Saturday, August 30, 2014

"ပုဂံခေတ်အကြောင်းသိကောင်းစရာ"


==========================
ပုဂံခေတ် (အေဒီ ၁၀၄၄ - ၁၀၈၇)
ပုဂံခေတ်သည် မြန်မာနိုင်ငံတွင်းသို့ ဗမာတိုင်းရင်းသားတို့ရောက်လာပြီးနောက်တွင် တစစနှင့် အင်အားအကြီးဆုံး အနေအထားသို့ရောက်ချိန်ဖြစ်သကဲ့သို့ ယနေ့မြန်မာနိုင်ငံနီးပါးမျှရှိသည့် ပိုင်နက်ကို လည်းသိမ်းပိုက် အုပ်ချုပ်နိုင်ခဲ့ပြီး ပျူ တို့နောက်တွင် ပထမ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကိုတည်ထောင်နိုင်ခြင်းဖြစ်သည်။ အစဦးတွင် ဗမာလူမျိုးတို့သည် ကျောက်ဆည်ခရိုင် ဒေသများတွင်အခြေချပြီး တစ်နယ်တစ်မင်းထူထောင်ကာ စုစည်းနေထိုင်ကြရာမှ အေဒီ ၁၀ ရာစုသို့ရောက်သော် ပုဂံမင်းသည် အင်အားအကြီးဆုံးအဖြစ်အသိအမှတ်ပြုခံရကာ မင်းကြီး ဖြစ်လာသည်။ သို့သော်အစောပိုင်း ပုဂံမင်းဆက်များအကြောင်းမှာ ပါးစပ်ပြောရာဇ၀င် သာရှိပြီးတိကျသည့်သမိုင်းအထောက်အထားများကိုမူ ရှာဖွေမတွေ့ရချေ။ အထောက်အထားတို့ကိုအစောဆုံး စတင်ကာတွေ့ရသည့် အနော်ရထာ မင်းလက်ထက်အရောက်တွင် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး၊ နိုင်ငံရေး သြဇာအရလည်း အထွတ်အထိပ်သို့ရောက်လာခဲ့သည်။ သို့သော် ၄င်းအလွန်တွင်နန်းတက်သည့် စောလူးမင်း၏ အရည်အချင်းညံ့ဖျင်းမှုများကြောင့် တိုင်းပြည်ပြိုကွဲလုနီးနီး အန္တရာယ်ကျ ရောက်ခဲ့ပြီး ၄င်းလည်း ရန်သူလက်ချက်ဖြင့် အနိစ္စရောက်ရသည်။ ၄င်းအလွန်တွင် နန်းစံကြသည့် ကျန်စစ်သား နှင့်အလောင်းစည်သူ မင်းများလက်ထက်တွင် တဖန်အင်အားသြဇာ ပြည့်ဝကြသော်လည်း ထိုမင်းများလွန်လျှင် ပုဂံ၏သြဇာမှာ တဖန်ကျဆင်းသွားရပြန်သည်။ နောက်ဆုံးအေဒီ ၁၂၈၇ နရသီဟပတေ့ခေါ် တရုတ်ပြေးမင်း လက်ထက်တွင် မွန်ဂိုတို့၏ရန်စစ်ကြောင့် ပုဂံမှာပျက်စီးခြင်းတို့ရောက်ရသည်။ မွန်ဂိုတို့ မြန်မာနိုင်ငံမှ တပ်ပြန်ရုတ်သိမ်းအပြီး နန်းတက်ကြသည့် ကျော်စွာ၊စောနစ်၊စောမွန်နစ် တို့မှာ ပုဂံမင်းဟုသာ အသိအမှတ်ပြုခံရပြီး အမှန်တကယ်တွင် သြဇာရှိကြသည်မှာ ရှမ်းညီနောင်သုံးဦးဖြစ်သည့် အသိင်္ခယာ၊ ရာဇသင်္ကြန်၊ သီဟသူ တို့ဖြစ်ကြသည်။ အချို့သမိုင်းဆရာတို့က ထိုကာလကို မြင်စိုင်းခေတ်(သို့မဟုတ်)ပထမရှမ်းခေတ် အဖြစ်လည်း သတ်မှတ်ကြသည်။
ယဉ်ကျေးမှု
ပုဂံခေတ်ယဉ်ကျေးမှုသည် မြန်မာနိုင်ငံအတွက် ပျူ နှင့် မွန်တို့ပြီးလျှင် တိုးတက်ဖြစ်တည်လာသည့် ယဉ်ကျေးမှုဟု ဆိုရမည်ဖြစ်သည်။ ပျူတို့ထံမှ ဘာသာ၊ ကိုးကွယ်ယုံကြည်မှု နှင့် မွန်တို့ထံမှ အနုပညာ၊ လယ်ယာစိုက်ပျိုးရေး ၊ စာပေအက္ခရာ အစရှိသည်တို့ကို သင်ယူခဲ့ကြသည်။ ထို့ကြောင့် နရပတိစည်သူမတိုင်မှီအထိတည်ဆောက်ခဲ့သည့် ပုဂံရှိ စေတီပုထိုးများမှာ မွန်တို့၏ ဓလေ့၊လက်ရာနှင့် အယူအဆများလွှမ်းမိုးနေသည်ကိုတွေ့ရသည်။ သို့သော် နရပတိစည်သူ လက်ထက်မှစ၍ လက်တွေ့ကျသည့် မြန်မာတို့သည် စိတ်ကူယဉ်ဆန်သည့် မွန်တို့ထက် ပို၍တက်ကြွသည့်၊ အရပ်ဒေသနှင့် ပိုမိုကိုက်ညီမည့် လက်ရာများကို တီထွင်သုံးစွဲလာကြသည်။
ပုဂံမင်းဆက်
မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။
ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။
၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို
(က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊
(ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊
၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်။
မင်းဆက် (၅၈)ဆက်
မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)
မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)
မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
မင်းဆက်(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
မင်းဆက်(၁၀) မုက္ခမန် အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
မင်းဆက်(၁၁) သူရဲ အမတ် (၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)
မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
မင်းဆက်(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
မင်းဆက်(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
မင်းဆက်(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
မင်းဆက်(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
မင်းဆက်(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
မင်းဆက်(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇ၀င်၌ (သိန်းစွန်)
မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇ၀င်၌ (မွန်လတ်)
မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
မင်းဆက်(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>
မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
မင်းဆက်(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
မင်းဆက်(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
မင်းဆက်(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
မင်းဆက်(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
မင်းဆက်(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄)
သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှ ရှမ်းညီနောင်သုံးဦးဖြစ်သည်။
ကိုးကား
ဒေါက်တာသန်းထွန်း
*ဦးကုလား ရေးသော ရာဇ၀င်ချုပ်စာအုပ်မှ သက္ကရာဇ်များကို အမှန်ယူ ရေးသားပါသည်။

No comments:

Post a Comment