Tuesday, October 14, 2014

"သင် ပညာရှိလား ပညာမဲ့လားသိချင်လျှင် ပညာရှိ နဲ့ ပညာမဲ့ ခွဲခြားနည်း"



ပညာရှိ နဲ့ ပညာမဲ့ ခွဲခြားနည်းလေးပါ။ ဒီစာလေးကိုဖတ်ပြီး ကိုယ့်စိတ်မှာဖြစ်နေတဲ့ စိတ်တွေနဲ့တိုက်ကြည့်ပါ။စာဖတ်သူရော စာရေးသူရော ဒီစာလေးကိုဖတ်ပြီးတော့အားမနာတမ်း ကိုယ့်ကိုကိုယ် ဝေဖန်လိုက်ပါ။ ပြီးရင်တော့ ပညာရှိဖြစ်အောင်ကျင့်ရမယ့် အချက်တွေကို လိုက်နာကျင့်ကြံရင်းဖြင့် ပညာရှိဖြစ်အောင် ကြိုစားနိုင်ကြပါစေလို့။

ပညာရှိ နဲ့ ပညာမဲ့

ပညာမဲ့က ငါကောင်းစားဖို့ ဒါန ပြုတယ်။
ပညာရှိက သာသနာပူဇော်ဖို့ ဒါန ပြုတယ်။

ပညာမဲ့က ငရဲကျမှာကြောက်လို့ ငါးပါးသီလမြဲတယ်။
ပညာရှိက မမြဲသောခန္ဓာကို အမိုက်ခံ၍ မကျွေးလိုသဖြင့် ငါးပါးသီလမြဲတယ်။

ပညာမဲ့က နတ်ပြည်ရောက်ဖို့ ဥပုသ် စောင့်တယ်။
ပညာရှိက တစ်နေ့တစ်ရက် တဏှာကျွန်အဖြစ်မှ ငြိမ်းချမ်းတဲ့သုခကို လို၍ ဥပုသ်စောင့်တယ်။

ပညာမဲ့က ဘုန်းကြီးမှ ဂစ္ဆာမိတယ်။
ပညာရှိက သံဃာအစစ်မှ ဂစ္ဆာမိတယ်။

ပညာမဲ့က ထုံးစံကို လေးစားတယ်။
ပညာရှိက မဂ်ဥာဏ်ဖိုဥာဏ်ကို လေးစားတယ်။

ပညာမဲ့က အများကောင်းရင်လိုက်ကောင်းတယ်။
ပညာရှိက အများကောင်းတိုင်းလိုက်မကောင်းပါ။

ပညာမဲ့က နာမည်ကြီးသူပြောရင် ယုံတယ်။
ပညာရှိက နာမည်ကြီးတိုင်း လိုက်၍မယုံပါ။

ပညာမဲ့က အထူးအဆန်းကို မြတ်နိုးတယ်။
ပညာရှိက သဘောမှန်ကို မြတ်နိုးတယ်။

ပညာမဲ့က ရွှေထူတဲ့ဘုရားမှ မြတ်နိုးတယ်။
ပညာရှိက ဘုရားနှစ်မျိုးမထားပဲ တစ်မျိုးတည်းထားတယ်။

ပညာမဲ့က ဘုရားရှာထွက်လေ့ရှိတယ်။ 
ပညာရှိက ဂုဏ်တော်ကိုးပါးကို အခွင့်ရတိုင်းပွားတယ်။

ဝန်ခံချက်။       ။ ဤပိုစ့်လေးသည် အလွန်ကြာပြီဖြစ်သော (Forward) မေလ်းတစ်စောင်ဖြစ်ပါသည်။ စာရေးသူ အမည်မပါ၍ မဖော်ပြနိုင်ခြင်းကို ခွင့်လွှတ်ပါရန်။
(သင် ပညာရှိလား ပညာမဲ့လားသိချင်လျှင် ပညာရှိ နဲ့ ပညာမဲ့ ခွဲခြားနည်း) by unknown (unknown)

No comments:

Post a Comment