Thursday, November 19, 2015

မန်မာအစ ဘယ်ကလာ



အာရှတိုက်ဆိုင်ရာ ဘာသာဝေါဟာရ ပညာရှင်များက မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စုဝင်လူမျိုး တမျိုးဖြစ်သည်ဟု အတည်ပြုထားကြသည်။

တရုတ် မှတ်တမ်းဟောင်းများ၏ အဆိုအရ မြန်မာလူမျိုးများသည် တရုတ်ပြည် အနောက်မြောက် ကန်ဆူနယ်တွင် နေထိုင်ကြသည်။ တရုတ်က ဖိသဖြင့် တိဗက် ကုန်းမြင့်ဒေသ တ၀ိုက်သို့ ပြောင်းသွားကြသည်။ တိဗက်တို့က မောင်းထုတ်သဖြင့် ယူနန်နယ်သို့ ပြောင်းကြ သည်။
တရုတ်ပြည်ကို AD- 618 မှ 907 အုပ်စိုးခဲ့သော ထန်မင်းဆက်သည် တရုတ်တို့၏ သမိုင်းတွင် ခေတ်ကောင်းကြီး တခုဖြစ်၏။ နိုင်ငံတွင်း စီးပွားရေး၊ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာများ တိုးတက်သည်။ အာရှ အနောက်နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှု တိုးတက်တည်တံ့စေရန် အာရှအလယ်ပိုင်းသို့ နာယ်ချဲ့၍ ကုန်သွယ်လမ်းများကို ထိန်းသိမ်းခဲ့သည်။ ဤသို့ဖြင့် ထန်အင်ပါယာသည် နောက်ဘက် အာရှအလယ်ပိုင်းတွင်များစွာ ကျယ်ပြန့်ခဲ့သည်။ သို့ပင်ဖြစ် လင့်ကစား ယန်စီမြစ်၏ တောင်ဘက် ယခုခေတ် ယူနန်၊ လွေချို၊ လွှမ်စီ၊ ကွမ်တုန်စသည့် ဒေသများကိုကား လက်အောက်ခံ နိုင်ငံများဟု သဘောထားရုံသာ ထားနိုင်သည်။ စစ်ရေးနိုင်ငံရေးတို့ဖြင့် တိုက်ရိုက်လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ပေ။
ထိုစဉ်က တရုတ်ပြည် ယန်စီမြစ်တောင်ပိုင်းနေ လူများစုမှာ တရုတ်များမဟုတ်ကြချေ။ တိဗက် မြန်မာအနွယ်ခွဲဝင် ဘာသာစကား ပြောသူများနှင့် သျှမ်းအစုဝင် ဘာသာစကား ပြောသူများမှာ ထိုဒေသတို့၏ လူများစု တိုင်းရင်းသားများဖြစ်ကြသည်။

ထိုဒေသတို့တွင် ထန်တရုတ်တို့၏ လက်အောက်ခံ မဟုတ်သော တိုင်းရင်းသားတို့၏ နိုင်ငံငယ်များ ပေါ်ပေါက်ခဲ့သည်။ ယင်းနိုင်ငံတို့အနက် “အားဟိုင်” (အားပင်လယ်) ပတ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံ- ၆-နိုင်ငံတို့ ထင်ရှား၏ ယင်းနိုင်ငံငယ်တွင် နေထိုင်
သူတို့တွင် မောစောများ (နန်ကျောက်သျှမ်း)၊ ရှေးဟောင်းမြန်မာများ၊ လောလောများ စသည့် တိဗက်မြန်မာ အနွယ်ဝင်များနှင့် သျှမ်းအစုဝင် များပါဝင်ကြသည်။
ယင်း ၆ နိုင်ငံအနက် တောင်ဘက်စွန်ကျသော မုင်ရှေစော (နန်ကျောင်)သည် အင်အား အကောင်းဆုံးဖြစ်သည်။ AD- 739 တွင် မုင်ရှေစောနိုင်ငံသည် ကျန်နိုင်ငံငယ် ၅ခုကို သိန်းသွင်း၍ အင်အား တောင့်တင်းသော ပြည်ထောင်စုကို တည်ထောင်သည်။ မြို့တော်ကို အားဟိုင်အနောက်ကမ်း ယခု (ယူနန်နယ်) တာလီဖူမြို့ တောင်ဘက်အနီးတွင် တည်ထောင်ခဲ့သည်။

တရုတ်တို့က တောင်ဘက် “ဆောဘွဲ့ခံ သူအုပ်ချုပ်သောလူမျိုး “နန်ဆောနိုင်ငံ” သို့မဟုတ် (နန်ကျောင်-နန်ချို သျှမ်းတို့က နောင်ချယ် ဟုခေါ်သည်) ဟုခေါ်ဝေါ် ရေးသားခဲ့ခြင်းဖြစ်သည်။

နန်ကျောင်-ပြည်ထောင်စုကို တည်ထောင်သော နန်ကျောင် “ဧကရာဇ်ကြီး ရှဲင့်လော်ဖီ” ၏နောက် ဆက်ခံသော မြေးတော် “ကောလော်ဖှဲင” လက်ထက်တွင် နန်ကျောင်၏ အင်အား လွန်စွာတိုးတက်ခဲ့သည်။ထန်တရုတ်နိုင်ငံ၏ လေးစားခြင်းကိုပင်ခံခဲ့သည်။

ထိုစဉ်က တရုတ်ပြည် အနောက်ဘက်ရှိ တိဗက်နိုင်ငံ မှာလည်း အင်အားကြီး နိုင်ငံတခုဖြစ်ခဲ့သည်။ အာရှအလယ်ပိုင်းကို ကြီးစိုးရေးအတွက် တိဗက်နှင့် ထန်တရုတ်တို့သည် အပြန် အလှန်စစ်ဆင်နွဲ နေကြဆဲ ဖြစ်သည်။

ယခု အင်အားကြီးနိုင်ငံ တစ်ခုပေါ်လာသဖြင့် တိဗက်နှင့် တရုတ်တို့သည် နန်ကျောင်နိုင်ငံ ဖြစ်သော ထိုအင်အားကြီးနိုင်ငံနှင့် ပူးပေါင်း၍ အချင်းချင်း တိုက်ခိုက်ရန် အခြေနေများ ဖြစ်ပေါ်ခဲ့သည်။
နန်ကျောင်ကလည်း မိမိ၏ အကျိုးကို ကြည့်၍ တစ်ခါတရံ ထန်တရတ်နှင့်ပေါင်း၍ တိဗက်ကိုတိုက်သည်။ တစ်ခါတရံ တိဗက်နှင့်ပေါင်း၍ ထန်တရုတ်ကို တိုက်သည်။ ဤသို့ဖြင့် ပဒေသရာဇ် ၃ နိုင်ငံ၏ ၃ပွင့်ဆိုင် စစ်သည် ဖြစ်ပေခဲ့သည်။ ဤစစ်များကို အကြောင်းပြု၍ နန်ကျောင်သည် စွီကျိုနှင့် ဝှေ့ထုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

အနောက်ဘက်တွင် ယခုပေါင်ရှန်မှ မေခ မြစ်အထိ ယင်းမှ တစ်ဆင့် မြန်မာနိုင်ငံ မြောက်စွန် ရေခဲတောင်ကြီး များအထိ ခံတပ်မြို့ကို ဆောက်နိုင်ခဲ့၏ ပျူနိုင်ငံနှင့်လည်း အဆက်သွယ်ရခဲ့၏ ဤစစ်တို့တွင် ရှေးဟောင်းမြန်မာတပ်များ ပါဝင်ဆင်နွဲခဲ့၏။ ရှဲင့်လော်ဖီမင်းကြီး လက်ထက်မှစ၍ ရှေးဟောင်းမြန်မာတို့သည် နန်ကျောင် ပြည်ထောင်စုနိုင်ငံတွင် ပါဝင်ခဲ့ကြသည်။ ထိုရှေးဟောင်း မြန်မာတို့မှာ မည်သူတို့နည်း။ သူတို့၏ အကြောင်းကို ခေတ်ပြိုင်ရေးခဲ့သော တရုတ်ကျမ်းတို့တွင် တွေ့နိုင်သည်။
(မန်ရှုကျမ်း၊ ထန်ရာဇ၀င်ကျမ်းဟောင်းနှင့် ထန်ရာဇ၀င်ကျမ်းသစ် )
“ဖန်ချို-အမည်ရှိသူက AD-863” ခုတွင် မန်ရှူခေါ် တရုတ်ဘာသာရေး ကျမ်းတစ်စောင်ကိုရေးခဲ့၏ ထိုကျမ်း၌ နောင်အခါ မြန်မာဖြစ်လာမည့် မူလမြန်မာ တို့ကြောင်းကို အတန်ငယ်ပြည့်စုံအောင် ရေးသားခဲ့ပါသည်။

မူလမြန်မာသည် ယုန်ဂ်ချန်င် (ပ၀်ရှန်) ပန်ဝန်းကျင်၌နေ၏။ ထိုအရပ်ကား စင်စစ်အားဖြင့် မြောက်နမိုင်ခ၊ ရှေ့မဲ့ခေါင်၊ တောင်သိန္နီအတွင်း ရှိသောဒေသပင်ဖြစ်ပါသည်။

ထိုသူတို့သည် မိမိတို့ သရှင်သခင်ကို မင်းသို့မဟုတ် မင်းစောဟုခေါ်သဖြင့် ဖန်ချိုက ယင်းတို့ကို “မင်းသို့မဟုတ် “မင်းစော”လူမျိုး ဟုပင်ခေါ်ပါသည်။ ထိုသူတို့သည် “ယွန်နန်၏ အကျော်ဆုံးမြင်းမျိုးကို မွေးသူများဖြစ်၏။” ထို့ကြောင့်လည်း ယင်းတို့ပင် မြင်းသည်ကျော်များ ဖြစ်ကြသည်။ ပိုးစားရိုင်းပင်၏ အသားနှင့်လေးကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်နိုင်၏။ စစ်ရေးစစ်ရာ၌ ပထမတန်းစားများ ဖြစ်ပါသည်။
“ရှေးဟောင်းမြန်မာများဟု” ဖေါ်ပြခဲ့သော “မင်း သို့ မင်းစော” လူမျိုးတို့သည်။ ခြေတံရှည်အိမ်များနှင့် နေကြောင်း၊ အနီရောင်ပိုးစဖြင့် ဦးခေါင်းကို ရစ်ပတ် တန်ဆာဆင်က ခေါင်းပေါင်းစကို နောက်တွင်ချကြောင်း၊ အမျိုးသီးတို့သည် အရောင် ၅မျိုး ပါသော လဲပိုးထည်ကို ၀တ်ကြောင်း၊ ယင်းအ၀တ်ကို ခေါင်းပေါ်ထိ ခြုံနိုင်ကြောင်း၊ စပါးကြီးမြွေသွားများ၊ ခရုခွံများ၊ ပုလဲစစများနှင့် ကုံးထားသော ပုတီးများကို ကိုင်တွယ်နည်း အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် သိုင်းကြသည်။ ဆွဲထားကြသည်။ အိမ်ထောင်မရှိသေးသူသည် ထိပ်တွင် ဆံထုံးတစ်ထုံးသာ ထုံး၍ အိမ်ထောင်ရှိသူသည် ချိုစောင်းနေရာတွင် တစ်ထုံးစီခွဲ၍ နှစ်ထုံး ထုံးသည်။

သူတို့သည် အိမ်အနီးသစ်ပင်များပေါ်တွင် ဒေါင်းများကို မွေးမြူထားကြောင်းစသည်ဖြင့် ဖော်ပြထား၏။ ပိုးခေါင်းပေါင်းနီကို အစနောက်ချ၍ ပေါင်းခြင်း၊ ခြေတံရှည်အိမ်များပေါ်တွင် နေခြင်း၊ မြန်မာတို့ အလေးအမြတ်ထားသော အလံတွင် ဒေါင်းရုပ်ပါခြင်းတို့မှာ ဤရှေးဟောင်းလူတို့၏ အစဉ်အလာ အဆက်ပင်လောဟု တွေးထင်ဖွယ်ရာရှိ၏ မင်းလူမျိုးစု အားလုံးလိုပင် “ဘောင်းဘီပြာဝတ်၍ ကြိမ်ခွေ၊ ၀ါးနှီးများဖြင့် ခါးကိုပတ်ထားကြသည် ဟုလည်းဆို၏” ကုန်းမြင့်သားများဖြစ်ကြောင်း ထင်ရှားပေသည်။
တိုက်ခိုက်ရေးတွင် ၀ါသနာထုံသူများဖြစ်သည်။ ပေါ့ပါးလျင်မြန် ဖျတ်လတ်သည်။ မြင်းစီးစဉ် လှံကို ကျင်လည်စွာ သုံးတတ်သည်။ စီးရာတွင် ကုန်းနှီးမပါ အပြင်းတိုက်ရန် ဒုန်းစီးသောအခါ များတွင် ပျံနေသည်ဟု ထင်ရသည်။ သူတို့၏ အမျိုးသမီးပျိုတို့သည်လည်း မြင်းရေးတွင် အလားတူစွမ်းရည် ရှိသူများဖြစ်၏ နန်ကျောင်မြို့နှင့် တပ်မြို့ အသီးသီးမှ စစ်သူကြီးများ တပ်ထွက်ကြသော အခါ တပ်ဦးမှပါရလေသည်။
ထိုသူတို့သည် လှံရှည်၊ ကာရှည်ကြီးများကို ကိုင်ဆောင်သည် သူတို့ချီတက်လာပြီဆိုလျှင် မည်သူမှ မခုခံနိုင်၊ မြားတို့နှင့် သစ်သားလေး(ဒူးလေး) ကိုလည်းသုံးသည်။ မြှားသွားကို အဆိပ်လူးထားသဖြင့် မြှားချက်ထိသူ ရုတ်ခြသည်းသေသည်။ ၀ါးချွန်အပစ် အလွန်ကျင်လည်သည် တောနက်အတွင်း လင်းနို့ကိုပင် ထိအောင်ပစ်နိုင်သည်။ အလွန်လက်ဖြောင့်၍ လွဲသည်မရှိ သူတို့သည် ငှက်ပျောရွက်တွင်အစာပုံ၍ စားသည်။ ခွက်ယောက်မရှိ မြောက်ဘက်အကျဆုံးလူစုဖြစ်သည်။ ဇွဲ၊ သတ္တိနှင့် သစ္စာရှိမှုတို့တွင် အံ့ဖွယ်သရဲ ရှိလှသည်။ တရုတ်တို့နှင့် ဖြစ်ရသော စစ်ပွဲတွင် မိသွားရာ အမျိုးမျိုး နှိပ်စက်ညှဉ်းပန်း၍ စစ်ဆေးသည်၊ စကားတစ်ခွန်းမျှ မဟချေ၊ လက်ကောက်ဝတ်မှ လက်ကိုဖြတ်ပစ်၍ စစ်မေးပြန်သည်၊ မပြော၊ အော်ဟစ်ခြင်းပင် မပြုကြပေ။ ဤသည်မှာ ရှေးမြန်မာတို့၏ နန်ကျောက်ခေတ် စစ်ပွဲကြီးများတွင် ပါဝင်ပတ်သက်ခဲ့သော ရဲစွမ်းသတ္တိနှင့် သစ္စာရှိမှုများသာပင် ဖြစ်လေသည်။
ထိုသူတို့သည် ဖန်ချို မှတ်တမ်းတင်ချိန်၌ မြန်မာနိုင်ငံတွင်းသို့ သျှမ်းပြည် မြောက်ပိုင်းမှစ၍ ၀င်ရောက်ချိန် ဖြစ်ပါသည်။ အဘယ့်ကြောင့် နောက်ထပ် တောင်ဘက်သို့ တိုးဝင်ရပြန်ပါသနည်းဟု မေးလျှင် နန်ကျောင်၏ ဖိစီးနိုပ်စက်ခြင်း ဘေးမှ ရှောင်ရှားခြင်း ပင်ဖြစ်သည်ဟု ဖြေရမည်။ နန်ကျောင် (သျှမ်း) အမျိုးတွင် “ရှဲန်လောဖိမင်းက AD- 713” ခုအလွန်တွင် သံလွင်နှင့် မဲခေါင်ကြားနေ မင်းစော အမျိုးတို့ကို ပထမဆုံး အောင်နိုင်သည် ဟုဆိုပါသည်။ AD- 755 ခုနန်ကျောင်တို့ လွှမ်းမိုးချိန်ဖြစ်၍ နန်ကျောင်မင်းကြီး ကော်လော်ဖန်က တိဗက်ကို မဟာမိတ်ပြု၍ တရုတ်ကို စစ်ကြီး နှစ်ကြိမ်နိုင်လိုက်၏။ မဟာမိတ်ဖြစ်သော တိဗက်သို့ သွားရန်လမ်းနှစ်သွယ်ရှိရာ ထိုလမ်းနှစ်ခုစလုံး မြန်မာနိုင်ငံမှ ဖြတ်၍သွား၏ ထိုလမ်းအတိုင်း နန်ကျောင်တို့လိုက်လာလျှင် ပျူတို့နှင့်တွေ့တော့သည်။ ရောက်လာသော နန်ကျောင်ကို ပျူတို့က လက်သင့်ခံရုံမှတစ်ပါး ဘာမျှမတတ်နိုင်ချေ။ အကြည်တသာ လက်ခံရသည့်အပြင် နန်ကျောင်တို့ တိုက်သောစစ်များ၌ပင် ပျူစစ်သားတို့ လိုက်၍တိုက်ရသေး၏ ပျူတို့မှာ နန်ကျောင်ကို ခံညားရိုသေလျက် အခွန်ဆက်သနေရပြီဖြစ်၏ ထိုကုလား တရုတ် လမ်းမကြီးနှစ်ခုကို တရုတ်အမတ် ကျာတန်က ရှစ်ရာစုကုန်ခါနီးတွင် အခန်းဆက်နှင့် တကွ အသေးစိတ်ရေးသားထားခဲ့သည်။
(ယှင်ထန်ရှု၊ အခန်း ၄၁ (၁) စာမျက်နှာ ၂၁၊ ယာနှင့်ဝဲ)
တရုတ်စစ်ကိုတိုက်နေသော နန်ကျောင် အရှင်မင်းကြီး ကောလော်ဖန်၏ မြေးတော် ယိမိုရွန်း လက်ထက် AD- 794-ခုတွင် မင်း သို့ မက်းစော အမျိုးတို့ကို နှိပ်ကွပ်ပြန်သည်ဟုဆိုသည်။ နန်ကျောင်တို့က ချဲန်င်တုမှ ဟနွိုင်သို့ဖြန့်၍ စစ်တိုက်ရာ၌ မင်း-တို့က အသေခံအဖြစ်ဖြင့် တပ်ဦးတပ်ဖျားက လိုက်ကြရရှာသည်။ ထိုသူတို့ စစ်တိုက်ရာ၌ ရဲစွမ်းသတ္တိရှိပုံ၊ စည်းကမ်းရိုသေပုံနှင့် ဆင်းရဲပင်ပန်းရောက်၍ သေပုံကို ဖန်ချိုက အသေးစိတ်ဖော်ပြခဲ့၏။ နန်ကျောင်ကိုလည်း ရွံ့မုန်း၍ လာကြမည်ဖြစ်ပါသည်။

တဖန် AD- 794-ခုနှစ် ကျော်တွင် မြေးတော်-ယိမိုရွန်း စစ်ကိုရပ်စဲလိုက်၏ ထိုနောက် လက်အောက်ခံ ပြည်နယ်များစွာမှ သီဆိုတီးမှုတ် သူဆိုင်းသမား တို့ကိုစု၍ တရုတ်ဧကရာဇ်ထံသို့ AD- 800”-ကျော်တွင် စေလွှတ်ဖျော်ဖြေခိုင်းသည်။ ယင်းတို့တွင် ပျူသဘင်သည်တို့လည်းပါ၏ ထို့ကြောင့် ပျူနှင့် တရုတ် အဆက်သွယ်ရလာသဖြင့် ပျူမင်းဖြစ်သော ခွန်မော်ချန်မင်းမျိုးမှ ယုန်ချိယန်မင်းက AD-801-2-ခုနှစ် တွင် တရုတ်နိုင်ငံသို့ နန်ကျောင်မှ တစ်ဆင့် သံစေလွှတ်ခဲ့သည်။

ညီတော် သို့မဟုတ် သားတော် ဂြိမြို့စား (ဗန်းမော် သို့မဟုတ် တကောင်းမြို့စား) သုနန္ဒကို သံအဖွဲ့တွင်ထည့်လိုက်၏ တရုတ်မှတ်တမ်းများ၌ ထိုသံအဖွဲ့နှင့်တကွ ပျူတူရိယာနှင့် တီးမှုတ်ပုံကို အသေးစိတ်ရေးသားထားသည်။ တဖန် AD-832-ခုတွင် နန်ကျောက်တို့က “ပျူမြို့တော်” ကိုဖျက်ဆီးပြီးနောက် “လူ ၃၀၀၀-သုံ့ပန်း” အဖြစ် ဖမ်းယူသွားကာ “ကျေတုန်ခေါ် ယွန်နန်ဖု”အမည်ရှိ နန်ကျောင်တို့၏ အရှေ့ဘက်မြို့တော်တွင် အစေအပါး ကျွန်ပြု၍ထားသည်။ စားသောက် နေထိုင်ရေးကို ဖြစ်သလို ယင်းတို့ဘာသာ စီမံနေထိုင်စေ၏ မသေမပျောက် ကျန်ရစ်သေးသည့် သားမြေးတို့ ယခုတိုင်ရှိ၍ သားငါးတိရိစ္ဆာန်ကို စားသောက်ကြသည်။
(မန်ရှူ၊ ၄၄ ယာ)
နန်ကျောင်တို့သည် တခါတရံ “ရှေးဟောင်းမြန်မာလူစု” ကို ဖိနှိပ်ခြင်းရှိ၏။ စစ်ရေးကို အခြေခံသည့် ပဒေရာဇ်စနှစ် အောက်တွင် နေရသည်မှာ ပျော်မွေ့ဖွယ်မဟုတ်၊ ထို့နောက်မြန်မာနိုင်ငံ မြေပြန့်၌ တခြားတန်းခိုးကြီး အင်အား တစ်ရပ်ဖြစ်သော မိချဲန်ကို AD-835 ခုနှစ်တွင် နန်ကျောင်ပင် ၀င်ရောက်သိမ်းရာ၌ ပါဝင်ခဲ့ရ၍ ရှေးဟောင်း မြန်မာတို့သည် မြန်မာနိုင်ငံ၏ အခြေနေကို သိခဲ့ရသော အခါ တစ်ရွာပြောင်းမှ သူကောင်းဖြစ်မည်ဆိုသည့် သဘောလည်း ပေါက်လာခဲ့ကြပေမည်။
မြန်မာနိုင်ငံ မြေပြန်တွင် အားကောင်းသော ပျူနှင့် မွန် နှစ်မျိုးစလုံးပြိုကွဲလျှင် မြန်မာအဖို့ အလွယ်နှင့်ပင် ထိုအရပ်များ၌ ၀င်၍ အုပ်စီးရန်သာ ကျန်ပါတော့သည်။ မြန်မာတို့ AD-900 မှစ၍ “ကျောက်ဆည်နယ်ကိုမှ” ရွေးကာ ၀င်ရောက် နေထိုင်သည်ဟု “ပါမောက္ခလုစ်က” စွဲမြဲယုံကြည်၏။ ထိုသို့ ယုံကြည်ရန်လည်း “ကျောက်စာများ” အားကိုးရှိပါသည်။ ရှေးအကျဆုံး မြန်မာကျောက်စာတို့၌ ပါသော ရွာအမည်များကို ရှာလျှင် ကျောက်ဆည်နယ်၌သာ တွေ့ရသည်။

ကျောက်ဆည်ကား မြန်မာမရောက်မီ ကပင် ဆည်မြောင်းနှင့် စပါးစိုက်ရာအရပ် ဖြစ်၍ “မွန်”တို့နေရာဖြစ်ပါသည်။ “လ၀၊ ပေါင်လောင်” တို့လည်းရှိ၏။ ကန်တူ၊ သက်နှင့် စကြစ်(ကရင်) လည်းရှိပေမည်။ မြန်မာက ကျောက်ဆည်ကို ၀င်လါလျှင် မွန်အများစုသည် တောင်ဘက်သို့ ဆုတ်သွားရဟန်ရှိသည်၊ သို့သောမွန် တချို့မှာ ကျောက်ဆည်ဒေသ၏ မြောက်နှင့် အရှေ့မြောက် အရပ်များတွင် အစုလိုက်ကျန်ရစ်ပါသည်။ ထိုအရပ်ကို ရည်ညွန်း၍ ရှေးမြန်မာကျောက်စာတို့၌ တန်လိုင်ရွာမဟု ရေးသားဖော်ပြသည်ကို တွေ့ရပါသည်။

မိုန်ခရိုင်ဟု ရေးသားထားသည် ကိုလည်း တွေ့ရ၏။ မြန်မာတို့ဝင်လာပုံကို မှန်းဆဖော်ပြရာ၌ နန်ကျောင်အန္တရာယ်ကို ရှောင်တိမ်းလိုသော မြန်မာသည် နမ်တူမြစ်ကို သီပေါတွင် မိမိတို့ စီးလာသည့် မြင်းများနှင့်တကွ ဖြတ်ကူး၍ ရပ်စောက်နှင့် ရေငန်ဘက်မှ မြေပြန့်ကို ချဉ်းကပ်လျက် နတ်ထိပ်လမ်းကြားမှ အလျင်အမြန် ဆင်းလာပြီးနောက် ကျောက်ဆည်အရပ်ကို ရှေ့တောင်မှ ဖောက်ဝင်၍ မွန်အများပင် မိမိတို့ အားကြီးရာ တောင်ဘက်သို့ ဆုတ်မပေးနိုင်မီ၊ ကျောက်ဆည် အရပ်တစ်ခုလုံးကိုဖြန့်၍ အလျင်အမြန် အုပ်စီးလိုက်ဟန်ရှိသည်ဟု “ပါမေက္ခ ဂျီ အိပ်ခ်ျလုစ်ကရေးသား” ဖော်ပြဖူးပါသည်။

မြန်မာတို့ ၀င်၍နေမိပြီဖြစ်သော ကျောက်ဆည်နယ်ကို ရှေးက မ္လစ်သာ ၁၁-ခရိုန် ဟုခေါ်မြဲဖြစ်၏။“ဆယ်တရွာ” ဟုလည်း အလွယ်ခေါ်ပါသည်။   မြန်မာနိုင်ငံ မြေပြန့်တွင် မြန်မာ ထက်စော၍ ရောက်နေသူများ ရှိသောကြောင့် ကျောက်ဆည်ကို ၀င်လာသော မြန်မာများသည် အေးအေး နေရမည် မဟုတ်၊ နန်ကျောက်၏ ရန်ကို ရှောင်ခဲ့သော်လည်း လူမျိုးများစွာက ဆီး၍ တွန်းလှန်မည့် အန္တရာယ်ကို နိုင်အောင် တိုက်ရချေမည်။

သို့ပေမဲ့ မြန်မာတို့သည် နန်ကျောင်၏ စစ်ဦးတွင် ပါဝင်လျက် ကိုးရာစုဦးတွင် ပျူမြို့တော်နှင့် မိချဲန်မြို့ ကိုဝင်ရောက်သိမ်းပိုက် ဖျက်ဆီးကြစဉ်က မူလမြန်မာ အမျိုးသားတို့လည်း ပါလာကြသည်ဖြစ်ရာ ယခု မြန်မာမြေပြန်သို့ ၀င်လာကြရာ၌ စစ်ရေးအရ မည်သူ့ကို ဦးစွာတိုက်၍ မည်သည့်ဒေသကို အရင်သိမ်းရမည်ကို သဘောပေါက်ပြီး ဖြစ်ချေမည်။

ယခု ရန်ကုန်အနီးတွင် ရှိမည်ဟုထင်ရသော မနိ တွင် သက်ကျွန် ၈၅၀- ရှိကြောင်း ကျောက်စာ တစ်ခုတွင်တွေ့ရ၏ ထို့ကြောင့် မြန်မာနိုင်ငံ မြေပြန့်တို့ အုပ်စီးမိရန် ကြိုးစားရာ၌ အကြီးဆုံးခုခံသူကား ကန်တူ တို့ပင် ဖြစ်နိုင်၏ “ကန်တူကို အသက်တို့မဟုတ်” သက်ဟုလည်းခေါ်သည်။

ပျဉ်ပြားမင်းက AD-850 တွင် ပုဂံကိုတည်သည်ဟု မြန်မာရာဇာဝင် ကျမ်းကဆိုသည်။ “မူလမြန်မာ” တို့၏ နတ်နဂါးအယူနှင့် ယဇ်ပူဇော်ခြင်း အလေ့ရှိသည်ဟု ဆိုရမည် “မြင်းခုန်တိုင်” ဟူသော အမည်မျိုးက သားကောင်းကို ယဇ်ပူဇော်ရကြောင်း သက်သေခံပါသည်။ နန်ကျောင်နှင့်တွဲဖက် နေရစဉ်က မှတ်သားမိသော တတ္ထုပုံပြင်မျာလည်း မြန်မာတို့တွင်ပါလာသည်။

ပျူစောထီးမှာ စင်စစ်အားဖြင့် နန်ကျောက်ပုံပြင်မှ သူရဲကောင်းသာ ဖြစ်ပါသည်။ အဖ၏ နောက်ဆုံးအမည်ကို သားက အမည်အစတွင် ယူ၍မှည့်ခြင်းမှာလည်း “နန်ကျောင်ဓလေ့”သာဖြစ်သည်။ ထင်ရှားအောင်ပြရလျှင် “ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေဉ်လည်၊ သေဉ်လည်ကြောင်၊ ကြောင်ဒူရစ်” ဟူသော ခြောက်မည်တွဲကို ကြည့်လျှင် ရှေ့အမည်၏ အဆုံးကိုယူ၍ နောက်အမည် စသည်ကို တွေ့ရသည်။

မြန်မာနှင့် အတူ မြန်မာတွင်းသို့ တစ်ပါးတည် မပါခဲ့သော မူလမြန်မာ များကား “မရူး၊ လရှီးနှင့် အတ်တစီတို”့ဖြစ်ရာ ထိုသူတို့ကိုသွားရောက်လေ့လာလျှင် ဗုဒ္ဓ၀ါဒီ လက်မခံမီက မြန်မာတို့ ယုံကြည်မှုဓလေ့ကို သိရှိနိုင်မည် ထင်ပါသည်။

သို့သော မြန်မာများ ဗုဒ္ဓ၀ါဒီိမဖြစ်မီက ပုဂံတစ်လွားတွင် နဂါးကိုးကွယ်ခြင်းမုချရှိ၏။ ဗုဒ္ဓသာသနာက နောက်ဆုံးအနိုင်ရ၍ မင်းရော ပြည်သူပါ ဗုဒ္ဓ၀ါဒီများ ဖြစ်လာချိန်မှာ AD-1000 ခန့်ကဟု မှန်းဆပါသည်။

အဘယ်ကြောင့်ဆိုသော ဗုဒ္ဓတို့ အောင်မြင်သည့် အခါတိုင်း သိမ်သမုတ်သည်ကို တွေ့ဖူးသဖြင့် “စောရဟန်မင်း”က “တုရင်”တောင်ထိပ်၌ သိမ်ဆောက်ခဲ့သည်။ ထိုသိမ်ကို AD-1212-ခုတွင် “နာတောင်များမင်း” ကစေခိုင်းသဖြင့် ပြင်ရကြောင်း ကျောက်စာရှိပါသည်။
မြန်မာတို့ သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် “သထုံပြည်မှ ရှင်အရဟံ” မည်သော ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရထာလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။

အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ “ပိဋကတ်တော်” များရှိကြောင်း ကြားသိရသော လက်ဆောင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- “မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ အနော်ရထာမင်းသည် စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။ မြန်မာတို့ ယခုလက်ရှိ စာလုံးအက္ခရာ များကိုစ၍ အသုံးပြု- ရေးသားကြလေသည်။

ထိုစာလုံးတို့ကာ အိန္ဒိယ ပြည်တောင်ပိုင်းမှ အောက်မြန်မာနိုင်ငံ “မွန်”တို့ထံသို့ AD-500 -ခုလောက်တွင် သုံးစွဲသော (ပတ္ထိဝ) အက္ခရာ စာလုံးမျိုးဖြစ်၍၊ ပန်းရံ- ပန်းပဲ စသောအတတ် ပညာများလည်း တိုးပွါးလာတော့သည်။
  
ရှေးမြန်မာတွေဟာ မြန်မာဒေသကို ရှေ့မြောက်က ၀င်တယ်လို့ သေချာသလောက်ဖြစ်တယ်၊ လာလမ်း သျှမ်းပြည်မြောက်ကို ဖြတ်ဝင်မယ်။ အချိန်ကာလ ခရစ်ကိုးရာစုနှစ် ဖြစ်နိုင်တယ် ကရင်က ၀င်တာ ဒါထက်စောတယ် ကျွန်တော့်အထင် အရှေ့ယွန်းယွန်းက တောင်ပိုင်းသျှမ်းပြည်ကို ဖြတ်ဝင်မယ်၊

ရှေ့ကပဲ ဆက်သွယ်ကြမှာက မြောက်ဖက် ကရင် (ပအို့/တောင်သူ) နဲ့ မြန်မာနီးစပ်တယ် ဒီလိုပဲ တောင်ဖက်ကရင် (ပိုးနဲ့ စကော) နဲ့ ရှေးမွန်တွေလဲ နီးစပ်ကြပါတယ်။ ချင်းနဲ့ကရင် (အသံနေ အသံထားနဲ့ စကားဆက်ပုံ) တူတာများကို အခုတွေ့ရတော့ ကျွန်တော် သိပ်အံ့သြမိပါတယ်။

သူတို့နှစ်မျိုးဟာ ရှေးရှေးအစဉ်အဆက် တူညီခဲ့ပုံရတယ်၊ ချင်း၊ မြန်မာ၊ ကရင်မှာ နာမည်၊ မှည့် ဆိုတာ အတူတူတွေ့ရင် ဘာအံ့သြစရာရှိလဲလို့ ပြောရမှာဖြစ်ပါတယ်။ ချင်း၊ ကရင်၊ မြန်မာ ဝေါဟာရတွေ ထပ်တူလို ရှိနေတာက နတ်၊ လင်၊ အကြီးအကဲ၊ မေးရိုး၊ ပခုံး၊ အူသိမ်အူမ၊ ဥ၊ ချွဲ၊သလိပ်၊ အော့အံ၊ ကျွဲ၊ ရှဉ့်၊ ပျား၊ မြှော့၊ သန်း၊ ကြိမ်၊ ထဘီ၊ ဖြစ်နိုင်တာက စကောကရင်က ဧရာဝတီမြစ် အနောက်ဘက် မင်းဘူးနယ်ကို မြန်မာတွေ ပေါ်လာတဲ့ ၉ရာစု နှစ်ထက်စောပြီး ရောက်နေကြပါပြီ။

အဲဒီမှာ ကရင်မြန်မာ တွေ့ကြတော့မှာ မြန်မာက အထက်ပါစကားလုံးတွေကို ငှားသုံးတာတော့ မဖြစ်နိုင်ပါ။ ရှေးရှေးကပဲ အတူတူ နီးနီးစပ်စပ်နေခဲ့ကြတာ ဖြစ်လို့ အခုလို ဝေါဟာရတွေ တူတာဖြစ်ရမယ်။စကားသံ (အသံနေ အသံထား) ကလဲ သံနိမ့်သံမြင့်ဆင်တူနေပါတယ်။ အချုပ်ပြောရရင် တိဗက်မြန်မာလူမျိုးတွေထဲမှာ သံနေသံထား (အသံစဉ်ပုံ) ဘယ်လိုပဲ ကွာကွာ ၊ တစ်မျိုးထဲဖြစ်ရမယ်၊ ဒါကြောင့်ပြောစကား မှ ကျနော်တို့ တကယ်သိတာထက် ပိုပြီး ဆင်တူတာတွေရှိနေပါတယ်။
 တို့ဘိုးဘွားတွေ ဘောင်းဘီပဲ ၀တ်တယ်၊ ဘောင်ဘီ ၀တ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ်  ၆၀၀ လောက်ပဲရှိသေးတယ်။ ဘောင်းဘီဝတ်တာ ကုလား (Tamil) စရိုက်၊ ရှပ်ဝတ်တာ ဥရောပစရိုက်၊ ဒါလောက်တော့ သိထားသင့်တယ်။


ခေတ်သစ် ဖယ်ဒရယ် ပြည်ထောင်စုတို့ တက်လှမ်းကြမည့် တိုင်းရင်းသား ညီအကို မောင်နှမ များအားဝေငှ တင်ပြလိုက်ရပါသည်။
ထုတ်နုတ်
ဗိုလ်မှူး ဘရှင် -ရှေးမြန်မာများ ၀င်ခဲ့ပုံ
ဒေါက်တာသန်းထွန်း -မြန်မာရာဇ၀င်စာတမ်း အမှတ်-၁
အမျိုးသားပညာဝန် ဦးဖိုးကျား -ခေတ်မှီ မြန်မာရာဇ၀င်အကျဉ်း
 ဒေါက်တာသန်းထွန်း- ငါပြောချင်သမျှ ငါ့အကြောင်း

လိင်ဖောက်ပြန်ခြင်း


လိင်ဖောက်ပြန်ခြင်း

အိမ်ထောက်ရှိသောယောင်္ကျားတစ်ယောက်သည် ဇနီးမဟုတ်သော အခြားမိန်းမတစ်ဦးနှင့် လိင်ဆက်ဆံခြင်းဟု 

အဓိပ္ပါယ်သတ်မှတ်သည်။ ဘာသာရေးနှင့်ဥပဒေပိုင်းဆိုင်ရာတွင် ကွဲပြားမှုများစွာရှိသည်။ လူသမိုင်းအဆက်ဆက်တွင် 

လိင်ဖောက်ပြန်ခြင်းသည် ကြီးလေးသောပြစ်မှုဟု လူအမျိုးမျိုးတို့၏ ယဉ်ကျေးမှုများတွင် သတ်မှတ်သည်။ ထိုဖေါက်ပြန်မှုဖြင့် 

လင်မယားကွာရှင်းခွင့်ရှိသည်။ မိသားစု၊ သားသမီးနှင့် လူမှုရေးများကို ဆိုးကျိုများကျရောက်လာနိုင်သည်။ လိင်ဖောက်ပြန်ခြင်းကို 

တရားဥပဒေဖြင့် ပြစ်မှုသတ်မှတ်ထားသော နိုင်ငံများတွင် ပြစ်ဒဏ်မှာ ဒဏ်ငွေမှ သေဒဏ်အထိ ရှိသည်။ ၂၁ရာစုတွင် 

အပြစ်ပေးမှုမှာ ကိုယ်ဝန်ဖျက်ချခြင်းဥပဒေကြောင့် ရှုပ်ထွေးလာသည်။


ခရစ်ယာန်ဘာသာ

လိင်ဖောက်ပြန်ခြင်းသည် လူ့ကျင့်ဝတ်ပျက်ခြင်းဖြစ်ပြီး၊ အပြစ် ဖြစ်သည်ဟု ဆိုသည်။ ၁ကော၆း ၉-၁၀.  ပညတ်တော်၁၀ပါးတွင် 

နံပါတ်၆ တွင် သူတပါးမယားအားမပြစ်မှားရ ဟု ပါရှိသည်။ သခင်ယေရှုက ပိုပြီးပြင်းထန်သည်။ မဿဲ၆း၂၈တွင် 

စိတ်ဖြင့်ပြစ်မှားသည်ကိုပင်လိင်ဖေါက်ပြန်ခြင်းဟု သတ်မှတ်သည်။ ဇနီးသည်ကို 

လိင်ဖေါက်ပြန်မှုမရှိသောဇနီးသည်ကိုကွာရှင်းခြင်းသည် အပြစ်ရှိသည်။  

လိင်ဖေါက်ပြန်၍ကွာရှင်းခံရသောမိန်းမအားလက်ထပ်ခြင်းနှင့် အပြစ်အတူတူဖြစ်သည်။ မဿဲ ၅း၃၂။ အချို့အသင်းတော်များက 

အမြင်မတော်၊ အတူသွားလာခြင်းကိုပင် လိင်ဖောက်ပြန်ခြင်းဟု သတ်မှတ်ကြသည်။

ပြစ်ဒဏ်ပေးခြင်းများ 


တောင်၊မြောက် ကိုးရီးယား၊ တိုင်ဝမ်အပါဝင် အာရှနိုင်ငံများတွင် လိင်ဖေါက်ပြန်ခြင်းအား ရာဇ၀တ်မှုအဖြစ် သတ်မှတ်သည်။ 

ဖိလစ်ပိုင်နိုင်ငံတွင် လိင်ဖေါက်ပြန်သူသည် အိမ်ထောင်ရှိပါက အမျိုးသားဖြစ်စေ၊ အမျိုးသမီးသမီးဖြစ်စေ  ရာဇ၀တ်မှုကျူးလွန်သူ 

အဖြစ်သတ်မှတ်သည်။ တရုပ်ပြည်မကြီးတွင် ရာဇ၀တ်မှုဟု မသတ်မှတ်ပါ၊ ဇနီးဖြစ်သူက ကွာရှင်းခွင့်တောင်းနိုင်သည်။ 

ပါကစ္စတန်နှင့် မွတ်ဆလင်နိုင်ငံများတွင် လိင်ဖောက်ပြန်ခြင်းကို ရာဇ၀တ်မှုအဖြစ်သတ်မှတ်သည်။ သေဒဏ်အထိ 

အပြစ်ပေးနိုင်သည်။ အများအားဖြင့် ထောင်ဒဏ်ချလေ့ရှိသည်။ အိန္နိယနိုင်ငံတွင် အမျိုးသားကိုသာ အပြစ်ပေးသည်။ 

အများအားဖြင့် 

ရော်ကြေးငွေပေးရလေ့ရှိသည်။ လိင်ဖေါက်ပြန်သောအမျိုးသမီးကိုမူ အပြစ်မပေးပါ။ သေဒဏ်ပေးသော အာရှနိုင်ငံများရှိသည်။ 

ဥပမာ ဆော်ဒီအာရေးဗီယားတွင် လိင်ဖောက်ပြန်သူ ပြစ်မှုထင်ရှားပါက ကျောက်ခဲနှင့်ပစ်ပေါက်သေဒဏ်ပေးသည်။

ဘုရားသခင်သိသည်

ရပ်ဝေးသို့ထွက်ခွာ၊ စီးပွားရှာသောခေတ်တွင် ဘုရားမကြိုက်သော လိင်ဖေါက်ပြန်ခြင်း ဖြစ်တတ်သောကြောင့်၊ ဓမ္မဆရာများ၊ 

အသင်းတော်များက အိမ်ထောင်ရှင်များ သစ္စာရှိရန် သွန်သင်လေ့ရှိသည်။ မှားယွင်းသူများ အချိန်မီ 

ဘုရားထံဝန်ချတောင်းပန်ရန်ဖြစ်သည်။ ကျွန်ုပ်သည် စိတ်နှင့်ပစ်မှားမိသော ဖေါက်ပြန်ခြင်းမျိုးဖြစ်ခဲ့ပါသည်။ ထိုပြစ်မှုအတွက် 

ပေးဆပ်ရပါသည်။ ဘုရားရှင်ထံဝန်ချ သက်သေခံ ရေးသားရခြင်းဖြစ်သည်။ 

 

လိင်တူ ဘုရားမကြိုက် လိင်တူပြဿနာဟာ အသေးမွှားမဟုတ်ပါဘူး။

လူတိုင်းမှာ လိင်တူ Same Sex ကြိုက်နှစ်သက်မှုရှိပါတယ်။ လိင်စွဲလမ်းလာရင် .. တကယ့်အဖြစ်အပျက်တခုကို တင်ပြလိုပါတယ်။ ရောမအင်ပါယာဆိုတာ တကယ့်ဒီမိုကရေစီခေတ်ဖြစ်ပြီး အခုခေတ် အမေရိကန်ရဲ့ဒီမိုကရေစီက နှစ်၃၀၀ပဲ သက်တမ်းရှိသေးပါတယ်။ ရောမအင်ပါယာ Roman Empire ပိုပြီးကြာရှည်ခဲ့ပါတယ်။ ဘုရင်ဖြစ်သူဟာ မိန်းမတစ်ယောက်ပဲယူရပါတယ်။ ဘုရင်ဆိုးများလည်း ရှိပါတယ်။ ဥပမာ လိင်ဖေါက်ပြန်မှုများ ရှိတဲ့ ဂျူးလိယက်ဆီဇာ Julius Caesar BC100-45 ဘုရင်အကြောင်းပါ။ သမိုင်းကွယ်ရာမှာ မှတ်တမ်းတင်တာကတော့ အာဏာရှိချိန်မှာ ရံဖန်ရံခါ မိန်းမများနဲ့ကျူးလွန်တတ်ပါတယ်။ တဖြေးဖြေး ဆန့်ကျင်ဖက်လိင်ကနေ လိင်တူကျူးလွန်လာပြီး၊ နောက်ဆုံး ကိုယ်တိုင် မိန်မရှာကဲ့သို့ လိင်ဆက်ဆံခံလာပါတယ်။ သိပ်မကြာပါဘူး.. အသက်၅၅နှစ်အရွယ်မှာ အာဏာရှင်လိုဖြစ်လာတဲ့အတွက် ဒီမိုကရေစီဘက်သားများက လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ 

ဘုရားသခင်ပေးထားတဲ့ လက်ဆောင် (ကာမဂုဏ် Sex) 

ဇနီးမောင်နှံအဖြစ် Gift လက်ဆောင် ဘုရားသခင်က တရားဝင်ပေးထားပါတယ်။ သို့သော် အခုခေတ်မှာ လူ့အခွင့်အရေးဆိုပြီး လိင်တူလက်ထပ်ခွင့် ပေးနေတဲ့တိုင်းပြည်များရှိလာပါတယ်။ အရှေ့တိုင်းနိုင်ငံများမှာတော့ မရှိပါဘူး။ လွတ်လပ်ပြီး ဒီမိုကရေစီရှိပါတယ်ဆိုတဲ့ ဥရောပါနိုင်ငံများဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အမေရိကန်နိုင်ငံမှာတော့ အခုချိန်ထိ အပြင်းအထန်တိုက်ခိုက်နေဆဲပါ။ ၂၀၀၈ တုန်းက ကာလီဖိုးနီးယားလွှတ်တော်က လိင်တူလက်ထပ်ခွင့်ပေးလိုက်တယ်။ ပြည်နယ်လုံးကျွတ် မဲဆန္ဒခံယူပွဲလုပ်တဲ့အခါ အများစု ၇၅% သဘောမတူတဲ့အတွက် လိင်တူလက်ထပ်ခွင့်ကို ဖျက်သိမ်းလိုက်ရတယ်။ တချို့ပြည်နယ်တွေမှာ ဥပဒေပြုသူများက ဘုရားမဲ့ဝါဒီအများစု ဖြစ်လာရင် စာဝတ်နေရေးနဲ့လုံးပမ်းနေတဲ့ ပြည်သူလူထု သတိမပြုစေပဲ၊ လိင်တူလက်ထပ်ခွင့်ဥပဒေများ ပြဌာန်းကြ၊ ပြည်သူလူထုကလည်း ကာလီဖိုးနီးယားပြည်နယ်လို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မလုပ်နိုင်အောင် ဥပဒေနဲ့ပြန်ပိတ်ထားလိုက်တာမျိုး။ ဒီလို ဥပဒေကျွမ်းကျင်တဲ့ ဘုရားမဲ့ဝါဒီများကြောင့် ဥရောပနိုင်ငံများ တဖြေးဖြေး ချွတ်ခြုံကျလာခြင်းဖြစ်ပါတယ်။ အမေရိကားကတော့ နောင်အနှစ်ရာနဲ့ချီပြီး ရှင်သန်ဦးမှာပါ။ ဥရောပနိုင်ငံများအတွက် ရှိပါစေတော့။ ကျွန်တော်တို့ အာရှနိုင်ငံများမှာ လိင်တူ ဘုရားမကြိုက်သလို ပြည်သလူ့ထုလက်မခံပါ။ 

အမေရိကား၊ ကာလီဖိုးနီးယား

လူငယ်များစွာကို တွေ့ဖူးပါတယ်။ ဆန်ဖရန်စစ္စကိုမြို့မှာ ဂေး ဆိုတဲ့ မိန်းမလျှာများ အစုလိုက်နေထိုင်ကြပါတယ်။ သူတို့တစ်ယောက်ချင်းကို သေချာဆန်းဆစ်ကြည့်ရင် ယောင်္ကျားစစ်စစ်တွေပဲ ဖြစ်ပါတယ်။ မိန်းမစိတ်နည်းနည်းရှိတော့ နုနုနယ်နယ် စိတ်နုတယ်ပြောရမယ်။ စိတ်တူကိုယ်တူတွေ အတူစုပေါင်းတွေ့ဆုံရင်း တဖြေးဖြေး သူတို့ရဲ့မိန်းမလျှာစိတ်ကို တိုးပွားလာစေပါတယ်။ ရုန်းမထွက်နိုင်သူတွေကတော့ လိင်ကိစ္စအထိ ရောက်သွားတယ်။ စွဲလမ်းသွားပြီး နောက်ဆုံ I am homosexual, I am lesbian လို့ တရားဝင်ကျေငြာတဲ့အထိ ဖြစ်သွားလေ့ရှိပါတယ်။အမှန်တော့ မိန်းမလျှာ ဆိုတာ အင်မတန်စိတ်ကောင်းရှိတဲ့ ယောင်္ကျားဖြစ်ပါတယ်။ သူတို့မှာ လိင်ဆက်ဆံမှုမပါရင် မိန်းမလျှာများနဲ့ လူမှုဆက်ဆံရေးလုပ်ရတာ သိပ်ကောင်းပါတယ်။ မေတ္တာတရား ပိုပြနိုင်သူများဖြစ်ပါတယ်။ သို့သော် လိင်တူ ဆက်ဆံခြင်းပါဝင်လာရင် လူမှုအသိုင်းဝိုင်းက လက်မခံတော့ပါ။ ဒီတော့ သူတို့အသိုင်းအ၀ိုင်းနဲ့ပဲ အတူစုပေါင်းနေထိုင်ကြတယ်။ လွတ်လပ်စွာနေထိုင်ရင်း လိင်တူ ၂ယောက် အတူနေထိုင်တဲ့ Living Together ဖြစ်လာတယ်။ နောက်တဆင့် သူတို့၂ယောက် ချစ်ခြင်းမေတ္တာ ပိုကြီးလာပြီး ပိုင်ဆိုင်ချင်လာတယ်။ တရားဝင်လက်ထပ်ချင်တဲ့အဆင့်ထိ ရောက်လာတယ်။ 

အရှေ့တောင်အာရှနိုင်ငံနှင့်မြန်မာ

လိင်စွဲလမ်းမှုကိုတော့ မှတ်တမ်းတင်စာတွေ အမြောက်အများရှိပါတယ်။ နာမည်ကျော်၊ ဘာသာရေးဘုန်းကြီးများပင် ဈာန်လျှောရတာမျိုး များစွာရှိပါတယ်။ ဘုရားနဲ့တချက်ကွင်းကွာလိုက်ရင် စာတန်မာနတ်ဝင်လာတာကြောင့် မှားယွင်းမိ။ ၀န်ချမတောင်းပန်၊ မဆပ်ကပ်ပဲ တစ်ကြိမ်ကနေ၊ နှစ်ကြိမ်မှားယွင်း...  ဒီလိုနဲ့ ဈာန်လျှောရခြင်းများ ဖြစ်လာပါတယ်။ အင်တာနက်မှာ မြန်မာလို လိင်တူ ဆိုတဲ့စာလုံးရိုက်ပြီးရှာကြည့်ပါတယ်။ အံ့သြစရာပါပဲ။ အမျိုးသား၊အမျိုးသမီး လိင်ကိစ္စဟာ ပြင်ပကမ္ဘာကြီးမှာ ပြဿနာကြီးဖြစ်ပါတယ်။ သို့သော် ထောင်ကျလူသားများ ကမ္ဘာမှာတော့ လိင်တူ ကိစ္စဟာ မူးရစ်ဆေးဝါးပြီးရင်၊ ဒုတိယအကြီးဆုံး ပြဿနာကြီးလို့ ကလိုစေးထူးရဲ့ဘလောက်မှာ ဖတ်ရပါတယ်။ ၀င်းနိုင်ဦးရေးတဲ့ လူငယ်တစ်ဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း  မှာ ထောင်ကျလူဆိုးကြီးများ ထောင်အာဏာပိုင်များ နောက်ကွယ်မှာ မိန်းမလျှာ (သို့မဟုတ်) စိတ်နုနယ်တဲ့ယောင်္ကျားငယ်များကို ထောင်လူဆိုးဗိုလ်များက နည်းမျိုးစုံနဲ့ လိင်တူ ကျူးလွန်ခြင်းအကြောင်းပါ။ စိတ်နုသူ လူငယ်အမျိုးသားများအတွက် လိင်တူပြဿနာကတော့ ရှိနေဦးမှာပါ။ တစ်ခါလည်း ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသည်များအုပ်စုနဲ့ ကားအတူစီးပြီး၊ ရွှေတြိဂံခရီးသွားရပါတယ်။ အနောက်တိုင်းအဖြူကောင် အသက်၅၀လောက် တစ်ဦးက ထိုင်းလူငယ် အသက်၂၅နှစ်လောက်နဲ့အတူ ခရီးသွားအဖွဲ့ထဲမှာ ပါတယ်။ သူတို့ နစ်ယောက် အချင်းချင်းလဲစကားမပြော၊ ကျွန်တော်တို့ တခြားခရီးသည်တွေနဲ့လည်း စကားလည်းမပြော၊ ၂ရက်လုံးသူတို့အခြေအနေကို အကဲခပ်တော့ အဲဒီ ထိုင်းအမျိုးသားလူငယ်လေးဟာ အခကြေးစားစားမိန်းမလျှာ လို့ပဲ ဆုံးဖြတ်ရပါတယ်။ ထိုင်း၊ ကမ္ဘောဒီယား၊လာအို နိုင်ငံတွေက ဆင်းရဲတော့ မိန်းကလေးများကို လာရောက်ဖျက်ဆီးတဲ့ Sex Tourist တွေရှိသလို၊ ယောင်္ကျားလေးများကို လာရောက်ဖျက်ဆီးတဲ့ အဆင့်မြင့် Same Sex Tourist တွေရှိနေပါတယ်။ ဒီပြဿနာကို ကျွန်တော်တို့ မြန်မာအစိုးရသစ်က ကြိုတင်ကာကွယ်ရပါဦးမယ်။

နိဂုံး

ကျွန်တော်ဟာ ဆန့်ကျင်ဖက်လိင်စွဲလမ်းမှုကို မနည်းရှောင်ရှားနေတဲ့ ယောင်္ကျားဖြစ်ပါတယ်။ တော်တော်ခက်ခဲလှတဲ့အတွက် ကိုယ့်အင်အားနဲ့မရနိုင်ပါဘူး။ လိင်တူစွဲလမ်းသူများကို တွေ့ရင်လည်း ဆုတောင်းပေးပါတယ်။ နှုတ်ကပတ်တော်နဲ့ ပြောကြားဖို့၊ မတရားသောမေထုံ ဖြစ်ကြောင်း၊ ဘုရားသခင်အားဖြင့်သာ၊ ဘုရားကိုစွဲလမ်းခြင်းဖြင့်သာ လိင်စွဲလမ်းမှုမှ လွတ်မြောက်နိုင်ပါတယ်။ထို့အတူ လိင်တူစွဲလမ်းမှုကိုလည်း  မိမိကိုယ်တိုင် သို့မဟုတ် သူတို့အတွက် ဘုရားသခင်စွဲလမ်းမှုဆီ ပြန်လာဘို့ ဆုတောင်းခြင်း၊ မေတ္တာနဲ့ဆွဲဆောင်လမ်းပြနိုင်ရင် လိင်တူစွဲလမ်းသူများ ဘုရားသခင်ရဲ့သိုးသင်များ မျက်စိလည်လှမ်းမှားနေတဲ့ စာတန်မာနတ်ရဲ့ ချောက်ထဲက ပြန်တက်လာနိုင်မှာပါ။  ဇော်အောင်

ကျမ်းပိုဒ်အချို့

ဧဖက်၊ ၅း၃  ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ ကောရိ န္တု သြဝါဒစာဒုတိယစောင်:၁၂း၂၁အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာလွန်ကျူးခြင်း အမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူ အများကြောင့် ငါစိတ်မသာ ညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချ တော်မူမည်ဟူ၍၎င်း စိုးရိမ်ခြင်းရှိ၏။

ရခိုင်လူမျိုး သမိုင်း အကျဉ်းချုပ်


ရခိုင်လူမျိုး သမိုင်း အကျဉ်းချုပ်
=================
( ရခိုင်သား/မ တိုင်းသိထားသင့်ပါရေထင်လို့မျှဝီိပီးလိုက်ပါရေ အချိန်ပီးပြီးကေဖက်စီချင်ပါရေ ... ကျေးဇူးတင်ပါယင့် )

12:00 PM Posted by arakan Labels: သမိုင်း

ရခိုင်

ရခိုင်လူမျိုးတို့ သည် ၄င်းတို့၏ ဇာတိနေရပ်ဖြစ်သော နတ်မြစ်ဝမှ မော်တင်စွန်း (ယခု ဧရာဝတီတိုင်း) အထိ ရှည်လျားသည့် ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်တွင်နေထိုင်ကြသည်။ ရခိုင်ကမ်းမြောင်ဒေသ သို့မဟုတ် ရခိုင်ပြည် သည် ခေတ်အဆက်ဆက် ရခိုင်ဘုရင်များ အုပ်စိုးရာ သီးခြား လွတ်လပ်သည့် တိုင်းပြည် ဖြစ်ခဲ့၏။ ရခိုင်ဘုရင်များ လက်ထက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေသ နှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသတို့သည် ရခိုင်ပြည်၏ လက်အောက်ခံ ဖြစ်ခဲ့သဖြင့် ထိုစဉ်ကလကပင် ရခိုင်လူမျိုးအချို့သည် အုပ်ချုပ်သူ လူတန်းစားအဖြစ် ဘင်္ဂလားဒေသနှင့် တြိပူရဒေသတို့ တွင်လည်း အစဉ်အဆက် နေထိုင်ခဲ့ကြပြီး ယနေ့ထက်တိုင် နေထိုင်ကြဆဲလည်း ဖြစ်သည်။ မြန်မာ့လူဦးရေ၏ လေးရာခိုင်နှုန်းနှင့် အထက်သည် ရခိုင်လူမျိုးတို့ဖြစ်သည်။

နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ

ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။ရက္ခိုင်ဆိုသော နာမ ၀ိသေသအတိုင်း “အမျိုးသီလ၊
နှစ်ဌါနကို၊ပြည့်ဝမဏ္ဏိုင်၊စောင့်စွမ်းနိုင်သည် ရခိုင်နာမ ဘွဲ.့မည်လှဖြင့် အနန္တာသညှာခေါ်အပ်ရာတည်း”လို့လည်း သျှင်ရာဂိန္ဒမော်ကွန်းတွင် ဖွင့်ဆိုထားရှိကြောင်းကို တွေ.ရှိနိုင်သည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင် အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။ ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည် စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို အများဆုံးတွေ့ရှိရသည်။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်း ဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အနွယ်တူကမ်းယံ လူမျိုးများ သည် ဧရာဝတီမြစ်ဝှမ်း အရပ်ဒေသများမှတဆင့် ၀င်ရောက် လာဖွယ်ရာရှိသည်။ ရခိုင်ရာဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓပွင့်တော် မမူမှီ လွန်ခဲ့သည့်နှစ် ပေါင်း ၅၀၀၀ ကျော်လောက်မှ စ၍ဓည၀တီ ကို တည်ထောင်သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ကြောင်း ဒုတိယအကြိမ် ဓည၀တီကိုတည်ထောင်သည့်ကံရာဇာကြီး မင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်းသည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး မဟာမုနိရုပ်ပွားတော်ကို သွန်းလုပ်ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက်တွင် တွေ့ရှိရသည့် သမိုင်းဝင်ထောက်အထားများအရ ပုဂံပြည် မတိုင်မှီ ရာစု နှစ်များစွာကပင် တိုင်းပြည် မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည်။ အထူးသဖြင့် ဓည၀တီ၊ ဝေသာလီနှင့် လောင်းကြက် ပြည်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီးကျယ် သည့် တိုင်းပြည် များဖြစ်ခဲ့ကြသည်။ မြောက်ဦးခေတ် ရောက်သောအခါ ရခိုင်ဘုရင်များသည် ရခိုင်ကမ်းရိုးတန်းဒေသတ ခုလုံးကိုစည်းလုံး သိမ်းသွင်းနိုင်ခဲ့ရုံမျှမက၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းဒေနှင့် အိန္ဒိယနိုင်ငံ တြိပူရ ဒေသများကိုပါ နှစ်ပေါင်း ရာနှင့်ချီ၍ သိမ်းပိုက်ထားနိုင်ခဲ့ကြသည်။ မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များသည်လည်းကောင်း၊ ဒုတိယ မြန်မာနိုင်ငံကို ထူထောင်သည့် ဘုရင့်နောင်သည်လည်းကောင်း၊ တတိယမြန်မာနိုင်ငံကို စည်းလုံးတည်ထောင်သည့် အလောင်းဘုရားသည် လည်းကောင်း ရခိုင်ပြည်ကို မြန်မာနိုင်ငံ၏ နယ်ပယ် တစ်ခု အဖြစ်သို့ မသိမ်းသွင်းနိုင်ခဲ့ကြချေ။ရခိုင်သည် ၁၈၇၄ ရောက်မှသာ ဘိုးတော်ဗဒုံမင်းလက်အောက်သို့ ကျရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပါဝင်လာခဲ့သည်။

ဘာသာရေး

ရခိုင်များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများဖြစ်ကြသည်။ ရှေးအစဉ်အဆက်ကတည်းက ဘာသာရေးကို ရိုသေကိုင်းရှိုင်း ကြသည်။ ရခိုင်ပြည် မြောက်ဦးမြို့ ဝေသာလီ ရွှေတောင်ကြီးတွင် စတုတ္တသင်္ဂါယနာကို ဝေသာလီဘုရင်
သိရိစန္ဒြား(သိရိစမ္မ၀ိဇယမင်း)လက်ထက် သီဟိုနိုင်ငံမှ သံဃာတော်တစ်ထောင်ကို ပင့်ဆောင်ပြီး ရခိုင်ပြည်မှ သံဃာတော် တစ်ထောင်ပေါင်းနှစ်ထောင်ဖြင့် စတုတ္တသင်္ဂါယနာကို တင်ခဲ့ပါသည်။၎င်းသင်္ဂါယနာ တင်ခဲ့ပုံကို
”မဟာမဟိန္ဒ၊ ထေရဘုန်းစည်၊
တည်နေဖြန့်စင်၊သီဟိုဠ်ခွင့်၌၊
နောင်တွင်ဆောင်ရွက်၊ လွန်ခဲခက်၍၊
မေထက် အက္ခရာ၊ သင်္ဂါယနာ၊
စတုတ္ထမြောက်၊ တင်ပြီးနောက်မှ၊
တမ်းမှောက်ညစ်ကျူး၊ ဝါဒထူးဖြင့်၊
ကူးလူးမယှဉ်၊ အစိုင်တည်တံ့၊
အရှည်ခံဟု၊ ကူပံ့ဖြန့်ဖြူး၊
မြတ်ကျေးဇူးဟိ၊ ရဘိရည်ညွတ်၊
လွတ်လပ်ပြုထ၊ သီဟဠနန့်၊
ဝါဒတူညီ၊ တို့သိင်္ဂီကား၊ ပဉ္စမီထပ်၊
ကြီးနီချပ်လျှင်၊ ရွှီကွပ်တင့်သား၊
ငါးထောင်အားဖြင့်၊ ရွှီးသားသီချာ၊
သုံးနှစ်ကြာလျှင်၊ ကောင်းစွာသီးသီး၊
အောင်မြင်ပြီး၍.......” ဟု
(မေဓပညာမော်ကွန်း) တွင် ဖော်ပြထားပါသည်။

ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ

ရခိုင်လူမျိုးတို့ သည် ရခိုင်ဘာသာစကားနှင့် မြန်မာဘာသာစကားကို အများဆုံး အသုံးပြုကြသည်။ ရခိုင်ဘာသာစကားနှင့် မြန်မာ ဘာသာစကားသည် အတော်များများတူပြီး ရ-သံ /r/ နှင့် ယ-သံ /j/ ထွက်ကွာသည်။ ရခိုင်စာပေ အရေးအသားနှင့် မြန်မာစာပေး အရေး အသားသည် ဆင်တူသည်။ ရခိုင်လူမျိုးတို့သည် များသောအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြသည်။ သူတို့သည် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်သူများ ဖြစ်ကြသည်။ ရခိုင်ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓဘာသာ အခြေခံထား၍ပေါ်ပေါက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ စာပေ၊ ဂီတ နှင့် အနုသုခုမပညာရပ်တို့သည် ဘာသာရေးကို အခြေခံပြီး တိုးတက်လာခဲ့သည်။ ရခိုင်လူမျိုးတို့၏ ကျင် အားကစားနှင့် ရခိုင်ဆီမီးခွက်အကတို့သည်ထင်ရှားသည်။

ဝတ်စားဆင်ယင်မှု

ရခိုင်လူမျိုးများသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းတွင် နေထိုင်ပြီး ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည် မှုတွင် အစဉ်အလာ ကြီးမားသည်။ ရခိုင်အမျိုးသားများသည် ပုဝါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံး တိုက်ပုံကိုရိုးရာပုဆိုးနှင့်တွဲဖက်ဝတ်ဆင်ကြသည်။
အမျိုးသမီးများသည်ဇာပုဝါကိုရင်စလွယ်သိုင်းပြီးကော် လာမဲ့ ရင်စေ့လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်သည်။ ၁၅ မှ ၁၈ ရာစု ရခိုင်မင်းဆက်များ၏ ဗိသုကာ လက်ရာများနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အဦးများကို မြောက်ဦးမြို့တွင်လေ့လာ နိုင်သည်။

စာပေ သမိုင်းကြောင်း

ရခိုင် စာပေသည် ဓည၀တီခေတ် (ဘီစီ ၃၀၀) စုခန့်ကပင် စတင် ထွန်းကားခဲ့ကြောင်း၊ အထောက်အထားတွေ့ရသည်။ ဝေသာလီခေတ် နှောင်းပိုင်းမှ စလို့ ရက္ခ၀ဏ္ဏအက္ခရာဖြင့်ရေးသားပြီး ကြိုးတန်းပိဋကတ်ကိုစံထားလို့ လေ့လာခဲ့ကြပုံများကိုလည်း ရခိုင်သမိုင်းတွေမှာ တွေ.ရှိရသည်။ထိုခေတ်ကဓည၀တီ မြို့ဟောင်းအနီးမှ တောင်ပေါက်ကြီးကျောက်စာတွင် အသောကခေတ်က အသုံးပြုခဲ့သော ဗြဟ္မီအရေးအသားဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။ ထို့ပြင် ဗြဟ္မီအက္ခရာ အရေးသား စာတန်းပါ ဗိုက်ပူဘုရား ကျောက်စာသည်လည်း ဓည၀တီခေတ် ရခိုင်စာပေ ထွန်းကားမှု၏ သက်သေ ပင် ဖြစ်ပါသည်။ ဝေသာလီခေတ် (အေဒီ လေးရာစုမှ ဆယ်ရာစု) တွင် ရခိုင်စာပေ ထွန်းကားမှုသည် ကျယ်ပြန့်ခဲ့ပါသည်။ အေဒီ ခြောက်ရာစု ဂုပ္ပတ အက္ခရာ ဖြင့် ရေးထိုးထားသော ယေဓမ္မာ ရခိုင်ကျောက်စာများစွာကို ဤခေတ်တွင် တွေ့ရသည်။ ဝေသာလီခေတ်၏ အထင်ရှားဆုံး ကျောက်စာမှာ အေဒီ ၇၂၉ တွင် ရေးထိုးသော အာနန္ဒစန္ဒြမင်း ကျောက်စာဖြစ်သည်။ ထိုကျောက်စာတွင် ရခိုင် မင်းဆက်များကို ဂါထာ ၆၅ ဂါထာဖြင့် ရေးထိုးထားသည်။ ထိုသို့ မင်းစဉ်မင်းဆက်များကို အစအဆုံးမှတ်တမ်း တင်ထားသည့် ကျောက်စာမျိုးမှာ မြန်မာပြည်တွင်သာမက အိန္ဒိယပြည်တွင်ပါ အစောဆုံးဟု သိရသည်။ ဝေသာလီခေတ်တွင် ကျောက်စာများသာမက မော်ကွန်းလင်္ကာ၊ သျွှန်းလိုက်ရတု၊ စသည့် ရတုကဗျာများ ထွန်းကားခဲ့သည်။ အမတ်ကြီး မေဓပညာရေးသားသည့် မေဓပညာ မော်ကွန်းလင်္ကာမှာ ဝေသာလီခေတ် လက်ရာဟု ထင်ရှားသည်။ လေးမြို့ခေတ် (အေဒီ ၁၁ ရာစု ၁၅ ရာစု) တွင် ကျောက်စာအရေးအသားများများနှင့် အတူ ကဗျာစာပေများလည်း ထွန်းကားသည်။ ဗျည်း ၃၃ လုံးလင်္ကာမှာ လေးမြို့ခေတ်တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ပြီး၊ မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။ လေးမြို့ခေတ် ရခိုင် ကျောက်စာများအနက် ထင်ရှားသော ကျောက်စာများမှာ လောင်းကြက်တောင်မော် ကျောက်စာနှင့် မဟာထီး မီးကျောင်းရုပ် ကျောက်စာတို့ ဖြစ်သည်။ လောင်းကြက်တောင်မော် ကျောက်စာသည် အလျား ပေ ၃၀ ရှိပြီး မြန်မာပြည်တွင် အကြီးဆုံး ကျောက်စာ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရေးစပ်သီကုံးခဲ့သော ဘဒူမင်းညို၏ ရခိုင်မင်းသမီးဧချင်း၊ နန်းတွင်းမိညို၏ ကိုယ်ရည်သွေးရတုနှင့် စာဆို ဥက္ကာပျံ၏ ၁၂ လ ရာသီ ရတုတို့မှာ ကျော်ကြားသည်။
မြောက်ဦးခေတ် ရခိုင်စာဆိုတော် ဥက္ကာပျံ၏-
“အောက်အာကာဗွီ၊ ၀ါယောထွီ၍
ရီထက်ကားမြီ၊ မြီထက်လီနှင့်
ပထ၀ီဟု၊ ထူထု နှစ်သိန်း၊
လေးသောင်းကိန်းထက်၊ ရံသိန်းစကြာဝဠာ
ညီစွာဝန်းလည်၊ ကျောက်တိတည်ကား”
ဟူသည့် မိုးဖွဲ့ရတုသည် ရခိုင်ဘာသာစကား၊ ရခိုင်သံ၊ ရခိုင်ကာရန် တို့ဖြင့် ရေးဖွဲ့ထားသည့် ရခိုင်စာပေ ၏ အကောင်းဆုံး သာဓက ပြယုဂ် ဖြစ်သည်။

ရခိုင်ခေတ်များ
* ၀ါသုဒေ၀ညီနောင်တကျိပ်တို့တည်ထောင်သော ဒွါရာဝတီခေတ်
* ပထမ ဝေသာလီခေတ် သက္ကရာဇ် ၅၃၁၆ မှ ၃၃၂၅ BCE အထိ၊
* ပထမ ဓညဝတီခေတ် သက္ကရာဇ် ၃၃၂၅ မှ ၁၅၀၇ BCE အထိ၊
* ဒုတိယ ဓညဝတီခေတ် သက္ကရာဇ် ၁၅၀၇ မှ ၅၈၀ BCE အထိ၊
* တတိယ ဓညဝတီခေတ် သက္ကရာဇ် ၅၈၀ BCE မှ ၃၂၇ ADE အထိ၊
* ဒုတိယ ဝေသာလီခေတ် သက္ကရာဇ် ၃၂၇ မှ ၈၁၈ ADE အထိ၊
* လေးမြို့ခေတ် သက္ကရာဇ် ၈၁၈ မှ ၁၄၃၀ ADE အထိ၊
* မြောက်ဦးခေတ် သက္ကရာဇ် ၁၄၃၀ မှ ၁၇၈၄ ADE အထိ၊ ဖြစ်သည်။

ရခိုင်ဘုရင့်နိုင်ငံကို အုပ်ချုပ်ခဲ့သော ဘုရင်များ

ဒွါရာဝတီ[သံတွဲ]ခေတ်မင်းဆက်များ(သမိုင်းမတင်မီကာလ)
ဦးရေ။မင်းအမည်။နန်းတက်နှစ်။နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)၀ါသုဒေ၀မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁)ဗြဟ္မကာရာဇာမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ) -ဘီစီ(၃၃၂၅)မတိုင်မီ။
(၅)ဗြဟ္မသုန္တရမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁၅)ဗြဟ္မသိန္ဒိမင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစီ(၃၃၂၅)မတိုင်မီ။
(၁။)ဿရဘန်မင်း(နန်းတက်နှစ်မပါ)(နန်းကျနှစ်မပါ)(နန်းစံနှစ်မပါ)ဘီစ(ီ၃၃၂၅)မတိုင်မီ။

ဓည၀တီ[ပဋ္ဌမ]ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မာရယုမင်း(၃၃၂၅-၃၂၆၃)ထိ(၆၂)နှစ်-ဘီစီ(ခရစ်တော်မပေါ်မီကာလ)
(၂)မာရဇေတုမင်း(၃၂၆၃-၃၂၃၁)ထိ(၃၂)နှစ်(၁)၏သား
(၃)မာရအုံမင်း(၃၂၃၁-၃၁၇၈)ထိ(၅၃)နှစ်(၂)၏သား
(၄)မာရရွယ်မင်း(၃၁၇၈-၃၁၃၀)ထိ(၄၈)နှစ်(၃)၏သား
(၅)မာရတင်မင်း(၃၁၃၀-၃၀၇၅)ထိ(၅၅)နှစ်(၄)၏်သား
(၆)မာရဇိန်မင်း(၃၀ရ၅-၃၀၄၂)ထိ(၃၃)နှစ်(၅)၏သား
(ရ)မာရတင်မင်း(၃၀၄၂-၃၀၂၀)ထိ(၂၂)နှစ်(၆)၏သား
(၁)ငဆက်အို(မျိုးခြား)(၃၀၂၀-၂၉၉၉)ထိ(၂၁)နှစ်(မျိုးခြားမင်း)
(၈)ဒေါလစန္ဒရားမင်း(၂၉၉၉-၂၉၅၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သောလစန္ဒရား(၂၉၅၉-၂၉၂၆)ထိ(၃၃)နှစ်(၈)၏သား
(၁၀)သူရိယစန္ဒရား(၂၉၂၆-၂၈၈၉)ထိ(၃ရ)နှစ်(၉)၏သား
(၁၁)ကာလစန္ဒရား(၂၈၈၉-၂၈၄၉)ထိ(၄၀)နှစ်(၁၀)၏သား
(၁၂)ကဉ္စန္ဒရား(၂၈၄၉-၂၈၁၈)ထိ(၃၁)နှစ်(၁၁)၏သား
(၁၃)မဓုစန္ဒရား(၂၈၁၈-၂၇၉၇)ထိ(၂၁)နှစ်(၁၂)၏သား
(၁၄)ဇေယျစန္ဒရား(၂၇၉၇-၂၇၅၇)ထိ(၄၀)နှစ်(၁၃)၏သား
(၁၅)မောက္ခစန္ဒရား(၂၇၅ရ-၂၇၃၁)ထိ(၂၆)နှစ်(၁၄)၏သား
(၁၆)ဂုနစန္ဒရား(၂၇၃၁-၂၇၁၉)ထိ(၁၂)နှစ်(၁၅)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၂၇၁၉-၂၇၁၈)ထိတစ်လသာစံရသည်။
(၁ရ)ကံရာဇာကြီး(၂၇၁၈-၂၆၇၇)ထိ(၄၁)နှစ်(၁၆)၏သား
(၁၈)ကံရာဇာငယ်(၂၆၇၇-၂၆၄၁)ထိ(၃၆)နှစ်(၁၇)၏သား
(၁၉)အိန္ဒသူရိယ(၂၆၄၁-၂၆၀၆)ထိ(၃၅)နှစ်(၁၈)၏သား
(၂၀)အသူရိန္ဒသူရိယ(၂၆၀၆-၂၅၇၆)ထိ(၃၀)နှစ်(၁၉)၏သား
(၂၁)သာရမိတ္တ(၂၅၇၆-၂၅၄၈)ထိ(၂၈)နှစ်(၂၀)၏သား
(၂၂)သူရိယမင်း(၂၅၄၈-၂၅၁၅)ထိ(၃၁)နှစ်(၂၁)၏သား
(၂၃)မင်းထီး(၂၅၁ရ-၂၄၉၅)ထိ(၂၂)နှစ်(၂၂)၏သား
(၂၄)မင်းပါ(၂၄၉၅-၂၄၇၃)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)စည်ပေါင်သူ(၂၄ရ၃-၂၄၄၅)ထိ(၂၈)နှစ်(၂၄)၏သား
(၂၆)တံတိုင်းသင်(၂၄၄၅-၂၄၁၄)ထိ(၃၁)နှစ်(၂၅)၏ညီ
(၂ရ)ကျော်ခေါင်စည်(၂၄၁၄-၂၃၆၁)ထိ(၅၃)နှစ်(၂၆)၏သား
(၂၈)သူရိယစန္ဒမိတ္တ္ဋ(၂၃၆၁-၂၃၄၀)ထိ(၂၁)နှစ်(၂၇)၏သား
(၂၉)အနန္ဒဘယ(၂၃၄၀-၂၃၁၀)ထိ(၃၀)နှစ်(၂၈)၏သား
(၃၀)လင်္ကျာစည်သူ(၂၃၀-၂၂၈၀)ထိ(၃၀)နှစ်(၂၉)၏သား
(၃၁)သီဟကုစ္ဆိ(၂၂၈၀-၂၂၃၇)ထိ(၄၃)နှစ်(၃၀)၏သား
(၃၂)မင်းဘုန်းသန်(၂၂၃၇-၂၂၀၆)ထိ(၃၁)နှစ်(၃၁)၏သား
(၃၃)သက္ကမွေး(၂၂၀၆-၂၁၅၇)ထိ(၄၉)နှစ်(၃၂)၏သား
(၃၄)ဇေယျနန္ဒသူ(၂၁၅၇-၂၁၀၅)ထိ(၅၂)နှစ်(၃၃)၏သား
(၃၅)တက္ကသူ(၂၁၀၅-၂၀၅၉)ထိ(၄၆)နှစ်(၃၄)၏သား
(၃၆)လက္ခဏ(၂၀၅၉-၂၀၂၂)ထိ(၃ရ)နှစ်(၃၅)၏သား
(၃ရ)ဂုဏရာဇ်(၂၀၂၂-၁၉၈၀)ထိ(၄၂)နှစ်(၃၆)၏သား
(၃၈)သီဝရာဇ်(၁၉၈၀-၁၉၃၉)ထိ(၄၁)နှစ်(၃၇)၏သား
(၃၉)မင်းလှမွှေး(၁၉၃၉-၁၉၁၈)ထိ(၂၁)နှစ်(၃၈)၏သား
(၄၀)ပူရိန္ဒ(၁၉၁၈-၁၈၅၈)ထိ(၆၀)နှစ်(၃၉)၏သား
(၄၁)မင်းသိဒ္ဒက်(၁၈၅၈-၁၈၃၆)ထိ(၂၂)နှစ်(၄၀)၏သား
(၄၂)မင်းလှကြီး(၁၈၃၆-၁၇၈၉)ထိ(၄၇)နှစ်(၄၁)၏သား
(၄၃)ထွေးလုပ်ကြီး(၁၇၈၉-၁၇၆၅)ထိ(၂၄)နှစ်(၄၂)၏သား
(၄၄)စေရာဇ်(၁၇၆၅-၁၇၂၇)ထိ(၃၈)နှစ်(၄၃)၏သား
(၄၅)ချက်နှာဝန်း(၁၇၂၇-၁၇၀၃)ထိ(၂၄)နှစ်(၄၄)၏သား
(၄၆)လက်ရုံးကြီး(၁ရ၀၃-၁၆၇၆)ထိ(၂၇)နှစ်(၄၅)၏သား
(၄ရ)သီရိကမ္မသုန္ဒုရ(၁၆၇၆-၁၆၄၆)ထိ(၃၀)နှစ်(၄၆)၏သား
(၄၈)နန္ဒကောဘယ(၁၆၄၆-၁၆၁၉)ထိ(၂၇)နှစ်(၄၇)၏သား
(၄၉)မင်းနံဖြူ(၁၆၁၉-၁၅၉၉)ထိ(၂၀)နှစ်(၄၈)၏သား
(၅၀)မင်းနံလှ(၁၅၉၉-၁၅၇၁)ထိ(၂၈)နှစ်(၄၉)၏သား
(၅၁)မင်းခေါင်ငယ်(၁၅၇၁-၁၅၅၁)ထိ(၂၀)နှစ်(၅၀)၏သား
(၅၂)လောက်ခေါင်ရာဇာ(၁၅၅၁-၁၅၃၆)ထိ(၁၅)နှစ်(၅၁)၏သား
(၅၃)မင်းသီဟ(၁၅၃၆-၁၅၁၅)ထိ(၂၁)နှစ်(၅၂)၏သား
(၅၄)မင်းငယ်ပျော်လှစည်သူ(၁၅၁၅-၁၅၀၈)ထိ(ရ)နှစ်(၅၃)၏သား
(၃)မျိုးခြားအမတ်(၃)ဦး(၁၅၀၈-၁၅၀၇)ထိ(၁)လတစ်ဦးစီလပိုင်းစံရသည်။

ဓည၀တီ[ဒုတိယ]ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)ကမ္မရာဇာ(ကံရာဇာကြီး)(၁၅၀ရ-၁၄၇၀)ထိ(၃ရ)နှစ်။အချို့ကကံရာဇာကြီးဟုခေါ်သည်။
(၂)သီလရာဇာ(၁၄၇၀-၁၄၂၉)ထိ(၄၁)နှစ်(၁)၏သား
(၃)၀ါသုရ(၁၄၂၉-၁၃၉၈)ထိ(၃၁)နှစ်(၂)၏သား
(၄)နန္ဒသူရိယ(၁၃၉၈-၁၃၅၈)ထိ(၄၀)နှစ်(၃)၏သား
(၅)သူရိယနန္ဒ(၁၃၅၈-၁၃၂၆)ထိ(၃၂)နှစ်(၄)၏သား
(၆)သူရနန္ဒ(၁၃၂၆-၁၃၁၃)ထိ(၂၃)နှစ်(၅)၏သား
(ရ)စန္ဒမာဂု(၁၃၁၃-၁၂၇၁)ထိ(၃၂)နှစ်(၆)၏သား
(၈)သီရိစန္ဒာ(၁၂၇၁-၁၂၃၁)ထိ(၄၀)နှစ်(ရ)၏သား
(၉)သီဟရာဇာ(၁၂၃၁-၁၁၈၅)ထိ(၄၆)နှစ်(၈)၏သား
(၁၀)သီဟယနု(၁၁၈၅-၁၁၆၅)ထိ(၂၀)နှစ်(၉)၏သား
(၁၁)ပယာက(၁၁၆၅-၁၁၃၄)ထိ(၃၁)နှစ်(၁၀)၏သား
(၁၂)နီလဂုဏ်(၁၁၃၄-၁၀၉၃)ထိ(၄၁)နှစ်(၁၁)၏သား
(၁၃)ရောဟဂုဏ်(၁၀၉၃-၁၀၆၃)ထိ(၃၀)နှစ်(၁၂)၏သား
(၁၄)သီရိဂုဏ်(၁၀၆၃-၁၀၉၃)ထိ(၂၄)နှစ်(၁၃)၏သား
(၁၅)သမံဇာ(၁၀၃၉-၁၀၀၄)ထိ(၃၅)နှစ်(၁၄)၏တူ
(၁၆)သုဝဏ္ဍကုမ္မာ(၁၀၀၄-၉၈၄)ထိ(၂၀)နှစ်(၁၅)၏သား
(၁ရ)သက်တင်ဖြူ(၉၈၄-၉၄၄)ထိ(၄၀)နှစ်(၁၆)၏သား
(၁၈)သက်တင်ဦး(၉၄၄-၉၀၂)ထိ(၄၂)နှစ်(၁၇)၏သား
(၁၉)ဇေတ၀န်(၉၀၂-၈၆၆)ထိ(၃၆)နှစ်(၁၈)၏သား
(၂၀)မုဉ္စိယ(၈၆၆-၈၃၉)ထိ(၂၇)နှစ်(၁၉)၏သား
(၂၁)ကုမ္မရာဝိသုက(၈၃၉-၇၆၂)ထိ(ရရ)နှစ်(၂၀)၏သား
(၂၂)၀ါသုမဏ္ဍလ(၇၆၂-၇၂၈)ထိ(၃၄)နှစ်(၂၁)၏သား
(၂၃)ပုရိန္ဒ(ရ၂၈-၆၉၇)ထိ(၃၁)နှစ်(၂၂)၏သား
(၂၄)ရာလာမာယု(၆၉၇-၆၇၅)ထိ(၂၂)နှစ်(၂၃)၏သား
(၂၅)နာလမာယု(၆ရ၅-၆၄၄)ထိ(၃၁)နှစ်(၂၄)၏သား
(၂၆)၀ရတကုနိ(၆၄၄-၆၂၂)ထိ(၂၂)နှစ်(၂၅)၏သား
(၂ရ)၀ိသုရာဇာ(၆၂၂-၆၁၀ထိ(၁၂)နှစ်(၂၆)၏သား
(၂၈)သီရိရာဇာ(၆၁၀-၅၈၀)ထိ(၃၀)နှစ်(၂ရ)၏သား

ဓည၀တီ[တတိယ]ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်။
(၁)စန္ဒသူရိယမင်း(၅၈၀-၅၂၇)ထိ(၅၃)နှစ်။သီရိရာဇာ၏သား
(၂)သူရိယာဓိပတိ(၅၂၇-၄၈၀)ထိ(၄၇)နှစ်(၁)၏သား
(၃)သူရိယာပတိပါတ်(၄၈၀-၄၂၄)ထိ(၅၆)နှစ်(၂)၏သား
(၄)သူရိယရုပ(၄၂၄-၃၇၉)ထိ(၄၅)နှစ်(၃)၏သား
(၅)သူရိယစန္ဒာလ(၃၇၉-၃၁၅)ထိ(၆၄)နှစ်(၄)၏သား
(၆)သူရိယစက္က(၃၁၅-၂၇၁)ထိ(၄၄)နှစ်(၅)၏သား
(ရ)သူရိယနထ(၂ရ၁-၂၉၉)ထိ(၄၂)နှစ်(၆)၏သား
(၈)သူရိယ၀ံသ(၂၉၉-၁၈၉)ထိ(၄၀)နှစ်(ရ)၏သား
(၉)သူရိယဗန္ဒ(၁၈၉-၁၆၃)ထိ(၂၆)နှစ်(၈)၏သား
(၁၀)သူရိယကလျာကာ(၁၆၃-၁၂၅)ထိ(၃၈)နှစ်(၉)၏သား
(၁၁)သူရိယမုခ(၁၂၆-၉၅)ထိ(၃၀)နှစ်(၁၀)၏သား
(၁၂)သူရိယတေဇ(၉၅-၄၅)ထိ(၅၀)နှစ်(၁၁)၏သား
(၁၃)သူရိယပုည(၄၅-၁၀)ထိ(၃၅)နှစ်(၁၂)၏သား
(၁၄)သူရိယကုလ(ဘီစီ၁၀မှအေဒီ၂၆)ထိ(၃၆)နှစ်(၁၃)၏သား(ခရစ်တော်ေ်ပေါ်ပြီးကာလ)
(၁၅)သူရိယပဘာ(၂၆-၈၀)ထိ(၅၄)နှစ်(၁၄)၏သား
(၁၆)သူရိယစိတ္တရ(၈၀-၁၁၆)ထိ(၃၆)နှစ်(၁၅)၏သား
(၁ရ)သူရိယဇေဌ(၁၁၆-၁၃၈)ထိ(၂၂)နှစ်(၁၆)၏သား
(၁၈)သူရိယ၀ိမလ(၁၃၈-၁၅၆)ထိ(၁၈)နှစ်(၁၇)၏သား
(၁၉)သူရိယယေနု(၁၅၆-၁၇၈)ထိ(၂၂)နှစ်(၁၈)၏သား
(၂၀)သူရိယကံသ(၁ရ၈-၁၉၄)ထိ(၁၆)နှစ်(၁၉)၏သား
(၂၁)သူရိယသကျ(၁၉၄-၂၀၂)ထိ(၈)နှစ်(၂၀)၏ဘထွေး
(၂၂)သူရိယသီရိ(၂၀၂-၂၂၂)ထိ(၂၀)နှစ်(၂၁)၏သား
(၂၃)သူရိယကေသီ(၂၂၂-၂၄၁)ထိ(၂၁)နှစ်(၂၂)၏သား
(၂၄)သူရိယကုမ္မာ(၂၄၁-၂၇၃)ထိ(၃၂)နှစ်(၂၃)၏သား
(၂၅)သူရိယကေတု(၂၇၁-၃၂၇)ထိ(၅၆)နှစ်(၂၄)၏သား

ဝေသာလီ[ကျောက်လှေကား]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မဟာစန္ဒြား(၃၂၇-၃၈၄)ထိ(၅၇)နှစ်။သူရိယကေတု၏သား
(၂)သူရိယစန္ဒြား(၃၈၄-၄၃၃)ထိ(၄၉)နှစ်(၁)၏သား
(၃)မောလစန္ဒြား(၄၃၃-၄၈၁)ထိ(၄၈)နှစ်(၂)၏သား
(၄)ပေါလစန္ဒြား(၄၈၁-၅၂၇)ထိ(၄၆)နှစ်(၃)၏သား
(၅)ကာလစန္ဒြား(၅၂၇-၅၇၆)ထိ(၄၉)နှစ်(၄)၏သား
(၆)ထူလစန္ဒြား(၅ရ၆-၅၉၅)ထိ(၁၉)နှစ်(၅)၏သား
(ရ)သီရိစန္ဒြား(၅၉၅-၆၆၇)ထိ(၇၂)နှစ်(၆)၏သား
(၈)သင်္ဂစန္ဒြား(၆၆၇-၇၃၃)ထိ(၆၆)နှစ်(၇)၏သား
(၉)စူဠစန္ဒြား(၇၃၃-၇၆၉)ထိ(၃၆)နှစ်(၈)၏သား
(၁)အမြတူ(မြို့(၆၉-၇၇၆)ထိ(ရ)နှစ်(မျိုးခြားမင်း)
(၂)ပဲဖြူ(၇၇၆-၇၉၃)ထိ(၁၇)နှစ်(အမြတူ၏ညီသား)
-မင်းမဲ့ကာလ(၇၉၃-၇၉၄)ထိ(၁)နှစ်(မင်းမရှိသောကာလ)
(၁၀)ငတုံမင်း(၇၉၄-၈၁၈)ထိ(၂၄)နှစ်(စူဠစန္ဒြား၏သား)

ပဉ္စာခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ခေတ္တသင်(၈၁၈-၈၂၈အေဒီ)ထိ(၁၀)နှစ်(စူဠစန္ဒြရားတူစန္ဒကူး၏သား)
(၂)စန္ဒသင်(၈၂၈-၈၄၃)ထိ(၁၅)နှစ်(ခေတ္တသင်၏ညီ)
(၃)မင်းသင်ဖြူ(၈၄၃-၈ရ၃)ထိ(၃၀)နှစ်(၁)၏သား
(၄)နာဂသူရိယ(၈၇၃-၉၀၄)ထိ(၃၂)နှစ်(၂)၏သား
(၅)ပုဏ္ဍက(၉၃၆-၉၆၉)ထိ(၃၃)နှစ်(၄)၏သား
(၆)မင်းကြီးဖြူ(၉၆၉-၉၈၄)ထိ(၁၅)နှစ်(၅)၏သား
(၁)စည်သဘင်(၉၈၄-၉၈၆)ထိ(၂)မျိုးခြားမင်း
(ရ)မင်းနု(၉၈၆-၁၀၁၄)ထိ(၂၈)နှစ်(မင်းကြီးဖြူ၏သား)
(၈)မင်းလာတော်(၁၀၁၄-၁၀၃၄)ထိ(၂၀)နှစ်(ရ)၏သား
(၉)မင်းကုလား(၁၀၃၄-၁၀၆၂)ထိ(၂၈)နှစ်(၈)၏သား
(၁၀)မင်းဘီလူး(၁၀၆၂-၁၀၆၈)ထိ(၆)နှစ်(၉)၏သား
(၁)၀ရောင်းငှက်အသင်္ခယာ(၁၀၆၈-၁၀၇၆)ထိ(၈)နှစ်(ကြားမင်း)
(၂)မင်းဘုန်းသန်(၁၀၇၆-၁၀၉၀)ထိ(၁၄)နှစ်(အသင်္ခယာ၏သား)
(၃)မင်းမတ်(၁၀၉၀-၁၁၀၃)ထိ(၁၃)နှစ်(မင်းဘုန်းသန်၏သား)

ပရိန်[ပဋ္ဌမ]ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လင်္ကျာမင်းနန်(၁၁၀၃-၁၁၀၉)ထိ(၆)နှစ်(မင်းဘီလူး၏မြေး)
(၂)မင်းသီဟ(၁၁၀၉-၁၁၁၀)ထိ(၁)နှစ်(၁)၏သား
(၃)ရာဇာကြီး(၁၁၁၀-၁၁၁၃)ထိ(၃)နှစ်(၂)၏သား
(၄)သကျဝင်ကြီး(၁၁၁၃-၁၁၁၅)ထိ(၂)နှစ်(၃)၏သား
(၅)သကျဝင်ငယ်(၁၁၁၅-၁၁၁၈)ထိ(၃)နှစ်(၄)၏သား
(၆)ကောလိယ(၁၁၁၈-၁၁၂၃)ထိ(၅)နှစ်(၅)၏သား

ပရိန်[ဒုတိယ]ခေတ်မင်းဆက်များ
ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)ဒဿရာဇာ(၁၁၂၃-၁၁၃၉)ထိ(၁၆)နှစ်(ကောလိယ၏သား)
(၂)အနန္ဒသီရိ(၁၁၃၉-၁၁၄၂)ထိ(၃)နှစ်(၁)၏သား
(၃)မင်းဖုန်းစား(၁၁၄၂-၁၁၄၉)ထိ(၇)နှစ်(အနန္ဒသီရိ၏ညီ)
(၄)ပဉ္စဏလ၀တ်(၁၁၄၉-၁၁၅၁)ထိ(၂)နှစ်(၃)၏သား
(၅)ဓနရူပေါ(၁၁၅၁-၁၁၆၀)(၉)နှစ်(၄)၏သား
(၆)စလင်ကာဗိုလ်အမတ်(၁၁၆၀-၁၁၆၁)ထိ(၁)နှစ်(၅)၏သား
(ရ)မဉ္စူသင်(၁၁၆၁-၁၁၆၁)ထိ(၅)နှစ်(ဓနရူပေါ၏သား)
(၈)ငရံမံ(၁၁၆၆-၁၁၆၈)ထိ(၂)နှစ်(၇)၏သား
(၉)မင်းပုဂံ(၁၁၆၈-၁၁၇၀)ထိ(၂)နှစ်(၈)၏သား
(၁၀)ငရက္ခိုင်(၁၁ရ၀-၁၁၇၃)ထိ(၃)နှစ်(၉)၏သား
(၁၁)မင်းကြုံ(၁၁ရ၃-၁၁၈၅)ထိ(၁၂)နှစ်(၁၀)၏သား
(၁၂)မင်းဆူ(၁၁၈၅-၁၁၉၀)ထိ(၅)နှစ်(၁၁)၏သား
(၁၃)ရွှေသင်(၁၁၉၀-၁၁၉၃)ထိ(၃)နှစ်(၁၂)၏သား
(၁၄)မင်းခေါင်ကြီး(၁၁၉၃-၁၂၀၄)ထိ(၆)နှစ်(၁၃)၏သား
(၁၅)မင်းခေါင်ငယ်(၁၁၉၉-၁၂၀၄)ထိ(၅)နှစ်(၁၄)၏သား
(၁၆)ကမ္ဘာလောင်ကြီး(၁၂၀၄-၁၂၁၀)ထိ(၆)နှစ်(၁၅)၏သား
(၁ရ)ကမ္ဘာလောင်ငယ်(၁၂၁၀-၁၂၂၀)ထိ(၁၀)နှစ်(၁၆)၏သား
(၁၈)သကျဝင်ကြီး(၁၁၂၀-၁၂၂၂)ထိ(၂)(၁၇)၏သား
(၁၉)သကျဝင်ငယ်(၁၂၂၂-၁၂၃၂)ထိ(၁၀)နှစ်(၁၈)၏သား
(၂၀)သနပင်ဖြူ(၁၂၃၂-၁၂၃၅)ထိ(၃)နှစ်(၁၉)၏သား
(၂၁)နယ်သိမ်း(၁၂၃၅-၁၂၄၆)ထိ(၁၁)နှစ်(၂၀)၏သား
(၂၂)ငနလုံး(၁၂၄၆-၁၂၅၀)ထိ(၄)နှစ်(၂၁)၏သား

လောင်းကြက်ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)လောမာဖြူ(၁၂၅၀-၁၂၅၆)ထိ(၆)နှစ်(ငနလုံး၏သား)
(၂)ရာဇာသူကြီး(၁၂၅၆-၁၂၅၈)ထိ(၂)နှစ်(၁)၏သား
(၃)စောလူး(၁၂၅၈-၁၂၆၁)(၃)နှစ်(၂)၏သား
(၄)ဥစ္စနာကြီး(၁၂၆၁-၁၂၆၉)ထိ(၈)နှစ်(၃)၏သား
(၅)စောမွန်ကြီး(၁၂၆၉-၁၂၇၃)ထိ(၄)နှစ်(၄)၏သား
(၆)နန်းကျကြီး(၁၂၇၃-၁၂၇၇)ထိ(၄)နှစ်(၅)၏သား
(ရ)မင်းဘီလူး(၁၂၇၇-၁၂၈၁)ထိ(၄)နှစ်(၆)၏သား
(၈)စည်သဘင်အမတ်ကြီး(၁၂၈၁-၁၂၈၃)ထိ(၂)နှစ်
(၉)မင်းထီး(၁၂၈၃-၁၃၈၉)ထိ(၁၀၆)နှစ်(မင်းဘီလူး၏သား)
(၁၀)ဥစ္စနာငယ်(၁၃၈၉-၁၃၉၁)ထိ(၂)နှစ်(၉)၏သား
(၁၁)သီဝရာဇ်(၁၃၉၁-၁၃၉၂)ထိ(၁)နှစ်(၁၀)၏ညီ
(၁၂)နန်းကျငယ်(၁၃၉၂-၁၃၉၄)ထိ(၂)နှစ်(၁၁)၏ညီ
(၁၃)ရာဇသူ(၁၃၉၄-၁၃၉၆)ထိ(၂)နှစ်(၁၂)၏သား
(၁၄)စည်သဘင်အမတ်(၁၃၉၆-၁၃၉ရ)ထိ(၁)နှစ်
(၁၅)မြင်စည်စားအမတ်(၁၃၉၇-၁၃၉၇)ထိ(၅)လ
(၁၆)ရာဇသူမင်း(၁၃၉၇-၁၄၀၁)ထိ(၄)နှစ်
(၁ရ)သိင်္ဂသူ(၁၄၀၁-၁၄၀၄)ထိ(၃)နှစ်(၁၆)၏ညီ

မြောက်ဉ်ီး[ပဋ္ဌမ]ခေတ်မင်းဆက်များ

ဦးရေ။မင်းအမည်။နန်းတက်နန်းကျနှစ်။နန်းစံနှစ်။မှတ်ချက်
(၁)မင်းစောမွန်(၁၄၀၄-၁၄၃၃)ထိ(၂၉)နှစ်(ရာဇသူ၏သား)
(၂)အလီခင်(၁၄၃၃-၁၄၅၈)ထိ(၂၅)နှစ်(၁)၏ညီ
(၃)ဘစောဖြူ(ကုလမသျှာ)(၁၄၅၈-၁၄၈၁)ထိ(၂၃)နှစ်(၂)၏သား
(၄)မင်းဒေါ်လျာ(ဆင်ဖြူရှင်)(၁၄၈၁-၁၄၉၁)ထိ(၁၀)နှစ်(၃)၏သား
(၅)မင်းညို(၁၄၉၁-၁၄၉၃)ထိ(၂)နှစ်(၄)၏ပထွေး
(၆)ရန်အောင်(၁၄၉၃-၁၄၉၄)ထိ(၆)လ(၄)၏သား
(ရ)စလင်္ကာသူ(၁၄၉၄-၁၅၀၁)ထိ(ရ)နှစ်(၆)၏ဦးကြီး
(၈)မင်းရာဇာ(၁၅၀၁-၁၅၁၃)ထိ(၁၂)နှစ်(ရ)၏သား
(၉)ကဇာပတိ(၁၅၁၃-၁၅၁၅)ထိ(၂)နှစ်(၈)၏သား
(၁၀)မင်းစောအို(၁၅၁၅-၁၅၁၅)ထိ(၆)လ(မင်းရာဇာ၏ပထွေး)
(၁၁)သဇာတာ(၁၅၁၅-၁၅၂၁)ထိ(၆)နှစ်(၄)၏သား
(၁၂)မင်းခေါင်ရာဇာ(၁၅၂၁-၁၅၃၁)ထိ(၁၀)နှစ်(၁၁)၏ညီ

မြောက်ဦး[ဒုတိယ]ခေတ်မင်းဆက်များ
(၁)မင်းဗာကြီး(၁၅၃၁-၁၅၅၃)ထိ(၂၂)နှစ်(မင်းရာဇာ၏သား)
(၂)မင်းတိက္ခာ(၁၅၅၃-၁၅၅၆)ထိ(၃)နှစ်(၁)၏သား
(၃)မင်းစောလှ(၁၅၅၆-၁၅၆၄)ထိ(၈)နှစ်ကျော်(၂)၏သား
(၄)စကြ၀ဒေး(၁၅၆၄-၁၅၇၁)ထိ(ရ)နှစ်(၃)၏ညီ
(၅)မင်းဖလောင်း(၁၅ရ၁-၁၅၉၃)ထိ(၂၂)နှစ်(မင်းဗာကြီး၏သား)
(၆)မင်းရာဇာ(၁၅၉၃-၁၆၁၂)ထိ(၁၉)နှစ်(၅)၏သား
(ရ)မင်းခမောင်း(၁၆၁၂-၁၆၂၂)ထိ(၁၀)နှစ်(၆)၏သား
(၈)သီရိသုဓမ္မရာဇာ(၁၆၂၂-၁၆၃၈)ထိ(၁၆)နှစ်(၇)၏သား
(၉)မင်းစနေ(၁၆၃၈-၁၆၃၈)ထိ(၂၀)ရက်(၈)၏သား

မြောက်ဦး[တတိယ]ခေတ်နောက်ဆုးံမင်းဆက်များ

(၁)နရပတိမင်း(ကုသလ)(၁၆၃၈-၁၆၄၅)ထိ(၇)နှစ်
(၂)သတိုးဓမ္မရာဇာ(၁၆၄၅-၁၆၅၂)ထိ(၇)နှစ်(၁)၏သား
(၃)စန္ဒသုဓမ္မရာဇာ(၁၆၅၂-၁၆၇၄)ထိ(၂၂)နှစ်(၂)၏သား
(၄)ဥက္ကာဗလ(၁၆၇၄-၁၆၈၅)ထိ(၁၁)နှစ်(၃)၏သား
(၅)၀ရဓမ္မရာဇာ(၁၆၈၅-၁၆၉၂)ထိ(၇)နှစ်(၄)၏ညီ
(၆)မဏိသုဓမ္မရာဇာ(၁၆၉၂-၁၆၉၄)ထိ(၂)နှစ်(၅)၏နောင်တော်
(ရ)စန္ဒသူရိယဓမ္မရာဇာ(၁၆၉၄-၁၆၉၆)ထိ(၂)နှစ်(၆)၏ညီ
(၈)ငတုံနော်ရထာ(၁၆၉၆-၁၆၉၆)ထိ(၃၇)ရက်(၇)၏သား
(၉)မာရုပိယ(၁၉၆၉-၁၉၆၇)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၀)လာလကန္တတ်(၁၉၆၇-၁၉၆၈)ထိ(၁)နှစ်(ရဟန်းလူထွက်)
(၁၁)ရွှေဝါနရာဓိပတိ(၁၆၉၈-၁၇၀၀)ထိ(၂)နှစ်(မင်းသား)
(၁၂)စန္ဒ၀ိမလဓမ္မရာဇာကျော်သိင်္ဂ(၁၇၀၀-၁၇၀၆)ထိ(၆)နှစ်
(၁၃)သူရိယရာဇာသတိုးလှ(၁၇၀၆-၁၇၁၀)ထိ(၄)နှစ်
(၁၄)စန္ဒ၀ိဇာရာဇာတန္တဗိုလ်(၁၇၁၀-၁၇၃၁)ထိ(၂၁)နှစ်
(၁၅)သာမစန္ဒသူရိယရာဇာ(၁၇၃၁-၁၇၃၄)ထိ(၃)နှစ်(၁၄)၏သမက်
(၁၆)နရာအဓိပတိ(၁၇၃၄-၁၇၃၅)ခု(၁)နှစ်(၁၅)၏သား
(၁ရ)န၀မရရာဇာ(၁၇၃၅-၁၇၃၇)ထိ(၂)နှစ်(၁၆)၏ညီ
(၁၈)စန္ဒ၀ိဇယ(၁၇၃ရ-၁၇၃ရ)ထိ(၈)လ(၁၇)၏ဘကြီးသားညီ
(၁၉)သူရတန်ရာဇာ(၁၇၃ရ-၁၇၃ရ)ထိ(၃-ရက်)မျိုးခြား
(၂၀)မေတ္တရာဇ်(၁၇၃ရ-၁၇၄၂)ထိ(၅)နှစ်(စန္ဒ၀ိဇယ၏ညီ)
(၂၁)နရအဘယရာဇာ(၁၇၄၂-၁၇၆၁)ထိ(၁၉)နှစ်(၂၀)၏ပထွေး
(၂၂)သီရိသုရာဇာ(၁၇၆၁-၁၇၆၁)ထိ(၃)လ(၂၁)၏သား
(၂၃)စန္ဒပရမရာဇာ(၁၇၆၁-၁၇၆၄)ထိ(၃)နှစ်(၂၂)၏ညီ
(၂၄)အဘယမဟာရာဇာ(၁၇၆၄-၁၇၇၃)ထိ(၉)နှစ်(၂၃)၏ယောက်ဖ
(၂၅)ဒါးပိုင်သောကြာ(စန္ဒသုမန)(၁၇ရ၃-၁၇၃၇)ထိ(၄)

မြန်မာအစ

မြန်မာအစ

* ဦးဘမော် (မန္တလေးတက္ကသိုလ်)
၁၉၈၅ ခု ဇန်ဝါရီလထုတ် ငွေတာရီ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော မန္တလေးတက္ကသိုလ် ဘူမိဗေဒ တွဲဖက်ပါမောက္ခ ဆရာကြီးဦးဘမော်၏ ဆောင်းပါးဖြစ်ပါသည်။ စာတမ်းပါ အမြင်များသည် ဆရာကြီး ၏ ထိုစဉ်က ခေတ်ပြိုင်အမြင်များဖြစ်ကြပြီး နှောင်းလူတို့ လေ့လာသုတေသနပြု ဆင်ခြင် သုံးသပ်ဖွယ်ဖြစ်ပါ၍ ပြန်လည် ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူမျိုးများဖြစ်ကြသော မြန်မာ၊ မွန်၊ ကချင်၊ ရှမ်း၊ ကရင်တို့ဖြစ်ပေါ်လာပုံ အကြောင်း ကို လွန်ခဲ့သော အနှစ် ၆၀လောက်ကပင် အစဉ်တစိုက် သမိုင်းပညာရှင် သုတေသီတို့များက ဖော်ထုတ်ခဲ့ကြသည်။ ၎င်းတို့မှာ ဟာဗေး၊ စကော့၊ မေဆင်၊ မာရှယ်၊ ဟန်တား၊ ဖရေဇာ၊ ဟာနီဘောခရစ်တီရင်၊ လူးဝစ်၊ ဖေမောင်တင်၊ ဟောလ်၊ ကေလစ်၊ မောင်မောင်၊ ဂျွန်စတုန်း၊ တရက်လာ၊ လုစ် အစရှိသူတို့ဖြစ်သည်။ ၎င်းတို့က တညီတညွတ်တည်းလိုပင် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ မွန်ဂို၊ တရုတ် အစရှိသည့် တိုင်းပြည်အမျိုးမျိုးမှ ၀င်ရောက်လာကာ နေထိုင်ကြသည်ဟု အဓိပ္ပာယ်ရရှိသော “ရေကြည်ရာ၊ မြက်နုရာ ရွေ့လျားသွားလာ နေထိုင်သည်ဟူသော အယူအဆ” ကိုပထမဆုံး ဖော်ထုတ်ခဲ့ကြသည်။
ဤပုဂ္ဂိုလ်ကြီးများ တင်ပြခဲ့သည့် အယူအဆသည် သမိုင်းဘာသာရပ်ဆိုင်ရာ သက်သေအထောက်အထားများ ဖြစ်ကြသော စေတီဘုရား၊ ကျောက်စာ၊ ဝေါဟာရစကား၊ ဓလေ့ထုံးတမ်းများဖြင့် တင်ပြခြင်း၊ ထိုပုဂ္ဂိုလ်ကြီးများသည် အရင်းရှင်လွှမ်းမိုးချိန် တင်ပြချက်များဖြစ်ခြင်း၊ နိုင်ငံခြားဂျာနယ်များ၌ ယင်းပုဂ္ဂိုလ်တို့၏ရေးသားတင်ပြချက်များကို တရားဝင်ရေးသားပုံနှိပ်ထုတ်ဝေခွင့်ရခြင်း၊ မြန်မာပညာရှင်တို့သည် ယင်းပုဂ္ဂိုလ်များ၏ ရေးသားဖော်ပြချက် များကို ပြန်လည်ချေပနိုင်သော ခိုင်လုံသည့်သက်သေ အထောက်အထားများ မတွေ့သေးခြင်း၊ များစွာသောထိုပညာရှင် များကလက်ခံလာခဲ့သော အယူအဆတစ်ခုကို ပစ်ပယ်ရဲသော သတ္တိအားနည်းခြင်း စသော အကြောင်းများကြောင့် “မြန်မာတို့သည် တိုင်းတပါးမှ ၀င်ရောက်လာပါသည်” ၊“မြန်မာအစ တကောင်းက” နှင့်၊ “မြန်မာအစ ကျောက်ဆည်က” စသည့်အဆိုပြုချက်များ ပေါ်ပေါက်လာခဲ့သည်။

ယင်းအယူအဆများကို မိမိတို့နှင့် နီးစပ်ရာ ပုဂ္ဂိုလ်များဖြစ်သည့်အတိုင်း ရှေးနှစ်ပေါင်းအတော်ကြာကာလမှ ယနေ့အထိစွဲမြဲစွာ ယုံကြည်ခြင်း၊ အခြားတင်ပြချက်ပေါ်လာပါက နိုင်ထက်ကလူပြုကာ အကျောက်အကန် အရှိန်အ၀ါပြ၍ ငြင်းပယ်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ လက်မခံနိုင်လောက်သော ဆင်ခြေပြု၍ ငြင်းချက်ထုတ်ခြင်းတို့ဖြင့် အချိန်အတော်ကြာသည်အထိ ဤအယူအဆကို ထိန်းသိမ်းလက်ခံခဲ့ကြပါသည်။
ယခုတင်ပြမည့် “မြန်မာအစ သမိုင်းမတိုင်မီက” အယူအဆသစ်သည် ဘူမိသိပ္ပံနှင့် မနုဿဗေဒ ရှုထောင့်မှ တွေ့ရှိလေ့လာထားချက်များကို အများပြည်သူ ရှင်လူအပေါင်းနှင့်တကွ ကျောင်းသားလူငယ်များကို ရှုထောင့်နှစ်မျိုးမှ အမြင်ကြည်လင်စွာဖြင့် ခံယူချက်အမှန်ရောက်အောင် ရည်သန်လျက် ရေးသားတင်ပြပါသည်။ ဤတင်ပြချက်တွင် ပထမဦးစွာ တင်ပြခဲ့သော ပညာရှင်များ၏ တင်ပြချက်နှင့် ယခုစာရေးသူ၏ အသစ်တွေ့ရှိချက်နှင့် ဆွေးနွေးတင်ပြချက်များကို စာရှုသူတို့ ဖတ်ရှုနှိုင်းချိန်နိုင်ရန် ရေးသားထားပါသည်။
မြန်မာလူမျိုး တိုင်းရင်းသားများ ပေါက်ဖွားဖြစ်ပေါ်ပုံဆင့်ကဲဖြစ်စဉ်ကို ဆက်လက်တင်ပြပါမည်။ မြန်မာနိုင်ငံ ပုံတောင်ဒေသ ယခုတွေ့ရသော အဆင့်မြင့်လူနှင့် လူဝံမျိုးနွယ် ပရိုင်းမိတ်၊ ပုံတောင်ဂျီးယားကော်တာရိုင်း နှင့် အင်ဖီပိသိကပ်မိုးကောင်းဂျင်းနစ် တို့တွေ့ရှိရာဒေသဖြစ်သည်။ ဒေသ၏ ဘူမိသက်တမ်းသည် နှစ်ပေါင်းသန်း (၄၀) ခန့်က ဖြစ်၍ ကမ္ဘာပေါ်၌ အဆင့်မြင့်ပရိုင်းမိတ်အမျိုးအစားကို နှစ်အစောဆုံး တွေ့ရသည့် တစ်ခုတည်းသော နိုင်ငံသည် မြန်မာနိုင်ငံသာဖြစ်ပါသည်။
ဘူမိသက်တမ်း နှစ်ပေါင်းသန်း (၄၀) ခန့်မှ မွန်ဂိုလီးယားနိုင်ငံ၌ မြန်မာနိုင်ငံပုံတောင်မှ တွေ့ရသောကျောရိုးရှိ သတ္တ၀ါအုပ်စု၊ ရေမြင်း၊ ကြံ့၊ မိချောင်း အစရှိသည်တို့ကိုတွေ့ရသော်လည်း အဆင့်မြင့်ပရိုင်းမိတ်တို့ကိုမူ မြန်မာနိုင်ငံ ကဲ့သို့မတွေ့ရချေ။ ပုံတောင်သာလျှင်တစ်ခုတည်းသော လူဝံနှင့် လူမျိုးနွယ် အဆင့်မြင့် ပရိုင်းမိတ်တွေ့ရှိရာဒေသ ဖြစ်ပါသည်။
ထို့ကြောင့် လူ၊ မျောက်ဝံ၊ လူဝံတို့၏ အဆက်အနွယ်မှပေါက်ဖွားဆင်းသက်လာခဲ့ကြပုံအတိုင်းအစီစဉ်ဖြင့် ဖော်ပြရမည်ဆိုပါလျှင် ပရိုပလိုင်ယိုပိသိကပ်၊ အီဂျစ်တိုပိသိကပ်၊ ဒရိုင်ယိုပိသိကပ်၊ ရာမာပိသိကပ်၊ စီဗာပိသိကပ်၊ သြစတြေးလိုပိသိကပ်၊ ဂျိုင်ဂင်တိုပိသိကပ်၊ ဟိုမိုအီရက်တပ်၊ ဂေါ်ရစ်လာ နှင့်လူ ဟူ၍ အသီးသီးကွဲပြား၍ ဖြစ်ကြပါသည်။ ယင်းတို့၏စတင်ပေါက်ဖွားသော အခြေခံအစပျိုးသည့် အဆင့်မြင့်ပရိုင်းမိတ်မျိုးမှာ ပုံတောင်ဂျီးယားနှင့် အင်ဖီပိသိကပ်တို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ ရွှေမြင်တင်တောင်ပေါ်ရှိ နွယ်ခွေ ကျေးရွာအနီး၌ လူရိုး ကျောက်ဖြစ် ရုပ်ကြွင်းဖြစ်သည့် အံသွား၊ ရှေ့အံသွားနှင့် အပေါ်မေးရိုးတွဲလျက်အနေအထားအတိုင်း တွေ့ရှိခြင်းသည် “လူဆင့်ကဲဖြစ် စဉ်၌ ဦးစောပိုင်းနှင့် နှောင်းပိုင်းဆက်နွယ်မှုကိုစတင်တွေ့ရခြင်းဟု ဆိုနိုင်ပါသည်။
ဤတွေ့ရှိထားသောလူကျောက်ဖြစ်ရုပ်ကြွင်းကို “ဘားမားမင်း” ဟုအမည်မှည့်ခေါ်ထားပါသည်။ ဤ ဘားမား မင်းသည် “ပီကင်းမင်း” တို့နှင့် တချိန်တည်းလောက်ကပေါ်ပေါက်လာနိုင်သည်။ ဤနွယ်ခွေဒေသမှကျောက်ဖြစ် ရုပ်ကြွင်းများသည်း ပီကင်းလူတွေ့ရှိသော တရုပ်ပြည် ဇောင်ဂိုဒီယမ် ကျောက်လိုဏ်ဂူ၌တွေ့ရသော နွား၊ ခွေး၊ သမင်နှင့် ချေတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းနှင့် ထပ်တူထပ်မျှ တူညီနေသည်ကို တွေ့ရပါသည်။ ဤတွေ့ရှိချက်များသည် နှိုင်းယှဉ်လေ့လာမှုအတွက် အထောက်အထားဖြစ်ပါသည်။
ဆက်လက်၍ ယခုတင်ပြလိုသည်မှာ မြန်မာနိုင်ငံ၌ တွေ့ရှိခဲ့သော အခြေခံအဆင့်မြင့် ပရိုင်းမိတ်အမျိုးအစား ကို တရုတ်ပြည်၌မတွေ့ရသေးသဖြင့် လူ၏ဆင့်ကဲဖြစ်စဉ်စတင်ရာဒေသသည် မြန်မာနိုင်ငံသာဖြစ်မည်ဟု ကောက်ချက် ချရပါမည်။ ထို့ကြောင့်မြန်မာသည် မွန်ဂိုတရုတ်နွယ်မှ ဆင်းသက် လာခြင်းမဟုတ်ပဲ မွန်ဂိုတရုတ် အစရှိသည့်လူမျိုးများ သည်ပင် မြန်မာနိုင်ငံမှ ယင်းဒေသများသို့ ရေကြည်ရာ၊ မြက်နုရာ ရွှေ့သွား နိုင်စရာ အကြောင်းရှိပါသည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့ ပေါ်ပေါက်ပုံအကြောင်းနှင့် ပတ်သက်၍ သမိုင်းပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များနှင့် ရှေးဟောင်းသုတေသန ပညာရှင်များသည် ထင်မြင်ယူဆချက် အမျိုးမျိုးကွဲလွဲခဲ့ကြသည်။ ထိုသို့ကွဲလွဲချက်များသည် သပွတ်အူကဲ့သို့ ရှုပ်ထွေးစေခဲ့ပါသည်။ ဤအခြေအနေများကို ယခုတွေ့ရှိရသော မြန်မာလူသားကျောက်ဖြစ်ရုပ်ကြွင်းက အဆုံးသတ် ဖြေရှင်းသွားပေလိမ့်မည်။ လူအများလက်ခံထား သော သမိုင်းပါမောက္ခဟာဗေး၏ မြန်မာလူမျိုးများပေါ်ပေါက်ပုံ အကြောင်းကို ပဏာမ တင်ပြပါမည်။ မြန်မာနိုင်ငံအတွင်း အစောဆုံးဝင်ရောက်နေထိုင်ခဲ့သော လူမျိုးတို့သည် “အင်ဒိုနီးရှား”လူမျိုးများဟုဖော်ပြသည်။ သို့ရာတွင် ယဉ်ကျေးမှု အထောက်အထားမရှိဟု အဆိုရှိပါသည်။ အချိန်ကာလကြာမြင့်သည့်အခါ တရုတ်ပြည်အနောက်ပိုင်းမှ ၀င်လာသော မွန်ဂိုများ လွှမ်းမိုး၍ပျောက်ကွယ်သွားခဲ့ပါသည်။ ဤအမျိုးအနွယ်များမှ “မွန်” လူမျိုးများဆင်းသက်ပေါက်ဖွားလာသည်။
တိဘက်ပြည်အရှေ့ပိုင်းမှ လူမျိုးတစ်မျိုးသည် တောင်ကြားများကိုဖြတ်ကျော်၍ မြစ်များစီးဆင်းရာမြစ်ကြောင်း အတိုင်း မြန်မာနိုင်ငံအတွင်းသို့ ၀င်ခဲ့ကြသည်။ ဤလူမျိုးတို့သည် “တိဘက်တိုဘားမင်း” လူမျိုးများဖြစ်ကြောင်း ဟားဗေးက အခိုင်အမာရေးခဲ့သည်။ ဆက်လက်ဖော်ပြသည်မှာ ယင်းတိဘက်တိုဘားမင်းတို့သည် “သမိုင်းမတိုင်မီ နှစ်ပေါင်း ၅၀၀၀” ခန့်က၀င်ရောက်ခဲ့သည်ဟုဆိုခဲ့သည်။
သို့သော်ယခုတွေ့ရသောလူ၏ကျောက်ဖြစ်ရုပ်ကြွင်းက ဤတိဘက်တိုဘားမင်းထက် နှစ်ပေါင်းသိန်းနှစ်ချီ၍ စောလျက် “ဘားမားမင်း” ရှိနေကြောင်း သက်သေအထောက်အထားအခိုင်အမာတင်ပြနိုင်ခဲ့ပြီ။ ထို့ကြောင့် မြန်မာသည် မြန်မာကစသည်။ “မြန်မာအစ သမိုင်းမတိုင်မီက” ဟုအဆိုပြုချက်သည် လုံးဝမှန်ကန်ပါမည်။။ ယခင်က ဟာဗေး၏ အရင်းရှင်ခေတ်နှင့်လျော်ညီသော ထင်မြင်ယူဆချက်များကို လူများက ယုံမှား သံသယနှင့် လက်ခံခဲ့ကြ ရပေသည်။
ဟာဗေး၏အဆိုပြုချက်ကို ဆက်လက်ရေးသားပါမည်။ “မွန်” တို့သည် ဟင်္သာတမြို့ တောင်ဘက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၌ နေထိုင်ခဲ့ကြပါသည်။ တိဘက်တိုဘားမင်းတို့မှ ပျူ၊ ကရင်နှင့် ရခိုင်တို့ ဆင်းသက်ပေါက်ဖွားကြ သည်။ သက်မျိုးနွယ်မှ ချင်းနှင့် ရခိုင်တို့ ဆင်းသက်လာသည်။ ပျူတို့သည် ယခုအချိန်ပျောက်ကွယ်သွား၍ လက်ရှိ “မြန်မာ” တို့၏မူလအဆက်အနွယ်မဖြစ်နိုင်ဟု ဟာဗေးက ယူဆသည်။ ပျူလူမျိုးပျောက်ကွယ်ခြင်းဟုမယူဆသင့်ပါ။ ပျုအခေါ်အဝေါ်မှ “မြန်မာ”သို့ ပြောင်းလဲခေါ်ခြင်းသာဖြစ်နိုင်သည်။ ဘူမိဗေဒပါမောက္ခ ဒေါက်တာသိန်းအဆိုအရမူ “မြန်မာ” များသည်နှစ်ပေါင်းတစ်ထောင်ခန့်ကမှ စတင်ပေါ်ပေါက်ခဲ့သည်။ ယခုမြန်မာတိုင်းရင်းသားလူမျိုးတို့သည် ရွှေမြင်တင်တောင်မှ စတင်အစောဆုံးပေါ်ပေါက်ခဲ့သော “ဘားမားမင်း” ဟူသောအယူအဆမှာ “ပြဒါးတလမ်း သံတလမ်း” ဖြစ်ကြောင်း မှတ်ချက်ရေးသားခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရွှေမြင်တင်တောင်မှ တွေ့သော “ဘားမားမင်း” သည် ဟာဗေး၏တိဘက်တိုဘားမင်းထက် နှစ် ပေါင်းသိန်းသောင်းစော၍ ပေါ်ပေါက်ခဲ့သည် ဟူသောအထောက်အထားမှာ ငြင်းဆိုရန်အကြောင်းမရှိချေ။
မြန်မာများသည် မိုးခေါင်ရေရှားရပ်ဝန်းဖြစ်သော မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီမြစ်၏၀ဲယာမြေပြန့်လွင် ပြင်ဒေသများ၌ နေထိုင်ခဲ့ကြသည်။ မြန်မာပြည်တောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ မွန်လူမျိုးတို့ မြန်မာပြည် တွင်းသို့ ၀င်ရောက်လာခြင်းမှာ မိုးခေါင်ခြင်း၊ အစာရှားပါးခြင်း၊ လူဦးရေ တိုးပွားများပြားလာခြင်း စသည်တို့ကြောင့် တဖြည်းဖြည်း မြောက်ဘက်မှ တိုးဝင်လာကြရာ ရှေးယခင်က ၀င်ရောက်နေထိုင်ခဲ့သော လူမျိုးများကိုတောင်ဘက်သို့ တဖြည်းဖြည်း ရွေ့လျား၍သွားစေသည်။ လူအုပ်စုများသည် တစ်စုပြီးတစ်စု ဆက်ကာရောက်လာကြသည်။ ဤကဲ့သို့ဝင်ရောက်လာသော အချိန်သည် ခရစ်တော်မပေါ်မီ အချိန်က စတင်မည်ဟုဟာဗေးကခန့်မှန်းတင်ပြခဲ့သည်။
၎င်း၏ အဆိုအရ ရှမ်းလူမျိုးများသည် ရှမ်းကုန်းမြင့်မှ မြန်မာနိုင်ငံမြေပြန့်အရပ်သို့ ခရစ်နှစ် (၁၃)ရာစုနှစ်တိုင် အောင်ဝင်ရောက်နေထိုင်ခြင်း မပြုချေ။ ကချင်လူမျိုးများ မြောက်ဘက်မှ တဖြည်းဖြည်းဝင်ရောက်လာမှုကို အင်္ဂလိပ် အစိုးရက မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး (၁၉)ရာစု အကုန်လောက်ရောက်မှ ပိတ်ပင်တားမြစ်ခဲ့ရသည်။ ကယားလူမျိုးများ နှင့် ကရင်လူမျိုးတို့သည် ရှမ်းကုန်းမြင့်၏ တောင်ဘက်ဒေသများ၌ နေထိုင်ပြီးဖြစ်ကြသည်။
ဟာဗေး၏ဆက်လက်တင်ပြချက်မှာ မြန်မာတို့သည် လူများစုဖြစ်၍ မွန်ဂိုအဆက်အနွယ်များဖြစ်ကြသည်။ သို့ရာတွင်မြန်မာတို့၏ ယဉ်ကျေးမှု ဓလေ့စသည်တို့မှာ တရုတ်၊ မွန်ဂိုတို့နှင့်မတူချေ။ ဗုဒ္ဓဘာသာကိုးကွယ်ခြင်းနှင့် စာပေ၊ ယဉ်ကျေးမှုတို့သည် အိန္ဒိယနိုင်ငံ ဟိန္ဒူများနှင့် တူကြ သည်။ ကိုးကွယ်သည့်ဘာသာ၊ စကား နှင့် စာပေတို့ သည် ပါဠိနှင့် သက္ကတတို့ဖြစ်ကြ၍ ဟိန္ဒူဘာသာစကားနှင့်ဆိုင်ရာ အမည်အခေါ်ဝေါဟာရ များကို ဧရာဝတီမြစ်ဝကျွန်း ပေါ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းတို့၌တွေ့ရသည်။
အိန္ဒိယနိုင်ငံမှ ဟိန္ဒူယဉ်ကျေးမှုသည် ၀င်ရောက်လာသော လူမျိုးများနှင့်အတူရောက်ရှိလာခြင်းမှာ မှန်ကန်နိုင် ပါသည်။ သို့သော်ယခုတွေ့ရသော ဘားမားမင်းကျောက်ဖြစ်ရုပ်ကြွင်းက အခိုင်အမာပြောပြနေသောကြောင့် မြန်မာ နိုင်ငံ တိုင်းရင်းသားတို့သည် ဤပြည်တွင်းမှာပင် စတင်ပေါက်ဖွား သူများဖြစ်ကြသည်ဟု ဆိုနိုင်ပါသည်။
ဥဿာပဲခူးအမည်သည် အိန္ဒိယနိုင်ငံ သြရစ္ဆပြည်နယ်မှ စကားအသုံးအနှုန်းဖြစ်သည်။ ထို့ကြောင့်ပဲခူးသည် အိန္ဒိယနိုင်ငံ၏ ကိုလိုနီနိုင်ငံ တစ်ခုဖြစ်ခဲ့ဘူးသည်ဟုဟာဗေးကကောက်ချက်ချသည်။ ကိုလိုနီနိုင်ငံထူထောင်ခြင်းသည် ဒေသခံလူမျိုးများကို အာဏာလွှမ်းမိုးခြင်းဖြစ်၍ မူလကပင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့ကို အိမ်နီးခြင်းနိုင်ငံ၏ ယဉ်ကျေးမှုအယူဝါဒသြဇာလွှမ်းမိုးမှုခံရခြင်းကိုမူမငြင်းလိုပါ။ သို့သော် ဒေသခံလူမျိုးများသည် မြန်မာတိုင်းရင်းသားလူ မျိုးများသာဖြစ်ကြပါသည်။ တိုင်းတပါးသားအုပ်ချုပ်မှုကိုကား အများပြည်သူက လက်ခံဖွယ်မရှိ။
ခရစ်တော်မပေါ်မီနှစ်ပေါင်း (၂၆၀) ကအသောကမင်းလက်ထက်မှအစပြုလျက် အိန္ဒိယနိုင်ငံမှ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားမှုသည် ထိစပ် နေသော မြန်မာနိုင်ငံအတွင်းသို့သာမက တရုတ်ပြည်၊ ကမ္ဘောဒီးယား၊ လောနိုင်ငံနှင့် ယိုးဒယားတို့အထိ ရဟန်းရှင်လူများသာသနာပြုရန် ရောက်ရှိသွားကြသည်။ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်ခြင်းမှာ ပထ၀ီအနေအထားအရ အာသံပြည်ဘက်မှ အနောက်ဘက်တောင်တန်းကိုဖြတ်၍ တောင်ကြားလမ်းမှ ၀င်ခဲ့ကြသည်။ အခြားလမ်းကြောင်းမှာ ဘင်္ဂလားပင်လယ်ကိုဖြတ်၍ မြစ်ဝကျွန်းပေါ်ဒေသမှ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ “တလိုင်းလူမျိုး” ဟုခေါ်ခြင်းမှာ အိန္ဒိယပြည်တောင်ပိုင်းစကားအသုံးအနှုန်း တရပ်မှ ဆင်းသက်လာဖွယ်ရှိကြောင်း ဟာဗေးက ရေးသားခဲ့ သည်။ “တလိုင်း” အမည်ကို ကျွန်ုပ် တို့၏ပင်ရင်းစကား “မွန်” နှင့်တွဲ၍ “မွန်”၊ “မွန်-တလိုင်း” ဟုခေါ်သောကြောင့် ဤစကားလုံးကိုဆန်းစစ်ကြည့်က ကျွန်ုပ်တို့မှာ မူလကပင် “မွန်” စကားလုံးရှိနေခြင်းသည် ခိုင်မာသောကြောင့် မြန်မာ နိုင်ငံ၌ ဒေသခံတိုင်းရင်းသားများ ရှိနေကြောင်းကို ထပ်ဆင့်တင်ပြလိုပါသည်။
ခရစ်နှစ် (၅)ရာစုလောက်တွင် ဗုဒ္ဓဘာသာထွန်းကားမှုသည် အိန္ဒိယပြည်၏ အရှေ့ဘက်နိုင်ငံများသို့ မြန်မာ နိုင်ငံအပါအ၀င် ပြန့်ပွားခဲ့သည်။ သို့သော်ဤထွန်းကားမှုသည် လူ့သမိုင်းဖြစ်စဉ် “အညာသီရံယဉ်ကျေးမှု” ခေတ်ထက် နှစ်ပေါင်းသောင်းနှင့်ချီ၍ နောက်ကျသည်။ မြန်မာ့ဘူမိသိပ္ပံပညာရှင် ကထိကဦးသော်တင့်က တင်ပြဖူးသည်မှာ မြန်မာ နိုင်ငံ၏ အညာသီရံယဉ်ကျေးမှု မြန်မာနိုင်ငံ၏ အညာသီရံ ယဉ်ကျေးမှုကာလဖြစ်သော ကျောက်ခေတ်ဦးမှသည် ကျောက်ခေတ်လယ်၊ ကျောက်ခေတ်နှောင်းနှင့် သမိုင်းတင်သည်အထိ မူလကိုပင် ယဉ်ကျေးမှုများဆက်လက်တိုးထက် ထွန်းကားနေခဲ့သည်။ လူတို့၏ နေထိုင်ရာဒေသကြီးများ၌လည်း ယခုထိပြောင်းလဲ ရွေ့လျားခြင်းမရှိ၊ အစဉ်ဆက်လက် နေထိုင်ခဲ့ကြသည်။ ဤဗုဒ္ဓဘာသာပြန့်ပွားသည့်နှစ်ထက်စော၍ နှစ်ပေါင်း ထောင်သောင်းအချိန်ကစပြီး “မြန်မာတိုင်းရင်းသား များ ပေါ်ပေါက်ခဲ့ကြောင်း” ကျောက်လက်နက်အထောက်အထားဖြင့် တင်ပြနိုင်ပါသေးသည်။ အာရှတိုက် အရှေ့တောင်ပိုင်း နိုင်ငံများသို့ ဗုဒ္ဓဘာသာ ပြန့်ပွားခြင်းကြောင့် မြန်မာနိုင်ငံသို့ တစိတ်တဒေသအားဖြင့် အိန္ဒိယနိုင်ငံ သားများဝင်လာကြလိမ့်မည်ဟု အချို့သော သမိုင်းပညာရှင်များက ဖော်ပြခဲ့ကြသည်။
ဟာဗေး၏အဆိုအရ (၉)ရာစုနှစ်လောက်တွင် မြန်မာလူမျိုးတို့သည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် ရခိုင်ပြည်တို့ ကိုစတင်ဝင်ရောက်ခဲ့သည်။ ယင်းမြန်မာတို့သည် တရုတ်ပြည်အနောက်တောင်ပိုင်း ယူနန်နယ်မှ ၀င်ရောက်လာခဲ့ကြ သည်။ ခရစ်နှစ် ၈၃၅-ခုနှစ်တွင် မြန်မာနိုင်ငံ အလယ်ပိုင်း နှင့် အထက်ပိုင်း၌နေထိုင်သော “ပျူ” လူမျိုးတို့ကို တိုက်ခိုက် ချေမှုန်းပစ်ခဲ့သည်။ ဤအကြောင်းကြောင့် “ပျူ”လူမျိုးများပျောက်၍ “မြန်မာ” လူမျိုးပေါ်လာနိုင်သော်လည်း ဤအယူ အဆတင်ပြချက်ကို လက်ခံနိုင်စရာအကြောင်းမရှိချေ။ “ပျူ” တစ်မျိုးလုံးပျောက်ကွယ်၍ လူမျိုးတုံးသည်အထိ သတ်ဖြတ်ခံရကြောင်း ခိုင်လုံသော သက်သေအထောက်အထား လုံးဝမရှိခဲ့ချေ။ ယခုမြန်မာလူမျိုးများသည် ယခင်က “ပျူ”လူမျိုးများ၏ သားစဉ်မြေးဆက်ဖြစ်ကြပေမည်။ “ပျူ” မှ မြန်မာသို့တဖြည်းဖြည်းအခေါ်အဝေါ်ပြောင်းလဲခြင်းဖြစ် သည်။ “ပျူ”အခေါ်ကို အသုံးနည်းပြီးပျောက်ကွယ်သွားသည်။ ကျွန်ုပ်တို့အားအခြားတိုင်းတပါးနိုင်ငံတို့က အစဉ်အဆက် လူမျိုးအမည်နာမ သတ်မှတ်ချက်မှာ ခေတ်အလိုက် ပြောင်းလဲကွာခြားခဲ့မည် ဖြစ်သော်လည်း လူမျိုးကြီးတစု၏ မျိုးနွယ် ပေါက်ဖွားသက်ဆင်းခြင်းနှင့် ပင်မယဉ်ကျေးမှုကိုကား မည်သည့် အန္တရာယ်၊ မည်သူများကမှ ဖျောက်ဖျက်နိုင်မည် မဟုတ်ပေ။ လူမျိုးစုကြီးတခုလုံး ပျောက်သွားနိုင်မှုမှာ အဏုမြူခေတ်၌ပင်မဖြစ်နိုင်ပါ။
အစောဆုံးမြန်မာလူသားပေါ်ပေါက်ပုံကို ဆက်လက်တင်ပြပါဦးမည်။ ဤထင်မြင်ယူဆချက်နှင့်ပတ်သက်ပြီး “ပလိုင်ရက်စတိုဆင်း” ရေခဲခေတ် အတွင်း မြန်မာနိုင်ငံကိုဗဟိုပြု၍ ဂျဗားနှင့် ပီကင်းတို့သို့ လူမျိုးနွယ်များရွေးသွားနိုင် ဖွယ်ရှိခဲ့ကြောင်း ဒီတားရားနှင့် ဟယ်လင်မိုးဗီးယပ် တို့ကမြေပုံအထောက်အထားဖြင့် တင်ပြခဲ့ဖူးပါသည်။ သို့သော်ထို အဆိုကိုတင်ပြစဉ်အချိန်က ကျောက်ဖြစ်ရုပ်ကြွင်းဖြင့် အခိုင်အမာ သက်သေ မပြနိုင်သဖြင့် ထိုအဆိုမှာ မထင်မရှားဖြစ်ခဲ့ ရသည်။
ယခုအချိန်၌ကား “ဘားမားမင်း” ကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိထားပြီးဖြစ်သောကြောင့် အထက်ပါအဆိုကို အခိုင်အမာ လက်ခံယုံကြည် သင့်ပါသည်။
ဆက်လက်တင်ပြလိုသည်မှာ အချို့သောမြန်မာဘူမိဗေဒပညာရှင်များက ပလိုင်ရက်စတိုဆင်းခေတ်ကမြန်မာ နိုင်ငံ၌တွေ့ရသော ဘားမားမင်း၏ ဘူမိသက်တမ်း သတ်မှတ်ချက်ဖော်ပြပုံကို ယုံကြည်လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ငြင်းဆိုကြသည်။ အချို့သော ဘူမိဗေဒပညာရှင်များက ရေဒီယိုဓါတ်ကြွနှုန်းသတ္တိကိုသုံး၍ တိုင်းတာသင့်ကြောင်း တင် ပြဆွေးနွေးဖူးသည်။ ဘူမိအချိန်ပြဇယား၌ ပလိုင်ရက်စတိုဆင်းနှစ်သက်တမ်းကို နှစ်အရေအတွက်အားဖြင့် နှစ်ပေါင်း နှစ်သန်း (၂-သန်း)ခန့်ကြာသည်ဟုခန့်မှန်းသည်။ ဤသက်တမ်းသည်ဘူမိအချိန်ပြဇယား၌ နှစ်အနည်းဆုံး နှင့် အသက် အနုဆုံး အပိုင်းအခြားဖြစ်သည်။ ထို့ကြောင့် ဘားမားမင်းကိုသက်တမ်းသတ်မှတ်ရာ၌ ရေဒီယိုဓါတ်ကြွနှုန်းသတ္တိ တိုင်းတာခြင်းကို အထူးမပြုနိုင်မီ “ပလိုင်ရက်စတိုဆင်းသက်တမ်းအပေါ်ဆုံးအပိုင်း” ခန့်မှန်းခြေနှစ်ပေါင်း တစ်သန်းခန့် ဟုသတ်မှတ်ခြင်းသည် အမှန်ဆုံးနှင့် အသင့်လျော်ဆုံး ဖြစ်ပါသည်။
ဘားမားမင်းသည် ကျောက်ခေတ်ဦးမတိုင်မီကပင် ပီကင်းမင်းနှင့် ခေတ်ပြိုင်ပေါ်ပေါက်ခဲ့သော ဟိုမိုနစ် လူ အမျိုးအစား ဖြစ်သည်။ ဘားမားမင်းနှင့်အတူ ခွေးအံသွားကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရသည်။ ခွေးကိုအမဲလိုက်ရန် အတွက် အသုံးပြုပြီဟု ယူဆရသည်။ သမင်၊ နွား၊ ချေ အစရှိသည့် သတ္တ၀ါတို့၏ အရိုးစု ကျောက်ဖြစ်ရုပ်ကြွင်းများကို ဘားမားမင်းနှင့် အတူတွေ့ရသည်။ ဤအရိုးစုကျောက်ဖြစ်ရုပ်ကြွင်းများသည် ဘားမားမင်းတို့ ဖမ်းယူစားသောက်ပြီး ကြွင်းကျန်သော အရိုးများဖြစ်ကြသည်။ ဤအချက်သည် ပီကင်းမင်းကဲ့သို့ ဘားမားမင်းသည် အမဲလိုက်ခြင်း နှင့် အသက်မွေး၍ နေထိုင်ကြောင်းသိရသည်။ ပီကင်းမင်းနှင့်နေထိုင်ပုံကွာခြားသည်။ ပီကင်းမင်းသည် ဇောင်ဂိုဒီယမ် ကျောက်ဂူ၌ နေခဲ့သည်။ ဘားမားမင်းသည် ရေအလွယ်တကူရနိုင်သော ချောင်းဘေးကုန်းမြင့်ပေါ်၌ နေထိုင်ခဲ့သည်။ ကျောက်ဖြစ်နေသော အပိုင်းအစများစွာတွေ့ရသောကြောင့် ဘားမားမင်းသည် အုပ်စုဖွဲ့၍နေထိုင်ကြမည်။
ဘားမားမင်းသည် ယခုလက်ရှိမြန်မာနိုင်ငံ တိုင်းရင်းသား မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ မွန်၊ ရခိုင်တို့၏ သမိုင်းမတင်မီ ကာလကပင် ပေါ်ပေါက်နေထိုင်ခဲ့သော လူမျိုးအဆက်အနွယ်ရင်းဖြစ်ကြောင်း မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီက အလေးအနက်လက်ခံယုံကြည်သည်။ ၁၉၈၃-ခု စက်တင်ဘာလ ပထမအကြိမ်ထုတ်ဝေသော “သိင်္ဂါနဒီမြန် ပြည်မြောက်ဖျားသို့” စာအုပ်စာမျက်နှာ ၆၀၃-၆၀၄ ၌ မြန်မာပြည်ဖွား တိုင်းရင်းသားများသည် အမိမြန်မာနိုင်ငံအတွင်းရှိ ဘားမားမင်းနှင့် တပြိုင်တည်း ပေါက်ဖွားခဲ့ကြသော လူမျိုးနွယ်များဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထို့ကြောင့် မုံရွာမြို့နယ် နှင့် ချောင်းဦးမြို့နယ်ကြားမှ မုံရွေးကျေးရွာ၏ အရှေ့ဘက်ရှိ ရွှေမြင်တင်တောင်တန်းသည် မြန်မာလူသား ဘားမားမင်း စတင်နေထိုင်ပေါ်ပေါက်ခဲ့သော ဒေသတခုအဖြစ်မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ တိုင်းရင်းသားအပေါင်းတို့သည် သမိုင်းမတိုင်မီကပင် နှစ်ပေါင်းသောင်းနှင့်ချီ၍ မြန်မာပြည်တွင်းမှ စတင်ပေါက်ဖွားခဲ့၊ နေထိုင်ခဲ့ကြသော လူမျိုးစုများ ဖြစ်ကြသည်ဟူသော အဆိုပြုချက်ကို အလေးအနက်တင်ပြပါသည်။
(Myanmar type courtesy by Ko Saw Kyaw Htike (2002, DGGL).
credit: www.geolfriends.com