Tuesday, October 14, 2014

ဘုရားပုံပါသော အင်္ကျီများ ၀တ်ဆင်ခြင်း


မေး ။ ။ အရှင်ဘုရား၊ ယခုအခါ ဘုရားဖူး
ကုသိုလ်လုပ်ငန်းနှင့်အတူ ပုဂံ၊ ကျိုက်ထီးရိုး
ရောက်အမှတ်ရစသည်ဖြင့် အရပ်ရပ်မှတန်
ခိုးကြီးဘုရားပုံတော်များရိုက်နှိပ်ထားကာ
တီရှပ်စသည့် အင်္ကျီအမျိုးမျိုးဝတ်ဆင်ကြ
သည်ကို ကျားမအရွယ်စုံတွေ့နေရပါသည်။
ထိုသို့သော အင်္ကျီမျိုးဝတ်ကောင်း မကောင်း
ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ။ ဘုရားပုံတော်များရိုက်နှိပ်ပါရှိသော
အ၀တ်များဝတ်ခြင်းငှါမသင့်ပါ။ မိမိတို့အထွတ်
အမြတ်ထား၍ ပူဇော်ရာရတနာမြတ်သုံးပါးနှင့်
ဆိုင်သော ပုံတော်များကို အထွတ်အမြတ်နေ
ရာ၌သာ ရှိစေ၍ ပူဇော်ရပါမည်။
ဤခန္ဓာနှင့်ကပ်ငြိ၍ သုံးဆောင်လိုက်သော
အ၀တ်အစားများသည် ခန္ဓာကိုယ်၏ အညစ်
အကြေး၊ ချွေးနံ့၊ အမျိုးမျိုးတို့ဖြင့် စိုစွတ်ပေ
ရေနံစော်နေမည်သာဖြစ်ပေသည်။
သွေးပြည် အိုင်းမန်း၊ တင်းကျမ်းယိုစီး၊ အနာ
ကြီးကို၊ လွှမ်းနှီးသည့်တူ၊ အဏှမြူမျှ၊ သုံးယူ
မရ၊ ဒွိတိံသပေါင်း၊ အကောင်းကျောက်မျက်၊
ဘယ်မထွက်သည့်၊ ပေါက်ပျက်ယိုစီး၊ ဤ
ကိုယ်တင်လွှမ်း၊ ၀တ်သင်္ကန်းသည်၊ ရိနွမ်း
ညှိုးမှိန် လေအံ့သည်တကား စသည်ဖြင့်
အ၀တ်သင်္ကန်းသည် ကောင်းသည့်အနံ့
အသက် ဘာမျှမထွက်သော အိုင်းအမာ
ကြီးနှင့်တူကြောင်း၊ အ၀တ်အစားဝတ်ခြင်း
သည် အနာတုံးကြီးကို ပတ်တီးစည်းသည်
နှင့်တူကြောင်း၊ ပတ်တီးအဖြစ်အသုံးချရ
သည့် အ၀တ်အစား၌ မိမိတို့အထွတ်အမြတ်
ထားရာ ပုံတော်များအသုံးပြုရိုက်နှိပ်ခြင်း
သည် ဗုဒ္ဓအဂါရ၀ ဘုရားကိုမရိုသေခြင်း
အပြစ်ရောက်ရှိ၍ ရှောင်ကြဉ်စေလိုပါ
သည်။
ဘဒ္ဒန္တ၀ါယာမသာရ
(မဟာဂန္ထ၀ါစကပဏ္ဍိတ)

No comments:

Post a Comment