Thursday, October 16, 2014

လင်ယောက်ျားလုပ်သည့်မကောင်းမှုကို မိန်းမကောရသလား

လင်ယောက်ျားလုပ်သည့်မကောင်းမှုကို မိန်းမကောရသလား
မကောင်းမှုဒုစရိုက် စုစုပေါင်းဆယ်မျိုးရှိသည်။
ကာယကံ ၃ ပါး၊ ၀စီကံ ၄ ပါးနှင့် မနောကံ ၃ ပါးတို့ပင်
ဖြစ်ကြသည်။ သူများအသက်သတ်ဖြတ်ခြင်း ပါဏာတိ
ပါတကံ တစ်မျိုးတည်းမှာပင်
၁။ ကိုယ်တိုင်သတ်ခြင်း။
၂။ သူတစ်ပါးအားသတ်ခိုင်းခြင်း။
၃။ သူများသတ်တာကို ချီးကျူးခြင်း။
၎။ သူများသတ်နေတာကို သဘောကျနှစ်ခြိုက်ခြင်း
ဟု လေးမျိုးထပ်ခွဲပြန်သောကြောင့် ဒုစရိုက်ဆယ်ပါး
အပြားလေးဆယ်ဟု မိန့်ဆိုကြခြင်းပင်ဖြစ်သည်။

ဤတွင်ယောက်ျားပြုလုပ်သည့် မကောင်းမှု မိန်းမ
ရမရ ဆိုသည်ကို ဤသို့ ဆန်းစစ်ကြည့်ရပါမည်။
ယောက်ျားဖြစ်သူ ခွေးတစ်ကောင်အား သတ်နေ
သည့်အခါ မိန်းမဖြစ်သူ သည် မတိုက်တွန်း အား
လည်းမပေး၊ သဘောမတူခဲ့ဘူးဆိုလျှင် ယောက်ျား
ပြုလုပ်သည့် မကောင်းမှုကို မိန်းမ မရတော့ချေ။
ဆန့်ကျင်ဘက်အားဖြင့် မိန်းမကလည်း သဘောတူ
အားပေးတိုက်တွန်းခဲ့ပါမူ ယောက်ျားပြုလုပ်သည့်
မကောင်းမှုကို မိန်းမလည်းရရှိခံစားရမည်ကား
သေချလှ၏။
ထို့အတူပင် မိန်းမငါးခေါင်းထုသည့်အခါ ယောက်ျား
သည် အားမပေး၊ မတိုက်တွန်း၊ သဘောမတူခဲ့ပါ
လျှင် မိန်းမပြုလုပ်သည့် မကောင်းမှုကို ယောက်ျား
မရချေ။ သဘောတူ တိုက်တွန်းအားပေးခဲ့ပါက
မိန်းမပြုသည့်အကုသိုလ် ယောက်ျားပါရသည်ဟု
မှတ်သားသင့်သည်။
ဇနီးမောင်နှံမှသာမဟုတ်၊ အများနှင့်တစ်ယောက်
၊ တစ်ဦးနှင့်တစ်ဦးကြား ရသည် မရသည်ကို
သည်အတိုင်းသာလျှင် ဆန်းစစ်ဝေဖန်ကြည့်ရ
မည် ဖြစ်ပါသည်။
သကျဝံသ
ဗုဒ္ဓ၀ါဒအုတ်မြစ် ၁၀၀

No comments:

Post a Comment