Saturday, July 30, 2011

5000ကျပ်ငါးထောင်တန် ငွေစက္ကူအတုများ အဆက်မပြတ်တွေရှိနေ။

စားအုန်းဆီ ကိုယ်စားလှယ်အချို့ ဘဏ်လာသွင်းတဲ့ ငွေထုတ်တွေထဲက ကျပ်ငါးထောင်တန် ငွေစက္ကူအတုတွေ အဆက်မပြတ် တွေ့ရှိနေရကြောင်း မြန်မာနိုင်ငံသားများ ဘဏ်လီမိတက်မှ သိရပါတယ်။ ‘ကျပ်ငါးထောင်တန် တစ်ထုပ်ကို အတုတစ်ရွက်နှုန်းနဲ့ ထည့်နေတာ တစ်ရက်ကို အတုထုတ်အား ဘယ်လောက်ရှိမယ် မသိတော့ဘူး။ ဂိုဏ်းနဲ့ တောင်လုပ်နေလား ထင်စရာဖြစ်လာတယ်၊ အရင်က ခြောက်လမှ အတုတစ်ရွက် နှစ်ရွက်ပဲ ရတာ၊ အခုလို များများ မရဖူးဘူး’ လို့ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံသားများဘဏ်က တွေ့ရှိထားတဲ့ ကျပ်ငါးထောင်တန် ငွေစက္ကူအတုအားလုံးရဲ့ ပမာဏကို မှတ်တမ်းတင်ပြီး ဗဟိုဘဏ်ကို အပ်မှာဖြစ်ပါတယ်။ ကျပ်ငါးထောင်တန် ငွေစက္ကူ အတုရဲ့ အသားက ဖယောင်းလို ချောနေပါတယ်။ ငွေစက္ကူအစစ်က ဖိပြီးပွတ်လိုက်ရင် အဖုအထစ်လေးတွေ တွေ့ရမှာဖြစ်တယ်။ ငွေစက္ကူ အတုမှာ ဗဟိုဘဏ်က ရိုက်နှိပ်ထားတဲ့ လုံခြုံရေး အမှတ်အသား ရေမစာ မပါဘူး။ လုံခြုံရေး အမှတ်အသားဖြစ်တဲ့ ငွေကြိုးပေါ်မှာ ငွေစက္ကူ တန်ဖိုး ဖော်ပြတဲ့စာသား မပါဘူး၊ ငွေစက္ကူ အစစ်က ဆေးသားပီပီပြင်ပြင်နဲ့ ဂဏန်းပီပီသသ ရှိပေမဲ့ အတုက ဆေးသားမှိန်ပြီး ပီပီသသ မရှိဘူး လို့ ငွေကြေးဌာန တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ်။ အစပိုင်းမှာ စားအုန်းဆီ ကိုယ်စားလှယ်တွေ ဘဏ်လာသွင်းတဲ့ ငွေအားလုံးကို စစ်ဆေးတာမျိုးမလုပ်ဘဲ လက်ခံမိရာက ငါးထောင်ကျပ်တန် ငွေစက္ကူအတုတွေ ပါလာတဲ့ အပြင် တစ်ထောင်ကျပ်တန် အထုပ်ထဲမှာ ကျပ် ၅၀၀ တန်ကြားညှပ်ထားတာနဲ့ ငွေစက္ကူအစုတ်ကို အလယ်ကနေ တစ်ခြမ်းဖြတ်ဆက်ထားတာစတဲ့ ပြဿနာအမျိုးမျိုး နေ့စဉ်တွေ့ကြုံနေရတယ်လို့ မြန်မာနိုင်ငံသားများဘဏ်လီမိတက် တာဝန်ရှိသူထံက သိရပါတယ်။ အခု အတုတွေ့တဲ့အတွက် မြန်မာနိုင်ငံသားများဘဏ် ဝန်ထမ်းတွေက အတုနေရမှာ အစစ်အစားထိုး စိုက်လျော်ရတာ ဇွန်လတစ်လတည်း မှာ ကျပ်လေးသိန်းကျော်ပါတယ်။ ဇူလိုင်လဆန်းပိုင်းမှာ အစားထိုး စိုက်လျော်ရတဲ့ငွေကျပ် ၅၀,၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ ဘဏ်ဝန်ထမ်းတွေက စိုက်လျော်ရတာများတဲ့အတွက် မပေးနိုင်၊ မစိုက်နိုင်တော့ဘူး ဖြစ်လာတယ်လို့ မြန်မာနိုင်ငံသားများဘဏ် ငွေလက်ခံတဲ့ ဝန်ထမ်းတစ်ဦးက ရှင်းပြပါတယ်။ တခြားဘဏ်အချို့မှာလည်း အခုလို ကျပ်ငါးထောင်တန် ငွေစက္ကူ အတုပြဿနာမျိုးနဲ့ တွေ့ကြုံနေရတယ်လို့ ဆိုပါတယ်။ တစ်ရွက်ချင်းပွတ်ပြီး ရေတွက်မယ်ဆိုရင် အနည်းငယ် အချိန်ကြန့်ကြာမှု တွေရှိလာနိုင်ပါတယ်။ အခုနောက်ပိုင်း ကျပ်ငါးထောင်တန်ဆိုရင် တစ်ရွက် ချင်းစစ်ပြီး လက်ခံနေရကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။
(ကိုထွေးမလုပ်တတ်သဖြင့်ဓါတ်ပုံထည့်မရပါ။ မည်သို့ထည့်ရမည်ကိုသိသူများသင်ပေးကြပါခင်ဗျား)
ပြည် တီ ၏ဘလော့အားကူးယူဖေါ်ပြပါသည်။

Friday, July 29, 2011

ကျားဖြူတွေဆာနေပြီထင်တယ်ဗျာ...


တရုတ်မတွေဆွမ်းကြီးလောင်းနေတာ


ထိုင်းမလေးတွေရဲ့ချိန်းပွဲ


ခန္ဓာကိုယ် ဘာသာစကားတွေသင်သိလား(အာရောဂျံ)

ခန္ဓာကိုယ် ဘာသာစကား ဟာ ပေါင်းသင်း ဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေ မှာ ကောင်းကျိုး တွေကို ပေးနိုင်စွမ်း ရှိပါတယ်။
သင် သိပါရဲ့လား


မျက်နှာချင်းဆိုင် တွေ့ဆုံရတဲ့ အခြေအနေဟာ စကားပြောစရာ မလိုဘဲ နဲ့ တောင် ၅၅ ရာခိုင်နှုန်း အထိ နားလည်မှု
ရှိပါတယ်။ ဆုံတွေ့တဲ့အခါ သင်ပြောရမယ့် စကားလုံး အရေအတွက်က ခုနစ် ရာခိုင်နှုန်း လောက် ပို နည်းသွားပြီး အသံ
ပမာဏဟာ ၃၈ ရာခိုင်နှုန်း လောက် ပဲ ကျယ်စရာ လိုပါတယ်။

ခံစားမှုနှင့် ခန္ဓာကိုယ်အမူအရာ


သင့် အနေ နဲ့ လူတစ်ယောက် နဲ့ ဆုံတဲ့ အချိန်မှာ အောက်ပါ အမူအရာတွေ ပြသပြီး သင့် ခံစားမှုကို ပြသနိုင် ပါတယ်။

ခင်မင်တယ် ဆိုတာကို ပြချင်ရင်
- ပြုံးပြပါ
- ခေါင်းညိတ်ပြီး အသိအမှတ် ပြုပေးပါ
- နွေးထွေး ခင်မင်တဲ့ အနေ နဲ့ လက်ဆွဲ နှုတ်ဆက်ပါ
- နူးညံ့တဲ့ မျက်လုံး နဲ့ ကြည့်ပါ


တည်ငြိမ်မှု ရှိတယ် ဆိုတာကို ပြချင်ရင်
- ၀င်လေ၊ ထွက်လေကို တိုင်းတာ မှတ်သားပါ
- ခန္ဓာကိုယ် လှုပ်ရှားမှုတိုင်း ကို ငြိမ်သက် အေးဆေး နေအောင် ထားပါ
- ပခုံးတွေကို လျှော့ချ ထားပါ၊ တင်း မထားပါနဲ့
- လက်သီးဆုပ် မထား ပါနဲ့
- ထိုင်ခုံပေါ်မှာ နောက်မှီပြီး သက်သောင့် သက်သာ ထိုင်ပါ


ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ် ဆိုတာကို ပြချင်ရင်
- မတ်မတ် ထိုင်ပါ၊ မတ်မတ် ရပ်ပါ
- မျက်လုံးချင်း ဆုံကြည့်ပါ
- မျက်နှာ အနေအထားကို သက်သောင့် သက်သာ ထားပါ
- ပွင့်လင်း စစ်မှန်တဲ့ အပြုံးကို ပြုံးပါ
- လက်ဟန် ခြေဟန် နဲ့ စကားပြောပါ

ဦးဆောင် နိုင်တယ် ဆိုတာကို ပြချင်ရင်
- လက်ဆွဲ နှုတ်ဆက်တဲ့ အခါ မြဲမြဲ မြံမြံ ဆုပ်ကိုင်ပါ၊ မျက်လုံးချင်း ဆုံပြီး ကြည့်ပါ
- ခန္ဓာကိုယ် အနေအထားကို မတ်မတ် ထားပါ
- လက်သီး ဆုပ်တာ၊ နှုတ်ခမ်း ကိုက်တာမျိုး မလုပ်ပါနဲ့
- လက်ဟန် ခြေဟန် နဲ့ စကားပြောတဲ့ အခါ သိမ်သိမ် မွေ့မွေ့ ရှိပါစေ

Wednesday, July 27, 2011

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ

ဤဘလော့ရေးသားချက်ကိုတင်သွင်းသူ
ကတော့ နန္ဒစာရီ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ပါစေ။ ။
ကျွန်မလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်။ မနက်ဆို

နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျွန်မပေါ့။

အဲဒါမနက်ပိုင်း ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျွန်မတို့ ညီအမလေးယောက်

ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တက်

ချမ်းသာကြီး တန်ဆောင်းမှာ ပုတီးစိတ် စကားတွေပြောပြီး။ ခေါင်းလောင်းထိုး

လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျွန်မတို့  ဆင်းလာခဲ့ကြတယ်။ ကျွန်မတို

့ညီအစ်မ ဘုရားမနက်တက် ညနေတက်လို့ ဘုရားတရား သိပ်လုပ်တယ်လို့ တော့ မထင်စေချင်ဘူး

။ အကြောင်းအရာတစ်ခုစလိုက်ရင် တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီး

နိုင်ပြောတာတွေ

ရင်ထဲမှာစုထားတဲ့  အကြောင်းအရာတွေ အကုန်ပြော ကြုံရင်ကြုံသလို နောက်တုန်း။

ကျွန်မကတော့ အကုန်စပ်စုတွေ့ သ မျှ အကုန် အဲလိုစပ်စုရင်းနဲ့ ရွှေတိဂုံဘုရားက

အလှူခံပုံးတွေ အကြောင်း ကျွန်မသိလာခဲ့ ရတယ်၊ ချမ်းသာကြီး

တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု

ကောင်လေးတစ်ယောက်က သော့ခတ်ထားတဲ့ အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ်။

ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ။

ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့လဲ မဟုတ် နှစ်နေ့ လဲ

မဟုတ် စဉ်းစားကြည့်ပါဦး။

ကျွန်မတို့ ငယ်ငယ်ကတောင် မိုးအလင်း ၀င်ချင်တဲ့လူ ၀င်ထွက်သွားလာနေတဲ့

့ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ဖူးခဲ့ ဘူး။ အခုဆယ်နာရီဆိုရင်

ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ့ ဝန်ထမ်းပဲ ကျန်တာ။ သော့ခတ်ထားတဲ့ အလှူခံပုံးကို

ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့မတူပေဘူးလား။ ပုတုတုနဲ

့အဲဒီပုံးလာထမ်းတဲ့ ကောင်လေးကို မမလေ – သိတယ်နော်။ ဟဲ့ နင်ကို

ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ကျွန်မမေးတော့ – ဗျာ အစ်မတဲ့  အဲဒီပုံးတွေထမ်းပြီး

ဘယ်ယူသွားတာတုန်းဆို တော့ – သိမ်းတာလေတဲ့ ။ ဟဲ

့နင်အားနေလား*နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ

ခိုးမယ့်သူမရှိဘူးဆိုတော့။ မဟုတ်ဘူး အမ ကျွန်တော်တို့ က ၀န်ထမ်း။

ဒါကျွန်တော်တို့ သူဌေးပိုင်တာတဲ့။

*ကျွန်မခေါင်းနဘမ်းကြီးသွားသလို အစ်မတွေလည်း အနားတိုးလာတယ်။ ရှင်းရှင်းပြောစမ်း

နားမလည်ဘူး၊ ဂေါပကသွား တိုင်မှာနော် ဘုရားပိုင်ငွေတွေ

ပြည်သူတွေရဲ့အလှူငွေတွေကို ဘယ်ကသူဌေးက ပိုင်တယ်လို့ 

နင်ပြောတာတုန်းဆိုတော့၊ ကျွန်တော်တို

့သူဌေးက ရွှတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ကန်ထရိုက

်ယူထားသတဲ့။ ရှင်။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို အစ်မတို

့အားလုံးလဲပါးစပ်အဟောင်းသားနဲ့။ နင့်သူဌေးက ဗုဒ္ဓဘာသာလား ဆိုတော့ – မဟုတ်ဘူး၊

ဘာသာခြားတဲ့  ။ မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး၊ မမ နင်မေးရက်တယ်တဲ့။

မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို့  ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား

ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ *့ဗုဒ္ဓဘာသာ မဟုတ်တဲ့ စီးပွါးရေးချွတ်ခြုံကျနေတဲ့

လူတစ်စုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ

့အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို

သိန်းငါးထောင်နဲ့ဘာသာခြားလက်ထဲမှာ ပေါင်ထားတာပေါ့တ*ဲ့။ ငါတို

့ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ဘာသာခြားက ရနေတာကိုးတဲ့။ အဲဒီနေ

့ကစလို့  ဘုရားကို ရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို့ သော့ခတ်ထားတဲ

့အလှူခံပုံးတွေထဲ ကျွန်မတို့  အလှူငွေမထည့်တော့ဘူးရှင်။ ကဲ….. ရှင်တို

့ရောလှူကြဦးမလား…ရှင့်။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျွန်မကို

ကျိုးကြောင်းခိုင်လုံစွာ ရှင်းပြပေးပါရှင်။ ကျွန်မ မဟုတ်ဘူးဆိုတာ

ကိုလက်ခံချင်လို့ပါ….။ ရင်းနှီးတဲ့ ဂေါပကလူကြီးတစ်ယောက်ကိုလဲ

ကျမမေးကြည့်တော့မှန်ပါတယ်တဲ့ ရှင် …..

(ကိုယ်တွေ့ ကြုံ ရေးသားသူ – မမ)။

ဒါကသူရေးထားတဲ့စာပါ။ ဒီအဖြစ်အပျက်က အမှန်ဆိုတာ သေချာမှ ကျွန်မ

ပြန်ပြီးမျှဝေတာပါ။

ကျွန်မအနေနဲ့ အလှူငွေတွေကို စီးပွားဖြစ်လုပ်တဲ့ တစ်ခြားဘာသာခြားတွေကိုလည်း

အပြစ်မဖို့ချင်ပါဘူး။ ဒီငွေတွေကို ဘယ်သူက သူတို့ကို ကန်ထရိုက်နဲ့ ရောင်းသလဲ

ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ပုဂ္ဂလိက လုပ်ပိုင်ခွင့် သိပ်မရှိဘူးလို့ ပြောတဲ့

မြန်မာနိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့

ရတယ်ဆိုတာပဲ ကျွန်မတို့က စဉ်းစားရမှာပါ။

Business View ကကြည့်ရင်တော့ စီးပွားရေးလုပ်တဲ့သူက သူအမြတ်ရရင် လုပ်မှာပါပဲ။

ဥပဒေဘောင်အတွင်းက ဘယ်ကိစ္စမဆို သူ့အနေနဲ့ တရားဝင် ပေါ်တင်လုပ်ပိုင်ခွင့်

ရှိပါတယ်။ Ethical View ကကြည့်ရင်တော့ Debatable Situation ပါပဲ။ သူတစ်ပါးက

ယုံယုံကြည်ကြည်နဲ့ လှူတဲ့ငွေတွေကို ကိုယ့်စီးပွားရေးအတွက် သုံးတယ်ဆိုတော့

Unethical ဖြစ်တယ်လို့ ယူဆနိုင်သလို ပတ်ဝန်းကျင်နဲ့ လူသားတစ်ရပ်လုံးကို

မထိခိုက်တဲ့အတွက် Ethical ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ Religious View

ကကြည့်ရင်တော့ လုံးဝကိုလက်ခံနိုင်စရာ မရှိပါဘူး။ သူတစ်ပါးဘာသာဝင်တွေရဲ့

ယုံကြည်မှု၊ သဒ္ဓါတရားကို အလွဲသုံးစားလုပ်ရာကျတယ်လို့ မြင်ပါတယ်။

ဒါပေမဲ့ စာရေးသူ မမ မေးတဲ့ “ရှင်တို့လှူကြဦးမလားရှင်” ဆိုတဲ့ မေးခွန်းကိုတော့

ကျွန်မအနေနဲ့ ဖြေရရင် “ဟုတ်ကဲ့၊ လှူဦးမှာပါ” လို့ဖြေမှာပါ။

လှူတယ်ဆိုတာ စေတနာသုံးတန်နဲ့လှူတတ်ရင် အင်မတန်မြတ်တဲ့အလှူ ဖြစ်တယ်လို့

ကျွန်မယုံကြည်ထားလို့ပါ။ သူတို့ ဒီအလှူငွေတွေကို ဘာလုပ်သလဲလို့

ဆိုတဲ့မေးခွန်းဟာ ကျွန်မတို့ လှူလိုက်ပြီးတဲ့ နောက်မှာဖြစ်တဲ့ ကိစ္စပါ။

လှူနေတဲ့အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်ပြီး လှူရမှာပါ။

ကျွန်မအနေနဲ့ကတော့ လှူတဲ့အခါတိုင်း မြတ်စွာဘုရားရဲ့ ကြွင်းကျန်ခဲ့တဲ့

ဆံတော်တွေနဲ့ ပြုလုပ်ထားတဲ့ စေတီတစ်ဆူကို ကြာရှည်တည်တံ့အောင်

ကိုယ်တတ်နိုင်တဲ့ဘက်က ထိန်းသိမ်းတာဟာ ဗုဒ္ဓဘာသာကို

အဓွန့်ရှည်အောင်ထိန်းသိမ်းရာရောက်တယ်ဆိုတဲ့ စိတ်ထားပြီး လှူတာပါ။ အဲဒီ့လို

လှူမယ်ဆိုရင်တော့ နောက်ဖြစ်လာမဲ့ အကျိုးဆက်အတွက် သောကပွေစရာ မလိုတော့ပါဘူး။

ဒါကတော့ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ပါ။ အားလုံးလည်း အမှန်တရားကိုသိပြီး

ကိုယ်ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး အလှူဒါနတစ်ခုကို ပြုနိုင်အောင်လို့

အခုလိုမျှဝေပေးလိုက်တာပါ။

ဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ပါစေ။
      မေးလ်ထဲမှကူးယူဖေါ်ပြပါတယ်ဗျာ.....

Tuesday, July 26, 2011

ကမ္ဘာ့အကောင်းဆုံးနည်းပညာ Logo များနှင့် အမှတ်တံဆိပ်များ

အမှတ်တံဆိပ်များ

Microsoft
မိုက်ကရိုဆောဖ့် ကော်ပိုရေးရှင်း သည် ကမ္ဘာတွင် အကြီးမားဆုံး ဆောဖ့်ဝဲ ကုမ္ပဏီ တစ်ခုဖြစ်ပါ သည်။ ကမ္ဘာ့ အသီးသီးမှ နှစ်စဉ် ရရှိသည့် ကုမ္ပဏီ ၀င်ငွေမျာ ဒေါ်လာ (၄၄.၂၈) ဘီလျံကျော် ရှိပါသည်။ မိုက်ခရိုဆောဖ့် ကုန်အမှတ်တံဆိပ် ၏ တန်ဖိုးမှာ ဒေါ်လာ (၅၉.၀၀) ဘီလျံ ဖြစ်၍ ကမ္ဘာပေါ်တွင် တတိယမြောက် စွမ်းအား အမြင့်ဆုံး ကုန်အမှတ် တံဆိပ်တစ်ခု ဖြစ်ပါသည်။
ဘီလ်ဂိတ်သည် ၁၉၇၅ ခုနှစ်တွင် စပ်တူအဖြစ် ပေါလ်အယ်လင်နှင့် တွဲဖက်၍ မိုက်ခရိုဆောဖ့်ကို တည်ထောင်ခဲ့ ပါသည်။ ယခုအခါ ဘီလ်ဂိတ်သည် ယင်းကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ကမ္ဘာ့အချမ်းသာ ဆုံး စာရင်းဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ ၁၉၈၁ ခုနှစ် ဇွန်လ (၂၅)ရက်၏ နေ့တွင် ကုမ္ပဏီအား ကော်ပိုရေး ရှင်းအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ IBM ကွန်ပျူတာကုမ္ပဏီမှ ပုဂ္ဂလိကသုံး ကွန်ပျူတာများကို ၁၉၈၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်မိတ်ဆက်ဖြန့်ချိရာ၌ မိုက်ခရိုဆောဖ့်မှ ထုတ်လုပ်သည့် 16 bit အရွယ်အစားရှိ Operating System ဖြစ်သည့် MS-DOS 1.၀ ကို ထည့်သွင်း၍ မိတ်ဆက်ဖြန့်ချိခဲ့ပါသည်။
၁၉၈၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ၀ါရှင်တန်၊ ရက်ဒ်မွန်းဒေသ၌ တည်ထောင်ထားသည့် ကုမ္ပဏီနယ် မြေသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနှစ် မတ်လ ၁၃ ရက်တွင် မိုက်ခရိုဆောဖ့် ၊ ဆောဖ့်ဝဲပစ္စည်းများကို အများပြည်သူ သို့ ဖြန့်ချိခဲ့ပြီး ၁၉၉၀ ခုနှစ် မေလ ၂၂ ရက်တွင် Windows 3.0 အမည်ရှိ ဆောဖ့်ဝဲအသစ်ကို ထုတ်လုပ်ခဲ့ပါသည်။ မိုက်ခရိုဆောဖ့် Windows မှာ၊ မူလက MS-Dos ၏ Operating System တွင် တွဲစပ်ထားသော အစိတ်အပိုင်းမျှ သာ ရှိရာမှ ၁၉၈၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ပထမဆုံးအကြိမ် သီးသန့်ထုတ်လုပ် ဖြန့်ချိခဲ့ပါသည်။
ဘီလ်ဂိတ်သည် သူ၏ အမြော်အမြင်ကြီးမားမှုအတွက် ချီးကျူးဂုဏ်ပြုခြင်း ခံရသကဲ့သို့ သူ၏ စီးပွားရေး လုပ်နည်း လုပ်ဟန်နှင့်ပတ်သက်၍ ဝေဖန်ပြစ်တင်ခံရသူလည်း ဖြစ်ပါသည်။ မိုက်ခရိုဆောဖ့် ကုမ္ပဏီတွင် လက်ရှိ အမှု ဆောင်အရာရှိချုပ်အဖြစ် စတီးဗ်ဘော်လမာ၊ ဆောဖ့်ဝဲ ပိသုကာအဖြစ် ရေးအူဇီ တို့ကို ခန့်အပ်ထားရှိပြီး နိုင်ငံ ပေါင်း ၁၀၂ နိုင်ငံတွင် ၀န်ထမ်းဦးရေ ၇၆၀၀၀ ဖြင့် လုပ်ငန်းလည်ပတ်လျှက် ရှိသည်။
မျက်မှောက်အိုင်တီခေတ်တွင် လူသုံးအများဆုံး အသိဥာဏ်ပစ္စည်း ကုန်အမှတ်တံဆိပ်ဖြစ်၍ ဂုဏ်ပြုဖော်ပြအပ်ပါသည်။

Microsoft အမှတ်တံဆိပ် Logo ကို အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ ဟန်ဒန်မြို့ရှိ
ယင်းကုမ္ပဏီရုံး၌ ချိတ်ဆွဲထားသည်ကို တွေ့ရပုံ
( မင်းရဲဦး)

မီးလ်ဝါဒ်ဘရောင်း၏ ကုန်အမှတ်တံဆိပ် အညွှန်းကိန်း သုတေသန ပြုချက်အရ အထက်ပါ ဂူးဂဲလ် အမှတ်တံဆိပ် သည် (၁၀)နှစ် သက်တမ်းသာ ရှိသေးသော်လည်း ကမ္ဘာတွင် စွမ်းအားအမြင့်ဆုံး တံဆပ်တစ်ခု ဖြစ်နေကြာင်း ဖော်ပြထားပါသည်။ ယင်းသုတေသနမှာ ကုန်အမှတ်တံဆိပ်များ၏ လက်ရှိ ဘဏ္ဍာရေးအင်အားနှင့် သုံးစွဲသူများ ၏ နှစ်သက်မှုကို အခြေခံ တွက်ချက်ထားခြင်း ဖြစ်ပါသည်။
ဂူးဂဲလ်အမှတ်တံဆိပ်၏ တန်ဖိုးမှာ ဒေါ်လာ ၂၅.၅၉ ဘီလီယံ ရှိပါသည်။ ကယ်လီဖိုးနီးယား ပြည်နယ် စတင်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းသားများ ဖြစ်ကြသော လာရီပိတ်ဂ်ျနှင့် ဆာဂျီဘရင်းတို့နှစ်ဦးသည် သုတေသန ပရောဂျက်တစ်ခုကို ၁၉၉၆ ခုနှစ် ဇန်န၀ါရီလတွင် စတင်ခဲ့ရာမှ ယခုကဲ့သို့ ကမ္ဘာကျော် အင်တာနက် ရှာဖွေရေး ယန္တရား (Search Engine) လုပ်ငန်းကြီး ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇)ရက် နေ့တွင် ဂူးဂဲလ်ကုမ္ပဏီကို ကယ်လီဖိုးနီးယား ပြည်နယ်၊ မင်လိုပါ့ခ်ဒေသ၌ မိတ်ဆွေတစ်ဦး၏ ကားဂိုဒေါင်တွင် စတင်အခြေချခဲ့သည်။ ဤကုမ္ပဏီသည် ဆန်းသစ်တီထွင်မှုနှင့် တိုးတက်နှုန်း မြန်ဆန်မှုတို့ကြောင့် အမည်ကျော် ကြားပြီး ၂၀၀၄ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် အများပိုင် ကုမ္ပဏီဖြစ်လာခဲ့သည်။
ပိတ်ဂ်ျနှင့် ဘရင်းတို့၏ အင်တာနက်ရှာဖွေရေးယန္တရားကို မူလက Back Rub ဟု အမည်မှည့်ခဲ့သေးသည်။ ယခု မှည့်ခေါ်နေသော ဂူးဂဲလ် (Google) အမည်မှာ 'googol' ဟူသော စကားလုံးမှ ဆင်းသက်လာပြီး အဓိပ္ပါယ်မှာ တစ်ဂဏန်း၏ နောက်တွင် သုညပေါင်းတစ်ရာရှိသော ကိန်းကို ဆိုလိုသည်။
ဂူးဂဲလ်၏ အမှုဆောင် အရာရှိချုပ်မှာ အဲရစ်အီး-ရှမစ်ဖြစ်သည်။ ဤလုပ်ငန်းကို ပူးတွဲတည်ထောင်သူများဖြစ် သည့် ဆာဂျီဘရင်းနှင့် လာရီပိတ်ဂ်ျတို့မှာ နည်းပညာနာယကနှင့် ထုတ်ကုန်နာယကတို့အဖြစ် အသီးသီး ဆောင်ရွက်လျက်ရှိသည်။ နာစ်ဒက်စတော့ အိတ်ချိန်းစာရင်းတွင် ဤကုမ္ပဏီကို GOOG သင်္ကေတဖြင့် ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။
ယခု Google အမည်သည် အင်္ဂလိပ်အဘိဓာန်တွင်လည်း ကြိယာပုဒ်အဖြစ် ပါဝင်လာပြီဖြစ်သည်။ အဓိပ္ပာယ် ရှင်းလင်းချက်၌ 'ဂူးဂဲလ် ရှာဖွေရေး ယန္တရားသုံးစွဲ၍ အင်တာနက်မှ သတင်းအချက်အလက်များကို ရယူသည်' (To use the Google search engine to obtain information on the Internet) ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။
အထက်ပါ အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်အမှတ် ၄/၁၉၃၁ / ၂၀၀၆ ဖြင့် မှတ်ပုံတင် ထားပြီး အများပြည်သူ သိရှိစေရန် ၆-၇-၂၀၀၆ ရက်နေ့တွင် သတင်းစာမှ ကြော်ငြာခဲ့ပြီးကြောင်း သိရှိရ ပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်းတိန်းဗျူးဒေသရှိ ရုံးချုပ်ရှေ့တွင် ဂူးဂဲလ်အမှတ်တံဆိပ်ကို တွေ့မြင်ရပုံ
(မင်းရဲဦး)

IBM
IBM ဟူသော အတိုကောက်စာလုံးဖြင့် လည်းကောင်း၊ 'Big Blue' ဟူ၍ လည်းကောင်း၊ လူသိများသော နိုင်ငံ တကာ စီးပွားရေးလုပ်ငန်းသုံး စက်ပစ္စည်းကော်ပိုရေးရှင်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ အာမန့်ဒေသ တွင် ဌာနချုပ်ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာ ကွန်ပျူတာနည်းပညာ ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်သည်။ ယင်းကုန်အမှတ်တံဆိပ်၏ တန်ဖိုးမှာ ခန့်မှန်းခြေဒေါ်လာ ၅၉.၀၃ ဘီလီယံရှိပြီး ကမ္ဘာ့အဆင့် (၂)တွင် ရှိနေသည်။
၂၀၀၆ ခုနှစ်အထိ IBM သည် ကမ္ဘာ့အကြီးဆုံး ကွန်ပျူတာကုမ္ပဏီ ဖြစ်ခဲ့သော်လည်း ယခုအခါ ဟူးလက်-ပက်ကာ့ဒ်ကုမ္ပဏီက ကျော်တက်သွားသဖြင့် ဒုတိယအကြီးဆုံး ကုမ္ပဏီအဖြစ် ရှိနေသည်။ သို့ရာတွင် IBM သည် ကမ္ဘာ့ဒေသအသီးသီးတွင် ၀န်ထမ်း အင်အားပေါင်း (၃၅၀၀၀) ဖြင့် လုပ်ငန်း လည်ပတ်နေသောကြောင့် ကမ္ဘာ ပေါ်တွင် ၀န်ထမ်းဦးရေအများဆုံး အိုင်တီကုမ္ပဏီ ဖြစ်လေသည်။ ဤကုမ္ပဏီအား ၁၈၈၈ ခုနှစ်တွင် လက်နှိပ်စက် လက်ကွက်ဇယားခလုတ် ကုမ္ပဏီအဖြစ်တည်ထောာင်ရာမှ ၁၉၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် မှတ်တမ်းဇယား တွက်ချက်မှု ကော်ပိုရေးရှင်း (CRT) အမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် နယူးယောက်စတော့ အိတ်ချိန်းစာရင်း၌ ပါဝင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဤကော်ပိုရေးရှင်း၌ အဖွဲ့ဝင် ကုမ္ပဏီပေါင်း ၅၀ ပါဝင်လာခဲ့ပြီး IBM ဟူသော လက်ရှိအမည်သို့ ပြောင်းလဲခဲ့သည်။
IBM ကုမ္ပဏီ၏ လက်ရှိဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်မှာ ဆင်မြူယယ်ဂျေပေါလ်မစ်ဆာနို ဖြစ်သည်။ အထက်ပါ ကုန်အမှတ်တံဆိပ်ကို မြန်မာနိုင်ငံတွင်လည်း မှတ်ပုံတင်အမှတ် ၄/၄၀၂၉/၁၉၉၄ ဖြင့် လည်းကောင်း၊ ၄/၄၀၃၀/၁၉၉၄ ဖြင့်လည်းကောင်း မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ ကုမ္ပဏီရုံးမျက်နှာစာတွင် IBM လိုဂိုကိုတွေ့ရပုံ (မင်းရဲဦး)

အိုင်ဘီအမ် IBM လိုဂိုသမိုင်း

အိုင်ဘီအမ် ကုမ္ပဏီနဲ့ သူ့ရှေ့က ကုမ္ပဏီများဟာ လိုဂိုနဲ့ အမှတ်တံဆိပ်များစွာကို တီထွင်အသုံးပြုခဲ့ပါတယ်။ သူတို့ဟာ ရုံးသုံးပစ္စည်းများ၊ ယာဉ်ယန္တရားများ၊ ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ခဲ့ပြီး သူတို့ အမှတ်တံဆိပ်နဲ့ လိုဂိုများကို ကမ္ဘာက သိစေခဲ့ပါတယ်။

ပုံ (၁) ITR
ပုံအမှတ် (၁) မှာ မူလအစ အိုင်တီအာရ် ကုမ္ပဏီရဲ့လိုဂိုကို ဖော်ပြထားပါတယ်။

အိုင်တီအာရ်လိုဂို

အိုင်တီအာရ်လို့ခေါ်တဲ့ International Time Recording ကုမ္ပဏီ ITR ဟာ ပထမ ဦးစွာ ဘန်ဒီမန်နျူဖက်ချားရင်း ကုမ္ပဏီအဖြစ်နဲ့ နယူယော့ခ်၊ အောဘန်းမှာ စတင်ခဲ့ပါ တယ်။ အိုင်တီအာရ်ရဲ့ အဓိက ထုတ်ကုန်လိုင်းကတော့ ၁၈၈၈ မှာ ဘန်ဒီ တီထွင်ပြီး မူပိုင်လုပ်ခဲ့တဲ့ အချိန်မှတ်စက်များ ဖြစ်ပါတယ်။
အိုင်တီအာရ်ဟာ နောက်ပိုင်းမှာ ၁၉၁၁ မှာ CTR ဖြစ်လာတယ်။ အဲဒါဟာ အိုင်ဘီအမ်ရဲ့ ရှေ့ပြေးဖြစ်တယ်။

ပုံ (၂) CSC
၁၈၉၁ မှာ အိုဟိုင်းအိုမှ လုပ်ငန်းရှင်နှစ်ဦးဖြစ်တဲ့ အက်ဒွပ်ကန်ဒီနဲ့ အောရိန်းတို့ဟာ အသစ်တီထွင်ထားတဲ့ Computing Scale ကုမ္ပဏီကို ၀ယ်ယူခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီရဲ့ လိုဂိုကို ပုံ (၂)မှာ တွေ့နိုင်တယ်။






ပုံ (၃) CTR
၁၉၁၁ မှာ ITRC နဲ့ Tabulating Machine Company တို့ကို ချားလ်စ်ဖရင့် ဆိုသူက ပူးပေါင်းခဲ့ပြီး CTR ကုမ္ပဏီအဖြစ် ထူထောင်ခဲ့ပါတယ်။ ၁၉၁၄ မှာ ၀ပ်ဆင်ဟာ CTR ရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာတယ်။







ပုံ (၄ ) အိုင်ဘီအမ်
၁၉၂၄ မှာ CTRC ကုမ္ပဏီက IBMC ကုမ္ပဏီရဲ့ နာမည်ကို လွှဲယူလိုက်ပါတယ်။ အဲဒါ ကြောင့် CTR လိုဂိုဟာလည်း Business Machines စကားလုံးများနဲ့ အစားထိုးခံရ ပါတယ်။ အဲဒီကစလို့ အင်တာနေရှင်နယ်ဆိုတဲ့ စကားလုံးကိုလည်း ကြားထဲမှာ ထည့်သွင်းလာပါတယ်။ ဒါကြောင့် Business International Machines ဖြစ်လာပါ တယ်။





ပုံ (၆ ) IBM
အိုင်ဘီအမ်ကုမ္ပဏီဟာ ကွန်ပျူတာထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းကြီး အသွင်သို့ တဖြည်း ဖြည်း ကူးပြောင်းလာခဲ့ပါတယ်။ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လိုဂိုပုံစံကို ပြောင်းလဲခဲ့တယ်။
လိုဂိုအသစ်ဟာ Business Machines တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီ လ (၁)ရက်နေ့မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမှာ IBM ဆိုတဲ့ စာလုံးကို ရိုးရိုးရှင်းရှင်းပဲ ဖော်ပြထားတာပါ။




ပုံ (၆) IBM
၁၉၅၆ ခုနှစ် မေလမှာ (သူမကွယ်လွန်မီ ရက်ပိုင်းအလိုမှာ) သောမတ်စ်ဝပ်ဆန်စီနီယာ ဟာ သူ့သားကို အိုင်ဘီအ်ရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တရားဝင် လွှဲပြောင်းပေးခဲ့ ပါတယ်။
တွမ်ဝပ်ဆန်ဂျူနီယာဟာ အမြန်ဆုံး လှုပ်ရှားခဲ့တယ်။ လုပ်ဆောင်မှုတွေရော၊ သင်္ကေတ တွေပါ ခေတ်သစ်သို့ ပြောင်းခဲ့သည်။ ပထမဆုံး မြင်သာတာက ကုမ္ပဏီရဲ့ လိုဂိုပုံစံ ပြောင်းခြင်းပါ။ ဂရပ်ဖစ်ဒီဇိုင်နာ ပေါလ်ရန်းဒ်က လိုဂိုအသစ်ကို ဖန်တီးခဲ့ပါတယ်။


ပုံ (၇) IBM
၁၉၇၂ မှာ ကုမ္ပဏီဟာ လိုဂိုဗားရှင်းအသစ်ကို တီထွင်မိတ်ဆက်ခဲ့ ပြန်ပါတယ်။ အဲဒီ လိုဂိုအသစ်ကို ပေါလ်ရန်းဒါက ဖန်တီးပါတယ်။ ရေပြင်ညီ အစင်းကျားများနဲ့ ဖော်ပြထား ပါတယ်။ ဒီလိုနဲ့ အိုင်ဘီအမ်လိုဂို အမှတ်တံဆိပ်ဟာ အဆင့်ဆင့်ပြောင်းလဲတိုးတက် ခဲ့ပြီး ကမ္ဘာ့လူသိအများဆုံးနဲ့ အကောင်းဆုံးတစ်ခု ဖြစ်လာခဲ့ပါကြောင်း။






YAHOO
၂၀၀၈ ခုနှစ်စာရင်းအရ အထက်ပါ လိုဂို၏တန်ဖိုးမှာ ဒေါ်လာ (၅၄၉၆) ရှိပြီး ကမ္ဘာ့အကောင်းဆုံး လိုဂိုစာရင်း အမှတ်စဉ် (၆၅) တွင် ပါဝင်လျက်ရှိနေပါသည်။ YAHOO ဟူသော အင်တာနက် ရှာဖွေရေးလုပ်ငန်းကို ဒေးဗစ်ဖီလိုနှင့် ဂျယ်ရီရန်းတို့နှစ်ဦးက တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ဒေးဗစ်နှင့် ဂျယ်ရီတို့မှာ (Stanford University) စတန်းဖို့တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာပါရဂူဘွဲ့သင်တန်းသားများ ဖြစ်ကြသည်။ သူတို့သည် ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ တက္ကသိုလ်ဝင်းအတွင်း အခန်းငယ်တစ်ခု၌ အင်တာနက်ချိတ်ဆက်၍ သူတို့ စိတ်ဝင်စားသည့် အကြောင်းအရာများကို ခြေရာကောက်ရှာဖွေသည့် အလုပ်ကို စတင်ခဲ့ကြသည်။ များမကြာမီ ပင် သူတို့၏ စိတ်ဝင်စားမှုမှာ ကြီးထွားသည်ထက် ကြီးထွားလာပြီး၊ ဒေါက်တာဘွဲ့စာတမ်းအတွက် အချိန်ပေးခြင်း ထက် မိမိတို့ဝါသနာပါရာ အင်တာနက်ချိတ်ဆက်စာရင်းပြုစုခြင်းကို အချိန်ပေးခြင်းက ပိုများလာသည်။ နောက်ပိုင်းတွင် ဒေးဗစ်နှင့် ဂျာရီတို့၏ အင်တာနက်စာရင်းများမှာ ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာခဲ့ပြီး ရှုပ်ထွေးမှုများ ရှိနေသဖြင့် အမျိုးအစားအလိုက် ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ်များ ခွဲခြားပြုစုခြင်းအားဖြင့် YAHOO ၏ လုပ်ငန်းကို စတင်မွေးဖွားပေးခဲ့သည်။
ဤ Web Site ၏ မူလအမည်မှာ ''ဂျယ်ရီနှင့် ဒေးဗစ်တို့၏ ကမ္ဘာ့ကွန်ယက်လမ်းညွှန်" ("Jerry and David's Guide to the World Wide Web") ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် အဘိဓာန်အကူအညီယူပြီး အဓိပ္ပါယ်ပြည့်စုံ သော အမည်သစ်ကို မှည့်ခဲ့သည်။ ၎င်းအမည်မှာ YAHOO (ရဟူး) ဟူ၍ ဖြစ်ပြီး၊ YAHOO မှာ စာလုံးအတို ကောက်ဖြစ်၍ အဓိပ္ပါယ်အပြည့်အစုံမှာ "Yet Another Hierarchical Officious Oracle" ဖြစ်သည်။ သို့သော် ဒေးဗစ်နှင့် ဂျယ်ရီတို့ကမူ YAHOO ဆိုသည်မှာ "ရိုင်းသူ၊ ကြမ်းသူ၊ ရက်စက်သူ" ဟု အဓိပ္ပာယ်ရကြောင်း အခိုင် အမာပြောဆိုလျက် ရှိကြပါသည်။


(မျိုးမဉ္ဖူ)


APPLE
အထက်ပါ လိုဂိုသည် ၂၀၀၈ ခုနှစ်စာရင်းများအရ လိုဂိုတန်ဖိုးဒေါ်လာ (၁၃.၇၂၄) ရှိပြီး ကမ္ဘာ့အကောင်းဆုံး လိုဂို စာရင်းတွင် အမှတ်စဉ် (၂၄) ရရှိသော လိုဂိုဖြစ်ပါသည်။ Apple လိုဂိုသည် အမေရိကန်နိုင်ငံ Apple Computer Inc. မှ ပိုင်ဆိုင်သော လိုဂိုတစ်ခုဖြစ်ပြီး၊ ၂၀၀၅ ခုနှစ် စာရင်းများအရ လိုဂိုတန်ဖိုး (၇.၉၈၅) ဒေါ်လာဘီလျံရှိကာ ကမ္ဘာတွင် အဆင့် (၄၉) ချိတ်သော လိုဂိုဖြစ်သည်။ Apple ကုမ္ပဏီသည် ပထမဆုံး အနောက်ဘက်ကမ်းခြေ ကုန်စည်ပြပွဲတွင် ပါဝင်ပြသရန်အတွက် လိုဂိုအသစ်တစ်ခုကို ဖန်တီးရန် ဆုံးဖြတ်ရာမှ Apple လိုဂို စတင် ပေါ်ပေါက်လာခဲ့သည်။ Apple ကုမ္ပဏီမှ စတင်ထုတ်လုပ်သော Apple-1 computer များ ရောင်းချရာတွင် အသုံးပြုနေသည့် မူလလိုဂိုမှာ ပန်းသီးပင်အောက်၍ ထိုင်နေသော အိုက်ဇက်နယူတန်၏ ရုပ်ပုံနှင့်အတူ 'Newton' ထူးဆန်းသော အတွေးပင်လယ်ကိုဖြတ်ပြီး တစ်ကိုယ်တည်း အမြဲခရီးသွားနေသောစိတ်' ဟူသော စာသားတို့ ပါဝင်လေသည်။ Steve Jobs က Apple-1 ၏ ရောင်းအား နှေးကွေးရခြင်းမှာ ယင်း၏ လိုဂိုကြောင့် လည်း တစ်စိတ်တစ်ဒေသ ပါဝင်သည်ဟု ယူဆကာ လိုဂိုဒီဇိုင်းအသစ်ထွင်ရာတွင် ကူညီရန် Regis Mckenna ကြော်ငြာအေဂျင်စီအား ငှားရမ်းခဲ့သည်။
ဤသို့ဖြင့် လူငယ်အနုပညာ ဒါရိုက်တာတစ်ဦးဖြစ်သူ Rob Janov ထံ Apple နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို လွှဲပြောင်းပေးပြီး လိုဂိုသစ်အား ဒီဇိုင်းရေးဆွဲစေခဲ့သည်။ Janov သည် ကွန်ပျူတာများအား သုံးစွဲသူများထံ ရောင်းချနိုင်ရန်နှင့် ယင်းပစ္စည်းများသည် စိတ်ဝင်စားဖွယ်ကောင်းသော ပစ္စည်းအနည်းငယ်တွင် တစ်ခု အပါ အ၀င်ဖြစ်သည်ဟူသော အယူအဆနှင့်အတူ ပန်းသီးသဏ္ဍာန်ကို စတင်ရေးဆွဲခဲ့လေသည်။ ထို့အပြင် သေးငယ် သည့် သတင်းအချက်အလက်များပေးသော ကမ္ဘာအပေါ်ကျီစားလိုသည့်သဘောနှင့် ယင်းလိုဂို၏ အနုပညာ လက်ရာမြောက်မှုကို မြင်သာစေရန် ပန်းသီးတစ်ဖက်တွင် အချိုင့်ကွေးလေးတစ်ခုကို ထွင်းခဲ့သည်။ Janov အတွက်မူ ယင်းသို့ အချိုင့်ကလေး ပေါ်နေခြင်းမှာ ပန်းသီးအား ခရမ်းချဉ်သီးနှင့် ဆင်တူနေခြင်းမှ ကာကွယ်ရန် အတွက်ပင် ဖြစ်သည်။ သူသည် ပန်းသီးအား အသွင်မြူးကြွသော အစိမ်းရောင် အကိုင်းအခက်လေးဖြင့် စတင် ထားပြီး အနည်းငယ်တောက်ပကာ ပုံသဏ္ဍာန် ဆန်းပြားသော အရောင်အသွေး အနုအရင့်အမျိုးမျိုးတို့ဖြင့် ရောစပ်ထားသည့် ကန့်လန့်ဖြတ်အစင်းကြား ခြောက်ခုနှင့် ပုံဖော်ထားရာ နွေးထွေးပြီး ဆွဲဆောင်မှုရှိသော လိုဂို တစ်ခု ဖြစ်လာခဲ့သည်။
Steve Jobs သည် လိုဂို၏ ဒီဇိုင်း၊ အသွင်အပြင်နှင့်ပတ်သက်ပြီး အသေးစိတ် ဂရုစိုက်ခဲ့လေသည်။ လိုဂိုအား ပြန်လည်ထုတ်လုပ်ရာတွင် ပို၍ လွယ်ကူစေရန် လိုဂိုအရောင် ခြောက်မျိုးအား အစင်းကြောင်း ပါးပါးလေးများဖြင့် ခွဲခြားရန် Janov က အကြံပေးသောအခါ Jobs က ငြင်းပယ်ခဲ့သည်။
Markkula သည် ပြပွဲတွင် ပြသရန်အတွက် လိုဂိုသစ်အား နောက်ခံအလင်းရောင်ပေါ်တွင် မီးခိုးရောင် ခပ်မှိုင်းမှိုင်း ပုံဖော်ထားသည့် ဆိုင်းဘုတ်နှင့်တွဲရန် ညွှန်ကြားခဲ့သည်။ ယင်းကုန်စည်ပြပွဲတွင် Apple ၏ ဆိုင်ခန်း သည် စီးပွားရေးနယ်ပင်တွင် နှစ်ရှည်လများ လုပ်ကိုင်နေသော သေးငယ်သည့် ကွန်ပျူတာများ ထုတ်လုပ်သည့် Processor Technology, IMSAI နှင့် Cromemco ကုမ္ပဏီ၏ ဆိုင်ခန်းများ၊ အခြား ကုမ္ပဏီများ၏ ဆိုင်ခန်းများ နှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း ပို၍ ကျွမ်းကျင်ကောင်းမွန်မှု ရှိနေခြင်းမှာ Markula ၏ ကျေးဇူးပင် ဖြစ်သည်။ Apple company ထက်ကြီးသော အခြားပါဝင်ပြသသည့် ကုမ္ပဏီများမှာမူ အနက်ရောင် ဖောင်တိန် ဖြင့် ရေးဆွဲထားသော ကတ်ထူစားပွဲတစ်ခုထက် မပိုပေ။
ပြပွဲတွင် ပါဝင်ပြသရန်အတွက် ဦးစွာ စာရင်းပေးသွင်းထားသူများထဲတွင် ပါဝင်သည့်အလျောက် Apple ၏ ဆိုင်ခန်းမှာ ၀င်ပေါက်အနားတွင်ရှိ၍ ခန်းမအတွင်းသို့ ၀င်ရောက်လာသူတိုင်း မြင်သာစေခဲ့သည်။ Apple ကုမ္ပဏီ သည် ကြီးမားသော ပြစက်ပေါ်တွင် လျှပ်တပြက်ဗွီဒီယိုရုပ်ပုံ အစီအစဉ်များကို ပြသကာ လူများ စိတ်ဝင်စားမှု ရှိလာအောင် ဆွဲဆောင်ခဲ့သည်။ သို့သော် ပြပွဲအပြီးမှာမူ Homebrew Club အဖွဲ့ဝင်နှင့် Dr.Dobb's ဂျာနယ် ၏ အယ်ဒီတာတစ်ဦးဖြစ်သူ Jim Warren က Apple သည် လူသိများသော ပြပွဲတင်သူတစ်ယောက် မဟုတ်ဟု ထင်ခဲ့သည်။ ယင်းပြပွဲ သတင်းကို ရေးသားသော Byte မဂ္ဂဇင်းတွင်လည်း Apple အကြောင်း ဖော်ပြရန်ပင် ကျန်ခဲ့လေသည်။ လူများအပေါ် လွှမ်းမိုးသောသူများ၏ ဤသို့သော အစောပိုင်း ထင်မြင်ချက်များကို ရခဲ့သော် လည်း လအနည်းငယ်ကြာသောအခါ ယခင် Apple-1 ရောင်းရသည့် အရေအတွက်ထက် တစ်ရာကျော် ပိုများ သော အမှာစာ (၃၀၀)ကို Apple-2 အတွက် လက်ခံရရှိခဲ့လေသည်။
Ron Wayne ၏ ပန်းသီးတစ်လုံးနှင့် Newton ၏ ရုပ်ပုံပါသော မူလ Apple လိုဂိုမှာ အမှန်ပင်လှပသော လိုဂို တစ်ခုဖြစ်သည်။ သို့သော် ယင်း၏ အလှအပအားလုံးကြောင့်ပင် လိုဂိုမှာ ရှုပ်ထွေးခဲ့ရပြီး လိုဂိုအား အရွယ်အစား အမျိုးမျိုးဖြင့် အရေအတွက် များစွာထုတ်လုပ်ရာ၌ လွန်စွာခက်ခဲမည်ကို Steve Jobs က စိုးရိမ်သဖြင့် ပြင်ဆင် ပြောင်းလဲရန်နှင့် Regis Mckenna ကြော်ငြာလုပ်ငန်းဆီသို့သွားရောက်ခဲ့ရခြင်း ဖြစ်သည်။ ဤသို့ဖြင့် အမှန် တကယ် အသုံးပြုမည့် လိုဂိုအား ရေးဆွဲရန်တာဝန်မှာ Rob Janoff ၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့လေသည်။ Mr.Janoff သည် Mac ၏ ပြောပရလောက်သည့် အကူအညီမပါဘဲ ဒီဇိုင်းအမျိုးမျိုးကို ကြိုးစားရေးဆွဲပြီးနောက် ရင်းနှီးပြီးသား သက်တံရောင်လိုဂိုပေါ်တွင် အခြေခံကာ ယခင်ထွင်းထားသည့် အချိုင့်ကွေးလေးအား ဆက်လက် ပါဝင်စေပြီး မြင်ရုံဖြင့် ပန်းသီးတစ်လုံးအဖြစ် သိနိုင်စေရန်နှင့် ပန်းသီးထက်မနည်း စိတ်ဝင်စားမှုရှိစေရန် ပုံဖော်ခဲ့ လေသည်။
နောက်ဆုံးတွင် 'ဆွဲခဲ့ဖူးသမျှ ဒီဇိုင်းများထဲတွင် စိတ်လှုပ်ရှားစရာ အကောင်းဆုံးလိုဂို' ဟု Apple ၏ ဥက္ကဋ္ဌဖြစ်သူ Mike Scott ပြောခဲ့သည့် Apple လိုဂိုအား များစွာ နှစ်သက်ခဲ့ကြလေသည်။ ၁၉၉၈ ခုနှစ်မှစတင်ကာ ယခင် သုံးစွဲခဲ့သည့် အဖြူရောင်လိုဂို၏ နေရာတွင် Apple လိုဂိုအား ပြောင်းလဲသုံးစွဲစေခဲ့လေသည်။
Apple လိုဂိုများကို မြန်မာနိုင်ငံ ရန်ကုန်မြို့ စာချုပ်စာတမ်းများရုံး၌ မှတ်ပုံတင်အမှတ် ၄/၄၃၇၈/၁၉၉၄ နှင့် ၄/၄၃၇၉/၁၉၉၄ တို့ဖြင့် မှတ်ပုံတင်သွင်းထားခဲ့ပြီး သတင်းစာများတွင် သတိပေးကြော်ငြာချက်များ ထည့်သွင်းခဲ့ ရာ ၁၈/၈/၂၀၀၃ ခုနှစ်တွင် နောက်ဆုံးကြေငြာထားခဲ့ကြောင်း သိရသည်။

(ခင်သင်္ဂီဖုန်း)

INTEL
အထက်ပါ အင်တဲ့လ် လိုဂိုသည် ကွန်ပျူတာဆော့ဖ်ဝဲများ၊ ကွန်ပျူတာပရိုဂရမ်များ၊ ကွန်ပျူတာမိုမိုရီများ၊ တစ်ဦး ချင်းသုံး ကွန်ပျူတာများ၊ လက်တော့ပ်ကွန်ပျူတာများ၊ နည်းပညာများကို အသုံးပြု ထုတ်လုပ်သော ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်နွယ်အသုံးပြု ပစ္စည်းများစသည်တို့အား တီထွင်ထုတ်လုပ်ရာတွင် ယနေ့ကာလထိတိုင် အောင်မြင်နေဆဲဖြစ်သည့် အမေရိကန်နိုင်ငံရှိ အင်တဲ့လ်ကော်ပိုရေးရှင်း (Intel Corporation) မှ ပိုင်ဆိုင်ထား သော လိုဂိုတစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်စာရင်းများအရ လိုဂိုတန်ဖိုး ဒေါ်လာ (၃၁.၂၆၁) ဘီလျံရှိကာ ကမ္ဘာတွင် အဆင့် (၇) ချိတ်သော လိုဂိုတစ်ခုဖြစ်သည်။ အင်တဲ့လ်ကော်ပိုရေးရှင်းကို ၁၉၆၈ ခုနှစ်ကတည်းက စတင်တည် ထောင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၁၀၀) စာရင်းတွင် အင်တဲ့လ်ကော်ပိုရေးရှင်း ပါဝင်ကြောင်း သိရပါသည်။
ကုမ္ပဏီ စတင်တည်ထောင်ခဲ့သည့် ၁၉၆၈ ခုနှစ်ကတည်းက အင်တဲ့လ်ကော်ပိုရေးရှင်းသည် အဓိပ္ပါယ်လေးနက် ပြည့်စုံပြီး ထင်ရှားသော ပေါ်လွင်လှသော ကိုယ်ပိုင်အမှတ်သင်္ကေတတစ်ခု ရှိထားရန် မည်သို့မည်ပုံ အရေးကြီး ကြောင်းကို အမြဲသိရှိ လက်ခံထားလေသည်။ အင်တဲ့လ်သည် ၎င်း၏ အသိဥာဏ်ပစ္စည်းဆိုင်ရာ ဈေးကွက်ချဲ့ထွင် မှုအတွက် ကျင့်သုံးသော မဟာဗျူဟာ၊ ကုမ္ပဏီ၏ အတွင်းပိုင်းစည်းရုံးလှုံ့ဆော်မှုနှင့် သတ်မှတ်ထားသော ဦးတည်ချက်သို့ရောက်အောင် ပူးပေါင်းဆောင်ရွက် သွားမှုတို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် အကောင်းဆုံးသော ကွန်ပျူတာအမှတ်တံဆိပ်အမျိုးအစားများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါသည်။
အင်တဲ့လ်မှ ပထမဦးဆုံး စတင်အသုံးပြုခဲ့သော လိုဂိုပုံစံမှာ အင် တဲ့လ် ဟူသော ရိုးရိုးရှင်းရှင်း သီးသန့်စာသား (word) တွင် "e" ဟူသော အက္ခရာကို အခြားသော အက္ခရာများနှင့် တစ်ပြေးတည်းမထားဘဲ အောက်သို့ နှိမ့်ချ ထားသော ပုံစံဖြစ်ပါသည်။ အဆိုပါ လိုဂိုဒီဇိုင်းအား ဆီလီကွန်ဘဲလ်လီ ပိုင်အိုးနီးယား ရောဘတ်သ်နွိုင်စီနှင့် ဂေါဒွန်မိုရီက ဒီဇိုင်းထွင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်တွင် တစ်ဦးချင်းသုံး ကွန်ပျူတာများတွင် ဆက်နွယ်ပတ်သက်သည့် ပစ္စည်းအမယ်များ ၊ သာဓကအား ဖြင့် ကွန်ပျူတာ key ခလုတ်များနှင့် ကွန်ပျူတာဆိုင်ရာ နည်းပညာများ ထည့်သွင်းမှုကို ဖော်ညွှန်းသည့် သင်္ကေတအနေအဖြစ် အင်တဲ့လ်လိုဂိုနှင့်အတူ "Intel inside" ဟူသော စာသားကို ထည့်သွင်းလာခဲ့ပြီး လိုဂိုသစ် အနေဖြင့် ထပ်မံမိတ်ဆက်ပေးခဲ့ပါသည်။ အင်တဲ့လ်ကော်ပိုရေးရှင်းသည် အဆိုပါ လိုဂိုသစ်အား အများသိရှိ စေရန် ကြော်ငြာရာတွင် မည်သည့်ကြော်ငြာမဆို ထိုကြော်ငြာတွင် အင်တဲ့လ်လိုဂိုအား ထည့်သွင်းဖော်ပြပါက ထိုကြော်ငြာစရိတ်၏ တစ်ဝက်နှုန်းကို ကျခံပေးမည့် နည်းဗျူဟာကို အသုံးပြုခဲ့ပါသည်။ ထိုနည်းဗျူဟာကြောင့်ပင် လိုဂိုအသစ်သည် နေရာအတော်များများတွင် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်မှု ရရှိပြီး လူသိများလာခဲ့ပါသည်။
၂၀၀၆ ခုနှစ်တွင် အင်တဲ့လ်ကော်ပိုရေးရှင်းသည် (Centrino) လက်တော့ပ်များနှင့် (Viiv) အိမ်သုံး ဖျော်ဖြေ တင်ဆက်မှုပစ္စည်းများတွင် ထည့်သွင်းမည့် ကွန်ပျူတာ ချစ်ပ် (chip)၊ တနည်းအားဖြင့် ကွန်ပျူတာမှတ်ဥာဏ် အမျိုးအစားသစ်တစ်ခုကို တီထွင်ထုတ်လုပ်မိတ်ဆက်ပေးခဲ့ပါသည်။ အဆိုပါ ပစ္စည်းသစ်အား မိတ်ဆက်ပေးခြင်း သည် အင်တဲ့လ်လိုဂိုသစ် သတ်မှတ်ခြင်းနှင့် ကုမ္ပဏီ၏ ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ကျင့်သုံးမည့် နည်းဗျူ ဟာတို့ကို ဖော်ထုတ်ဖွင့်ဟရန် ဖြစ်လာခဲ့ပါသည်။ ထို့ပြင် ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးနှင့် ထူးခြားအရေးပါ သော အသွင်လက္ခဏာများစသည့် အချက်အလက်များကို ၀ယ်ယူသုံးစွဲမည့် ဖောက်သည်များအား အကောင်း ဆုံး ပြောပြနိုင်ခဲ့ပါသည်။ အင်တဲ့လ်လိုဂိုသစ်သည် ကုမ္ပဏီ၏ အတွင်းပိုင်း၌ အပြောင်းအလဲများ သိသိသာသာ ထင်ဟပ်နေပါသည်။ အဆိုပါ "e" ကို အခြားသော အက္ခရာများနှင့်အတူ တစ်ပြေးတည်း ပြန်ထားပြီး "Intel" ဟူ သော ကုမ္ပဏီနာမည်အား တစ်ဟုန်ထိုးလှည့်ပတ်နေသည့် ဟန်ပတ်လမ်းအတွင်း ထည့်သွင်းထားသော ဒီဇိုင်းနှင့် အတူ "ရှေ့သို့ တစ်ဟုန်ထိုး တိုးတက်ဦးဆောင်သွားမည်" ဟူသော ဆောင်ပုဒ်အား ထည့်သွင်းသော ပုံစံဖြစ်ပါ သည်။ လိုဂိုသစ်တွင် ဖော်ပြထားသည့် ဆောင်ပုဒ်အား ထိထိမိမိရှိလှသော ယင်းဆောင်ပုဒ်သည် နောင် အနာဂတ်တွင် နည်းပညာများ၊ ပညာရေး၊ လူမှုဆိုင်ရာတာဝန်များ၊ တီထွင်ထုတ်လုပ်မှု စသည့် နယ်ပယ်များတွင် ရှေ့မှ ဦးဆောင်သွားမည်သာမက ပိုနေမြဲ ကျားနေမြဲ အတိုင်း စိန်ခေါ်မှုမှန်သမျှကိုလည်း ရှေ့ကပင် ဦးဆောင် သွားမည်ဟူသော အင်တဲ့လ်ကုမ္ပဏီ၏ အနာဂတ်သို့ ဦးတည်သွားမည့် ရည်မှန်းချက်များကို ဖော်ညွှန်းနေပါ သည်။ အင်တဲ့လ် ကုမ္ပဏီသည် ရာစုနှစ်အတော်ကြာကြာခန့် ၀ယ်ယူသုံးစွဲသည့် ဖောက်သည်များ အသိဥာဏ် ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် တီထွင်ဖန်တီးမှုများ ပြုလုပ်ခြင်း၊ နည်းပညာများ တိုးချဲ့ခြင်းနှင့် ထုတ်ကုန် ပစ္စည်းများ ဆန်းသစ်တီထွင်ထုတ်လုပ်ခြင်းစသည်တို့ကို တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါ တီထွင်ဖန်တီးမှု များသည် အင်တဲ့လ်လိုဂို၏ အောင်မြင်မှု သက်သေများပင်ဖြစ်ပါသည်။
အင်တဲ့လ် အမှတ်တံဆိပ်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်အမှတ် ၄/၃၃၉၉/၁၉၉၈ အရ စတင်မှတ်ပုံတင်သွင်းထားပြီး အများသိစေရန် သတိပေးကြေညာချက်ကို သတင်းစာတွင် ၅/၁၀/၁၉၉၈ ခုနှစ်၌ စတင်ထည့်သွင်း ကြေညာခဲ့ပြီး၊ နောက်ပိုင်းတွင် မှတ်ပုံတင်အမှတ် ၄/၃၈၁၄/၂၀၀၀၊ ၄/၁၀၆၈/၂၀၀၂ နှင့် ၄/၇၇၆၅/၂၀၀၅ များအရ အသစ်တစ်ဖန် မှတ်ပုံတင်သွင်းမှုများ ဆက်တိုက် ပြုလုပ် ထားပြီး အများသိစေရန် ကြေညာချက်ကို ၂၅/၁/၂၀၀၇ တွင် နောက်ဆုံးကြေညာထားကြောင်း လေ့လာတင်ပြ လိုက်ပါသည်။

Data Storage အကြောင်း

1. Data Storage ၁၉၅၆ လောက်က IBM ကုမ္ပဏီကနေ RAMAC 305 ဆိုတဲ့ ကွန်ပျူတာကြီးကို ထွင်တယ်။ ဟာ့ဒ်ဒစ်သုံးတဲ့ ပထမဦးဆုံး ကွန်ပျူတာလို့ ပြောနိုင်တယ်။ အလေးချိန်က တစ်တန်ကျော်လောက် ရှိတယ်။ ၂၄ လက်မ disk ပေါင်း ၅၀ ချပ်လောက်နဲ့ run ရတယ်။ မတ်တပ်ဗီရိုကြီး တစ်လုံးစာလောက် ထောင်ထားတဲ့ ကွန်ပျူတာနဲ့ ဒီခေတ်နှိုင်းယှဉ် လိုက်ရင် ကလေးကစားစရာလောက် ဖြစ်သွားမယ်။ အဲဒီ disk တွေပေါ်မှာ မောင်းတံ (arm) နှစ်ခုစီရှိပြီး မှတ်တမ်း တင်ထားတဲ့ track တွေကို လိုက်ပြီး ဖတ်ပေး၊ ရှာပေးတယ်။ အားလုံး စက်တစ်လုံးကို မောင်းနှင်ရ သလိုမျိုး မောင်းနှင်ပေးရတယ်။ စုစုပေါင်း အဲဒီ ကွန်ပျူတာကြီးထဲမှာ သိုလှောင် (storage) လုပ်နိုင်တဲ့ ပမာဏဟာ 7-bit character ပေါင်း လုံးရေ ၅ သန်း၊ ပမာဏအားဖြင့် တွက်ရင် (4.4 MB) လောက်ပဲရှိတယ်။

၁၉၆၂ ခုနှစ်လောက်ရောက်လာတော့ IBM ကပဲ IBM 1311 ကို ထပ်ထုတ်တယ်။ ဒီတစ်ခါ storage လုပ်တဲ့ disk တွေကို ပြောင်းရွှေ့ ထုတ်သွင်းလို့ ရလာပြီ။ အဲဒီ disk ပြားတစ်ပြားကို character ပေါင်း ၂ သန်းလောက် သိမ်းထားနိုင်တယ်။ ကိုယ်သုံးချင်တဲ့ application တွေကို သီးခြား disk တစ်ချပ်ချင်းစီမှာ သိမ်းထားနိုင်တဲ့ အဆင့်ကို ရောက်လာတယ်။
ထရန်စစ္စတာ နည်းပညာက ယခင်မီးလုံးကြီးတွေ (vacuum tube) နည်းပညာနေရာကို အစားထိုးလိုက်တယ်။ ကွန်ပျူတာဟာ့ဒ်ဝဲ အပိုင်းကို ထရန်စစ္စတာတွေနဲ့ လျှော့ချလို့ ရလာတော့ အရွယ်အစားလည်း လိုက်သေးလာ တယ်။ ဈေးလည်း သက်သာလာတယ်။

IBM 3330 ကွန်ပျူတာ ၁၉၇၁ ခုနှစ် ထွက်လာတယ်။ Disk တွေကို ပြောင်းထုတ်နိုင်ပြီး တစ်ချပ်ကို 100 MB လောက် ၀င်ဆန့်လာတယ်။ ၁၉၇၃ ခုနှစ်ထုတ် ကွန်ပျူတာမှာ disk တစ်ချပ်ကို 200 MB လောက် သိမ်းနိုင် နေပြီ။ သိမ်းချိန် access ကလည်း 30 ms နဲ့ data transfer နှုန်းက 800 kb/s ရလာတယ်။

၁၉၇၁ ခုနှစ်မှာ floppy disk တွေ ပေါ်လာတယ်။ Data သိုလှောင်တဲ့အပိုင်း မှာတော့ တော်လှန်ပြောင်းလဲလိုက်တဲ့ နည်းပညာတစ်ခုလို့ ပြောနိုင်တယ်။ သေးပြီး အိပ်ဆောင်၊ ခရီးဆောင် လုပ်လို့ရတဲ့ အဆင့် ဖြစ်လာတယ်။ အစောပိုင်းထုတ် floppy disk က ၈ လက်မလောက်ရှိတယ်။ နောက်မှ ၅ လက်မခွဲအရွယ်တွေ ၁၉၇၀ နှစ်ပိုင်း လောက်မှာ ထွက်လာတယ်။ ၃ လက်မခွဲ အရွယ်တွေက ၁၉၈၀ နှစ်ပိုင်းလောက်မှ ရောက်လာ တာ။

IBM 3380 ကွန်ပျူတာ ၁၉၈၀ လောက်မှာ ထွက်လာတယ်။ အဲဒီ မိန်းဖရိန်ကျတော့ drive ၈ ခု လောက်ပဲ ပါတော့တယ်။ တစ်ခုကို 2.5 GB လောက် သိမ်းနိုင်တယ်။ Drive တွေမှာ high-performance ကို ရတဲ့ cache memory တွေ ထည့်လာနိုင်ပြီး transfer speed က 3MB/s လောက်ဖြစ်လာတယ်။ ကွန်ပျူတာတွေရဲ့ အရွယ် အစားကလည်း ရေခဲသေတ္တာလောက် ဖြစ်လာပြီး အလေးချိန် ၅၅၀ ပေါင် (၂၅၀ ကီလိုဂရမ်) လောက်ပဲ လေး တော့တယ်။ ဈေးနှုန်းအနေနဲ့ကြည့်ရင် ဒေါ်လာ ၆၄၈,၀၀၀ ကနေ ၁,၁၃၆,၀၀၀ လောက်အထိပဲ ရှိတော့တယ်။

၁၉၈၀ နှစ်ပိုင်းလောက်မှ အိမ်သုံးကွန်ပျူတာတွေ ပေါ်လာတာ။ အရွယ်သေးသေး၊ ဈေးသက်သက်သာသာ၊ disk-drive တွေကလည်း ဈေးကွက်မှာ ၀ယ်နိုင်တဲ့ အနေအထား ရောက်လာတယ်။ ပထမဦးဆုံး သိုလှောင် ဟာ့ဒ်ဒစ်ပမာဏကို အိမ်သုံးမှာ 5MB လောက်ပဲ ရသေးတယ်။ ၁၉၉၀ လောက်ကျမှ 100 MB လောက်အထိ သုံးလာနိုင်တယ်။

၁၉၉၀ နောက်ပိုင်းမှာ data storage အပိုင်း အံ့သြလောက်အောင် တက်လာတယ်။ Floppy disk တွေ နေရာမှာ CD-ROM တွေ နေရာယူလာတယ်။ CD-ROM တွေ ခေတ်မှိန်ပြီး DVD-ROM တွေ ထပ်ထွက်ပြန်တယ်။ နောက်ထပ် Blu-ray တွေ ထပ်ထွက်တယ်။ အိမ်သုံး PC တွေမှာ 100 GB လောက်ဆိုတာ သာမန်သုံးလောက် ဖြစ်လာတယ်။ ၂၀၀၅ လောက်ကတည်းက ပြောင်းလဲလာတာပါ။ ၂၀၁၀ ကျပြန်တော့ 1 terabyte (1 TB) လောက် ရောက်လာတယ်။

၂၀၀၀ ပြည့်နှစ်ပိုင်းလောက်မှာ SD (Secure Digital) ကတ်တွေ ထွက်လာပြီ။ အရွယ်အစားကလည်း လက်မ လက်သည်းခွံလောက်ပဲ ရှိတော့တယ်။ ဒစ်ဂျစ်တယ် ကင်မရာ၊ ဖုန်း၊ MP3 player တွေအပြင် အခြား လက်ကိုင် သုံးပစ္စည်း အတော်များများမှာ ထည့်သုံးနိုင်လာတယ်။

နောက်ပိုင်း Micro-SD ကတ်တွေ ပေါ်လာတယ်။ လက်သည်းခွံထက်တောင် သေးသွားသေးတယ်။ ၂၀၁၀ လောက်မှာ ဒေတာတွေကို 32 GB လောက် သိမ်းနိုင်တယ်။ အရွယ်အစားကလည်း 11 x 15 mm လောက်အထိ ကျုံ့ သွားတယ်။ အလေးချိန်က ၀.၅ ဂရမ်နဲ့ ဒေါ်လာ ၁၀၀ လောက်ပေးရင် ရနိုင်တယ်။
ကဲ... ကျွန်တော်တို့ နောက်အနာဂတ်ကို မှန်းကြည့်လိုက်စမ်းမယ်။ နောက် နှစ်ပေါင်း ၃၀ အကွာလောက်ကိုပဲ မှန်းမှာပါ။ ယခုလက်ရှိ ကတ်တွေထက် အဆ ၃ သန်းလောက် ပိုသေးပြီး၊ အဆ တစ်သောင်းလောက် ပိုဈေးပေါတဲ့ ပစ္စည်းတွေ ထွက်မလာဘူးလို့ မပြောနိုင်ပါဘူး။ လူတွေက အစအစအရာရာ စိတ်ဓာတ်က အစ ကျုံ့ နေကြတာ မဟုတ်လား။

အနာဂတ်မှာ ကွန်ပျူတာနဲ့ ပတ်သက်ပြီး သိုလှောင်နိုင်စွမ်းတွေဟာ ထပ်ညွှန်းကိန်းတွေနဲ့ ယှဉ်ပြလို့ရအောင် အဆတွေ တိုးလာမှာ သေချာတယ်။ မကြာပါဘူး။ နောက်ထပ် ရာစုတစ်ဝက်လောက်ပဲ စောင့်ရတော့မှာပါ။ လူတွေက ပစ္စည်းတွေကို သေးအောင်ချုံ့ ပြီး စွမ်းအားတွေကို အဆတိုးအောင် လုပ်လာကြမှာလည်း သေချာ တယ်။ ကာဗွန်နာနိုကျု ဆိုတဲ့ နည်းပညာက အစိတ်အပိုင်းတွေကို atom-by-atom စီစဉ်လာနိုင်ပြီ ဆိုတော့ ဆန်စေ့လေး တစ်စေ့လောက်နဲ့လည်း အစွမ်းထက်မှာ သေချာတယ်။

လူ့ဦးနှောက်မှာ မှတ်ဥာဏ်သိမ်းဆည်းနိုင်စွမ်းဟာ သုံညနဲ့ တစ်ဆယ်ကြား သူ့ အကန့်အသတ်နဲ့ သူ ရှိနေတယ်။ အကြမ်းဖျင်း ပြောရရင် 3 terabytes လောက် သိမ်းဆည်းနိုင်စွမ်း ရှိတယ်လို့ ဆိုတယ်။ နောက်ပိုင်း ဟာ့ဒစ်တွေ ကိုလည်း အဲဒီ ပမာဏအတိုင်းရအောင် တီထွင်လာနေကြတာ တွေ့ ရတယ်။

၂၀၁၁၁ မှာ 128 GB micro-SD ကတ်တွေ ထုတ်တော့မယ်။ သူ့ရဲ့ pipeline က 2 TB လောက်အထိ ထုတ်ဖို့ လည်း မဖြစ်နိုင်စရာအကြောင်း မရှိဘူး။

၂၀၂၀ မကုန်မီမှာ မိုက်ခရို SD ကတ်တွေဟာ လူ့ဦးနှောက်က သိမ်းဆည်းဝင်ဆန့်နိုင်တဲ့ ပမာဏအတိုင်းလောက် ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

၂၀၃၀ လောက်ရောက်ရင် မိုက်ခရို SD ကတ်တွေမှာ လူသား ဦးနှောက်ပေါင်း ၂၀,၀၀၀ လောက်နီးပါး သိုလှောင်နိုင်စွမ်းတဲ့ မှတ်ဥာဏ်မျိုးကို ရလာလိမ့်မယ်။

၂၀၄၃ လောက်ကျရင် မိုက်ခရို SD ကတ်တွေမှာ 500 billion gigabytes လောက် သိမ်းဆည်းလာနိုင်ပြီး ၂၀၀၉ ခုနှစ်က အင်တာနက်မှာ သိမ်းဆည်းနိုင်တဲ့ ပမာဏစွမ်းအားလောက်ကို ရလာလိမ့်မယ်။

၂၀၅၀ လောက်ကျရင် လူသားဦးနှောက် သိမ်းဆည်းနိုင်တဲ့ ပမာဏရဲ့  သုံးဆလောက်ကို မိုက်ခရို SD ကတ်တွေ က သိမ်းဆည်းနိုင်လိမ့်မယ်။

အင်တာနက် သုံးစွဲသူပေါင်း
၂၀၂၀ လောက်ကျရင် အင်တာနက် သုံးစွဲသူပေါင်း 5 billion လောက် ရှိလာလိမ့်မယ်။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ လူဦးရေ ခန့်လောက်ကို ရှိလာတာ။ ၂၀၁၀ မှာ ၁.၇ ဘီလီယံလောက်ရှိလာပြီး ၂၀၀၀ ပြည့်နှစ်ကမှ သန်း ၃၆၀ လောက်ပဲ ရှိသေးတာနဲ့ နှိုင်းယှဉ် ကြည့်နိုင်တယ်။

ဖွံ့ ဖြိုးဆဲ နိုင်ငံတွေမှာပါ အင်တာနက်ကို သုံးစွဲခွင့် ရလာတဲ့အပြင် ဈေးနှုန်းကလည်း သက်သာ၊ နည်းပညာ ကလည်း အစွမ်းထက်လာတာကြောင့် သုံးစွဲသူဦးရေ တိုးနေဦးမှာ သေချာတယ်။ နောက်ပိုင်း laptop တစ်လုံးကို ၁၀ ဒေါ်လာလောက်နဲ့ ၀ယ်သုံးနိုင်တဲ့ခေတ် ရောက်လာလိမ့်မယ်။ Mobile broadband ကိုပဲ လူတွေ သုံးလာကြ မှာဆိုတော့ ကြိုးရှုပ်တဲ့ခေတ် ဖြစ်စရာ မလိုတော့ဘူး။ ကမ္ဘာမှာ အင်တာနက် မရှိတဲ့နေရာ၊ မသုံးနိုင်တဲ့နေရာ မရှိ အောင် ကမ္ဘာကြီးက ဖွံ့ ဖြိုးတိုးတက်လာပါလိမ့်မယ်။ ရုပ်ပတ်ဝန်းကျင် ဖွံ့ ဖြိုးတိုးတက်လာသလို စိတ်ဓာတ် တွေလည်း ဖွံ့ ဖြိုးတိုးတက်လာဖို့ မျှော်လင့်မိပါတယ်။

Monday, July 25, 2011

သတင်းအချက်အလက်ဆိုင်ရာလုံခြုံမူ့များ

အချက်အလက်ပိုင်းဆိုင်ရာအန္တရာယ်မရှိအောင်ပြုခြင်းဆိုသည်မှာ အချက်အလက်များ နှင့် ယင်းတို့ကို ထောက်ပံ့ပေးသော တည်ဆောက်မှု အစိတ်ပိုင်းငယ်များကို မည်သည့်ဖြစ်ရပ်မျိုး၊ မနှစ်မြို့ဖွယ် တိုက်ခိုက်ထိုးနှက်မှုမျိုးများမှု ကာကွယ်ခြင်းပင်ဖြစ်သည်။ ၄င်းတိုက်ခိုက်မှုများသည် အဓိကအချက်အလက်များ သာမက ယင်းတို့ကို ကိုင်တွယ်ထားသော၊ ယင်းတို့ကို အထောက်အပံ့ပြုသော အပိုင်းငယ်များကိုပါ ပျက်စီးစေသည်။ အချက်အလက်ပိုင်းဆိုင်ရာ လုံခြုံမှု စီမံချက်များသည် ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းစေရုံမက ယင်းထိုးနှက်မှုများကိုပါ ကြိုတင်ခန့်မှန်း ကာကွယ်နိုင်ခြင်းများကိုပါ ပြုလုပ်နိုင်ပေသည်။

သတင်းအချက်အလက် လုံခြုံမှုကို ဘယ်အရာတွေက ခြိမ်းခြောက်နေသလဲ။
အချက်အလက်များ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သော လုပ်ရပ်များကို အပိုင်းအနည်းငယ် ခွဲခြားနိုင်ပါသည်။

၁။ မိမိကိုယ်တိုင် အသုံးပြုမှုများကြောင့် ဖြစ်လာသော ဖြစ်ရပ်များ
ယင်းတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။
  1. - server သို့မဟုတ် desktop station တစ်ခုခုမှ အချက်အလက်များကို ရည်ရွယ်ချက်ဖြင့် ခိုးယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊
  2. - မိမိ သို့မဟုတ် အခြားအသုံးပြုသူတစ်ဦးတစ်ယောက်က ဂရုမစိုက်စွာ ပြုမူသုံးစွဲသောကြောင့် ဖြစ်သော ပျက်စီး ဆုံးရှုံးမှုများ။
၂။ Hackers များပြုလုပ်ထားသော အီလက်ထရွန်းနစ် နည်းလမ်းများ
ဟက်ကာဆိုရာတွင် ကွန်ပျူတာ နည်းဥပဒေဆိုင်ရာ ရာဇဝတ်မှုများကို အသက်မွေးဝမ်းကျောင်း တစ်ခုကဲ့သို့ (တမင်ရည်ရွယ်ကာ လုံးဝတိုက်ခိုက်ထိုးနှက်မှုများ) ပြုလုပ်ကျူးလွန်နေသူများသာမက သာမန်ရိုးရိုး စူးစမ်းစပ်စုကာ လက်တည့်စမ်းသူများပါ ပါဝင်ပေသည်။ ယင်းတို့ပြုလုပ်သော နည်းများတွင်
  1. - ကွန်ပျူတာကွန်ယက်များကို ခွင့်ပြုချက်မရှိဘဲ ထိုးဖောက်တိုက်ခိုက်ခြင်းများ
  2. - DOS-attack သုံးပြီး တိုက်ခိုက်ခြင်းများ ပါဝင်သည်။လုပ်ငန်းများဆိုင်ရာ ကွန်ယက်တစ်ခုကို အခွင့်မရှိဘဲ ထိုးဖောက်တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်တွေကတော့ အန္တရာယ်ပြုလိုခြင်း (အချက်အလက်များကို ဖျက်ဆီးပစ်ခြင်း)၊ အဓိက အရေးကြီးတဲ့ အချက်အလက်များကို ခိုးယူလိုခြင်း နှင့် ယင်းတို့ကို ဥပဒေမဲ့စွာ သုံးလိုခြင်း၊ အခြားစက်ရုံကုမ္ပဏီများ၏ ဆုံချက်ကို တိုက်ခိုက်ရန် ယင်းတို့၏ကွန်ယက်အစိတ်အပိုင်းများကို အသုံးပြုလိုခြင်း၊ လိုအပ်သော ငွေကြေးနှင့် အခြားအရာများကို အခြားစက်ရုံများ၏ sever များ၊ အကောင့်များမှ ခိုးယူခြင်း စသည်တို့ ဖြစ်ပါသည်။
DOS ဖြင့်တိုက်ခိုက်ခြင်း (Denial of Service - ဝန်ဆောင်မှုကိုငြင်းဆန်ခြင်း) ဆိုတာ ဖိုင်တွေ၊ အီးမေးလ်ဆာဗာတွေ အတွက် အန္တရာယ်ကင်းပြီး ထိရောက်မှုရှိစေဖို့ ဆောင်ရွက်ပေးတဲ့ လုပ်ငန်းဆောင်တာတွေ ကွန်ယက်ဆုံချက်တွေကို တိုက်ခိုက်တဲ့ ပြင်ပတိုက်ခိုက်မှု တစ်မျိုးဖြစ်ပါတယ်။ အကောက်ကြံသူတွေဟာ ၄င်းဆုံချက်နေရာတွေကို အချက်အလက်များစွာ ပါဝင်တဲ့ ဖိုင်၊ ဖော်လ်ဒါ ပေးပို့ခြင်းအများအပြားပြုလုပ်ကြပါတယ်။ သို့မှသာ ထိုကွန်ယက်ဆုံချက်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ လုပ်ငန်းစဉ်တာတွေ ချွတ်ချော်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့.. ထုံးစံအတိုင်းပဲပေါ့။ သားကောင်ကုမ္ပဏီတွေရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု အစီစဉ်တွေပျက်စီးကုန်တယ်။ ဖောက်သည်တွေ ဆုံးရှုံးတယ်။ ဂုဏ်သတင်းတွေ ကျဆုံးကုန်တယ်။ စသဖြင့် မမျှော်မှန်းနိုင်တဲ့ ပျက်စီးဆုံးရူံးမှုတွေလည်း ကြုံရနိုင်ပါတယ်။

၃။ ကွန်ပျူတာ ဗိုင်းရပ်စ်များ

သီးသန့်အပိုင်းတစ်ခုအနေနဲ့ အီလက်ထရွန်းနစ်ဆိုင်ရာ ထိုးနှက်ခြင်းတစ်ခုကတော့ ကွန်ပျူတာဗိုင်းရပ်တွေနဲ့ အခြား အန္တရာယ်ပြုနိုင်တဲ့ ပရိုဂရမ်တွေဖြစ်ပါတယ်။ အဲဒါတွေကတော့ ကွန်ပျူတာကွန်ယက်တွေ၊ အင်တာနက်နဲ့ အီးမေးလ်တွေကို ကျယ်ပြန့်စွာသုံးနေတယ့် ခေတ်မီ စီးပွားရေးလုပ်ငန်းတွေအတွက် တကယ့်အန္တရာယ်ပါပဲ။ ပေါင်းစည်းကွန်ယက်တစ်ခုမှာ ဗိုင်းရပ်စ်ပေါ်လာပြီးနောက် အကျိုးဆက်ကတော့ ယင်းကွန်ယက်ရဲ့ လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုများ ပျက်စီးစေနိုင်ခြင်း၊ အလုပ်ချိန် နှောင့်နှေးသွားခြင်း၊ အချက်အလက်အချို့ ပျောက်ဆုံးသွားခြင်း၊ အရေးကြီးသော အချက်အလက်များ အခိုးခံရခြင်းတို့ပင်။ ဒါ့အပြင် ငွေကြေးဆိုင်ရာ အချက်အလက်၊ အကြောင်းအရာများကို ခိုးယူခြင်းဆီသို့ပင် ဦးတည်သွားနိုင်ပေရုံသာမက မိမိ၏ ကွန်ယက်တစ်ခုလုံးကိုပါပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်။ အဖွဲ့အစည်းကွန်ယက်ဆီသို့ အဓမ္မ ဦးတည် ထိုးဖောက်နေသော ဗိုင်းရပ်စ် ပရိုဂရမ်တစ်ခုဟာ အကောက်ကြံသူတစ်ယောက်အတွက် ကုမ္ပဏီရဲ့လုပ်ငန်းဆောင်တာတွေအပေါ်မှာ တစ်စိတ်တစ်ပိုင်းဖြစ်စေ အပြည့်အဝဖြစ်စေ ချုပ်ကိုင်နိုင်ဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

၎။ Spam များ

နှစ်အနည်းငယ်အတွင်းမှာ စပဲမ်းဟာ မပြောပလောက်တဲ့ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အချက်တစ်ခုအနေကနေ လုံခြုံမှုကို အပြင်းအထန်ခြိမ်းခြောက်လာတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။
  1. - အီးမေးလ်ဟာ နောက်ဆုံးအချိန်မှာ အန္တရာယ်ပြုနိုင်တဲ့ ပရိုဂရမ်တွေကို ဖြန်းဖြူးရာ အဓိက နေရာဖြစ်လာပါတယ်။
  2. - စပဲမ်းကြောင့် အကြောင်းကြားစာများကို ကြည့်ရန်နှင့် ယင်းနောက် ၄င်းတို့ကို ဖျက်ပစ်ရန် အချိန်များစွာယူရခြင်း စသည်တို့ကြောင့် လုပ်ငန်းလုပ်ဆောင်သူများကြား စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုများဖြစ်ပေါ်စေပါသည်။
  3. - တစ်သီးပုဂ္ဂလလူများရော အဖွဲအစည်းနှင့်လုပ်ဆောင်သူများပါ စပဲမ်းပြုလုပ်သူများ၏ လှည့်ဖြားမှုစနစ်မှာ သားကောင်များ ဖြစ်လာရပါတယ်။
  4. - စပဲမ်းတွေကြောင့် အရေးပါတဲ့ သတင်းအချက်အလက်များ၊ လတ်တလောလုပ်ဆောင်နေသော အရာများစွာ မကြာခဏ ပျက်စီးနေပါတယ်။ ယင်းအခြေအနေများကြောင့် မိမိကုမ္ပဏီ၏ အရေးကြီး မိတ်ဆွေများ၊ customers များ၏ ယုံကြည်မှုများ၊ သဘောတူညီမှုများ ဆုံးရှုံးရခြင်း၊ အခြား မနှစ်မြို့ဖွယ် အကျိုးဆက်များဖြစ်ပေါ်လာခြင်းပင်။ အဆင်ပြေမှုများ နှင့် လိုက်လျောညီထွေမှုများ ဆုံးရှုံုးခြင်းတွေဟာ အထူးသဖြင့် စာရင်းမည်း (Realtime Black List) နဲ့ အားနည်းချက်များရှိသော အခြား စပဲမ်းစစ်နည်းလမ်းများ (weak Spam Filters) သုံးခြင်းကြောင့် ဖြစ်လာရသည်။

၅။ သဘာဝ ပြင်ပ အန္တရာယ်များ
ကုမ္ပဏီတွေရဲ့ သတင်းအချက်အလက် လုံခြုံမှုတွေအပေါ်မှာ အမျိုးမျိုးသော ပြင်ပ အချက်များဟာလည်း လွှမ်းမိုးမှု ရှိပါတယ်။ ကွန်ပျူတာများ၊ အချက်အလက်သယ် ပစ္စည်းများကို မှန်ကန် လုံခြုံသော ထိန်းသိမ်းမှုမရှိခြင်း၊ ယင်းတို့ အခိုးခံရခြင်း၊ အန္တရာယ်ကို မလွှဲသာ မရှောင်သာသော အခြေအနေများဖြင့် ကြုံရခြင်း အစရှိသည်တို့ဟာ အချက်အလက်များ ဆုံရှုံးခြင်းရဲ့ အဓိက အကြောင်းခံတွေပဲ ဖြစ်ပါတယ်။

Cyberwidows (ကွန်ပျူတာမုဆိုးမများ)

စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုးရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ပိုပြီးသိမ့်မွေ့ပါတယ် ။ Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမဆုံး လက္ခဏာ တွေကတော့ …


၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။
၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။
၃ ။ ကိုယ်ပတ်ဝန်းကျင်ကလူမှုရေး ကိစ္စ တွေကိုလျစ်လျူရှုထားမယ် ။ ဥပမာ မိဘညီိကိုမောင်နှမတွေ ဘာတွေပဲပြောနေပါစေ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့ ။
၎ ။ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဂရုမစိုက်တော့ပဲ ဖြစ်သလိုနေထိုင်လာမယ် ။
၅။ ကိုယ့်မေးဘောက်စ်ထဲမှာ မေးလ်ဝင်မလာသေးသည့်တိုင်အောင် ဝင်လာမဲ့မေးလ်ကို စောင့်နေလိမ့်မယ်။
၆ ။ Roll Playing Game တွေကို ကစားရင်း အွန်လိုင်းမှာ ရန်ဖြစ်ဖူးတဲ့ လူတွေကို အပြင်မှာ တကယ့်ရန်သူအဖြစ် ထင်မြင်လာမယ် ။

စတဲ့ အချက်တွေ ဖြစ်လာပီဆိုရင် အဲဒီလူတစ်ယောက်ဟာ Netaholic ဖြစ်လာနိုင်မဲ့အလားအလာပါပဲ ။ နောက်ပိုင်းမှာ ဒီထက်ဆိုးဝါလာရင်တော့ အင်တာနက်သာပထမ ၊ အင်တာနက်သာ ဒုတိယ ဖြစ်လာပြီး အင်တာနက်မရှိရင် အသက်မရှင်ချင်တော့ဘူး အထိဖြစ်လာနိုင်ပါတယ် ။
Cyberwidows (ကွန်ပျူတာမုဆိုးမများ)

Cyberwidows သို့မဟုတ် Computer widows ဆိုတာကတော့ ကိုယ်ရဲ့ အိမ်ထောင်ဖက် (ယောကျာ်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ်) က Netaholic တစ်ယောက်ဖြစ်နေ ပီး NetGame တွေဆော့လိုက် ၊ နက်ထဲက Information တွေအငမ်းမရရှာဖွေလိုက် ၊အင်တာနက်ထဲက ကိုယ်နဲ့ မသိဖူး တဲ့ လူပေါင်းများစွာနဲ့ ချက်တင် တက် စကားပြောရင်း အချိန်တွေကုန် မိသားစု အတွက် ၊ ကိုယ့်သားသမီးတွေ အတွက် ဘာမှစိတ်မဝင်စားနိုင်တော့အတွက် အိမ်ထောင်ရဲ့ဒုက္ခ သုက္ခ တွေကို ရင်စီး ခံကြရရှာတဲ့ အိမ်ထောင်ရှင်များကို ခေါ် တာပါ ။ သိပ္ပံပညာရှင်တွေ ၊ စိတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ အင်တာနက်စွဲလမ်းမှု ပြသနာဟာ နောက်အနာဂါတ်မှာ စိတ်ရောဂါတွေထဲမှာ နံပါတ် ၁ အနေအထား ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့်ဖွင့်ဖြိုးပီး နိုင်ငံ များမှာတော့ Netaholic နဲ့ Cyberwidows ပြသနာများကိုဖြေရှင်းနိုင်ဖို့ Online Cilinic တွေ ဖွင့်လှစ်လာကြပါတယ် ။အင်တာနက်နဲ့ပက်သက်ပီး စိတ်ရောဂါဖြစ်နေတဲ့လူတွေကို အွန်လိုင်းဒေါက်တာတွေနဲ့ပဲ ကုနိုင်မယ်ဆိုတဲ့ အတွေးခေါ်နဲ့ပါ ။ ကျွန်တော် တို့ ဆီမှာ ဒီပြသနာတွေ ထင်ထင်ရှားရှား လူသိမများသေးပေမဲ့ အင်တာနက်စွဲလမ်းသူ များလာတာနဲ့အမျှ ပက်သက်ဆက်နွှယ်ရာ ပတ်ဝန်းကျင်ကိုပါ ဒုက္ခတွေများလာနိုင်တာကြောင့် ညောင်သီးလည်းစား လေးသံလည်းနားထောင်ရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ …………..။ ( ကိုရုပ်ဆိုး သီးကုံးသည်။)

အင်တာနက်ကွန်နက်၇ှင်များအကြောင်းပါဗျာ

ဆိုဒ်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအတွက် ရောက်ပြန်မဖြစ်ရလေအောင် စာဖတ်သူများ အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေ ကြိုးစားဝေမျှပေးလိုက်ပါတယ်။ ဒီအကြောင်းအရာလေး ကတော့ လက်ရှိမြန်မာပြည်မှာ အသုံးပြူနေကြတဲ့ အင်တာနက်ကွန်နက်ရှင် များအကြောင်းပါ။ ဒီအကြောင်းကို မြန်မာမိသားစုဖိုရမ်မှ ကိုပိုးကောင်လေး ရေးသားထားတာပါ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဖတ်ရတာ အရသာမပျက်အောင် မူလအတိုင်းဝေမျှလိုက်ပါတယ်။

အားလုံးအတွက် ဗဟုသုတရအောင် နဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Internet Connection တွေအကြောင်းကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ဒီပို့စ်လေးကိုရေးဖြစ်တာပါ။ အားလုံးလဲ သိပြီးသား ဖြစ်ချင်လဲဖြစ်မှာပါ။ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection က ဘာအမျိုးအစားတွေရှိတယ်။ ဘယ်လိုမျိုးအသုံးပြုနိုင်တယ် ဆိုတဲ့ ဗဟုသုတလေး ဖြစ်ဖြစ်ရအောင်ပါ။ Internet Connection တွေအကြောင်းကိုလဲ တစ်နေရာတည်းမှာ ဗဟုသုတအနေနဲ့ ဖတ်လို့ရအောင် ပုံလေးတွေ၊ စာလေးတွေနဲ့ တတ်နိုင်သလောက် အသေးစိတ်လေး ဖော်ပြပေးထားပါတယ်။ မှားနေတဲ့အချက်အလက်တွေ၊ နဲ့အခြားကြည့်မရတဲ့ အချက်အလက်တွေရှိရင် နားလည် ခွင့်လွှတ်ပြီးတော့ သည်းခံပေးကြပါခင်ဗျာ။ (ဒါကတော့ နိဒါန်းပေါ့ဗျာ။ . . . . )


မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များထဲမှ လူသိများပြီးတော့၊ အထင်ရှားဆုံးဖြစ်နေတဲ့ Connection အမျိုးအစားတွေကို ပြောပြပေးမယ်။ ပထမဆုံးအနေနဲ့ အသုံးပြုမည့်သူတွေဟာ Internet Connection အသုံးပြုတော့မယ်ဆိုရင် မိမိတို့ဘာအတွက် Internet Connection ကိုအသုံးပြုမှာလဲ ဆိုတာကိုအရင်ဆုံးစဉ်းစားရပါမယ်။ ဥပမာ - Website တွေကြည့်မယ်၊ Data တွေကို Download; Upload လုပ်မယ် (ဒေါင်းမယ်၊ တင်မယ်ဆိုတဲ့နေရာမှာ အနည်းငယ်လောက်ပဲရှိတဲ့ ဖိုင်ဆိုဒ်အမျိုးအစားကိုဆိုလိုတာ ပါခင်ဗျာ။) ချက်တင်းလုပ်မယ်၊ မေလ်းပို့မယ်၊ ကွန်နက်ရှင်ကောင်းရင် စကားပြောမယ်ဆိုရင်တော့ Dial Up Connection ကိုအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အခြားလုပ်ဆောင်ချက်တွေကော၊ ကွန်ပြူတာကိုတစ်လုံးမက ၅လုံးလောက်ကို Sharing လုပ်ပြီးသုံးမယ်ဆိုရင်တော့ Broadband Connection အမျိုးအစားထဲက တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Company; Office နဲ့အခြား Hotel; University တွေမှာဆိုရင်တော့ ADSL Connection ကို Speed နည်းတဲ့ဟာမျိုး၊ မိမိတို့Company အလိုက်ဘယ်လိုမျိုးသုံးရင် ပိုအဆင်ပြေမလဲဆိုတာကို သေချာစဉ်းစာပြီးတော့ Internet Connection အမျိုးအစားတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ အောက်မှာ Internet Connection အမျိုးအစားတွေဖြစ်ပါတယ်။

1. Dial Up Connection (Dialup Connection မှာနောက်တစ်မျိုး Internet & E-mail Dial up Service ဆိုတာလဲရှိပါတယ်။)
2.iPSTAR Connection
3. Broadband Wireless Local Loop (WLL Connection လို့ခေါ်သလို၊ Broadband connection လိုလဲခေါ်ပါတယ်။)
4. ADSL (Asynchronous Digital Subscriber Line) Broad Band Connection
5. ADSL (Asynchronous Digital Subscriber Line) 2 Broadband Connection
6. ADSL 2+ (Asynchronous Digital Subscriber Line) )Broadband Connection
7. WiMAX (Worldwide Interoperability for Microwave Access) Connection
8. Wi-Fi Wireless Connection တို့ဖြစ်ပါတယ်။

အပေါ်က Internet Connection အမျိုးအစားအားလုံးကို မြန်မာ့ဆက်သွယ်ရေး (MPT: Ministry of Post and Telecommunication) နဲ့ Bagan Net တို့ကနေ ISP (Internet Service Provider) အဖြစ်အသုံးပြုနေတာ ဖြစ်ပါတယ်။ အောက်မှာ တစ်ခုချင်းစီရဲ့ အသုံးပြုပုံနဲ့ အခြား သိသင့်တာတွေ ဆက်ဖတ်ကြည့်ရအောင်။

1. Dial Up Connection
Dial Up Connection ကိုအသုံးပြုမယ်ဆိုရင် စရိတ်အသက်သာဆုံးနဲ့အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ ပထမဆုံးလိုအပ်တာတွေကတော့ Desktop Computer (သို့) Laptop; Phone Line; Modem and ISP (Internet Service Provider) တို့လိုအပ်ပါတယ်။ Operating System အနေနဲ့လဲ သိပ်အများကြီးမလိုအပ်ပါဘူး။ အဲဒါကြောင့် ကွန်ပြူတာအမျိုးအစား၊ Hard Disk Space; Memory ; OS ဘယ်အမျိုးအစားရယ်လို့ စိတ်ပူနေစရာမလိုပါဘူးခင်ဗျာ။ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာဒေသတွင်မဆို Computer; Digital Phone Line; Modem; Access Kit တို့ရှိပါက အချိန်မရွေးတပ်ဆင်အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။

Desktop Computer (or) Laptop နဲ့ Phone Line ရှိပြီဆိုတာနဲ့ Modem ကိုအရင်ဆုံးရှာရပါမယ်။ ဘာဖြစ်လို့ Modem လိုအပ်လဲဆိုရင်တော့ Computer ကနေနားလည်လက်ခံတဲ့ Digital Data တွေကို Analog data (အသံလိုမျိုး) အဖြစ်ပြောင်းပေးမယ့် ကြားခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ မိမိတို့ Modem ကနေ Analog data တွေကို ဖုန်းလိုင်းကနေတဆင့် အခြား Modem ကို ရောက်သွားမယ်။ ပြီးတော့အခြား Modem ကနေ မိမိတို့ကွန်ပြူတာတွေဆီကို Digital data အဖြစ်ပြန်လဲပေးပို့ပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ Modem ရဲ့ Speed ကိုတော့ Kbps (Kilo Bit Per Second)နဲ့သတ်မှတ်ပါတယ်။ Modem ပစ္စည်းဝယ်တိုင်း သူတို့ရဲ့ နံမည်အမျိုးအစားပြီးရင် Data ပို့လွှတ်နိုင်တဲ့ Speed (52Kbps; 56Kbps ဆိုပြီးတော့)ကို ဖော်ပြထားတတ်ကြပါတယ်။ Desktop မှာဆိုရင်တော့ Modem ကိုတပ်ဆင် အသုံးပြုရမှာဖြစ်ပါတယ်။ Modem ကတော့ အမျိုးအစားအနေနဲ့ Internal Modem နဲ့ External Modem ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ Internal Modem ကတော့ ကွန်ပြူတာအတွင်းထဲမှာ PCI Expansion Slot တစ်ခုထဲမှာထည့်ပြီးတော့အသုံးပြုနိုင်တဲ့ Board အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ External Modem ကတော့ ကွန်ပြူတာ ဘေးမှာပဲဖြစ်ဖြစ် တစ်နေရာရာမှာထားပြီးတော့ ပလပ်ထိုးပြီးတော့ အသုံးပြုရတဲ့ Box လေးနဲ့ဖြစ်ပါတယ်။ Internal Modem ထပ်နည်းနည်းဈေးကြီးပြီးတော့ Speed နည်းနည်းနေပါတယ်။ အများဆုံးကတော့ မျက်စိရှင်း သက်သာအောင် Internal Modem ကို အသုံးပြုပါတယ်။ Sharing လုပ်ပြီးသုံးချင်ရင်တော့ External Modem ကိုအသုံးပြုနိုင်ပါတယ်။ Modem Card ၀ယ်တဲ့အခါမှာပါလာတဲ့ Modem Driver ကို Install လုပ်ပြီးတော့ ကွန်ပြူတာတွင် Modem ကိုစတင်အသုံးပြုနိုင်မှာဖြစ် ပါတယ်။ Laptop မှာတော့ Modem ကို တစ်ပါတည်း ပါတတ်ကြပါတယ်။ Laptop Modem ကတော့ တစ်ခါတည်းပါဝင်နေလို့ Install လုပ်စရာမလိုပါဘူးခင်ဗျာ။ ရိုးရိုး Modem ထပ်အနည်းငယ် Speed လဲမြန်ပြီးတော့ ဖုန်းလိုင်းနဲ့ချိတ်ဆက် အသုံးပြုရင်လဲ အလွယ်တကူ ချိတ်ဆက် နိုင်ပါတယ်။

Phone Line အနေနဲ့ကတော့ Digital Phone Line ဖြစ်ရပါ့မယ်။ Dial Up Connection အသုံးပြုနေတဲ့ အချိန်မှာတော့ ဖုန်းကို အ၀င်၊ အထွက် အသုံးပြုလို့ရနိုင်မှာမဟုတ်ပါဘူး။ ဖုန်းလိုင်းနဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုနေတာဖြစ်လို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေမှာဆိုရင် အခက်အခဲအနည်းငယ်တော့ရှိနိုင်ပါတယ်။ မိမိတို့အိမ်ဖုန်းကနေတဆင့် အသုံးပြုရမှာဖြစ်လို့ ရုံးအဖွဲ့အစည်း၊ အင်တာနက်ဆိုင်နဲ့ အခြားဖုန်း အသုံးပြုမှုတွေများတဲ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာတော့ Connection Speed ကနှေးနေတတ်ပါတယ်။ ညပိုင်းနဲ့မနက်စောစော ဆိုရင်တော့ Modem Speed အတိုင်း Internet Connection Speed ကိုအပြည့်အ၀ ရနိုင်မှာဖြစ်ပါတယ်။

ISP (Internet Service Provider) အနေနဲ့ကတော့ Dial Up Connection အတွက် Bagan Net ကနေ ရောင်းချတဲ့ Access Kit ကို ၀ယ်ယူ ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Access Kit ကိုဝယ်ယူဖို့အတွက် လျှောက်လွှာတင်စရာမလိုပါဘူးခင်ဗျာ။ Access Kit မှာပါတဲ့ User Name နဲ့ Password ကိုရိုက်ထည့်ပြီးတော့ Internet Connection ကိုချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့အသုံးပြုချင်တဲ့ Access Kit အချိန်အမျိုးအစား (၁၅နာရီ၊ နာရီ ၃၀၊ နာရီ ၆၀) ကိုလိုက်ပြီးတော့ နီးစပ်ရာ Internet Café; Cyber နဲ့အခြားစတိုးဆိုင်များမှာ ၀ယ်ယူရရှိနိုင် ပါတယ်။ Access Kit ထဲမှာ User Name and Password တို့အပြင် မိမိတို့အသုံပြုနေတဲ့ Operating System အမျိုးအစားအလိုက် ဘယ်လိုချိတ်ဆက်အသုံးပြုရမယ် ဆိုတာကို ဖော်ပြပေးထားတဲ့ စာရွက်လေးလဲပါဝင်ပါတယ်။ အခုတော့ အောက်ကလင့်လေးကနေတဆင့် Dial Up Connection ချိတ်ဆက်မှုကို လေ့လာနိုင်ပါတယ်ခင်ဗျာ။

Start > Control Panel >Network Connection ကိုရောက်အောင်သွားပါ။ (သို့) Start > Connect to > Show all Connection ကနေလဲ တိုက်ရိုက်သွားနိုင်ပါတယ်။ ပြီးရင်တော့ Network Connections Box ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ Network Connection box ထဲမှ New Tasks အောက်ရှိ Create a New Connection ကိုနှိပ်ပါ။


အဲဒီနောက်မှာတော့ New Connection Wizard ဆိုတဲ့ Box လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။


1. Connect to the Internet ကို Green Iron bubble လုပ်ထားပေးပါ။ ပြီးရင် Next ကိုဆက်လုပ်ပါ။


2. “Set up my connection manually” ကို Green iron bubble ရွေးပေးပါ။ နောက်ပြီးရင်တော့ Next ကိုဆက်ပြီးတော့ Click ဆက်လုပ်ပါ။


3. ပထမဆုံး “Connect using a dial up modem” ကိုရွေးချယ်လိုက်ပါ။ ပြီးရင် Next ကိုဆက်နှိပ်ပါ။


4. ISP Name နေရာတွင် “BganNet” သို့မဟုတ် “Myantel” ကိုရိုက်ထည့်ပေးပါ။ ထို့နောက် Next ကိုဆက်လက်နှိပ်ပေးပါ။


5. Phone number နေရာတွင် (146) ကိုရိုက်ထည့်ပါ။ 146 ကနေတဆင့် Internet Service Provider ကိုအဆက်အသွယ်လုပ်ပေးမှာဖြစ်ပါတယ်။ 146 လိုင်းကိုခေါ်ဆိုပြီးအသုံးပြုတဲ့အတွက် ဖုန်းဖိုးဝန်ဆောင်ခကို ပေးရမှာမဟုတ်ပါဘူး။

6. ထို့နောက် Internet Account Information နေရာတွင် UserName နဲ့ Password ကိုရိုက်ထည့်ပါ။ (User Name and Password ကတော့ Access kit ထဲမှာပါဝင်တဲ့ နံပါတ်လေးများဖြစ်ပါတယ်။) Confrim ဖြစ်အောင် Password ကိုနောက်တစ်ကြိမ်ပြန်ရိုက်ပါ။ ပြီးရင် Next ကိုဆက်လက်သွားပါ။


7. “Add a shortcut to this connection to my desktop” ကို check လုပ်လို့ရပါတယ်။ အဲဒါဆိုရင်တော့ မိမိ Desktop မှာ Connection ပုံစံလေးတစ်ခု ရောက်သွားမှာဖြစ်ပါတယ်။ မထားချင်ဘူးဆိုရင်လည်း ရပါတယ်။ Desktop မှာမထားဘူးဆိုရင် (Start >>Connect to>> BaganNet connection) ဆိုပြီးတော့အဆင့်ဆင့် သွားရပါမယ်။ ပြီးနောက် Finish ကို click လုပ်လိုက်ပါ။


8. Finish လုပ်ပြီးတာနဲ့ “Connect Dial-up Connection” ဆိုပြီးတော့ Box လေးတစ်ခုကျလာ မှာဖြစ်ပါတယ်။ အဲဒီ box လေးမှာ Properties ကို click လုပ်ပါ။


9. ထို Properties box လေးထဲမှ “Option” tag လေးကိုသွားပါ။


10. “Option” tag အောက်ရှိ Redialing Options မှာ Redial attempts, Time between redial attempts and Idle time before hanging up box လေးတွေနေရာတွင် မိမိကြိုက်နှစ်သက်ရာရွေးချယ် ပြီးတော့အသုံးပြုနိုင်ပါတယ်။


11. ထို့နောက်ဆက်လက်ပြီး Networking tag ကိုနှိပ်လိုက်ပါ။ Internet Protocol (TCP/IP) နှင့် QoS Packet Scheduler တို့ကို check လုပ်ပေးပါ။ ပြီးရင် Internet Protocol (TCP/IP) ကိုရွေးပြီးနောက် “Properties” ကိုနှိပ်ပါ။ ပြီးနောက် OK ကို နှိပ်ပါ။


12. အဲဒီနောက်မှာတော့ Internet Protocol Properties box လေးတစ်ခုကျလာမှာဖြစ်ပါတယ်။ Obtain an IP address automatically ကို check လုပ်ပေးပါ။ နောက်တော့ Use the following DNS server address ကိုရွေးပေးပါ။ ပြီးနောက် 203.81.71.69 နှင့် 203.81.71.73 တို့ကိုရိုက်ထည့်ထားပါ။ အဲဒီနောက်မှာတော့ OK ကို click လုပ်လိုက်ပါ။

နောက်ဆုံးမှာတော့ OK ကိုနှိပ်လိုက်ပါ။ ထို့နောက် Connect Bagan Net Box လေး ဆီမှာရှိတဲ့ Dial ကို Click လုပ်လိုက်ပါ။ အဲဒီနောက်မှာ Modem နဲ့ ဖုန်းကနေတဆင့် ဖုန်းခေါ်သလိုမျိုး အသံကြားရပြီးတော့ Modem မှ အသံရှည်ကို ကြားလိုက်ရပြီးဆိုတာနဲ့ Internet Connection ချိတ်ဆက်မိသွားမှာဖြစ်ပါတယ်။ ဖုန်းလိုင်းအားမယ်ဆိုရင် (သို့) လိုင်းရှင်းမယ်ဆိုရင်တော့ ချက်ချင်းကို Internet ကိုချိတ်ဆက်မိမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မိမိတို့ရဲ့ Computer ရဲ့ Taskbar မှာ Computer နှစ်လုံးဆင့်ပုံလေးနဲ့ မီးလေး လင်းလိုက်၊ မှောင်လိုက်ဖြစ်ကာ Bagan Net Connection is now Connected ဆိုတဲ့ စာတမ်းလေးနဲ့ Speed (52Kbps; 54Kbps; 56Kbps) ဆိုတဲ့ အကြောင်းလေးကို ပြပေးမှာဖြစ်ပါတယ်။


Dial Up Connection ရဲ့ အားသာချက်ကတော့ - အများကြီးသိပ်မရှိပါဘူး။ အိမ်မှာ အလွယ်တကူ အသုံးပြုနိုင်တယ်။ အလွယ်တကူ တပ်ဆင်ရလို့ အချိန်ကုန်ခြင်းနဲ့စရိတ်စက သက်သာမှာဖြစ်ပါတယ်။

Dial Up Connection ရဲ့ အားနည်းချက်ကတော့ - Connection Speed က Kbps လောက်ပဲရတော့ နှေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဖုန်းလိုင်းနဲ့ တပ်ဆင်ပြီးတော့ အသုံးပြုရလို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေဆိုရင် Connection Speed နှေးမယ်။ Internet အသုံးပြုနေလို့ ဖုန်းဆက်လို့မရတာတွေရှိမယ်။ အောက်မှာတော့ Internet; ISP; Phone Exchange; Modem တို့ ဘယ်လိုဆက်သွယ်လဲ ဆိုတာကိုပြထားတဲ့ ပုံလေးကို လေ့လာကြည့်ရအောင်။


နောက်အပေါ်မှာပြောထားတဲ့အတိုင်း Dial Up Connection နောက်တစ်မျိုးဖြစ်တဲ့ Internet & E-mail Dial Up Service အကြောင်းလေး ကိုလေ့လာကြည့်ရအောင်။ သူ့ကိုတော့ မြန်မာနိုင်ငံမှာ Broadband Connection အမျိုးအစားတွေမရှိတုံးက Company အချို့နှင့် ရုံးအချို့ မှာ အသုံးပြုခဲ့ရတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ အခုအချိန်မှာတော့ တော်တော်လေးကို မသုံးကြသလို၊သိတဲ့လူတွေလဲ သိပ်မရှိတော့ပါဘူး။ ဘာဖြစ်လို့မသုံးတော့လဲဆိုတာကတော့ အခုခေတ်မှာ Broadband တို့လိုမျိုး Connection Speed ပိုမြန်တဲ့ဟာတွေ ထွက်ပေါ်နေလို့ဖြစ်ပါတယ်။ Internet & Email Dial Up Service ပေးတဲ့ Connection အမျိုးအစားကတော့ ရန်ကုန်တစ်ခုတည်းမှာပဲ အရင်ကအသုံးများခဲ့တယ်။ ကွန်နက်ရှင် Speed ကတော့ Dial Up ရိုးရိုး Connection ထပ်အနည်းငယ်မြန်တာကလွဲပြီးတော့ ဈေးကြီးပါတယ်။ Internet & Email Dial Up Connection ကိုသုံးမယ်ဆိုရင်တော့ MPTဖြစ်ဖြစ်၊ Bagan Net မှာဖြစ်ဖြစ် လျှော်လွှာတင် ပြီးတော့ အသုံးပြုရမှာဖြစ်ပါတယ်။ လျှောက်လွှာတင်ထားပြီး (၂)ပတ်ကနေ(၄)ပတ်ကြာတော့မှာသာလျှင် Connection လိုင်းကိုချပေးမှာ ဖြစ်ပါတယ်။ ပထမဆုံးလိုင်းရပြီးဆိုရင် User Name နဲ့ Password ကိုချပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ နှစ်စဉ်ကြေး၊ လစဉ်ကြေးတွေ ပေးသွင်းပြီးတော့ မိမိတို့လိုချင်တဲ့ Connection အမျိုးအစားအလိုက် FEC 10 ကနေစတင်ပြီးတော့ သုံးချင်တဲ့နာရီအလိုက်နှင့် အပိုသုံးမိတဲ့ နာရီတွေအတွက် ပိုက်ဆံသွင်းရမှာဖြစ်ပါတယ်။ Email Account ကတော့ စလုပ်ကတည်း တစ်ခု အနည်းဆုံးကနေ အများဆုံး ၂၅ ခုအထိ ရနိုင်မှာဖြစ်ပါတယ်။ Connection အမျိုးအစားတွေအနေနဲ့ Student Plan; Consumer Plan; Enterprise Plan ဆိုပြီးတော့ရှိပါတယ်။ အသုံးလဲသိပ်မများတော့လို့၊ အခုလက်ရှိလဲ Internet & Email Dial Up Service ကိုမချပေးတော့တာတွေရှိလို့ ဒီလောက်လေးနဲ့တင် ဗဟုသုတအနေနဲ့ပြောပြထားတာဖြစ်ပါတယ်။

နောက်နေ့မှာတော့ iPSTAR Connection အကြောင်းလေးထပ်ပြောပြပါမယ်။ Connection အားလုံးကို တစ်ခုတည်းနဲ့ပို့စ်တင်ရင် အရှည်ကြီးဖြစ်ပြီးတော့ ပုံတွေလဲအများကြီးဖြစ်မယ်၊ ဖတ်ရတဲ့လူလဲ အဆင်ပြေမှာမဟုတ်ပါဘူး။ Connection အားလုံးရဲ့ အားသာချက်၊ အားနည်ချက်၊ ဘယ်လိုနေရာတွေကို အသုံးပြုနိုင်လဲ ဆိုတာကိုလဲ တတ်နိုင်သလောက် ပြောပြပေးထားပါမယ်။ အဲဒါကြောင့် Connection အမျိုးအစားလိုက် တနေ့တစ်မျိုး (သို့) နှစ်မျိုး တင်ပေးသွားပါ့မယ်။ ပို့စ်အရေအတွက် များစေချင်လို့လုပ်တဲ့သဘော မဟုတ်ပါဘူးခင်ဗျာ။

SOURCE။ ။မြန်မာမိသားစုဖိုရမ်