Tuesday, October 14, 2014

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက် များ


မဟာယာန ဘာသာ ကို လူတော်တော် များများ စိတ်ဝင်တစား ရှိသော် လည်း အကြောင်းကြော င်းေ ကြာင့် မလေ့လာ ဖြစ်ပဲ အလှမ်းဝေး နေကြတာ ကို သတိထား မိပါတယ်၊ အထူး သဖြင့် ကိုယ် နဲ့ မဆိုင် ပါဘူးလေ ဆိုပြီး ဖာသိဖာသာ နေ တာလဲ ပါမှာပါ၊ သို့သော် လည်း တိုင်းတပါး ကို ရောက် လာ တဲ့အခါ မှာ တော့ ကိုယ့်ပတ်ဝန်းကျင် မှာ ဘာသာ မျိုးစုံ၊ လူမျိုး ပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒ သမား က အစ တွေ့မြင် နေကြရတာ ကြောင့် မသိမဖြစ် အနေနဲ့ လိုအပ် လာတယ်၊ စာရေးသူ တို့ ဘုရား သားတော် ရဟန်း တွေ မှာတောင် မြန်မာ ပြည်မှာ တုံးက မလိုအပ်ဖူး လို့ ထင်ခဲ့ မိတယ်၊
အခုတော့ ကိုယ့် ၀န်းကျင်မှာ မဟာယာန ဘုန်းကြီးတွေ၊ သီလရှင် တွေ ၊ တရုတ် ကိုးရီးယား ဂျပန် လူမျိုး တွေကို တွေ့လာ ၇တဲ့ အခါမှာ တော့ သူတို့ ဘာသာ အကြောင်း ကို မသိလို့ မရတော့ ဘူး၊ သူ့တို့ ဘာသာကို အစ အဆုံး ဘုရား တရား က အစ လိုက်မေး နေရတယ် ဆိုရင် ကိုယ့် မြန်မာ လူ မျိုး သိက္ခာ တော်တော် ကျနေပြီ၊ သီတဂူ ဆရာ တော်ကြီး ပြောတဲ့ စကား တခွန်း ကို မှတ်သား မိ ဘူး တယ်၊ ဘယ် ဘာသာ ကို မဆို လေ့လာ ထားပါ၊ သူတို့နဲ့ စကား ပြောလို့ အနိုင် လိုချင် ရင် သူ့ တို့ ဘာသာ ရဲ့ အားနည်း ချက် ကို သိနေတော့ ပြောဆို ရတာ ( နောက်ဆုံး ငြင်းခုံ ရင်တောင် ကို ယ် က အနိုင် ရမယ် ) သိပ်လွယ် တယ် တဲ့။ အထူး သဖြင့် စာရေးသူ တို့ မြန်မာ နိုင်ငံမှာ မဟာယာ န ဗုဒ္ဓ ဘာသာ ဆို တာ တရုတ် ဘုန်းကြီး ကျောင်းတွေ မှာသာ ရှိတာ မို့ ရဟန်း သံဃာတွေ ရော ဒ ကာ ဒကာမ တွေပါ အလှမ်းဝေး နေခဲ့ ကြတယ်။ ဒါကြောင့် လက်လှမ်းမှီ သလောက် ကို တင်ပြ လို က်ပါ တယ်၊
ထေရ၀ါဒ ဗုဒ္ဓ ဘာသာ – မည်ပုံ
ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူ သော မဟာ သက္ကရာဇ် ( ၁၄၈ ) ခုနှစ် ကဆုန် လပြည့်နေ့ မှနောက် ၃ လလွန် မြောက်ပြီး သော အခါ အရှင် မဟာ ကဿပ ဦးဆောင် သော ရဟန္တာ မထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ် မြို့ တွင် ဘုရားရှင် ၏ တရားတော် တို့ကို တလုံး တပါဒ မျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ် ပယ်ရှားခြင်း အလျင်း မရှိ ခဲ့ပဲ ဟောတော်မူ ခဲ့သည့် အတိုင်း တသွေ မတိမ်း ပထမ သင်္ဂါ ယနာ တင်တော်မူ ခဲ့ကြ သည်။
အချုပ် အားဖြင့် ဘုရား ဟောတော်မူ ခဲ့ပြီး သော တရားတော် တို့ကို ယနေ့ အချိန် အထိ တလုံး တ ပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း မရှိပဲ တပည့်သား သာဝက အစဉ် အဆက် လက်ဆင့် ကမ်း သယ်ေ ဆာ င် လာသော ၀ါဒ ကို ထေရ၀ါဒ ဗုဒ္ဓ ဘာသာ ( တပည့်သား သာဝက မထေရ် အစဉ်အဆက် သ ယ်ဆောင် လာသော ဘုရား ၀ါဒ ) ဟု မှတ်နိုင် ပါသည်။
ဒုတိယ သင်္ဂါယနာ
မြတ် ဗုဒ္ဓ လွန်တော် မူပြီး သာသနာ နှစ်ပေါင်း ( ၁၀၀ ) ကြာပြီး နောက် ၀ဇ္ဇီ တိုင်းသား ရဟန်းများ ( ဒေ၀ဒတ် တပည့်များ ) မှ အဓမ္မ ၀တ္ထု ( ၁၀ ) ပါးကို တောင်းဆို ခဲ့ကြသည်။ ဥပမာ နေလက် တစ် သစ် လွဲသည့် အချိန် အထိ ၀ိကာလ ဘောဇန လုပ်နိုင် တယ်၊ သေနု ( အရက်ခပ် ပျော့ပျော့ ယခုေ ခတ် ထန်းရည် လိုမျိုး ) ကို သောက်နိုင် တယ်၊ ရွှေငွေ များ ကို လူတွေ လို စိတ်ကြိုက် ကိုင်တွယ် အ သုံးပြု နိုင်တယ် — စ သဖြင့် တောင်းဆို ခဲ့ပြီး ထေရ၀ါဒ ဗုဒ္ဓ သာသနာ တော် အား ပြုပြင် ပြော င်း လဲရေး လုပ်လာ သဖြင့် ထို ရန်သူ တို့အား ကာကွယ် ရန် ဒုတိယ အကြိမ် သင်္ဂါယနာ တင်ရ ပြန် သည်။
(၂) သာသနာနှစ် ( ၁၀၀ ) နှစ်
(၃) နေရာ ဝေသာလီ ပြည်၊ ၀ါဠုကာရာမ ကျောင်း
(၄) ခေါင်းဆောင် အရှင် ယသ မထေရ် ဦးဆောင် သော အရှင် ရေ၀တ နှင့် အရှင် သဗ္ဗကာမိ
(၅) သံဃာ ဦးရေ ရဟန္တာပေါင်း ( ၇၀၀ )
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် ( ၈ ) လ
အရှင် ယသ၊ အရှင် ရေ၀တ အရှင် သဗ္ဗကာမီ ဦးဆောင် သော ရဟန္တာများ ဝေသာလီ ပြည်၌ သင်္ဂါ ယနာ တင်နေစဉ် ၀ဇ္ဇီ တိုင်းသား ရဟန်းပျက် များ ကို သံဃာ ထု၊ မင်း ပရိသတ် ထု၊ ပြည်သူ လူ ထု ပေါင်းပြီး နှင်ထုတ် ခဲ့ကြသည်၊ ထို ရဟန်းပျက် များ ကာ တစ်သောင်း ကျော် ပမာဏ ရှိခဲ့ သည် ဟူ၏။ ထို ရဟန်းပျက် တို့ ကို တိုင်းပြည် မှ နှင်ထုတ် လိုက်ရာ ၎င်း တို့သည် ဟိမ၀န္တာ တောင်ခြေ ဖက် သို့ သွားရောက် ပြီး ရှင်ဘုရင် တစ်ပါးမှ သနား ကာ ခိုလှုံခွင့် ပေးလိုက် ရာမှ ထိုရဟန်း တို့သ ည် လည်း သင်္ဂါယနာ စင်ပြိုင် တင် ခဲ့ကြ သည်။
ထို ရဟန်း တို့အား တစ်သောင်းကျော် ဟူသော ကြီးမား သော အင်အား ရှိသဖြင့် မဟာ သံဃိက ဂို ဏ်း ဟု နာမည် တွင် ခဲ့သည်၊ ထို ဂိုဏ်းမှ မဟာယာန ၀ါဒ ဖြစ်လာ သည်။ ထိုမှ တဖန် ဝေ သာ လီ ၌ ကျန်ရှိ ခဲ့ကြသော ရဟန္တာ ( ၇၀၀ ) အဖွဲ့အား ဟီနယာန ဂိုဏ်း သေးငယ် သော ဂိုဏ်း ( တနည်း အားဖြင့် သဗ္ဗတ္ထိ ၀ါဒ ဂိုဏ်း ) ဟု ခေါ်တွင် ခဲ့သည်။ ထို ဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက် လာ ပါသည်။ အမှန် ကတော့ ငါတို့ က ရွာရဲ့ မြောက်ပိုင်း မှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်း မှာ နေတယ် ဟု အလိုလို မပြော သော် လည်း ပြော သကဲ့ သို့ ထေရ၀ါဒ ကို လည်း မဟာယာန ၀ါဒီ တို့ သည် ဟီနယာန ဟု သုံးစွဲ ခဲ့ကြလေ သည်၊
အိန္ဒိယ တောင်ပိုင်း ဒေသ မှ စကာ ပြန့်နှံ့ ခဲ့သောကြောင့် တောင်ပိုင်း ဗုဒ္ဓဘာသာ ( ထေရ၀ါဒ ) ဟု လည်း အလွယ် တကူ မှတ် နိုင်ပေ သည်။ ယခု အချိန် အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘော ဒီယား၊ လာအို နိုင်ငံ တို့တွင် သာသနာ ထွန်းကား နေဆဲ မို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများ က အသိ အ မှတ် ပြု လက်ခံ ထားဆဲ ဖြစ်သည်။
မဟာယာန မှာ တော့ မဇ္ဈိမ ဒေသ အိန္ဒိယ ပြည် မြောက်ပိုင်း ဟိမ၀န္တာ ကနေ ပြန့်ပွား ခဲ့သောေ ကြာင့် မြောက်ပိုင်း ဗုဒ္ဓ ဘာသာ ( မဟာယာန ) ဟု မှတ်နိုင် သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အတော အတွင်း မဟာယာန ၀ါဒ စတင် ဖြစ်ပေါ် လာသည် ဟု သိရသည်၊ မဟာယာန တို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိ က သုတ် တွင်မူ အေဒီ ၂ ရာစု မှ စကာ ခေါင်းဆော င် ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုည တ ၀ါဒ ကို စွဲကိုင်ကာ အင်အား ကြီးမား စေ ခဲ့သည်၊ အေဒီ ၄ ရာစု လောက်တွင် တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လ က်ထက် တွင် မဟာယာန ဘာသာ သည် အထွတ် အထိပ် အခြေ အနေ သို့ ရောက်ရှိ အောင် ပြန့် ပွား ခဲ့သည် ဟု ဆိုရပါမည်။ ( မဟာ – မြင့်မြတ် သော၊ ယာန – နိဗ္ဗာန် သို့ ပို့ဆောင် ပေးသော အ ရာ၊ ယာဉ် ဟူသော၊ ၀ါဒ – အယူ ရှိသူ )
ထို အချိန် မှစ၍ မြောက်ပိုင်း ဗုဒ္ဓ ဘာသာ ခေါ် မဟာယာန သည် တရုတ် ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂို လီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများ အထိ နှစ်ပေါင်း များ စွာ ခေတ် အဆက် ဆက် ပြန့်ပွား ခဲ့သည်၊ ထိုနိင်ငံ တို့တွင် ထေရ၀ါဒ ဘာသာ အား ကောင်းစွာ ပျံ့ နှံ့ သည် ဟူ၍ မကြားဖူး ခဲ့ပေ။ အနည်းစု တော့ ရှိခဲ့ လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်း ကဏ္ဍများ တွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေ သူ အား ရည်စူးကာ စက္ကူများ အား မီးရှို့ ပြာချ ခြင်း စသည်များ သည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့ အ ရ အနည်းငယ် ကွဲလွဲ သည်မှအပ တူညီ နေကြပေ သည်။
ပြိုကျ ခါနီး အိမ်ကို ကျားကန် ထားရ သလို ဖြစ်နေတဲ့ မဟာယာန ဘာသာ ဟာ နောက်ပိုင်း ခေတ် မှာ တော့ ဂျပန် နိုင်ငံက စပြီး ရဟန်းတော် များ အိမ်ထောင် ပြုသင့် တဲ့ ဂိုဏ်း၊ မပြုသင့် တဲ့ ဂိုဏ်း ဆို ပြီး ကွဲပြား လာတယ်၊ တချို့ အရက် သောက်ကြတယ်၊ တချို့ က မသောက် ဘူး၊ တချို့ သက် သက် လွတ် စားတယ်၊ တချို့က မစား ကြဘူး၊ ဒါကြောင့် ယခု အချိန် မှာ ကိုးရီးယား ဂျပန် ဘုန်း ကြီး တော်တော် များများ ဟာ အိမ်ထောင် ရှိ ကြတယ်၊ အရက် သောက် ကြတယ်၊ ပါတီ နိုက်ကလ ပ် တက်ကြ တယ် လို့ တဆင့် စကား ကြားဖူး ပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စ တဲ့ နိုင်ငံ တွေ မှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊ ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်း သေး တယ် လို့ ယူဆ ရ မှာပါ။ သက်သက် လွတ် ၀ါဒ ကတော့ တော်တော် ကြီးစိုး နေဆဲ ပါပဲ၊ ဒါကလဲ ဘုရားရှင် လက်ထက် တော် အခါ ကတည်း က အ ရှင် ဒေ၀ဒတ် က တောင်းဆု ငါးပါး ထဲမှာ ရဟန်းတော် များ သက်သက် လွတ် စားဖို့ သိက္ခာပုဒ် ပညတ် တော်မူပါ ဘုရား – ဆိုပြီး တောင်းပန် ခဲ့ဖူး ပေမယ့် ဘုရားရှင် က ခွင့် မပြု ခဲ့ဘူး။
အရင်း စစ်တော့ အမြစ်မြေ က – ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန ၀ါဒ ဟာလဲ ဒု တိယ သင်္ဂါယနာ တင်ချိန် က တည်းက အဓမ္မ၀ါဒ က နေ ဆင်းသက် လာတာ မို့ အယူဝါဒ တော်ေ တာ် များများ လွဲနေတာ မထူးဆန်း တော့ပါဘူး။
လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်
ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -
၁ ။ သမ္မာ သမ္ဗုဒ္ဓ အဖြစ် နှင့် ကူးမြောက် ခြင်း၊
၂ ။ ပစ္စေက ဗုဒ္ဓါ ဘုရားငယ် အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ – ခေါ် ရဟန္တာ အဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုး ရှိသည်။
မဟာယာန ဘာသာတွင်လည်း -
Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရား အလောင်းယာန၊
Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေ ဗုဒ္ဓါလောင်း ယာန၊
Sravakayana ( သာဝက ယာန ) သာဝက လောင်း ယာန၊ ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစား များ တွေ့ရ သည်။
ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်
(၁) မြတ်စွာ ဘုရား ကို နှစ်ဖက်စလုံး က ဆရာ အဖြစ် လက်ခံ ကြတယ်။
(၂) သစ္စာ လေးပါး တရားတော် ကို နှစ်ဖက်လုံး က အပြည့်အ၀ လက်ခံ ကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရား ကိုလဲ လက်ခံတာ ချင်း တူညီတယ်၊
(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ကို လက်ခံ တာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင် ကို နှစ်ဖက်လုံး မှာ လက်မခံပဲ ပယ်မြစ် ပါတယ်။
(၆) အနိစ္စ ၊ ဒုက္ခ၊ အနတ္တ နဲ့ သီလ၊ သမာဓိ ၊ပညာ တွေ ကို နှစ်ဖက်လုံး က လက်ခံ ကြတယ်။
Mahayana and Theravada
Now, what is the difference between Mahayana and Theravada?
I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between Theravada and Mahayana with regard to the fundamental teachings.
1- Both accept Sakyamuni Buddha as the Teacher.
2- The Four Noble Truths are exactly the same in both schools.
3- The Eightfold Path is exactly the same in both schools.
4- The Paticca-samuppada or the Dependent Origination is the same in both schools.
5- Both rejected the idea of a supreme being who created and governed this world.
6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.
အနတ္တ ကို နှစ်ဖက်စလုံး က လက်မခံ ကြပေမယ့် ကွဲပြားချက် က တရားတော် တွေ မဟုတ်ဘဲေ ဗာ ဓိ သတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရား ကျင့်စဉ် အပေါ် မှာ ထား တဲ့ သဘော ထား ဖြစ်ေ နတယ်။ ထေရ၀ါဒ က ဘုရား လောင်း ကို ပုထုဇဉ် ပဲ ရှိသေးလို့ မကိုးကွယ် ဘူး။ ထေရ၀ါဒ ဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒ ဖြစ်ပြီး ၊ မဟာယာန ကတော့ ဗုဒ္ဓ ဖြစ်မယ့် ဘုရားလောင်း ဗောဓိ သတ္တ ကျင့်စဉ် ကို လက်ခံတဲ့ ၀ါဒ ပါ။ ထေရ၀ါဒ မှာ ဗောဓိသတ္တ ကို လွတ်မြောက် ရာ သစ္စာ တရား ကို မ သိသေး တဲ့ ပုထုဇဉ် မို့ မကိုးကွယ် သေးပေ မယ့် ၊ မဟာယာန မှာ တော့ ကိုးကွယ် စရာ ဗောဓိ သ တ္တတွေ များ ပါတယ်။ ဘုရားလောင်း ၊ ဘုရား ရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေး တယ်။
ဖားအောက် ဆရာတော် ကြီး ရဲ့ ဓမ္မစကြာ နှင့် ၀ိပဿနာ တရားတော် ကို နာဖူး ပါတယ်၊ မဟာ ယာန အယူ ၀ါဒမှာ – အရ ဟတ္တဖိုလ် ရပြီးသား ရဟန္တာ ပုဂ္ဂိုလ် ဟာ ဒီဘ၀ ကနေ နိဗ္ဗာန် ကို မျက်ေ မှာက် ပြု လို့ မရသေးဘူး။ ရဟန္တာ အဖြစ် ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြ န်ေ လျှာကျ သွားတယ်။ ပုထုဇဉ် ပြန်ဖြစ် သွားရမယ် ။ ပြီးမှ ဘုရား ဆု ပန်ပြီး ဘုရား ဖြစ် ဖို့ ပြန် ကြိုး စား ကြရမယ်။
ထေရ၀ါဒ မှာတော့ မဟုတ် ဘူး – ပုထုဇဉ် ဘ၀ ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ် အတိုင်း ဖြစ်ပြီးရင် နိဗ္ဗာန် ကို မျက်မှောက် ပြုရ တာ ပါပဲ၊ နောက်ဆုံး ဘ၀ ပေါ့၊ သူ့ အတွက် ဒီ ဘ၀ ဒီ ခန္ဓာကိုယ် ဟာ နောက်ဆုံး ပါပဲ၊ ဘုရား ဟောထား တဲ့ စကားလေး တခွန်း ရှိတယ်၊ ရဟန္တာ ဖြစ်တဲ့သူ များ လဲ ပြောလေ့ ရှိကြတယ်၊ အထူး သဖြင့် ဘုရားရှင် ကိုယ်တိုင်ပါ။
(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ ၏ ရရှိပြီး သော အရဟတ္တ ဖိုလ် ဥာဏ် သည် ဘယ်လို အကြော င်းေ ကြာင့် မှ မပျက်စီး နိုင်တော့ ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀ သည် နောက်ဆုံး ဘ၀ပဲ။ နောက်ထပ် ဘ၀ သစ် ဆိုတာ မရှိတော့ ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ – ရဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံ စရာ လုံးဝ မရှိေ တာ့ဘူး – တဲ့။
ဒါကို ထောက်သော အားဖြင့် ထေရ၀ါဒ ဟာ အားလုံး ဘုရားဟော စကားနဲ့ တူညီ နေသေး တယ်။ မဟာယာန မှာ တော့ ကိုယ် မကြိုက်တာ တွေ ကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့် လိုက်၊ အသစ် ထပ်တိုး လိုက် နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်း ခဲ့တာမို့ ဘယ် တရားက ဘုရား ဟော တရား အ စစ်အမှန် လဲ ဆိုတာ တိတိ ကျကျ ပြောနိုင်ဖို့ ခက်ခဲ တဲ့ အခြေအနေ ကို ရောက်နေ ပါပြီ။ စစ်မှန်ေ သာ တရားတော် တို့ သည် မိမိ တို့ လက်ထဲ မှာ သာ ရှိနေ သေးသော ကြောင့် အကျိုး ရှိရှိ အသုံးချ နိုင်ကြပါစေ ဟု သာ တိုက်တွန်း စကား ဆိုရင်း နိဂုံး ချုပ် ပါရစေ –
ကိုးကား –
စူဠ၀ါပါဠိတော်
အနတ္တလက္ခဏသုတ်တော်
ဖားအောက် တရားတော်
Theravada-Mahayana Buddhism written by Ven. Dr. W. Rahula
ဒေါက်တာ ၀ါလ်ပိုလ်လာ ရာဟုလာ ရဲ့ အမြင်များကိုလည်း ဒီနေရာ မှာ http://www.kusala.org/udharma3/theramaya.html လေ့လာနိင်ပါသေးတယ်။
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )

No comments:

Post a Comment