အဲ့ဒါကြောင့်
သိပြီလား
အာဒမ်တစ်ယောက် ဧဒင်ဥယာဉ်ကြီးထဲမှာ ပျင်းရိစွာ
လမ်းလျှောက်နေပါသတဲ့။ အဲ့ဒါနဲ့ ဘုရားသခင်က
အာဒမ်ကို မေးပါတယ်
ဘုရား သခင် ။ ။ သင်ဘာဖြစ်နေတာလဲ အဒမ်
အာဒမ် ။ ။ ကျွန်တော့်မှာ စကားပြောစရာ လူလည်းမရှိဘူး။
အလွန်ပျင်းဖို့ကောင်းပါတယ်
ဘုရားသခင် ။
။ ကောင်းပြီ။
ငါ မင်းကို အဖော်ပြုဖို့ မိန်းမတစ်ယောက်ကို ဖန်ဆင်းပေးတော်မူမယ်။
ဒီမိန်းမဟာ မင်းစားသောက်ဖို့ ချက်ပြုတ်ကျွေးလိမ့်မယ်၊ မင်း ၀တ်ထားတဲ့
အ၀တ်တွေကို လျှော်ပေးလိမ့်မယ်၊ မင်းဆုံးဖြတ်ချက်ချသမျှကိုလည်း အမြဲတမ်း
သဘောတူပေးလိမ့်မယ်၊
မင်းအတွက် ကလေးတွေကိုလည်း မွေးပေးလိမ့်မယ်။
နောက်ပြီး ညတစ်ရေးနိုးမင်းကို နှိုးနှိုးပြီးတော့ အဲ့ဒီကလေးတွေကိုလည်း
ထိန်းခိုင်းမှာမဟုတ်ဘူး။ မင်းကို အမြဲတမ်း ဟိုဟာပူဆာ ဒီဟာ ပူဆာလည်း
လုပ်မှာမဟုတ်ဘူး။ ဘယ်တော့မှလဲ မင်းကို စိတ်ကောက်မှာ မဟုတ်ဘူး။
ဘုရားသခင်
က ဆက်ပြောတယ်။ ။ နောက်ပြီးတော့
တစ်ခုခု အဆင်မပြေတာရှိရင်လည်း ကျွန်မ မှားတာပါရှင်လို့ မင်းဆီကိုလာပြီးတော့
တောင်ပန်လိမ့်မယ်။ အမြင်မတူတာရှိနေရင်လည်း သူမကဘဲ အလျှော့ပေးပြီးတော့
ကျေကျေနပ်နပ်နဲ့ မင်းကို ရာသက်ပန် ချစ်မြတ်နိုးသွားလိမ့်မယ်။
အာဒမ် ။ ။ ဒီအတွက် ဘာပေးရမှာလဲ ဟင်
ဘုရားသခင် ။ ။ လက်တစ်ဘက်နဲ့ ခြေထောက်တစ်ဘက်
အာဒမ် ။ ။ အဲ့ဒါတော့ မများလွန်းဘူးလားဗျာ၊ နံရိုးတစ်ချောင်းလောက်ဆို တော်ရောပေါ့။
သတင်းကောင်း
မိန်းမဖြစ်သူ အလုပ်က ပြန်လာတော့ စောပြီးပြန်ရောက်နေတဲ့
သူယောင်္ကျားကို လှမ်းပြောလိုက်တယ်…
“မောင်ရေ… ရှင့်ကို
သတင်းကောင်းတစ်ခုပြောစရာရှိတယ်။ ဒီနေ့ကစပြီး ကျွန်မတို့ အိမ်လေးမှာ
ကျွန်မတို့ နှစ်ယောက်ထဲမဟုတ်တော့ဘူး။ မကြာခင်မှာ ၃ ယောက်ဖြစ်လာတော့မယ်။
သိလား”
“ချစ်ရယ်
တကယ်ဘဲလားကွာ” ယောင်္ကျားဖြစ်သူဟာ သူမိန်းမကို ရွှန်းရွှန်းစားစားကြည့်ပြီးတော့ ကြည်နူးစွာနဲ့
အနမ်းလေး ပေးလိုက်ပါတယ်။
“ဟုတ်တယ်မောင်ရဲ့
မနက်ဖြန်ကျရင် မေမေက ကျွန်မတို့ အိမ်ကို အပြီး ပြောင်းလာတော့မှာ”
တော်တော်ရိုင်းတဲ့
ဒရိုင်ဘာ
အမျိုးသမီးတစ်ယောက်ဟာ ဘက်စ်ကား ဒရိုင်ဘာရဲ့
ထိုင်ခုံနောက်မှာ ထိုင်ပြီးတော့ ကလေးကို ချီထားပါသတဲ့။ ဘက်စ်ကား ဒရိုင်ဘာက လှည့်ကြီးပြီးတော့ အဲ့ဒီ အမျိုးသမီးကို
ပြောတယ်…
“ကျွန်တော်
တစ်သက်မှာ ဒီလောက်ရုပ်ဆိုးတဲ့ ကလေးမျိုး ဒီတစ်ခါဘဲတွေ့ဖူးသေးတယ် တကယ် တကယ်”
အမျိုးသမီးက
ဒီစကားကိုလဲကြားရော သူ့ကလေးကို ဒီလို စကာမျိုးပြောရပါ့မလားလို့ စိတ်ဆိုးပြီး နောက်ဆုံးတန်းက
ထိုင်ခုံကို ရွှေ့ထိုင်ပါသတဲ့။ နောက်ဆုံးတန်းမှာ
ထိုင်နေတဲ့လူက သူမ ဘာဖြစ်လာတာလဲလို့ သိချင်တာနဲ့ “ဘာတွေ ဖြစ်လာကြတာလဲဗျာ”
“တော်တော့်ကို
ရိုင်းစိုင်းတဲ့ ကားဒရိုင်ဘာပါရှင်… ကျွန်မကို
စော်ကားတဲ့ စကားတွေပြောလိုက်တယ်ရှင့်”
“ဟင်… ဘက်စ်ကားဒရိုင်ဘာဆိုတာ ပြည်သူ့ဝန်ထမ်းတစ်ယောက်ဘဲ။ ဒီလိုမျိုး ခရီးသွားတွေကို ရိုင်းပြတဲ့ စကားတွေကို
ပြောရမလား”
“သိပ်မှန်တာပေါ့ရှင်။ နေဦး ကျွန်မပြန်သွားပြီး ဒီလို မပြောသင့်ကြောင်းကို
အဲ့ဒီ ဒရိုင်ဘာကို သွားပြောဦးမယ်”
“ဟာ သိပ်ကောင်းတဲ့
အကြံပေါ့ ခင်ဗျာ၊ ကဲပေးပေး ခင်ဗျားရဲ့ မျောက်ကလေးကို
ကျုပ်ထိန်းပေးထားမယ်”
မေမေစားပစ်လိုက်ပြီ
တော်မီလေးဟာ သူငယ်တန်းက သူ့ဆရာမကို မကြာခဏ
ကြွားလေ့ရှိပါတဲ့။ ဆရာမ ကျွန်တော်မှာ ညီလေး
ဒါမှမဟုတ် ညီမလေးရတော့မယ့်တယ်။
ဒီလိုနဲ့
နောက်ထပ် ၄လလောက်ကြာလာတော့ တော်မီ
မေမေက တော်မီကို သူ့ရဲ့ ညီတော်မောင်ကလေး ဗိုက်ထဲမှာ လှုပ်နေတာကို ခေါ်ပြီး
ပြပါသတဲ့။ အဲ့ဒီ အချိန်ကစပြီးတော့ တော်မီဟာ သူ့ ဆရာမကို ဘယ်တော့မှ
ညီလေး ဒါမှမဟုတ် ညီမလေး ရတော့မယ်လို့ မကြွားတော့ဘူးတဲ့။
ဒါနဲ့ဘဲ ဆရာမက နောက်ဆုံးတော့ တော်မီလေးဆီလာပြီတော့
“တော်မီ၊ မင်းပြောတော့ မင်းမှာ ညီလေး ဒါမှမဟုတ် ညီမလေးရတော့မယ်ဆို၊ အခုရော ရပြီလား
ဘယ်လိုလဲ”
အဲ့ဒီမှာတင် တော်မီလေးက ရှိုက်ကြီး တငင်ငင်ကို
ငိုယိုပြီးတော့ ဆရာမကို ပြောပါသတဲ့
“ဆရာမ ကျွန်တော်ထင်တာကတော့ မေမေ ညီလေး ကို
စားပစ်လိုက်ပြီ”
တစ်နေ့စာအလွဲများ
ဘား တစ်ခုတွင်ဖြစ်သည်။ လူငယ်လေးတစ်ယောက်သည် သူ၏ အရက်ခွက်ကို တွေတွေကြီးစိုက်ကြည့်နေသည်။ ထိုသို့ကြည့်နေသည်မှာ နာရီဝက်လောက်ကြာသွားပြီဖြစ်သည်။
အဲ့ဒီအချိန်မှာ ကားဒရိုင်ဘာတစ်ယောက် လူငယ်လေးဘေးနားဝင်ထိုင်ပြီးတော့ အဆိုပါလူငယ်လေးရဲ့
ခွက်ကို မော့ပစ်လိုက်ပါတယ်။ လူငယ်လေးက ဒရိုင်ဘာကိုကြည့်ပြီးတော့
ရှိုက်ကြီးတငင်ငိုပါလေရော။
ဒရိုင်ဘာ။ ။ “မငိုပါနဲ့ သူငယ်ရယ် ငါကမင်းကိုစတာပါ ရော့အဲ့ဒီမှာ
အသစ်တစ်ခွက်၊ ယောင်္ကျားကြီး တန်မယ့် ငိုစရာလားကွ”
လူငယ်။ ။ “အဲ့ဒါကြောင့် ငိုတာမဟုတ်ဘူးဗျ၊ ဒီနေ့က ကျုပ်ဘ၀အတွက် အဆိုးဆုံးနေ့ဘဲ။ သိရဲလားဗျ၊ ဒီမနက် အိပ်ယာထနောက်ကျလို့ ရုံးသွားတာနောက်ကျ။
တစ်ခါလေးနောက်ကျတာကို သဋ္ဌေးနဲ့တိုးပြီးတော့ ကျုပ်ကို အလုပ်က ဖြုတ်ပစ်လိုက်ပါလေရော။ စိတ်ညစ်ညစ်နဲ့ရုံးကထွက်လာတော့
ကျွန်တော့်ကားက မရှိတော့ဘူး။ အခိုးခံလိုက်ရတယ်၊ ရဲကိုတိုင်တော့လဲ ဘာမှလုပ်မပေးနိုင်ဘူး
ပြောလွှတ်လိုက်တယ်။ ဒါနဲ့ဘဲ တက္ကစီစီးပြီး အိမ်ပြန်လာရော။ အိမ်ရောက်မှ ကြည့်လိုက်တော့ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကဒ်တွေ
တက္ကစီထဲမှာ မေ့ကျန်ခဲ့တယ်။ တက္ကစီကို ပြန်ကြည့်လိုက်တော့
ကားဆရာက မောင်းပြေးသွားပြီ”
ဒရိုင်ဘာ။ ။ “သြော်.. ဖြစ်မှ ဖြစ်ရလေကွယ်….”
လူငယ်။ ။ “ဒါတင်ပြီးပြီလားဆိုတော့ မပြီးသေးဘူးဗျ။ အိမ်ပြန်ရောက်တော့ မိန်းမက အိပ်ရာပေါ်မှာ ဒလ၀မ်နဲ့
နှပ်နေတယ်။ ကျွန်တော်လဲ စိတ်ဓာတ်အကျကြီးကျပြီးတော့ ဘားကိုလာ ကိုယ့်ကိုယ်ကို သတ်သေမလို့
အရက်ခွက်ထဲကို အဆိပ်ထည့်ပြီးကြည့်နေတုန်း အခု အရက်ခွက်ကို ခင်ဗျားက ယူသောက်ပစ်လိုက်တယ်…”
ရှေ့နေအသစ်
ဂျွန်ဟာ နယ်မြို့ကလေးတစ်မြို့ကနေ ထူးထူးချွန်ချွန်နဲ့ကို
စာမေးပွဲအောင်ပြီးတော့ တက္ကသိုလ်ကနေ ဥပဒေဘွဲ့ရလာတဲ့ ရှေ့နေ အသစ်ချပ်ချွတ်ကလေးပါ။ ရှေ့နေတွေများတဲ့မြို့ကြီးမှာ နေရင် တိုးလို့သိပ်မပေါက်မှာလဲစိုး၊ သူတို့မြို့ကလေးလို နယ်ကျတဲ့နေရာမှာ သူလိုရှေ့နေဘွဲရလာတဲ့
လူတစ်ယောက်ဆိုရင် လူရိုသေ၊ရှင်ရိုသေလည်းဖြစ်ဆိုပြီး ဇာတိမြေကလေးကိုပြန်လာပြီး ရှေ့နေခန်းလေးဖွင့်လေသတဲ့။ ဖွင့်စဆိုတော့ ဖောက်သည်ကလည်းနည်းသကိုး။ အဲ… တစ်နေ့တော့ သူရုံးခန်းလေးဆီကို လူကြီးတစ်ယောက်လာလေသတဲ့။ ဂျွန်လဲ လူရှိန်အောင်ဆိုပြီးတော့ လူကြီးဝင်လာတဲ့အချိန်မှာ
လက်ကာပြပြီး ဟန်ပါပါနဲ့ ဖုန်းခွက်ကို ကောက်ကိုင်လိုက်သတဲ့
“ဘာ… ဒီနယူယောက်က
အမှု့သည်က အဲ့ဒီလိုပြောသလား။ ဟေ့ဒီမှာ ငါ အမှု့လိုက်ခ
၁ သန်းမှ မရရင် ဒီအမှု့ကို မကိုင်ဘူးလို့ပြောလိုက်”
“အင်း
ဟုတ်တယ်လေ… အယူခံဝင်ဖို့ တရားရုံးက ရှေ့တစ်ပတ်မှာ
သဘောတူပြီးပြီ၊ မပူနဲ့ ဒီအမှု့အသွားအလာကို ငါကောင်းကောင်းသိတယ်၊
မင်းပြောလိုက် ငါ နဲ့ ငါ့အဖွဲ့တွေက ဒီအမှု့အတွက် ပြင်ဆင်ထားပြီးပြီလို့”
“အိုကေ
အိုကေ… နောက်တစ်ပတ်ငါ အမှု့သည်နဲ့ နောက်တစ်ပတ်တွေ့မယ်လို့ပြောလိုက်”
စသည် စသည်ဖြင့်
ပြောနေလိုက်တာ ၅ မိနစ်လောက်ကြာသွားပါတယ်။ ပြီးတော့မှ
ဟန်ပါပါနဲ့ ဖုန်းက ချလိုက်ပြီး “ဆောရီးဘဲဗျာ၊
ခင်ဗျားစောင့်နေရတာ တော်တော်ကြာသွားပြီနဲ့တူတယ်၊ သိတဲ့အတိုင်း ကျွန်တော်ကလည်း အလုပ်က ခပ်များများရယ်၊ ဒါနဲ့ ကျွန်တော်ဘာများ
အကူအညီပေးရမလဲခင်ဗျာ” လို့ ဧည့်သည်လူကြီးကို မေးလိုက်သတဲ့။
ဧည့်သည်လူကြီးက
ဘာပြန်ပြောလည်းဆိုတော့ “ကျွန်တော်က ဆက်သွယ်ရေး ဋ္ဌာနကပါ။ ဒီရုံးခန်းအသစ်မှာ ဖုန်းကြိုးသွယ်ပေးမလို့ လာတာပါ”
တဲ့။
Apple
Mac ကို ၀ယ်သင့်မ၀ယ်သင့်
ကျွန်တော် နဲ့ Mac ၀ယ်ချင်တဲ့လူတစ်ယောက်နဲ့
စကားပြောဖြစ်တယ်ဗျ။ ကျွန်တော်က ပြောတယ် Mac ကိုမ၀ယ်ဖို့။ ဒါနဲ့ဘဲ စကားစများပါလေရော။ ကျွန်တော်ကပြောတယ် Mac ကို သုံးတဲ့လူ သိပ်မရှိဘူး
နောက်ပြီး တစ်ချို့ ပရိုဂရမ်တွေကိုလည်း သွင်းလို့မရဘူး။
ဒီငနဲကို ကျုပ်ကိုပြန်ပြောတယ် “ဟေ့လူ ခင်ဗျား Mac မှာ ဗိုင်းရပ်စ်ကိုက်တာ ကြားဖူးလား”
“အဲ့ဒါပြောတာပေါ့
ဗိုင်ရပ်စ်ရေးတဲ့လူတွေတောင် Mac ကို စိတ်မ၀င်စားပါဘူးဆို”
နိဗာန်ဘုံ
နှင့် ငရဲဘုံ
နိဗာန်ဘုံက
ကွန်ပျူတာဆိုတာက
Intel
(အင်တဲလ်)က စီမံခန့်ခွဲပါတယ်
Apple
(အက်ပဲလ်)က ဒီဇိုင်းနဲ့ စက်တွေထုတ်ပြီး
Microsoft
က ဈေးကွက်ကို အကောင်အထည်ဖော်ပါသတဲ့
IBM က
လိုအပ်တာမှန်သမျှကို support လုပ်ပေးပြီး
Gateway
က ဈေးနှုန်းကို သတ်မှတ်ပါသတဲ့
ငရဲဘုံက
ကွန်ပျူတာမှာတော့
Intel
(အင်တဲလ်) ကစီမံခန့်ခွဲပြီး
Microsoft
က ဒီဇိုင်းနဲ့ စက်တွေကို ထုတ်ပါသတဲ့
IBM က
ဈေးကွက်ကို အကောင်အထည်ဖော်ပြီး
Gateway
က လိုအပ်တာမှန်သမျှကို support လုပ်ပါသတဲ့
ဒါပေမယ်
ဈေးနှုန်းသတ်မှတ်တာကတော့ Intel ပါတဲ့။