Monday, November 7, 2011

HD speed မြင့်တင်ရအောင်


1.Start-->Run တွင် SYSEDIT.EXE လို့ရိုက်ပါ။
2.System Configuration Editor ရောက်ပါမယ် C:\ system.ini file window ကိုထပ်မံ ဖွင့်ပါ။
3.Scroll Down ဆွဲပြီးအောက်နားလေးက " [386enh]" ဆိုတာလေးကို ရှာလိုက်ပါ။
4." [386enh]" အောက်ကပ်ရပ်မှာ" Irq14=4096 " ဟုရိုက်ထည့်လိုက်ပါ
5.File-->Save ပြီး၊ SYSEDIT ကိုပိတ် ကွန်ပျူတာကို reboot ပေးပါ။
6.ကြိုက်တဲ့ system info. software မဆို အသုံးပြုပြီး ဘယ်လောက်တိုးတက်လာသလဲ ဆိုတာ စစ်ဆေးနိုင်ပါတယ်။

မိမိရဲ့ hard disk ကိုဝန်မပိစေဘဲပေါ့ပေါ့ပါးပါးလေးသုံးမယ်

ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို
Waste capacity ကို များစွာပေးထား တာပါ
ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့် free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..
၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..
Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
System Restore: Default 12% dropped to 1% (~ 1 GB)
အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ…….

Hard disk ကို Defragment ဘာကြောင့်လုပ်သင့်သလဲ


ကွန်ပျူတာတစ်လုံးကို အသုံးပြုလို့ တစ်လလောက်ကြာလာတဲ့အခါမှာHard disk ထဲမှာ သိုလှောင်ထားတဲ့
ဖိုင်တွေက နေရာအစီအစဉ်တကျမရှိပဲ တစ်စစီပြန့်ကျဲလာတတ်ပါတယ်။ Fragemented ဖြစ်တယ်ပေါ့ဗျာ။
Hard disk ကြောင့် ကွန်ပျူတာ ထိုးရပ်သွားခြင်းကိုကာကွယ်ဖို့ အတွက်ဆိုရင် အကောင်းဆုံးက Hard disk ကိုတစ်ပါတ်တစ်ခါလောက် Defragment လုပ်ပြီး ဖိုင်တွေကိုပြန်စီပေးမယ်သင့်တာပေါ့ဗျာ။ Defragment ဘယ်လိုလုပ်ရတယ်ဆိုတာ ကွန်ပျူတာ အခြေခံရှိသူတော်တော်များများသိပြီးသားဖြစ်ပေမယ့်လည်း ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ထပ်ရေးချင်ပါတယ်။Disk Defragmenter ကိုအသုံးပြုဖို့အတွက်
Start>All Programs>Accessories>System Tools>Disk Defragmenter သို့သွားပါ
သို့သွားပါ ဒီလိုဆိုရင် Disk Defragmenter Windows ထွက်လာပါပြီ။ပြီးရင်တော့Defragment
ခလုပ်လေးကိုနှိပ်ပြီးလုပ်လိုက်ရုံပါဘဲဒါပေမဲ့
ဒီနေရာမှာ သတိထားဖို့အချက်တစ်ခုရှိပါတယ်။Hard disk ကို Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်ကို အချက်အလက်တွေထည့်သွင်းခြင်းမပြုလုပ်ရပါဘူး။ ဖိုင်တွေ ကို Save မလုပ်သင့်ဘူးပေါ့ဗျာ။
ဒါကြောင့် Task Scheduler ကိုအသုံးပြုပြီး ကွန်ပျူတာကို လုံးဝအသုံးမပြုတော့တဲ့အချိန်မှာ Defragement လုပ်ဖို့ စီစဉ်ထားသင့်ပါတယ်။ Task Scheduler အကြောင်းကို သီးသန့်ထပ်ရေးပါမယ်။
Hard disk မှာ Free space အနည်းဆုံး 10% ရှိဖို့လိုအပ်ပါတယ်။ တကယ်လို့ Hard disk မှာ သိမ်းဆည်းထားတာ အပြည့်နီးပါးဖြစ်နေရင်လည်း အလုပ်လုပ်တာ နှေးကွေးလာပြီး Crash ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် Hard disk ကိုပုံမှန်ရှင်းလင်းပေးထားပြီး Free space များများရအောင်ပုံမှန်ထိန်းထားသင့်ပါတယ်။ Windows folder အောက်မှ Temporary နဲ့ Internet file တွေကိုပုံမှန်ရှင်းထားပေးခြင်းဖြင့် Free space ပမာဏတော်တော်များများရရှိနိုင်ပါတယ်။ Recycle Bin လို့ခေါ်တဲ့ အမှိုက်ပုံးကိုလည်း အပတ်စဉ်ရှင်းထားခြင်းဖြင့်လည်း နေရာလွတ်တိုးလာစေနိုင်ပါတယ်။ Hard disk မှာ Error ရှိမရှိကို လစဉ်စစ်ဆေးသင့်ပါတယ်Start>Programs>Accessories>System Tools>Scan Disk သို့ဝင်ရောက်ပြီး Error နဲ့ Bad sector ရှိမရှိစစ်ဆေးနိုင်ပါတယ်။ရံဖန်ရံခါမှာ Start Menu အောက်မှာ Scan Disk သို့သွားရန် Shortcut မရှိပဲဖြစ်နေတတ်ပါတယ်။ဒီလိုဆိုရင်တော့ စစ်ဆေးလိုတဲ့ Drive မှာ Right Click မှတဆင့် Properties ကိုခေါ်ပါ။



Tools Tab အောက်က Error-checking မှာ Check Now ကိုနှိပ်လိုက်တာနဲ့ Check Disk Box
ထွက်လာပါပြီ။



System error ကိုပဲစစ်ဆေးပြုပြင်မယ်ဆိုရင် အပေါ်ကအကွက်မှာ အမှန်ခြစ်ပါHard disk မှာ Bad sector ရှိမရှိပါစစ်မယ်ဆိုရင် အောက်ကလေးထောင့်ကွက်ပါအမှန်ခြစ်ပြီးStart ကိုနှိပ်လိုက်တာနဲ့ စစ်ဆေးစရာရှိတာများကိုအလိုအလျှောက်စစ်ဆေးသွားပါလိမ့်မယ်။ဒီလို စစ်ဆေးနေစဉ်မှာ Hard disk ပေါ်သို့ ရေးခြင်း၊ ဖျက်ခြင်းများမပြုလုပ်သင့်ပါဘူး

အဆင်ပြေကြပါစေဗျာ

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Overheating


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်အန္တရာယ်အကြီးဆုံး
ပြဿနာက အပူလွန်ကဲခြင်းပါပဲ။ Software ကိုသာမက Hardwareကိုပါ
ပျက်စီးစေနိုင်တဲ့အတွက်ကွန်ပျူတာအတွင်းအပူလွန်ကဲခြင်းမဖြစ်အောင်အမြဲသတိပြုသင့်ပါတယ်။
ကွန်ပျူတာအတွင်းမှာအလုပ်အများဆုံးလုပ်ဆောင်ရပြီး အပူအများဆုံးထွက်တာ CPU များဖြစ်ပါတယ်။
ဒါကြောင့် CPU များမှာ အပူမလွန်ကဲအောင် အအေးခံအတောင်များနဲ့ ပန်ကာများတပ်ဆင်ထားပေးရပါတယ်။
တကယ်လို့ CPU ပန်ကာမလည်တော့ပဲရပ်သွားမယ်ဆိုရင် CPUမှာ အပူလွန်ကဲလာပြီး
Kernel error တက်လာပါလိမ့်မယ်။ ဒီလိုဆိုရင်ကွန်ပျူတာအတွင်းရှိ ပန်ကန်များနဲ့အအေးခံစနစ်ကောင်းစွာအလုပ်လုပ်ခြင်းရှိမရှိကို

ချက်ခြင်းစစ်ဆေးသင့်ပါတယ်။

Chipsetများကို ပုံမှန်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက် ပိုခိုင်းပြီး Overclockingလုပ်တဲ့အခါမှာလည်း အပူလွန်ကဲလာတတ်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပုံးမှာပြည့်စုံလုံလောက်တဲ့
အအေးခံစနစ်မရှိပဲ Overclocking မလုပ်သင့်ပါဘူး။Overclocking လုပ်လိုက်လို့ မီးခိုးထွက်လာတဲ့အထိအပူလွန်ကဲတာကိုကြုံဖူးပါတယ်CPUကြောင့်ဖြစ်တဲ့ပြဿနာကို
BIOS setting မှာ CPU internal cache ကို Disableလုပ်ထားခြင်းဖြင့်လည်း
ဖြေရှင်းနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကွန်ပျူတာကိုပိုနှေးသွားစေနိုင်ပေမယ့်
တည်ငြိမ်မှုပိုရစေနိုင်ပါတယ်။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Hard disk drives


ကွန်ပျူတာကို Crash ဖြစ်စေတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကHard disk
ကိုအသုံးပြုတာကြာလာတဲ့အခါမှာ Hard disk ပေါ်မှာ ဖိုင်တွေနေရာချထားတာရှုပ်ထွေးလာပြီး
မနိုင်ဝန်ပိကာ ကွန်ပျူတာထိုးရပ်သွားစေတာပါပဲ။Hard disk fragmented ဖြစ်တယ်ပေါ့ဗျာ။
ဒီလိုဆိုရင်တော့ ဖြေရှင်းဖို့ရာ နည်းလမ်းများစွာ ရှိပါတယ်။အရိုးရှင်းဆုံးနည်းလမ်းကတော
Start>Programs>Accessories>System Tools>Disk Defragmenter
ကနေDisk Defragmenter ကိုဖွင့်ပြီး ဖိုင်တွေကိုအစီစဉ်တကျပြန်စီခြင်းပါပဲ
Defragment လုပ်နေစဉ်အတွင်းမှာ Hard disk ပေါ်မှာ ဖိုင်တွေထပ်ရေးခြင်းမလုပ်သင့်ပါဘူးဒါကြောင့်
ကျနော်တို့အနေနဲ့ ကွန်ပျူတာကို ဘာမှမသုံးတဲ့အချိန်မှာပဲDefragment လုပ်သင့်ပါတယ်။
နောက်ထပ်သတိထားသင့်တာ တစ်ခုက Antivirus program ကိုလည်း ပိတ်ထားပေးသင့်ပါတယ်။
Hard disk မှာ ထည့်ထားတာ အရမ်းပြည့်လာတဲ့အခါမှာလည်းအလုပ်လုပ်တာနှေးလာပြီး
system ကို crash ဖြစ်စေနိုင်တာပါပဲ။ဒါကြောင့် မလိုအပ်တော့တဲ့ဖိုင်တွေကို အပါတ်စဉ်
ဒါမှမဟုတ် လစဉ် ရှင်းထုတ်ပြီးHard disk မှာ နေရာလွတ်ရှိအောင်ဖန်တီးထားသင့်ပါတယ်။

Temporary files တွေကိုပုံမှန်ရှင်းထားပေးရင်ကို နေရာလွတ်တော်တော်
များများရနိုင်မှာပါ။start>run>%temp% ဆိုရင် Temporary folder
ထဲရောက်သွားပါလိမ့်မယ်။ဖျက်သင့်တယ်ထင်တာ ဖျက်ပစ်ပေါ့ဗျာ။အများစုက…
software တစ်ခုတင်တဲ့အချိန်၊ အသုံးပြုတဲ့အချိန်မှာ ဖန်တီးထားတဲ့ဖိုင်တွေပါအတော်
များများဖျက်လို့ရပါတယ်။Recycle Bin ကိုလည်းရှင်းဖို့မမေ့ပါနဲ့ဦး။အမှိုက်ပုံးသွန်ရတာ
အလုပ်ရှုပ်လွန်းလို့ ကျွန်တော်ဆို…ဘယ်တော့မှအမှိုက်ပုံးထဲကိုမပို့ဘူး……Shift+delete
နဲ့အပြီးရှင်းထုတ်လိုက်တာပဲ။

ဒါပေမယ့်မဖျက်ခင် အသေအချာစဉ်းစားဖို့တော့လိုတယ်လေ၊ နောင်တမရကြေးပေါ့ဗျာ
Hard disk နဲ့ပါတ်သတ်တဲ့ နောက်တစ်ခုက Hard disk မှာ errors တွေ၊
bad sectors တွေရှိမရှိအနည်းဆုံး တစ်လတစ်ခါလောက်တော့ scan လုပ်ပေးသင့်ပါတယ်။

Start>All programs>Accessories>System tools>Scan Disk ကိုသွားပြီး
လုပ်လို့ရပါတယ်။တခါတရံမှာ အဲဒီ Start Menu ထဲမှာ Scan Disk မပါဘဲ ဖြစ်နေတတ်ပါတယ်။
ဒီလိုဖြစ်နေပြီဆိုရင်တော့ Start>Run မှာ chkdsk လို့ရိုက်ပေးလိုက်ပါ။MS-DOS ကနေ Scan လုပ်ပေးပါလိမ့်မယ်။ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်စစ်ချင်တဲ့ Hard disk ရဲ့ Properties
ကိုခေါ်ပြီး Tools tab အောက်မှာ Error-checking ဆိုတဲ့ ခေါင်းစဉ်အောက်က Check Now
နဲ့စစ်လည်းဖြစ်ပါတယ်။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ memory


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ အနက်နောက်ပြသနာတစ်ခုက

memory ပါ သူ့  ပြဿနာကလည်း Blue death screen တက်လာပြီး
Fatal Exception Error ဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုပါပဲ။ ဒီmemoryကြောင့်ဖြစ်တဲ့ ပြဿနာကလည်း အတော်များများကြုံတွေ့ရလေ့ရှိပါတယ်။

fatal error ဆိုတာက Hardware နဲ့ပါတ်သတ်ပြီး ပြဿနာကြီးကြီးမားမားတစ်ခုရှိနေပြီဆိုတာကိုညွှန်ပြခြင်းပါပဲ။

တစ်ခါတလေမှာ….လုံးဝသုံးမရတော့ဘဲ အသစ်တစ်ခုအစားထိုးရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါပေမယ့် memory ကြောင့်ဖြစ်တဲ့ Fatal error ဆိုရင်တော့ chips အချင်းချင်း တွဲဖက်မညီတဲ့အခါမျိုးမှာလည်းဖြစ်တတ်ပါတယ်။ဥပမာ - 70ns Ram နဲ့ 60ns Ram နှစ်ချောင်းကိုတွဲစိုက်ထားမယ်ဆိုရင်ပိုနှေးတဲ့ 60ns နဲ့ပဲ ကွန်ပျူတာက အလုပ်လုပ်မှာပါပဲ။အဲဒါကိုမှmemory
ကို overworked ဖြစ်စေတဲ့ Program မျိုးကိုဖွင့်လိုက်တဲ့အခါမှာ၊Memory များများသုံးတဲ့ software တွေကိုသုံးလိုက်တဲ့အခါမျိုးမှာကွန်ပျူတာက….Crash ဖြစ်သွားတော့တာပါပဲ။သူမှာက 70ns Ram လည်းရှိနေတော့ အဲဒီအမြန်နှုန်းနဲ့သုံးဖို့ကြိုးစားပါလေရော။ဒါပေမယ့် 60ns Ram ကမလိုက်နိုင်တဲ့အခါ…ထိုးရပ်သွားတော့တာပေါ့။

ကဲ……ဒီပြဿနာကို
ဖြေရှင်းကြည့်ရအောင်။ပထမနည်းလမ်းကတော့ BIOS setting မှာ Ram ရဲ့ Wait state ကိုတိုးပေးထားလို့ရပါတယ်။ဒီလိုလုပ်ခြင်းအားဖြင့် memory
ကိုပိုတည်ငြိမ်စေပါတယ်။နောက်ထပ်နည်းလမ်းတစ်ခုကတော့……..Motherboard ပေါ်က memory တွေကို နေရာပြောင်းကြည့်ခြင်းပါပဲ။

memoryကိုဖြုတ်တဲ့နေရာမှာ တစ်ခုသတိထားရမှာက၊ ကြေးပြားခြေထောက်အချောင်းလေးတွေကို
မထိမိစေဖို့ပါပဲ။လူမှာရှိတဲ့ Static charge ကြောင့် memory ကိုပျက်စီးစေနိုင်လို့ပါ။အကောင်းဆုံးကတော့……
..မတူညီတဲ့ အမြန်နှုန်းနဲ့ Ram နှစ်ခုပြိုင်တူထည့်မထားဖို့ပါပဲ။

ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများ Software


ကွန်ပျူတာထိုးရပ်သွားစေနိုင်တဲ့အကြောင်းရင်းများအနက်ပြသနာတစ်ခုက
ကွန်ပျူတာမှာအသုံးပြုမယ့် ဆော့ဖ်ဝဲများကို စနစ်တကျတင်မထားခဲ့ရင်လည်း
ကွန်ပျူတာအသုံးပြုနေစဉ် ထိုးရပ်သွားစေနိုင်ပါတယ်။ ဆော့ဖ်ဝဲကို ဖြုတ်ချပြီးမှ
စနစ်တကျပြန်တင်ပေးခြင်း ဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်ပါတယ်။ ရံဖန်ရံခါမှာဆော့ဖ်ဝဲကို
ဖြုတ်ချလို့မရဘူးဖြစ်နေတတ်ပါတယ်။ ဒီလိုဆိုရင်တော့ NortonUninstall ဒါမှမဟုတ်
Uninstall Shield ကိုအသုံးပြုလိုက်ရင်ဖြုတ်ချလို့ရနိုင်ပါတယ်။ ဒီဆော့ဖ်ဝဲများဟာ
သမားရိုးကျဖြုတ်ချတာ ထက် SystemRegistry မှာ ဖြုတ်ချလိုက်တဲ့
ဆော့ဖ်ဝဲနဲ့ပါတ်သတ်တာများကိုပါ ရှင်းပေးတဲ့အတွက် Clean Uninstall
လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။Registry ကိုပါရှင်းပေးထားပါမှ
ဆော့ဖ်ဝဲကိုအသစ်တဖန်ပြန်တင်တဲ့အခါရှင်းရှင်းလင်းလင်းတင် ပေးနိုင်မှာပါ။
Registry မှာတန်ဖိုးအဟောင်းများကျန်ခဲ့ရင်
အသစ်တင်လိုက်တဲ့အခါမှာထပ်ရေးတဲ့တန်ဖိုးများနဲ့ ရောထွေးပြီး
ဆော့ဖ်ဝဲဟာပုံမှန်မဟုတ်ပဲဖြစ်နေတတ်ပါတယ်။Registry ကိုရှင်းပေးတဲ့အခြား
ဆော့ဖ်ဝဲများလည်းရှိပါတယ်။
Registry Mechanics, System Mechanics, One click ,maintenance
, Registry cleaner စသည်ဖြင့် အများကြီးရှိပါတယ်။Registryကိုရှင်းမယ်ဆိုရင် သတိထားဖို့တော့လိုပါတယ်။ တကယ်လို့ Registry မှာလိုအပ်တာတွေ ပျက်သွားရင် OS တစ်ခုလုံးကိုပြန်တင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။

နိုင်ငံတွေ ဘယ်လောက်ပဲ ကွာဝေးနေပါစေ


ဒီဆော့ဝဲလေးက နိုင်ငံတွေ ဘယ်လောက်ပဲ ကွာဝေးနေပါစေ လှမ်းပြီးတော့
ကိုယ့်ရှေ.မှာသုံးနေတဲ့ ကွန်ပြူတာလိုမျိုး အဝေးကနေ ကိုင်တွယ်ပြီး
ပြသနာတွေကို ဖြေရှင်း ပြင်ဆင်ပေးလို. ရပါတယ်။
www.logmein.com
ထဲကိုဝင်ပြီး အကောင့်တခု လုပ်လိုက်ပါ
သေးစိတ်တော့ မပြောပြတော့ဘူးနော်
လွယ်လို့ လူတိုင်းလိုလို လုပ်တတ်မယ်လို့ထင်ပါတယ်
အဓိက က Mail နဲ့ password ပါပဲ
အကောင့်လုပ်တာပြီးသွားပြီဆိုရင်
သူ့ဆော့ဝဲကို ဒေါင်းလုပ် လုပ်ရပါမယ်
ကိုယ့်အကောင့်ထဲရောက်သွားတာနဲ့
add computer ဆိုတာ ကိုကလစ်ပေးလိုက်ပါ
အဲ့မှာ ဒေါင်းလုပ်ဆွဲဖို့ ဖိုင်ပေါ်လာပါလိမ့်မယ်
ဆွဲထားလိုက်ပါ
ပြီးရင် ကိုထိမ်းချုပ်မဲ့ စက် မှာ ဒီဆော့ဝဲလေး ရမ်းခိုင်းလိုက်ပါ ။
Next => I agree => typical => Next
=>Next=> computer access code ဆိုပြီးတောင်းရင် ပေးချင်တဲ့ password 8 လုံး လောက်အနည်းဆုံး
ပေးလိုက်ပါ။ အောက်မှာလည်း အဲ ဒီ 8 လုံးပဲ ပြန်ရိုက်။ခုရိုက်တဲ့ password ကအရေးကြီးပါတယ် သေသေချာလေးမှတ်ထားဦးနော် ။
Email တောင်းရင် ခုနက သူ့ဆိုဒ်မှာ အကောင့် ဖွင့်တုန်းက ပေးခဲ့တဲ့ အီးမေးကို
ပြန်ထည့်။ password ကလဲ အကောင့်ဖွင့်တုန်းကပေးတဲ့ password ပဲ။
logmein freee ဆိုတာရွေးပေးလိုက်ဦး။ ပြီးမှ Nextလုပ်။ဒါဆိုရင် ပြီးသွားပါပြီ။
Task Bar ရဲ့ ညာဘက်အောက်မှာ Logmein-Enable&Online ဆိုပြီး tray အ၀ိုင်း ပုံလေး ပေါ်လာပါလိမ့်မယ်
အဲဒီ ကွန်ပြူတာကို ဖွင့်ထားပြီး တခြားကွန်ပြူတာကနေပြီး အင်တာနက်က
www.logmein.com (http://www.logmein.com/) ဆိုတဲ့ ၀က်ဆိုဒ်ကို ပြန်ဝင် ၀တ်ဆိုဒ်ရဲ့ ညာဘက် ထိတ်နာမှာ Email မှာ ကိုယ်အကောင့်ဖွင့်ထားတဲ့ mail နဲ့ password ပေးပြီးဝင်
ဒါဆို အဲ့ဆော့ဝဲ တင်ထားတဲ့ စက်ကို ကိုယ်ဘယ်ပဲရောက်နေနေ လှမ်းပြီးတော့ ကိုယ့်စက် လိုမျိုး ၀င်သုံးလို့ရပါပြီ
ဟိုဘက်က လူက မောက့် တောင်ကိုင်စရာမလိုပါဘူး အကုန်လှမ်းလုပ်ပေးလို့ရပါတယ်
ကိုယ့်ဘာသာကို ဆက်ပြီးစမ်းကြည့်ပါ လွယ်ပါတယ် ကျွန်တော် ဒီလောက်ပြောနေတာတောင် တော်တော်များနေပါပြီ
လွယ်ကူနဲ့နည်းတွေကြီးပါပဲ ။
for iphone logmein ignition ipa ..

download link :
log me in ကနှေးတယ်။ TeamViewer ဆိုတာရှိတယ် သုံးကြည့်ပိုကောင်းတယ်။ function တွေကတော့တူတူလောက်ပါပဲ။

Sunday, November 6, 2011