Wednesday, October 15, 2014

မိမိကြောင့်သူတစ်ပါးအသက်သေတိုင်း ပါဏာတိပါတကံထိုက်ပါသလော။


မိမိကြောင့်သူတစ်ပါးအသက်သေတိုင်း
ပါဏာတိပါတကံထိုက်ပါသလော။


  ဖြေ။ ။ ပါဏာတိပါတကံမထိုက်ပါ။ ဥပမာ ခရီးသွား
ရင်း ပိုးကောင်များကိုနင်းမိရာ၌ မိမိကြောင့်သေသော်
လည်းသေစေလိုသောစေတနာမပါ။ တချို့မှာထိုနင်းမိ
ချိန်၌အလွန်ပင်သနားကရုဏာဖြစ်သေး၏။ တချို့က
ဆိုကြသေး၏။ လူတွေကစားသောကြောင့် သတ်သူ
သတ်ရသည်။ လူတွေမစားလျှင် မသတ်နိုင်။
ထို့ကြောင့်စားသူများလည်း ပါဏာတိပါတ အပြစ်
မကင်း ဤသို့ဆိုကြသေး၏။

ထိုသို့ဆိုကြရာ၌ စိစစ်ပြပါဦးမည်
(က) ခွေးသည် ကြက်ကိုကိုက်သတ်၍ချီလာ၏။
ထိုကြက်သားကို လူကချက်၍စားသည်။ လူမှာ
ပါဏာတိပါတကံထိုက်ဦးမည်လော။ မထိုက်ပါ။
(ခ) အိမ်ရှင်တစ်ယောက်သည် သူ၏၀မ်းရေး
အတွက် ပါဏာတိပါတအမှုကိုပြူ၏။ ထိုသူက
သတ်၍ယူလာသော အစာကို တစ်အိမ်သားလုံး
က စားကြ၏။ သတ်သည်ကို သဘောမတူကြ။
ထိုသို့ဖြစ်လျှင် ထိုသူ၏အိမ်သားအားလုံးကံထိုက
မည်လော။ မထိုက်ပါ။
(ဂ) အခါတစ်ပါး မုဆိုးကြီးတစ်ယောက်သည်
အသားတချို့ကို ပမာပတ်ဝင်စားနေသော
ဥပ္ပလ၀ဏ်ထေရီမအား လှူလိုသောကြောင့်
အနီးအပါး၌ အလိုရှိသူယူရစ်ပါဟု ကြွေးကြော်
၍ ပံသုကူပစ်ထား၏။ ဥပ္ပလ၀ဏ်ဘိက္ခုနီမသည်
သမာပတ်မှထစဉ် ထိုအသံကိုကြား၍ ပံသုကူ
ကောက်ယူပြီးလျှင် ကောင်းမွန်စွာစီစဉ်၍ ဘုရား
ရှင်အားကပ်လှူ၏။ ဘုရားရှင်ဘုန်းပေးတော်မူ
သည်။
(၀ိနည်းပါဠိတော်၊ နိဿဂ္ဂိယပါစိတ်)
(ဃ) ကုက္ကုရမိတ္တမည်သော အကြီးစားမုဆိုး
တစ်ယောက်၏ မယားသည် အပျိုဘ၀ကပင်
သောတာပန်ဖြစ်ခဲ့၏။ ထိုသူမသည် လင်မုဆိုး
ကြီးက လေးယူခဲ့ပါ ရှင်မရေဟုဆိုလျှင် လေး
ကို ယူပေးရ၏။ ဓါးလှံယူခဲ့ပါရှင်မရေဟုတောင်း
လျှင်လည်း ယူပေးရ၏။ သို့သော် သူမသတ်စေ
လိုသော စေတနာမရှိ။ မယားဝတ္တရားကိုဆောင်
ခြင်းသာဖြစ်၏။ ထို့ကြောင့် ပါဏာတိပါတကံ
မဖြစ်ပါ။
(င) ဘုရားရှင်သည် ထိုသူမ၏ ပါဏာတိပါတကံ
ထိုက်မထိုက်ကို စဉ်းစားကြသော ရဟန်းတို့
အား တရားဟောတော်မူသည်မှာ လက်၌
အနာမရှိလျှင် ထိုလက်ဖြင့် အဆိပ်ကိုကိုင်
သော်လည်း ထိုလက်ကို မပူစေနိုင်၊ ထို့အတူ
မကောင်းမှုကို ပြုလိုသောစိတ်မရှိသူမှာ
မကောင်းမှုအဆိပ်ကို မလောင်နိုင်ပါဟုဟော
တော်မူသည်။
(ဓမ္မပဒပါဠိတော်၊ ကုက္ကုရမိတ္တ၀တ္ထု။)

ပါဏာတိပါတအင်္ဂါ
၁။ သက်ရှိသတ္တ၀ါဖြစ်ခြင်း။
၂။ သက်ရှိသတ္တ၀ါဟုသိခြင်း။
၃။ သတ်လိုသောစိတ်၊ စေတနာရှိခြင်း။
၎။ သတ်ဖိုရန်ကိုယ်မှု နှုတ်မှု ပယောဂတစ်ခုခု
ပြုသောအားဖြင့် သတ်ခြင်း။
၅။ သေခြင်း။
ဤအင်္ဂါငါးပါးပြည့်စုံမှ ပါဏာတိပါတကံထိုက်
သည်။ ထို့ကြောင့် ဤအင်္ဂါနှင့် မညီသော်လည်း
ကောင်း၊ ကိုယ်တိုင်ပြုခြင်း ခိုင်းခြင်း၊ ကျေးဇူး
ပြောခြင်း၊ သဘောတူခြင်းလေးမျိုးတွင်တစ်မျိုး
ကိုမျှမပြုသော်လည်းကောင်း ပါဏာတိပါတကံ
မထိုက်ဟု မှတ်ပါ။

အရှင်ဇနကာဘိဝံသ
ဘာသာရေးပြဿနာများ

No comments:

Post a Comment