Wednesday, October 22, 2014

ရောင်တော်ပြန်လား

စူပါပါဝါအင်အားကြီး အမေရိကန်ပြည်ထောင်စုကို အသေခံတိုက်ခိုက်ခဲ့သည့် အယ်လ်ကိုင်ဒါအဖွဲ့က မြန်မာကို ဂျီဟတ်ပစ်မှတ်အဖြစ် ကြေညာပြီး နှစ်လအတွင်း အကြမ်းဖက်သမား ၃၁ ဦးနှင့် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ တစ်ကမ္ဘာလုံး၏ ဘုံရန်သူဖြစ်လာသော အစ္စလာမ်မစ်နိုင်ငံအဖွဲ့ (IS)သို့ ပူးပေါင်းသွားသော နိုင်ငံခြားသား အကြမ်းဖက်တိုက်ခိုက်ရေးသမား ၇၈၁ ဦးအနက် မြန်မာနိုင်ငံက ၇၀ ကျော် ပါဝင်ကြောင်း နိုင်ငံတကာသတင်းအချို့က ဖော်ပြလာသည်။
ကမ္ဘာတစ်ဝန်း အစွန်းရောက်အယူရှိသည့် ပညာတတ်၊ သူဌေးသူကြွယ်များအပါအဝင် လူထုလူတန်းစားမျိုးစုံကို စည်းရုံးသိမ်းသွင်း၍ ကမ္ဘာ့တပ်ပေါင်းစု အကြမ်းဖက်အဖွဲ့ ဖြစ်လာနေပြီး ခေတ်မီလက်နက်များနှင့် နည်းပညာပါ အစစအရာရာ သာလွန်နေသော အိုင်အက်စ်၊ အယ်လ်ကိုင်ဒါတို့၏ရန်ကို ဖြိုခွဲဖို့ခက်ခဲလွန်းကြောင်း သမ္မတအိုဘားမားပင်လျှင် ကမ္ဘာသို့ ဝန်ခံပြောကြားခဲ့ရသည်။
မြန်မာနိုင်ငံကကော အယ်လ်ကိုင်ဒါနှင့် အိုင်အက်စ်တို့၏ရန်ကို ကာကွယ်ဖို့ အသင့်ရှိနေပါပြီလား။
သမ္မတဦးသိန်းစိန် လက်ထက်တွင် တစ်ကျော့ပြန် ခေါင်းထောင်လာသော ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ၏ အကျိုးဆက်အဖြစ် မြန်မာသည် အယ်လ်ကိုင်ဒါ၏ ပစ်မှတ်ဖြစ်လာစေခဲ့သည်။
အကြမ်းဖက်ဆိုင်ရာ သတင်းများက ပြည်သူလူထုကို သံသယဖြင့် ပူပန်စေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးကပ်လာပြီး နိုင်ငံရေးပြကွက်များ ပြောင်းနေချိန်တွင် ထိုကိစ္စကပေါ်လာခြင်းကြောင့်ဖြစ်သည်။
အယ်လ်ကိုင်ဒါ၏ရန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် အခွင့်အာဏာအရ တပ်ကဦးဆောင်ပြီး တိုက်ဖျက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်ကြောင့်လည်း လူထုအတွက် နောက်အာရုံတစ်ခုလားဟု ဝေဖန်မေးခွန်းထုတ်လာခြင်း ဖြစ်သည်။ အကြမ်းဖက်သမားများ ဖမ်းမိသည်ဟု အစိုးရက သတင်းထုတ်နေသော်လည်း ပြည်ပအကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်မှု ရှိ၊ မရှိကိုမူ ယနေ့အထိ သက်သေမပြနိုင်ခြင်းကလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
‘‘အယ်လ်ကိုင်ဒါတို့၊ အိုင်အက်စ်တို့က ပြောပြီးရင် တကယ်လုပ်တဲ့ကောင်တွေပါ။ အစိုးရရော တပ်မတော်ကပါ ဒါကိုလှည့်ကွက်အဖြစ် သုံးလို့ကိုမရဘူး။ လိုအပ်ရင် တပ်အကူအညီလည်း ယူရမှာပဲ။ အဓိက,က ထောက်လှမ်းရေးတပ်ဖွဲ့မရှိတဲ့နောက်ပိုင်း သတင်းအချက်အလက်တွေရယူဖို့ အစိုးရက ကွန်ရက်တွေ အခုထက် ပိုပြီးချဲ့ထွင်ထားဖို့တော့ လိုနေပါပြီ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီခြိမ်းခြောက်မှုဖြစ်ပြီးကတည်းက အစိုးရက ဘယ်လိုပဲ လုံခြုံရေးမစိုးရိမ်ဖို့ ပြောထားပြောထား လုံခြုံတယ်လို့ကို မခံစားရဘူး’’ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
‘‘အကြမ်းဖက်မှုတွေကို တန်ပြန်ခြင်း (Counter Terrorism)မှာ အဓိကယန္တရားက တပ်မတော်မဟုတ်ဘူး။ ထောက်လှမ်းရေးယန္တရားဖြစ်တယ်။ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီးမှ တန်ပြန်တုံ့ပြန်မှုကိုလုပ်ရတယ်။ ပြည်တွင်းမှာ လက်နက်ကိုင်သူပုန်ထရင်တော့ တပ်ကဟန့်တားရမှာမို့ တပ်နဲ့ဆိုင်တယ်။ အကြမ်းဖက်မှုကျတော့ စစ်တပ်ကြီးတစ်တပ်လုံးချထားပြီး လုပ်ရတာမျိုးမဟုတ်ဘူး။ အကြမ်းဖက်သမားမဝင်ခင် ကာကွယ်ရ၊ လူမမွေးအောင် သတင်းထောက်လှမ်းရတာ ဖြစ်တယ်’’ဟု အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်အတန်ကြာ နေထိုင်ခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာနမှ ဒေါက်တာမင်းဇော်ဦးက ပြောသည်။
သို့သော် တပ်၏အခန်းကဏ္ဍကို မြှင့်တင်ရန် အကြမ်းဖက်မှုပြဿနာကို ဆွဲထုတ်ထားခြင်းဆိုသည်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ပြီး အကြမ်းဖက်သံသယရှိသူများကို မြန်မာအစိုးရဘက်က ထုတ်မပြခြင်းမှာ နိုင်ငံတကာတွင်လည်း အမှုမပြီးဆုံးမီ မည်သူမျှသတင်းထုတ်ပြန်လေ့မရှိဟု ၎င်းကဆိုသည်။

ဘောလုံးကွင်းအတွင်းလုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များ/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်ပေါက်အားလုံးတွင် လုံခြုံရေးအဆင့်မြှင့်ထားပြီး ရာဇဝတ်ကောင်အချက်အလက်များပါသော hard disk တစ်လုံးနှင့် နိုင်ငံတကာအလိုရှိသူများစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးနိုင်သောစက်ကို နိုင်ငံတကာရဲတပ်ဖွဲ့မှ လှူဒါန်းထားသည်ဟု နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးချုပ်စိုးမြိုင်ကပြောသည်။
သို့သော် ထိုစက်မှာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်သာရှိပြီး ပြည်တွင်းလေဆိပ်များတွင် မတပ်ဆင်နိုင်သေးပေ။ ပင်လယ်ရေပြင်နယ်နိမိတ်တွင်လည်း မကြာခင်ကမှ ဖွဲ့စည်းလိုက်သည့် ရေကြောင်းရဲတပ်ဖွဲ့မှာ အင်အားနှင့် လက်နက်ကိရိယာမပြည့်စုံ၍ တပ်မတော်(ရေ)အကူအညီကို ယူထားရသည်။ အခြေခံအကျဆုံး ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ရဲတပ်ဖွဲ့အရေးပေါ်ဖုန်းလိုင်း ၁၉၉ မှာလည်း ယခုထိ အလုပ်ကောင်းကောင်းမလုပ်သေး။
ပြည်သူတစ်သိန်းလျှင် ရဲ ၁၆၆ ဦးဖြင့် ရဲအင်အားခုနစ်သောင်းကျော်သာရှိပြီး ရဲအသုံးအဆောင်ပစ္စည်းများကအစ ခေတ်မမီသေး။ အရေးကြီးဆုံးလိုအပ်ချက်မှာတော့ ၂၀၀၄ နောက်ပိုင်း တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ (MI)ကို ဖျက်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင်း အမျိုးသားလုံခြုံရေးအတွက် သတင်းအချက်အလက်များကို အစိုးရ ဘယ်လိုရယူနေလဲဆိုတာပင် ဖြစ်သည်။
‘‘ဂျီဟတ်စစ်ဆင်ရေးဆိုတာ နိုင်ငံတော်တော်များမှာ ကြုံနေရတယ်။ မြန်မာနဲ့အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဖြစ်နေတာတွေရှိတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ ထောက်လှမ်းရေးယန္တရားက အရေးကြီးလာတယ်။ ပြည်တွင်းလက်နက်ကိုင်တွေစွမ်းရည်က ကိုယ့်အချင်းချင်းသာ တိုက်ဖူးတာ။ အသေခံတွေနဲ့ ရင်ဆိုင်ဖူးတာ မဟုတ်ဘူး။ ထောက်လှမ်းရေးယန္တရားကို ပိုပြီးအရည်အသွေးမြင့်အောင်လုပ်ရမှာ’’ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ(AAPP)မှ ဦးဘိုကြည်က ပြောကြားသည်။
အထူးသဖြင့် အကြမ်းဖက်သမားများဖြစ်လာအောင် နိုင်ငံတစ်ခုအတွင်းသို့ စိမ့်ဝင်စည်းရုံးသည့်စနစ်ဖြင့် ချဉ်းကပ်သော အိုင်အက်စ်၊ အယ်လ်ကိုင်ဒါ၏ရန်ကို ကာကွယ်ရန် သတင်းအချက်အလက် ရယူစုစည်းမှုက အသက်တမျှအရေးကြီးနေကြောင်း လတ်တလော မလေးရှားနှင့် ဩစတြေးလျနိုင်ငံဖြစ်စဉ်များက သက်သေပြနေသည်။
ဩစတြေးလျတွင် အိုင်အက်စ်နှင့်ဆက်နွှယ်သည်ဟု သံသယရှိသူများနေအိမ်ကို ဝင်ရောက်စီးနင်းသည့်အခါ အကြမ်းဖက်သမားအယောက် ၂၀ ခန့် ဖမ်းမိခဲ့သည်။ မလေးရှားတွင် ပြီးခဲ့သည့်ရက်က အိုင်အက်စ်သို့ သွားပူးပေါင်းမည့် အကြမ်းဖက်သမား ၁၄ ဦးကို သတင်းပေးများကြောင့် ဖမ်းမိခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် FBI, CIA စသည့် ကမ္ဘာကျော်ထောက်လှမ်းရေးအဖွဲ့များရှိသည့်ကြားက နိုင်းအလဲဗင်း အကြမ်းဖက်မှုဖြစ်ပွားပြီးနောက် အမိမြေလုံခြုံရေး (Motherland Security)ကို သမ္မတဘုရှ်အစိုးရက ထပ်မံဖွဲ့စည်းပြီး အကြမ်းဖက်သမားချေမှုန်းရေး တိုက်စစ်အရှိန်မြှင့်ခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်ထောက်လှမ်းရေး (Military Intelligent) ပြိုကွဲပြီးနောက် သတင်းရဲတပ်ဖွဲ့ (SB)နှင့် စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ)တို့က သတင်းထောက်လှမ်းမှုများလုပ်နေပြီး နယ်မြေတိုင်းတွင် ဒေသခံသတင်းပေးများကို ကျစ်ကျစ်လျစ်လျစ် စုစည်းထားကြောင်း ရဲသတင်းတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ပြောသည်။
‘‘ဆယ်အိမ်စုစနစ်နဲ့ ကွင်းဆင်းစောင့်ကြည့်ပြီး သတင်းစုဆောင်းပါတယ်။ ဆယ်အိမ်စုဆိုတာ မြို့နယ်တစ်မြို့နယ်က ရပ်ကွက်တစ်ခုရဲ့ လမ်းကြိုလမ်းကြားပါမကျန်  စုံစမ်းထောက်လှမ်း သတင်းစုဆောင်းတာပါ။ နယ်မြေတွေထဲ၊ အိမ်တွေထဲမှာကိုနေပြီး လုပ်နေတာဖြစ်တယ်။ ဒါကြောင့်လည်း အခုအကြမ်းဖက်သမားတွေကို ဖမ်းမိတာပေါ့’’ဟု ၎င်းကဆိုသည်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက်သမားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုဖြစ်စဉ်များမှာ ထောက်လှမ်းရေးမရှိတော့သော်လည်း ယခင်ထောက်လှမ်းရေးဟောင်းများ၊ ရဲအရာရှိဟောင်း၊ ဒေသခံသတင်းပေးများနှင့် ဖွဲ့စည်းထားသည့် ထောက်လှမ်းရေးကွန်ရက်တစ်ခုကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဇာဂနာက ပြောသည်။
 ‘‘အဲဒီအဖွဲ့ထဲမှာ အရင်က ထောက်လှမ်းရေးဟောင်းတွေကို ဆရာကြီးတွေအဖြစ် ပြန်သုံးထားတယ်။ ပြီးတော့ ကောင်းကောင်းလေ့ကျင့်ထားတဲ့ Well Trained ဖြစ်တဲ့ ရဲတွေ၊ တပ်ကလူတွေပါ ပါတယ်။ ပင်စင်ယူသလိုလို၊ ခွင့်ယူသလိုလိုနဲ့၊ မြို့ခံလိုလိုနဲ့ သတင်းထောက်လှမ်းနေတာ။ သူတို့တွေနဲ့ လားရှိုးပဋိပက္ခတုန်းက တစ်ခါကြုံဖူးတယ်။ အဲဒီတုန်းက ဘယ်သူဘယ်ဝါ၊ အိမ်နံပါတ်ဘယ်လောက်က ဘယ်မှာရှိနေတယ်ဆိုတာကိုပါ သူတို့ပြောနိုင်တယ်။ အဲဒီလူတွေကို သူတို့အချင်းချင်းကြားမှာ ‘‘ခရု’’လို့ခေါ်တယ်။ ထောက်လှမ်းရေးမရှိတော့ပေမယ့် အဲဒီကွန်ရက်ကို အစိုးရက တည်ဆောက်ထားတာတော့ သေချာတယ်’’ဟု ၎င်းက ထင်မြင်ချက်ပေးသည်။
မကြာသေးမီက မင်္ဂလာတောင်ညွန့်တွင် ဖမ်းဆီးရမိခဲ့သော ပိုတက်စီယမ် အပါအဝင် အကြမ်းဖက်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများမှာ ဒေသခံသတင်းပေးများကြောင့် ရမိခြင်းဖြစ်ကြောင်း တပ်မတော်အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။
‘‘ထောက်လှမ်းရေးပြိုကွဲပြီး လွန်ခဲ့တဲ့ငါးနှစ်လောက်အထိ သတင်းရယူဖို့ အခက်အခဲရှိပေမယ့် အခုတော့ ထောက်လှမ်းရေးအဖွဲ့ထက်ပိုပြီးသာတဲ့ လုံခြုံရေးအဖွဲ့အစည်းရှိနေပါပြီ။ နည်းပညာပိုင်းမှာ အိုင်အက်စ်တို့၊ အယ်လ်ကိုင်ဒါတို့ကို မမီပေမယ့် ဖြစ်လာရင် တပ်မတော်က အင်အားပြည့်ချေမှုန်းနိုင်ပါတယ်။ အခုထိလည်း သတင်းတွေရနေတာပဲ။ မအုပ်မိတာမရှိဘူး’’ဟု ၎င်းကပြောသည်။
ကမ္ဘာ့နိုင်ငံအားလုံး၏ ဘုံရန်သူဖြစ်သည့်အတွက် အကြမ်းဖက်သမားသတင်းဖလှယ်ရေးကို နိုင်ငံစုံတပ်မတော်များနှင့် သတင်းဖလှယ်နေကြောင်း ၎င်းကဆိုသည်။
အိုင်အက်စ်အဖွဲ့သို့ နိုင်ငံခြားတိုက်ခိုက်ရေးသမားများ ပူးပေါင်းမသွားစေရန် ယခုရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အာဆီယံဒေသ မွတ်စလင်နိုင်ငံများနှင့် ပူးပေါင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့သည်။ လက်ရှိ အိုင်အက်စ်ဆန့်ကျင်ရေးတွင် အမေရိကန်နှင့် ကမ္ဘာ့နိုင်ငံပေါင်း ၄၀ ခန့် ထိုးစစ်ဆင်နေသည်။
အာဆီယံအတွင်း အင်ဒိုနီးရှားနှင့် မလေးရှားမှာ မွတ်စလင်အများစုနေထိုင်ကြသည့်နိုင်ငံများဖြစ်ပြီး ယခုမြန်မာနိုင်ငံသား ၇၀ ခန့်ကပါ အိုင်အက်စ်သို့ ပူးပေါင်းသွားသည်ဆိုသောကြောင့် လာမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အိုင်အက်စ်အရေးမှာ ထိပ်တန်းဆွေးနွေးမှုတစ်ခုဖြစ်လာမည်ဖြစ်သည်။
‘‘အယ်လ်ကိုင်ဒါပဲဖြစ်ဖြစ်၊ ဘယ်ပြဿနာပဲဖြစ်ဖြစ် ဖြေရှင်းကျော်လွှားနိုင်ဖို့က အမျိုးသားသွေးစည်းညီညွတ်ရေးက အရေးကြီးတယ်။ ညီညွတ်မှုမရှိရင် ဘာပြဿနာကိုမှ ရင်မဆိုင်နိုင်ဘူး’’ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောကြားသည်။
အမိမြေလုံခြုံရေးအတွက် အခြေခံဥပဒေက ပေးအပ်ထားသည့်  အခွင့်အာဏာအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံစုံရန်သူအပေါ် အထင်မသေးဘဲ နိုင်ငံနှင့် လူမျိုးအရေးကို မှန်ကန်သည့်အမြင်ဖြင့်သာ ကြည့်စေလိုပြီး ပြည်သူများကပါ ပူးပေါင်းပါဝင်စေလိုကြောင်း တပ်မတော်အရာရှိကြီးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။
‘‘တပ်မတော်အင်အားပြချင်လို့ အကြမ်းဖက်ခေါင်းစဉ် ဆွဲတင်တာလို့ပြောရင်တော့ အဲဒါပြောတဲ့ သူရဲ့ စဉ်းစားတွေးခေါ်မှုအဆင့်ကို ပြနေတာပဲ။ အယ်လ်ကိုင်ဒါ၊ အိုင်အက်စ်ဆိုတာ တစ်ကမ္ဘာလုံးရဲ့ဘုံရန်သူပါ’’

Monday, October 20, 2014

ลูกเขยโหดบุกยิงพ่อตา แม่ยาย เมีย

พังงา/ลูกเขยโหดบุกยิงพ่อตา แม่ยาย เมีย ดับคาที่ ขับรถหนีไปจอดทิ้งไว้ที่คุระบุรี กรีนวิว รีสอร์ท ก่อนหลบหนีเข้าป่า

เหตุ.ฆ่ากันตาย ที่เกิดเหตุ บ้านเลขที่ 91/1 ม.8 ต.นางขาว อ.คุระบุรี จ.พังงา



วันที่ 20 ต.ค 57 เวลา 13:10 น.
เหตุ.ฆ่ากันตาย ที่เกิดเหตุ บ้านเลขที่ 91/1 ม.8 ต.นางขาว อ.คุระบุรี จ.พังงา
นายพรชัย (โก้) พิทักษ์. อายุ 25 ปี ภูมิลำเนา อ.พนม จ.สุราษฎร์ฯ ได้ใช้อาวุธปืนพกสั้นยิง นายวาด จันทร์แก้วเกิด อายุ 59 ปี นางประกอบ จันทร์แก้วเกิด อายุ 54 ปี และนางสาวปิยวรรณ จันทร์แก้วเกิด อายุ 28 ปีเสียชีวิต ซึ่งเป็นพ่อตาแม่ยาย และ ภรรยาเสียชีวิตที่บ้านพ่อตาเลขที่ 91/1หมู่ที่ 8 ต.แม่นางขาว อ.คุระบุรี จ.พังงา ขณะนี้ตำราจยึดรถยนต์กะบะโตโยต้าวีโก้4 ประตู ทะเบียน กฉ401สุราษฎร์ฯ เป็นยานพาหนะไว้ได้และ คนร้าย ได้หลบหนีไป
ภาพ/ข่าว เชาว์ รักษาวงศ์
วิหคบูรพา 072 : วิหคบูรพา 209
Cr. ทีมงานวิหคบูรพา สฎ.

အရေးရောက်တော့ဘူးသီးခြောက်ကိုမေ့


ဟိုးရှေးတုန်းက ချင်းတွင်းမြစ်အညာမှာ ကျောက်မော်ရွာ
ဆိုတာရှိတယ်။ အဲဒီရွာကမောင်ပိန်ဆိုသူဟာ အချိန်တန်
တော့ တစ်ရွာတည်းနေမလိန်ဆိုသူနဲ့ အိမ်ထောင်ကျသ
တဲ့။
အိမ်ယာတည်ထောင်လူ့ဘောင်ရောက်တဲ့အခါ စားဝတ်
နေရေးအတွက် အသက်မွေးဝမ်းကျောင်းဖို့မောင်ပိန်
ဟာ ဆီရောင်းထွက်တယ်။ ရွာပတ်လည်ဆီရောင်းထွက်
ပေမယ့် ရိုးလွန်းအလွန်းတဲ့ မောင်ပိန်ဟာဆီမရောင်းရ
ဘဲ အိမ်ပြန်လာခဲ့ရတာများတယ်။ တစ်ခါတစ်လေဆီ
ရောင်းရရင်လည်း မောင်ပိန်ဟာ ရိုး အ အားနာတတ်
တာမို့ အမြတ်ငွေမကျန်တဲ့အပြင် အရင်းတောင်ရှုံး
တတ်သတဲ့။
အဲဒီအခါအိမ်သူသက်ထားဇနီးမယား မလိမ်က သြော်
ကိုပိန်နှယ် ရပ်ရွာလှည့်ပြီး ဆီရောင်းတာပဲ သူတော်
ကောင်းကြီးလုပ်ပြီး မဟုတ်တာတစ်လုံး မပြောချင်
တွင်တွင်လည်းမရောင်းရ၊ လောကဆိုတာ လီဆယ်
နိုင်မှ တော်ခါရှိတာ။ အခုတော့ ကိုပိန်ဆီရောင်းသွား
တာက အေးလိုက်တဲ့ဘ၀ အ လိုက်တဲ့အကောင်၊
တော်ဒီလောက်တောင်ငရဲရှောင်ချင်ရင် သင်္ကန်းဝတ်
ပြီးနေပါလားလို့ မြည်တွန်ကြိမ်းမောင်းသတဲ့။
မောင်ပိန်လည်း ဒီတစ်ခါ ကောင်းကောင်းရောင်းပြ
လိုက်ဦးမယ် မယ်လိန်က ငါ့ကိုများ အလိုက်တဲ့
အကောင်တဲ့။ ဒီတစ်ခါသိစေရမယ်လို့ ကြုံးဝါးပြီး
အောက်ပြည်အောက်ရွာကိုဆီရောင်းသွားတယ်။
မောင်ပိန်ဟာ အောက်ပြည်အောက်ရွာမှာဆီတွေ
ကို လိမ်ညာလို့တစ်မျိုး ရောနှောလို့တစ်ဖုံနည်း
မျိုးစုံသုံးပြီး ရောင်းတဲ့အခါ နှစ်ရက်သုံးရက်အတွင်း
မှာပဲ ငွေလေးငါးရာမြတ်သတဲ့။
အဲဒီအမြတ်ငွေ ငါးရာကိုကျစ်ကျစ်ပါအောင်ထုပ်ပြီး
မောင်ပိန်ဟာ ကျောက်မော်ရွာကို ၀မ်းသာအားရ
ပြန်လာခဲ့တယ်။ ဒါပေမယ့်အပြန်လမ်းမှာ ချင်းတွင်း
မြစ်ကို လှေနဲ့ဖြတ်အကူး လှေလူးပြီးလှေမှောက်
တာကြောင့် ရေနစ်ပြီး မသေရုံတမယ်ပဲရှိတယ်။
ပါလာတဲ့ငွေထုတ်ဟာချင်းတွင်းမြစ်ထဲကို စုန်းစုန်း
မြှုပ်သွားတာမို့ ပြန်ရှာလို့မရတော့ဘူးတဲ့။ ဒီလိုနဲ့
အိမ်ပြန်လာခဲ့ရတဲ့ မောင်ပိန်ဟာ အိမ်ရောက်တဲ့
အခါမှာ မလိန်ရဲ့အဆူအဆဲကိုခံရပါတော့တယ်။
အဲဒီအခါမောင်ပိန်က အေးမင်းကတော့ အိမ်မှာ
ထိုင်နေပြီး ငါ့ကိုဆူဆဲတယ်။ ငါ့မှာတော့မင်းအဆဲ
သန်လို့ ငရဲပဲကျန်တော့တယ်ဗျလို့ ညည်းညူလိုက်
သတဲ့။
အဲဒီလိုဆီရောင်းတာအဆင်မပြေတဲ့ မောင်ပိန်ဟာ
တခြားအလုပ်တစ်ခုလုပ်ဖို့ ရှာဖွေတဲ့အခါ မြစ်ရိုး
က လှေထိုးသားတွေအဆွယ်ကောင်းတာနဲ့လှေ
ကြီးတစ်စင်းဝယ်ပြီး လှေသူကြီးလုပ်ဖို့ပြင်ပြန်ပါ
တယ်။ လှေသူကြီးလုပ်ပေမယ့်မောင်ပိန်ဟာရေ
မကူးတတ်တာမို့ အကျဉ်းအကျပ်ဖြစ်လို့ လှေ
ပျက်ရင် အသက်အန္တရာယ်ကို ကာကွယ်ဖို့
ဘူးသီးခြောက်ကြီးတစ်လုံးရှာရသတဲ့။
ရှေးတုန်းကတော့ ယခုခေတ်လို လှေနစ်ရင်
အသက်ကယ်အင်္ကျီဆိုတာလည်းမရှိ။ အသက်
ကယ်လှေ၊ အသက်ကယ်ဘောကွင်းဆိုတာ
ကြားတောင်ကြားဖူးတာမဟုတ်သေးဘူး။
ဒီတော့ ဘူးသီးကြီးတစ်လုံးကိုသွေ့ခြောက်
အောင် နေပူလှမ်းပြီးရင်အထဲကအဆာတွေ
အစေ့တွေထုတ်ထွင်ကာ ကြိုးတစ်ချောင်းနဲ့
ရစ်ပတ်ချည်ငင်ပြီး ပဲ့စင်မှာချိတ်ထားရပါ
တယ်။ တကယ်လို့လှေနစ်ပြီဆိုရင်ဒီဘူးသီး
ခြောက်ကြီးကိုဖက်တွယ်ပြီး ရေမနစ်အောင်
ကာကွယ်တာပေါ့။
ဒီလိုနဲ့မောင်ပိန်ဟာ ဘူးသီးခြောက်ကြီးအား
ကိုးနဲ့ ချင်းတွင်းမြစ်တစ်ရိုးမှာ စုန်ချည်ဆန်
ချည်လှေသူကြီးလုပ်ပြီး ကူးသန်းရောင်းဝယ်
လိုက်တာ အတော်အတန်ချမ်းသာကြွယ်ဝ
လာသတဲ့။ ဒီအခါစုမိဆောင်းမိသမျှ ရွှေတို
ရွှေစကလေးတွေကို လှေကြီးအတွင်းလုံခြုံ
တဲ့နေရာတစ်နေရာမှာသေတ္တာငယ်တစ်ခုနဲ့
ထည့်ပြီးဝှက်ထားလိုက်တယ်။ လှေသူကြီး
ဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးတစ်လျှောက်
လှေလှော်နေစဉ်ကာလတွေမှာ သူ့ဘူးသီး
ခြောက်ကြီးကိုပဲ ယုယုယယ တသသနဲ့
လုပ်နေတတ်ပါတယ်။ သူခမျာလှေသူကြီး
ဖြစ်ပေမယ့် ရေမကူးတတ်ဘူးဆိုတော့
လည်း အရေးရောက်ရင် ဘူးသီးခြောက်
ကြီးသာအားကိုးရမှာကိုး။
ဒီလိုနဲ့လှေသူကြီးဦးပိန်ဟာ ချင်းတွင်းမြစ်ရိုးမှာ
စုန်ချည်ဆန်ချည် ကူးသန်းနေရင်း တစ်နေ့
တော့ မြစ်လယ်မှာ မုန်းတိုင်းနဲ့တိုးသတဲ့။
မုန်တိုင်းက အလွန်ကြမ်းလွန်းတာမို့ရွက်တိုင်
တွေလည်းကျိုး ပဲ့စင်ကိုလည်းထိန်းမရဖြစ်လာ
ပါတယ်။ ဒီအတိုင်းဆိုမကြာခင်မှာလှေနစ်
တော့မှာကို ရိပ်မိတဲ့ ဦးပိန်ဟာ ပဲ့စင်မှာချိတ်
ထားတဲ့အသက်သခင်ဘူးသီးခြောက်ကြီးကို
သတိမရတော့ဘူး။
သူသတိရလိုက်မိတာက လှေကြီးထဲမှာဝှက်
ထားတဲ့ ရွှေသေတ္တာပဲတဲ့။ အဲဒါနဲ့လှေသူကြီး
ဦးပိန်ဟာ လောဘဇောတွေဝင်လာပြီးလှေ
မနစ်ခင် ရွှေသေတ္တာကို ပြေးဝင်ယူနေတုန်း
ဖြုန်းခနဲလှေမှောက်သွားတာမို့ရေအောင်
ရောက်ပြီး အသက်ဆုံးရှုံးရသတဲ့။
ဒီအဖြစ်အပျက်ကလေးဟာ ပုံပြင်တစ်ပုဒ်
အနေနဲ့ဖတ်ရင်ပြုံးချင်စရာဖြစ်ပေမယ့်သင်ခန်း
စာယူစရာအနေနဲ့တွေးတောမိရင်တော့ရင်မော
စရာလည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ပုံပြင်
ထဲက ဘ၀နဲ့ ဘ၀ထဲကပုံပြင်တွေဟာ အပြင်မှာ
တော့အတူတူပါပဲ။
သဒ္ဓါနဲ့တဏှာဆိုတာ လူ့ဘ၀အရင်းအမြစ်တွေ
ကို ဆွဲလုနေတဲ့ အင်အားနှစ်ခုပါ။ တွယ်တာ
တပ်မက်မှုဆိုတဲ့တဏှာလောဘဆွဲအားက
ပြင်းပြလာတဲ့အခါ လူ့ဘ၀ရဲ့တဒင်္ဂခဏအငှါး
တွေကို ထာဝရအပိုင်လို့ထင်နေတတ်ပြီးအပိုင်
တွေကိုလည်း အငှါးလို့ထင်ကာ အမြင်တွေ
မှားနေတတ်ပါတယ်။ ယုံကြည်သိမြင်မှုသဒ္ဓါ
ပညာဆွဲအားက အားကောင်းပါမှ အပိုင်နဲ့
အငှါးကို ခွဲခြားသိမြင်ပြီး အငှါးကိုအပိုင်နဲ့ရ
အောင်လဲယူတတ်ပါတယ်။
တကယ်တော့ လူ့ဘ၀ရပိုင်ခွင့်တွေထဲမှာ
ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ၊ ဆွေညာမိဘ
ဘ၀ခန္ဓာအဖြာဖြာတွေဟာ တဒင်္ဂ၊ ခဏဆိုင်
ခွင့်သာရပြီး ပိုင်ခွင့်မရတဲ့အငှါးတွေပါ။ ဒါန
သီလ၊ ဘာဝနာကိုသိုလ်ကောင်းမှုတွေသာ
ကိုယ်နဲ့ထာဝရသက်ဆိုင်တဲ့ တကယ့်အပိုင်
ပစ္စည်းတွေပါ။
တဏှာက အငှါးတွေကို အပိုင်ထင်ပြီးဆွဲလု
ပေမယ့် ရလာတဲ့အခါကျတော့ လောက်ကျွမ်း
ပြစ်တာမို့ အပူကလွဲလို့ ဘာမျှမကျန်ရစ်တော့
ပါ။ သဒ္ဓါက အပိုင်နဲ့အငှါးကို ခွဲခြားပြီးအငှါး
တွေကို အပိုင်အဖြစ်ပြောင်းလဲရယူတတ်တာ
မို့ အပူငြိမ်းအကြောက်ပြေကာထာဝရစိတ်
အေးရပါတယ်။
ဒါပေမယ့်လူအများဟာ သဒ္ဓါဆွဲအားလေး
ကောင်းနေတုန်းသာ လောကမှာ ဘုရား၊
တရား၊ သံဃာရတနာသုံးပါးကလွဲလို့ကိုး
ကွယ်ရာမရှိဘူး။ သေရင်ကိုယ့်နောက်ကို
ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ကောင်းမှု
တွေကသာ လိုက်ပါနိုင်တာ။ ဘ၀သံသရာ
မှာ တရားမှတစ်ပါး တခြားဘာမှအားကိုး
စရာမရှိပါဘူးလို့နှလုံးသွင်းနိုင်ကြပေမယ့်
တဏှာလောဘက၀င်နှောက်လာပြီဆိုရင်
ဘာတရားမှကိုသတိမရနိုင်တော့ဘဲလှေ
သူကြီးဦးပိန်လှေပျက်တဲ့အခါ ရွှေမက်တာ
နဲ့ရေနစ်ပြီး ပျက်စီးရသလို လောကီအာရုံ
ကာမဂုဏ်တွေကိုပဲ ဖက်တွယ်ပြီးပျက်စီး
တတ်ကြတာပါ။
ဒါကြောင့်ဒီဓမ္မပုံပြင်ကလေးနဲ့ ၁။ လူ့ဘဝ
ရဲ့အပိုင်နဲ့အငှါးကို ခွဲခြားသိမြင်ဖို့လိုအပ်
ကြောင်း၊ ၂။ သဒ္ဓါတဏှာ ဆွဲအားနှစ်ခုမှာ
တဏှာဆွဲအားနောက်ကိုလိုက်ရင် ပူလောင်
ရတတ်ပြီး သဒ္ဓါဆွဲအားနောက်ကိုလိုက်ပါ
နိုင်မှ စိတ်အေးရကြောင်းနဲ့၊ ၃။ တဏှာ
ဆွဲအားနောက်ပါသွားရင် ကုသိုလ်ကောင်းမှု
တွေကို မေ့လျော့ပြီးအပါယ်လေးပါးမှာနစ်
မြှုပ်ပျက်စီးရတယ်ဆိုတဲ့အကြောင်းတို့ကို
ပြောပြလိုတာပါ။
တော်ဝင်နွယ်
အပ္ပမာဒဓမ္မပုံပြင်များ

Sunday, October 19, 2014

အိုင်အက်ထိန်းချုပ်ထားရာနယ်မြေတွင် အမျိုးသမီးများပါလက်နက်ကိုင်ဆောင်ကာသွားလာလျက်ရှိ




 

လိင် ၂ မျိုး အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးတဦး မွေးဖွား



လိင်၂ မျိုး၊ အင်္ဂါဇာတ် ၃ ခုပါတဲ့ ကလေးငယ် တဦးကို ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံ မှာ
အောက်တိုဘာ လ ၁၀ ရက် နေ့က မွေးဖွားခဲ့တယ်လို့ နိရဉ္စရာ သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြလာပါ တယ်။
နေရဉ္စရာ သတင်းက ဖော်ပြထားတဲ့ လိင် ၂ မျိုး လိင်အင်္ဂါ ၃ ခုပါတဲ့ ကလေးသတင်း၊ ဓာတ်ပုံ- နေရဉ္စရာ

ရခိုင်ပြည်နယ် ဂွမြို့နယ်က အဖ ဦးရဲပိုင်ထူး၊ အမိ ဒေါ်ဝေေ၀မာတို့က မွေးဖွားလာတဲ့ ကလေးငယ်ဟာ
ယောင်္ကျားအင်္ဂါ ၂ ခု၊ မ အင်္ဂါတခု ပါဝင်တာဖြစ်တယ်လို့ ဂွ မြို့နယ် ကျန်းမာရေး ဦးစီးဌာနက နေရဉ္စရာ သတင်းဌာနကို ပြောဆို ထားခဲ့ပါတယ်။

လိင်အင်္ဂါ ၂ မျိုး ၃ ခုနဲ့ မွေးဖွားလာတဲ့ ကလေးငယ်ကို ဆေးကုသနိုင်ဖို့ ရခိုင်ပြည်နယ် ကျန်းမာရေး ဌာနကို တင်ပြထားတယ်လို့လည်း သတင်းက ဆိုပါတယ်။

ကျမ်းဂန်တွေအရ ဣတ္ထိလိင်၊ ပုလ္လိင်၊ ဒွိလ္လိင်၊ နပုလ္လိင် ဆိုတဲ့ မလိင်၊ ကျားလိင်၊ ကျား+မ လိင်၊ လိင်အင်္ဂါ မပါဆိုပြီး ၄ မျိုး ရှိတာ သိရပါတယ်။

အခုလို ကျား အင်္ဂါ ၂ ခုနဲ့ မ အင်္ဂါ ၁ ခုပါတဲ့ ( လိင်၂ မျိုး ၊ အင်္ဂါဇာတ် ၃ ခု) ကလေးငယ်ကို မည်သို့ ခေါ် ဆိုမ လည်း ဆိုတာတော့ ကျမ်းတတ်ပေတတ်တွေက ဆွေးနွေးရတော့မယ်ထင်ပါတယ်။ 

လူခြောက် ဆိုတာ



 ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ ဒဏ္ဍာရီလာ သတ္တ၀ါ ဆိုတာ အတော်များများရှိကြပါတယ်
ရုပ်ရှင်တွေထဲမှာကတော. ပိုတောင်ဆိုးပါတယ်
0Z လို ကားမျိုး ဟယ်ရီပေါ်တာလို ကား...မျိုးတွေထဲမှာဆိုလည်း ဘာမှန်းတောင်မသိနိုင်တဲ့ သတ္တ၀ါ တွေတွေ.၇တတ်ပါတယ်...အချို.ကတော. လုံးဝစိတ်ကူးယဉ်သက်သက်...အချို.ကတော. ရှိပြီးသားအကောင်တွေကိုပုံစံပြောင်း ..အချို.ကတော. တကယ်ရှိသလို..မရှိသလို အကောင်တွေပါ

မြန်မာနိုင်ငံမှာလည်း ဒဏ္ဍာရီလာ သတ္တ၀ါတွေ ရှိနေတာပါပဲ...ပြင်ပမှာ လုံးဝမရှိနိုင်တဲ့ တိုးနယားလိုမျိုး...ပဉ္စရူပ လိုမျိုးအကောင်တွေရှိသလို ရှိ/မရှိ သေချာမသိ၇တဲ့ ဘီလူး..နဂါး..ဂဋ္ဌုန် စတာတွေကလည်း မျိုးပဲပြတ်သွားတာလား ...ဆိုတာမသိရပါဘူး

ဒီထဲမှာမှ အတော်များများရှိတယ်လို.လက်ခံထားပြီး သေချာမတွေ.ဘူးကြတာကတော. လူခြောက် ပဲ ဖြစ်ပါတယ်....သူနဲ.ပတ်သက်လို. ဘာသာရေးဆိုင်ရာအမြင် တစ်ခုကတော.

လူခြောက်-ဟူသည် ဘုံဘ၀တမျိုးမှ သတ္တ၀ါမဟုတ်ပါ၊ ခန္ဓာငါးပါးရှိသည့် လူ့ဘ၀၌ပင် ဇလာဗုဇ ပဋိသန္ဓေနေကြသူများ ဖြစ်ပါသည်။ ဗုဒ္ဓစာပေအရဆိုသော် ပထမံ ကလလံ သောတိ၊ ကလလာ ဟောတိ အဗ္ဗုဒံ၊ စသော သံယုတ်ပါဠိတော်လာအတိုင်း
အမိဝမ်းတွင်း ကလကရေကြည် တစ်သတ္တာဟ (ခုနစ်ရက်တပတ်)။
... အမြှုပ် တစ်သတ္တာဟ။
သားတစ် တစ်သတ္တာဟ။a
အခဲ တစ်သတ္တာဟ။
ဦးခေါင်း ခြေလက် ခက်မငါးဖြာ တစ်သတ္တာဟ ဖြစ်၍
၎င်းငါးသတ္တာဟ (ခုနစ်ရက် ငါးလီ) အလွန် သတ္တာဟ အနည်းငယ်မျှ ရင့်မာခဲ့ပြီး အမိဝမ်းတွင် ကွယ်လွန်ခဲ့ပါသည်။
၎င်း၏အသက်ဝိညာဉ်သည် ပဋိသန္ဓေအစ ကလကရေကြည် တည်စကပင် ဖြစ်ခဲ့သော်လည်း ဖော်ပြပါ ငါးသတ္တာဟအလွန် ၁၀၊ ၁၂- သတ္တာဟ အတွင်း သေဆုံး၍ သန္ဓေ ၂-လကျော် ၃-လနီးပါးအရွယ် လူသားလောင်း ရုပ်ကြွင်းသာ အမိဝမ်းတွင်ကျန်ခဲ့ပြီး ကံအားလျော်စွာ ပေတဘ၀ (ဂန္ဓဗ္ဗ ဝေမာနိကပြိတ္တာ) မျိုးတွင် ဖြစ်လေသည်။ (ရှေးဘ၀ ကောင်မှုအကျိုးကြောင့် သုဂတိဘုံကို ပဋိသန္ဓေတော့ နေခွင့်ရသည်။ ရှင်သန်ခံစားခွင့်မရဘဲ သေသွားရရှာသည်။)

အသက်ဝိညာဉ်မဲ့သော သန္ဓေသားမှာ ပျက်ကျရမည်ဖြစ်သော်လည်း တစုံတခုသော အကြောင်း ( ဥပမာ-တေဇောဓာတ် လွန်ကဲမှု) ကြောင့် ပျက်ကျမသွားဘဲ တဖြည်းဖြည်း ခြောက်သွားရပါသည်။ ၄င်း ခြောက်သွားသည်နှင့် ၂-၃ လအရွယ် ကြီးနေသော အမိဝမ်းသည်လည်း ပြန်လည်ပိန်ကြုံ၍ သွားကာ နေ့စေ့ချိန် (၄၂-သတ္တာဟခန့် )တွင် ဖွားမြင်သည်။ ထိုအခါ မရင့်မာမီ အမိဝမ်းတွင်းမှာပင် သေဆုံးခြောက်ကပ်သွားရ၍ မကြီးပြင်းနိုင်ဘဲ ခက်မငါးဖြာ မျက်စိ နား နှာခေါင်း အရာပါရုံမျှ ရှိသည့် လူသားလောင်း အခြောက်ကလေး ( ၄-လက်မအရွယ် ) မျှသာ မွေးဖွားလာခဲ့ရသည်။
ထိုအခါ၌ ၄င်းလူသားလောင်းကလေးမှ ဘ၀ပြောင်း၍ ဖြစ်နေသော ဂန္ဓဗ္ဗ (သို့မဟုတ်) ဝေမာနိကပြိတ္တာမှာ လေချွန်နတ်သူငယ် ကဲ့သို့ အသင့်အတင့်တန်ခိုးရှိသဖြင့် ၄င်း၏ရုပ်ကြွင်း လူခြောက်ကလေးကို တွယ်တာစွဲဝင်၍ နေလာလေသည်။ ထို့ကြောင့် ဆိုင်ရာ မိဘစသည်တို့အား အိပ်မက်ပေးခြင်း၊ အရိပ်အရောင်ပြခြင်း စသည် ပြုလုပ်နိုင်လေသည်။
အထက်ပါတို့ကို ထောက်၍ လူခြောက်သည် အသက်ရှင်ခြင်း၊ အာဟာရမှီဝဲခြင်း၊ ကျင်လည်လှုပ်ရှားခြင်း မရှိ၊ ၄င်းအား မှီတွယ်စွဲဝင်နေသော ဝေမာနိက ပေတ၊ ဂန္ဓဗ္ဗ၏ သဘောသဘာဝ အတိုင်းသာလျှင် ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။ ( အမိဝမ်းတွင်းတွင် သေဆုံးပြီး ဝေမာနိကပေတ ဂန္ဓဗ္ဗ မဖြစ်၊ သို့မဟုတ် မှီတွယ် စွဲကပ်မှု မရှိ၍ မထူးမခြား အသေအတိုင်း မွေး၍ စွန့်ပစ်ရသော လူခြောက်များလည်း ရှိသေးကြောင်း သိရပါသည်။

လို. ဆိုပါတယ်

ဒါနဲ.ပတ်သက်လို. ဆရာဝန် တစ်ယောက်လည်းဖြစ် ..ဘာသာရေးဗဟုသုတ လည်းရှိသူတစ်ဦးကတော.ဒီလိုပြောပါတယ်

လူခြောက်ဆိုတာ Intra Uterine Foetal Death ခေါ်တဲ့ သားအိမ်တွင်းမှာ အင်္ဂါစုံပြီးမှ သေသွားတဲ့ ကလေးပါ။နဂိုက အသားနည်းပါးတဲ့ထဲမှာ calcium များနေတဲ့အခါ မပုပ်မသိုးလေးရှိနေတတ်ပါတယ်။
အိပ်မက်ပေးတယ် ပစ္စည်းခိုးပေးတယ် ဆိုတာတွေကတော့ အဲဒီ အလောင်းကောင်လေးမှာ တွယ်နေတဲ့ ဝေမာနိက ပြိတ္တာ ဘ၀ပါ။
သူ့မှာ ကမ္မဇိဒ္ဓိခေါ်တဲ့ ကံကြောင့်ရတဲ့ အစွမ်းလေးရှိခဲ့ရင် အိပ်မက်ပေးတာပစ္စည်းခိုးတာ လုပ်တတ်ပါတယ်။
ကျမတို့ အမျိုး ပုသိမ်က မိသားစု တစ်စုမှာ လူခြောက်လေး ၂ ယောက် မွေးထားတာ ကိုယ်တိုင် တွေ့ဖူးပါတယ်။

ဒါကတော. လူခြောက်မွေးဖွားခဲ့ကြောင်း သတင်းလေးတစ်ပုဒ်ပါ


သူနဲ.ပတ်သက်လို. ကောင်းသည် ဆိုးသည် ဝေဖန်မှုတွေ ရှိသည်/မရှိပါ ငြင်းခုန်မှုတွေကတော.အတော်များများ ရှိနေပေမယ်. မြင်ဖူးသူတွေက မြင်ဖူးကြသလို ရှိနေသူတွေကလည်း သိုသိုဝှက်ဝှက် ဂရုတစိုက် ထားကြတာကြောင်.ကောင်းတာတွေရှိတယ်လို.ပဲယူဆရပါမယ်
ကျွန်တော်ကိုယ်တိုင်ကတော. ၁၉၉၃ လောက်ကတွေ.ဖူးပါတယ် ဆိုင်လေးတစ်ဆိုင်ဆီကို အရောင်းအ၀ယ်ကောင်းအောင်ခဏ ပေးလိုက်လို. လူတစ်ယောက်ကယူလာတာပါ ..ကျေးဇူးလည်းရှိ မကင်းရာမကင်းကြောင်းမို. တစ်ရက်ပေးလိုက်တာပါ...သစ်သားသေတ္တာ အပြားလေးထဲကို ကတ္တီပါ အနီစလေးခင်းထားပြီး ပေါင်ဒါမှုန်.တွေဖြူးထားတဲ့ တကယ်.လူပုံစံ တမိုက်သာသာ လေးပါ ..ခုပြန်စဉ်းစားကြည်.တော. ပုံဖော်လို.တော.မရတော.ပါဘူး...


ကျွန်တော.အမြင်ကတော. အသုံးပြုသူပေါ်မှာပဲ ကောင်းခြင်း မကောင်းခြင်းက မူတည်ပါလိမ်.မယ်

ကလေးငယ်များ အအေးမိ၊ ချောင်းဆိုးခြင်း နေအိမ်၌သာ ကုသရန် နည်းလမ်းများ

ရာသီအပြောင်းအလဲ အချိန်များတွင် ကလေးငယ်များ အအေးမိ၊ ချောင်းဆိုးလေ့ရှိသည်။ သင့်ကလေး၏ ကိုယ်ခံအားစနစ် ကောင်းစေရန်နှင့် အအေးမိ၊ ချောင်းဆိုးခြင်းတို့ကို နေအိမ်၌ ကုသရန်နည်းလမ်းအချို့ ဖော်ပြပေးလိုက်ပါသည်။

အကယ်၍ သင်၏ကလေး အအေးမိနေပါက ရေနွေးငွေ့ရှူခိုင်းပါ။ အနည်းဆုံး ၁၀ မိနစ်မှ ၁၅ မိနစ်အထိ ရေနွေးငွေ့ရှူခိုင်းပါ။ ယူကလစ်ဆီကို ရေနွေးထဲထည့်၍ ရှူခိုင်းခြင်းဖြင့် သင့်ကလေး၏ အသက်ရှူလမ်းကြောင်း ချောမွေ့စေမည် ဖြစ်သည်။
သင့်လက်ချောင်းကို ပျားရည်ထဲ နှစ်ထည့်ပြီး ကလေးကို လျှာဖြင့်လျက်ခိုင်းပါ တစ်နေ့လျှင်နှစ်ကြိမ်၊ သုံးကြိမ် ယင်းသို့လုပ်ပေးရန် လိုသည်။ အကယ်၍ ငါးနှစ်အထက် ကလေးငယ်ဖြစ်ပါက သစ်ကြံ ပိုးခေါက်အမှုန့် တစ်ဇွန်းပျားရည်ထဲထည့်ပြီး သောက်ခိုင်းပါ။
ရေနွေးထဲတွင် ဇီရာစေ့နှင့် ပင်စိမ်းရွက်ထည့်၍ ရှူခိုင်းခြင်းဖြင့်လည်း ကလေးငယ်၏ ချောင်းဆိုးခြင်းနှင့် ရင်ကျပ်ခြင်းကို သက်သာစေမည်ဖြစ်သည်။
အသက် (၂ )နှစ်အောက်ကလေးငယ်များကို နှိပ်နယ်ပေးခြင်းမှာအကောင်းဆုံးအကျိုးကျေးဇူးများ ရှိသည်။ မုန်ညင်းဆီကို ကြက်သွန်ဖြူနှင့်ရောကာ ကလေး၏ ရင်ဘတ်၊ ကျောနှင့်လည်ပင်းတို့ကို လိမ်းပေးပါ။ အအေးမိခြင်း အမြန်သက်သာစေရန် လက်ဖ၀ါး၊ ခြေဖ၀ါးများကိုလည်း ယင်းဆီလိမ်းပေးပါ။
သင်၏ ကလေးငယ် နှာစေး၊ ချောင်းဆိုးဖြစ်နေချိန်တွင် ကလေးကို ရေဓာတ်ပြည့်ဝနေအောင်ထားရန် အရေးကြီးသည်။ ရေပုံမှန်သောက်ပေးခြင်းဖြင့် သာမန်အအေးမိခြင်းကို သက်သာစေပြီး ရောဂါပိုးမွှားများ ၀င်ရောက်ခြင်းကို ကာကွယ်နိုင်ကာ လည်ပင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်သလို စွတ်ပြုတ်နွေးနွေးလေးကဲ့သို့ အခြားအရည်များ (သို့မဟုတ်) လက်ဆတ်သော သစ်သီးဖျော်ရည်များ တိုက်ကျွေးခြင်းဖြင့်လည်း ခန္ဓာကိုယ်က ဆုံးရှုံးသွားသော စွမ်းအင်များပြန်ပြည့်စေသည်။
ကလေးကို လည်ပင်းနာခြင်း သက်သာစေရန် ရေနွေးတစ်ခွက်ထဲသို့ ဆားလက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်၍ တစ်နေ့လျှင် နှစ်ကြိမ် ပလုတ်ကျင်းခိုင်းပါ။ ဆားပါဝင်သော ရေက နာကျင်မှုကို သက်သာစေနိုင်သည်။
အအေးမိခြင်း၊ ချောင်းဆိုးခြင်းတို့ကဲ့သို့ ခံတွင်းဆိုင်ရာ ရောဂါကူးစက်မှုများကို နနွင်းမှုန့်ဖြင့် ကုသနိုင်ကဲ့သို့ နွားနို့ပူပူတစ်ခွက်ထဲသို့ နနွင်းမုန့်ထည့်ပြီးညတိုင်းသင့်ကလေးကို တိုက်ပါ။ လည်ချောင်းယားယံခြင်းနှင့် နှာစေးခြင်းတို့အတွက် နနွင်းမှုန့်ထည့်ထားသော နွားနို့သောက်သုံးပါ။