သာဝတ္ထိပြည်မှ မနီးမဝေးသော အရပ်တွင် တစ်ခု
သော နိဂုံးရွာ၌ပင် ပင်ကိုဖြစ်၍ ကြီးပွားခြင်းရှိသော
အမျိုးသားတစ်ယောက်သည် ဘုရားသာသနာတော်
၌ ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် နိဂ
မ၀ါသီတိဿမထေရ်မည်သော ရဟန်းသည် အလို
နည်း၏၊ ရောင့်ရဲလွယ်၏။ ဆိတ်ငြိမ်ရာ၌မွေ့လျော်
၏။ အားထုတ်အပ်သော လုံ့လ၀ီရိယရှိ၏။ ဤသို့
သော ဂုဏ်ကျေးဇူးဖြင့် အထူးထင်ရှားကျော်စော
လေ၏။ ထိုနိဂမ၀ါသီတိဿမထေရ်သည် အမြဲ
မပြတ်မိဘဆွေမျိုးတို့ရှိရာ ရွာ၌သာလျှင် ဆွမ်း
အလို့ငှါလှည့်လည်လေ့ရှိ၏။ အနာထပိဏ်သူဋ္ဌေး
စသော သူတို့သည် အလှူကြီးကိုပေးသော်လည်း
ကောင်း၊ ပေဿနဒီကောသလမင်းကြီးသည်
အသဒိသ အလှူကြီးကိုပေးသော်လည်းကောင်း
သာဝတ္ထိပြည်သို့ ကြွလာတော်မမူပေ။ အခြားသော
ရဟန်းတို့က ဤနိဂမ၀ါသီတိဿမထေရ်သည်
ထကြွလုံ့လလွန်စွာသော ဥဿာဟကိုဖြစ်စေ၍
အဆွေအမျိုးတို့နှင့် ရောနှောဆက်ဆံလျက်နေ
၏။ အနာထပိဏ်သူဋ္ဌေးစသော သူတို့သည်
ကြီးစွာသော အလှူဒါနကြီးတို့ကိုပြုကုန်သော်
လည်းကောင်း၊ ပေဿနဒီကောသလမင်းကြီး
သည် အသဒိသအလှူကိုပြုသော်လည်းကောင်း
ကြွလာတော်မမူဟူသော စကားကို ဖြစ်စေ၍
ဘုရားရှင်အား လျှောက်ကြားကုန်၏။
ဘုရားရှင်လည်း ထိုနိဂမ၀ါသီတိဿမထေရ်ကို
ခေါ်စေတော်မူ၍ ရဟန်း သင်သည် ဤသို့ပြုဘိ
သောဟူသည် မှန်သလောဟုမေးတော်မူ၍
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
ဘုရားတပည့်တော်အား ဆွေမျိုးတို့နှင့်ရောနှော
ဆက်ဆံခြင်းဟူသည် မရှိရပါ။ တပည့်တော်
သည် ဤဆွေမျိုးဖြစ်သော လူတို့ကိုမှီ၍ စား
လောက်ရုံမျှသော အစာအာဟာရကိုရပါ၏။
ကြမ်းတမ်းသည်မူလည်းဖြစ်စေ၊ မွန်မြတ်
သည်မူလည်းဖြစ်စေ မျှတလောက်သောဆွမ်း
ကို ရသည်ရှိသော် တစ်ဖန် ဆွမ်းအာဟာရ
ကို ရှာမှီးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်းဟု
နုလုံးပြု၍ မသွားဘဲသာ နေပါသည်။
ဆွေမျိုးတို့နှင့်ကား ရောနှောဆက်ဆံခြင်း
မည်သည်မရှိရပါဘုရားဟု လျှောက်ကြား
လေ၏။ ဘုရားရှင်သည်လည်း ပင်ကိုယ်
သဘောအားဖြင့်ပင် ထိုရဟန်း၏အလိုကို
သိတော်မူပြီး ဖြစ်ရကား ချစ်သားရဟန်း
ကောင်းစွ ကောင်းစွ ကောင်းစွဟု ထိုရဟန်း
အား ကောင်းချီးပေးတော်မူ၍ ချစ်သား
ရဟန်း သင်သည် ငါကဲ့သို့သောဆရာကိုရ၍
အလိုနည်း၍ ရောင့်ရဲလွယ်သောသူဖြစ်ရ
ကား အံ့ဖွယ်မရှိသေး၊ ဤအလိုနည်းခြင်း
သည် ငါဘုရား၏အစဉ်အလာ အစဉ်အဆက်
တည်းဟု မိန့်တော်မူပြီးလျှင် ရဟန်းတို့သည်
တောင်းပန်အပ်သည်ရှိသော် လွန်လေပြီး
သော အတိတ်ကို ဆောင်တော်မူလေ၏။
လွန်လေပြီးသောအခါ ဟိမ၀န္တာတောအုပ်
ဝယ် ဂင်္ဂါမြစ်ကမ်းနားတစ်ခုသောရေသဖန်း
တော၌ အထောင်မကများစွာသော ကျေး
ငှက်တို့သည် နေကြလေကုန်၏။ ထိုကျေး
ငှက်တို့တွင်လည်း ကျေးမင်းတစ်ခုသည်မိမိ
နေသောသစ်ပင်၏ အသီးတို့ကုန်တုံးခဲ့သော်
လည်း ဤသစ်ပင်၌ အညွှန့် အရွက် အခေါက်
အကာအစရှိသည် ကြွင်းသေး၏။ ထိုထို
အညွှန့် အခေါက်အစရှိသည်ကိုစား၍ ဂင်္ဂါ
မြစ်၌ ရေကိုသောက်လျှက် အလွန်အလို
နည်းသည် ရောင့်ရဲလွယ်သည်ဖြစ်၍ တစ်
ပါးသော အရပ်သို့မသွား ထိုကျေးမင်း၏
အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်းအစရှိ
သော ဂုဏ်ကျေးဇူးတို့ကြောင့် သိကြားမင်း
၏နေရာဘုံသည် တုန်လှုပ်ခြင်းဖြစ်လေ၏။
သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိ
သော် ထိုအကြောင်းကိုမြင်၍ ထိုကျေးမင်း
ကို စူးစမ်းအံ့သောငှါ မိမိ၏အာနုဘော်ဖြင့်
ရေသဖန်းပင်ကို ခြောက်သွေ့စေ၏။
ရေသဖန်းပင်သည်လည်း အငုတ်မျှသာ
ကျန်သည်ဖြစ်၍ အပြတ်ပြတ်အပေါက်
ပေါက်ဖြစ်ပြီးလျှင် လေ့လာသည်ရှိသော်
လက်ဖြင့် ခေါက်အပ်သကဲ့သို့ အသံမည်
လျက်တည်လေ၏။ ထိုရေသဖန်းပင်အ
ပေါက်တို့မှ အမှုန့်တို့သည် ထွက်ခဲ့ကုန်၏။
ကျေးမင်းသည် ထိုအမှုန့်တို့ကိုစား၍ဂင်္ဂါ
မြစ်၌ရေကိုသောက်ပြီးလျှင် တစ်ပါးသော
အရပ်သို့ မသွားမူ၍ လေ၊ နေပူတို့ကိုမရေ
တွက်ဘဲ ရေသဖန်းပင်ငုတ်ထက်၌သာလျှင်
နေ၏။ သိကြားမင်းလည်း ထိုကျေးမင်း၏
လွန်စွာအလိုနည်းသည့်အဖြစ်ကိုသိသဖြင့်
အဆွေခင်ပွန်းတို့၌ ကျင့်ရာသော ကျေးဇူး
ကို ဟောပြောစေ၍ ထိုကျေးမင်းအားဆု
ကို ပေးလျက် ရေသဖန်းပင်ကိုလွန်စွာချို
မြိန်သော အရသာရှိသော အသီးရှိသည်
ကိုပြုပြီးမှ ပြန်လာပေအံ့ဟု ကြံ၍မိမိသည်
တစ်ကောင်သော ဟင်္သာမင်းယောင်ဆောင်
၍ အသုရာနတ်မင်း၏ သမီးဖြစ်သောသုဇာ
တာကိုရှေ့သွားပြု၍ ရေသဖန်းပင်တောသို့
သွားပြီးလျှင် မနီးမဝေးသောအရပ်၌ သစ်ပင်
တစ်ခု၏ အခက်၌နားနေလျက် ထိုကျေးမင်း
နှင့်တကွ စကားပြောဆိုလိုရကား ဤဂါထာ
ကို ဆိုလေ၏။
သန္တိ ရုက္ခာ ဟရိပတ္တာ၊ ဒုမာ နေကဖလာ ဗဟူ၊
ကသ္မာ နု သုက္ခေ ကောဠာပေ၊ သုဝဿ နိရတော မနော။
သုဝရာဇ၊ ကျေးမင်း။ ဟရိပတ္တာ၊ စိမ်းသော
အရွက်ရှိကုန်သော။ ရုက္ခာ၊ သစ်ပင်တို့သည်
လည်းကောင်း။ အနေကဖလာ၊ များသော
အသီးရှိကုန်သော။ ဗဟူ၊ များစွာကုန်သော။
ဒုမာ၊ သစ်ပင်တို့သည်လည်းကောင်း။ သန္တိ၊
ရှိကုန်၏။ ကသ္မာနု၊ အဘယ်ကြောင့်လျှင်။
ကောဠာပေ၊ အငုတ်မျှသာဖြစ်သော။ သုက္ခေ၊
ရေသဖန်းပင်ခြောက်၌။ သုဝဿ၊ ကျေးမင်း
၏။ မနော၊ စိတ်သည်။ နိရတော၊ မွေ့လျော်
လေဘိသနည်း။
ဘုရားရှင်သည် ဤတရားဒေသနာတော်ကို
ဆောင်တော်မူ၍ ထိုအခါ သိကြားမင်းသည်
အာနန္ဒာဖြစ်လေသည်။ ကျေးမင်းသည်ကား
ငါဘုရားသာလျှင်တည်းဟု မိန့်တော်မူ၍
ချစ်သားရဟန်းတို့ ဤသို့အလိုနည်းခြင်း
မည်သည်ကား ငါဘုရားအနွယ်အလာတည်း။
ငါဘုရား အစဉ်အဆက်တည်း။ ငါ့သား
နိဂမ၀ါသီတိဿအား ငါ့ကဲ့သို့သောဆရာကို
ရခြင်းကြောင့် အလိုနည်းသည်၏အဖြစ်ကား
အံ့ဖွယ်မရှိလှသေး။ ရဟန်းမည်သည်ကား
နိဂမ၀ါသီတိဿရဟန်းကဲ့သို့လျှင် အလို
နည်းခြင်းသည် ဖြစ်ရာ၏။ ဤသို့သဘော
ရှိသော ရဟန်းသည် သမထ၊ ၀ိပဿနာ
တရားတို့မှလည်းကောင်း၊ မဂ်ဖိုလ်တို့မှ
လည်းကောင်း၊ ဆုတ်ယုတ်ခြင်းငှါမထိုက်
စင်စစ်ကား နိဗ္ဗာန်နှင့်နီးကပ်သည်သာလျှင်
ဖြစ်၏ဟု မိန့်တော်မူ၍ ဤဂါထာကိုဟော
တော်မူလေ၏။
အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။
အပ္ပမာဒရတော၊ မမေ့မလျော့ခြင်းဖြင့် အလွန်
မွေ့လျော်ခြင်းရှိသော။ ပမာဒေ၊ မေ့လျော့ခြင်း
၌၊ ဘယဒဿိဝါ၊ ဘေးရန်ဟုရှုလေ့ရှိသော။
ဘိက္ခု၊ ရဟန်းသည်။ ပရိဟာနာယ၊ သမထ
ဝိပဿနာမဂ်ဖိုလ်တို့မှ ဆုတ်ယုတ်ခြင်းငှါ။
အဘဗ္ဗော၊ မထိုက်။ အညဒတ္ထု၊ စင်စစ်သော်
ကား။ နိဗ္ဗာနေဿဝ၊ နိဗ္ဗာန်နှင့်သာလျှင်။
သန္တိကေ၊ နီး၏။
ဒေသနာတော်၏အကျိုး
ဂါထာ၏အဆုံး၌ နိဂမ၀ါသီတိဿမထေရ်သည်
ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့
ရောက်လေ၏။ များစွာသော တစ်ပါးသောသူတို့
သည်လည်း သောတာပန်စသည်တို့ဖြစ်ကြကုန်
၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာ
တော်ဖြစ်တော်မူလေ၏။
ပုံတော်စုံဓမ္မပဒ၀တ္ထုတော်ကြီး
No comments:
Post a Comment