Saturday, August 30, 2014

စာအုပ်ဝါသနာအိုးတွေအတွက် အလွန် Smart ကျပြီး Save လုပ်ပြီး သိမ်းထားသင့်သော လင့်များ


အပေါ်ပိုင်းတွင် အမျိုးအစားလိုက်ရှာနိုင်ပြီး အောက်ပိုင်းတွင် စာရေးသူအမည်အလိုက်ရှာနိုင်ပါသည်။ (၁။ On Air andriod apk. အားရယူရန် လင့် http://goo.gl/2csQQT ၂။ ဖုန်းဖြင့် mediafire ဒေါင်းနည်းအောက်ဆုံးတွင်ဖတ်ပါ)

အမျိုးအစားအလိုက်ရှာရန်

မြန်မာ epub စာအုပ်များ
http://goo.gl/uCP686
ဘာသာပြန်စာအုပ်များ
http://is.gd/opA6Qm
English ၀တ္ထုစာပေများ
http://is.gd/rkKUiA
သမိုင်းစာအုပ်များ
http://is.gd/Yr6fFUန
မြန်မာစွယ်စုံကျမ်း၊စာပေကျမ်း၊စာတမ်း၊ကျောက်စာစာအုပ်များ
http://is.gd/4K4SFK
စာပေဟောပြောပွဲ mp3 ဖိုင်များ
http://is.gd/zy4PuA
အထွေထွေသုတစာအုပ်များ
http://is.gd/MxlUeR)
ဖက်ရှင်ဒီဇိုင်းနှင့်အလှအပဆိုင်ရာစာအုပ်များ
http://is.gd/Efh2iD
လှို့ဝှက်သည်းဖို စုံထောက်ဝတ္ထုများ
http://is.gd/B3uZQn
ဘာသာစကားဆိုင်ရာ စာအုပ်များ
http://is.gd/xEB8ac
ပန်းချီဆိုင်ရာစာအုပ်များ
http://is.gd/2Gk5hh
ဗေဒင်၊အတိတ်နိမိတ်စာအုပ်များ
http://is.gd/lRLluD
ကျမ်းမာရေးနှင့်ဆေးပညာစာအုပ်မျာ
http://is.gd/a8HPjp
မဂ္ဂဇင်းစာအုပ်များ
http://is.gd/Nquuc9
သိုင်းဝတ္ထုများ
http://is.gd/X2xMoP
ဥပဒေဆိုင်ရာ စာအုပ်များ
http://is.gd/sl2gmE
တောတွင်း-မုဆိုး-စွန့်စားခန်းစာအုပ်များ
http://is.gd/nGU0qh
စီးပွားရေးစာအုပ်များ
http://is.gd/8rUUwN
မျက်လှည့် နှင့်ဥာဏ်စမ်းပဟေဠိ စာအုပ်များ
http://is.gd/NadBtx
ကာတွန်းစာအုပ်များ
http://is.gd/tX6KUz
နိုင်ငံရေးစာအုပ်များ
http://is.gd/wvHykd
နည်းပညာစာအုပ်များ
http://is.gd/PUuAXQ
ကဗျာ စာအုပ်များ
http://is.gd/FlMsDd
အထ္တုပ္ပတိစာအုပ်များ
http://is.gd/UamLkV
ဂီတဆိုင်ရာ စာအုပ်များ
http://is.gd/P7sAke
တိုးတက်ရေး၊အတွေးအမြင်၊ရသစာအုပ်များ
http://is.gd/MozurG
ဂမ္ဘီရ၊ဆန်းကြယ်၊အံ့ဖွယ်စာအုပ်များ
http://is.gd/mODPOQ
ဘာသာရေးနှင့်ဓမ္မရသစာအုပ်များ
http://is.gd/AeVjXP
ဟင်းချက်နည်းစာအုပ်များ
http://is.gd/hOsRLr
စိုက်ပျိုးရေးနှင့်မွေးမြူရေးစာအုပ်များ
http://is.gd/OwVbkr
အားကစားနှင့်ကိုယ်ခံပညာဆိုင်ရာစာအုပ်များ
http://is.gd/oduyFY
အင်ဂျင်နီယာဆိုင်ရာစာအုပ်များ
http://is.gd/u13t0k
ရေကြောင်းပညာဆိုင်ရာစာအုပ်များ
http://is.gd/v5Kkyc
စာရင်းကိုင် Accounting ဆိုင်ရာစာအုပ်များ
http://is.gd/NbxOpx
ဝတ္ထုတိုပေါင်းချုပ်များ
http://is.gd/aNUKE7
ဟာသစာအုပ်များ
http://is.gd/wwDfgR
English ၀တ္ထုစာပေများ
http://is.gd/rkKUiA
█████████████
စာရေးသူအမည်rအက္ခရာစဉ်အတိုင်းရှာရန်

(က)
http://is.gd/SNQoTK
(ခ)
http://is.gd/4e1T8S
(ဂ)
http://is.gd/TMvGej
(င)
http://is.gd/KH2Nea
(စ)
http://is.gd/9lOLn8
(ဆ)
http://is.gd/2DdSLB
(ဇ)
http://is.gd/7RSzog
(ည)
http://is.gd/5sZENV
(ဌ)
http://is.gd/tjnOeN
(တ)
http://is.gd/izmKUf
(ထ)
http://is.gd/H1lgKo
(ဒ)
http://is.gd/WpnF3S
(ဓ)
http://is.gd/dZVvZQ
(န)
http://is.gd/qeuTE8
(ပ)
http://is.gd/W9lord
(ဖ)
http://is.gd/xHVyTp
(ဗ)
http://is.gd/dtsOGv
(ဘ)
http://is.gd/vbe3xu
(မ)
http://is.gd/vm3NAG
(ယ)
http://is.gd/xE83yH
(ရ)
http://is.gd/v6zwgB
(လ)
http://is.gd/iz0lfz
(၀)
http://is.gd/83a1YZ
(သ)
http://is.gd/LBYv8E
(ဟ)
http://is.gd/R26pYb
(အ)
http://is.gd/th00DS
(ဥ)
http://is.gd/YVXAw3

===============
ဖုန်းများတွင် Mediafire ၏ Authorized Download ကို ကျော်နိုင်မည့်နည်းလမ်း

Mediafire လင့်သည် Download လုပ်ရလွယ်ကူသဖြင့် ယခင်ကတည်းက အသုံးပြုသူများ နှစ်ခြိုက်စွာသုံးစွဲကြသည်။ သို့သော် ရံဖန်ရံခါ တွင် Authorized Download ဟူသော အနီရောင် Button ပေါ်လာသည့်အခါ ပေးထားသော စာလုံးနှစ်လုံးအား ပြန်လည်ထည့်ပေး၍ ဒေါင်းရသည်။ ၎င်းသည် ကွန်ပြူတာများတွင်သာ အဆင်ပြေပြီး Smart Phone, Tablet များတွင် အဆင်မပြေသဖြင့် အသုံးပြုသူများအခက်တွေ့ကြရသည်။ အထူးသဖြင့် ပြန်လည် ထည့်သွင်းရမည့် စာလုံးနှစ်လုံး မပေါ်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ ဖုန်းများတွင် Authorized Download ကို မပေါ်စေလိုလျှင် mediafire အကောင့် ဖွင့်ပြီး ၀င်ထားခြင်းဖြင့် Authorized Download ဆိုသည့် အနီရောင် ခလုပ်အား ကျော်ဖြတ်နိုင်ပေသည်။ ထို့ကြောင့် www.mediafire.com သို့သွားပါ။ ပြီးလျှင် Log in ကို နှိပ်လိုက်ပါ။ ထို့နောက် Username တွင် onairmm@gmail.com ၊Password တွင် 999999999 (9 ကိုးလုံး) အား ထည့်ပေးပြီး ၀င်ထားခြင်းဖြင့် မည်သည့် Authorized Download မျှ ပေါ်မည်မဟုတ်ဘဲ လွယ်ကူစွာ ဒေါင်းနိုင်ပါလိမ့်မည်။

လူကြီးလူငယ်(ဦးသန့် )


လူကြီးနှင့်လူငယ်တို့သည် သဘောထားချင်းမတူ၊ စိတ်ကူးချင်းမတူ၊ ရည်ရွယ်ချက်ချင်းမတူကြချေ။ မည်သည့် တိုင်းပြည် မည်သည့်ခေတ်တွင်မဆို လူကြီးနှင့် လူငယ်တို့သည် မက္ခဖြစ်ကြ၏။ သို့ရာတွင် အနောက်နိုင်ငံများတွင် အရှေ့နိုင်ငံများထက် လူကြီးလူငယ် စစ်ပွဲသည်သာလွန်ထင်ရှားလျက် ရှိကြ ၏။ ရှင်ဂေါတမမြတ်စွာဘုရား။ မဟာမက်သခင်၊ ကရစ်ရှနား၊ ကွန်းဖြူးစိရပ် စသည်တို့သည် ဗုဒ္ဓဘာ သာဝင်၊ မဟာမေဒင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ ကွန်းဖြူးစိရပ်ဘာသာဝင်တို့အား (ဂါရဝေါစ၊ နိဝါတောစ) တရားတော်ကို ဟောကြားခဲ့သဖြင့် လူငယ်သည် လူကြီးအား ကိုင်းရှိုင်းရိုသေသော အလေ့ရှိခဲ့၏။အနောက်နိုင်ငံများ၌မူကား အရှေ့နိုင်ငံများထက် ထိုတရားသည် ခေါင်းပါးလျက်ရှိခဲ့၏။


သို့ရာတွင် ခေတ်သည် အလွန်ဆန်းကြယ်သော အလုပ်များကို လုပ်လျက်ရှိသည်။ ထုံးစံတို့ကို စွန့်ခြင်း၊ ဘာသာ ရေးတို့၌ ပေါ့လျော့ခြင်း၊ ဂါရဝတရားပျက်ခြင်း စသည်တို့ချင်းနင်း ဝင်ရောက်လာကြကုန်၏။ ခေတ်ကို လိုက်သဖြင့် ကောင်းသည်လည်းရှိ၏။ ဆိုးသည်လည်း ရှိ၏။ မကောင်းသော ဓလေ့ထုံးစံတို့ပျောက် ပျက်ခြင်းသည် ကောင်း၏။ ဘာသာရေး၌ ပေါ့လျော့ခြင်းသည် ကောင်းသည်ဟု ဆိုနိုင်ပါမည်လော။ခေတ်အတွက် ဂါရဝတရား ပျက်ပြားလာခြင်းကို ဆိုပေဦးအံ့။ ကျောင်းသားနှင့် ဆရာဆိုပါစို့။ ရှေးအခါက ကျောင်းသားများသည် ဆရာများကို ချစ်ကြောက် ရိုသေကြကုန်၏။ ယခုခေတ်ကြီးက ကျောင်းသားများအား ဆရာများကို မကြောက်ကြနှင့်ဟု ဆို၏။ အနောက်နိုင်ငံ ပညာရေးဆရာကြီး တို့သည် ကျောင်းများတွင် ကြောက်စိတ်ကို အလျှင်းမမွေးမြူကြရန် တိုက်တွန်း၏။

ကျွန်ုတို့၏ ဘုန်းကြီး ကျောင်းသားသည် ဆရာဘုန်းတော်ကြီးအား မည်မျှ ကြောက်ရသည်၊ ရှေးက တပည့်တပန်းတို့သည် မိမိတို့၏ ဆရာသမားတို့အား မည်မျှကြောက်ကြရသည်ဆိုသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ကြောက်ခြင်းသည် ရိုသေခြင်းနှင့် များသောအားဖြင့် ဒွန်တွဲလျက်ရှိသည်။ သို့ရာတွင် အကျင့်သီလ ကောင်းသော ပုဂ္ဂိုလ်တို့အား သူတစ်ပါးက မကြောက်သော်လည်း ရိုသေကိုင်းရှိုင်းကြ၏။မိုးညှင်းဆရာတော်ဘုရားကြီးအား လူပုဂ္ဂိုလ်တို့သည် မကြောက်သော်လည်း ရိုသေကြကုန်၏။ လူသာမန် အချင်းချင်းမူကား အများအားဖြင့် ကြောက်မှသာလျှင် ရိုသေကြကုန်၏။

ထို့ကြောင့် မဟုတ် လော။ကျောင်းသားတစ်ယောက်သည် ဆရာအားမကြောက်လျှင် ရိုသေခြင်း ပေါ့လျော့ပေမည်။ ထို့သို့ဖြစ်လျှင် မြတ်စွာဘုရား ဟောကြားတော်မူသော အာစရိယ ဂုဏော အနန္တော ပျက်ပြားလျက်ရှိ ပေသည်။ ထိုသို့ တပည့်သည် ဆရာအား ကြောက်ခြင်း ရိုသေခြင်းကင်းလျှင် အရှေ့နိုင်ငံ၏ ယဉ်ကျေး ခြင်း အချက်တစ်ချက်သည် ပျက်ပြားမည်လောဟု စိုးရိမ်ဖွယ်ရှိသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးခြင်း အမူအရာတစ်ရပ်သည် စကားပြောဆိုခြင်း၌ လွန်စွာသိမ်မွေ့ခြင်းဖြစ်သည်။ မြန်မာလူမျိုးကဲ့သို့ ယဉ်ကျေးသိမ်မွေ့စွာ စကားပြောသော လူမျိုးသည် ကမ္ဘာပေါ်၌ ရှိမည်မထင်ပေ။

အသက်ကြီးခြင်း၊ ဂုဏ်ကြီးခြင်းကိုလိုက်၍ ဦး၊ ဦးလေး၊ အဒေါ်၊ အစ်မ၊ အစ်ကို စသည်တို့ကို တပ်၍ခေါ်လေ့ ပြောလေ့ ရှိကြသည်။ ခင်ဗျာ၊ ကျွန်တော်၊ ရှင်၊ ကျွန်မ စသည်တို့သည်များစွာ ယဉ်ကျေးသိမ်မွေ့ခြင်းကို ပြ၏။ အင်္ဂလိပ်ဘာသာ၌ ယူနှင့် အိုင်မှလွဲ၍ သုံးစရာစကားမရှိခဲ့။ ထိုသို့ ယဉ်ကျေးခြင်းသည် ခေတ်၏ တိုက်ဖျက် ပြုပြင်ခြင်းကို အလိုမလိုက်သင့်ပေ။ ခေတ်မီရမည်ဟုဆိုသော်လည်း မူလယဉ်ကျေးခြင်း၏ ကောင်းသော အချက်ကို မပျောက်ပျက်စကောင်းပေ။များမကြာမီက ကျောင်းကြီးတစ်ကျောင်းတွင် ကျောင်းသားကြီး အချို့တို့သည် စုပေါင်း၍ လက်မှတ် ထိုးပြီးလျှင် ကျင်းပမည့်ဆဲဆဲဖြစ်သော အစမ်းစာမေးပွဲများ မပြုလုပ်ရန် ဆရာကြီးအား လျှောက်ထား ကြလေ၏။

၎င်းတို့၏အကြောင်းပြချက်မှာ အစမ်းစာမေးပွဲပြုလုပ်မည်ဟု အကြောင်းကြားခြင်းသည် နီးကပ်လွန်းခြင်း၊ စာကြည့်ချိန်မရခြင်း၊ ကျောင်းသားကြီးနှစ်ယောက်ဖျားနေ၍ မဖြေနိုင်ခြင်း၊ တစ်နှစ် လျှင် အစမ်းစာမေးပွဲ တစ်ကြိမ်လောက်လုပ်လျှင် တော်လောက်ခြင်း စသည်တို့ဖြစ်၏။ လွန်ခဲ့သည့် ဆယ်နှစ်လောက်အခါကမူ မည်သည့် ကျောင်းသားတို့သည် ထိုကဲ့သို့ရေးရန် ဝံ့မည်နည်း။

ဆရာကြီးလုပ်သူသည် မိမိကောင်းသည်ထင်၍လုပ်သော အရာတစ်ခုခုကို မည်သူက မည်ကဲ့သို့ပင် ပြောပြော လျှော့ပေးသော လူမဟုတ်သောကြောင့် ကျောင်းသားများ တောင်းဆိုချက်ကို မပေးနိုင်ဟု ခပ်တင်းတင်း ပယ်ချလိုက်၏။ စုံစမ်းကြည့်သောအခါ အတန်းထဲတွင် အလွန်ညံ့ဖျင်းသော ကျောင်း သားနှစ်ယောက် သုံးယောက်၏ တိုက်တွန်းချက်ဖြင့် ကျောင်းသားအများကပင် လက်မှတ်ထိုးရ ကြောင်း သိရလေသည်။မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်လူကြီးနှင့် လူငယ်တို့၏ ဆက်ဆံရေးသည် အနောက်နိုင်ငံ၏ အတုကို တဖြည်းဖြည်း ယူလျက်ရှိကြသည်။

ထိုသို့ ပြောင်းလဲကြသဖြင့် ကျွန်ုတို့၏ ဘာသာတရား တော်ကြီးသည် ယိမ်းယိုင်လျက်ရှိပြီလော။ လူကြီးသည် နှေးကန်၏။ ချင့်ချိန်၏။ လူငယ်သည် စိတ်မြန် ၏။ ဇွတ်လုပ်ချင်၏။ စွန့်စားလို၏။ ဤကား နိယာမပင်တည်း။ ၂ ဦးစလုံး၌ အကောင်းအဆိုး ဒွန်တွဲ လျက်ရှိရာ မဇ္ဈိမပဋိပဋာလမ်းသည် အကောင်းဆုံးမဟုတ်တုံလော။

[လောကအလင်းတိုက်ထုတ် (၂ဝဝ၉-ဒီဇင်ဘာ)၊ ဦးသန့်၏ လက်ရွေးစင်စာများမှ]

"ပုဂံခေတ်အကြောင်းသိကောင်းစရာ"


==========================
ပုဂံခေတ် (အေဒီ ၁၀၄၄ - ၁၀၈၇)
ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားတို့ရောက်လာပြီးနောက်တွင် တစစနှင့် အင်အားအကြီးဆုံး အနေအထားသို့ရောက်ချိန်ဖြစ်သကဲ့သို့ ယနေ့မြန်မာနိုင်ငံနီးပါးမျှရှိသည့် ပိုင်နက်ကို လည်းသိမ်းပိုက် အုပ်ချုပ်နိုင်ခဲ့ပြီး ပျူ တို့နောက်တွင် ပထမ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုတည်ထောင်နိုင်ခြင်းဖြစ်သည်။ အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင်အခြေချပြီး တစ်နယ်တစ်မင်းထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သော် ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ်အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော်အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇ၀င် သာရှိပြီးတိကျသည့်သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားတို့ကိုအစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး၊ နိုင်ငံရေး သြဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ သို့သော် ၄င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျ ရောက်ခဲ့ပြီး ၄င်းလည်း ရန်သူလက်ချက်ဖြင့် အနိစ္စရောက်ရသည်။ ၄င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သား နှင့်အလောင်းစည်သူ မင်းများလက်ထက်တွင် တဖန်အင်အားသြဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏သြဇာမှာ တဖန်ကျဆင်းသွားရပြန်သည်။ နောက်ဆုံးအေဒီ ၁၂၈၇ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ရန်စစ်ကြောင့် ပုဂံမှာပျက်စီးခြင်းတို့ရောက်ရသည်။ မွန်ဂိုတို့ မြန်မာနိုင်ငံမှ တပ်ပြန်ရုတ်သိမ်းအပြီး နန်းတက်ကြသည့် ကျော်စွာ၊စောနစ်၊စောမွန်နစ် တို့မှာ ပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် သြဇာရှိကြသည်မှာ ရှမ်းညီနောင်သုံးဦးဖြစ်သည့် အသိင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူ တို့ဖြစ်ကြသည်။ အချို့သမိုင်းဆရာတို့က ထိုကာလကို မြင်စိုင်းခေတ်(သို့မဟုတ်)ပထမရှမ်းခေတ် အဖြစ်လည်း သတ်မှတ်ကြသည်။
ယဉ်ကျေးမှု
ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူ လက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။
ပုဂံမင်းဆက်
မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။
ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။
၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို
(က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊
(ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊
၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်။
မင်းဆက် (၅၈)ဆက်
မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)
မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)
မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
မင်းဆက်(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
မင်းဆက်(၁၀) မုက္ခမန် အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
မင်းဆက်(၁၁) သူရဲ အမတ် (၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)
မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
မင်းဆက်(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
မင်းဆက်(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
မင်းဆက်(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
မင်းဆက်(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
မင်းဆက်(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
မင်းဆက်(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇ၀င်၌ (သိန်းစွန်)
မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇ၀င်၌ (မွန်လတ်)
မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
မင်းဆက်(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>
မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
မင်းဆက်(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
မင်းဆက်(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
မင်းဆက်(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
မင်းဆက်(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
မင်းဆက်(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)
သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှ ရှမ်းညီနောင်သုံးဦးဖြစ်သည်။
ကိုးကား
ဒေါက်တာသန်းထွန်း
*ဦးကုလား ရေးသော ရာဇ၀င်ချုပ်စာအုပ်မှ သက္ကရာဇ်များကို အမှန်ယူ ရေးသားပါသည်။