Tuesday, October 14, 2014

သားသမီးပျက်စီးခြင်းအကြောင်း(နီတိမဉ္ဇရီကျမ်းမှ)

သားသမီးတို့၏ လိမ္မာယဉ်ကျေးခြင်း၊ အပိုးသေသေ
နှင့် ဣနြေ္ဒရရကြီးပြင်းလာခြင်း၊ သဘောထားကြီး
မြင့်ခြင်း၊ ပညာတတ်မြောက်ခြင်း၊ လူ့ပြည်မှာလူရာ
ဝင်၍ လူကြီးလူကောင်းတစ်ဦး ဖြစ်လာခြင်း၊ သူ
တော်ကောင်းသဘော သက်ဝင်၍ ပစ္စုပ္ပန် သံသရာ
နှစ်ဖြာသော အကျိုးစီးပွားကို ရှာမှီးတတ်ခြင်းဆို
သည်မှာ မိဘတို့သာလျှင် အရင်းပဓာနဖြစ်လေ၏။
လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင်ဘ ဆို
သောအတိုင်း သားသမီးတို့၏ လက်ဦးဆရာအစစ်
သည်ကား မိဘတို့သာလျှင်ဖြစ်ကြ၏။ မိဘတို့၏
စိတ်သဘောထားအတိုင်း သားသမီးတို့မှာစရိုက်
ဝါသနာစွဲပါလေ့ရှိတတ်သဖြင့် မိဘတို့သည်သား
သမီးအပေါ်မှာ ပကတူပနိဿယသတ္တိဖြင့်ကျေးဇူး
ကြီးကုန်၏။ မိဘပြုလုပ်သူတို့က အုပ်ထိန်းစောင့်
ရှောက်ခြင်း ကောင်းမွန်၍ ဆုံးမပုံသေသေသပ်
သပ်ရှိသော မိကောင်းဖခင်တို့၏ သားသမီးများ
သည် တစဉ်ထဲ ဖြောင့်မတ်ကောင်းမွန်စွာကြီးပွား
၍ သွားကြကုန်၏။ မီးဖြင့်မဖုတ်ရသော အိုးစိုများ
သည် ပြင်ခြင်းငှါလွယ်ကူ၍ အိုးလုပ်သောသူ၏
သဘောအတိုင်းသာလျှင် ဖြစ်ရသကဲ့သို့ ထို့အတူ
ကလေးသူငယ်တို့၏ စိတ်နှလုံးသည်လည်းမဖုတ်
ရသေးသော အိုးစိုကဲ့သို့ ပြုပြင်ခြင်းငှါလွယ်ကူ
သည်။
အိုးဆရာက လက်ရာကောင်းလျှင် အိုးကောင်း
ဖြစ်၍ လက်ရာမကောင်းလျှင် ရွဲ့စောင်းသော
အိုးဖျင်း အိုးညံ့များဖြစ်သကဲ့သို့ ထို့အတူဆုံးမ
နည်းပေးကောင်းသော မိဘတို့၏ သားသမီး
များသည်လည်း လိမ္မာယဉ်ကျေးသော သူများ
ဖြစ်ကြ၍ အဆုံးအမညံ့ဖျင်းသော မိဘတို့၏
သားသမီးများသည်ကား ခပ်ရိုင်းရိုင်းနှင့်လူရာ
မ၀င်သော သူများဖြစ်တတ်ကြလေ၏။ ညံ့ဖျင်း
သော အိုးများတွေ့မြင်ရာ အိုးကို အပြစ်မတင်
ဘဲ အိုးဆရာကိုသာ အပြစ်တင်ကြဘိသကဲ့သို့
ဤလောကမှာလည်း ဆိုးဝါးညံ့ဖျင်းသော သား
သမီးများကိုတွေ့မြင်ရာ မိမဆုံးမ၊ ဖမဆုံးမ
စသော စကားဖြင့် မိဘခေါင်းကို ထိုခိုက်၍
ကဲ့ရဲ့ပြစ်တင်မြဲ ဓမ္မတာရှိလေသည်။ သို့ဖြစ်၍
သားသမီးမကောင်း၊ မိဘခေါင်း ဟူ၍ ဆိုစမှတ်
ပြုတတ်ကြလေသည်။
သားကိုငယ်က မဆုံးမ မိဘတလည်း ရန်သူ
မည်၏။ ဆိုသောစကားအရ ငယ်ရွယ်စဉ်အခါ
က မိဘတို့သည် သားသမီးကို ဆုံးမကြရမည့်
ဝတ္တရားရှိ၏။ ထိုဝတ္တရားရှိသည့်အတိုင်းဆုံးမ
ခြင်းမရှိဘဲ အလိုလိုက်၍ ဖြစ်စေ၊ အမှတ်မပြု
ဂရုမစိုက်ဘဲလက်လွှတ်ထား၍ဖြစ်စေ မိဘတို့
ဝတ္တရားကျေပွန်စွာရှိအောင် မပြုပါလျှင်ထိုမိဘ
တို့သည် ၀တ္တရားမကျေသောကြောင့်သား
သမီးတို့၏ရန်သူကြီးဖြစ်ရပြန်လေသည်။
သို့ဖြစ်၍ မိဘများတို့သည် သားသမီးတို့အား
မိမိတို့ဝတ္တရား ရှိသည့်အတိုင်း ဆုံးမသင့်ကြ
ပေသည်။ အလွန်ချစ်စနိုး၍ အလိုလိုက်ကာ
အလိုက်သင့် ထားပြန်ပါလျှင်လည်း မိဘတို့
ဝတ္တရားပျက်စီးခြင်းတစ်မျိုးပင်ဖြစ်၏။
ချစ်ခြင်းနှင့်အလိုလိုက်ခြင်းသည် တစ်မျိုးတစ်
လမ်းစီဖြစ်ကြ၏။ ချစ်သည်အတွက် အလိုလိုက်
ရမည်မဟုတ်။ အလိုလိုက်၍ထားခြင်းသည်
ပျက်စီးအောင် လမ်းစထွင်၍ ပေးခြင်းဖြစ်
သောကြောင့် အလိုလိုက်သောမိဘများသည်
သားသမီးကို ပျက်စီးအောင်နှစ်သည်မည်
သဖြင့် ချစ်ခင်ရာသဘောသို့ မသက်ချေ။
ချစ်ခြင်းကို တစ်လမ်းထား၊ အလိုလိုက်ခြင်းကို
တစ်လမ်းထားသင့်ပေသည်။ သားသမီးကို
ချစ်လျှင် အပြင်သို့ထွက်၍ ချစ်ဟန်ကိုမပြလေ
နှင့်ဆိုသော စကားအရ ချစ်ခင်ခြင်းကိုသိပ်
သည်းကျစ်လစ်စွာထား၍ အကျိုးများမည့်
အရာများကိုသာ အားပေးကူညီရာ၏။ အချို့
သော မိဘများသားသမီးကိုချစ်ကြသည်မှာ
လွန်စွာထင်ရှား၍ အရာရာ၌ ဦးစားပေးလျက်
အလိုလိုက်ကြလေ၏။ သားသမီးအပေါ်မှာ
အပြစ်မြင်လျှင် ထိုအပြစ်ကို ဖုံးလွှမ်းလျက်
အပြစ်မရှိသကဲ့သို့ ပြု၏။ ချီးမြှင့်မြှောက်စား
၏။ ဤကဲ့သို့ချီးမြှင့်မြှောက်စားခြင်းမှာ
မတရားသဖြင့်မြှောက်စားခြင်းဖြစ်၍
အမြှောက်ခံရသော သားသမီးတို့၏ စိတ်မှာ
လည်း ရောင့်တက်ခြင်း အားတစ်မျိုးပေါ်ပြီး
လျှင် ငါဘာပဲလုပ်လုပ် မိဘများက အပြစ်မ
ယူဘဲ ထောက်ထားညှာတာစွာနှင့်မျက်နှာ
သာပေး၍ အရေးယူကြသည်ဟု သဘော
ပိုက်လျက် ထင်မိထင်ရာ ရဲဝံ့စွာပြုတတ်ကြ
လေ၏။
မြှောက်စားလျှင်ရောင့်တက်၊ ထောက်ထား
လျှင်နှောင့်ယှက်ဆိုသောစကားအရ လူတို့
သဘောသည်များသောအားဖြင့် မြှောက်စား
သောမခါရောင့်တက်၍ လာတတ်ကြကုန်၏။
ထောက်ထားညှာတာ၍ အပြစ်ကိုဖုံးလွှမ်း
ပေးလျှင် နှောက်ယှက်တတ်ကုန်၏။
သို့ဖြစ်၍ သားသမီးတို့အားမတရားသဖြင့်
မြှောက်စားညှာတာထောက်ထားသောအခါ
အရာရာမှာ ပေါ့ပေါ့ဆဆနှင့် ပျက်စီးရာလမ်း
ကို ရောက်တတ်ကြလေသည်။ သို့ဖြစ်၍နီတိ
ဆရာကြီးများက ချော့မော့မြှောက်စားခြင်း
ကြောင့်သာ ပျက်စီး၏ဟူ၍ ဆုံးမချက်ထား
တော်မူကြလေသည်။
စာဏကျနီတိကျမ်း၌ အတိုရှိသည်မှာ
လာလယေ ပဉ္စ၀ဿာနိ၊
ဒသ၀ဿာနိ တာလယေ။
ပတ္တေတု သောဠသေ၀ေဿ၊
ပုတ္တံ မိတ္တံဝ အာစရေ။ ။
ပုတ္တံ၊ သားကို။ ပဉ္စ၀ဿာနိ၊ မွေးဖွားသည်မှ
ငါးနှစ်တိုင်အောင်။ လာလယေ၊ ချော့မော့
ရာ၏။ ဒသ၀ဿာနိ၊ ငါးနှစ်မှတစ်ဆယ့်ငါး
နှစ်တိုင်အောင်။ တာလယေ၊ ရိုက်နှက်ဆုံးမ
ရာ၏။ သောဠသေ၀ေဿ၊ တစ်ဆယ့်ခြောက်
နှစ်ရွယ်သို့။ ပတ္တေသု၊ ရောက်သည်ရှိသော်
ကား။ ပုတ္တံ၊ သားကို။ မိတ္တံဝ၊ မိတ်ဆွေခင်ပွန်း
ကဲ့သို့။ အာစရေ၊ ကျင့်ရာ၏။
ဆိုလိုရင်းအဓိပ္ပါယ်မှာ သားကိုမွေးဖွား၍ ငါး
နှစ်တိုင်တိုင် ရိုက်နှက်ခြင်းမပြုဘဲ ချော့မော့
မွေးမြူရမည်။ ငါးနှစ်က တစ်ဆယ့်ငါးနှစ်
ရွယ်သို့တိုင်အောင် ရိုက်နှက်နှိပ်ကွပ်၍ဆုံးမ
ရမည်။ တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်၍
လူလားမြောက်သောအခါ ချော့မော့ခြင်း၊
ရိုက်နှက်ခြင်းကိုမပြုဘဲ မိတ်ဆွေကဲ့သို့
သဘောထားရာ၏ဟူ၍ သားဆုံးမနည်းကို
ပြဆိုလေ၏။
ထိုစာဏကျနီတိကျမ်းမှာပင်
လာလနေ ဗဟဝေါ ဒေါသာ၊
လာလနေ ဗဟဝေါ ဂုဏာ။ ။
လာလနေ၊ သားသမီးကိုချော့မော့မြှောက်စား
ရာ၌။ ဒေါသာ၊ အပြစ်ဒေါသတို့သည်။ ဗဟဝေါ၊
များကုန်၏။ လာလနေ၊ သားသမီးကို နှိပ်ကွပ်
ဆုံးမရာ၌။ ဂုဏော၊ ဂုဏ်ကျေးဇူးတို့သည်။
ဗဟဝေါ၊ များပြားကုန်၏။
ဤသို့ချော့မော့၍ ကျေးဇူးမများကြောင်းကိုပြ
ဆိုလေသည်။ သို့ဖြစ်၍ မိဘတို့သည် သား
သမီးတို့အပေါ်၌ ချစ်ခင်ကြပါသော်လည်း
မိမိတို့အချစ်ကို အပြင်ဘက်သို့ အစွန်းမထွက်
စေဘဲ လုံခြုံသိပ်သည်းစွာ သိုမှီး၍ မတရား
မြှောက်စားခြင်းကို မပြုဘဲ အရှည်သဖြင့်
သား၏ ကြီးပွားခြင်းကိုလိုလားသောစိတ်ဖြင့်
အရာရာတွင် လိမ္မာယဉ်ကျေးအောင်ဆုံးမ
သင့်ကြပေသတည်း။
လယ်တီပဏ္ဍိတဦးမောင်ကြီး၏
နီတိမဉ္ဇရီကျမ်းမှ

No comments:

Post a Comment