တစ်ရံရောအခါ သာဝတ္ထိမြို့တော်တွင် ပုဏ္ဏား
လင်မယားနှစ်ဦးရှိသည်။ တစ်နေ့တွင်ပုဏ္ဏေးမ
ကြီးသည် ရဟန်းတော်များကိုဆွမ်းကပ်ရန်
သဒ္ဓါတရားဖြစ်လာသည်။ ထို့ကြောင့်ရဟန်း
လေးပါးတို့အတွက် ဆွမ်းများချက်ပြုတ်သည်။
ပုဏ္ဏားကြီးကိုအရှင်မြတ်ကြီးလေးပါးကိုသွား
ရောက်ပင့်ခေါ်ပါဟု စေလွှတ်လိုက်သည်။
ပုဏ္ဏားကြီးသည် မြတ်စွာဘုရားသခင်သီတင်း
သုံးတော်မူရာ ဇေတ၀န်ကျောင်းတော်သို့သွား
ရောက်သည်။ ရဟန်းလေးပါးကို ဆွမ်းပင့်ဖိတ်
သည်။ ထိုနေ့မှာ သာမဏေငယ်လေးပါးသည်
ဆွမ်းအလှည့်ကျသောနေ့ဖြစ်သည်။ ထို့ကြောင့်
ဆွမ်းအလှူအတွက် သံကိစ္စသာမဏေ၊ ပဏ္ဍိတ
သာမဏေ၊ သောပါကသာမဏေနှင့်ရေ၀တ
သာမဏေတို့ကို ပုဏ္ဏားကြီးသည် ပင့်လာရ
လေသည်။
ပုဏ္ဏေားမကြီးသည် ရဟန်းတော်များကြွမလာ။
သာမဏေများကြွလာသည်ကိုတွေ့ရာအလွန်
အမျက်ထွက်သည်။ သင်၏မြေးအရွယ်မျှမရှိ
သေးသော သူငယ်တို့ကိုခေါ်လာရသလော
ဟု ပုဏ္ဏားကြီးကိုမြည်တွန်ပြောဆိုလေသည်။
သာမဏေများကိုခင်းထားသော အမြင့်နေ
ရာတွင် မထိုင်စေဘဲ နိမ့်သောနေရာမှာသာ
ထိုင်စေ၏။
ထို့နောက်ပုဏ္ဏားကြီးကို အသင်ထပ်မံသွား
ပါ။ အရွယ်ကြီးရင့်သော အရှင်မြတ်ကြီးများ
ကိုသာ ပင့်ခဲ့ပါဟုစေလွှတ်ပြန်သည်။
ပုဏ္ဏားကြီးလည်း ကျောင်းတော်သို့သွား
ပြန်သည်။ အရှင်သာရိပုတ္တရာမထေရ်မြတ်
ကို ပင့်လာခဲ့သည်။
အရှင်သာရိပုတ္တရာသည် ပုဏ္ဏားအိမ်သို့
ရောက်သောအခါ သာမဏေတို့၏ကျေးဇူး
ဂုဏ်ကို ချီးကျူးသောအားဖြင့် အရှင်မြတ်
ကြီးတို့ ဆွမ်းရပြီလောဟု မေး၏။ မရသေး
ပါဘုရားဟု သာမဏေများကလျှောက်
ထားကြ၏။
အရှင်သာရိပုတ္တရာသည် ပုဏ္ဏေးမကြီးက
လေးပါးစာမျှသာ ဆွမ်းချက်ထားသည်ကို
သိသဖြင့် ဆွမ်းမခံတော့။ ပြန်ကြွသွား
သည်။ ပုဏ္ဏေးမကြီးသည် ပုဏ္ဏားကြီးကို
ကျောင်းတော်သို့စေလွှတ်ပြန်သည်။
ပုဏ္ဏားကြီးလည်း အရှင်မဟာမောဂ္ဂလာန်
မထေရ်မြတ်ကို ပင့်၍လာပြန်သည်။ အရှင်
မဟာမောဂ္ဂလာန်သည်လည်း လေးပါးစာ
မျှဆွမ်းချက်ထားသည်ကို သိသွားသည်။
ထိုအခါရှင်သာရိပုတ္တရာနည်းတူပင်ဆွမ်း
ကို လက်မခံ။ ပြန်ကြွသွားလေသည်။
သာမဏေလေးပါးတို့သည် နံနက်ဆွမ်း
အတွက် မည်သည့်အစာမျှ မသုံးဆောင်
ရသေးသဖြင့် ဆာလောင်မွတ်သိပ်နေကြ
သည်။ ထိုအခါ သိကြားမင်းသည်သာမဏေ
တို့၏ ဒုက္ခကိုသိမြင်သွားသည်။ ပုဏ္ဏားအို
ကြီးသဏ္ဍာန်ဖန်ဆင်း၍ ထိုအိမ်သို့လာ၏။
ပုဏ္ဏားကြီးသည် ပုဏ္ဏားအိုကြီးကိုအိမ်
အတွင်းသို့ပင့်လာခဲ့သည်။ ပုဏ္ဏေးမကြီး
ကလည်း ၀မ်းမြောက်ဝမ်းသာဆီးကြို
သည်။ အရှင်မြတ်ကြီးတို့အတွက်ခင်း
ထားသော နေရာအမြင့်ကိုပေးသည်။
ပုဏ္ဏားအိုသည်ကား နေရာအမြင့်တွင်
မထိုင်။ သာမဏေငယ်တို့ကိုရိုသေလေး
မြတ်စွာရှိခိုး၏။ ထို့နောက်သာမဏေငယ်
တို့၏အစွန်အဖျားသွား၍ထိုင်၏။
ပုဏ္ဏေးမကြီးသည်ပုဏ္ဏားအိုကြီး၏အပြု
အမှုကိုမနှစ်သက်။ သင်သည်ရှုးလေစွ
တကား။ သင့်မြေးအရွယ်မျှလောက်မရှိ
သေးသော သူငယ်တို့ကို ရှိခိုးဘိ၏ဟု
ရေရွတ်ပြောဆိုလေသည်။ ပုဏ္ဏားအို
ကို အိမ်အတွင်းမှ ဆွဲထုတ်သည်။
ထိုအခါ သူတစ်ယောက်တည်းဆွဲထုတ်၍
မရ။ ပုဏ္ဏားကြီးကပါကူ၍ဆွဲထုတ်၏။
သို့ပါသော်လည်း မရသဖြင့်လင်မယား
နှစ်ယောက်ထိတ်လန့်အော်ဟစ်ကြ၏။
ဤတွင်ပုဏ္ဏားအိုက မိမိသည်သာမာန်
လူပုဂ္ဂိုလ်မဟုတ်။ သိကြားမင်းဖြစ်သည်။
ပုဏ္ဏားလင်မယား၏အပြုအမူမမှန်ကန်
သဖြင့် လာရောက်ရခြင်းဖြစ်ကြောင်း
ပြောပြ၏။
ထိုအခါမှ ပုဏ္ဏားကြီးနှင့်ပုဏ္ဏေးမတို့
သည် သာမဏေများကိုဆွမ်းလောင်း
လှူကြလေသည်။ ဆွမ်းရသောအခါ
သာမဏေသုံးပါးတို့သည် အိမ်အမိုး
ကို သုံးနေရာမှဖောက်ထွင်း၍ပျံတက်
ထွက်ခွါကြ၏။ သာမဏေတစ်ပါးကမူ
အိမ်ကြမ်းခင်းကိုဖောက်ကာ မြေကို
လျှိုး၍ထွက်ခွါသွား၏။ သိကြားမင်း
လည်း အိမ်အမိုးတစ်နေရာမှဖောက်
ထွင်းပျံတက်သွား၏။ ထို့ကြောင့်ထို
အိမ်သည်အပေါက်ငါးပေါက်ရှိသော
အိမ်ဟု ထင်ရှားလာသည်။
သာမဏေတို့သည်ကျောင်းတော်သို့
ရောက်သောအခါ ရဟန်းတို့အားအဖြစ်
အပျက်ကို လျှောက်ထားကြ၏။ ပုဏ္ဏား
လင်မယားတို့က ဤသို့ပြုမူကြသော်
လည်း တပည့်တော်တို့အမျက်မထွက်
ပါဘုရားဟူ၍လည်းဆိုကြ၏။ ဤအသုံး
အနှုန်းမှာ ရဟန္တာတို့၏အသုံးအနှုန်း
ဖြစ်လေသည်။ အချို့ရဟန်းတို့က
မယုံကြည်ကြသဖြင့် မြတ်စွာဘုရား
အားလျှောက်ထားကြ၏ ထိုအခါ
မြတ်စွာဘုရားက သာမဏေများ၏
စကားကိုထောက်ခံတော်မူပြီးလျှင်
ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်
သော ဓါးဒုတ်ကိုင်သူတို့ကို ဓါးဒုတ်
ချထားပြီး ရန်ငြိမ်းသော စွဲလမ်းအပ်
သော အရာတို့၌ စွဲလမ်းခြင်းမရှိသော
ထိုပုဂ္ဂိုလ်ကို ဗြဟ္မဏ(ရဟန္တာ)ဟုငါ
ဘုရား ဟော၏ဟူ၍ဟောကြားတော်
မူသည်။
ဗြဟ္မဏ၀ဂ်၊ သာမဏေရာနံဝတ္ထု
မင်းယုဝေ
No comments:
Post a Comment