Saturday, June 18, 2011

သုတ်ပိုးတွေအပြင်မှာဘယ်လောက်ကြာကြာရှင်နိုင်သလဲဖြေ..

Sperm သုတ်ပိုးတွေ အပြင်မှာ ဘယ်လောက်ကြာကြာ ရှင်နိုင်သလဲ

2011/5/31
ကျွန်တော့် အသက် 19 နှစ်ရှိပါပြီ။ ဆရာ့ရဲ့ အသက် 18 နှစ်ပြည့်မှ ဖတ်ပါဆိုတဲ့ စာတွေကို ဖတ်ရပါတယ်။ ဗဟုသုတ လည်းရပါတယ်။ အဲဒီထဲမှာ မပါတဲ့ ကျွန်တော် သိချင်တာလေးတစ်ခုရှိ ပါတယ်။ ယောက်ျား သုတ်ပိုးဟာ မိန်းမ အင်္ဂါထဲလည်း မရောက်ဘဲ အပြင်မှာ ရှင်သန်နိင်ပါသလား။ Condom ထဲမှာကော ရှင်သန်နိင်စွမ်း ရှိပါသလား။

• ယောက်ျားကိုယ်ထဲမှာ သုတ်ပိုးက ၇၄ ရက်အထိ သက်တမ်းရှိတယ်။
• သုတ်ရည်ဟာ ကိုယ်ထဲကထွက်တာနဲ့ အမြန်ခြောက်သွေ့တယ်။ သုတ်ပိုးတွေလဲ မရှင်နိုင်တော့ဘူး။
• ၂ဝ မိနစ်ကနေ ၁ နာရီသာ ရှင်နိုင်တယ်။ ဒါလဲ အပူချိန်၊ စိုထိုင်းမှု စတာတွေအပေါ်မူတည်တယ်။
• ကျားသုတ်ပိုးဟာ အက်စစ်ဓါတ်ကဲတဲ့ (ဗဂျိုင်းနား) မွေးလမ်းထဲမှာ ၆ နာရီအထိသာ ရှင်နေနိုင်တယ်။
• (ဗဂျိုင်းနား) မှာ ပိုးဝင်နေရင် ဒိထက် အသက်တိုမယ်။
• မျိုးဥထွက်ချိန် လလယ်ရက် သားအိမ်ဝကထွက်တဲ့ အချွဲဟာ အက်စစ်ဓါတ် နည်းတာမို့ သုတ်ပိုးအတွက် ပိုလို့ အဆင်ပြေတယ်။
• သုတ်ပိုးတွေက အမျိုးသမီးကိုယ်ခန္ဓာထဲမှာ ပိုပြီးကြာကြာ ရှင်နေနိုင်တယ်။
• သားအိမ်ပြွန်ထဲမှာ ၅-၇ ရက်ကြာ ရှင်နေနိုင်တယ်။ ပျမ်းမျှဆိုရင် ၃-၄ ရက် ရှင်နိုင်တယ်။

Friday, June 17, 2011

ဝန်ထမ်းဆိုတာ

အစိုးရ၀န်ထမ်းဆိုတာ
နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းအိမ်ရာ တစ်ခုတွင် မွေးနေ့ပွဲတစ်ခု ကျင်းပနေသော အချိန်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော ဆွဲကြိုးကိုကြည့်ပြီး ဧည့်သည်အားလုံးက “လှလိုက်တာ၊ လှလိုက်တာ” ဟု အားလုံး ၀ိုင်းဝန်း ချီးမွမ်းနေကြသည်။ ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသော အမျိုးသမီး ငယ်သည် အားပါးတရ ကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွဲကြိုးကိုချွတ်ပေးလိုက်၏။ဆွဲကြိုးသည် တစ်လက်မှတစ်လက်သို့ ကူးသွားပြီး နောက်ဆုံးတွင် ပျောက်သွားတော့သည်။

အမျိုးသမီးကြီးတစ်ဦးက စိတ်မကောင်း ဖြစ်မိစွာဖြင့်ပြော၏။ “အချင်းချင်း ဒီလိုလုပ်တာတော့ မကောင်းပါဘူး။ ဒါကြောင့် ယူထားတာ ကိုလဲ ဘယ်သူမှမသိအောင် အခုစားပွဲပေါ်ကို ငွေဖလားတစ်လုံး တင်လိုက်မယ်။ပြီးရင်မီးခလုတ်ကို ပိတ်ပြီး တစ်ရာအထိရေမယ်။ မီးပြန်ဖွင့် လိုက်တဲ့အချိန်မှာ ဆွဲကြိုးကို ငွေဖလားထဲမှာ ပြန်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ချင်ပါတယ်” လို့ပြောလိုက်ပါတယ်။

မီးကို ပိတ်လိုက်ပြီး တစ်ကနေ တစ်ရအထိရေတယ်။ ပြီးတော့မီးကိုပြန်ဖွင့်လိုက်တယ်။

စားပွဲပေါ်မှာ ငွေဖလားမရှိတော့...

Thursday, June 16, 2011

ကွန်ပြူတာစောရလေးအားဖမ်းမိ

DK၊ ၊နိုင်ငံတကာရဲတပ်ဖွဲ့ နှင့် အမေရိကန်အစိုးရဋ္ဌာနအချို့ကို ထိုးဖောက်ခဲ့သည့် အသက် ၁၈ နှစ်ခန့်သာရှိသေးသည့် ဟက်ကာတဦးအား ဂရိနိုင်ငံ
၊ အေသင်မြို့တွင် ဂရိရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဂရိရဲ
တပ်ဖွဲ့ အထက်တန်းအရာရှိတဦးမှ ပြောကြားခဲ့သည်။

အဆိုပါအမည်ထုတ်ပြန်ခဲ့ခြင်းမရှိသည့် ဆယ်ကျော်သက်လူငယ်ဟက်ကာလေးသည် အေသင်မြို့တောင်
ပိုင်းဆင်ခြေဖုံးရှိ အလုပ်သမားလူတန်းစားများနေထိုင်ရာ အားဂျီးယို့စ်ဒီမီးထရီးယို့စ်ခရိုင်တွင် ၄င်း၏မိခင်ဖြစ်သူနှင့်အတူ နေထိုင်သည်
။ ၄င်းသည် ကမ္ဘာအနှံ့အပြားသို့ ထိုးဖောက်တိုက်ခိုက်မှုများအား ထိုအိမ်မှနေ၍
လုပ်ဆောင်ခဲ့သည်ဟု ဂရိဆိုင်ဘာမှုခင်းတပ်ဖွဲ့အကြီးအကဲမှ ပြောကြားခဲ့သည်။
၎င်းသည် နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) အားထိုးဖောက်လေ့ရှိပြီး၊ အမေရိကန်အမေရိကန်အစိုးရဋ္ဌာန
အချို့လည်း ၄င်း၏ထိုးဖောက်တိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဂရိနိုင်ငံတွင်ထွက်ပေါ်ခဲ့သည့်သတင်းများအရ အဆိုပါအမည်မသိဆယ်ကျော်သက်လူငယ်ဟက်ကာသည် အမေရိကန်နိုင်ငံတော်လုံခြုံရေးဋ္ဌာန (NSA,
National Security Agency)၊ အမေရိကန်ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FBI, Federal
Bureau of Investigation)၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနရုံးစိုက်သည့်၊ ပင်န်တဂွန်စစ်ဋ္ဌာနချုပ်
(The Pentagon) တို့သို့တရားမ၀င် ၀င်ရောက်နိုင်သည့်နည်းလမ်းများကို ၂၀၀၉ ခုနှစ်က ရရှိခဲ့သည်ဟုဆိုသည်။
‘ nsplitter ‘ ဆိုသောအမည်ဝှက်သုံးသည့် ဤဟက်ကာလေးသည် အန္တရာယ်ရှိကြောင်းသတိမပြုမိပဲInternet Toolbar များကို
ဒေါင်းလုတ် (Download) ဆွဲချမိခဲ့သည့် အင်တာနက်အသုံးပြုသူများ၏
အကြွေးဝယ်ကဒ်များ (Credit Card) နှင့် အွန်လိုင်းဘဏ်ငွေစာရင်းများ (E-Banking) မှ အချက်အလက်
များကိုခိုးယူခဲ့ပြီး ဘဏ်ကဒ်အတုများပြုလုပ်ကာ တရားမ၀င်ငွေထုတ်ယူမှုများ ပြုလုပ်ခဲ့သည်။

မြန်မာစကားပုံများ (၁)

မှတ်သားစွယ်စုံမြန်မာစကားပုံများ(၁)

သည်ယုန်မြင်လို့သည်ချုံထွင်
ချုံရှင်းလိုတာမဟုတ်ဘဲ ယုန်ရရန်ရည်ရွယ်ချက်ဖြင့်
ချုံကိုခုတ်ထွင်ရှင်းလင်းဘိသကဲ့သို့ အလားအလာကို
မြော်မြင်လို့ အခြေအနေတစ်ရပ်ကို ဖန်တီးသည်။

သမုဒ္ဒရာရေ တစ်ယောက်တည်းသောက်လို့မကုန်
သမုဒ္ဒရာရေကို တစ်ယောက်တည်းသောက်လို့ မကုန်ခမ်းနိုင်သကဲ့သို့
ပေါများလှစွာသော အခွင့်အလမ်းများကို တစ်ဦးတစ်ယောက်တည်းရ
ယူခံစားလို့ ကုန်နိုင်ဖွယ်မရှိပါ။

သမင်မွေးရင်းကျားစားရင်း
ဘ၀အဆက်ဆက် ရန်ဘက်ဖြစ်လာခဲ့ရာ တစ်ဦးကသမင် တစ်ဦးကကျားဘ၀တွင်
သမင်မွေးလိုက်တိုင်းကျားက စားပစ်သကဲ့သို့ အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာတိုင်း
အဖတ်မတင်ဘဲ ကုန်သွားသည်။

နေတော့ပျဉ်ထောင် စားတော့ချဉ်ပေါင်
လူမြင်သူမြင် နေထိုင်ရာတွင် ပျဉ်ထောင်အိမ်ကြီးနှင့် တခမ်းတနား ရှိသော်လည်း
လူမမြင်သည့် စားသောက်မှူတွင်မူ ချဉ်ပေါင်ဟင်းသာ စားနေရသကဲ့သို့ အများအမြင်
တွင် ကြွယ်ဝဟန်ရှိသော်လည်း အမှန်တကယ်မူ ချို့ချို့ငဲ့ငဲ့ ဖြစ်နေသည်။

ပါးစပ်ဟ အူမ မြင်
ပါးစပ်ဟရုံနှင့် အူမကို မြင်သည်ဆိုသကဲ့သို့ ပြောစကားကို ကြားလိုက်ရုံနှင့် ထိုသူ၏
သဘောထားကိုသိမြင်နိုင်သည်။

နေပူတုန်း စပါးလှန်း
နေပူစဉ် စပါးလှန်းရသကဲ့သို့ အခြေအနေပေးစဉ်
လုံ့လစိုက်ပြီး အခွင့်အရေးကို အသုံးချရသည်။
နွားကြော့ဆိုလေ ချုံတိုးလေ
နွားကိုကြော့ပေ့မော့ပေ့ဟု ချီးမွမ်းလေ နွားကချုံထဲတိုးလေ ဖြစ်သကဲ့သို့
အထင်တကြီးချီးမွမ်းလေ မဖွယ်မရာ ပြုမူလေဖြစ်သည်။

မပြည့်သည့်အိုး ဘောင်ဘင်ခတ်
ရေမပြည့်အိုးသည် သယ်ယူရာ၌ ဘောင်ဘင်ခတ်၍ အသံမြည်သကဲ့သို့
မပြည့်ဝသောသူသည် တည်ကြည်ငြိမ်သက်ခြင်းမရှိပေ။

ဒေါင်းတုလို့ စာသူငယ်လှမ်း
ဒေါင်း၏ခြေလှမ်းကို စာသူငယ်က တုပ၍ လှမ်းသကဲ့သို့
မိမိနှင့်မတန်မရာကို တုပပြုမူသည်။

အသံသာရှိ အဆန်မရှိ
သင်္ကြန်အမြောက်သည် အသံသာမြည်၍ အဆန်မပါ
သကဲ့သို့ အပြောဖြင့် ကြုံးဝါးမြည်ဟိန်းသော်လည်း
တကယ် လက်တွေ့တွင် ဘာမှထိရောက်မှုမရှိပေ။

အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ
အိမ်ရှေ့ခန်း၌ရှိနေသူများ ပူပန်သောကဖြစ်နေကြစဉ်
အိမ်နောက်ခန်း၌ ရှိနေသူများလည်း သာယာချမ်းမြေ့မှူ
မရှိနိုင်သကဲ့သို့ ဦးဆောင်ဦးရွက်ပြုသူများ ပူပင်သောက
ဖြစ်နေကြလျှင် မှီခိုအားထားနေရသူများလည်း သာယာ
ပျော်ရွင်ခြင်းမရှိနိုင်။

ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားက နောက်နွားစဉ်စိုက်ဖြောင့်ဖြောင့်လိုက်၏
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားလျှင် နောင်နွားများလညိး အစဉ်တစိုက် ဖြောင့်ဖြောင့်လိုက်ဘိသကဲ့
ဦးစီးခေါင်းဆောင်ဖြစ်သူက ဖြောင့်ဖြောင့်မတ်မတ် ကြံစည်လုပ်ဆောင်ပါလျှင်နောက်လိုက်ငယ်သားများလည်း
ဖြောင့်ဖြောင့်မတ်မတ်ပင်ကြံစည်လုပ်ဆောင်ကြသည်။

လင်လိုတုန်း နားပဲ့
အိမ်ထောင်ပြုချင်စိတ်နှင့် လှချင်ပချင် ဖြစ်နေစဉ်တွင် အလှအပ
တန်ဆာဆင်ရမည့် နားကပဲ့သည်ဆိုသကဲ့သို့ တစ်စုံတစ်ရာပြုလုပ်
ရန် ထက်သန်တက်ကြွနေစဉ် မိမိ၌ အကြောင်းမညီမညွတ်ဖြစ်လာ
သည်။

နောက်အိပ်က အလျင်ပျော်
နောက်ကျမှအိပ်သူက အလျင်အိပ်ပျော်နှင့်သကဲ့သို့ နောက်ကျသော်လည်း
အခွင့်အလမ်းသာဖြစ်စေ၊ အကြံထူး ဉာဏ်ထူးသုံး၍ဖြစ်စေ အလျင်ဦးစွာအောင်
မြင်ပြီးမြောက်သည်။

လင်းနို့ခွန်တောင်း ကြွက်၊ ကြွက်ခွန်တောင်း လင်းနို့
လင်းနို့သည် လင်းနို့ခွန်တောင်းလျှင် ကြွက်၊ ကြွက်ခွန်တောင်းလျှင် လင်းနို့ဟုဆိုကာ အခွန်ပေးဆောင်ရန်
ရှောင်တိမ်းသကဲ့သို့ မိမိရင်ဆိုင်ရမည့်ကိစ္စ၌အကျုံးမ၀င်သယောင် မလိမ့်တပတ်လုပ်ကာ ရှောင်တိမ်းသည်။

ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်
ရွှေသမင်ကို ကိုယ့်တာ (စည်း) နှင့်ကိုယ်အသီးသီးတာဝန်ယူ၍ ပိတ်ဆို့ဖမ်းဆီးကြရာတွင်
ရွှေသမင်သည် မင်းကြီး၏တာမှ လွတ်မြောက်ထွက်ပြေးသွားသကဲ့သို့ အသီးသီး ကိုယ့်တာဝန်
ပိုင်းနှင့် ဆောင်ရွက်ကြရာတွင် အကြီးအကဲ လုပ်သူ၏ အပိုင်းမှ လစ်ဟင်းပျက်ကွက်သည်။

ယုန်ထောင်ကြောင်မိ
ယုန်ကိုထောင်သော်လည်း ယုန်ကိုမမိဘဲ တောကြောင်ကိုမိသကဲ့သို့ မိမိဆင်ထားသော
အကွက်အတွင်းသို့ မိမိရည်စူးသူက ၀င်မလာဘဲ မရည်စူးသူက၀င်လာသည်။

ယောက်မခါးထိုးရှာ
ယောက်မကို ခါး၌ထိုးထားပြီး လိုက်ရှာသကဲ့သို့ မိမိရှာလို သောအရာက အနီးအပါးတွင်ရှိနေ
လျက် သတိမမူမိဘဲ ခက်ခက်ခဲခဲရှာဖွေသည်။

ကျွဲပါးစောင်းတီး
ကျွဲ၏အနားတွင် စောင်းကိုမည်မျှပင်သာယာစွာ တီးစေကာမူ ကျွဲအဖို့ အချည်းနှီးသာ ဖြစ်သကဲ့သို့
အကောင်းအဆိုး မသိသူအား တန်ဖိုးရှိသော စကားကိုနားဝင်အောင် မည်မျှပင် ပြောကြားစေကာမူ
ထိုသူအဖို့ အချည်းနှီးသာဖြစ်သည်။

G-Spot နှင့်ကာမသုခ

လိင်မှု ရေးရာ ကျွမ်းကျင်သူများ၏ ဖက်ရှင်တစ်ခုအဖြစ် ယနေ့ပြောဆိုနေသော စကားလုံးမှာ G-spot ဆိုသော စကားဖြစ်ပြီး လိင်မှု ရေးရာအကြောင်း ပြောဆိုသည့်အခါ မပါမဖြစ် ပါဝင်နေသော စကားလုံး ဝေါဟာရ တစ်ခုဖြစ်လာနေပြီ ဖြစ်သည်။ ၄င်း G-spot ဟူသော စကားလုံးကို ၁၉၅၀ ခုနှစ် ကတည်းက ဂျာမန်လူမျိုး ခန္ဓာဗေဒ ပညာရှင်များက ထုတ်နုတ် သုံးစွဲ ခဲ့ကြပြီး ယနေ့ခေတ်အထိ ပြောစမှတ်တွင် နေကြခြင်းလည်း ဖြစ်သည်။ G-spot သည် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခုမှ မယုံကြည် နိုင်လောက်ဖွယ် သက်တောင့် သက်သာ ရှိမှုနှင့် ကာမဆန္ဒ ပြည့်ဝ ကျေနပ်စေမှု (အထွဋ်အထိပ် အရသာ) တို့ကို ဖြစ်ပေါ်စေသော ကျော်ကြားသည့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။


၎င်း နေရာလေးသည် အမျိုးသမီး ယောနိ အင်္ဂါကဲ့သို့ပင် အလွန်တုန့်ပြန်ခံစား လွယ်သော တစ်ရှူးများဖြင့် တည်ဆောက်ထားပြီး မိန်းမကိုယ် (ယောနိအင်္ဂါ) ၏ အတွင်း အရှေ့ပိုင်းတွင် တည်ရှိသည်။ အမျိုးသားများ၏ လိင်တံ အင်္ဂါကဲ့သို့ပင် နှိုးဆွပေးသည့် အခါ မာကြော တောင့်တင်း လာပြီး တုန့်ပြန်တတ်သည့် ထပ်တူညီ သဘာဝလည်း ရှိသည်။ ထို အစိတ်အပိုင်းလေးကို တို့ထိရာတွင် နူးညံ့ငြင်သာစွာ ထိတွေ့ရန် အထူး လိုအပ်သည်။ ဖြစ်နိုင်လျင် လက်ချောင်းလေးဖြင့် အပြားလိုက် သာသာ ယာယာ နိုပ်နယ်ပေးခြင်းဖြင့် အမျိုးသမီး၏ ခံစားမှုကို နှိုးဆွ ရယူနိုင်သည်။

အမျိုးသမီး အတော်များများတွင် ယောနိအင်္ဂါ ထိပ်ရှိ လွန်းပုံသဏ္ဍန်ရှိ (အစေ့)လေး ကို နှိုးဆွပေးခြင်း အားဖြင့် ကာမ ဆန္ဒ အမြင့်ဆုံး ခံစားတတ်ကြသည်ကို တွေ့ရလေ့ရှိသည်။ ထိုသို့ နှိုးဆွပေးခြင်းသည် ဆက်ဆံမှု၏ အစပိုင်းတွင်သာ ဖြစ်ပြီး အထွဋ်အထိပ် ကာလ မရောက်မီအတွင်း ပျိုးယူပေးသော အဆင့်တွင်သာ ရှိသေးသည်။ ကာမ ဆန္ဒနိုးကြွခြင်းနှင့် အထွဋ်အထိပ် ခံစားခြင်းတို့မှာ ကွဲပြားခြားနားခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ရန် ဆက်ဆံမည့် စုံတွဲတိုင်း သတိပြုသင့်သည်။ အချို့မှာ စိတ်ဆန္ဒ နှိုးကြားရုံ သက်သက်သာရှိပြီး ကာမ ဆက်ဆံ၍ ပြီးဆုံးချိန်တွင် အပြည့်အ၀ မကျေနပ်ကြခြင်းမှာ နားလည်မှု လွဲမှားခြင်းကြောင့်သာ ဖြစ်သည်။ ထိုလွဲမှားမှုသည် G-spot ၏ အပိုင်း ကဏ္ဍ နှင့် ဆက်စပ်မှု အများကြီးရှိနေပြီး G-spot သည် အာရုံနိုးကြားမှု အင်္ဂါ၏ အရင်းအမြစ် သို့မဟုတ် အာရုံကြောများ၏ အလွန်အတွင်း ကျသော လျို့ဝှက် အစိတ်အပိုင်းလေး ဖြစ်သည်။

G-spot ၏ နိုးဆွမှုသည် အပေါ်ယံမှ တုန့်ပြန်လာခြင်းမျိုး မဟုတ်ဘဲ အမျိုးသမီး အင်္ဂါ ယောနိ၏ အတွင်းပိုင်း အကျဆုံးသော အပိုင်းမှ တုန့်ပြန်လာသည့် ခံစားမှု ရသကောင်း ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ ပညာပေးခြင်း အားနည်းမှုကြောင့် အမျိုးသမီး အတော်များများသည် G-spot ၏ အရသာထူးကို ခံစားဖူးသော တွေ့ကြုံဖူးသော တုန့်ပြန်မှု အလွန်နည်းပါး ကြသည်။

တစ်ကိုယ်ရေ ဖျော်ဖြေခြင်းဖြင့် ကျေနပ်တတ်ကြသော အမျိုးသမီးများ အနေဖြင့် လိင်အင်္ဂါအတု (Vibratory) ၏ တုန်ခါမှုမှ တစ်ဆင့် ရရှိသော ခံစားချက်ကို နှစ်သက် ကြသလို စိတ်ပျက် ကြသူများလည်း ရှိသည်။ အချို့မှာ ယားကျိကျိ ခံစားမှု မှတဆင့် G-spot ၏ အရသာကို နှစ်သက် သွားတတ်ကြသူများလည်း ရှိသည်။

အမှန်မှာ G-spot ၏ တုန့်ပြန်မှုမှာ ခန့်မှန်းရ အလွန်ခက်ပြီး မည်သို့ အကျိုး ခံစားရသည်ကို သိရှိရန်အတွက် အမျိုးသမီးများ အနေဖြင့် မိမိတို့ ကိုယ်တိုင် G-spot ၏ တုန့်ပြန်မှုကို အရင် စမ်းသပ်ကြည့် ပြီးမှသာ မိမိ၏ လိင်ဆက်ဆံဖေါ်အား မိမိ၏ နှစ်သက်သော အနေအထားကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဖြင့် အကောင်းဆုံးသော ကျေနပ်မှုကို ရရှိမည် ဖြစ်သည်။

ထိုကဲ့သို့ ပြောဆိုရန်အတွက် မည်သို့မျှ အတားအဆီး မထားသင့်ဘဲ ပွင့်ပွင့်လင်းလင်း ပုံမှန်သဘောဝ တစ်ခုကဲ့သို့ တိုင်ပင်မှသာ နှစ်ဦးစလုံးအတွက် အလွန်ကောင်းသော အတွေ့အကြုံများဖြင့် ဆောင်ရန်ရှောင်ရန်များကို သတိပြုမိမည် ဖြစ်သလို ပြောဆို ဆွေးနွေးလာသည့် အမျိုးသမီးများ အပေါ်တွင်လည်း ဆက်ဆံဖေါ် အမျိုးသားက နားလည်မှု လွဲမှားစွာဖြင့် ကာမ ရမက်ကြီးသူအဖြစ် အထင်မလွဲစေရန် အထူးအရေးကြီးပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတ ပြည့်ဝသူအဖြစ် အထင်ကြီးလေးစား လက်ခံပေး သင့်သည်။

ခန္ဓာဗေဒ အားဖြင့် G-spot ကို မည်ကဲ့သို့ ရှာဖွေရမည်ကို ဦးစွာ လေ့လာရပေမည်။ ဆီးလမ်းကြောင်း တစ်လျောက် ယောနိအင်္ဂါ၏ အပေါ်ပိုင်း ဆီးအိတ်နှင့် အပြိုင်အနေအထားတွင် ရှိနေပြီး လွန်းပုံသဏ္ဍန် အစေ့တည်ရှိရာ၏ အောက်ဖက် အပေါက်ဝ တည့်တည့်နားတွင် တည်ရှိသည်။ ရေမြုပ်ကဲ့သို့ တစ်ရှူးစများက ဆီးလမ်းကြောင်းကို ၀န်းရံထားပြီး သွေးလည်ပတ်မှု ကောင်းမွန် လာသောအခါ အမျိုးသမီးတို့၏ ကိုယ်မှ ထွက်လာသော အရည်ကြည်များကို အသုံးပြုပြီး ကာမ ဆက်ဆံလိုသော ကာမ စိတ်ဆန္ဒတို့ စတင် လာပြီ ဖြစ်သည်။ ရေမြုပ်ကဲ့သို့ ပွစိစိ တစ်ရှူးများသည် အစေ့၏ အမြစ်ကဲ့သို့ ရပ်တည်နေကြပြီး ယောနိအင်္ဂါ၏ အတွင်းအကျဆုံး နေရာတွင် တည်ရှိသည်။

အမျိုးသမီး ယောနိ အင်္ဂါ အတွင်းသို့ လက်ချောင်း တစ်ချောင်း သို့မဟုတ် နှစ်ချောင်း ထည့်သွင်းပြီး အတွင်းဖက် အရှေ့ပိုင်း နံရံနှင့် ဆီးခုံရိုး၏ အောက်ခြေနားတွင် G-spot တည်ရှိပြီး ထိုနေရာကို ထိတွေ့မိပါက G-spot ၏ သုံးပုံတစ်ပုံသို့ စမ်းသပ်မိနေပြီ ဖြစ်သည်။

ထိုနေရာ အရောက်တွင် ခံစားမှု တုန့်ပြန်ချက်များအဖြစ် အာရုံကြောများ ပွင့်ကားလာသည့် သဖွယ် ခံစားရပြီး အိစက် ညက်ညောသည့် တစ်ရှူးများကို လက်ချောင်းများဖြင့် မိမိနှစ်သက်သော အနေအထားအတိုင်း တစ်ဖက်မှ တစ်ဖက်သို့ ညင်သာစွာ အပြောင်းအရွှေ့ ပြုလုပ်ခြင်းဖြင့် ပိုမို သက်တောင့်သက်သာ ရှိသော ခံစားမှုမျိုးကို ရရှိလာမည် ဖြစ်သည်။ လက်ချောင်းများသည် အမျိုးသား အင်္ဂါနှင့် စာလျင် ပိုမိုထိရောက်လေ့ရှိပြီး အမျိုးသမီး၏ G-spot ရှိရာသို့ တန်းတန်း မတ်မတ် ရှာဖွေနိုင်ခြင်းလည်း ရှိကြသည်။

လိင်အင်္ဂါအတု (Sex Toys) ထုတ်လုပ်သော ကုမ္မဏီများက အစေ့နှင့် G-spot ကို နှိုးဆွရာတွင် ထိရောက်မှု ပြုသော ပုံစံများကို ပြုလုပ်၍ ထုတ်လုပ် ရောင်းချ ကြသည်များလည်း ရှိသည်။ ဆေးပညာမှ ကာမ အာရုံ ခံစားမှုကို ပိုမိုနိုးကြားပေးရန် ပြုစု ကုသရန် နည်းသစ် တစ်ခုတွင် G-spot တစ်ခုအတွင်းသို့ ဆေးရည်တစ်မျိုး ထည့်သွင်းခြင်းဖြင့် ကာမ ဆန္ဒ တုန့်ပြန်မှု ပိုမိုကောင်းမွန် စေသည်ကိုလည်း ထပ်မံတွေ့ရှိထားသည်။

ထိုသို့ ပြုလုပ်ခြင်းသည် လျို့ဝှက်စွာဖြင့် ဆောင်ရွက်လေ့ ရှိကြပြီး ကုန်ကျစရိတ်မှာ ပေါင်တစ်ထောင်ခန့်အထိ ကျသင့်ပြီး ပုံမှန် လေးလမှ ခြောက်လ အတွင်း တစ်ကြိမ် ကုသမှု ခံယူရလေ့ ရှိသည်။ ခွဲစိတ် ကုသမှုများသည် အလွန် ကုန်ကျစရိတ်များပြားလှပြီး ခန္ဓာကိုယ်အပေါ် ပိုမိုခံစားလိုသူများ အတွက်မူ အကောင်းဆုံး အခွင့် အလမ်းများပင် ဖြစ်နေမည် ဖြစ်သည်။

အမျိုးသမီး အတော်များမှာ G-spot နှင့် ပတ်သက်ပြီး တုန့်ပြန်မှု အလွန်ကောင်းမွန်ကြပြီး ယခုကဲ့သို့ ကုသမှု ခံယူထားခြင်းနှင့် များစွာ ခြားနားလှခြင်း မရှိကြပေ။ သာမာန်လူများအတွက် မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ကုန်ကျစရိတ် ကြီးကြီးဖြင့် အပ်တစ်ချောင်းကို ပုံမှန်ထည့်သွင်းပြီး ကာမ ဆန္ဒအတွက် ဖြည့်စွက်ရမည် ဆိုသည်မှာ အနည်းငယ်သော အကြောင်းပြချက်မျှလောက် ဖြင့်တော့ မဖြစ်သင့်ပေ။

အမျိုးသမီးများ အနေဖြင့် အစေ့၏ နှိုးဆော်မှုဖြင့် စတင်သော လိင်ဆက်ဆံမှုက အမြင့်ဆုံး အနေအထားသို့ ရောက်ရန် လုံလောက်မှု ရှိနေပြီး ဖြစ်သည်။ ခြုံ၍ ပြောရမည် ဆိုပါက အမျိုးသမီးများ၏ လိင်အင်္ဂါသည် အမျိုးသားများအတွက် စိတ်ကျေနပ်မှု ပေးရန် လုံလောက်ပြီး အမျိုးသား အင်္ဂါသည်လည်း ထိုနည်းတူစွာ အမျိုးသမီးများ အတွက် ပြည့်စုံပြီးသား သဘာဝက ပေးထားသည့် ဆုလာဘ် တစ်ခု ဖြစ်သည်။ လိင်ဆက်ဆံမှု၏ ကျေနပ်မှု မကျေနပ်မှုသည် အမျိုးသမီး၏ ကိုယ်ရေး ကိုယ်တာ ဆန္ဒနှင့်လည်း အများကြီး သက်ဆိုင်နေသည်။ သူမ အနေဖြင့် ကာမ ဆန္ဒကို ရယူခံစားလိုလျင် အကောင်းဆုံးဖြစ်မည် ဖြစ်ပြီး သူမ အနေဖြင့် ဆန္ဒမရှိပါက အမျိုးသားမှ သူမ၏ ဆန္ဒအပေါ် ဖိအားပေးခြင်းမျိုး မပြုသင့်ဘဲ လိင်ဆက်ဆံမှု အပေါ် သူမ စိတ်ဝင်စားနိုင်သည့် အခြားပုံစံအသစ်များကို တီးခေါက် ကြည့်တတ်ရမည် ဖြစ်သည်။

လူအတော်များများ အငြင်းပွါး နေရသည့် ကိစ္စတစ်ခုမှာ အမျိုးသမီး ခန္ဓာကိုယ်မှ ထွက်သော အရည်သည် G-spot သို့ အမျိုးသား ခန္ဓာကိုယ်မှ ထွက်သော အရည်နှင့် တိုက်ဆိုင်မှသာ အမျိုးသမီး ကျေနပ်မှု အပြည်အ၀ ရသည်ဟု ထင်မြင်နေကြ ခြင်း ဖြစ်သည်။ အရည်ထွက်ခြင်း ဆိုသည်မှာ ရေမြုပ်သဏ္ဍန် တစ်ရှူးများမှ နိုးကြားလာခြင်း သက်သက်သာ ဖြစ်ပြီး ချောဆီ တစ်ခုသဖွယ် အသုံးပြုရန် သက်သက်သာ ဖြစ်သည်။ အချို့အမျိုးသမီးများမှာ ထိုသို့ အရည် များများ ထွက်လာခြင်းကို ဆီးသွားသည်ဟု ထင်ပြီး ဆရာဝန်များနှင့် ပြသသည်အထိ စိုးရိမ်တတ်ကြပြီး ကျွမ်းကျင်သူများ၏ ဖြေရှင်းချက်အရ အရေးကြီးသော ကိစ္စတစ်ခု မဟုတ်ကြောင်း သိရသည်။

အရည်ထွက်ခြင်း၏ အဓိက အခြေခံ အကြောင်းမှာ သူမအနေဖြင့် ကာမ ဆက်ဆံဖက်အပေါ် ကျေနပ်ခြင်းကြောင့် အချက်ပြသော သင်္ကေတ တစ်ခုလည်း ဖြစ်သည်။ သူမ အနေဖြင့် လိင်ဆက်ဆံရန်အတွက် စိတ်ပျက်ခြင်း မရှိသလို ကြောက်ရွံ့ထိပ်လန့်ခြင်း မရှိဘဲ ပွင့်လင်းမှု အပြည့် ရှိနေခြင်းကြောင့် ထိုသို့ တုန့်ပြန်လာခြင်းလည်း ဖြစ်သည်။ ထိုသို့ အရည်များ ထွက်ခြင်းကို လိင်ဆက်ဆံခြင်း၏ အချိန်ကာလ အတွင်း အနှောင့်အယှုက် မဖြစ်စေရန် အိပ်ယာပေါ်တွင် မျက်နှာသုတ် ပ၀ါသို့မဟုတ် ရေစိုခံ အထည်တစ်ခု ခင်းထားခြင်းဖြင့် ဖြေရှင်းနိုင်သည်။

ယခု ဆောင်းပါး၏ အဓိက ရည်ရွယ်ချက်မှာ G-spot ကို အသားပေး နှိပ်နှယ်ခြင်း ပြုလုပ်ရန်ထက် တစ်ဦးနှင့် တစ်ဦး ကာမ ဆက်ဆံခြင်းအပေါ် ပွင့်လင်းစွာ အကြိုက်ခြင်း ဖလှယ်နိုင်ရန်သာ ရည်ညွန်းသည်။ ကာမ ဆက်ဆံစဉ် နှစ်ဦးကြား သုံးစွဲသော စကားလုံးများ၏ အသုံးအနှုန်းအပေါ် တဆင့် နားလည်မှု လွဲသွားမည်လော ဆိုသည့် ဖိအားနှင့် ခံစားချက်မျာ မထားကြဘဲ ကာမဆက်ဆံစဉ် စကားလုံးမှအစ စိတ်ဆန္ဒအထိ နှစ်ကိုယ့် တစ်စိတ် ဖြစ်လာကြစေရန် ကြိုးစားအားထုတ်မည် ဆိုပါက အကောင်းဆုံးသော ကာမ သုခကို ခံစားနိုင်ကြမည် ဖြစ်သည်။

Wednesday, June 15, 2011

အားနာပါဦး

ကိုထုံတစ်ယောက် မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းလင်မယားအိမ်ကို လာလည်ရင်း စကားကောင်းနေတာနဲ့ တော်တော်နဲ့မပြန်ဖြစ်ဘူး။
အတော်ကြီးမိုးချုပ်မှ ပြန်မယ်လုပ်တော့ ကားကလုံးဝကို နှိုးမရဘူးဖြစ်နေတယ်။
စက်ပြင်ဆရာခေါ်ရအောင်ကလည်း အချိန်ကလင့်နေပြီ။
ဒါနဲ့ အိမ်ရှင်ကိုငှက်ရိုးက သူ့အိမ်မှာဘဲ အိပ်ဖို့ပြောလာတယ်။ ခက်တာက အဲဒီအိမ်မှာ အိပ်ရာကုတင်အပိုမရှိတဲ့အပြင် ဆိုဖာလေးတလုံးလောက်တောင်မှ အပိုမရှိဘူး။
ဒီတော့ အိမ်ရှင်လင်မယားနဲ့ဘဲ အတူတူအိပ်ရတော့တာပေါ့။
အိပ်ပျော်လို့ မကြာခင်မှာဘဲ သူ့ပုခုံးကိုပုတ်ပြီးနှိုးလို့ ကိုထုံ လန့်နိုးလာတယ်။ ကြည့်လိုက်တော့ ကိုငှက်ရိုးမိန်းမ။
သူ့ဘက်ကို ကူးလာခဲ့ဖို့ ခြေဟန်လက်ဟန်နဲ့ ခေါ်နေတာ.
“ဟင့်အင်း..မလာနိုင်ဘူး၊ သူနိုးလာရင် ဒုက္ခရောက်ကုန်မယ်”…လို့ ကိုထုံက တိုးတိုးလေးပြောလိုက်တယ်။
“မနိုးဘူး၊ စိတ်ချ၊ သူ အအိပ်ကြီးတာ ကျမသိတယ်”
“မယုံဘူး”
“မယုံရင် သူ့ဖင်မွှေး နဲနဲနုတ်ကြည့်၊ လုံးဝ မနိုးဘူး”
ဒါနဲ့ ကိုထုံလည်း ကိုငှက်ရိုးဖင်မွှေး နဲနဲနုတ်ကြည့်လိုက်တယ်…
“ဗြုတ်…”
အဲ..ဟုတ်ပ၊ တုတ်တုတ်မှတောင် မလှုပ်ဘူး။
ဒီတော့ ကိုထုံလည်း အဲဒီမိန်းမဘက် ကူးသွားပြီး ခိုးစား ကြတာပေါ့။ ပြီးတာနဲ့ သူ့နေရာသူ ပြန်ကူးလာလိုက်တယ်။
မကြာပြန်ပါဘူး…ဟိုမိန်းမက သူ့ပုခုံးကို ပုတ်ပြီးခေါ်ပြန်တယ်။
ဒီတခါလဲ ဖင်မွှေးနဲနဲ နုတ်ကြည့်တယ်၊ မနိုးဘူး၊ တခါ ကူးသွားပြန်ပြီး ခိုးစားကြပြန်တယ်။
အဲလိုမျိုး တခါဖင်မွှေးနုတ်လိုက် တခါ ခိုးစားလိုက်နဲ့ လုပ်လာလိုက်တာ……
ခြောက်ကြိမ်မြောက်လဲ ရောက်ရော…ကိုငှက်ရိုးကခေါင်းထောင်ကြည့်ပြီးပြောတယ်… ..
“ဟေ့ကောင်…မင်း ငါ့မိန်းမကို ချတာချ၊ ငါ့ဖင်ကိုတော့ တာလီမှတ်တဲ့ စာအုပ်မလုပ်နဲ့”….တဲ့။

အကြံပိုင်တဲ့အဘ

အသက်ကြီးကြီး စုံတွဲတစ်တွဲဟာ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာ အထူးကုဆရာဝန်ရဲ့ ဆေးခန်းကိုရောက်လာပါတယ်။
“ဘာများအကူအညီပေးရမလဲခင်ဗျာ”…လို့ ဆရာဝန်ကမေးတော့ အမျိုးသားဖြစ်သူက ပြန်ဖြေတယ်…
“ကျနော်တို့ကာမဆက်ဆံတာကို ကြည့်ပေးလို့ရမလား”
ဆရာဝန်အံ့သြသွားတယ်၊ ဒါပေမဲ့ ကြည့်ပေးဖို့ သဘောတူလိုက်ပါတယ်…
ဒါနဲ့ ခုနကစုံတွဲလည်း ဆရာဝန်ရဲ့ရှေ့မှာတင် ကာမဆက်ဆံကြတယ်။ အစအဆုံးကြည့်ပြီးတော့ ဆရာဝန်ကပြောတယ်… …
“အဘတို့ ကာမဆက်ဆံတာမှာ ဘာမှ အမှားမတွေ့ပါဘူး”….လို့ပြောပြီး ညဏ်ပူဇော်ခ ဒေါ်လာ၅၀ တောင်းတယ်။
အဲဒီစုံတွဲလည်း ငွေရှင်းပြီးထွက်သွားတယ်။
အဲ..နောက်မကြာခင်ထပ်ရောက်လာကြပြီး အရင်တခါလိုဘဲ လုပ်ပြန်တယ်။ ဒီတခါလဲ ဆရာဝန်က ဘာမှအမှားမတွေ့တဲ့အကြောင်းပြောပြီး ညဏ်ပူဇော်ခ ဒေါ်လာ၅၀ တောင်းပြန်တယ်။
ငွေရှင်းပြီးထွက်တော့မယ်အလုပ်မှာ စိတ်ထဲမရှင်းတာနဲ့ ဆရာဝန်ကမေးတယ်… …
“အဘတို့နှစ်ယောက်က ဘာကိုသိချင်တာလဲ”
“ဘာကိုမှ မသိချင်ပါဘူး”
“ဒါဆိုဘာလို့ဆေးခန်းလာပြတာလဲ”
“ဒီလို၊ သူလည်းအိမ်ထောင်ရှိတယ်၊ သူ့အိမ်မှာသွားပြီး လုပ်လို့မရဘူး။ အဘမှာလည်း အိမ်ထောင်ရှိတယ်၊ အဘအိမ်ခေါ်သွားပြီးတော့လည်း လုပ်လို့မရဘူး၊ အိတ်တီဝမ်းဟော်တယ် ကိုသွားရင် အခန်းခ ၁၂၀ဒေါ်လာကျတယ်၊ ဟီလ်တန်ဟော်တယ်ကိုသွားရင် အခန်းခ ၁၅၀ဒေါ်လာကျတယ်၊ ဒီမှာခေါ်ချတော့ ဆေးကုခအနေနဲ့ ၅၀ဘဲကျတယ်၊ ဆေးကုသခဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေဆီက ပြန်တောင်းတာ ၄၀ ပြန်ရတယ်”

သစ္စာရှင်အမတ်ကြီး

တခါတုန်းက ရှေးဟောင်း အာရပ်နိုင်ငံ တစ်ခုမှာ ဘုရင်ကြီးတစ်ပါးအုပ်စိုးသတဲ့။ အဲ့ဒီ ဘုရင်ကြီးမှာ စိတ်သောက တစ်ခုရှိသတဲ့။ အဲ့ဒါကတော့ ဘုရင်ကြီးရဲ့  မိဖုရားခေါင်ကြီးက အလွန့်အလွန် နှာကြီး
တဲ့အတွက် ရှိသမျှ ယောကျာင်္းမှန်သမျှနဲ့ ဖောက်ပြန်လေ့ရှိတဲ့အတွက် ဖြစ်သတဲ့။ ဘုရင်ကြီးခမျာလည်း
စိတ်နာပေမယ့် မိဖုရားကြီးကို ချစ်လွန်းတာကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်သတဲ့။ ဒါနဲ့ တနေ့မှာ အကြံတစ်ခုရသွားသတဲ့။ အဲ့ဒီအကြံကတော့ မိဖုရားကြီးနဲ့ မပါတ်သက်ရဲ အောင် မိဖုရားကြီး အိပ်နေတုန်း
ပစ္စည်းထဲကို ဘလိတ်ဓါး တစ်ခု ကို မသိအောင်ထည့်ထားလိုက်တာဘဲဖြစ်တယ်။ ဒီလိုနဲ့ တစ်လအတွင်း နန်းတွင်းမှာ ဘယ်သူတွေ လျော့သွားလဲဆိုတာကို စစ်တမ်းကောက်သတဲ့။ အဲဒီအခါ တစ်ရက်ကိုတစ်ယောက် လျော့လာလိုက်တာ နောက်ဆုံးမှာ အမတ်ကြီး တစ်ယောက်ဘဲ ကျန်တော့တာကြောင့် ဘုရင်ကြီးက သစ္စာရှင် အမတ်ကြီးကို သူ့ရဲ့  အကြံအစည် ဖွင့်ပြောပြဖို့ ရည်ရွယ်မိသတဲ့။ ဒါပေမယ့် ခက်တာက အဲ့ဒီအမတ်ကြီးခမျာမှာ အဘား အဘား အဘား ကလွဲ ပြီး ဘာစကားမှ မပြောနိုင်တော့တာဘဲကွယ်။ ...........တွေးပြီးရီနိုင်ကြပါစေ.......

အသဲမှာခြေထောက်ရှိလား

အသည်းမှာ ခြေထောက်ရှိလား?

ကျောင်းသား - ဆရာမ အသည်းမှာ ခြေထောက်ရှိလား?
ဆရာမ - မရှိဘူး။ ဘာဖြစ်လို့ မေးတာလဲ သား။

ကျောင်းသား - ကျနော် ကျနော့် အဖေနဲ့ အမေ အိပ်ခန်းနားသွားတုန်းက
"အသည်းလေး... ခြေထောက် နည်းနည်းကားလိုက်လို့ ပြောသံကြားလိုက်လို့ပါ ဆရာမ"
ဆရာမ - ဟေ

လက်ညိုးမဟုတ်ဘူးဆရာမ

တစ်ခါတုန်းက ရွာတစ်ရွာမှာပေါ့....
တာတေလေး ငယ်ငယ်တုန်းကပေါ့ ..တာတေလေးမိခင်ဖြစ်သူက တစ်ဖက်ရွာသို့ အကြွေး သွားကောက်တာ ညအိပ်ရမည်ဖြစ်တာကြောင့်
တာတေလေးကို ညတစ်ယောက်တည်း ထားခဲ့ဖို့ကလည်း စိတ်မချ...ခေါ်သွားရအောင်လည်း အဆင်မပြေဖြစ်နေတာနဲ့
ရွာက မူကြိုကျောင်းဆရာမလေး အိမ်မှာ အပ်ခဲ့တာပေါ့...

အဲညရောက်တော့ ..တာတေလေးကမအိပ်ဘူး..အဲဒါနဲ့ မူကြိုဆရာမလေးကပင်ပန်းတော့ အိပ်ချင်နေတာပေါ့...
ကလေးကမအိပ်တော့ အခက်တွေ့ နေတာပေါ့..ဒါနဲ့

ဆရာမ။ သားလေးအိပ်တော့လေ...
တာတေလေး။ သားအိပ်လို့ မပျော်ဘူး ဆရာမ..
ဆရာမ ။ ဘာလို့လည်း သားရဲ့
တာတေလေး။ သားက အိမ်မှာ မေမေနဲ့ အိပ်ရင် မေမေ ချက်ထဲကို သားလက်ငြိုးထည့်ပြီးမှ အိပ်တတ်တာ ဆရာမရ...

ဆရာမ ကအပျိုလေးဆိုတော့နဲနဲတော့လန့်သွားတာပေါ့...ဒါပေမယ့် သူကလည်းတော်တော်အိပ်ချင်နေပြီလေ..
အဲဒါနဲ့ ကလေးအိပ်ပျော်ရင်ပြီးတာပါပဲလေ ဆိုပြီးတော့..

ဆရာမ။ သားလေး အဲလိုဆို တကယ်အိပ်မှာလား..
တာတေလေး။ ဟုတ် အဲလိုဆို သားအိပ်ပျော်တယ် ဆရာမ
ဆရာမ။ အင်းဒါဆိုလည်း သာအိပ်တတ်သလို အိပ်တော့...
တာတေလေး။ ဟုတ်

ဒါနဲ့ အဆင်ပြေသွားပြီး တာတေလေးလည်း အိပ်ပျော်သွားတာပေါ့...ညတရေးနိုးတော့ ဆရာမ ကလန့်သွားတယ်

ဆရာမ။ သာလေး သားလေးလက်ထိုးထားတာ ဆရာမ ချက်မဟုတ်ဘူးလေ...:blink
တာတေလေး။ ဘာဖြစ်လို့လည်း ဆရာမ ..အဲဒါလည်း သားလက်ငြိုး မဟုတ်ဘူး...

အပျိုစစ်မစစ်ဆန်းသပ်နည်းလေးတခု

ရွာတစ်ရွာမှာ..သားအမိနှစ်ယောက်နေထိုင်ကြသတဲ့..ဒါနဲ့..သူ့သမိးက စပ်စလူးနတ်ပူးလေးပေါ့ နော်... တစ်နေ့တော့ အမေဖြစ်သူက..ပတ်ဝန်းကျင်ကနေကြားသတဲ့..သူ့သမီးက အပျိုမစစ်တော့တဲ့အကြောင်း... ယောင်္ကျားတွေနဲ့ အိပ်တဲ့အကြောင်းကို ကြားရတော့...စိတ်မသက်မသာဖြစ်သတဲ့...

ဒါနဲ့ သူ့သမီးအပျိုမစစ်စစ်ကို စမ်းချင်သတဲ့...ဒါနဲ့ အမေဖြစ်သူဟာ..အကြံတစ်ခုရတာနဲ့..သမီးကိုပြောသတဲ့..." သမီးရေ အမေတို့ ထင်းခွေထွက်ရအောင်တဲ့ (ထင်းခွေ= မီးမွှေးရန် သစ်သား၊ တုတ်၊၀ါး စသည်တို့ကိုရှာဖွေသည်)" ဒါနဲ့..အမေရယ် သမီးရယ် ထင်းခွေ သွားသတဲ့..လမ်းခုလပ်တစ်ခုမှာ စမ်းချောင်းငယ်လေးတစ်ခုကို ဖြတ်ရသတဲ့...စမ်းချောင်းရေဟာ..တောင်ကျ ချောင်းဖြစ်တော့...အရမ်းအေးစိမ့်နေတယ်တဲ့...ဒါနဲ့အမေက စ ဖြတ်တော့...အမေက အရမ်းအေးတော့ ယောင်အော်သတဲ့...ဘယ်လိုအော်လဲဆိုတော့.." အောင်မလေးအေးလိုက်တာတော်..လူ****ခံလိုက်ရသလိုပဲတဲ့"...ဒါနဲ့ သမီးက ၀င်ထောက်လိုက်သတဲ့ " အမေကလည်း လူ****ခံရတာက အဲလိုဟုတ်ပေါင်တော်တဲ့...ပူသနွေးတေးကြီးပါတဲ့"......
သက်တမ်း

ဖန်ဆင်းရှင်က ခွေးကိုဖန်တီးလိုက်သည်။ ခွေး၏သက်တမ်း ကို ၂၀-နှစ် ရှိစေဟု သတ်မှတ်လိုက်သည်။ ခွေးက ဆင်ခြေတက်၏။
ခွေး။ ။ ဖန်ဆင်းရှင်ခင်ဗျား။နှစ် ၂၀ တောင်ဆိုတော့ အချိန်အကြာကြီး ဟောင်နေရမှာပေါ့။ ၁၀-နှစ်ပဲ နေချင်ပါတယ်။ပိုတဲ့ ၁၀-နှစ် ပြန်ယူပေးပါလား။
ဖန်ဆင်းရှင် သဘောတူလိုက်သည်။ ထို့ နောက်မျောကို ဖန်ဆင်းပြန်၏။မျောက်၏ ဘ၀ သက်တမ်းကို နှစ် ၂၀-ဟု သတ်မှတ်ပေး လိုက် ပြန်သည်။
မျောက်။ ။ အောင်မယ်-လေးလေး။ နှစ် ၂၀-လုံးလုံး လူတွေကိုဖျော်ဖြေနေရမယ်။ သွားဖြဲပြနေရမယ်ဆိုတော့ ဘယ်ကောင်ေးတာ့မလဲ။
ဖန်ဆင်းရှင်ရယ်- ၁၀-နှစ်ပဲနေပါရစေ။ ကျန်တဲ့ ၁၀-ပြန်နှုတ်ပေးပါ။
ဖန်ဆင်းရှင် သဘောတူလိုက်ပြန်သည်။ ထို့ နောက်နွားကို ဖန်ဆင်းပြန်၏။ နွား၏သက်တမ်းကို နှစ် ၆၀ ဟု သတ်မှတ်ပြန်ရာ နွားကသနားခံသည်။
နွား။ ။ ဖန်ဆင်းရှင်ခင်ဗျ။ နွားဆိုတာ လယ်ထွန်ရမယ်။ နေဒဏ် မိုးဒဏ် ခံရမယ်။ လယ်သမား မိသားစုအတွက် နို့ ထုတ်ပေးရမယ် ဆိုတာတွေကို လိုက်နာပါ့မယ်။ ဒါပေမယ့် နှစ် ၆၀-တောင် အဲဒီလိုကြီး လုပ်နေရမယ်ဆိုတော့ နွားတောင် မဖြစ်ချင်တော့ပါဘူး။ နှစ် ၂၀-ပဲ နေပါရစေ။ ပိုတဲ့ နှစ် ၄၀- ပြန်နှုတ် ပေးပါလားနော်။့ နော့့် ။
ဖန်ဆင်းရှင် သဘောတူလိုက်ပြီးနောက် လူကို ဖန်ဆင်းလိုက်သည်။လူ့ သက်တမ်းက နှစ် ၂၀-ဟု သတ်မှတ်ပေးလိုက်သည်။လူက ဆင်ခြေ တက်သည်။
လူ။ ။ ဖန်ဆင်းရှင် အနေနဲ့ လူအဖြစ် လူအဖြစ်နှစ် ၂၀-နေရမယ်။ ဘ၀တလျှောက် အိပ်လိုက်။စားလိုက်၊ ကစားလိုက်လုပ်ရမယ်။ လက်ထပ်ရမယ်လို့ ပြဌာန်းထားတာတွေကို ကျေနပ်ပါတယ်။ လိုက်နာပါ့မယ်။ ဒါပေမယ့် သက်တမ်း ၂၀-ဆိုတာ နည်းလွန်းပါတယ်ဗျာ။ ဖန်ဆင်းရှင် ပြန်နှုတ်ပေးထားတဲ့ ခွေးဆီက ၁၀-နှစ်၊ မျောက်ဆီက ၁၀-နှစ်နဲ့ နွားဆီက နှစ်၄၀- စုစုပေါင်း နှစ်၆၀ - ကျွန်တော့်ကို ထပ်ဆောင်းပေးပါလား။ ဒါမှ နေပျော်မှာပေါ့။
ဖန်ဆင်းရျင် သဘောတူလိုက်သည်။
ထို့ ကြောင့်လူသည် ပထမနှစ် ၂၀-တွင်စားခြင်း၊အိပ်ခြင်း၊ဆော့ခြင်း၊အပျော်ရှာခြင်းတို့သာ လုပ်၏။ ဒုတိယနှစ် ၄၀-တွင် နွားကဲ့သို့ ရုန်းကန် လှုပ်ရှားရပြီး တတိယ ၁၀-နှစ်တွင်မျောက်ကဲ့သို့  မြေးများနှင့်ေ ဆာ့ရကာ နောက်ဆုံး ၁၀-နှစ်တွင် ဟောင်ဖွာဟောင်ဖွာ လုပ်ရလေ့ရှိ၏။

သင်ခန်းစာအသစ်

အခန်း(၁) (သင်ပုန်းကြီး)
“ညအခါ

လသာသာ

ရေနစ်သေမလား

ငတ်သေမလား။”

အခန်း(၂) (သင်ပုန်းကြီး)
“တစ်၊နှစ် =ကိုနာဂစ်

သုံး၊လေး =လွတ်အောင်ပြေး

ငါး၊ခြောက် =ရေထဲရောက်

ခုနှစ်၊ရှစ် =မသာဖြစ်ကိုး၊

တစ်ဆယ်= ၀ဋ်ကျွတ်တယ်။”

အခန်း(၃) (သင်ပုန်းကြီး)
“ဘယ်ကလာသလဲ။

ဘယ်နယ်ကလဲ။

အလယ်ကလူ

အသားဖြူ၏။

ခင်ဗျားအလှူ တစ်ပြားမရှုရ ။”

အခန်း(၄) (သင်ပုန်းကြီး)
“အစားအစာဝါးစားပါ။

အသားပါသလား။

ငါးပါသလား။

ဘီစကစ်ပါသလား။

ဘာပဲပါပါ ထားခဲ့ပါ။”

အခန်း(၅) (သင်ပုန်းကြီး)
“ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန် (ကဗျာ)

ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်

အမိုးအကာ မဲ့နေတဲ့--မနှင်းတို့အိမ်။”

အခန်း(၆) (သင်ပုန်းကြီး)
“ဖိုးရွှေကြီး ဖိုးရွှေကြီး

အလွန်ယုတ်တဲ့ ဖိုးရွှေကြီး

ဖိုးရွှေကြီးက မိုက်တိုင်ထူ

ခွေးအ ကြီးနဲ့တူ--တူပါသကွဲ့ မယုံငြား

ဒီမှာကြည့်ပါလား။”

အခန်း(၇) (သင်ပုန်းကြီး)
” တနင်္ဂနွေ၊ တနင်းလာ ဗိုက်မှောက် မျှော်နေတာ

အဂါင်္၊ ဗုဒ္ဓဟူး ရောက်လု တစ်ဦးဦး

ကြာသပတေး၊ သောကြာ -တစ်ယောက်မှ ပေါ်မလာ

စနေမှာ သေချာသွား ဘယ်သူမှ မလာအား။”

အခန်း(၈) (သင်ပုန်းကြီး)
“မုန်တိုင်းကို စက္ကူကပ်-အကြံပက်စက် တို့အပေါ်တင်

ပလ္လင်ပေါ်က မျောက်မူး- ဆင်းမလာတော့ဘူး။ အာဏာရူး။

အာဏာရူးကို ခွေးတွေယက်- မှောင်မိုက်မှာ အူ

အူသူတွေ အစာလုကြ- ငါတို့ကိုဆွဲ တွဲလဲ

တွဲလဲရယ် ငိုတိုင်း -မိုးတောင်ကမှိုင်း မုန်တိုင်း……..။”

အခန်း(၉) (သင်ပုန်းကြီး)
ဘဘ ၀၀ ထလို့က- ဘဘ နိုင်ပြီဗျ။

ကပါကပါ ဘဘရာ -ဘဘခေတ်လေဗျာ။

မဲလိမ်တွေကို အမှန်ပြဘဘ အကြံပိုင်ပါ့။

သူများတွေ မသာဖြစ်တာ - ဘဘနဲ့ မဆိုင်ပါ။

မုန်တိုင်းတွေ ဘယ်လိုသည်းသည်း- ဘဘနိုင်ဖို့ပဲ။

အခန်း(၁၀) (သင်ပုန်းကြီး)
ဘဘ ၀၀ စိတ်ဓါတ်ကျ - အနောက်က Pressure ရ။

သူများအကူ မယူခဲ့တာ--ဘဘ စေတနာ။

မလုပ်ပေးတာ တစ်ခုကလွဲ --ဘဘ သတ္တိခဲ။

နိုင်ငံခြားငွေ မြင်သောအခါ--ဘဘ စိတ်ပြောင်းလာ။

အားရပါးရ လာလှူကွဲ့…..။ဘဘ အိတ်ထဲထည့်။

………………………………………….

(ကဗျာ)

ဘဘ ၀၀ ထပ်လို့ကဘဘ ခိုင်ပြီဗျ။

လုပါယက်ပါ ဘဘရာ --ဘဘ ခေတ်လေဗျာ။

မြစ်ပြင်မှာတော့ အညှီတွေထ--ပုပ်ပုပ်ပွပွ အနံ့အသက်ရ။

ဘဘကတော့ ဆက်လို့က။--ဘဘ ဘယ်တော့မှ ကလို့မ၀။ 

အခန်း(၁၁) (သင်ပုန်းကြီး)
“ရွာနံဘေးက ချောင်းကလေး--ဖောင်မျောလာသည်။

သားတို့လည်း မျောလာသည်။ မည်သူမျှ မဆယ်ကြ။”….ဟင့်…ဟီး..အီး..

အခန်း (၁၂) (သင်ပုန်းကြီး)
အလောင်းလေးများ ဖွေးလို့စီ

မြစ်ညှာရိုး တလျှောက်ဆီ

ရေပေါ်မှာ ဗိုက်ကြီးဖောင်း---ငါတို့ ပူစီပေါင်း။

အခန်း(၁၃) (သင်ပုန်းကြီး)
မြစ်ဝကျွန်းပေါ်အနီးအကြီးစားမုန်တိုင်း ၀င်နိုင်သည်။

ဝေးလွန်း၍ မပြောနိုင်ဘူးလား။

အချိန်မှီပြေးလျှင် လွတ်နိုင်ပါသည်။

Tuesday, June 14, 2011

ပုဂံပြားပျံ (UFO)

ထွန်းလင်းနေသော ပန်းကန်ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်း ဖြတ်သန်းသွားသည်ကို ဒဂုံ/မြောက်မှ ပြည်သူအချို့ တွေ့ရှိ စက်သံလည်းမကြား၊ ဓာတ်ပုံရိုက်သော်လည်း ရုပ်ပုံမပေါ်၊ အချင်းပေ ၈ဝ ခန့်ရှိဟု သိရ

နီယွန်မီးများဖြင့် ထိန်လင်းနေ သော အချင်းပေ ၈ဝ ခန့်ရှိ ပန်းကန် ပြားသဏ္ဌာန် ယာဉ်ပျံတစ်စင်းကို ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့် အချိန်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မှ အမြင့်ပေ ၂ဝဝဝ ခန့်အကွာအဝေးရှိ ကောင်းကင်ပေါ် တွင် ဖြတ်သန်းသွားသည် ကို တွေ့ရှိ ရကြောင်း ဒဂုံ(မြောက်) ၁ဝ ရပ် ကွက်တွင် နေထိုင် သူများ နှင့် မီး သတ်ဦးစီးမှ သိရသည်။

အဆိုပါယာဉ်ပျံ ပျံသန်းလာစဉ် အတွင်း စက်သံမကြားရသည့်အပြင် မီးသတ်စခန်းမှ ဓာတ်ပုံရိုက်ရာတွင် လည်း ရုပ်ပုံမပေါ်ကြောင်း သိရ သည်။ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန မှရရှိသော သတင်းများ အရ ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံ(မြောက်) မီး သတ်စခန်းအပေါ် ပေ ၂ဝဝဝ ခန့် အကွာမှနေ၍ အနောက် တောင် ဘက်မှ အရှေ့မြောက်ဘက်သို့ အချင်း ၈ဝ ပေခန့်ရှိ အမည်မသိ အဝိုင်းပုံစံယာဉ် ပျံတစ်စင်း သည် နီယွန် မီးများ ထိန်လင်းစွာဖြင့် စက္ကန့် ၂ဝ ခန့်အကြာ ဖြတ် သန်းသွားသည်ကို စခန်းရှိ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၃၅ ဦး၊ မီးသတ်စခန်း အနီး မြင်းစီးအားကစားကွင်းအတွင်း ရှိ သံယောဇဉ်လက်ဖက်ရည်ဆိုင်မှ ပြည်သူ ၂ဝ ဦးခန့်နှင့် လမ်းသွား လမ်းလာပြည်သူ ၂ဝ ဦးခန့် တွေ့မြင်ခဲ့သည်ဟု ဆိုသည်။အဆိုပါ ယာဉ်ပျံကို စတင်တွေ့ ရှိသူမှာ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊ ၁ဝ ရပ်ကွက်ရှိ အသက် ၁၃ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိ သတ္တမ တန်း ကျောင်းသားလေးနှစ်ဦး ဖြစ် သည်။



ယာဉ်ပျံကို စတင်တွေ့ ရှိသူ ၂ဦး

၎င်းတို့ စတင်မြင်တွေ့ခဲ့ရပုံနှင့် ပတ်သက်၍ ”အဲဒီအချိန်က မိုးရွာပြီးစဆိုတော့ ကောင်းကင်ကြီးက နီရဲနေတယ်။အဲဒီအချိန်မှာကောင်း ကင်ထဲကနေ အဝိုင်းကြီးတစ်ခု တဖြည်းဖြည်း ထွက် လာတာကို မြင်ရတော့ သားရဲ့သူ ငယ်ချင်း ကို ဟိုမှာ ဘာကြီးလဲ မသိဘူး၊ ထွက် လာတယ်လို့ လှမ်း ပြောလိုက်တယ်။ သားတို့ကြည့်နေရင်းနဲ့ အဲဒီဟာကြီး က တဖြည်းဖြည်း ကြီးလာပြီး ပန်းကန်ပြား ပုံစံ အဝိုင်း ကြီး ကို ထင်ထင် ရှားရှား မြင်လိုက်ရတယ်။ သူ့ရဲ့ဘေးမှာလည်း မီးရောင်တွေ အများကြီးထွက်နေတယ်။ သားတို့ ကြည့်နေတဲ့ နေရာ နဲ့ နီးနီးလေး ပျံသွားတာ။ အဲဒီအချိန် သား တို့က လူကြီးတွေကိုခေါ်ပြီး ဟိုမှာ ပန်း ကန်ပြားပျံကြီးလာနေပြီလို့ သွား ပြောတော့ လူကြီး တွေလည်း လာ ကြည့်ကြတယ်။ သူ့ဆီကထွက်တဲ့ မီးရောင်တွေက အောက်မှာ ဖြာနေ တယ်။ သားတို့မြင်လိုက်ရတာက တော့ ၁၅ မိနစ်လောက် မြင်လိုက် ရတယ်။ ဒီလိုပုံစံမျိုးကို ရုပ်ရှင်ထဲမှာ ပဲ မြင်ဖူးတာပါ။ အရင်က တစ်ခါမှ မတွေ့ ဖူးဘူး” ဟု ဆိုသည်။

မြောက်ဒဂုံမီးသတ်စခန်းမှ အဆိုပါ ပန်းကန်ပြားပျံဖြတ်သန်းမှု အား တွေ့ရှိခဲ့သူ မီးသတ်အရာရှိ တစ်ဦးက ”အဲဒီနေ့ညနေ ၆ နာရီ ၄၅ မိနစ် လောက်မှာ ကျွန်တော်က အိမ်ထဲမှာ ထမင်းစားဖို့ ပြင်နေတုန်း ကလေးတွေက ဘဘရေ ဒီမှာ ဘာကြီးလဲမသိဘူး၊ ကျလာ နေပြီ လို့ အော်ပြီးပြောတယ်။ ကလေးတွေ အော်တော့ စခန်းမှာ တာဝန်ကျတဲ့ ဒုတပ်ကြပ်တစ်ယောက်က သွား ကြည့်ပြီး ကျွန်တော့်ကို ဆရာ ဘာယာဉ်ကြီးလဲ မသိဘူး၊ ပျံနေ တယ်လို့ လာပြော တဲ့အတွက် ကျွန် တော်က လေယာဉ်ပျံ ထင်ပြီး ဘာယာဉ်ပဲ ဖြစ်ဖြစ်ပေါ့ ကွာလို့ ပြန် ပြောတဲ့အခါ သူက လေယာဉ်ပျံ မဟုတ်ဘူးဆရာ။ အောက်မှာလည်း မီးတွေ တ အားလင်းနေတယ်လို့ ပြောလို့ ထွက် ကြည့်တော့ အမြင့်ပေ ၁၈ဝဝ လောက်မှာ စက်ဝိုင်းပုံစံ ယာဉ်တစ်စင်း ပျံနေတာကိုတွေ့ ရတယ်။ စက်သံကိုတော့ မကြား ရဘူး။ ကျွန်တော်လည်း အိမ်ထဲက ကင်မရာကိုယူပြီး ဓာတ်ပုံရိုက်တဲ့ အခါကျတော့ ကင်မရာထဲမှာ မပေါ် ဘူး။ ကျွန်တော် အောက်က မြင် ရတာတော့ အချင်းပေ ၈ဝ လောက်ရှိပြီး ယာဉ်ရဲ့ဝမ်းဗိုက်နဲ့ အပေါ်အဆင့်မှာ ထွန်းထားတဲ့ မီးရောင်တွေကို မြင်လိုက်ရတယ်။ ကျွန်တော်မြင်ရတာတော့ စက္ကန့် ၂ဝ လောက်ပဲ မြင်ရပြီး အပေါ်ကို ပျံတက်သွားတယ်။ ဒါကြီးက ပန်းကန်ပြားပျံ ဟုတ်၊ မဟုတ်တော့ တစ်ခါမှ မမြင်ဖူးဘူး။ ဒါမျိုးဆိုတာ လည်း တစ်သက်နဲ့ တစ်ကိုယ် မြင်ရဖို့ လွယ်တာမဟုတ်ဘူးလေ။ အခုမြင်ရတဲ့ဟာကြီးကတော့ ရုပ်ရှင် ထဲက ပန်းကန်ပြားပျံပုံစံပဲ။ ဒီနား ပတ်ဝန်းကျင်မှာနေတဲ့ လူတွေ အ ကုန်လုံးလည်း မြင်လိုက် ရတယ်” ဟု ပြော သည်။

ဒဂုံမြို့ သစ်(မြောက်ပိုင်း)၊ ၁ဝ ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် နေထိုင်သူတစ်ဦးက အဆိုပါ ယာဉ် ပျံသည် တဖြည်းဖြည်း လည်ပြီး လာ သည်ကို တွေ့ရကြောင်း၊ မီးရောင် ကဲ့သို့ အလင်းရောင်ဖြာထွက်နေပြီး ယာဉ်ပုံစံမှာ နှစ်ဆင့်ဟုထင်ကြောင်း၊ နှစ်ဆင့်စလုံး မီး လင်းနေကြောင်း၊ ယင်းယာဉ်ပျံကိုတွေ့ပြီးပြီးချင်း အိမ် ထဲဝင်၍ ကင်မရာ ယူကာ ရိုက်သော် လည်း အနည်း ငယ်လှမ်းသွားပြီ ဖြစ်၍ ပုံမပေါ်တော့ကြောင်း၊ အဆိုပါ ယာဉ်ပျံ၏ အရွယ်အစားနှင့် ပုံစံကိုမူ မမှန်းတတ်ကြောင်း၊ ၄င်းယာဉ် သည် လက်ယာရစ် ဖြည်းဖြည်း ချင်း လည် လာပြီးနောက် ပျံတက်သွားကြောင်း ပြောသည်။

မြင်းစီး အားကစားကွင်း အတွင်းနေထိုင်သူတစ်ဦးက ”ကျွန် တော်က အိမ်ထဲမှာရှိနေတုန်း အသက် ၇ နှစ်အရွယ် ကျွန်တော့် သားလေး က ဖေဖေ ဒီမှာပန်းကန် ပြားပျံကြီးလာနေပြီ၊ လာကြည့်လို့ ပြောပြီး လက် ကို အတင်းဆွဲခေါ်တယ်။ အဲဒီအချိန် ဘေးပတ်ဝန်း ကျင်မှာ လည်း ပန်းကန်ပြားပျံကြီးလို့ အော်နေကြတော့ နောက်နေကြ တယ်လို့ပဲ ထင်နေတာ။ သွားကြည့် တော့မှပဲ တကယ်ဖြစ်နေတယ်။ သူက ပန်းကန်ပြား ၂ ချပ်အုပ်ထား တဲ့ စက်ဝိုင်းပုံစံပဲ။ ယာဉ်ရဲ့အမြင့်က ၈ ပေ၊ ၉ ပေလောက်ရှိပြီး သူ့ရဲ့ အချင်းက လယ်ကွက် တစ် ခုစာ လောက်ရှိတယ်။ ဘေးမှာလည်း မီးတွေ ထိန်လင်းနေတယ်။ သူ စလာ တော့ စောင်းလည်ပြီး နိမ့်နိမ့် လေးပျံလာရာကနေ အပေါ် ပေ ၁၅ဝဝ လောက်ရောက်တဲ့အခါကျ တော့ ပြန်တည့်သွားတယ်။

ယာဉ်ရဲ့အထဲကိုလည်း မီးတွေထွန်း ထားတဲ့အတွက် တစ်မိနစ်အကျော် ကျော်လောက်မြင်လိုက်ရတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လျှပ်စစ် မီးတွေ ပြတ်တာမျိုးတော့ မဖြစ်ဘူး”ဟု ဆိုသည်။မြန်မာက ပန်း ကန်ပြားပျံဟု ခေါ်ပြီး သိပ္ပံလောကတွင် အမျိုး အမည်မသိ ပျံသန်း နေသောယာဉ် UFO (Unidentified Flying Object) ကို သိပ္ပံပညာရှင်များက အမှန်တကယ်ရှိ သည်ဟု လက်ခံ ထားသော်လည်း အဆိုပါယာဉ်ပျံကို အလုံး အထည်အလိုက် ဖမ်းဆီးရမိ ခြင်း မရှိသေးချေ။ UFO ကို ကမ္ဘာ အနှံ့အပြား၌ တွေ့ရှိခဲ့ဖူးသည့် အထောက် အထားများရှိသည်ဟု အင်တာနက်သတင်းများအရ သိရ သည်။
သူရထွန်း

http://popularmyanmar.com/