Saturday, October 18, 2014

လူဆိုးမကြီး..သို့


ချစ်သူ.....  မင်းနဲ့ ချစ်သူဖြစ်ခဲ့ရင်...

"မောင်ရယ်..အရက်တွေမသောက်နဲ့နော်"  ဆိုတဲ့
မင်းရဲ့ ဆုံးမ တားမြစ်တဲ့ စကားသံလေးတွေကိုကြားပြီး
နားထောင် ပြချင်လွန်းလို့
တခါမှမသောက်ဖူးတဲ့ အရက်တွေကို
အခုလိုသောက်ခဲ့ရတာပါ ချစ်သူ...

မင်းနဲ့ ချစ်သူဖြစ်ခဲ့ရင်...

"မောင်ရယ်..ဆေးလိပ်တွေမသောက်ရဘူးနော်"  ဆိုတဲ့
မင်းရဲ့  ညင်သာတဲ့ အမိန့်လေးတွေကို
လိုက်နာပြီး ဆေးလိပ်ဖြတ် ပြချင်လွန်းလို့ ငါ တခါမှ မသောက်ဖူးတဲ့
ဆေးလိပ်တွေကို အခုလို သောက်ကြည့်ခဲ့တာပါချစ်သူ.......

ချစ်သူ..    မင်းနဲ့.ချစ်သူဖြစ်ခဲ့ကြရင်......
..................
          ..................


ဒီလိုနဲ့   မင်းနဲ့ ငါ ချစ်သူ မဖြစ်ခဲ့ရတဲ့
ရာသီ စက်ဝန်းအလီလီအောက်မှာ ..
ငါ့လို လူရိုးလေးကို ပတ်ဝန်းကျင်ကလေ.....ခုတော့

အရက်သမား..
    ဆေးသမား......
                        ......
                                .............

အို .......  စုံ  လို့
ငါ့ကိုဝိုင်းပြောနေကြဘီ..  ချစ်သူ
အဲဒါမင်းကြောင့်ပါ  ချစ်သူ...မငြင်းနဲ့..မင်းကြောင့်..ချစ်သူ
ငါမကောင်းကောင် ဖြစ်အောင် လုပ်ခဲ့သူ
တကယ်တော့မင်းဟာ    ..လူဆိုးမကြီး ပါ  ချစ်သူ...

((ကျွန်တော်နဲ့ ချစ်သူမဖြစ်ခဲ့လိုက်ရသော ကောင်မလေး ကောင်မကြီးများအား ဤစာစုဖြင့် ရည်ညွှန်းဂုဏ်ပြုအပ်))

................ပျော်ရွှင်ပါစေ ခင်ဗျာ..........

ရွှေခိုးတဲ့ပန်းထိမ် နှင့် ရေမထိုးတဲ့တံငါ



ကိုယ်တိုင်လည်းအမြဲတမ်းကျက်သရေရှိနေပြီးလောကရဲ့ကျက်သရေကိုလည်းအပြည့်အ၀ဆောင်ပေးနိုင်သူဖြစ်ဖို့အတွက်အရေးအကြီးဆုံးအခြေခံတရားကကံနဲ့ကံရဲ့အကျိုးကိုပြတ်သတ်ထင်ထင်သိမြင်လက်ခံဖို့အရေးကြီးတယ်ဆိုတဲ့အကြောင်းအရင်ကပြောခဲ့ပြီးပါပြီ။

   ‘ကံ’ဆိုတာနဲပပတ်သက်လို့ အရပ်စကားအနေနဲ့ ‘ကံဆိုတာအလုပ်၊ အလုပ်ဟာ ကံပဲ’လို့ အများသူငါ အလွယ်တကူ ပြောလေ့ရှိပါတယ်။
   တချို့ကလည်း ဒါကိုပဲ ခေတ်မီတိုးတက်တဲ့ အမြင်တစ်ခု အဖြစ်နဲ့ အလွယ်တကူ လက်ခံတတ်ကြတယ်။ ဟုတ်သလိုလို ထင်ရသလောက် အန္တရယ် အလွန်များတဲ့ စကားပါ။
   မြတ်ဗုဒ္ဓရဲ့ အလိုအရကတော့ အလုပ်တိုင်းကို ‘ကံ’လို့ မဆိုနိုင်ပါဘူး၊ စေတနာပါတဲ့ အလုပ်မျိုးမှသာ ‘ကံ’မြောက်ပါတယ်၊ စေတနာမပါရင် ကံမမြောက်ပါဘူး။
 
   မြတ်ဗုဒ္ဓကလည်း ‘ချစ်သားတို့… စေတနာကို ကံလို့ ငါဘုရား မိန့်ဆိုတယ်’လို့ ဟောညွန်ခဲ့ပါတယ်။ အလုပ်နဲ့ စေတနာဟာ တစ်ခါတစ်လေ တထပ်တည်း မတူကြ တာတော့ ရှိနေပါတယ်၊ ဒါကြောင့် ကံကို ဆုံးဖြတ်ရာမှာ အလုပ်ကို ကြည့်ပြီး ဆုံးဖြတ် လို့မရဘူး၊ စေတနာနဲ့ ရည်ရွယ်ချက်ကို သိပြီးမှ ဆုံးဖြတ်လို့ ရတယ်ဆိုတာ အလေးအနက် သဘောပေါက်သင့်ပါတယ်။
   ဒီကိစ္စနှင့်ပတ်သက်လို့ နည်းနည်း စဉ်းစားနိုင်ဖို့အတွက် လောလောဆယ် ကြုံရပုံလေးကို ပြောပါဦးမယ်၊ မကြာသေးခင် နာဂစ်အလွန် တစ်ပတ်လောက်က ပင်စင်စားဆိုတဲ့ ဒကာကြီးတစ်ယောက် မိမိနှင့် ရင်းနှီးတဲ့ ဒကာတစ်ဦးကို အဖော် ပြုပြီး ကျောင်းကို ရောက်လာပါတယ်။
   အလုပ်က အနားယူပြီးကတည်းက တရားအားထုတ်တဲ့ဘက်ကို အဓိက ထားနေကြာင်းနဲ့ အစချီပြီးနောက်ဆုံးမှာ ဘာပဲဖြစ်ဖြစ်ပေါ့ဘုရား လောကမှာ တံခါမုဆိုးတို့ သွားရမယ့်လမ်းနဲ့ သူတော်ကောင်းတို့ သွားရမယ့် လမ်းလောက်ကိုတော့ ကွဲကွဲပြားပြား သိသွားပြီပေါ့ဘုရား’ဆိုပြီး ကျေနပ်ဝမ်းမြောက်တဲ့ အမူအရာနဲ့ စကားကို အဆုံးသတ်လိုက်ပါတယ်။
   ပြီးတော့မှ အခုပြောခဲ့တာတွေနဲ့ ပတ်သက်လို့ အရှင်ဘုရား သဘောထား သြ၀ါဒကိုလည်း နာယူပါရစေလို့ တောင်းဆိုပါတယ်။
   မိမိက ဒကာကြီး… ဘယ်ကိစ္စမဆို သူများပါးစပ်နဲ့ လမ်းမဆုံးစေပဲ ကိုယ်ပိုင်အသိနဲ့ ဆုံးဖြတ်နိုင်အောင် စဉ်းစားတာ ကောင်းတယ်၊ အခု  ဦးဇင်းပြောမယ့် စကားများနဲ့ ပတ် သက်လို့လည်း သတိကြီးကြီး သဘောထားကြီးကြီးထားပြီး နားထောင်ပြီး ကိုယ့်အသိနဲ့ကိုယ် ဆုံးဖြတ်ပါ။
   ဒကာကြီး ပြောတဲ့အထဲမှာ ‘မဆိုးတံငါ’လို့ ပါတယ်၊ အရပ်ထဲမှာကလည်း ‘ကံဆိုတာ အလုပ်၊ အလုပ်ဟာ ကံပဲ’လို့ လွယ်လွယ် ပြောဆိုနေကြတော့ ဒကာကြီးလည်း ကိုယ်တွေ့မြင်နေရတဲ့ လုပ်ငန်းတွေကိုပဲ ကြည့်ပြီး ကံကို ဆုံးဖြတ်နေပုံရတယ်၊ ဒကာကြီး စဉ်းစားဖို့ ဖြစ်ရပ်ကလေးတစ်ခု ပြောမယ်နော်။
   အဲဒီရွာမှာ    ဘာမှကြီးကြီးမားမား မဆုံးရှုံးပဲ အကောင်းပကတိ ကျန်နေတာဆိုလို့ အုတ်နံကပ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ ဆန်ဆိုင်တစ်ခုပဲရှိတယ်။ ကျန်တဲ့ လူတွေမှာတော့ အားလုံးပျက်စီး ဆုံးရှုံးကြလို့ စားစရာလည်းမ၇ှိ၊ ၀ယ်စရာလည်း မရှိ၊ ၀မ်းဟာနေတဲ့ ကလေးအချို့လည်း ငိုကြယိုကြဖြစ်နေကြတာပေါ့။
   အဲဒီအချိန်မှာ ရွာထဲက တံငါသည်တစ်ယောက်က သူ့မှာရှိနေတဲ့ ပိုက်ကွန်လေးယူပြီး ငါးရှာထွက်တယ်၊ ရလာတဲ့ အခါကျတော့ ရွာသားတွေကို ချက်စားဖို့ ပေးလှု ကူညီတာပေါ့လေ၊ ရွာသားတွေမှာ ဟင်းစားအတွက်က ရပြီဆိုတော့ ထမင်းချက်စရာ ဆန်ဝယ်ဖို့ ရှိစုမဲ့စု အားလုံးစုကြပြီး  ဆန်ဆိုင်ကို သွားကြတယ်၊ ဒီရွာမှာ ဒီဆန်ဆိုင် တစ်ခုကလွဲလို့ တခြားဆိုင်လည်း မရှိဘူး။
   ဒီမှာတင် ဆန်ဆိုင်ရှင်က အရင်က တစ်ပြည်ငါးရာလောက်တန်တဲ့ ဆန်ကို ထောင့်ငါး ရာဈေးပေးမှ ရောင်းမယ်ဆိုပြီး အကျပ်ကိုင်ပါလေရော၊ ငါ့ဝမ်းပူဆာ မနေသာတော့ လည်း တောင်းသမျှ ပေးပြီးတော့ပဲ ၀ယ်ကြရတော့တာပေါ့။
   ကဲ… အဲဒါ ဒကာကြီး စဉ်းစားကြည့်ပါ၊ တံငါသည်နဲ့ ဆန်ကုန်သည် ဘယ်သူက ကောင်းမှုလုပ်သူ ဖြစ်ပြီး ဘယ်သူက မကောင်းမှု လုပ်သူဖြစ်မဲ။
   ဒကာကြီးတို့ ငယ်ငယ်က ဒေါင်းဖတ်စာတွေ ဖတ်ဖူးမယ်ထင်ပါတယ်၊ အဲဒီထဲမှာ သားရေကုန်သည်နဲ့ ဆန်ကုန်သည်အကြောင်းကို မဖတ်ဖူးရင်တောင် ကြားတော့ ကြားဖူးမှာပါ။
   ကုန်ဝယ်ဖို့အသွားမှာ ဘုန်းတော်ကြီးကျောင်း တည်းခိုကြတော့ ဘုန်းတော်ကြီးက ဆန်ကုန်သည်ကို ကျောင်းပေါ်မှာ နေရာကောင်းကောင်းပေးပြီး သားရေ ကုန်သည်ကိုတော့ မီးတင်းကုတ်မှာ နေရာပေးပါသတဲ့။
   အပြန်ကျတော့ ဘုန်းတော်ကြီးက သားရေကုန်သည်ကို ကျောင်းပေါ်မှာ နေရာ ကောင်းကောင်းပေးပြီး ဆန်ကုန်သည်ကိုတော့ မီးတင်းကုတ်မှာ နေရာပေးသတဲ့။
အကျိုးအကြောင်း လျှောက်ထားကြတဲ့အခါ ဘုန်းတော်ကြီးက ‘      အေးကွဲ့.. အသွားတုန်း ကတော့ ဆန်ကုန်သည်က သွားရမယ့်အရပ်မှာ ဆန်ရေစပါး ပေါများပါစေဆိုတဲ့ စိတ်ထားနေမှာ၊ သားရေကုန်သည်ကတော့ အဲဒီအရပ်မှာ ကျွဲတွေ နွားတွေများများ သေပါစေဆိုတဲ့ စိတ်ထားနေမှာ၊ အပြန်ကျတော့ ဆန်ကုန်သည်က သူ့အရပ်မှာ ဆန်ရေစပါးတွေ ရှားပါစေ၊ ဆန်ဈေးတွေ တက်နေပါစေလို့ ဆုတောင်းနေမယ်။
   သားရေကုန်သည်ကတော့ သူ့သားရေတွေ ဈေးတက်ဖို့အတွက် သူ့အရပ်မှာ ကျွဲနွား တွေ အသေ အပျောက်နည်းပါစေလို့ ဆုတောင်းနေမှာ၊ အဲဒါ ဒကာတို့ရဲ့  စိတ်ထား အကောင်းအဆိုး ကြည့်ပြီး နေရာ အကောင်း အဆိုး ခွဲခြားပေးတာလို့ မိန့်ကြားပါသတဲ့။
   ဒကာကြီးသဘောပေါက်သလား၊ အဲဒီ ဘုန်းတော်ကြီးက လုပ်ငန်းကိုကြည့်ပြီး ကံကို ဆုံးဖြတ်တာ မဟုတ်ဘူး၊ စေတနာပါတဲ့ စိတ်ထားကိုကြည့်ပြီး ကံကို ဆုံးဖြတ် တာမို့လား။
   ‘ကဲ.. စောစောကပြောတဲ့ တံငါသည်နဲ့ ဆန်ကုန်သည်ကိုတော့ ဒကာကြီး ဘယ်လိုဆုံးဖြတ်မလဲ’ဆိုတော့ ဒကာကြီးက နဲနဲတွေနေပြီး ‘အင်း… ဒါဟာ အလေး အနက် စဉ်းစားရမယ့် ကိစ္စပဲ’လို့ ညည်းပါတယ်။
   ပုထုဇဉ်ဆိုတာကတော့ ကောင်းမှုနဲ့ မကောင်းမှု အရောရော အနှောနှောပြုလေ့ရှိကြ တာပါပဲ မဟုတ်လား။
   ဒီအမှုနှစ်မျိုးကလဲ ‘ရေများရေနိုင် မီးများမီးနိုင်’ ဆိုသလိုပဲ အင်အားကောင်းရာက အနိုင်ရတာပါ၊ အချိန်များ အကြိမ်များတဲ့ကံက အသားတင် လက်ကျန်ဖြစ်တယ်လို့ ဆိုရမှာပေါ့။
   ခုနရွာက တံငါသည်ဟာ ငါးရှာမသွားမီမှာ သူစိတ်တွေက ဒုက္ခရောက်နေကြတဲ့ ဘ၀တူတွေကို သူစွမ်းနိုင်ရာက ကူညီလိုတဲ့စိတ် ဖြစ်နေမှာသေချာတယ်နော်၊ ငါးကို ရှာဖွေဖမ်းဆီးနေချိန်မှာတော့ ငါးတွေကို သေစေလိုတဲ့ စိတ်စေတနာတွေ ဖြစ်ကောင်း ဖြစ်မှာပေါ့။
   အဲ… ငါးရပြီးပြီ ဆိုတာနဲ့ သူ့စိတ်တွေ ဘယ်လိုဖြစ်သွားလဲ၊ ဘ၀တူတွေအတွက် ထောက်ပံ့ကူညီဖို့ဆိုတဲ့ စိတ်တွေပဲဖြစ်နေမယ် မဟုတ်လား။ ဆန်ကုန်သည်ရဲ့ စိတ်ထား ကိုလည်း မှန်းဆကြည့်ပေါ့၊ ‘သူများတွေ အကျပ်ရိုက်လေ ငါ့အတွက် အကွက်ဆိုက်လေ’ ဆိုတဲ့ စိတ်ထားဟာ နိုးချိန်က အိပ်ချိန်အထိပဲ မဟုတ်လား။
   အခုလို ‘စီးပွားရှာ ပြည်နာမှ’ဆိုတဲ့ စိတ်ထားပြီး ကျေနပ်ပျော်ရွှင်နေကြတာဟာ အသုဘများများလာမှ ၀မ်းသာတတ်တဲ့ ဒွန်းစဏ္ဍားစိတ်ထားမျိုးနဲ့ ထူးပါဦးမလား။
   ကဲ…. ဒကာကြီး စဉ်းစားကြည့်ပါ။  ခုနရွာလေးက တံငါသည်နဲ့ ဆန်ကုန်သည် ဘယ်သူက ကောင်းမှုများသလဲ၊ ဘယ်သူက မကောင်းမှု များသလဲ၊ ဒကာကြီးနေတဲ့ ရွာတစ်ရွာမှာသာဆိုရင် ဒီလူ နှစ်မျိုးထဲက ဘယ်လိုလူမျိုးရှိတာ ရွာ့ကျက်သရေကို ဆောင်နိုင်မယ်ထင်သလဲ ဆိုတော့….
   ဒကာကြီးက ‘အား…သဘောပေါက်ပြီဘုရား တပည့်တော်တို့က အလုပ်ကို ကြည့်ပြီး သာမန်ကာလျှံကာ ပြောနေမိတာကိုး၊ အရှင်ဘုရား စကားအတိုင်းလိုက်ပြီး ပြောရမယ် ဆိုရင် တံငါသည်က ကျက်သရေရှိသူပေါ့ဘုရား၊ ဟို… ဆန်ကုန်သည်ကတော့ ဒွန်းစကဏ္ဍား ပျော်ပျော်နေသူ ဆိုမှတော့ သူ့ထက် ကျက်သရေ ယုတ်တာ ဘာရှိဦးမလဲ ဘုရား’တဲ့။
   ဒီနေရာမှာ ဒကာကြီးတစ်ခုတော့ သတိပြုရမယ်နော် ဦးဇင်းပြောလိုတာက ‘တံငါအလုပ်ဟာ ကောင်းမှုဖြစ်တယ်၊ ဆန်ကုန်သည်အလုပ်က မကောင်းမှုဖြစ်တယ်’လို့ ဆိုတာ မဟတ်ုဘူးနော်၊ တစ်နေ့တာအတွင်း ဘယ်သူမှာ ဘယ်လို စိတ်ဓာတ်တွေက များနေ နည်းနေမယ်ဆိုတာ နှိုင်းယှဉ်းပြီး စဉ်းစားတတ်ဖို့ပြောတာ။
   အမှန်ကတော့ သူတစ်ပါး အကျပ်ဆိုက်နေတာကို အကျပ်ကိုင်ပြီး မတန်တစ်ဆ ရယူတယ် ဆိုတာ ခိုးခြင်းနှစ်ဆယ့်ငါးပါးမှာတော့ ‘အနိုင်အထက် နှိပ်စက်ခိုးယူခြင်း’ ဆိုတဲ့ သဘောထဲမှာ ပါဝင်တယ်ဆိုတော့၊ ဒကာကြီးက ‘ဒါဖြင့် စိတ်ရွှေ ရတနာ ကုန်သည်တွေဆိုပြီး အတုတွေ အကြံအဖန်တွေ လုပ်ရောင်းတဲ့ လူတွေလည်း ဘာထူးမလဲဘုရားတဲ့’။
   ဒါတော့ ဒကာကြီးစဉ်းစားပေါ့၊ ဦးဇင်းပြောချင်တာကတော့ လောကရဲ့ ကျက်သရေကို ဆုံးဖြတ်တဲ့နေရာမှာ ‘အလုပ်’သက်သက်ကိုသာ မကြည့်ဘဲ သူတို့ရဲ့ စိတ် စေတနာကို ကြည့်တတ်ဖို့ပါ၊ ကိုယ်ကိုယ်တိုင်လဲ စဉ်းစားဆင်ခြင်တတ်ဖို့ပေါ့။
   ဘာပဲဖြစ်ဖြစ် ရာထူးဂုဏ်သိန် စည်းစိမ် ဥစ္စာတွေ လုပ်ငန်းကြီးတွေက လောကအမြင်မှာ ဘ်ယလောက်ပဲ ကြီးကျယ်နေနေ၊ သူတို့ရဲ့ စိတ်ထားတွေက ဒွန်းစဏ္ဍား စိတ်မျိုးထားနေရင်တော့ ကျက်သရေမဲ့တဲ့ အလုပ်ကို လုပ်နေကြသူတွေလို့ သာ ဆိုရမှာကတော့ အမှန်ပဲထင်တယ် ဒကာကြီးလို့လည်း ပြောလိုက်ရော၊ ဒကာကြီးက ‘တပည့်တော် အဲဒီထဲမပါအောင် သတိထားပါမယ်ဘုရား’ဆိုပြီး ၀န်ခံသွား ရလေရဲ့။
   စေတနာမှန်နဲ့ ကျက်သရေ ဆောင်နိုင်ကြပါစေ။
                                 ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

စွမ်းအင်အဆင့် မြင့်တက်စေမည့် သဘာဝနည်း ငါးသွယ်

မောပန်းပြီး နွမ်းနယ်တာကြောင့် စွမ်းအင်တွေ လျော့ပါးနေရင် အချိန်တို အတွင်း စွမ်းအင် အဆင့် မြင့်တက်လာစေ ဖို့ အောက်ပါ သဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။


(၁) သင်နေထိုင်တဲ့ နေရာအဝန်း အဝိုင်းမှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ ခရမ်း ရောင်တို့လို တောက်ပတဲ့ အရောင်တွေ ရှိနေပါစေ။ ဒီအရောင်တွေ က စိတ်ခံစားမှုကို မြင့်တက်စေပါတယ်။

(၂) တစ်နေ့ ၁၅ မိနစ်ခန့် နံနက်ခင်း နေခြည်နုနုကို ခံယူပါ။ ဒီလို နေခြည်နုနုခံ ယူတာကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာ မင်ဒီနဲ့ ဆီရိုတိုနင်အထွက်တိုးစေပါတယ်။

(၃) လီမွန်သီး၊ လိမ္မော်သီးစတဲ့ အသီးရနံ့ တွေ၊ ပက်ပါးမင့် ပူရှိန်းရနံ့တွေက သင်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက် တွေကို တိုးမြင့်စေနိုင်ပါတယ်။ သင့်လက် ကောက်ဝတ်မှာ ဒီမရှိမဖြစ်အဆီကို တစ် စက်-နှစ်စက် ဆွတ်ပေးပါ။

(၄) ချဉ်ပြီး အေးမြတဲ့ အနံ့အရသာက သင့်ခံတွင်း၊ လည်ချောင်းနဲ့ နှာခေါင်း တစ်လျှောက်ရှိ နာ့ဗ်ကြောတွေကို လှုံ့ဆော် ပေးပြီး
ဦးနှောက်ရဲ့ လုပ်ဆောင် မှုတွေကို ကောင်းမွန်စေပါတယ်။

(၅) ပီကေဝါးတာက ကြွက်သားတင်းအားကို ပြေလျော့စေပြီး သင့်ကို တက်ကြွမှုရှိစေကာ နာ့ဗ်ကြောစနစ်ကို လှုံ့ဆော် ပေးနိုင်စွမ်း ရှိပါတယ်။

မကြာခဏ ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေးပြဿနာများ

လူအများစု ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက် ပါတယ်။

ခြေထောက် ရောင်ရမ်းခြင်း

ခြေဖဝါးနဲ့ ခြေဖမိုးနေရာတွေမှာ တင်းပြီး ရောင်ရမ်းနေတာမျိုးတွေကို အမျိုးသမီးအများစု ကြုံတွေ့ကြ ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် သည်တွေ၊ အဝလွန်ကဲသူတွေနဲ့ ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့် ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာတော့ အဖြစ်
များတတ်ပါတယ်။ နှလုံးသွေးလှည့်ပတ် မှုအားနည်းတဲ့ သူတွေမှာလည်း ခြေထောက် ရောင်တတ်ပါတယ်။ ဖိနပ်အပိတ်တွေ စီးတာနဲ့ အရမ်းကျပ်လွန်းတဲ့ ဖိနပ်တွေကြောင့်လည်း သင့်ခြေထောက်ကို ရောင်ရမ်းစေနိုင်ပါတယ်။

အရေပြားခြောက်သွေ့ခြင်း

လူတိုင်းလိုလို ကြုံတွေ့ကြရတတ်တဲ့ ပြဿနာပါပဲ။ ဆောင်းတွင်းလေကြောင့် ဖြစ်တတ်သလို ပူလွန်းတဲ့ရေနဲ့ ချိုးမိချိန် မျိုးမှာလည်း အရေပြားခြောက်သွေ့ တတ်ပါတယ်။ ထိခိုက်လွယ်တဲ့အရေ ပြားပိုင်ရှင်တွေမှာ အရေပြားခြောက်သွေ့ မှုပိုပြီး ဖြစ်ပေါ်တတ်ပါတယ်။ အာဟာရ ပြည့်ဝစွာ စားသောက်မှုနည်းတာ၊ ရေ သောက်နည်းတာ၊ ဆီးချိုသွေးချိုရောဂါ ရှိတာတွေက ရေဓာတ် ခန်းခြောက်မှုကို ဖြစ်စေပါတယ်။ နှလုံးသွေးကြောကျဉ်းသူ တွေမှာ ခြေဖဝါး၊ ခြေထောက်နဲ့ လက် ချောင်းလေးတွေ ခြောက်သွေ့နေတတ် ပါတယ်။ အရေပြားဆီကို အောက်ဆီဂျင် ရရှိမှုနည်းပြီး အရေပြား ခြောက်သွေ့ကာ တောက်ပမှု ကင်းလာတတ်ပါတယ်။

မျက်လုံးဝါခြင်း

မျက်လုံးဆိုတာ သင့်ကျန်းမာရေးကို ဖော်ပြတဲ့ ပြတင်းပေါက်တစ်ခုပါပဲ။ မျက်လုံး အရောင်ပြောင်းတာက တခြားကျန်း မာရေးပြဿနာ တစ်ခုခုနဲ့ ဆက်စပ်နေနိုင် ပါတယ်။ မျက်လုံးဝါတာက အသည်းရောဂါ တွေနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် မျက်လုံး တွေဝါတာနဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့် ပါတယ်။

အရေပြားတွန့်လာခြင်း

အသက်အရွယ်ကြီးလာလို့ အရေ ပြားမှာ အရေးကြောင်းပေါ်တာက ပုံမှန် ပါပဲ။ အရွယ်မတိုင်ခင် တွန့်တတ်တဲ့ အရေ ပြားကတော့ အမျိုးသမီးအများစုဟာ အရိုးပွရောဂါကြောင့် အဖြစ်များပါတယ်။ အခြေခံအရိုးတည်ဆောက်မှုတွေ ပျက်စီး လာတဲ့အနေအထားပါ။ ဆေးလိပ်သောက် တဲ့အမျိုးသမီးတွေနဲ့ နေရောင်ခြည် ဒဏ်ခံရတဲ့ အမျိုးသမီး အများစုမှာလည်း အရေ ပြားတွေ တွန့်နေတတ်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ကိုယ်ဝန်ဆောင်ချိန်၊ စိတ်ဖိစီးမှုများ ချိန်၊ စိတ်ဓာတ်ကျချိန်၊ ဆေးကုသမှု ခံယူနေချိန်၊ ဟော်မုန်းပြောင်းလဲ ချိန်တွေမှာ ဆံပင်အများဆုံး ကျွတ်တတ်ပါတယ်။ သိုင်းရွိုက်ရောဂါ တွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။

မျက်နှာအရေပြား နီမြန်းခြင်း

နေပူထဲ ထွက်တာကြောင့်ဖြစ်တတ် သလို တချို့တွေမှာ ဘာကြောင့်မှန်း မသိဘဲ မျက်နှာပြင် အထူးသဖြင့် ပါး၊ နဖူး နဲ့ နှာခေါင်းလိုနေရာတွေမှာ နီရဲနေတတ် ကြပါတယ်။ ဝက်ခြံနဲ့ အရေပြားပါးလွှာ တာကြောင့် မျက်နှာပြင်နီရဲနေတတ်ပါ တယ်။ ပူစပ်တဲ့ အစားအစာနဲ့ ဓာတ်မတည့် တဲ့ မျက်နှာလိမ်း ပစ္စည်းတွေကို ရှောင်ပါ။

ခံတွင်းရနံ့ဆိုးခြင်း

ခံတွင်း ကျန်းမာရေးဆိုင်ရာ ပြဿနာ တွေကြောင့်ဖြစ်တတ်သလို အစာခြေစနစ် မကောင်းတာကြောင့်လည်း ခံတွင်း အနံ့ဆိုးထွက်စေပါတယ်။ ခံတွင်းနဲ့ပတ် သက်တဲ့ကျန်းမာရေး ပြဿနာတွေက နှလုံးရောဂါနဲ့လည်း ဆက်စပ်မှုရှိ တာကြောင့် သွားကျန်းမာရေးကို အထူးဂရုစိုက်သင့် ပါတယ်။ သွားဆရာဝန်နဲ့ တိုင်ပင်ပြီး ခံတွင်းစစ်ဆေးမှုကို ပုံမှန်ပြုလုပ်သင့်ပါတယ်။

လက်သည်းကွဲအက်ခြင်း

လက်သည်းတွေကွဲအက်တာက လည်း တခြားကျန်းမာရေး ပြဿနာတွေ များစွာဖြစ်နိုင်ပါတယ်။ ကမ်မီကယ်ပါဝင် တဲ့ ကုန်ပစ္စည်းတွေကို နေ့စဉ်ကိုင်တွယ် ပြီး အလုပ်လုပ်နေရသူတွေ၊ လက်သည်းကို အချိန်မကြာခဏဆိုသလို ပြင်ဆင် တတ်သူတွေနဲ့ ရေကိုင်များသူတွေမှာ လက်သည်းပျက်စီးတတ်ပါတယ်။ တခြား ကျန်းမာရေးပြဿနာတွေအနေနဲ့ ရိုးဆစ် ရောင်ရောဂါ၊ မျိုးရိုးလိုက်တဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ အာဟာရချို့တဲ့မှုတွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်။

တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ

ဆီးအောင့်ရောဂါ အတွက်......

ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ..............

ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........

သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ ဒါဆိုရင် ၈အောင်စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေနွေးပူ ၊ ဆီပူလောင်လျှင် .......

ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)

အညောင်းအကိုက်အတွက်ဆေးတစ်လက်........

အညောင်းသမားတွေအတွက်ပေါ့.... ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက်မသယ်ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။

ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် .........

ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော
သံမနိုင်ရွက်ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း
တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့်
မပျောက်နိုင်ပါ။ သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက်
ကင်းနိုင်သည်နည်းမှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။

အရွက်မှာ ချဉ်သောအရသာရှိပါသည်။
၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍
သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်း
တို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။

၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊
ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်
ဖြစ်ပါသည်။

၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊အသားမှာ
ထူ၍နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊
မင်းကင်းနယ်များတွင်လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင်လည်းကောင်း
ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။
(၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။

လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး.......

ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော
လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံ
သဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။
ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့်
ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။
သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။
ညည်းတွားနေရသည်။

ဆေးနည်း....
ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်
ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီး
သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။

ပုံသဏ္ဍာန်

ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်
ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်
ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။

ကြွက်နို့ ပျောက်ဆေး .......

ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။

ချောင်းဆိုး (တီဘီ)ရောဂါ...ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........

  ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

  Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို

မူးနောက်နောက် (မူးဝေ)ဖြစ်ရခြင်းအကြောင်းရင်းများ

မူးနောက်နောက် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင် တစ်ခုလုံး ချာချာလည်နေ သလိုမျိုး ဖြစ်နေတာပဲ ဖြစ်ဖြစ်၊ အန်ချင် လောက်တဲ့ အထိ မူးနေတာပဲ ဖြစ်ဖြစ်၊ ခေါင်းမူးတာဟာ ဘယ်လိုမှ ခံစားလို့ မကောင်းတဲ့ အရာပါ။ ခေါင်းမူးခြင်းဖြစ်ရခြင်း အကြောင်းရင်းတွေနဲ့ ကျွန်မတို့အနေနဲ့ ဘာလုပ်လို့ရနိုင်သလဲ ဆိုတာကို ကြည့်ရအောင်


(၁) သွေးပေါင်ကျခြင်း

ကိုယ်ဟန်အနေအထားကြောင့် သွေးပေါင်ကျခြင်း Postural Hypotension ဟာ ရုတ်တရက် မတ်တတ်ရပ်လိုက်တဲ့အခါ သွေးပေါင်ခဏ ကျသွားခြင်းကြောင့် ဖြစ်တက်ပါတယ်။ ထိုအခါ ဦးနှောက်ဆီ သွေးအရောက် လျော့သွားခြင်းကြောင့် ခေါင်းမူးရခြင်း ဖြစ်ပါတယ်။
ဘာလုပ်နိုင်မလဲ
မတ်တက်ရပ်လိုက်တိုင်း လိုလို ခေါင်းမူးတက်ပါက သွေးပေါင်ချိန် စစ်ကြည့်သင့်ပါတယ်။ သွေးတိုးရောဂါ ဆေးကုသခံနေရသူ ဆိုရင်လည်း ဆေးပမာဏ ချိန်ဆပေးဖို့ လိုကောင်း လိုနေပါလိမ့်မယ်။

(၂) Meriere's Disease

Meriere ရောဂါဆိုတာ နားအတွင်းခန်း ရောဂါကြောင့် နားလေထွက်ခြင်းနဲ့ မူးဝေခြင်းကို ဖြစ်စေတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ နားအတွင်းခန်းမှာ အရည်တွေ ပိုလျှံလာပါက ချာချာလည်းမူးဝေခြင်းကို ဖြစ်စေတက်ပါတယ်။ တခြား လက္ခဏာရပ်တွေကတော့ မူးခြင်း၊ ပျို့အန်ခြင်း၊ အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်းတို့ပဲ ဖြစ်ပါတယ်။ ရောဂါပြင်းထန်မှု ပမာဏနဲ့ အချိန်ကြာမြင့်မှုက လူတစ်ယောက်နဲ့ တစ်ယောက်ပေါ် မူတည်ပြီး ကွာဟတက် ပေမယ့် အရမ်းမူးဝေခြင်းကြောင့် ထိုင်ချလိုက်ရတဲ့အထိ ဖြစ်တက်ပါတယ်။

ဘာလုပ်နိုင်မလဲ
နားအတွင်းခန်းမှာ အရည်လျှံခြင်းက ပြဿနာဖြစ်တာကြောင့် အဲသလို မဖြစ်ရအောင် စားတဲ့ အစာထဲ ဆားလျှော့စားဖို့၊ ဆီးဆေးသောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလိုနဲ့မှ မရရင် နားထဲက အရည်တွေကို ဆေးရုံမှာ စုပ်ထုတ်လို့လည်း ရပါတယ်။

(၃) ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ခေါင်းကိုက်ခြင်း တစ်မျိုးဖြစ်သလို တစ်ခါတစ်ရံမှာ ခေါင်းမူးခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနဲ့ ဆက်စပ်နေတဲ့ ခေါင်းမူးခြင်းဟာ Meriere ရောဂါနဲ့ လက္ခဏာ အများစု ဆင်တူနေတက် ပေမယ့် အကြားအာရုံတော့ လျော့မသွားတက်ပါဘူး။ ကားမူးခြင်း၊ လေယာဉ်မူးခြင်း၊ သဘောင်္မူးခြင်းတို့လို မူးဝေခြင်းမျိုးက ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်တွေမှာ ပိုဖြစ်ပေါ်တက်ပါတယ်။

ဘာလုပ်နိုင်မလဲ
ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ ခံစားနေရသလို ခေါင်းမူးခြင်းလည်း ဖြစ်ပေါ်တက်ပါက ခေါင်းတစ်ခြမ်းကိုက် ကုဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ပြကြည့်ပါ။

(၄) ရောဂါပိုးဝင်ခြင်း

အဖြစ်အများဆုံးကတော့ Vestibular Neuritis လို့ခေါ်တဲ့ ဗိုင်းရစ်ပိုး တစ်မျိုးကြောင့်ပါ။ ရေယုန်ဖြစ်စေတဲ့ ရောဂါပိုးနဲ့ ခပ်ဆင်ခင်တူပါတယ်။ ဒီရောဂါပိုးတွေက ဦးနှောက်ရှိ Vestibular နာ့ဗ်ကြောတွေပေါ် နှောင့်ယှက်လိုက်တဲ့အခါ နားတစ်ဖက် ရောင်လာတက်ကာ သင့်ကို ဟန်ချက်မညီစေတော့ဘဲ ချာချာလည် မူးဝေစေတက်ပါတယ်။

(၅) BPPV (Benign Proxysmal Positional Vertigo)

ဒီရောဂါဟာ နားအတွင်းခန်းရှိ ကယ်လ်စီယမ် ကာဗွန်နိတ်ကျောက်တွေ ပြုတ်ထွက်ကာ ရွေ့လျားနေခြင်းကြောင့် ဖြစ်တက်ပါတယ်။ ခေါင်းဆောင့်မိတဲ့အခါမျိုးမှာ ဖြစ်တက်ပြီး လှဲလိုက်တဲ့အခါမျိုး၊ ခေါင်းမော့လိုက်တဲ့ အခါမျိုး ဒါမှမဟုတ် ကုန်းလိုက်တဲ့ အခါမျိုးတွေမှာ မူးဝေတက်ပါတယ်။

ဘယ်လုပ်နိုင်မလဲ 
နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးတွေ အနေနဲ့ ကုသပေးနိုင်တာကြောင့် ဆေးရုံသွားပြသင့်ပါတယ်။

တရားထိုင်တဲ့အခါမှာ အတိတ်က အကြောင်း တွေကို ပြန်မြင်ရင် ၀ိပဿနာရှုလို့ရပါသလား။

တရားထိုင်တဲ့အခါမှာ အတိတ်က အကြောင်း
တွေကို ပြန်မြင်ရင် ၀ိပဿနာရှုလို့ရပါသလား။
ဒီမေးခွန်းနဲ့ပတ်သတ်လို့ဖြေဆိုစရာတွေကိုခွဲခြား
ကြည့်ရင်
ဝိပဿနာတရားထိုင်တဲ့အခါ အတိတ်ဘ၀တွေ
ကို မြင်နိုင်ပါသလား။ အတိတ်ဘ၀ကို မြင်တာ
သည် ၀ိပဿနာဉာဏ်နဲ့ဆိုင်ပါသလား။ ၀ိပဿနာ
တရားသည် အတိတ်ကိုရှုလို့ရပါသလားဆိုတဲ့
အမေးတွေကိုတွေ့နိုင်ပါတယ်။
အတိတ်ဘ၀ကို မြင်နိုင်ပါသလားဆိုတာ အတိတ်
ဘ၀ကို မြင်နိုင်ပုံတွေက အများကြီးရှိပါတယ်။
ပုဗ္ဗေနိဝါသာနုဿတိအဘိဉာဏ်ရလို့ရှေးဘဝ
တွေမှာ နေခဲ့ဖူးတဲ့ ခန္ဓာအစဉ် အမျိုးအနွယ်
အမည်နာမ စတာတွေကို မြင်နိုင်တာမျိုးလည်း
ရှိပါတယ်။ ဒါကဘုရားရှင်ရဲ့ဉာဏ်တော်ကြီးထဲ
မှာပါဝင်ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့အစွမ်းတစ်မျိုးမျိုး
ကြောင့် အတိတ်ဘ၀က အကြောင်းတွေကို
မြင်နိုင်တာမျိုးလည်းရှိပါတယ်။ အတိတ်ဘဝ
ကမြှုပ်ထားတဲ့ရွှေအိုးတွေကို ဖော်ထုတ်ပြနိုင်
တာမျိုးလို စာပေမှာပါရှိပါတယ်။ တခြားတခြား
လူများ ကူညီလို့ အတိတ်အကြောင်းသိနိုင်တဲ့
သာဓကတွေလည်းများစွာရှိပါတယ်။
ကိုယ်ပိုင်စွမ်းအားတစ်မျိုးမျိုးနဲ့သိနိုင်တာလည်း
ရှိပါသေးတယ်။ အတိတ်အကြောင်းကို သာမန်
အမှတ်ရလို့ သိတာမျိုး ဘုရားရှင်တို့ရဲ့ဉာဏ်
တော်ကြီးတွေနဲ့သိတာမျိုးတွေလည်းရှိပါတယ်။
ကိုယ်ပိုင်စွမ်းအားဆိုတာကလည်း ပင်ကိုယ်
မွေးရာပါအသိမျိုး ဇာတိဿရဉာဏ်လို့ခေါ်တဲ့
လူဝင်စားအသိမျိုးဖြစ်ရှိပါတယ်။ အမှတ်သညာ
နဲ့သတိအားကောင်းခဲ့မူတွေပါ။ ဒါမှမဟုတ်မိမိရဲ့
စိတ်ကိုဖုံးလွှမ်းကာဆီးထားတဲ့နီဝရဏတွေ လို
ချင်မှုကာမစ္ဆန္ဒ၊ အလိုမကျမှုဗျာပါဒ၊ အိပ်ချင်
ငိုက်မျဉ်းမှု ထိနမိဒ္ဓ၊ ပျံ့လွင့်မှု ဥဒ္ဓစ္စ၊ ပူပန်မှု
ကုက္ကုစ္စ၊ သံသယရှိမှု ၀ိစိကိစ္ဆာ၊ မသိမှု အ၀ိဇ္ဇာ
ဆိုတဲ့ အတားအဆီးတွေမရှိတဲ့အခိုက်မှာလည်း
မြင်နိုင်ပါတယ်။
ဒီလိုမြင်မှုတွေဟာ မျက်စိမှိတ်နေလည်းမြင်နိုင်
ပါတယ်။ မျက်စိဖွင်ထားလည်းမြင်နိုင်ပါတယ်။
နောက်တစ်မျိုးက အတိတ်ဘ၀အကြောင်းတွေ
ကို မစဉ်းစားလိုက်ရဘဲ အလိုလိုဆိုသလိုပေါ်
လာလို့ သိလိုက်၊ မြင်လိုက်ရတာရယ်၊ စဉ်းစား
လို့ပေါ်တာရယ်ရှိပါသေးတယ်။ ဒါကတော့သတိ
အမှတ်ရမှု အားကောင်းခဲ့လို့ သညာမှတ်သားမှု
က အားကြီးခဲ့လို့ပါပဲ။
မစဉ်းစားလိုက်ရဘဲ အလိုလိုဆိုတာက ဗုဒ္ဓတရား
တော်မှာ ဒီအယူအဆမျိုးကို လက်မခံပါဘူး။
ဘာကြောင့်ဆိုတာ မသိလို့သာ အလိုလိုလို့ဆိုရ
ပေမယ့် အကြောင်းတရားကင်းပြီးပေါ်လာတယ်
ဆိုတာ မရှိပါဘူး။
အတိတ်ဘ၀သံသရာအစဉ်မှာ မမြင်ဖူး၊ မတွေ့ဖူး
ခဲ့တာဟာ နိဗ္ဗာန်တစ်ခုပါပဲလို့ ပြောနိုင်ပါတယ်။
ကျန်တဲ့အာရုံမျိုးစုံတွေက တွေ့ခဲ့ဖူးပါတယ်။
ဘာလို့လဲဆိုတော့ လောကသံသရာအတွင်းကြိမ်
ဖန်များစွာ ကျင်လည်ခဲ့ရတဲ့ တွေ့ကြုံခဲ့ရတဲ့အာရုံ
တွေကို သညာမှတ်သားမှု သတိအမှတ်ရမှုတွေနဲ့
စုဆောင်းခဲ့တဲ့အာရုံပုံရိပ်ဟာ အကြောင်းဆုံလို့
ပြန်ပေါ်ခွင့်ရှိတာနဲ့တစ်ပြိုင်နက် ပေါ်လာကြတဲ့
သဘောပါ။ ဒီသဘောကို မသိလို့သာ မစဉ်းစား
ဘဲ အလိုလိုပေါ်တယ်လို့ဆိုကြပါတယ်။
စဉ်းစားလို့အာရုံတွေပြန်ပေါ်တာလည်းရှိတတ်ပါ
တယ်။ အခုစာဖတ်သူအနေနဲ့ပြောကြပါစို့။ ငယ်
ရွယ်စဉ်က သင်္ကြန်အခါနီးပြီဆိုရင် ပျော်ချင်ပါး
ချင်တဲ့စိတ်ဖြစ်ဖူးပါတယ်။ ပျော်လည်းပျော်ခဲ့ဖူး
ကြပါတယ်။
ဒီလိုဆိုတော့ အတိတ်သင်္ကြန်ကိုပြန်ပြီးအမှတ်
ရသွားပါတယ်။ အဲဒီတုန်းက သညာနဲ့မှတ်သား
ခဲ့တဲ့အာရုံအမှတ်အသားတွေဟာ ပြန်ပေါ်လာ
ပါတယ်။ အာရုံတွေအမျိုးမျိုးဟာ အရင်တွေ့ကြုံ
ဖူးတဲ့အတိုင်းတစ်သွေမတိမ်းပုံစံတူပြန်ပေါ်လာ
ပါတယ်။ မိမိရဲ့စိတ်ကလည်းဒီအာရုံတွေကိုပြန်
မြင်ပြီး အဲဒီတုန်းကစိတ်မျိုးပြန်ဖြစ်သွားပါတယ်။
အဲဒီတုန်းကအသက်အရွယ်၊ အခြေအနေ၊ ပတ်
ဝန်းကျင်ကိုပဲ လက်ခံပြီးပြုံးစရာတွေကြုံရင်ပြန်
ပြီး ပြုံးမိပါတယ်။ ကြေကွဲစရာတွေပေါ်ရင်လည်း
ပြန်ပြီးကြေကွဲမိပါတယ်။ အတိတ်အာရုံတွေဆို
တာကို အသိမကပ်နိုင်တော့ပါဘူး။
ဒါကစဉ်းစားလို့အတိတ်ဘ၀အာရုံပေါ်တဲ့သဘော
ပြောတာပါ။ အဖေနဲ့အမေကိုစဉ်းစားရင် အဖေနဲ့
အမေရဲ့အာရုံတွေဟာ အရင်ကမှတ်သားခဲ့တဲ့
အတိုင်း ပြန်ပေါ်ပါတယ်။ မိမိစဉ်းစားချင်ရာတွေ
စဉ်းစားပြီး စမြုံ့ပြန်လို့လည်းရနိုင်ပါတယ်။
ဒါဟာ စဉ်းစားလို့အတိတ်ကိုမြင်တဲ့သဘောပါ။
ဒါ့အပြင်အရင်က ငါရှင်ဘုရင်ဖြစ်ခဲ့ဖူးတယ်နဲ့
တူတယ်ဆိုတဲ့စိတ်၊ ကိုယ်ကိုယ်တိုင်မသိလိုက်
တဲ့စိတ်က ပုံဖော်ပေးမှုကြောင့် ရှင်ဘုရင်နဲ့မိမိ
ကိုယ်မိမိပြန်မြင်တာမျိုးတွေ၊ ပုံစံအမျိုးမျိုး
အကြောင်းအရာအမျိုးမျိုးတွေကို စိတ်ကူးနဲ့
ပုံဖော်မှုတွေလည်း ရှိသေးတယ်ဆိုတာနား
လည်ထားစေချင်ပါသေးတယ်။
ဒါကအတိတ်အကြောင်းကိုသာမန်အမှတ်ရလို့
သိတာမျိုးနဲ့သက်ဆိုင်တဲ့သဘောတွေပါ။
ဗုဒ္ဓဘုရားရှင်ရဲ့သဗ္ဗညုတဉာဏ်၊ ပုဗ္ဗေနိဝါသာ
နုဿတိဉာဏ်တော်ကြီးနဲ့သိမြင်တာကတော့
အဆင့်မြင့်လွန်းပါတယ်။ အမှန်အတိုင်းလည်း
သိမြင်ပါတယ်။
တချို့တွေသိမြင်တာက အဆင့်နိမ့်တာတွေ
လည်းရှိပါတယ်။ မမှန်ကန်ဘဲစိတ်အထင်နဲ့
မြင်တာမျိုးတွေလည်း ရှိပါတယ်။
အဆင့်နိမ့်အတိတ်ဘ၀မြင်မှုဆိုတာ အချိန်ကာလ
အားဖြင့်နောက်ပြန်ရေတွက်ရင် ကမ္ဘာလေးဆယ်
ကိုမြင်နိုင်ကြပါတယ်။ တစ်ကမ္ဘာမှာဘ၀ပေါင်း
ဘယ်လောက်နေခဲ့ရတယ်ဆိုတာက မရေမတွက်
နိုင်အောင် အကြိမ်ပေါင်းများပြားလှပါတယ်။
ကမ္ဘာလေးဆယ်ရဲ့ဘ၀ပေါင်းဆိုရင်စဉ်းစားသာ
ကြည့်ပါ။
ဒီလောက်များတဲ့ ဘ၀ပေါင်းကိုမြင်တွေ့နိုင်တဲ့
အသိဉာဏ်သည်ပင်လျှင် အဆင့်နိမ့်လွန်းပါတယ်
တဲ့။ ဘာလို့လဲဆိုတော့ အယူဖြောင့်မှန်မှုမရှိကြ
သေးတဲ့ ပုဂ္ဂိုလ်တွေသည်ပင် အဲဒီလောက်ကမ္ဘာ
လေးဆယ်ထိပြန်မြင်နိုင်ပါတယ်တဲ့။
ဒါကအတိတ်ဘ၀ကိုပြန်မြင်နိုင်တာနဲ့ပတ်သတ်
လို့ရှင်းပြဖြေပြတာပါ။
ဘာဝနာတရားအားထုတ်တဲ့အခါမှာ အတိတ်ဘဝ
ကိုမြင်ရင်လည်း မြင်နိုင်တယ်။ မမြင်ရင်လည်း
မမြင်နိုင်ပါဘူး။ မြင်ပြန်တော့လည်းမှန်ရင်လည်း
မှန်နိုင်တယ်။ မမှန်ရင်လည်းမမှန်နိုင်တော့ပါဘူး။
ဝိပဿနာအားမထုတ်သူတွေလည်းဒီသဘောမျိုး
ပါပဲ။ မြင်တဲ့သူလည်းမြင်တယ်။ မမြင်တဲ့သူလည်း
မမြင်ပါဘူး။
နောက်ထပ်အတိတ်ဘ၀ကို မြင်တာသည်ဝိပဿနာ
ဉာဏ်နဲ့ဆိုင်ပါသလားဆိုတာကိုရှင်းပြပါဦးမယ်။
အတိတ်ဘ၀ကအတိတ်အာရုံဆိုတာ ပုံသဏ္ဍာန်
အရွယ်အစား၊ အရောင်အဆင်းဆိုတာတွေပါဝင်
နေပါတယ်။ ဟိုတုန်းကဆိုတဲ့အတိတ်ကာလ
အချိန်တွေပါဝင်နေပါတယ်။ သတ္တ၀ါပညတ်အာရုံ
တွေဖြစ်နေတဲ့ ဒီအာရုံတွေကို မြင်နေသမျှ၊ စွဲယူ
ထားသမျှ၊ ပရမတ်အာရုံ၊ ရုပ်နာမ်အာရုံတစ်ခုခု
ဟာ မထင်ရှားနိုင်မပေါ်နိုင်ပါဘူး။ ဉာဏ်မှာလည်း
မမြင်နိုင်ပါဘူး။
အတိတ်ပညတ်အာရုံတွေကို မြင်နေတဲ့အခိုက်
ဝိပဿနာဉာဏ်ကို နီဝရဏကိလေသာတစ်ခုခု
က ဖုံးထားပြီး ပရမတ်အာရုံကို ပညတ်အာရုံက
ကာထားကွယ်ထားလိုက်ပါပြီ။ ၀ိပဿနာဉာဏ်
မဖြစ်နိုင်တော့ပါ။ အတိတ်အာရုံကောင်းကိုပြန်
တွေ့ပြီး လောဘကိလေသာ၊ အတိတ်အာရုံ
မကောင်းကို အာရုံပြုပြီး ဒေါသကိလေသာ၊
အတိတ်အာရုံရဲ့သဘောကို သေချာမသိနိုင်တဲ့
မောဟကိလေသာဆိုတာတွေဖြစ်နေတတ်ပါ
တယ်။
အကြောင်းတိုက်ဆိုင်လို့ အတိတ်အာရုံပေါ်ခဲ့ရင်
လည်း အာရုံကောင်းကို လောဘအဖြစ်မခံဘဲ
သံဝေဂဉာဏ်၊ အာရုံမကောင်းကို ဒေါသအဖြစ်
မခံဘဲ သံဝေဂဉာဏ်ရဖို့အရေးကြီးပါတယ်။
သံဝေဂဉာဏ်ရပြီဆိုရင် မသိမှုမောဟလည်း
ခဏခွာပြေးနေပါတယ်။
သံဝေဂဉာဏ်ဆိုတာ သံသရာအကြောင်းတွေကို
သိမြင်ပြီး ဉာဏ်ပါတဲ့ ထိတ်လန့်မှုကိုခေါ်တာပါ။
သံသရာကိုကြောက်စိတ်၊ ကိလေသာတွေကို
ရွံမုန်းစိတ်တွေအားကောင်းလာတဲ့ဉာဏ်ကိုခေါ်
ပါတယ်။
အတိတ်ဘ၀ကိုမြင်ရင် သံဝေဂဉာဏ်မျိုးတော့
ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့ကလည်း အတိတ်ကိုမြင်
တာနဲ့ပတ်သတ်လို့ သဘောကျဝမ်းသာ သူများ
တွေထက် ငါကသာတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး
တွေ မရှိမှသာ သံဝေဂဉာဏ်ပေါ်နိုင်ပါတယ်။
သံသရာကြောက်စိတ်၊ ကိလေသာရွံမုန်းစိတ်
သံဝေဂဉာဏ်အစစ်ရပြီဆိုရင် ၀ိပဿနာဉာဏ်
အတွက် အထောက်အကူကောင်းရပါပြီ။
ဝိပဿနာဉာဏ်ချက်ချင်းဆိုသလိုပေါ်လာနိုင်
ပါပြီ။
ဒါကအတိတ်ဘ၀ကိုမြင်တာသည် ၀ိပဿနာ
ဉာဏ်နဲ့ဆိုင်ပါသလားဆိုတာကို ရှင်းပြတာပါ။
နောက်တစ်ခု ၀ိပဿနာတရားသည် အတိတ်
ကို ရှုလို့ရပါသလားဆိုတဲ့အမေးပါ။
အခုလောက်ရှင်းပြခဲ့တာနဲ့ပဲ အဖြေထွက်လောက်
ပါပြီ။ ဒါပေမယ့် ထပ်ရှင်းပြပါဦးမယ်။
အတိတ် ပစ္စုပ္ပန် အနာဂတ် အာရုံသုံးမျိုးစလုံးကို
ရှုလို့ရတယ်လို့လည်း ယူဆကြပါတယ်။
ဝိပဿနာရဲ့အာရုံဟာ ပစ္စုပ္ပန်လို့သာလက်ခံတာ
လည်းရှိကြပါတယ်။
ဝိပဿနာဉာဏ်ဟာ ရုပ်အာရုံ၊ ဒါမှမဟုတ် နာမ်
အာရုံတစ်ခုခုကိုသာ အာရုံပြုပါတယ်။ လောကီ
ပရမတ်အာရုံရဲ့သဘောကိုသာ သိပါတယ်။
အတိတ်ကအကြောင်းအရာတွေပြန်ပြီးပေါ်လာ
တဲ့အခိုက် ဒီအာရုံတွေဟာ မှတ်သားခဲ့ဖူးတဲ့
သညာ၊ အမှတ်ရလိုက်တဲ့သတိကြောင့်ပေါ်လာ
တဲ့ အတိတ်အာရုံ၊ အတိတ်အကြောင်းအရာတွေ
ပါ။
အတိတ်အာရုံ၊ အတိတ်အကြောင်းအရာတွေဆို
ပေမယ့် အတိတ်နဲ့ပုံတူပေါ်လာတဲ့ပစ္စုပ္ပန်ရှုစိတ်
သိစိတ်နဲ့ပြိုင်တူစိတ်တစ်ခဏတိုင်းမှာဖြစ်နေကြ
တဲ့ အာရုံပါ။
နားလည်အောင်ပြောရင် အတိတ်ပုံတူ ပစ္စုပ္ပန်
အာရုံပါ။
အနာဂတ်အာရုံ၊ အနာဂတ်အကြောင်းအရာတွေ
ကို စဉ်းစားတွေးတောတဲ့အခါမှာလည်းအနာဂတ်
အာရုံတွေဟာ ပေါ်လာနိုင်ပါတယ်။
မရောက်လာသေးတဲ့ အနာဂတ်အချိန်ရဲ့ဖြစ်လို
တဲ့ အာရုံ၊ ဖြစ်နိုင်တဲ့အာရုံတွေကိုတွေးလို့ပေါ်
လာတဲ့အခိုက်ဒီအနာဂတ်အကြောင်းအရာတွေ
ဟာ အနာဂတ်ပုံတူပစ္စုပ္ပန်အာရုံတွေပါပဲ။ ဒီအာရုံ
တွေကို သိနေတဲ့စိတ်၊ ရှုနေရင်လည်း ရှုစိတ်သည်
ပင် ပစ္စုပ္ပန်ရှုစိတ်ဖြစ်နေပါတယ်။ ဒီသိစိတ်၊ ရှုစိတ်
နဲ့ တစ်ချိန်တည်း အသိခံ၊ အရှုခံ အာရုံဖြစ်နေလို့
အနာဂတ်ပုံတူပစ္စုပ္ပန်အာရုံလို့ပြောတာပါ။
အတိတ်၊ အနာဂတ် ဘယ်လိုအာရုံတွေ၊ ဘယ်လို
အကြောင်းအရာတွေပဲပေါ်ပေါ် ရှုစိတ်၊ အရှုခံ
အာရုံဟာ ပစ္စုပ္ပန်အချိန်တိုင်း အချိန်တိုင်းမှာ
ပြိုင်တူ ဖြစ်ပေါ်နေကြတာကို သဘောပေါက်
ဖို့ အရေးကြီးပါတယ်။
သဘောပေါက်ရင် ၀ိပဿနာတရားသည်အတိတ်
ကို ရှုလို့ရနိုင်ပါသလားဆိုတဲ့အမေးရဲ့အဖြေဟာ
နားလည်သွားပါပြီ။
ဒီမေးခွန်းကြီးရဲ့အဖြေတွေဟာ နက်နဲသိမ်မွေ့
ပါတယ်။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစတဲ့
အထောက်အထားတွေနဲ့ကျမ်းကြီးတစ်စောင်
ရေးဖွဲ့ဖို့ဆန္ဒရှိထားပါတယ်။
ဒါပေမယ့်ကျမ်းစာအုပ်ငယ်ဆိုတာကို လိုက်ပြီး
နားလည်လောက်တဲ့ စကားတွေနဲ့သာ အထောက်
အထားမှန်ကန်စွာ ဖြေပေးလိုက်ပါတယ်။
ဝိပဿနာဉာဏ်နဲ့အရှုခံအာရုံရဲ့သဘောတွေကို
နားလည်နိုင်ကြပါစေ။
ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာတရားသင်တန်းအမေးအဖြေများ(၂)

Friday, October 17, 2014

အထိရောက်ဆုံး ကျား မ မရွေး ဆီကျ ၊ ပိန် ၊ ကျစ် စေနည်း

ဒီနည်းလေးဟာ အင်မတန်မှလွယ်ကူပြီး အဆီကျဖို့ ပိုမိုထိရောက်တဲ့ သဘာဝနည်းလေးတစ်ခုပါ။

တစ်နေ့ သုံးကြိမ်သောက်သုံးရုံဖြင့် ၅ရက်အတွင်း အာနိသင်ပြနိုင်မှာဖြစ်ပြီး အဆီတွေကို သဘာဝနည်းနဲ့ ကျစေတဲ့ နည်းလေးမို့ မနုဿ က အားလုံးအတွက် တင်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ - ပျားရည်စစ်စစ်ရယ်၊ ရှာလကာရည်အဖြူရယ် နှစ်မျိုးတည်းပါပဲ ။

အသုံးပြုနည်းကတော့ -

ဆေးတစ်ဖုံစာအတွက် ရှာလကာရည် ၄ဇွန်း ၊ ပျားရည် ၁ ဇွန်း ( 4 :1 လက်ဘက်ရည်ဇွန်းဖြင့် ချိန်တွယ်ပါ ။ )

သောက်သုံးချိန်တွေကတော့ - မနက်စာ မစားခင် တစ်ဖုံသောက်သုံးပေးပါ။

နေ့လည်စာ စားပြီး တစ်ဖုံသောက်ပေးပါ။

ညစာ စားပြီးချိန်တွင် တစ်ဖုံသောက်ပေးပါ။

တစ်ချို့တွေကတော့ အရသာမကြိုက်တာတွေဘာတွေ ရှိတတ်ကြပါတယ်။

ဒါပေမဲ့ ပိန်ချင်လှချင်သူတွေအတွက် သည်းခံပြီးသောက်သုံးပေးကြပါနော်။

သူငယ်ချင်းတစ်ယောက်ဆိုရင် တစ်လအတွင်း ၄ ပေါင် ၅ ပေါင်လောက်ကျသွားတယ်ဆိုပဲ။

အားလုံး စမ်းကြည့်လိုက်ကြနော်။ မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း ဆက်လက်ဝေမျှပေးလိုက်ပါဦးနော်။

ပိန်လို့လှသွားရင် ဟောဒီက မနုဿ ကိုလည်းမမေ့နဲ့နော်။

ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပေးလိုက်ပါသည်။

ချစ်တဲ့ ....မနုဿ
Credit: မနုဿ ရဲ့ စာမျက်နှာလေးများ

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း

ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝပျားရည်စစ်စစ် (တစ်နှစ်ကျော်ထားသည့် ပျားရည်အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀လာစေနိုင်ပါသည်။ သံပရာသီးအခွံပါသည့်အတွက် အရသာအနည်းငယ် ခါးနေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်သောက်ပါ။ သကြားမထည့်ရပါ။ အစာအိမ်သမားများ မသောက်သင့်ပါ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

ဘုရားဂုဏ်တော် (၉) ပါး၊ တရားဂုဏ်တော် (၆) ပါး၊ သံဃာ့ဂုဏ်တော် (၉) ပါး



ဘုရားဂုဏ်တော် (၉) ပါး
အရဟံ၊ သမ္မာသမ္ဗုဒ္ဓေါ၊ ဝိဇ္ဇာစရဏ သမ္ပန္နော၊ သုဂတော၊ လောကဝိဒူ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊ သတ္ထာဒေဝ မနုဿာနံ၊ ဗုဒ္ဓေါ၊ ဘဂဝါ။

(၁) အရဟံ= လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း။
(၅) လောက၀ိဒူ = သတ္တလောက သင်္ခါရလောက သြကာသလောက တည်းဟူသော လောကကြီးသုံးပါးကို သိခြင်း။
(၆) အနုတ္တရောပုရိသဒမ္မသာရထိ = လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ = သစ္စာတရားလေးပါးကို သိခြင်း၊
(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆) ပါး

သွာက္ခာတော ဘဂ၀တော ဓမ္မော၊ သန္နိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ သြပနေယျိကော၊ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ။

(၁) သွာက္ခာတ = ဘုရားရှင်ကိုယ်တိုင်ဟောခြင်း။
(၂) သန္နိဋ္ဌိကာ = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း
(၃)အကာလိက = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄) ဧဟိပဿိက = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅) သြပနေယျိက = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာ့ဂုဏ်တော် (၉) ပါး

သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော၊ ယိဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂ၀တော သာဝကသံဃော၊ အာဟုနေယျော၊ ပါဟုနေယျော၊ ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊ အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

(၁) သုပ္ပဋိပန္န = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဥဇုပ္ပဋိပန္န = ဖြောင့်မတ်စွာကျင့်ကြံခြင်း
(၃) ဉာယပ္ပဋိပန္န = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) သာမီစိပ္ပဋိပန္န = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) အာဟုနေယျ = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ပါဟုနေယျ= ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇) ဒက္ခိဏေယျ = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။
(၈) အဉ္ဇလိကရဏီယျ = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) အနုတ္တရံ ပုညက္ခေတ္တ = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း

ပြုံးစိစိ ဖတ်စာ

ထူးဆန်းတဲ့ သတင်း သုံးပုဒ်

၁ ။ ဘာသာပြန် ညံ့ဖျင်း
အမေရိကန် သမ္မတ အိုဗားမား ရဲ့ သမိုင်းဝင် မိန့်ခွန်းကို ဘာသာအသီး သီး ပြန်ဆိုရာမှာ မြန်မာဘာသာပြန်က ပြန်ဆိုပုံ၊ ဝါကျဖွဲ့စည်းပုံ၊ ဝိဘတ် ထားပုံ၊ သတ်ပုံ၊ ချောမောခြင်း မရှိပုံ စသဖြင့် စသဖြင့် စသဖြင့် အလွန် ညံ့ဖျင်း ကြောင်း မြန်မာစာ တစ်လုံးမှ မတတ်သည့် အမေရိကန်တို့က ထောက်ပြ ဝေဖန်နေကြကြောင်း သိရပါတယ်။ မြန်မာတွေကတော့ သည်းခံတတ်သူများ ပီပီ ဘာမှ မပြောကြပါ။


၂ ။ သူများတို့ကို ပြောရောပေါ့
နာမည်ကြီး ( တအားကြီးတာ ) တရားပွဲ တစ်ပွဲကနေ
အပြန် မိတ်ကပ် အ ထူးကျွမ်းကျင် ပညာရှင်တစ်ယောက်က စုပ် တသပ်သပ်နဲ့ ဒီလို ပြောပါသတဲ့

" သူများတို့ကို ပြောရောပေါ့၊ မလုပ်တတ်ဘဲ လျှောက်လုပ်ပေးထားကြတယ်၊ ဒါမျိုးဆို........................... "

ဘယ်သူရဲ့ မိတ်ကပ်ပြင်ဆင်မှုကို အားမလို အားမရဖြစ်လို့ ပြောတာလဲ ဆို တာတော့ ဒီသတင်း ရေးပြီးချိန်အထိ မသိရပါ။ ရှေ့ဆုံးအတန်းမှာ ထိုင်ရင်း တရားနာနေတဲ့ မင်းသမီးတစ်ယောက်ကို မြင်ပြီး ပြောတာ ဖြစ်ကောင်းပါရဲ့ လို့ ဗုဒ္ဓဘာသာတွေက ဆုတောင်းနေကြပါသတဲ့။

၃ ။ သောင်းငွေ လား နီလာသောင်း လား
မြန်မာ နိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင် နှစ်ယောက်နာမည်ကို ကြည့်ရာ သန်းရွှေ ( သင်္ချာ အရေအတွက် ၊ ရတနာ ၇ ပါး အမည် ) သိန်းစိန် ( သင်္ချာ အရေအတွက်၊ ရတနာ ၇ ပါး အမည် ) တူနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နောက်တက်လာမယ့် ခေါင်းဆောင်ဟာ ဒီပက်တန်အတိုင်း သွားမယ်ဆိုရင် ယောက်ျားဖြစ်က " သောင်းငွေ " အမျိုးသမီးဖြစ်က " နီ လာသောင်း " ဖြစ်နိုင်တယ်လို့ ချဲဂဏန်း ပညာရှင်များ အဖွဲ့က ခန့် မှန်းနေကြကြောင်း သိရပါတယ်။
 **************

  ပါလီမန် လွှတ်တော်မှ ထုတ်ပြန် ကြေငြာချက်

 ၁ ။ လျှပ်စစ်မီးကိစ္စ
လျှပ်စစ်မီးများ ပျက်ခြင်းသည် အစိုးရနှင့် မဆိုင်၊ ထရန်စဖော်မာပုံး များနှင့်သာဆိုင်သည်။ ထို့ကြောင့် လျှပ်စစ်မီးပျက်ခဲ့သော် ထရန်စဖော်မာပုံး နှင့်အနီးဆုံးတွင်ရှိသော တာဝန်သိ ပြည်သူတစ်ယောက်ယောက်က ( မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ) ထရန်စဖော်မာပုံးကို ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ပေးရန်လိုအပ်ပါသည်။  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ဟူသည်  ခြေထောက်ဖြင့် ခပ်နာနာလေး ကန်၊ တုတ် စသည်ဖြင့် မရိုက်ရဟု ဆိုလိုသည်။ ထိုသို့ ကန်လိုက်ခြင်းကြောင့် ခြေထောက်မှာ ဒဏ်ရာရသော် ဆေးဖိုးဝါးခ လိုအပ်သည်ထက် ပိုမတောင်းရန်  ထရန်စဖော်မာပုံးများ နှင့် နီးသော ဆေးရုံ ဆေးခန်းများကို အမိန့်စာ ထုတ်ပေးပြီးဖြစ်သဖြင့် ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မလို။

၂ ။ လျှပ်စစ်ပစ္စည်းများ မသုံးစွဲရန်
လွှတ်တော်ပါလီမန်ထဲ၌ အရေးတကြီးကိစ္စများ ဆွေးနွေးရာ လွှတ်တော်ပါလီမန်အတွင်းရှိ နဗီဂိတ်တာများ၏ ဆစ်ဂနယ်များ ရောထွေးသွားနိုင်သဖြင့် ပြည်သူများ အနေနှင့် ဆဲလ်ဖုန်း၊ ကွန်ပျူတာ အင်တာနက် စသည့် လျှပ်စစ်ပစ္စည်းများ မသုံးစွဲကြရန် မေတ္တာရပ်ခံလိုက်သည်။ ထိုသို့သော အပြုအမူတို့ကြောင့် ပါလီမန်၏ ဆုံးဖြတ်ချက်များ နှောင့်နှေးစေနိုင်သည်ဟု မြန်မာ့ ပညာရှင်တို့ တွေ့ရှိခဲ့ရသည်။ မနေ့က သမ္မတရုံးသို့ ပို့လိုက်နိုင်သော ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေအတည်ပြုချက်သည် မီးဖြတ်ပြီး လျှပ်စစ်ပစ္စည်း သုံးစွဲမှု ရပ်တန့်လိုက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

၃ ။ စကားလုံးကြီးများ မသုံးစွဲရန်
နိုင်ငံတော်၏ ဒီမိုကရေစီသည် နုနု နယ်နယ်သာ ရှိသေးသည်။ ထို့ကြောင့် သုံးစွဲသူကိုယ်တိုင် မနိုင်မနင်း မ ယူနေရသည့် မဏ္ဍိုင် မဏ္ဍပ် မဟာဗျူဟာ စူဠဗျူဟာ စသောပါဠိသက် မြန်မာ ဝေါဟာရများ၊ ဟူးမင်းရိုက် ဟျူမီလီယေးရှင်းရိုက်၊ စထရက်ဒဂျီ ထရက်ဂျဒီ စသော အင်္ဂလိပ်  ဝေါဟာရများဖြင့် ပစ်ပေါက်၍ မကစားကြရန်၊ အထူးသဖြင့် သမ္မတကြီးကို မျက်ရည်ယိုစေသော ပေါက်တတ်ကရ မေးခွန်းများ မမေးကြရန်ဖြစ်သည်။ နိုင်ငံအတွက် မျက်ရည်ကျရသော ခေါင်းဆောင်များတွင် အေဗရာဟင် လင်ကွန်း၊ တိန်ရှောက်ဖိန်တို့မှအစ လီကွမ်းယု အထိပါဝင်ကြောင်းသိရသည်။ နောက်နောင် မျက်ရည်ယိုမေးခွန်း မေးပါက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် တားမြစ်မည်ဖြစ်သည်။

၎ ။ အလုပ်လက်မဲ့ ပြဿနာ
တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော ဤ  ပြဿနာကို စစ်အစိုးရ လက်ထက်ကတည်းက အမျှော်အမြင်ကြီးစွာ ဖြေရှင်းနိုင်ခဲ့သည်။ ဥပမာ ကားလမ်းများ ညီညွတ်နေလျှင် မိုးရွာအပြီး ရေများက သူ့ အလိုလို အောက်စီးသွားသဖြင့် မည်သူမှ အလုပ်မရနိုင်တော့။ ယခုမူ အမျှော်အမြင်ကြီးစွာ မညီအောင်လုပ်ထားသဖြင့် မိုးရွာအပြီး တံမြက်စည်းများဖြင့် လှဲကျင်းပေးရသည်။ ထို့ကြောင့် စည်ပင်သာယာ ဝန်ထမ်းများစွာကို အလုပ်ပေးထားနိုင်ခဲ့သည်။

ဤသို့သော စီးပွားရေး ပညာရှင်အချို့နှင့် ဖွဲ့စည်းထားသော အစိုးရကို ပိုင်ဆိုင်ထားသော မြန်မာပြည်သူများ အနေနှင့် ကံကောင်းသည်ဟု ဆိုနိုင်ပြီး ဉာဏ်ရှိသရွေ့တော့ ပြည်သူ့တာဝန်ကို  ဘယ်သူမှ မပေးဘဲ ကိုယ်ဘာသာကိုယ် လွှတ်တော်အမတ် ရာခိုင်နှုန်းများများ ယူပြီး အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု သံဓိဋ္ဌာန်ပြုကြသည် ။

 လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်
" ကျနော့် အဖိုးအလိုအရ လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက သူနဲ့ သဘောထားခြင်းတိုက်ဆိုင်တဲ့ လူ နောက် တစ်မျိုးက သူနဲ့ သဘောထားခြင်းမတိုက်ဆိုင်တဲ့ လူ " ( အမည်မသိ )

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက လူကောင်း၊ နောက် တစ်မျိုးက လူဆိုး။ လူကောင်းက ကောင်းကောင်း အိပ်ရပြီး လူဆိုးက လမ်းပေါ်မှာ လူကောင်းထက် ပို ပျော်ရတယ် " (Woody Allen).

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်၊ တစ်မျိုးက လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ် ဆိုတာကို ယုံကြည်သူနဲ့ နောက် တစ်မျိုးက ဒါကို မယုံကြည်သူ " (Robert Benchley ).

" လောကကြီးမှာ လူ နှစ်မျိုးပဲ ရှိတယ်။ ခု တစ်မျိုးနဲ့ တော်ကြာ တစ်မျိုး " ( မြန်မာကာတွန်းတစ်ကွက်၊ ဆောရီး၊ ဆရာ့နာမည် မမှတ်မိ )

မြန်မာနိုင်ငံ၏ သမ္မတများ


၁။စ၀်ရွှေသိုက်(၁၈၉၆-၁၉၆၂)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပထမဆုံး သမ္မတ အဖြစ် လူသိများ လေသည်။ သမ္မတတာဝန်ကို (၄.၁.၁၉၄၈)မှ (၁၆.၃.၁၉၅၂)ထိ ထမ်းဆောင်ခဲ့ သည်။စ၀်ရွှေသိုက်ကို ၁၈၉၆ခု အောက်တိုဘာလ ၁၆ရက် သောကြာနေ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့ အဖ
စ၀်ချုံ၊အမိ ဒေါ်စ၀်နန်းဆာတို့မှ ဖွားမြင်သည်။
ငယ်အမည်မှာ စပ်ရွှေဆိုက် ဖြစ်ကာ ရှမ်းတိုင်းရင်းသားဖြစ်လေသည်။ ၁၉၃၇ခု၊ဇွန်လတွင် မြောက်ပိုင်းသိန္နီစော်ဘွား ၏နှမတော် စ၀်ဟုန်ခမ်းနှင့် လက်ထပ်ခဲ့ပြီး သားသမီး၁၁ယောက် ထွန်းကားခဲ့သည်။ စ၀်ရွှေသိုက်သည် (၂၁.၁၁.၁၉၆၂) အသက်၆၆နှစ်တွင် ကွယ်လွန်ခဲ့သည်။

 x x x x x x x x
၂။ဒေါက်တာဘဦး(၁၈၈၇-၁၉၆၃)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဒုတိယမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၆.၃.၁၉၅၂)မှ (၁၃.၃.၁၉၅၇)ထိ ထမ်းဆောင်ခဲ့ လေသည်။ဒေါက်တာဘဦးကို ၁၈၈၇ခု မေလ ၂၆ရက် ကြာသပတေးနေ့ ဧရာဝတီတိုင်း။ပုသိမ်မြို့တွင် အဖ ဦးဘိုးလှ၊အမိ ဒေါ်ညွန့် တို့မှ ဖွားမြင်ခဲ့ သည်။မွေးချင်းကိုးယောက်အနက် အကြီးဆုံးသားဖြစ်သည်။ဘိုးဘေးများမှာ မင်းမျိုးမင်းနွယ်ဖြစ်လေသည်။၁၉၁၃ခုတွင် ဒေါ်ငြိမ်းငြိမ်းနှင့်လက်ထက်ပြီးသား၂ယောက်ထွန်းကားခဲ့သည်။
၁၉၂၂တွင် ဒေါ်ငြိမ်းငြိမ်း အဆုတ်ရောဂါနှင့် ကွယ်လွန်ပြီးနောက် ၁၉၂၃တွင် ဒေါ်အေးနှင့်လက်ထက်ခဲ့ရာ သားသမီး ၅ယောက်ထွန်းကားခဲ့သည်။ဒေါက်တာဘဦးသည် (၉.၁၁.၁၉၆၃) အသက် ၇၆နှစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

 x x x x x x x x

၃။ဦးဝင်းမောင်(ခ)မန်းဝင်းမောင်(၁၉၁၆-၁၉၈၉)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တတိယမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၃.၃.၁၉၅၇)မှ (၂.၃.၁၉၆၂)ထိ ထမ်းဆောင်ခဲ့သည်။ဦးဝင်းမောင်ကို ၁၉၁၆ခု၊ဧပြီလ၊၁၇ရက် တနင်္လာနေ့ ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ရွာတွင် အဖဦးရွှေရင်၊အမိဒေါ်သာယာ တို့မှ ဖွားမြင်ခဲ့သည်။ကရင်တိုင်းရင်းသားဖြစ်ကာ နိုင်ငံရေးတွင် မန်းဝင်းမောင်ဟု ထင်ရှားလေသည်။၁၉၄၂ခုတွင် ဒေါ်မြမေနှင့် လက်ထပ်ကာ သားသမီး ၆ယောက် ထွန်းကားခဲ့သည်။မန်းဝင်းမောင်သည် (၄.၇.၁၉၈၉) အသက်၇၃နှစ်တွင် ကွယ်လွန်ခဲ့သည်။

 x x x x x x x x

 ၄။ဦးနေ၀င်း(၁၉၁၁-၂၀၀၂)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ စတုတ္ထမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၂.၃.၁၉၇၄)မှ (၉.၁၁.၁၉၈၁)ထိ ထမ်းဆောင်ခဲ့သည်။ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်း ဖြစ်လေသည်။ ဦးနေ၀င်းကို ၁၉၁၁ခု၊မေလ၊၂၄ရက်၊ဗုဒ္ဒဟူးနေ့၊ ပြည်ခရိုင်၊ပေါင်းတလည်မြို့ တွင် အဖဦးဖိုးခ ၊အမိဒေါ်မိလေးတို့မှ ဖွားမြင်သော သားဦးဖြစ်လေသည်။ ငယ်အမည်မှာ မောင်ရှုမောင်ဖြစ်သည်။ပထမဆုံး ဒေါ်သန်းညွန့်နှင့်လက်ထက်ကာ သား၁ယောက်၊ဒုတိယ ဒေါ်တင်တင်နှင့်လက်ထက်ကာ သား၂ယောက်၊တတိယ ဒေါ်ခင်မေသန်းနှင့်လက်ထက်ကာ သားသမီး ၃ယောက် ထွန်းကားခဲ့သည်။၁၉၇၂ခုတွင် ဒေါ်ခင်မေသန်းကွယ်လွန်ပြီး ၁၉၇၃ခုတွင် ဒေါ်နီနီမြင့်နှင့်လက်ထက်ခဲ့သည်။ထို့နောက် ၁၉၇၆ခုတွင် ကနောင်မင်း၏ အနွယ်တော် ရတနာနတ်မယ်နှင့်လက်ထက်ပြီး ငါးလသာ ပေါင်းသင်းနေထိုင်ခဲ့သည်။ဦးနေ၀င်းသည် (၅.၁၂.၂၀၀၂) အသက် ၉၂နှစ် တွင်ကွယ်လွန်ခဲ့သည်။

 x x x x x x x x

၅။ဦးစန်းယု(၁၉၁၈-၁၉၉၆)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပဉ္စမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၉.၁၁.၁၉၈၁)မှ (၂၅.၇.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဦးစန်းယုကို ၁၉၁၈ခု၊မတ်လ၊၃ရက်၊တနင်္ဂနွေနေ့၊ပြည်ခရိုင်၊သဲကုန်းမြို့ တွင် အဖဦးစံဖေ၊အမိဒေါ်ရွှေလဲ့တို့မှ ဖွားမြင်လေသည်။၁၉၄၇ခုတွင် အင်းစိန် အစိုးရကျောင်းဆရာမ ဒေါ်သန်းရှိန်နှင့်လက်ထက်ခဲ့ပြီး သမီး၎ယောက် ထွန်းကားခဲ့သည်။ဦးစန်းယုသည် (၂၈.၁.၁၉၉၆) အသက်၇၈နှစ်တွင် ကွယ်လွန်ခဲ့သည်။

 x x x x x x x x

 ၆။ဦးစိန်လွင်(၁၉၂၄-၂၀၀၄) ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ဆဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၂၅.၇.၁၉၈၈)မှ (၁၂.၈.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဦးစိန်လွင်ကို ၁၉၂၄ခု၊ဇန်န၀ါရီလ၊၂၇ရက်၊တနင်္ဂနွေနေ့၊ ပေါင်မြို့တွင် အဖ ဦးရွှေရင်၊အမိ ဒေါ်မမကြီးမှ ဖွားမြင်လေသည်။ဒေါ်ရွှေတင်(ခ)ဒေါ်တင် တင်လှိုင်နှင့်လက်ထက်ခဲ့ပြီး သားသမီး ၅ယောက် ထွန်းကားခဲ့သည်။ ဦးစိန်လွင်သည် (၉.၄.၂၀၀၄) အသက်၈၁နှစ်တွင် ကွယ်လွန်ခဲ့သည်။

x x x x x x x x

 ၇။ဒေါက်တာမောင်မောင်(၁၉၂၅-၁၉၉၄)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ သတ္တမမြောက် သမ္မတ ဖြစ်လေ သည်။သမ္မတ တာဝန်ကို (၁၉.၈.၁၉၈၈)မှ (၁၈.၉.၁၉၈၈)ထိ ထမ်းဆောင်ခဲ့ သည်။ဒေါက်တာမောင်မောင်ကို ၁၉၂၅ခု၊ဇန်န၀ါရီလ၊၃၁ရက်၊စနေနေ့၊ မန္တလေးမြို့တွင် အဖဦးဆင့်၊အမိ ဒေါ်အေးတင်တို့မှဖွားမြင်လေသည်။ မွေးချင်းအနက် တစ်ဦးတည်းသောသားဖြစ်သည်။၁၉၄၇ခုတွင် ဒေါ်ခင်မြင့် နှင့်လက်ထက်ခဲ့ရာမှ သားသမီး ၇ယောက်ထွန်းကားခဲ့သည်။ဒေါက်တာ မောင်မောင်သည် (၂.၇.၁၉၉၄) အသက် ၇၀နှစ်တွင် ကွယ်လွန်ခဲ့သည်။

 x x x x x x x x

 ၈။ဦးသိန်းစိန်(၁၉၄၅-)

 ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အဋ္ဌမမြောက် သမ္မတ ဖြစ်လေ သည်။၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးနောက် ပထမဆုံး ရွေးချယ်ခံရသော သမ္မတဖြစ်သည်။(၄.၂.၂၀၁၁)တွင် သမ္မတတာဝန်ကို ထမ်းဆောင်ရသည်။ဦိးသိန်းစိန်ကို ၁၉၄၅ခု ဧပြီလ ၂၀ရက် သောကြာနေ့ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်၊ကျုံကူးရွာတွင် အဖဦးမောင်ဖြိုး အမိ ဒေါ်ခင်ညွန့် တို့မှ ဖွားမြင်လေသည်။ဦးသိန်းစိန်မှာ ဒေါ်ခင်ခင်ဝင်းနှင့်လက်ထက်ပြီး သားသမီး ၃ယောက်ထွန်းကားလေသည်။ယခုအခါ နေပြည်တော်ရှိ နိုင်ငံ တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။

ဘာသာစကား(၅)မျိုး အဘိဓာန် I-Dictionary Version 0.0.2

  I-Dictionary Version 0.0.2

အင်္ဂလိပ်/ဂျပန်/ကိုးရီးယား/ရုရှား/ထိုင်း <=> မြန်မာ
စတဲ့ ဘာသာစကား ၅ မျီုး ပါဝင်ပြီး
အပြန်အလှန် ရှာဖွေလေ့လာနိင်ပါသည်။
(အသုံးပြုနည်း Pdf ဖိုင်ပါ တွဲလျှက်ပါရှိပါတယ်) 


ဒေါင်းမရဘူးလို့ပြောနေတဲ့ သူငယ်ချင်းများခင်ဗျာ 
upload လုပ်၇ာမှာ 
free user ဖြစ်တဲ့ ကျွန်တော့်မှာ Premium account မရှိသည်ကတစ်ကြောင်း 
အလုပ်မအားသည်က တစ်ကြောင်းပေါ့ခင်ဗျာ 
အဲတာကြောင့် တစ်ခါတလေ အဆင်မပြေဖြစ်တာကို နားလည်စေချင်ပါတယ်..
ဒေါင်းမရလို့ comment ချန်ခဲ့တဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်
အခု Mediafire ကနေ ပြန်တင်ပေးထားပါတယ်...
အောက်က လင့်မှာ ပြန်လည် ဒေါင်းယူ နိင်ပါဘီ....

DOWNLOAD>>>https://www.mediafire.com/?3zeafag8os5pkfp

အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်..

နှတ်ခမ်း၏ထောင့်စွန်းများ

နှု


ကျွန်တော် ဖတ်မိပြီး နှစ်သက်လို့ ပြန်လည်မျှဝေလိုက်တယ်.........

အပြုံးဆိုသည်မှာ ရယ်မောခြင်း
အသေးစားဟု ဆိုကောင်းဆိုနိုင်လိမ့်မည်။ သို့တည်းမဟုတ် ရယ်မောခြင်းအပျော့စား
လည်း ဖြစ်ချင်ဖြစ်မည်။ ရယ်မောခြင်း၏ ပထမအဆင့်လည်းဖြစ်နိုင်သည်။
ရယ်မောခြင်းကို သံခိပ်လုပ်ထားခြင်းမျိုးလည်း ပြောလို့ရလျှင်
ရမည်။ ရယ်မောခြင်းကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြသလို အပြုံးကိုလည်း ရှက်ပြုံး၊ လှောင်ပြုံး၊ မချိပြုံး စသည်ဖြင့် သရုပ်ခွဲကြပြန်သည်။ လူဟူ၍ ပေါ်ဦးစတုန်းက တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံကြရာ ရန်မူလိုသော ဆန္ဒမရှိကြောင်း နှစ်လိုဖွယ်

မျက်နှာအမူအရာလုပ်ပြရာမှ အပြုံးဟူ၍ စတင်ပေါ်ပေါက်လာခြင်းဖြစ်နိုင်၏။ နောက်ပိုင်းကျမှ လူတို့၏ ၀ါသနာအတိုင်း အမျိုးမျိုး ချဲ့ကားတီထွင်ကြသဖြင့် ရှက်ပြုံးတွေ၊ မဲ့ပြုံးတွေ ထပ်ပေါ်လာခြင်းဖြစ်ရမည်။ ဒီတော့ ခုခေတ်လူတွေ ဘယ်လိုအခါမျိုးမှာ ပြုံးကြပါသလဲ။ လူချင်းဆုံသည့်အခါ အသိအမှတ်ပြုသည့်အနေဖြင့် ပြုံးသည်။ တစ်စုံတစ်ယောက်က မဟုတ်တာလုပ်နေကြောင်း သိသည်၊ နှုတ်က ဖွင့်မပြောချင်သောအခါ လှောင်ပြုံးပြုံးသည်။ တစ်ခါတစ်လေ ရယ်စရာကိုတွေ့သည်။ နေရာဒေသကို လိုက်၍ လွတ်လွတ်လပ်လပ်ရယ်ချင် ရယ်မိသည်။ အခွင့်မသာလျှင် ရယ်မောခြင်းကို ချုပ်တည်း၍ ပြုံးရုံသာ ပြုံးလိုက်ရတာမျိုးလည်းရှိ၏။ တစ်ခါတစ်ခါ ရင်ထဲကခံစားချက်နှင့်ဆန့်ကျင်ပြီး အခြေအနေအရ မချိပြုံး ပြုံးလိုက်ရတတ်သည်။ တကယ်လို့ တစ်ကိုယ်တည်းနေရင်း ပြုံးနေသူတစ်ယောက်ကိုတွေ့လျှင် စိတ်မနှံ့ရှာဘူးထင်ပါရဲ့ဟု ထင်ကောင်းထင်ကြမိပါလိမ့်မည်။ တကယ်စိတ်မနှံ့တာလည်း ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ် ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခုကို ပြန်တွေးမိသောကြောင့်လည်း ဖြစ်ကောင်းဖြစ်မည်။ သို့တည်းမဟုတ် လောကကြီး၏ ကမောက်ကမအဖြစ်အပျက်များကို တရားကျပြီးပြုံးနေတာကော မဖြစ်နိုင်ဘူးလား။ ဒါမျိုးတော့ ကျွန်တော်လည်း မကြာခဏဖြစ်ဖူးသည်။ တစ်ခါတလေများ ဘတ်စ်ကားတွယ်စီးရင်းနဲ့ ရယ်စရာ တစ်ခုခုကိုမြင်မိ၊ တွေးမိပြီး မအောင့်နိုင်ဘဲ ပြုံးပြုံးကြီးဖြစ်နေတတ်၏။ ဒီအခါမျိုးမှာ ကျွန်တော်သည် တဒင်္ဂမျှ စိတ်မနှံ့ဘဲ ဖြစ်သွားခြင်းဟု ထင်ချင်လည်းထင်နိုင်သည်။ လူတို့သည် အကြောင်းကြောင်းကြောင့် နေ့စဉ် တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ပြုံးမိတတ်ကြသည်။ ထိုအပြုံးများကိုလိုက်ပြီး အဓိပ္ပာယ်ဖော်ကြည့်လျှင် အဘိဓာန်စာအုပ်တစ်အုပ်စာလောက် ရနိုင်မည်ထင်၏။ လှောင်ပြုံး တစ်ခုတည်းကိုပဲကြည့်။ ဘယ်သူ့ကိုလှောင်ချင်တာလဲ။ ဘယ်လိုကိစ္စနဲ့ပတ်သက်ပြီးတော့လဲ။ ဘယ်လိုအခြေခံ စိတ်ထားမျိုးနဲ့လဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့လဲ။ သာမန်သဘောပဲလား။ ခပ်ပျော့ပျော့လား။ ခပ်ထန်ထန်လား စသည်ဖြင့် မူကွဲတွေ ပွားလာနိုင်သည်။ အပြုံးအကြောင်းကိုတွေးနေရင်းက "ငါ့နှယ်နော်"ဆိုပြီး ပြုံးလိုက်မိသေးသည်။ ထို့နောက် အထင်ကရ နာမည်ကျော်အပြုံးများအကြောင်းကို ဆက်ပြီး စဉ်းစားမိပြန်လေ၏။

 * * *
ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးအပြုံးကတော့ မိုနာလီဇာ၏အပြုံးပင်ဖြစ်၏။ ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက ရေးဆွဲခဲ့သည်။ ထိုအပြုံးသည် အလွန်လျှို့ဝှက်နက်နဲပြီး အသိရခက်သည်ဟု ဆိုကြ၏။ မိုနာလီဇာ ဆိုသော အမျိုးသမီးမှာ တကယ်ရှိခဲ့သည်ဟု မှတ်ယူထားကြသည်။ မြို့စားကတော်လိုလို၊ သာမန်စံပြမယ်တစ်ယောက်လိုလို၊ လီယိုနာဒိုနဲ့ပဲ ငြိခဲ့သလိုလို အမျိုးမျိုးထင်ကြေးပေးကြသည်။ ထိုအပြုံးကိုရဖို့အတွက်လည်း အတော်ကြိုးစားခဲ့ရသည်ဟု ဆို၏။ စိတ်တိုင်းမကျလို့ လပေါင်းအတော်ကြာအောင် ဆက်မရေးဖြစ်ဘဲ တန့်နေရသေးသည်။ နောက်ဆုံးကျမှ စိတ်ကြိုက်တွေ့သည်။ သူစိတ်တိုင်းကျသည့်အပြုံးကိုရဖို့အတွက် လီယိုနာဒို ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကလည်း လျှို့ဝှက်ချက်တစ်ခုလို ပဟေဠိဖြစ်နေခဲ့ပြန်သည်။ ထိုအကြောင်းများကြောင့် မိုနာလီဇာ၏အပြုံးမှာ နာမည်ကျော်ခဲ့ခြင်း ဖြစ်နိုင်သည်။ မြန်မာရာဇ၀င်ထဲမှာတော့ သီလ၀မင်းသားသည် တစ်သက်လုံးမှာမှ သုံးကြိမ် သုံးခါသာ ပြုံးရယ်ဖူးသည်ဟု ဖတ်ရသည်။ စစ်စစ်ပေါက်ပေါက်၊ ကပ်ကပ်သပ်သပ်တွေးကြည့်လျှင်တော့ စောဒကတက်စရာအချက်ရှိနေ၏။ သီလ၀မင်းသားသည် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာပြုံးတယ်ဆိုတာ ဘယ်သူက အတိအကျ လိုက်မှတ်သားခဲ့သလဲ။ ဒီလူရှေ့မှာမပြုံးပေမယ့် တခြားတစ်ယောက်ရှေ့မှာ ပြုံးချင်ပြုံးမှာပေါ့။ သူ့ဘာသာ တစ်ယောက်တည်းရှိနေတဲ့အခါမျိုးမှာ ကြိတ်ပြီးပြုံးရင်ကော ဘယ်လိုလုပ်မလဲ။ ဘာပဲဖြစ်ဖြစ် ရာဇ၀င်ထဲမှာ သုံးခါပဲပြုံးတယ်လို့ ရေးထားတော့လည်း သုံးခါလို့မှတ်လိုက်တာပဲ ကောင်းမည်ထင်၏။


* * *

 ဂျာမန်လူမျိုးတို့သည် အလွန်ဣနြေ္ဒကြီးသည်ဟု ကြားဖူးပါသည်။ ဒါကြောင့်ပဲ ဟစ်တလာဟာ ရှူတည်တည်ကြီး ဖြစ်နေသလားမသိ။ သူ့ကိုကြည့်ရသည်မှာ တစ်သက်လုံး တစ်ခါမှမပြုံးခဲ့ဖူးသူတစ်ယောက်ဟု ထင်ရ၏။ မြင်ဖူးသမျှသူ့ပုံတွေထဲမှာတော့ ပြုံးနေတာတစ်ခါမှ မတွေ့ခဲ့ဖူးသေး။ သူ့ကို တစ်ကမ္ဘာလုံးကကြောက်အောင် တမင်ပဲ မျက်နှာကြောတင်းထားတာလည်းဖြစ်နိုင်သည်။ သူက ဖက်ဆစ်နာဇီခေါင်းဆောင်မို့ ထားပါတော့။ ဟစ်တလာ၏အဓိကပြိုင်ဘက် ရန်သူတော်ကြီး ၀င်စတန်ချာချီကကော ဘာထူးလို့လဲ။ သူ့ဓာတ်ပုံတွေကို ကြည့်လိုက်လျှင် ဆေးပြင်းလိပ်ကြီးခဲပြီး မှုန်တေတေလုပ်နေတာသာ တွေ့ရသည်။ ဟစ်တလာလိုလူမျိုးကို တန်ပြန် တိုက်ခိုက်ဖို့အတွက် ဒီလိုမျက်နှာထားကြီးလုပ်ထားရတာလား။ ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ရှေ့ရေးအတွက် အဓိကကျသော တာဝန်ကြီးကို ထမ်းရလို့လား။ နေ့စဉ်နှင့်အမျှ ဟစ်တလာ၏ရန်ကို စိုးရိမ်ထိတ်လန့်နေရသောကြောင့် ပြုံးတောင်မပြုံးနိုင်ရှာတာလား။ ဆေးပြင်းလိပ်ကြီးကကော မတော်တဆယောင်ပြီး ပြုံးမိမှာစိုးလို့ ပါးစပ်မှာ အမြဲခဲထားတာလား မသိပါ။ သူတို့ကိုဆက်ခံသူမှာ စစ်အေးခေတ် ဆိုဗီယက်ခေါင်းဆောင်များပင်ဖြစ်၏။ အဆက်ဆက်သော ခေါင်းဆောင် အားလုံးလိုလို မျက်နှာကြောတင်းကြတာတွေ့ရ၏။ ၁၉၉၀၀န်းကျင်လောက်မှာ သမ္မတဂေါ်ဘာချော့ဗ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှီဗာနာဇေတို့ အာဏာရလာသည်။ အရင်ဆိုဗီယက်ခေါင်းဆောင်များနှင့်ယှဉ်ကြည့်လျှင် လူပြောင် လူနောက်တွေလိုတောင်ဖြစ်နေ၏။ သူတို့နှစ်ယောက်သည် ကမ္ဘာ့အင်အားအကြီးဆုံးဆိုဗီယက်ယူနီယံကြီးကို တိုင်းပြည်ပေါင်းများစွာအဖြစ် မွေးနေ့ကိတ်မုန့်လှီးပြီးဝေသလို ပျော်ပျော်ရွှင်ရွှင်ကြီး ခွဲခြမ်းစိတ်ဖြာလိုက်ကြလေသည်။ ကျွန်တော်တို့အာရှသားတွေကတော့ သူတို့လိုမဟုတ်။ လူတစ်ဖက်သားကိုပြုံးပြဖို့ ဘယ်တော့မှ နှမြောတွန့်တိုခြင်းမရှိကြ။ ကျွန်တော်တို့မြန်မာတွေဆိုလျှင် ကမ္ဘာပေါ်မှာ အပြုံးနိုင်ဆုံးလူမျိုးတောင်ဖြစ်နိုင်၏။ မြန်မာတို့ အပြုံးမှာ ကမ္ဘာကျော်သည်။ နိုင်ငံခြားသားတွေက မြန်မာနိုင်ငံအကြောင်းရေးသည့်အခါတိုင်း ပြုံးရွှင်သောမျက်နှာများ ပိုင်ရှင်အဖြစ် အထူးအလေးထားဖော်ပြကြရလေသည်။

  * * *

ကျွန်တော် မှတ်မှတ်သားသားရှိသောအပြုံးများအကြောင်းလည်း ပြောပါရစေဦး။ "ကျုပ် ရှုံးရင် ပြုံးပြုံးကြီးနေလိုက်မယ်။ ခင်ဗျားရှုံးတော့သာ မျက်နှာမပျက်ပါစေနဲ့" ဗိုလ်အောင်ဒင်ဇာတ်ကားထဲက
ခင်မောင်ရင်(ဗိုလ်အောင်ဒင်)က ဦးဘချစ်ကိုပြောခဲ့သော ဇာတ်ဝင်စကားလုံး ဖြစ်၏။ (ဒီအတိုင်းအတိအကျကြီးပြောတာတော့မဟုတ်။ ဒီသဘောပြောတယ်လို့မှတ်ရန်) ဗိုလ်အောင်ဒင်က သစ္စာရှိသောလူဆိုးခေါင်းဆောင်၊ ဦးဘချစ်က တာဝန်ဝတ္တရားကို မိမိကိုယ်ရေး ကိုယ်တာထက် ပိုပြီးလေးစားသော ရဲစုံထောက်အရာရှိ၊ နှစ်ယောက်စလုံးက မြမြ၀င်းကိုချစ်နေကြသည်။ မြမြ၀င်းကလည်း နှစ်ယောက်စလုံးကို
သံယောဇဉ်မပြတ်နိုင်ဘဲ ရွေးရခက်နေသည်။ နောက်ဆုံး ဗိုလ်အောင်ဒင်နှင့် ဦးဘချစ်တို့၏ လက်ကိုင်ပုဝါများကို စားပွဲပေါ်ချပြီး မြမြ၀င်းအား မျက်လုံးပုဝါစည်း၍ ရွေးခိုင်းသည်။ ထိုအစီအစဉ်မစခင် ဗိုလ်အောင်ဒင်က ဦးဘချစ်ကို စိန်ခေါ်သည့်စကားပြောလိုက်ခြင်းဖြစ်၏။ တကယ်ရွေးသောအခါ မြမြ၀င်းက ဦးဘချစ်၏လက်ကိုင်ပုဝါကို ရွေးမိသည်။ ဗိုလ်အောင်ဒင်ရှုံးသည်။ သူသည် သူ့ကတိအတိုင်း ပြုံးပြုံးကြီးနေပြလိုက်သည်။ သို့ရာတွင် ထိုအခန်းသည် ဇာတ်လမ်း၏အထွတ်အထိပ်ဖြစ်၏။ ရှေ့ပိုင်းက ဗိုလ်အောင်ဒင် မခိုးမခန့်ရယ်ပုံကိုသာ လူပြော သူပြောများသည်။ ကျွန်တော်ကတော့ နောက်ဆုံးအခန်းက ဗိုလ်အောင်ဒင်၏အပြုံးကိုသာ မှတ်မှတ်သားသားရှိနေသည်။ သူသည် ရှုံးနိမ့်ခြင်းကို အားရပါးရပြုံးပြီး ရင်ဆိုင်သည်။ သို့ရာတွင် သူ့ရင်ထဲကခံစားချက်ကတော့ အရည်လဲ့ပြီး ဆွေးရိပ် သမ်းနေသော မျက်လုံးများထဲမှာ ထင်ဟပ်နေသည်။ ထိုအပြုံးကို ကျွန်တော် မျက်စိထဲမှာ စွဲနေသည်။ နောက်တစ်ယောက်ကတော့ မင်းသမီးကြီး(ဒေါ်)မေရှင်။ သူ့အပြုံးသည် မြင်ရသူ၏ရင်ကို အေးမြကြည်လင်စေသည်။ ထို့အတူ ရင်ထဲက ငိုကြွေးနေရတာကို မြိုသိပ်ပြီးပြုံးရရှာသော (ဒေါ်)ကြည်ကြည်ဌေး၏ မချိပြုံး၊ ခံစားချက်ကို နှုတ်ခမ်းပေါ်မှာဖော်ပြတတ်သော (ဒေါ်)တင်တင်မူ၏အပြုံး၊ သူ့ကိုဆက်ခံသော ခင်သီတာထွန်း၏အပြုံး။ ထို့နောက် စိုးမြတ်သူဇာ။ ပြီးတော့ ထွန်းအိန္ဒြာဗို။ မင်းသားကြီးကောလိပ်ဂျင်နေ၀င်း၏ ရိုးသားသန့်စင်သောအပြုံး၊ မြတ်လေး၏ နှုတ်ခမ်းကြီးထော်ပြီး ကလေးကြီးလိုပြုံးတတ်သောအပြုံးများကိုလည်း ကျွန်တော် နှစ်သက်စွဲလမ်းခဲ့၏။

* * *

အနောက်နိုင်ငံသရုပ်ဆောင်တွေထဲမှာတော့ Gone with The Wind ဇာတ်ကားထဲက မင်းသားကြီး ကလပ် ဂေဘယ်လ်(ရက်ဘတ္တလာ)၏ သရော်တော်တော်လှောင်ပြုံး၊ ဂျိမ်းစ်ဘွန်းမင်းသားကြီးရှောင်ကွန်နရီ၏ ပါးစပ်ပြဲပြဲကြီးကို တင်းတင်းစေ့ပြီးပြုံးတတ်သည့် မထီတရီအပြုံး၊ ဟယ်ရီဆင်ဖို့ဒ်၏ အန္တရာယ်ကို ထီမထင်သည့်အပြုံးများကိုလည်း သဘောကျခဲ့သည်။ ဟယ်ရီဆင်ဖို့ဒ်၏ဇာတ်ကားများတွင် ရန်သူတွေဝိုင်းလိုက်လို့ သေပြေးရှင်ပြေး ပြေးရသည့် အခန်းများ၊ စွန့်စွန့်စားသား၊ သူနိုင်ကိုယ်နိုင် ကျားကုတ်ကျားခဲတိုက်ခိုက်ရသည့်အခန်းများပါသည်။ ဒီလို အသက်ကို ဖက်နှင့်ထုတ်ထားရသောအချိန်မျိုးမှာပင် နှုတ်ခမ်းတစ်ဖက်ကို ခပ်ရွဲ့ရွဲ့လုပ်ရင်း ပြုံးပုံမှာ ဆရာကြီးရွှေဥဒေါင်း၏ ဇော်ဟိတ်ကို သတိရစေလေသည်။ ဇော်ဟိတ်သည် သတ္တိရှိသူ၊ မဟုတ်မခံတတ်သူ လူစွန့်စားတစ်ဦးဖြစ်သည်။ တစ်ခါတွင် ဂုဏ်သရေရှိ ဇနီးမောင်နှံကို အနိုင်ကျင့်စော်ကားနေသော လူဆိုးလူမိုက်တိုင်းလုံးကျော်ကိုစိန်ခေါ်ပြီး လက်ဝှေ့ထိုးကြသည်။ ဇော်ဟိတ်က အနိုင်ယူဆုံးမနိုင်သည်။ သို့ရာတွင် တိုင်းလုံးကျော်က အငြိုးထားပြီး လက်တုံ့ပြန်ဖို့ ကြံစည်သည်။ သို့နှင့် ဇော်ဟိတ်တို့ခရီးထွက်ရာတွင် လမ်းမှစောင့်၍ အကောက်ကြံပြီး ဖမ်းဆီးသည်။ ထို့နောက် ကြိုးနှင့်တုပ်ပြီး ရေတွင်းပျက်ကြီးထဲ လျှောချ၍ အစာငတ်၊ ရေငတ်သေစေရန် ကြံစည်သည်။ ဇော်ဟိတ်သည် လွတ်လမ်းမရှိဘဲ သေဖို့သာရှိသောအချိန်၊ ရေတွင်းပျက်ထဲဆင်းရခါနီးမှာပင် ထီမထင်သလို သွားဖြဲပြီး ပြုံးပြသွားသေးသည်ဟု ရေးထားသည်။ ဒီအကြောင်းကို ၀တ္တုထဲမှာ ဖတ်ရခြင်းဖြစ်သောကြောင့် ဇော်ဟိတ်၏အပြုံးကို ကိုယ်တိုင်တော့ မမြင်ရ။ သို့တိုင်အောင် စိတ်ကူးထဲမှာ ပုံဖော်ရတာ တော်တော်အရသာရှိ၏။ ရုပ်ရှင်တွေထဲမှာ ဒါမှမဟုတ် တကယ့်ဘ၀ထဲမှာ ဒီလိုအပြုံးမျိုးတွေ့လျှင် ဇော်ဟိတ်ကို သတိရမိတတ်၏။ နောက်တစ်ယောက်ကတော့
ရုပ်ရှင်မင်းသားကြီးချာလီချက်ပလင်ဖြစ်၏။ သူတို့ကို လူတိုင်းသိသည်။ ဟောလီးဝုဒ်၏ တစ်ချိန်ကစူပါစတားများဖြစ်ကြသော ကမ္ဘာကျော်မင်းသားကြီးတွေကို ခုခေတ်လူငယ်လေးတွေ မသိကြတော့။ ချာလီချက်ပလင်ကိုတော့ သူ့ဇာတ်ကားဗီဒီယိုခွေတွေ ပြန်ကြည့်ရသဖြင့် ကလေးကအစ သိကြ၏။ သူပြုံးပုံမှာ အတော်ထူးခြားသည်။ မျက်နှာကို ၀မ်းနည်းနေသလို၊ စိတ်ညစ်နေသလိုလို၊ အလိုမကျသလိုလို လုပ်ထားပြီး နှုတ်ခမ်းတစ်ဖက်ကိုသာ ပြုံးနေသည့်သဘောမျိုးဖြစ်အောင် အပေါ်ကို ကွေးတတ်ထား၏။ "ခင်ဗျားတို့ရယ်ရဖို့အရေး ကျုပ်မှာ ဘယ်လောက်ဒုက္ခခံပြီး ကြိုးစားရတယ်ဆိုတာ သိရဲ့လား" ဟု မေးနေသလိုလို။ နောက်ထပ် သတိရသူတစ်ဦးကတော့ ရုပ်ရှင်မင်းသားလည်းမဟုတ်။ ၀တ္ထုထဲက ဇာတ်ကောင်လည်း မဟုတ်။ သို့ရာတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ယောက်တော့ဖြစ်၏။ သူ့ကို ဘောလုံးဝါသနာပါသူတိုင်း သိကြ၏။ သူ့အပြုံးကိုတော့ သတိပြုမိသူ ရှားပါလိမ့်မည်။ ထိုသူကား ဘရာဇီးလ်ဘောလုံးအသင်းခေါင်းဆောင် ဒွန်ဂါပင်ဖြစ်လေ၏။ ဘရာဇီးဘောလုံးအသင်းဆိုသည်မှာ ကမ္ဘာမှာ အကောင်းဆုံးနံပါတ်တစ်အသင်းဖြစ်၏။ သူတို့ ပါဝင်ကစားသော ပြိုင်ပွဲတိုင်း ဗိုလ်စွဲနိုင်ခြေရှိမှုတွင် ပထမဦးစားပေးထားရသည်။ သာမန်ဘောလုံးအသင်းတစ်သင်းမှာ ရှုံးလျှင် ဘာမှပြဿနာမရှိ။ မတော်တဆ ကံကောင်းပြီးနိုင်ခဲ့လျှင်သာ ထီပေါက်သလိုဖြစ်မည်။ ဘရာဇီးလ်ကျတော့ နိုင်ကိုနိုင်မှ။ ခြေချော်လက်ချော်ဖြစ်ခဲ့လျှင် တစ်ကမ္ဘာလုံးက ၀ိုင်းဝန်းပြစ်တင်ရှုံ့ချတာခံရနိုင်သည်။ ဒီလိုဘောလုံးအသင်းတစ်သင်း၏ ခေါင်းဆောင်လုပ်ရတာ ဘယ်လောက်တာဝန်ကြီးမလဲ စဉ်းစားကြည့်။ သူ့အဖို့ ဘောလုံးကိုကန်နေရတာမဟုတ်ဘဲ ကမ္ဘာလုံးကြီးကိုကန်နေရသလို လေးလံလှပေမည်။ ၁၉၉၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အီတလီနှင့်ဗိုလ်လုပွဲကစားရ၏။ အချိန်စေ့သည်အထိ သရေဖြစ်နေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်ကြရသည်။ ဒွန်ဂါကန်ရသည့်အလှည့်တွင် သူ့စိတ်ထဲ ဘယ်လိုနေမလဲ တွေးကြည့်သည်။ ဂိုးသာမ၀င်လို့ကတော့ ဘ၀တောင် ပျက်သွားနိုင်သည်။ အနာဂတ်ကံကြမ္မာနှင့် လောင်းကြေးထပ်ပြီး ကန်ရမည့်သဘော။ ဘာပဲဖြစ်ဖြစ် ဒွန်ဂါသည် အလွယ်တကူပင် ဂိုးဝင်အောင်သွင်းနိုင်ခဲ့သည်။ ဂိုးဝင်သွားပြီးတော့လည်း သူများတွေလို ၀မ်းသာအားရ ခုန်ပေါက်ကာ ကျွမ်းထိုးတာမျိုးမရှိ။ ခပ်အေးအေးပင် ဣနြေ္ဒရရ ခြေလှမ်းမှန်မှန် ပြန်လှည့်လျှောက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာတော့ ဝေခွဲရခက်သောအပြုံးတစ်ခုသည် ယောင်ယောင်လေး ထင်ဟပ်နေ၏။ ဒီလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်ဆိုသော အဓိပ္ပာယ်လား။ တကယ်တော့ ကမ္ဘာကြီးဟာ ပေါ့ပေါ့လေးပါဟု ဆိုလိုချင်တာလား။ ပခုံးပေါ်မှ ကြီးမားလေးလံသောဝန်ထုပ်ကြီးကျသွားသဖြင့် ပေါ့ပါးလန်းဆန်းသွား တာလား၊ ငါ့တိုင်းပြည်အတွက် တာဝန်ကျေပြီဆိုပြီး ဂုဏ်ယူဝင့်ကြွားလိုက်တာလား။ အသိရခက်သည်။ ဆရာသော်တာဆွေ၏ ဟာသ၀တ္ထုတစ်ပုဒ်ထဲမှာ စုံထောက်မောင်ရွှေပြုံးကတော့ တစ်မျိုးဖြစ်၏။ သူ့မှာ ရုတ်တရက်ဖြစ်ပေါ်လာတတ်သော ရောဂါဝေဒနာတစ်ခုရှိ၏။ ထိုရောဂါထလာလျှင် ပြုံးလိုက်မှ သက်သာသွားသည်။ ထိုအပြုံးကလည်း အတော်တာသွားသည်။ ထိုအပြုံးကိုမြင်လိုက်ရသောတစ်ဖက်လူမှာ မောင်ရွှေပြုံးတော့ ငါ လုပ်ထားသမျှ အကုန်သိနေပြီဟု ထင်မှတ်သွားစေသောအပြုံးမျိုး။ တစ်နည်းအားဖြင့် ခင်ဗျား ဘာတွေ မဟုတ်တာ လုပ်ထားတယ် ဆိုတာ ကျုပ်သိပါတယ်ဟု အဓိပ္ပာယ်ထွက်စေသောအပြုံးတဲ့။ ဒီအပြုံးကြောင့်ပင် အမှုတွေ ပေါ်ခဲ့ရသည့်အကြောင်း ရေးထား၏။

 * * *

 လူတို့သည် နေ့စဉ်နှင့်အမျှ ကိုယ်က သူများကို ပြုံးပြရသလို သူများ၏ပြုံးခြင်းကိုလည်း ကြုံတွေ့ကြရ၏။ ကျွန်တော်ကလည်း ဒီအတိုင်းပါပဲ။ ခင်မင်လို၍ပြုံးပြခြင်း၊ နှုတ်ဆက်လို၍ ပြုံးပြခြင်း၊ အကျိုးလို၍ ပြုံးပြခြင်း၊ မင်း နုပါသေးတယ်ကွာ ဆိုသောအပြုံးဖြင့် ပြုံးပြခြင်း၊ မင်း ဘာကောင်လဲဆိုတာ ငါသိပါတယ်ကွာ ဆိုသောအဓိပ္ပာယ်ဖြင့် ပြုံးပြခြင်း၊ သနားတယ်ဆိုသောအမူအရာဖြင့် ပြုံးပြခြင်း။ ဒါဆို ကျွန်တော်ကကော ဘယ်လိုများ ပြုံးတတ်သလဲဆိုတာ သိချင်လာ၏။ ထို့ကြောင့် မှန်ရှေ့မှာ ရပ်လိုက်သည်။ မှန်ထဲက ကိုယ့်ရုပ်ကိုကြည့်ပြီး ပြုံးလိုက်၏။ မှန်ထဲကလည်း ပြန်ပြုံးသည်။ မှန်ထဲကကောင်၏အပြုံးကို ကျွန်တော် အဓိပ္ပာယ်ကောက်ကြည့်သည်။ အမယ် ဇော်ဟိတ်လိုလို၊ မောင်ရွှေပြုံးလိုလို၊ ဒွန်ဂါလိုလိုပါကလား။ ကျွန်တော်သည် မျက်နှာကို ပြန်တည်လိုက်၏။ နှုတ်ခမ်းတစ်ဖက်က ကွေးလျက်သားကျန်ခဲ့သည်။
အလို... ချာလီ ချက်ပလင်အပြုံးများပါလား။ နောက်ဘက်ကခြေသံကြားသဖြင့် လှည့်ကြည့်လိုက်၏။
 ဇနီးသည် ရုံးကပြန်လာခြင်းဖြစ်၏။ ကျွန်တော်သည် မှန်မကြည့်၊ ခေါင်းမဖြီးဖြစ်တာကြာပြီ။ ခုကျမှ ဘယ်လိုဖြစ်နေရတာလဲဟု သူ ထင်လိမ့်မည်။ သူက ကျွန်တော့်ကိုကြည့်ပြီး ပြုံးပြသည်။ သမီးရည်းစားဘ၀တုန်းက သူ့အပြုံးနှင့်ပတ်သက်၍ ကျွန်တော် တင်စားဖူးခဲ့ဖူးသည်။ နှုတ်ခမ်းလေးတွန့်ရုံပြုံးတတ်သော သူ့အပြုံးသည် ကျွန်တော့်ကို ကျွဲကြီးလို၊ နွားကြီးလို တစ်သက်လုံးချုပ်ကိုင် ထိန်းသိမ်းသွားပေလိမ့်မည်ဟု ၀တ္ထုထဲ ထည့်ရေးခဲ့သည်။ (ဟိံသစ္စံ - ဤစကားမှန်၏) 


 
  by မင်းလူ၏ ၀တ္တုတိုများ
 ရုပ်ရှင်စတားမဂ္ဂဇင်း

ဖုန်းနံပါတ်သိရရုံနဲ့ သင့်ချစ်သူ ဘာဖုန်းကိုင် လဲ သိချင်ဘူးလား???(only Dtac operator number,Thailand)

ထိုင်းနိင်ငံအတွင်း Dtac ဖုန်းလိုင်း သုံးသူများအတွက် သာ ဖြစ်ပါတယ်
အဝေးတနေရာ မှာနေတဲ့ ကိုယ့် ရဲ့ ချစ် သူ ဒါမှ မဟုတ် အပေါင်းသင်းမိတ်ဆွေ တွေ ရဲ့ ဖုန်းနံပါတ်လေးသိရုံနဲ့  သူကိုင်တဲ့ ဟန်းဆက် အမျိုးစားကို သူမပြောလဲ  Iphone လား Samsung လား
Nokia လား ဘာလားညာလား ဆိုတာ မော်ဒယ်နဲ့ အသေးစိတ် အချက်လက်ကိုပါ သိနိင်မှာပါ....
အမှန်တော့ Dtac ရဲ့ OTA ,APN setting တခုပါ..။
ဖုန်းရဲ့ IMEI ကို ထောက်လှမ်းသိရှိတာ မျိုးပါ။
((စမ်းကြည့်မယ်ဆိုရင် မလိုလားအပ်တဲ့ စာအိပ်တွေ ပို့တတ်လို့ 
 ဖုန်းအမျိုးစား သိရရုံအဆင့်မှာဘဲ ရပ်ပေးပါ..
ကျန်တဲ့အဆင့်တွေ ဆက်မလုပ်ရန် တောင်းပန်ချင်တယ်
တော်ကြာ ကျွန်တော့်ဖုန်းကြီး ထ စမ်းနေရင်အကာင်းစားဖုန်းကြီးမှန်းသိရင်ရှက်စရာကြီး))
အိုကေနော်  
ကဲစမ်းမယ် စစ်မယ်ဆိုရင် အောက်က ပုံကိုနှိပ်သွားပါ
 >>>ဒီမှာနှိပ်ပြီးသွားလိုက်ပါ<<<

မိမိ သိလို သော သူရဲ့ ဖုန်းနံပါတ်ရေးထည့်ပြီး Submit ကိုနှိပ်ပါ


နောက် စကားလုံးကြောင် နံပါတ်လေးလုံး ရိုတ်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင်တော့......
...............
ဖုန်း အမျိုးစားနဲ့ ပုံလေးကို အောက်မှာပြထားတဲ့ အတိုင်းတွေ့ မြင်နိင်ပါပြီ....


...ဟဲဟဲ  ကဲအခုတော့ သူသိသွားဘီနော်.......ပျော်ရွှင်ပါစေ.....

သနားဖို.အရမ်းကောင်းတယ် (အရူးအချစ်ဇတ်လမ်းလေးပါ)အရူးမှာလဲချစ်နဲ့ဘဲ


ဟိုး ရှေးရှေးတုန်းက ဒီလိုအချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့ဖူးတယ်။ ပုံပြင်ထဲက ယောက်ျားနဲ့မိန်းမနှစ်ဦးစလုံးဟာ ရူးနေကြတယ်။ သူကရူးနေလို့ တစ်ချိန်လုံး အရူးစကားပဲပြောတတ်တယ်။ သူမကလည်းရူးနေပြီး တစ်ချိန်လုံး သူ့ကိုပဲ ခပ်တုံးတုံးရယ်ပြပြီး စိုက်ကြည့်နေတတ်တယ်။ အစက သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မသိကြဘူး။ သူက တောင်အရပ်မှာနေပြီး သူမက မြောက်အရပ်မှာနေကြတယ်။ အိမ်ကလူတွေက သူတို့နှစ်ယောက်ကို တုံးအတယ်ဆိုပြီး ဂရုမစိုက်ဘဲ သွားချင်ရာသွားဆိုပြီး စွန့်ပစ်ထားကြတယ်။ တောင်အရပ်ကနေ မြောက်အရပ်ဆီဦးတည်ပြီး သူထွက်လာခဲ့တယ်။ မြောက်အရပ်ကနေ တောင်အရပ်ဆီဦးတည်ပြီး သူမ လေလွင့်ခဲ့တယ်။ နှစ်ယောက် စလုံး လေလွင့်ခဲ့ကြတယ်... တကယ်တော့ အရင်က သူ မရူးဘူး။ တစ်ခါက အလုပ်ခွင်မှာ ခေါင်းကိုအုတ်နဲ့ ရိုက်မိပြီးနောက် သူရူးသွား တာဖြစ်တယ်။ သူမလည်း အစက မရူးဘူး။ တက္ကသိုလ်ဝင်တန်းမှာ မြို့နယ်ပထမရခဲ့တဲ့ သူမနေရာကို သူဌေးသမီး တစ်ယောက် ဝယ်ယူလိုက်ရာက ဘယ်သူနဲ့မှ သူမစကားမပြောတော့ဘူး။ အဖေအမေကိုလည်း ဂရုမစိုက်တော့ဘူး။ နောက်တော့ သူမရူးသွားခဲ့တယ်။ လမ်းခရီး ဘယ်လောက်ကြာကြာ သူတို့လျှောက်ခဲ့ကြမှန်းမသိဘူး။ သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ညစ်ပတ်ပေရေနေတယ်။ မည်းညစ်နေတဲ့ ခြေဖျားတွေဖိနပ်ထိပ်မှာ ပြူထွက်နေတယ်။ သူမကိုယ်ပေါ်က အနီရောင်ဝတ်စုံလည်း မီးခိုးရောင်ဖြစ်နေခဲ့တယ်။ ရှုပ်ပွနေတဲ့ သူမဆံပင်ပေါ်မှာ မြက်ခြောက်တွေ ကပ်ညှိနေတယ်။ ဒါပေမယ့် သူမမျက်နှာဖြူနေတယ်။ ဖြူရော်နေတယ်။ လက်ထဲမှာ ရေပုလင်းတစ်လုံး ကိုင်ထားပြီး လမ်းသွားလမ်းလာတွေကို ထုံအ,အသူမရယ်ပြနေခဲ့တယ်။ ညနေဝင်ရီတရောအချိန်မှာ သူနဲ့သူမတွေ့ကြတယ်။ အမှိုက်ပုံးတစ်ခုမှာ မှိုတက်နေတဲ့ပေါင်မုန့်တစ်ချပ်ကို အတူတွေ့ကြရင်း သူတို့နှစ်ယောက် ဆုံခဲ့ကြခဲ့တယ်။ ပေါင်မုန့်ဆီ နှစ်ဦးသားလက်လှမ်းပြီး ကောက်ယူ ချိန် ခေါင်းချင်းတိုက် ဆုံခဲ့ကြတာဖြစ်တယ်။ သူမကို သူစူးစူးစိုက်စိုက် ကြည့်ပစ်လိုက်တယ်။ သူ့ကို သူမရယ်ပြနေတယ်။ နောက်ဆုံးသူ့လက်ထဲပေါင်မုန့်ပါလာတယ်။ မည်းညစ်နေတဲ့ ပါးစပ်ကြီးကို ဟပြီး ပေါင်မုန့်ကို ခပ်နာနာတစ်ချက် သူကိုက်ချလိုက်တယ်။ သူမ မလှုပ်ဘဲ သူ့ကိုငေးစိုက်ကြည့်နေတယ်။ သူမကို အရောင်မပါတဲ့မျက်လုံးနဲ့ သူတစ်ချက် စောင်းကြည့်လိုက်တယ်။ တံထွေးတွေကို မပြတ်မျိုချရင်း သူ့ကို သူမငေးကြည့်နေခဲ့တယ်။ စားလက်စပေါင်မုန့်ကိုရပ်ပြီး ထုံအအနဲ့ သူ့ကိုစိုက်ကြည့်နေတဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။ အဲဒီလိုနဲ့ အရူးနှစ်ယောက် ဘာအမှုအရာမှမပြဘဲ အချင်းချင်း စိုက်ကြည့်နေကြတယ်။ သူမကို သူပေါင်မုန့်ကမ်းပေးလိုက်တယ်။ တစ်ဝက်သာကျန်တဲ့ပေါင်မုန့်ကို သူမဆတ်ခနဲဆွဲယူပြီး အားရပါးရစားလိုက်တယ်။ နေရာက သူလှည့်ထွက်လာခဲ့တယ်။ နောက်လှည့်မကြည့်ဘဲ အိပ်နေကျ အိမ်အိုကြီးဆီ သူပြန်လာခဲ့တယ်။ အိမ်နားရောက်မှ သူ့နောက်မှာ သူမ လိုက်ပါလာမှန်းသိတယ်။ သူ့ကို သူမရယ်ပြပြန်တယ်။ သူတို့အချင်းချင်း စကားတစ်ခွန်းမှမပြောကြဘဲ အိမ်အိုကြီးထဲမှာ အတူနေခဲ့ကြတယ်။ ညအိပ်ချိန်မှာ တစ်ခါမှမခံစားဖူးတဲ့ နွေးထွေးမှုကို သူခံစားမိတယ်။ နိုးလာတော့ သူမက သူ့ကိုဖက်ပြီး အိပ်နေတယ်။ အရူးတစ်ယောက်ပုံစံနဲ့ မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် သူ့ကိုဖက်ပြီး သူမအိပ်ပျော်နေခဲ့တယ်။ ဒီလိုနဲ့ အရူးနှစ်ယောက် တစ်အိမ်ထဲမှာ အတူနေဖြစ်ခဲ့ကြတယ်။ နေ့ခင်းမှာ နှစ်ယောက်အတူ ဈေးထဲက စားစရာတွေကောက်ယူစားပြီး သူတို့ဗိုက်ဖြည့်ကြတယ်။ ညဖက်မှာ အိမ်အိုကြီးဆီ ပြန်အိပ်ကြတယ်။ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ နေ့ရက်တွေကို သူတို့ကျော်ဖြတ်ခဲ့ကြတယ်။ တစ်ညမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ လက်စွပ်တစ်ကွင်းကို သူယူပြန်ခဲ့တယ်။ သံချေးတွေတက်နေတဲ့ လက်စွပ်ကို သူမလက်ထဲ သူစွပ်ပေးလိုက်တယ်။ သူမက ထုံးစံအတိုင်း သူ့ကိုကြည့်ပြီးရယ်နေတယ်။ အဲဒီညက သူမ အားရပါးရရယ်ဖြစ်တယ်။ တိတ်ဆိတ်တဲ့ညမှာ သူမရယ်သံကို အတိုင်းသားကြားနေရတယ်။ ရယ်သံတွေရဲ့နောက်မှာ ငိုသံတွေပါနေခဲ့တယ်။ ပထမဆုံးအကြိမ် သူမငိုမိတယ်။ သူ့ကိုဖက်ပြီး ဘာမှန်း ညာမှန်းမသိ သူမ ငိုနေမိတယ်။ သူက မတုန်လှုပ်တဲ့အပြင် မျက်နှာမှာလည်း ဘာအမူအရာမှ မပြခဲ့ဘူး။ သူမ ဖျားနေတယ်။ တစ်ခါမှ မဖျားဖူးတဲ့သူမ အပြင်းဖျားနေခဲ့တယ်။ သူနဲ့အတူ မနက်စာထွက်မကောက်ခဲ့ ဘူး။ သူ့ကိုရယ်ပြမနေခဲ့တော့ဘူး။ သူ့တစ်ယောက်တည်း အစာတွေသွားကောက်ခဲ့ပြီး နေ့ခင်းမှာ ပြန်လာ ခဲ့တယ်။ လက်ထဲမှာရေအသစ်တစ်ဗူးနဲ့ ပေါင်မုန့်အသစ်တစ်ထုပ် ယူပြီး သူပြန်လာခဲ့တယ်။ သူ့မျက်နှာတွေ ဖုယောင်နေတယ်။ လက်ညိုးတွေလည်း ညိုမည်းနေတယ်၊ နှာခေါင်းမှာလည်း သွေးတွေပေနေတယ်။ ဆိုင်ထဲက ရေနဲ့ပေါင်မုန့်ကို သူဝင်လုတဲ့အချိန် ဆိုင်ပိုင်ရှင်ရိုက်ထားလို့ဖြစ်တယ်။ မျက်လုံးတွေကို သူမမှိတ်ထားလည်း သူ့ကို အရင်လိုပဲ ရယ်ပြနေခဲ့တယ်။ ပေါင်မုန့်ကိုယူပြီး သူမပါးစပ်ထဲ သူထည့်ပေးလိုက်တယ်။ သူမ မစားနိုင်ဘူး။ ကြည့်ရတာ သူမ သိပ်မဟန်တော့ဘူး။ အဖျားတွေတက်ပြီး သူမမေ့မျောသွားခဲ့တယ်။ သူ့မျက်နှာပေါ်မှာ ပထမဆုံးအကြိမ် အမူအရာတွေကို မြင်ရတယ်။ စိုးရိမ်တဲ့ အမူအရာ၊ အကူအညီမဲ့တဲ့ အမူအရာ... အိမ်အိုထဲကနေ သူထွက်ပြေးလာခဲ့တယ်။ အစိမ်းရောင်ဝတ် ရဲသားတစ်ဦးကိုတွေ့တော့ သူငိုတယ်။ ပထမဆုံးအကြိမ် သူငိုခဲ့တယ်။ "ကျွန်တော့်အမျိုးသမီးကို ကယ်ပါ" လို့ ပါးစပ်ကအော်ပြီး သူငိုတယ်။ "သွားစမ်း.. အရူး.. တောက်.. အိမ်ကထွက်တာနဲ့ ဘယ်ကအရူးနဲ့လာတိုးနေမှန်း မသိဘူး" ရဲသားက ပြောပြောဆိုဆို သူ့ကိုကန်ထည့်လိုက်တယ်။ မြေကြီးပေါ် သူပက်လက်လှန်ကျသွားတယ်။ ရဲသားက သူ့ဗိုက်တည့်တည့် အားနဲ့သုံးလေးချက် ဆင့်ပြီးကန်ချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာပေါ် တံထွေးတစ်ချက်ထွေးထည့်ပြီး နေရာကထွက်သွားတယ်။ မြေပေါ်မှာ သူအကြာကြီးလဲနေခဲ့တယ်။ သူထနိုင်တဲ့အချိန် မျက်နှာပေါ်က တံထွေးတောင် ခြောက်နေခဲ့ပြီ။ သူမကိုကျောပိုးပြီး လမ်းမကြီးပေါ် သူရောက်လာခဲ့တယ်။ လမ်းပေါ်မှာ လူတွေအများကြီး ဒါပေမယ့် သူတို့ကိုတစ်ယောက်မှ ဂရုစိုက်မကြည့်ကြဘူး။ ကြည့်ကြတဲ့လူတွေကလည်း ရွံ့ရှာတဲ့အေးတိအေးစက် အကြည့်နဲ့ တစ်ချက်ကြည့်ပြီး ကိုယ်လမ်းကိုယ်သွားလိုက်ကြတယ်။ သူမကို လမ်းဘေးတစ်နေရာမှာ သူချလိုက်ပြီး အကူအညီမဲ့မျက်လုံးနဲ့ လူတွေကို သူလိုက်ကြည့်နေခဲ့တယ်။ သူမ အသက်မျှင်းမျှင်းလေးပဲ ရူနေတယ်။ ရုတ်တရက် လမ်းဘေးက ဖန်ကွဲစတစ်စကို သူကောက်ယူပြီး သူမရဲ့ ညစ်ပတ်ပိန်လှီနေတဲ့ လက်ပေါ်ခုတ်ချလိုက်တယ်။ သူမလက်ထဲကသွေးတွေဖြာခနဲ သူ့မျက်နှာပေါ် ပန်းတက်လာတယ်။ "ဟား.. ဟား... ကျွန်တော်လူသတ်လိုက်ပြီ... ခင်ဗျားတို့ကြည့် ကျွန်တော်လူသတ်လိုက်ပြီ" အဲဒီနောက် အရေးပေါ်လူနာတင်ကား ရောက်လာပြီး သူမကို သယ်ထုတ်သွားကြတယ်။ ဝိုင်းကြည့်နေတဲ့လူတွေက သူ့ကိုကန်ကျောက်ပြီး ဆဲဆိုထွက်သွားကြတယ်။ ကယ်တင်ခံရပေမယ့် နောက်ဆုံးမှာ သူမ သေဆုံးသွားခဲ့ရတယ်။ အရေးပေါ်ခန်းမှာ တစ်နာရီလောက်တောင် သူမ မနေခဲ့ရဘဲ ရင်ခွဲရုံထဲ ပို့ခံခဲ့ရတယ်။ သေဆုံးသွားပေမယ့် သူမမျက်နှာက ပြုံးနေခဲ့တယ်။ သေဆုံးချိန်ထိ သူမလက်သူကြွယ်မှာ သံချေးတက်နေတဲ့ လက်စွပ်ကို စွပ်ထားဆဲဖြစ်တယ်။ သူမပြန်အလာကို သူအကြာကြီးစောင့်နေခဲ့တယ်။ ဒါပေမယ့် သူမ လုံးဝပြန်မလာခဲ့တော့ပါဘူး။ သူ့ကို ရယ်ပြဖို့ ပြန်မလာခဲ့တော့ပါဘူး။ သူငိုမိတယ်။ အားပါတရ သူအော်ငိုမိတယ်။ ညတစ်ညလုံး သူ့ငိုသံတွေ လွှမ်းနေခဲ့တယ်။ ဒါပေမယ့် ဘယ်သူ့မှ သူ့ငိုသံကို သတိမထားခဲ့မိကြဘူး။ သူတို့စတွေ့ခဲ့တဲ့ အမှိုက်ပုံးဘေးမှာပဲ သူ့ရဲ့အေးစက်နေတဲ့အလောင်းကို လူတွေတွေ့ခဲ့ကြတယ်။ သူ့မျက်နှာပေါ်ကအပြုံးတောင် အေးစက်နေခဲ့ပါပြီ။ မှိုတက်နေတဲ့ ပေါင်မုန့်တစ်ချပ်နဲ့ မဖောက်ရသေး တဲ့ ရေတစ်ပုလင်းက သူ့ရင်ခွင်ထက်မှာ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လို့....

OPPO ဖုန်း Firmware /Rom များကို Update/Install လုပ်နည်း လမ်းညွှန်

ထိုင်းနိုင်ငံ အတွင်း Samaung ပြီးရင် Android Os စမတ်ဖုန်း ထဲမှာ  ဒုတိယ ရောင်းအားအကောင်းဆုံးဟာ OPPO ဖုန်းတွေပါ..
ဒါကြောင့် ထိုင်းနိုင်ငံရောက် Oppo ဖုန်း သုံးသူ မြန်မာသူငယ်ချင်းများအတွက်ရည်ရွယ်ပြီး 
ဒီ ပို့စ် လေးကို ရေးဖြစ်ခဲ့ပါတယ်...
OPPO စမတ်ဖုန်းများ ဟာ ယခင် Normal rom များနဲ့ မတူ
ယခုအခါ မှာတော့ Color Os Rom များ ကို အသုံးပြုလာကြပြီဖြစ်ပါတယ်....
((ဥပမာ --Find 5 စထွက် စဉ် က Normal rom ပါ၊ ယခုအခါမှာတော့ Color Os အဖြစ် အရောင်းဆိုင်များမှာရှိနေပါပြီ))
Color Os များမှာ များသောအားဖြင့် မြန်မာ(ဗမာ) ဘာသာစကား ပါဝင်လာ
တာတွေ့ရပါတယ်
Color Os များ မှာ ထူးခြားတဲ့ Feature သစ်များစွာပါရှိလာပြီး 
သုံးရတာ သွက်လက်မြန်ဆန်လာတာမို့ OPPO သုံး သူငယ်ချင်းများ အနေဖြင့် 
လက်ရှိ Normal Rom ဖြစ်ပါက Color Os Rom များသို့ update လုပ် သုံးသင့်ပါတယ်..
oppo ဖုန်းများဟာ rom/firmware များကို flash tool များနှင့် Computer မလိုဘဲ ဖုန်းထဲမှာတင်   update / install လုပ်လို့ ရတာမို့ လွယ်ကူစေပြီး ပိုပြီး စမတ် ဖြစ် စေပါတယ်
Update လုပ်မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့အတိုင်းလုပ်ဆောင်နိုင်ပါတယ်
မှတ်ချက် ၊၊  ၊၊
Color Os Rom မှ Version မြင့် Color Os Rom သို့ မြှင့်ပါက ပြသနာမရှိသော်လဲ
 Normal Rom  မှ Color Os Rom သို့ update လုပ်လျှင် storage ကို  အလို အလျှောက်  Format လုပ်မှာကြောင့် User data များပျက်ပါမည် 
                ((လိုအပ်လျှင် external SD မှာ backup or copy လုပ်ပါ))
ဖုန်း model အလိုက် သက်ဆိုင်ရာ rom များ ကို အောက် ဖော်ပြပါ ဆိုက်များမှ download  လုပ်ပါ 

(oppo logo မှာရပ်နေပြီး firmware သေနေတဲ့ဖုန်းများလဲ ဒီအဆင့်များအတိုင်းပြုလုပ်နိင်ပါတယ်)
၁။   oppothai (http://www.oppothai.com/download)
(ဒီဆိုက်မှာတော့ oppo official update Rom/firmware   များကို download ယူဖို့ 
အကောင်းဆုံး website တခုဖြစ်ပါတယ် 
ဒီဆိုဒ်မှာတော့ color OS Rom နဲ့ Normal Rom ကို၂ မျိုး ခွဲပေးထားပါတယ်)
(ဒီဆိုက်မှာလဲ OPPO ရဲ့  the lasted official Rom /firmware  တွေ download လုပ်နိင်ပါတယ်)
* ဒေါင်းလော့ ယူခဲ့သော zip ဖိုင် ကို ဖုန်းရဲ့ SD card မှာ ကူးထားပါ 
* ဖုန်း ပိတ်ပါ၊ ဖုန်းရဲ့  ဘေး ဘယ်ညာတွင်ရှိသော(vol down+power button) အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကို တွဲနှိပ်ပြီး Recovery mode ဝင်ပါ ..

* Recovery mode ဝင်ရောက်နေတဲ့အချိန်မှာ လက်ရှိ ဖုန်းဟာ Normal rom ဆိုရင်
vol အထက် အောက် ကီးနဲ့ ရွေ့ပြီး  apply update from sdcard ကို  power ခလုတ် ကိုနှိပ့်ရွေးချယ်ပါ။

 ပြီးလျှင် sd ကဒ် အတွင်း ကူးယူခဲ့ပြီးသော firmware/rom... zip ဖိုင် ကို ရွေးချယ် install လုပ်ပါ...

Firmware update ကို စတင်ပြီး ၁ မီးနစ် ခန့် အကြာAuto Reboot  နဲ့
ဖုန်းပြန်ပွင့်လာရင် Firmware update လုပ်ပြီးသော ဖုန်းတလုံးကို စတင်သုံးနိုင်ပါပြီ...
((Nomal မှ Color သို့ မြှင့်ပါက အချိန်အနည်းငယ် ကြာတတ်ပါတယ်))

--------   *   --------

Color Os Rom မှ Update Color Os Rom 






Color Os Rom မှ Update Color Os Rom သို့ version မြှင့်သုံး ပါက
ပုံမှာပြထားတဲ့အတိုင်း Recovery mode  ရဲ့  Select Language မှာ English ကို ရွေး ခဲ့ပါ..
Install from sd မှ From sd သွားပြီး copy လုပ်ထားခဲ့ပြီးသော firmware/rom...zip ဖိုင်ကို
ရွေးချယ် install လုပ်ပါ...

Firmware update ကို စတင် Install လုပ်အပြီး ၁ မီးနစ် ခန့် အကြာ Power off  နဲ့ Reboot  လုပ်ဖို့ ပြောပါလိမ့်မယ်
Reboot လုပ်ပါ။  ဖုန်းပိတ်ပြီး ပြန်ပွင့်လာရင် Color Os အဖြစ်
Firmware update လုပ်ပြီးသော OPPO ဖုန်းတစ်လုံးကို တွေ့မြင်နိင်ပါပြီ.....။။