိုတစ်မျိုး လိုတစ်မျိုး ဖြစ်နေသည့် သတ္တ၀ါသာ ဖြစ်၏။ သဘောကျကျေနပ်နေလျှင် ဘာပဲလုပ်လုပ် အကောင်းမြင်နေတတ်ပြီး၊ အလိုမရှိတော့လျှင်ကား အသေးအဖွဲ့ကအစ အပြစ်မြင်ကာ ပုံကြီးချဲ့တတ်၏။ မိမိနှင့် အဆင်ပြေနေသည့် အချိန်တွင် အမျိုးမျိုး ချီးမွန်းထောမနာပြုပြီး အဆင်မပြေသည့် အချိန်တွင်ကား ငယ်ကျိုးငယ်နာမှအစ ဖော်ထုတ်ကာ သွားပုတ်လေလွင့် ပြောလေ့ရှိတတ်၏။ ထို့ကြောင့် လောကတွင် ဆက်ဆံပေါင်းသင်း၍ အခက်ဆုံး သတ္တ၀ါကား လူဟုဆိုကြခြင်းဖြစ်၏။
စာရေးသူနှင့် သိသည့် ဒကာလေးတစ်ဦးရှိ၏။ ထိုဒကာလေးလည်း အလားတူ အဖြစ်မျိုးနှင့် ကြုံရသဖြင့် စာရေးသူထံ ရင်ဖွင့်ပြောဆိုဖူး၏။ ယခင်က သူနှင့်အတူ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော
စင်စစ် ထိုသို့သော အခြေအနေများသည် လူ့လောကတွင် အများအပြားရှိ၏။။ မိမိတစ်ဦးတည်းမဟုတ်။ မိမိကဲ့သို့ပင် အလားတူ အဖြစ်အပျက်မျိုး ကြုံတွေ့သူများ အများအပြားရှိ၏။ မိမိနှင့် အဆင်ပြေနေချိန်တွင် အစစအရာရာ အကောင်းချည်းဖြစ်ခဲ့သော်လည်
အကယ်၍ ထိုသို့ အကဲ့ရဲ့ခံရမည်ကို ကြောက်သဖြင့် လူ့အကြိုက် လိုက်နေမည်ဆိုပါက အလိုပြည့်နိုင်ကြမည် မဟုတ်ဘဲ အကြိုက်လိုက်နေရသည့် မိမိသည်သာ ဒုက္ခများနှင့် ကြုံတွေနေတတ်ပေ၏။ မိမိလုပ်ရပ်ကြောင့် မိမိသည်သာ အပြစ်ဖြစ်စေသည်နှင့် ကြုံတွေ့ရတတ်၏။ အချို့သူများသည် အကြောင်းအကျိုး မခွဲခြားတတ်သဖြင့် သူ့အတွက် လုပ်ပေးသည်ကိုပင် အဆိုးမြင်ကာ အပြစ်ပြောလေ့ရှိသဖြင့် မိမိသည်သာ လုပ်ပေးသင့်၊ မလုပ်ပေးသင့်၊ အကြိုက်လိုက်သင့်၊ မလိုက်သင့် စဉ်းစားသင့်ပေ၏။ ခဏတာ တွေ့ကြုံလာသည့်အခိုက်တွင် အားလုံးနှင့် အဆင်ပြေစေရန်အတွက် လူအများ၏ အကြိုက်ကို လိုက်ပြီးနေကြလျှင် မိမိအကျိုးများသာ ဆုတ်ယုတ်နေတတ်၏။ လူ့အကြိုက်လိုက်ပြီး သူလုပ်သည့် အလုပ်ကို မိမိပါလိုက်လုပ်နေပါက သူမကောင်းလျှင် မိမိပါမကောင်းဖြစ်တတ်၏။ ထို့ကြောင့် လူ့စိတ်၊ လူ့သဘောသည် မည်မျှပင် အကြိုက်လိုက်ပေးသော်လည်း ကျေနပ်သည်ဟူ၍ မရှိတတ်သဖြင့် အတိုင်းအတာ တစ်ခုအနေဖြင့်သာ လိုက်လျောသင့်ကြပေ၏။ မိမိက အမြဲအကြိုက်လိုက်နေရာမှ တစ်ကြိမ်တစ်ခါ မလိုက်မိသည့်အခါတွင် ရန်သူကဲ့သို့ ပြုမူဆက်ဆံတတ်သဖြင့် လူ့အကြိုက်လိုက်သူများသည် မိမိ၏ ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုးများဖြင့် ရင်း၍ကား မလိုက်သင့်လှပေ။
အချုပ်အားဖြင့် လူစိတ်၊ လူ့သဘောသည် နားလည်လက်ခံရန် ခက်ခဲသည့်အပြင် ကျေနပ်နှစ်သက်အောင် လိုက်လုပ်ပေးရန်လည်း ခက်ခဲတတ်သဖြင့် မိမိတို့အနေဖြင့် လိုသည်ထက်ပို၍ အစမလုပ်ကြရန်နှင့် အစလုပ်၍ လိုက်လျောမိပါက အကြောင်းမညီညွတ်သဖြင့် တစ်ခါမလိုက်လျော မိသည့်အခါ ရန်သူသဖွယ် မှတ်ယူတတ်သည်ကို သတိပြုရန် လိုအပ်ပေ၏။ လူ့အကြိုက်ကိုလိုက်ကာ မိမိတို့၏ အကျင့်သီလများကို ပျက်ဆီးသည်အထိ မလုပ်ကြရန် လိုအပ်ပေ၏။ အရက်သမားအကြိုက်ကို လိုက်ကာ မိမိပါ အရက်သောက်သည့် အကျင့်ဖြစ်သည်အထိ မလိုက်လျောသင့်ပေ။ ဖဲသမားအကြိုက်လိုက်ကာ မိမိပါ ဖဲရိုက်တတ်သည့် အကျင့်ဖြစ်သည်အထိ မလိုက်လျောသင့်ပေ။ စင်စစ် လူသည်အကြိုက်လိုက်နေလျှင် ကောင်းနေသော်လည်း အကြိုက်မလိုက်သည့်အခါ မကောင်းမြင်တတ်၊ အပြစ်မြင်တတ်သဖြင့် လူ့သဘောကို ကောင်းစွာနားလည်ပြီး မိမိအကျိုးနှင့်ယှဉ်ကာ မလိုက်သင့်သည့်အခါတွင် မလိုက်ကြရန် နားလည်ထားသင့်၏။ ထိုသို့ အကြိုက်မလိုက်သဖြင့် တစ်ဘက်သူက မည်သို့သော တုံ့ပြန်မှုမျိုးဖြင့် ပြန်လည်တုံ့ပြန်ပါစေ ‘ဒါဟာ… လူ့စိတ်၊ လူ့သဘောပါပဲ..’ဟု နှလုံးသွင်းဆင်ခြင်၍ မိမိကိုယ်တိုင်သာ အပြစ်မဖြစ်အောင်၊ သက်သောင့်သက်သာ ဖြစ်အောင် နေနိုင်ရန် ကြိုးစားသင့်ပေ၏။ ဤသို့သော နေနည်းသည်သာ လူတို့၏ စိတ်သဘောကို ရှောင်လွဲ၍ နေခြင်းဖြစ်သဖြင့် မဆုံးနိုင်သည့် လူ့သဘောကို အဆုံးလိုက်မနေကြဘဲ ဖြစ်သမျှ အခြေအနေအပေါ်တွင်သာ အပြစ်မဖြစ်အောင် နေကြည့်ကြပါဟု တိုက်တွန်းလိုက်ရပေ၏။
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
သူတော်စင်နှင့် မိန်းမပျက်
သျှိဝဘုရားကျောင်းအနီး သူတော်စင်တစ်ဦး နေထိုင်ပါတယ်။ သူတော်စင်ရဲ့အိမ်နှင့်
မျက်နှာချင်းဆိုင်မှာ မိန်းမပျက်တစ်ယောက်နေထိုင်ပါတယ်။ မြောက်မြားစွာသော ယောက်ျားတွေ
သူမထံကို ဝင်ထွက်နေခြင်းကို သူတော်စင် တွေ့မြင်ပါတယ်။ ထိုအခါ သူမကို စကားပြောဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“မင်းဟာ ဒုစရိုက်ကောင်ကြီးပဲ” လို့ မျက်နှာထားတည်တည်နဲ့ သူတော်စင်
ပြောလိုက်ပါတယ်။
“မင်းရဲ့အပြုအမှုက ဘုရားသခင်ကို နေ့နေ့ညည ရိုသေလေးစားမှုမရှိဘူးဆိုတာကို
ပြနေတယ်။ မင်းရဲ့လုပ်ရပ်တွေကို ခဏရပ်ပြီး၊ သေပြီး နောက်ဘဝ ဘာဖြစ်မယ်ဆိုတာကို စဉ်းစားမိရဲ့လား။”
သနားစရာမိန်းမဟာ
သူတော်စင်ရဲ့စကားကို နာကြားအပြီး တုန်လှုပ်ခြောက်ခြားသွားပါတယ်။ ဘုရားသခင်ကို တကယ်ရိုကျိုးမှုနဲ့
စိတ်ပါလက်ပါ ဆုတောင်းပါတယ်။ အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ သူမဘဝရှင်သန်ဖို့
အခြားအသက်မွေးဝမ်းကျောင်းမှုတစ်ခုရရှိရန် ကူညီပေးဖို့လည်း ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
သို့သော်လည်း
အခြားအလုပ်ကို ရှာဖွေလို့ မတွေ့ပါဘူး။ တစ်ပါတ်ကြာ ငတ်ပြတ်ပြီးနောက် ပြည့်တန်ဆာအလုပ်ကိုပဲ
သူမ ပြန်လုပ်ပါတော့တယ်။
သူမကိုယ်ခန္ဓာကို
လူစိမ်းတစ်ယောက်ထံ အပ်နှံပျော်ပါးလိုက်တိုင်း၊ သူမကို ခွင့်လွှတ်ဖို့ ဘုရားသခင်ထံ ဆုတောင်းပါတယ်။
သူတောင်စင်ဟာ
သူ့ရဲ့အကြံပေးချက် မထိရောက်ကြောင်း သိရှိတဲ့အခါ စိတ်ရှုပ်သွားပါတယ်။ ပြီးတော့ ဒီလိုတွေးပါတော့တယ်။
“ဒီအချိန်မှစလို့ ဒီမိန်းမအိမ်ကို ယောက်ျား ဘယ်နှစ်ယောက်ဝင်ထွက်သလဲဆိုတာကို
ရေတွက်တော့မယ်။ နောက်ဆုံး ဒီအပြစ်သားသေတဲ့အချိန်အထိပေါ့။”
အဲဒီအချိန်မှစလို့
သူတော်စင်ဟာ အခြားအလုပ်ကို မလုပ်တော့ပါဘူး။ မိန်းမပျက်ရဲ့အိမ်ကို ဝင်ထွက်မှုတွေကို စောင့်ကြည့်နေပါတယ်။
ယောက်ျားတစ်ယောက် အိမ်ထဲကို ဝင်သွားတိုင်း ကျောက်တုံးတစ်တုံး သူ့ဘေးမှာ ချထားလိုက်ပါတော့တယ်။
အချိန်ကြာတဲ့အခါ
သူတော်စင်သည် မိန်းမပျက်ကို နောက်ထပ်တစ်ခါ စကားပြောပါတယ်။
“ကျောက်တုံးပုံကို မင်းမြင်ရဲ့လား။ ကျောက်တုံးတစ်တုံးဟာ မင်းလုပ်ထားတဲ့
စာရိတ္တအပြစ်တစ်ခု။ ငါ့ရဲ့သတိပေးချက်တွေကို ဆန့်ကျင်ပြီးလုပ်တဲ့အပြစ်တွေ။ နောက်ထပ်တစ်ခါ
မင်းကို ငါ သတိပေးလိုက်မယ်။ အပြစ်တွေ ထပ်မလုပ်ပါနဲ့တော့။”
သူမရဲ့အပြစ်အစုအပုံကြီးကို
တွေ့မြင်တဲ့အခါ အရမ်းတုန်လှုပ်ခြောက်ခြားသွားပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ နောင်တတရားကြောင့်
မျက်ရည်တွေကျနေပါတယ်။ ဘုရားသခင်ထံမှာ ဆုတောင်းပါတယ်။
“အို၊ အဖဘုရားသခင် အဖရဲ့ဂရုဏာတော်နဲ့ ဒီလိုစိတ်ပျက်စရာဘဝမှ
လွတ်မြောက်ခွင့်ကို ဘယ်အချိန်မှာ အကျွန်ုပ်ရနိုင်မှာလဲ။”
သူမရဲ့ဆုတောင်းချက်ကို
ဘုရားသခင်ကြားသွားပါတယ်။ ထိုနေ့မှာပဲ သေမင်းဟာ သူမထံကို ရောက်လာပြီး၊ ခေါ်ဆောင်သွားခဲ့ပါတယ်။
ဘုရားသခင်ရဲ့အမိန့်တော်အရ သူတော်စင်ကိုလည်း မိန်းမပျက်နှင့်အတူ ခေါ်ဆောင်သွားခဲ့ပါတယ်။
မိန်းမပျက်ရဲ့ဝိဥာဉ်ဟာ
ကောင်းကင်ဘုံကို တိုက်ရိုက်ရောက်သွားပါတယ်။ သူတော်စင်ကိုတော့ ငရဲပြည်ကို ဆွဲခေါ်သွားပါတယ်။
သူတို့ကို ခေါ်ဆောင်သွားရာလမ်းခရီးမှာ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြပါတော့တယ်။ သူတော်စင်ဟာ
ဒီအဖြစ်အပျက်ကို မြင်တွေ့တဲ့အခါမှာ အော်ဟစ်ပါတော့တယ်။
“ဒီဟာ တရားမျှတပါရဲ့လား၊ အဖဘုရားသခင်။ အကျွန်ုပ်ရဲ့ဘဝတစ်လုံးလုံး
အရှင့်ကို ရိုသေကိုးကွယ်ပြီး ဆင်းဆင်းရဲရဲနေထိုင်ခဲ့ပါတယ်။ အခုတော့ အကျွန်ုပ်ကို ငရဲသို့
ပို့ပြီး၊ တစ်ဘဝလုံး အပြစ်တွေပြည့်နေတဲ့ ဒီမိန်းမပျက်ကို ကောင်းကင်ဘုံကို ပို့ဆောင်လိုက်ပါပြီ။”
သူတော်စင်ရဲ့စကားကို
ကြားရတဲ့အခါ နတ်သမီးတစ်ဦးက ပြန်လည် ဖြေကြားပါတယ်။
“ဘုရားသခင်ရဲ့လုပ်ဆောင်ချက်ဟာ အမြဲမျှတပါတယ်။ ဘုရားသခင်ရဲ့မေတ္တာတော်ဟာ
သင့်အိမ်နီးနားချင်းရဲ့ အပြုအမူအတိုင်း အဆုံးအဖြတ်ပြုမယ်လို့ သင် ထင်မြင်ယူဆပါသလား။
သင့်နှလုံးအိမ်ကို အခြားသူတစ်ဦးရဲ့အပြစ်တွေနဲ့ ဖြည့်နေချိန်မှာ၊ ထိုအမျိုးသမီးက နေ့နေ့ညည
စိတ်ပါလက်ပါ ဆုတောင်းသမှုပြုနေပါတယ်။ သူမကျခဲ့တဲ့မျက်ရည်တွေကြောင့် နှလုံးသားဟာ အရမ်းကို
ပေါ့ပါးနေပါတယ်။ ဒါကြောင့် ငါတို့ သူ့ကို ကောင်းကင်ဘုံကို သယ်ဆောင်သွားလို့ရတာပါ။ သင့်ဝိဥာဉ်ကတော့
ကျောက်တုံးတွေနဲ့ အင်မတန်လေးလံလို့ မ မတင်နိုင်အောင်ဖြစ်ရပါတယ်။”
( The monk and the prostitute by Paulo Coelho ကို ဘာသာပြန်ဆိုပါသည်။ )
ဇာတ်တော်လာ မိန်းမပျက်အင်္ဂါ(၂၅)ချက်
၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။
၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။
၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။
၎။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။
၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။
၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။
၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။
၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ (မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)
၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။
၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။
၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။
၁၁။ လင်ကို ကျောပေးအိပ်ခြင်း။
၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။
၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။
၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို ဆန့်ကျင့်ဘက်လုပ်ပြီး စိတ်ဆင်းရဲအောင် ပြုလုပ်တတ်ခြင်း။
၁၅။ ကျင်ကြီးကျင်ငယ်စွန့်ရန် ခဏခဏ သွားတတ်ခြင်း။
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်ခြင်း။
၁၇။ ကျန်းမာရေးဖောက်ပြန်ချင်ယောင် ဆောင်တတ်ခြင်း။
၁၈။ တခြားယောက်ျားအသံကို နားစွင့်ပြီး နားထောင်တတ်ခြင်း။
၁၉။ လင်ယောက်ျားရှာဖွေထားသော ပစ္စည်းဥစ္စာကို မတရားဖြုန်းတီးပစ်တတ်ခြင်း။
၂၀။ တဏှာကာမစိတ်နဲ့ အိမ်နီးချင်းယောက်ျားများကို အကျွမ်းဝင်တတ်ခြင်း။
၂၁။ အချိန်အခါမဲ့တွင် လင်ငယ်ရှာဖွေရန် လမ်းတကာသို့ ၀င်ထွက်သွားလာတတ်ခြင်း။
၂၂။ လင်ငယ်နေပြီး လင်ကြီးပေါ်တွင် ရိုသေခြင်းမရှိဘဲ မကောင်းကြံတတ်ခြင်း။
၂၃။ အိမ်တံခါးဝတွင် အမြဲလိုလို နေထိုင်တတ်ခြင်း။
၂၄။ ခန္ဓာကိုယ် အင်္ဂါကြီးငယ်တို့ကို ဖော်ပြတတ်ခြင်း။
၂၅။ အရပ်တကာ လျှောက်သွားတတ်ခြင်းတို့ ဖြစ်ပါပေတယ်။ (မဟာကုဏာလဇာတ်၊ ဇာတကပါဠိတော်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၂၁)