Thursday, May 3, 2012

RECYCLER virus ကို ဘယ်လိုသတ်မလဲ

Tools >>Folder Options >> View ကိုသွားပြီး အောက်မှာပြထားတဲ့နံပါတ်တွေကို အမှန်ခြစ်လေးပြန်ဖြုတ်ပေးလိုက်ပါ။
-- (I) display the contets of system folders
-- (II) hide extensions for known file types
-- (III) hide protected operating system files(Recomended)

၂။ Download unlocker ကို Download လုပ်လိုက်ပါ . ပြီးတာနဲ့ recycler ဆိုတဲ့ဖိုင်ကို unlock လုပ်ပြီး ဖျက်ပစ်လိုက်ပါ . Unlocker ကို အောက်မှာ တစ်ခါတည်း တင်ထားပေးပါတယ် ..Download ifile.itDownload mediafireDownload 4sharedDownload megaupload

၃။ သတ်တဲ့အချိန်မှာ " can not delete RECYCLER:access is denied." ဆိုပြီး error message ပေါ်လာတဲ့အခါမှာ OK ပေးလိုက်ပြီး unlocker ပေါ်လာတတ်ပါတယ် . အဲ့လိုပေါ်လာတဲ့အခါ "noaction","delete","rename","move" ထဲက Delete ကိုပေးလိုက်ပြီး ဖျက်ပစ်ပါ .. RECYCLER virus ပျက်သွားပါလိမ့်မယ် ..

Wednesday, May 2, 2012

CDMA 800MHZ ဖုန်းကို EVDO Modem အနေနဲ့သုံးပြီး computer တွင် Internet အသုံးပြုနည်း




ဒီအကြောင်းအရာလေးက ကြာပါပြီ။ MPT က CDMA 800 MHZ ဖုန်းတွေကို အင်တာနက် အသုံးပြုခွင့်ပေးခဲ့တာလဲ ကြာပြီဆိုတော့ Out of Date ပေါ့ဗျာ။ ဒါပေမဲ့လည်း အခု MPT က CDMA တွေ ထပ်ထပ်ချပေးနေဦးမှာဆိုတော့လဲ မသိ့သေးတဲ့ သူတွေအတွက်တော့ အသုံးဝင်မှာပါ။ တော်တော်များများ လည်း ဒီနည်းကို သိ့ပြီးဖြစ်မှာပါ။ ကျွန်တော့်ကို အစ်မ တစ်ယောက် မေးလို့ တစ်ခြား မသိ့သေးတဲ့သူတွေပါ အဆင်ပြေအောင် တင်ပေးလိုက်တာပါ။
CDMA 800 MHz Mobile ဖုန်းကို modem အနေနဲ့သုံးပြီး အင်တာနက် အသုံးပြုမယ်ဆိုရင် Windows XP နဲ့အထက် windows 7 အထိ Support လုပ်ပါတယ်။
ပထမဆုံး လုပ်ရမှာက ဖုန်းကို computer နဲ့ ချိတ်ပြီး အသုံးပြုရမှာဖြစ်တဲ့အတွက် Driver သွင်းပေးရပါလိမ့်မယ်။ စက်ဝယ်စဉ်ကတည်းက ပါလာတဲ့ Driver နဲ့ PC Suite ကို Computer မှာ install လုပ်ပါ။ အဲဒီမှာ Dial ဆိုတဲ့ Software လေးကိုပါ ထည့်သွင်းပေးမယ်ဆို ပိုပြီး မြန်ဆန်လွယ်ကူစေပါတယ်။ တစ်ချို့ Sim Card ထည့်သုံးရတဲ့ Modem တွေကို အသုံးပြုမယ်ဆိုရင်လည်း ဒီအဆင့်တွေအတိုင်း အသုံးပြုနိုင်ပါတယ်။
Software Install လုပ်တာ အရမ်းကို လွယ်ကူတဲ့အတွက် ပုံတွေနဲ့ မပြတော့ပါဘူး။
Driver နဲ့ Software တွေပါတဲ့ အခွေကို CD (or) DVD Rom ထဲကိုထည့်ပါ။ ပြီးရင် Driver နဲ့ PC Suite ကိုရွှေးချယ်ပြီး install ပြုလုပ်ပေးလိုက်ပါ။  အဲဒီမှာ ရွှေးချယ်တဲ့နေရာမှာ OS Version (Windows XP / Windwos 7) နှင့် bits (32 bits / 64 bits) တို့ကို ရွှေးချယ်ပေးရပါမယ်။ သာမာန် computer တွေတော်တော်များများကတော့ 32 bits version တွေပဲ များပါတယ်။
Driver Install လုပ်ပြီးသွားပြီဆိုရင်တော့ phone ရဲ့ USB Cable ကိုအသုံးပြုပြီး Computer နှင့်ချိတ်ဆက်ပေးလိုက်ပါ။
နောက်တစ်ခု Phone ထဲမှာ Modem Mode ကို ရွှေးချယ်ထားပေးဖို့ လိုအပ်ပါတယ်။ Menu > Setting > Connectivity Setting > Phone Mode (Handset ကို moden mode ထားပေးပါ)
ကွန်ပျူတာမှာ internet သုံးလို့ရဖို့အတွက် Computer ထဲမှာ Dial Up Connection တစ်ခု တည်ဆောက်ပေးရပါမယ်။
ကွန်ပျူတာထဲမှာ Start Menu ထဲက Control Panel ထဲကိုဝင်ပါ။ ပြီးရင် Network and Internet ထဲကိုဝင်ပါ။ အဲဒီထဲကမှ Network and Sharing Center ထဲကို ထပ်ဝင်ပါ။ တစ်ကယ်လို့ Control Panel ထဲက View By မှာ Category မဟုတ်ခဲ့ဘူးဆိုရင်တော့ Network and Sharing Center ထဲကို တန်းဝင်လိုက်ပါ။
အဲဒီကမှ တစ်ဆင့် Setup a new connection or network ကိုရွေးပါ။
ပြီးရင်တော့ Set up a Dial-up connection ကိုရွေးပေးပါ။ Next  ကိုနှိပ်ပါ။
- Dial-up phone number တွင် #777 ကို ရိုက်ထည့်ပေးရပါမယ်။
- User name တွင် yourname@c800.mm ကို ရိုက်ထည့်ပါ။ ( yourname ဆိုတဲ့နေရာမှာ ခင်ဗျား ကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်)
- password တွင် လည်း ခင်ဗျား စိတ်ကြိုက် တစ်ခု ထည့်ပေးပါ။ Remember this password ကို အမှန်ခြစ် ခဲ့မယ်ဆိုရင်တော့ နောက်တစ်ခါ ၀င်တဲ့အခါတွေမှာ password ရိုက်ထည့်စရာ မလိုတော့ပါဘူး။
Connection name မှာလည်း စိတ်ကြိုက် ပေးလို့ ရပါတယ်။ ဒါပေမဲ့ တစ်ခြား Dial-Up Setting တွေနဲ့ ခွဲခြား သိ့မြင်နိုင်အောင် CDMA 800 Network လို့ထည့်ပေးထားလိုက်ပါ။ ဒါက ကျွန်တော့် Recommed ပါ။
- Allow other people to use this connection ကို ရွေးချယ်ပေးပါက တစ်ခြားမည်သည့် user account ဖြင့် login ၀င်သည်ဖြစ်စေ ဤ Dial-up setting ကို အသုံးပြုနိုင်ပါလိမ့်မယ်။
- အားလုံးထည့်ပြီးသွားပြီဆို၇င် Connect ကို Click နှိပ်ပါ။
Connection လုပ်တဲ့ ကဏ္ဍကိုရောက်သွားရင် Skip ကိုနှိပ်ပေးလိုက်ပါ။ ပြီးသွားရင် Close ကို နှိပ်ပါ။
အခု Dial Up Connection တစ်ခု လုပ်ပြီးသွားပါပြီ။ အဲဒီ Dial Up Connection လေးကို အလွယ်တစ်ကူ အသုံးပြုနိုင်ဖို့အတွက် Computer Desktop ပေါ်မှာ Shoutcut အနေနဲ့ ထားပေးလိုက်ပါ။
အပေါ်ကပြောခဲ့တဲ့ Network and Sharing Center ထဲကိုပြန်သွားလိုက်ပါ။ အဲဒီမှာ Change Adaptor Setting ထဲကို ထပ်ဝင်လိုက်ပါ။ (သို့မဟုတ်) Computer Keyboard ကနေ Windows Key + R ကိုတွဲနှိပ်ပါ။ Run Box ကျလာပါလိမ့်မယ်။ အဲဒီ Run Box ထဲမှာမှ ncpa.cpl လို့ရိုက်ထည့်ပြီး Enter key နှိပ်လိုက်မယ်ဆိုလဲ အတူတူပါပဲ။ အဲဒီထဲမှာ အစောက Creat လုပ်ခဲ့တဲ့ Dial Up Connection လေးကို မြင်ရပါလိမ့်မယ်။ အဲဒီ connecton ပေါ်မှာ Right Click နှိပ်ပြီး Create Shoutcut ကို နှိပ်ပေးလိုက်ပါ။ Windows can’t create shout here ဆိုတဲ့ warning ပေါ်လာခဲ့ရင်လည်း yes သာလုပ်ပေး လိုက်ပါ။ အဲဒါဆိုရင်တော့ ခင်ဗျားရဲ့ Computer Desktop ပေါ်မှာ ကျွန်တော်တို့ ဆောက်ခဲ့တဲ့ Dial Up Connection Shoutcut လေးကို တွေ့လာရပါလိမ့်မယ်။ 
အဲဒီ Dial up Connection Shoutcut လေးကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။
အင်တာနက်ကို ချိတ်ဆက်တော့မယ်ဆိုရင်တော့ Dial ကို နှိပ်ပေးလိုက်ပါ။ Connect လုပ်ပြီးသွားပါက Desktopရဲ့အောက်ခြေ Takbar မှာရှိနေတဲ့ Network Icon လေးက ကြက်ခြေခတ်ပုံစံမဟုတ်တော့ဘဲ Connection လုပ်ထားတဲ့ ပုံဖြစ်နေပါလိမ့်မယ်။
အင်တာနက်ကတော့ ချိတ်ဆက်လို့ရသွားပါပြီ။ ဒါပေမဲ့ နောက်ဆုံးတစ်ခု ကျန်ပါသေးတယ်။ Internet သုံးမဲ့ web Browser မှာ proxy setting တွေ ပြင်ဆင်ပေးရဦးမှာပါ။ ကျွန်တော်တို့ တော်တော်များများကတော့ Mozilla Firefox Browser ကို အသုံးပြုကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Mozilla Firefox ၊ Chrome ၊ Apple Safari တို့ကိုပဲ ကြိုက်ပါတယ်။ အောက်မှာ ကျွန်တော်ရေးပြထားတဲ့ထဲက မိမိ အသုံးပြုသော Browser ကို Proxy Setting ပြောင်းပေးလိုက်ပါ။ 
Internet အသုံးပြုရန်အတွက် Mozilla FireFox Proxy Setting
Tools > Options > Advanced > Network > Settings > No Proxy ကိုရွေးထားပေးပါ။
Internet အသုံးပြုရန်အတွက် Chrome Browser Proxy Setting
Options > Under the Hood > Change Proxy Setting > LAN Settings > Automatically Detect Settings ကိုရွှေးထားပြီး ကျန်တာတွေကို အမှန်ခြစ် ဖြုတ်ထားပါ။
Internet အသုံးပြုရန်အတွက် Microsoft Internet Explorer Proxy Setting
Tools > Internet Option > Connections > LAN Settings > Automatically Detect Settings ကို ရွှေးထားပြီး ကျန်တာတွေကို အမှန်ခြစ် ဖြုတ်ထားပါ။
Internet အသုံးပြု၇န်အတွက် Apple Safari Browser Proxy Setting
Options > Preferences > Advanced > Proxies > Change Settings> LAN Settings > Automatically Detect Settings ကိုရွှေးထားပြီး ကျန်တာတွေကို အမှန်ခြစ် ဖြုတ်ထားပါ။
Internet အသုံးပြုရန်အတွက် Opera Browser Proxy Setting
Settings > Preferences > Advanced > Network > Proxy Server > User Automatic Proxy Configuration ကို ရွှေးထားပေး လိုက်ပါ။
Internet အသုံးပြုရန်အတွက် Flock FireFox Proxy Setting
Tools > Options > Advanced > Network > Settings > No Proxy ကိုရွေးထားပေးပါ။ 
အိုကေသွားပါပြီ ။  Browser Address Bar မှာ Website Address တစ်ခု ရိုက်ထည့်ကြည့်လိုက်ပါ။

Using Iphone 4G/3GS/3G (Myanmar Language)

ဒီစာအုပ်လေးက IPhone အသုံးပြုတဲ့သူတွေအတွက် အသုံးဝင်မယ် ထင်လို့ တင်ပေးလိုက်တာပါ။ မူရင်း Scan ဖတ်သူကတော့ ဘယ်သူမှန်းမသိ့ဘူးဗျာ။ ကျွန်တော်လည်း online ကပဲရလို့ ပြန် Share ပေးလိုက်တာပါ။ လိုအပ်တဲ့သူတွေ အောက်မှာ download ဆွဲလိုက်ပါ။ ကျွန်တော် (၃) နေရာကနေ တင်ပေးထားပါတယ်။ အဆင်ပြေတဲ့ Link ကနေပဲ ဆွဲလိုက်ပါ။ File Size ကတော့ 10.8MB လောက်ရှိပါတယ်။ 

အားလုံးပဲ အဆင်ပြေကြပါစေ .

Mathematical Objects in C++




ဒီစာအုပ် လေးကတော့ Mathematical Objects in C++ ဆိုတဲ့ စာအုပ်လေးဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Programming သမားများ ၊ ကျောင်းသားများ အတွက် အဆင်ပြေမယ့် Lessons လေးတွေ ပါဝင်တဲ့ စာအုပ်လေးတစ် အုပ်ဖြစ်ပါတယ်။  စာ အုပ်လေး ရဲ့ဆိုဒ်ကတော့ 6.1 MB ပဲရှိပါတယ်။ 

လိုချင်တဲ့ သူများ အောက်က download လင့်လေး ကနေယူသွားလိုက်ပါ---- 
< download math >

Teach C++ in 24 hours





ဒီစာအုပ်လေး ကတော့ C++ ရဲ့ အခြေခံစာအုပ်လေးတစ်အုပ်ပါ။ အထဲမှာ ကိုယ်တိုင်လေ့လာနိုင်အောင် အမေးနဲ့ အဖြေကို တစ်ခါထဲ တွဲပြီးရေးပေးထားတဲ့ အတွက် အဆင်ပြေပါတယ်။ Question Types လေးတွေ မတူအောင်ရေးပေး ထားပါ တယ်။ ဒီစာအုပ်လေးတွေ ကတော့ တန်ဖိုးရှိတဲ့ စာ အုပ်လေးတွေပါပဲ။  ဖိုင်ဆိုဒ် ကတော့ 16.35 MB ရှိပါတယ်။

လိုချင်တဲ့ သူများ အောက် က download လင့် လေးကနေ ယူသွားလိုက်ပါ---
< download C++ >

G-talk မှာ မြန်မာလိုေ၇းလို့ ၇ပြီး ဖတ်လို့ မ၇ဘဲ အတုံးလေးတွေ ဖြစ်နေ၇င်




ဒီနည်းလေးကတော့ G-talk မှာ မြန်မာလိုေ၇းလို့ ၇ပြီး ဖတ်လို့ မ၇ဘဲ အတုံးလေးတွေ ဖြစ်နေခဲ့၇င် ဖတ်လို့ ၇အောင် လုပ်တဲ့နည်းလေးဖြစ်ပါတယ်----- မသိသေးတဲ့ သယ်ချင်းများ အတွက် ဒီကောင်လေးကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်---- gtalk မှာ မြန်မာဖောင့်နဲ့ ပါတ်သတ်နဲ့  အကြောင်းအ၇ာလေးတွေ ကိုတော့ အ၇င်ပိုစ့်လေး တွေမှာလဲ ဖော်ပြပေးခဲ့ပါတယ်---- ခုကတော့ နောက်တစ်ခုပေါ့ဗျာ---- အ၇င်ဆုံး start  ကနေ control panel ကို သွားလိုက်ပါ------




ပြီး၇င် network and internet ကို ကလစ်ပါ------


အဲမှာ network and sharing center ကိုေ၇ွးလိုက်ပါ-----


ပြီး၇င် internet options ကို ကလစ်လိုက်ပါ----


ပြီး၇င် အောက်က ပုံလေး အတို်င်း fonts ဆိုတဲ့ ကောင်လေးမှာ zawgyi-one ပြောင်းပေးလိုက်ပါ-----





ပြောင်းပေးပြီး၇င်တော့ apply > ok ပေးလိုက်ပါ---- ဒါဆို၇င်တော့ အဆင်ပြေပါပြီ

မိမိသီချင်းနားထောင်နေတာကို gtalk မှာ ပေါ်နေစေချင်၇င်

ဒီနည်းလေးကတော့ မိမိသီချင်းနားထောင်နေတာကို Gtalk မှာ ပေါ်နေအောင် လုပ်တဲ့ နည်းလေး ဖြစ်ပါတယ်------- အ၇င်ဆုံး မိမိတို့ နားထောင်မယ် သီချင်းကို Window Media Player နဲ့ ဖွင့်ပြီး  နားထောင်ရ မှာဖြစ်ပါတယ်------  Window Media Player  Version တော်တော်များများ နဲ့ အဆင်ပြေပါတယ်----- ဒီနည်းလေးကို သယ်ချင်းတော်တော်များများတော့ သိ၇ှိပြီး ဖြစ်မှာပါ----- မသိသေးတဲ့ သယ်ချင်းများ အတွက် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်------
လုပ်နည်းကတော့

(၁) Window Media Player မှာ Tools ကနေ Options ကို ဖွင့်ပါ။
 
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ရွေးပါ။ ညာဘက်တွင် Google Talk Music Plugin ဆိုတာ ရှိပါတယ်။ အမှန်ခြစ်ပေးပါ။

 
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။
မိမိနားထောင်နေသည့် သီချင်းနာမည်ပေါ်လာ ပါလိမ့်မည်။ အဆင်ပြေပါစေ

Core i3, Core i5,Core i7 ကွာခြားချက်များ....

Core i series code name
 Core i series code name များမှာ

1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။ 


Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်




(1).core အရေ အတွက်ပါဝင်မှု
(2).Thread အရေအတွက်
(3).Cache ပါဝင်မှု ပမာဏ
(4). Turbo Boost Technology
(5). Smart Cache
(6). QPI
(7).Hyper-threading technology

(1).Core အရေအတွက်
 
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
(2).Thread အရေအတွက်
 
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
(3).Cache ပါဝင်မှု ပမာဏ
 
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
(4). Turbo Boost Technology
 
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..


(5). Smart Cache


Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
(6). QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..

 
(7).Hyper-threading technology


Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...


Nehalem microarchitecture based


Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..


Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကှိုစက်တင်ဘာလရက် ၂၀၀၉ခုနစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..

Sandy Bridge microarchitecture based


Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..


Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..

အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်။ ဒီပိုစ့် လေးကိုတော့ မိတ်ဆွေ သယ်ရင်းများ ဗဟုသုတရရှိအောင်  ပြန်လည်ဝေငှထားတာပါ။

Computer Security ပိုင်းကို ခြိမ်းခြောက်မှု အများစုမှကာကွယ်၇န် နည်းလမ်းများ...

ကွန်ပျူတာလောကဟာ အလွန်ပင်ကျယ်ပြန့်ပါတယ်။
ကွန်ပျူတာကိုင်တွယ်အသုံးပြုသူတွေထဲမှာ ကွန်ပျူတာကို အင်တာနက်နှင့်ချိတ်ဆက် အသုံးပြုမယ်ဆိုရင်ဘယ်လို လုံခြုံမှုတွေရှိအောင်ကာကွယ်မလည်းဆိုတာကို မသိသေးသူများအတွက် ရေးသားလိုက်ပါတယ်။ 
ကျွန်တော်တို့ ကွန်ပျူတာ security ပိုင်းကို ခြိမ်းခြောက်မှုအများစုကို ကာကွယ်နိုင်ရန်အတွက် ရှောင်ရန်ဆောင်ရန် အချက်များစွာရှိပါတယ်..။




(၁)။အသုံးပြုနေသော operating system windows နှင့် Office Software တို့ကို update ဖြစ်စေရန် မှန်မှန် check လုပ်၍ လိုအပ်ပါက Microsoft website မှတဆင့် service packs များ security patch များကို download ရယူပါ။

(၂)။Personal firewall တစ်ခုကို install လုပ်၍ကာကွယ် မှုပြုလုပ်ပါ။

(၃)။Antispyware တစ်ခုခုကို install လုပ်ထားပါ။

(၄)။ကွန်ပျူတာတွင် password များအသုံးပြုရာတွင် ခိုင်မာစိတ်ချရသော password များကို အသုံးပြုသင့်တယ်( letter and number)။password ကို မကြာခဏ ပြောင်းလည်းပေးပါ။

(၅)။Email application(Outlook,Outlook express)တို့အတွက် security update များကိုလည်း မှန်မှန်စစ်ဆေး၍ download ရယူပြီး install လုပ်ဆောင်ပေးပါ။

(၆)။Antivirus software တစ်ခုခုကို install လုပ်ဆောင်ထားပြီး virus definition ကို အမြဲ update ဖြစ်နေစေရန် ဆောင်ရွက်ပေးပါ။

(၇)။ကွန်ပျုတာ၏ security ပိုင်းကို ချိန်းခြောက်နိုင်သည့် မကြခဏထွက်ပေါ်နေသော ခြိမ်းခြောက်မှု threats များကို မျက်ခြေမပြတ်ပဲ အမြဲသိရှိနိုင်ရန်အတွက် အသုံးပြုနေသော OS ထုတ်လုပ်သည့် website များမှာ မကြာခဏ သွားရောက်လေ့လာ ရှာဖွေပါ။

(၈)။မိမိထံရောက်ရှိလာသော Email များ စာဖိုင်များကို အလွယ်တကူ မဖတ်ရှုပဲနှင့် မည်သူ့ဆီကလာတယ် ဘာတွေလည်းဆိုတာကို သေချာလေးလေ့လာပြီးမှလုပ်ဆောင်သင့်ပါတယ်...။

အင်တာနက်ကို အသုံးပြုနေသောသူများအတွက် ထိုအချက်များကို အသေချာအလေးထားဆောင်ရွက်သွားသင့်ပါ တယ်ခင်မျာ။သို့မှသာလျှင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံးကို စိတ်ချမ်းသာစွာနှင့်ကြာရှည်စွာ အသုံးပြုနိုင်ပါမယ်။

Computer အဆင့်တိုးမြှင့် ခြင်း နှင့် ပြုပြင်ခြင်းနည်းပညာ စာအုပ်--


ဒီစာအုပ် လေးကတော့ ကွန်ပျူတာကိုစတင်လေ့လာလိုသူများအတွက် အသင့်တော်ဆုံးလက်စွဲ စာအုပ် လေးဖြစ်ပါတယ်---ကွန်ပျူတာကို ပိုမိုကောင်းမွန်အောင်  ပြုလုပ်ခြင်းနှင့်  ပြုပြင်ခြင်းများကိုေ၇းသားဖော်ပြပေး ထားတာပါ---
လိုအပ်သူများ PDF ဖိုင်လေးနဲ့  အောက်က download လင့်လေးကနေယူသွားလိုက်ပါ--




< download PDF >

ကွန်ပျူတာလုံခြုံရေးနည်းလမ်းလေးတစ်ခု

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ ကွန်ပျူတာ လုံခြုံရေးကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြပါတယ်။ ခက်ခဲတဲ့ Password ပေးပြီး လုပ်ကြ သလို ဆော့ဝဲလ်များဖြင့်လဲ ကာကွယ်ကြပါတယ်။ မည်သို့ပင် လုပ်နေလဲ ခိုးသူကအမြဲ သာမြဲ သာနေသည်မှာ ယခုမှ မဟုတ်ပါ။ 

အခိုးခံရသူများအတွက် ဟာကွက် တစ်ခုဖြစ်သော အချက် တစ်ခုကို ကာကွယ်နိုင်ရန် ဖော်ပြလိုက်ပါ၏။ ကွန်ပျူတာ ၀င်းဒိုး တက် လာပါက မိမိတို့ အမည်ပေးထားတဲ့ User Account ကို မြင်တွေ့ရမှာပါ။။။။ အဲဒီ Account အပြင် Hide လုပ်ထားတဲ့ Administrator Account ဆိုတာ ရှိပါတယ်။ မြင်တွေ့ချင်ရင်တော့ Ctrl + Alt + Delete ကို နှစ်ခါလောက် နှိပ်လိုက် ရင် Login Box ကျလာမှာပါ။ User နေရာမှာ Administrator ကို ရိုက်ပြီး Enter ခေါက် လိုက်ရင် ၀င်းဒိုးထဲ ၀င်ရောက်နိုင်ပါတယ်။ 

ဒါက စက်တိုင်း မှာ ဟာကွက် တစ်ခုအနေနဲ့ ရှိနေဆဲပါ။ သိသူက ယခု နည်းလမ်းကို အသုံးပြုပြီး ဖွင့်သုံးနေမှာပါ။ Administrator Account ဖြစ်တဲ့အတွက် Data အပြင် အခြား application တွေကိုလဲ စိတ်ကြိုက် သုံးစွဲနိုင်ပါတယ်။

ဒီအတွက် Administrator Account ကို ပိတ်ထားဖို့ လိုအပ်ပါသည်။ အ၇င်ဆုံး My computer ကို  Right ထောက်ပြီး Manage ကိုရွေးပါ။ ပြီး၇င်  Local User and Groups ကို ဖွင့်ပါ။ပြီး၇င်  User >> Administrator ကို Double Click လုပ်ပါ--  အဲမှာ  Box လေးတစ်ခု ကျလာရင် Account is disabled ကို အမှန်ခြစ်ပေးပါ။ Apply ၊ Ok လုပ်
ပါ။ ဒါဆို ရင် Ctrl + Alt + Delete လုပ်ပြီး ဖွင့်လို့ မရနိုင်တော့ပါ။ အခွေ များဖြင့် ၀င်ရောက်နေသည့်နည်းလမ်း များကိုတော့မဆိုလိုပါ။ ယခုနည်းလမ်း သည် ကွန်ပျူတာကို ခိုးယူ သုံးစွဲသူများ အတွက် အင်မတန်လွယ်ကူနေ၏။ သို့ကြောင့် ပိတ်ထားမည် ဆိုလျှင် အလွယ်တကူ သုံးစွဲနိုင်မည် မဟုတ်တော့ ပါခင်ဗျာ-----


ကျွန်တော့် အနေနဲ့ စကားတစ်ခုလောက်တော့ လက်ဆောင်ပါးလိုက်ပါ၇စေ---- ပညာ တစ်ခု ဆိုတာ လွယ်လွယ်နဲ့ မ၇ပါဘူး----- သယ်ချင်းတို့ အနေနဲ့ ပေါ့ပေါ့တန်တန် မတွက်မိပါစေနဲ့ ----- ကျွန်တော်သိသမျှလေးတွေကို သယ်ချင်းများကို လဲ သိစေချင်တဲ့ အတွက် ခုလို့ မျှဝေပေး ခဲ့တာပါ

USB ပေါက်လေးတွေကို ပိတ်ထားချင်တဲ့ သယ်ချင်းများအတွက်




ဒီနည်းလမ်းလေး ကတော့ မိမိတို့ ၇ဲ့ ကွန်ပျူတာမှာ USB ပေါက်လေး တွေကို ပိတ်ထားချင်တဲ့ သယ်ချင်း များ အတွက် နည်းလမ်းလေး ဖြစ်ပါ တယ်----- ကွန်ပျူတာ နဲ့ ၇င်းနှီးတဲ့ သယ်ချင်းတွေ တော်တော် များများတော့ သိ၇ှိပြီး ဖြစ်မှာပါ --- မသိသေး တဲ့ သယ်ချင်းများ အတွက် ဖော်ပြပေး လိုက် တာပါ--- လုပ်ပုံ လုပ်နည်း လေးကတော့ အ၇င်ဆုံး my computer ကို right click ထောက် ပြီးရင် manage ကိုရွေးလိုက်ပါ------


 computer Management box ပေါ်လာရင် Device Manager ကို click ပေးလိုက်ပါ-----


ညာဘက်က universal serial bus controllers လေးကို ကလစ်ပေးလိုက်ပါ--- 


အဲမှာ usb hoot hub တွေကို right click ပေးပြီး Disable ကိုပေးလိုက်ပါ---


 အဲဆို၇င်တော့ usb ပေါက်လေး တွေ အလုပ်မလုပ်တော့ပါဘူးခင်ဗျာ---- အဆင်ပြေပါစေ--ခင်ဗျာ။။

Photo effects,vintage,retro စတဲ့ Online photoshop

http://pixlr.com/o-matic/ နဲ့မိတ်ဆက်ပေးခြင်ပါတယ်.ဒီ website လေးက အတကယ်ကိုအသုံးဝင်ပြီး
 လျှင်မြန်တဲ့ Website လေးဖြစ်ပါတယ် အခုတလော ကျွန်တော်က Camera တွေ ဓာတ်ပုံတွေကိုဘဲ လိုက်ကြည့်လေ့လာနေတော့ အခုလဲ Photo နဲ့ ဆိုင်တဲ့ website လေးကိုဘဲ ပြန်ဝေမျှလိုက်ပါတယ်။
 ဒီဆိုဒ်မှာ effects ပေါင်းများစွာ overlays ပေါင်းများစွာ၊ Border ပေါင်းများစွာ ကိုစိတ်ကြိုက်ရွေးချယ်ပြီး ကိုယ့်ရဲ့ပုံမှာထည့်လို့ရသလို ကျွန်တော်အကြိုက်ဆုံးက click တခါနှိပ်လိုက်တာနဲ့ ချက်ချင်း ကို ပြောင်းလဲသွားတာတွေ website ရဲ့ လျှင်မြန်မှု ကြောင့်ပြီးတော့ resolution သိသိသာသာကျသွားမှု
 မရှိဘဲ ချက်ချင်းပြန်လည် Download ရနိုင်မှု။ အထူးသဖြင့် register လုပ်စရာမလိုမှု စတာတွေကြောင့်ပါဘဲ...ပြောနေတာကြာပါတယ် ချက်ချင်းဘဲ သွားရောက်လေ့လာ လိုက်ပါ။ အောက်က ကျွန်တော်ရဲ့ တူလေးပုံကို ဥပမာလုပ်ထားတာပါ။
 Original
 by http://pixlr.com/o-matic/