Tuesday, October 14, 2014

မချစ်ခင်အပ်သော ရဟန်း၏ အင်္ဂါ ဆယ်ပါး

တစ်နေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ကွယ်လွန်သွားသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါအတိုင်း ဟောကြားတော်မူသည်။
(၁) အဓိကရုဏ်းဖြစ်အောင်လုပ်တတ်၍ အဓိကရုဏ်းငြိမ်းအေးခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊
(၂) အကျင့်သိက္ခာကို မလိုလားသူဖြစ်၍ အကျင့်သိက္ခာဆောက်တည်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၃) ယုတ်မာသောအလိုရှိသူဖြစ်၍ ယုတ်မာသောအလိုကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့ မရှိခြင်း၊
(၄) အမျက်ဒေါသကြီးသူဖြစ်၍ အမျက်ဒေါသ ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၅) သူ့ကျေးဇူးကို ချေဖျက်တတ်သူဖြစ်၍ သူ့ကျေးဇူးကိုချေဖျက်ခြင်းကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၆) ကောက်ကျစ်စဉ်းလဲသူဖြစ်၍ ကောက်ကျစ်စဉ်းလဲမှုကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းမှု မရှိခြင်း၊
(၇) လှည့်စားတတ်သူဖြစ်၍ လှည့်စားမှု မာယာ ကို ပယ်ဖျောက်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၈) တရားသဘောကို စူးစမ်းဆင်ခြင်လေ့ မရှိသူဖြစ်၍ တရားသဘောကို စူးစမ်းဆင်ခြင်ခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၉) တစ်ပါးတည်းကိန်းအောင်းလေ့ မရှိသူဖြစ်၍ တစ်ပါးတည်းကိန်အောင်းခြင်းကို ချီးမွမ်းလေ့မရှိခြင်း၊
(၁၀) သီတင်းသုံးဖော်တို့အား အစေ့အစပ် ( လောကဝတ် ) မပြုတတ်သူဖြစ်၍ အစေ့အစပ်ပြုခြင်းကို ချီးမွမ်းလေ့မရြှိခင်း၊
( နပ္ပိယသုတ် ၊ အင်္ဂုတ္တရနိကာယ် ၊ ဒသနိပါတ် ဆယ်ပါးစုတရားများအပိုင်းမှ )

No comments:

Post a Comment