Wednesday, October 26, 2011

ကွန်နက်ရှင်ကျနေစဉ် gtalk ဖွင့်မရပါက

Connection ကျနေစဉ် G talk, G mail ဖွင့်နိုင်စေရန်ရည်ရွယ်ကာပို့ခြင်းဖြစ်သည်.
Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ/
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။ ပေါ်လာလျှင်HTTP poxy box တွင်
212.93.193.72 ကိုရိုက်လိုက်ပါ။ ဘေးက Port box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင် use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
port box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************
poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ port ကတော့ 443 ပဲဖြစ်ပါတယ်...


ကျွန်တော်ကတော့ 212.93.193.74 port 443 နဲ့ 


အဆင်ပြေနေပါတယ် ..
ဒါလည်းကူးယူထားခြင်းဖြစ်ပါတယ်

မြန်မာ စာအုပ်များ



စာအုပ်များအား မေီာဇီလာ ဖြင့်ဖွင့်က ပိုရ်ျအဆင်ပြေပါသည်။


  1. အနာဂတ်မျက်လုံးရှင် (အောင်ခန်.)
  2. ကာလီဒေ၀ီ (အောင်ခန်.)
  3. လက်သုံးတော်ဓါး (အောင်ခန်.)
  4. နေဘုရားတော် (အောင်ခန်.)
  5. အမွေ အောင်သင်း
  6. သေကိန်းဆိုက်တဲ့ညနှင့်အခြားဝတ္တုတိုများ အောင်သင်း
  7. ဥာဏ်ပညာ ထက်မြက်သူတို.လက်စွဲ ချစ်နိုင် (စိတ်ပညာ)
  8. အနှစ်၃၀ ချစ်နိုင် (စိတ်ပညာ)
  9. သိပ္ပံမှသည် သစ္စာဆီသို. (ချစ်ငယ်)
  10. မဟာသေနာပတိ (ချစ်ဦးညို)
  11. လင်္ကာဒီပချစ်သူ (ချစ်ဦးညို)
  12. တွေးသူများ (ကိုတာ)
  13. ငယ်ကချစ်အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  14. စောရသက်ပြင်း (ဒဂုန်ရွှေမျှား)
  15. ညမဖတ်ရ (သို.မဟုတ်) သွေးစုပ်ရောဂါ (ဒဂုန်ရွှေမျှား)
  16. စိတ်ပြောင်းကိုခွာ (ဒဂုန်ရွှေမျှား)
  17. ထမင်းလုံး တစ္ဆေ (ဒဂုန်ရွှေမျှား)
  18. ဂြိုလ်မွေတဲ့ပန်းတဂေါင်း (ဒဂုန်ရွှေမျှား)
  19. ၀ိညာဉ်၏ အရိပ် (ဒဂုန်ရွှေမျှား)
  20. သင်္ဘောပျက် ခရီးသည် ခုနှစ်ယောက် (ဒဂုန်ရွှေမျှား)
  21. လက်မတင်ကလေး (ဒဂုန်ရွှေမျှား)
  22. သူယောင်ရုပ် (ဒဂုန်ရွှေမျှား)   
  23. ကမ္ဘာကို ကိုင်လှုပ်သူ (ဒဂုန်ရွှေမျှား)
  24. ငယ်ကချစ် အနှစ်တစ်ရာ (ဒဂုန်ရွှေမျှား)
  25. ရှက်ပြုံး (ချစ်စံဝင်း)
  26. မျက်ရည်စများနှင့်ရယ်သံ (ကျော်လှိုင်ဦး)
  27. ရဲဘော်သုံးကျိပ် (ကျော်ငြိမ်း)
  28. တော်ဖလာနှင့်စကားစမြည် (ကျော်ဝင်း)
  29. တော (လင်းဝေမြိုင်)
  30. မာန၏နောက်ဆွဲတွဲများ (လွန်ထားထား)       
  31. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၁ (ဇင်သန်.)
  32. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၂ (ဇင်သန်.)
  33. စာဖတ်ကျွမ်းခြင်းဖြင့် ဘ၀တိုးတက်ရေး ၃ (ဇင်သန်.)
  34. ဆင်းရဲသောဖေဖေ ချမ်းသာသောဖေဖေ (ညီသစ်)
  35. သူတို.အမြင်သူတို.အတွေး (ပါရဂူ)
  36. ကလေးပြဿနာ (ပါရဂူ)
  37. သူ.လိုဘုရင် (ပါရဂူ)
  38. လူသုံးကုန်ပစ္စည်းရောင်းသူများ (ဖေမြင့်)
  39. သေရွာပြန်တို.၏အဏ္ဏ၀ါခရီး (ဖိုးကျော.)
  40. ဆင်သင်္ချိုင်းရှာပုံတော်နှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  41. ပင်လယ်ကျား၊အဏ္ဏ၀ါမီးစုန်းများနှင့်အခြားဝတ္တုတိုများ (ဖိုးကျော.)
  42. ညီမလေးရယ်စိုးရိမ်မိတယ် (တက္ကသိုလ် ဘုန်းနိုင်)
  43. တန်းခူးလေနှင့်လျော့တော့သည် (တက္ကသိုလ် ဘုန်းနိုင်)
  44. ၀သန်လေချိန်မှန်ကူး (တက္ကသိုလ် ဘုန်းနိုင်)
  45. ခေါင်းနှင့်ပန်း (ဖိုးဝမောင်)
  46. အေးချမ်းစေသော စကားလုံးလေးများ (ဖိုးဝမောင်)
  47. ဖြစ်တည်ခြင်း ပဓါန၀ါဒနှင့် လူသားပဓါန၀ါဒ (ဆန်းလွင်)
  48. ကမ္ဘာ.တွေးခေါ်ပညာရှင်ကြီးများ (ဆန်းလွင်)
  49. အချစ် လက္ခဏာ (စံ-ဇာဏီဘို)
  50. အချစ် ဗေဒင် (စံ-ဇာဏီဘို)
  51. မီးပြတိုက် (ဆောင်းဝင်းလတ်)
  52. နံနက် ၃နာရီ (ဆောင်းဝင်းလတ်)
  53. ဆူးကလေးစူးတယ် ခူးမယ် (ဆောင်းဝင်းလတ်)
  54. အမှတ်တရရွှေ ၆၀ (၀င်းငြိမ်း)
  55. အဖော် (ရှား)
  56. တသက်တာမှတ်တမ်းနှင့်အတွေးခေါ်များ (ရွှေဥဒေါင်း)
  57. မြတ်သက်မော် (ရွှေဥဒေါင်း)
  58. ခေါင်းတုံးပေါ်ထိပ်ကွက်(ရွှေဥဒေါင်း)
  59. ရတနာပုံ (ရွှေဥဒေါင်း)
  60. ခရီးထွက်ရန်စီစဉ်ကြခြင်း (ရွှေဥဒေါင်း)
  61. အနားသတ်သစ္စာ (စိုးမြတ်သူဇာ)
  62. ဘ၀တစ်ခုအမှတ်တရ (ဆွေမင်း၊ ဓနုဖြူ)
  63. လူညာကြီး (ဆွေဆွေအောင်)
  64. လွယ်အိပ်ကလေး (ဆွေဆွေအောင်)
  65. အရှေ.မြို.ရိုးမှ မိုးရေစက်များ (တာရာမင်းဝေ)
  66. မှော်ဆရာရဲ.ကျောင်းစာအုပ် (တာရာမင်းဝေ)
  67. ကောင်းကင်အကြွေကောက်တဲ့လက် (တာရာမင်းဝေ)
  68. ရွှေဖိနပ်မှာအစိမ်းရောင် (တာရာမင်းဝေ)
  69. ကိုယ့်လက်နဲ. ဖမ်းမိတဲ့နဂါးငွေ.တန်း (တာရာမင်းဝေ)
  70. ကိုးမရှိတဲ့ န၀င်း(တာရာမင်းဝေ)
  71. အထဲသို.၀င်လော့ ဘာကြောင့်ရပ်နေသနည်း (တာရာမင်းဝေ)
  72. ကျွန်တော်နှင့်ကြယ်မြင်လမြင်လောကဓံ (တာရာမင်းဝေ)
  73. ပြိုင်မြင်းတို.ရဲ့ခွာသံ (တာရာမင်းဝေ)
  74. ကျွန်တော်နှင့်ဧဒင်ကချေသည် (တာရာမင်းဝေ)
  75. ကျွန်တော်နှင့်ကြေးသွန်းယဉ်ကျေးမှု (တာရာမင်းဝေ)
  76. လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်(တာရာမင်းဝေ)
  77. ချစ်သုံးလီ (သန်းဆွေ)
  78. ကျွန်တော့်ဘ၀အကြောင်း (သော်တာဆွေ)
  79. ဘရန်ဒီတစ်ပုလင်း (သော်တာဆွေ)
  80. ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
  81. အရှေ.ကနေ၀န်းထွက်သည့်ပမာ (သိန်းဖေမြင့်)
  82. မျိုးရိုးထဲမှ ဆိုးပေကြီးများ (သုမောင်)
  83. အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ (သုသုက)
  84. သုခ မှတ်စု
  85. ငလျင်ဗုံးကြဲခဲ့စဉ်ကနှင့်အခြားဝတ္တုတိုများ (ဦးလှဝင်း)
  86. ရွှေဘုံသာ လမ်းပေါ်မှာ (ဦးလှဝင်း)
  87. အာဇာနည် (ဦးနု)
  88. တာတေ စနေသား (ဦးနု)
  89. ဘ၀အကျဉ်းသား (ဦးရွှေအောင်)
  90. ၁၉၈၈-၂၀၀၂ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ
  91. HIV မှတ်စုများ ၂၀၀၄ (ဒေါက်တာသီဟ)
  92. ငါပြောချင်သမျှငါ့ကြောင်း (ဒေါက်တာသန်းထွန်း)
  93. ကဗျာများ (ဗိုလ်ချုပ်အောင်ဆန်း) *****
  94. ယောနသံ ဇင်ယော် (ဦးဘသန်း)
  95. မှတ်မိသမျှ ကိုအောင်ဆန်း၏ကျောင်းသားဘဝ
  96. ကိုဒေါင်း (မောင်ထင်)
  97. ရေဘုရင်မြေပြင်မှာတော့ (ကြည်သာ)
  98. သွေး (ဂျာနယ်ကျော် မမလေး) ***
  99. ဂျုလိယက်ဆီဆာ (မန်းတင်)
  100. ရှေးဘ၀ နောက်ဘ၀ ဗုဒ္ဓ မဝေဖန် နှင့် ဓမ္မစာစုများ (၀င်းသိန်းဦး)
  101. ငှက်တွေ ဆောင်းမခိုမီ (ငြိမ်းအေးအိမ်)
  102. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း က (ဦးနု)
  103. မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) အပိုင်း ခ (ဦးနု)
  104. အဟိတ်- - - ၀တ္တုဇာတ်လမ်းများ (သိပ္ပံမောင်ဝ)
  105. ရတနာ လိုဏ်ဂူ (နတ်နွယ်)
  106. အတွေးအမြင်စာစဉ်
  107. ပန်းတစ်ပွင့်ရဲ. ရင်ခုံသံ (၀င်းဝင်းမြင့်)
  108. ဗေဒါလမ်း (ဇော်ဂျီ)
  109. ဝေေ၀ရီရီ ၀တ္တု (ဇော်ဇော်အောင်)
  110. မြိုင် (ဒဂုန်တာရာ)
  111. စက်ဝိုင်း (မစန္ဒာ)
  112. ငယ်သူမို.မသိပါ (မစန္ဒာ)
  113. ငြိုးမာန်ဖွဲ့သူရယ် (မစန္ဒာ)
  114. ဂျီဟောသူ (မစန္ဒာ)
  115. အရိပ် (မစန္ဒာ)
  116. ၀တ္တုတိုများ ၆ (မစန္ဒာ)
  117. ပုစ္ဆာ (မစန္ဒာ)
  118. မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ် (မောင်အံ့)
  119. ပစပ်ရာဇ၀င် (မှော်ပီဆရာသိန်းကြီး)
  120. ကိုဒေါင်း (မောင်ထင်)
  121. မြန်မာ၁၂လအကြောင်း (မောင်ထင်)
  122. ဟာသများလက်ရွေးစင် (မောင်ကောင်းထိုက်)
  123. ဟာသများလက်ရွေးစင် ၂ (မောင်ကောင်းထိုက်)
  124. ဟာသများလက်ရွေးစင် ၁၄ (မောင်ကောင်းထိုက်)
  125. သေပြေးရှင်ပြေး (မောင်ပေါ်ထွန်း)
  126. ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး (မောင်စူးစမ်း)
  127. ထူးအတွေ.ကြုံအဆန်း တစ္ဆေဇာတ်လမ်းများ (ဒေါက်တာအောင်ကျော်)
  128. တွေ.ရကြုံရ ရှတတလေးတွေ (အီကြာကွေး)
  129. မီးရောင်အောက်ကိုဝင်လျှင် (မိုးမိုး အင်းလျား)
  130. ဖြတ်သန်းသွားလာခွင့်မရှိ (မိုးနီလွင်)
  131. ပေတလူ (မင်းသိင်္ခ)
  132. ၀တ္တုတိုပေါင်းချုပ် (မင်းသိင်္ခ)
  133. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ပထမပိုင်း (မင်းသိင်္ခ)
  134. ဆားလင်းနှင်းမောင်နှင့် ဘမျိုးဘိုးတူ ဘယ်သန်ဘမှန် ဇာတ်သိမ်း (မင်းသိင်္ခ)
  135. မ� တတ်ပါ့� (မင်းသိင်္ခ)
  136. မအောင်ရင် (မင်းသိင်္ခ)
  137. မနောမယကိုပီတာ (မင်းသိင်္ခ)
  138. ဖရန်.(ဇ)ကာ(ဖ)ကာ၏ စာ (မြင့်သန်း)
  139. ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ (နန္ဒာသိန်းဇံ)
  140. အိုင်ဒီယာ အက်ဆေးများ (နေ၀င်းမြင့်)
  141. နှလုံးသားထဲကြွက်ဝင်နေသည် (နီကိုရဲ)
  142. ကျွန်တော်နှင့်လက်တွဲဖေါ်များ (နီကိုရဲ)
  143. ကျွန်တော်နှင့်ဈေးသည်အလွဲများ (နီကိုရဲ)
  144. တစ်သုံးခုနှစ်ရှစ် (နီကိုရဲ)
  145. လှည့်စား (နီကိုရဲ)
  146. သံစုံကြူးတဲ့ည (နီကိုရဲ)
  147. လွယ်အိတ်ထဲကအလွဲများ (နီကိုရဲ)
  148. နတ်ဆိုးတစ်ကောင်နဲ.ရင်လွဲသူ (နီကိုရဲ)
  149. ဇွတ် (နီကိုရဲ)
  150. ဇက်ပေါ်ကဆီးသီး (နီကိုရဲ)
  151. ရေပွက်ပမာ (မြသန်းတင့်)
  152. ကြာညိုနံ.သင်းသောရေ၀တီမ (မြသန်းတင့်)
  153. သြဂုတ်တစ္ဆေများနှင့်အခြားဝတ္တုတိုများ (မြသန်းတင့်)
  154. လွမ်းလေကညင်း (နွမ်ဂျာသိုင်း)
  155. တစ်မျိုးညာနွဲ. သွေမဖယ် စိုးပါနဲ.မေရယ် (နွမ်ဂျာသိုင်း)
  156. ပန်းပွင့် ခရေနှင့်အခြားဝတ္တျုတိုများ (မစန္ဒာ)
  157. အောက်စ်ဖို.ဒ် တက္ကသိုလ် ခရီးသွားမှတ်တမ်း (သိပ္ပံမောင်ဝ)
  158. မြတ်ဗုဒ္ဓ ဒေသနာ (ဒေါက်တာဝါလ်ပိုလာ)
  159. အမေနဲ့အမေ့အကြောင်း (ချစ်စံဝင်း)
  160. ဖူးစာရှင် (မင်းလူ)
  161. အမှတ်တရ (ဂျူး)
  162. ချစ်သူ၏သမီး(ဂျူး)
  163. ရေမျောသီး(ဂျူး)
  164. လေထဲမှာပျံဝဲသူများ(ဂျူး)
  165. ကမ္ဘာမြေရဲ့ချစ်သူ(ဂျူး)
  166. အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ(ဂျူး)
  167. ကြယ်စင်တံတားကမ်းပါးနှင်းဖြူ(ဂျူး)
  168. ရာဇ၀င်ထဲမှာမောင့်ကိုထားရစ်ခဲ့(ဂျူး)

Printer အတွက် အကုန်အကျသက်သာစေရန် (၆)ချက်



Printer တစ်လုံး ၀ယ်ပြီးပြီဆိုတာနဲ့ အသင်က မိမိရဲ့ Printer ကို ကောင်းမွန်စွာ ထိန်းသိမ်းပါရဲ့လား။ Computer ရဲ့ ဘေးနားမှာ ချထားပြီး လိုအပ်တဲ့အခါမှာ ထုတ်သုံးလိုက်ကြတာပဲ။ ဒီတော့ ဂရုစိုက်မှု မခံရတဲ့ Printer တွေက ရေရှည် အသုံးခံနိုင်စွမ်းကျသွားစေသလို အကုန်အကျလည်း များပြားသွားစေပါလိမ့်မယ်။ ဒီလိုတွေ မဖြစ်ရအောင် အောက်ပါ ပြုလုပ်ချက်လေးတွေကို အနည်းငယ် လိုက်နာကြရအောင်။

(၁) Printer ထုတ်လျှင် "Draft Mode" ကို ရွေးခြင်း
မိမိသည် ကိုယ်ပိုင်စာတိုပေစလေးများကို ထုတ်ယူအသုံးပြုမည်ဆိုပါက Printer အား Draft Mode ဖြင့်သာ ထုတ်ခြင်းဖြင့် မင်ရည်အသုံးပြုမှုကို အနည်းငယ်သက်သာစေသလို ကြာရှည်အသုံးပြုနိုင်ပါတယ်။ Draft Mode အသုံးပြုရန်အတွက် Control Panel ထဲက Printer နဲ့ Properties ထဲကို သွားပြီး Printing Preferences ထဲက Paper Quality မှာ Draft ကို ရွေးချယ်လိုက်ပါ။

(၂) Print Nozzle & Cartridge Cradles များအား ရှင်းလင်းခြင်း
ယခုခေတ်အတော်များများသာ Deskjet Printer များဟာ Nozzle နဲ့ Cartridge ကို ရှင်းလင်းရန်အတွက် အပိုပစ္စည်းလေးများ တစ်ခါတည်း ပါဝင်လာတတ်လေသည်။ ဒါကြောင့် တစ်ပတ်ကိုတစ်ခါလောက် မိမိ Printer ရဲ့ Nozzle နဲ့ Cartridge Cradles များကို စစ်ဆေးသင့်သည်။ ညစ်ပတ်နေတယ်ဆိုရင်တော့ လေမှုတ်စက်ဖြင့် ဖြစ်စေ၊ အရက်ပျံဆွတ်ထားတဲ့ ဂွမ်းလေးနဲ့ဖြစ်စေ သန့်ရှင်းသင့်သည်။

(၃) Web Base Printing အား အသုံးပြုခြင်း
အချိန်နဲ့မင် အသုံးပြုမှု သက်သာစေရန်အတွက် Manufacture များရဲ့ software အတော်များများ ရှိကြပါတယ်။ ဥပမာ- HP Smart Web Printing Software စသည်တို့ကို အသုံးပြုသင့်သည်။

(၄) Cartridge များ မှန်မှန်ကန်ကန်ထည့်ခြင်း
Cartridge များအားထည့်စဉ် အထိုင်ကျစေရန်နဲ့ ဖိတ်စင်မှုများ မရှိစေရန်အတွက် စနစ်တကျ ထည့်သင့်သည်။ Original Ink ကိုသုံးပါက ပိုပြီး အဆင်ပြေမည်။ Nozzle ခေါင်းများ ခြောက်သွေ့မှု မရှိစေရန်အတွက် သတိပြုသင့်သည်။

(၅) စနစ်တကျ Power ပိတ်ခြင်း
Printer ရဲ့ Main Power Switch အား မပိတ်မီ Printer ရဲ့အတွင်းပိုင်းတွင် Run နေသော Process နဲ့ Print Head များကို ကောင်းမွန်စွာ ပိတ်နိုင်မည်ဖြစ်သည်။

(၆) အရည်အသွေးကောင်းမွန်သော paper များအား အသုံးပြုခြင်း
ညံ့ဖျင်းတဲ့ Paper တွေဟာ Printer ရဲ့ စက်ပိုင်းဆိုင်ရာတွေကို Paper Jam ဖြစ်စေခြင်းဖြင့် ပျက်စီးစေပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းမွန်တဲ့ Paper များကိုသာ အသုံးပြုသင့်ပါတယ်။

Reset Counter Canon IP2770



Canon Printer ip2770 Printer Series များ၌ စာရွက်အရေအတွက် counter ပြည့်သွားသောအခါ Resume button တွင် လိမ္မော်ရောင်မီး (၈)ကြိမ်တိတိ မှိတ်တုတ်မှိတ်တုတ် ပြသနေပါလိမ့်မည်။ Print ထုတ်ကြည့် သောအခါမှာလည်း Service error 5B00 ဖြစ်နေကြောင်း ပြသနေပါလိမ့်မည်။ သတ်မှတ်ထားသော counter ပြည့်သွားပြီး Waste Ink Absorber Full ဖြစ်ခြင်းကြောင့် Error တက်ခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော Canon ip2770 model များတွင် Absorber full ဖြစ်တိုင်း ပြုလုပ်ပေးရမည့် ဖြေရှင်းချက်လေးတွေလည်း internet ထဲတွင် အမြဲပင် ပေါ်ထွက်လျှက်ရှိပါသည်။


(1) ရှေးဦးစွာ
Service Tool ကိုလည်း download ပြုလုပ်ထားပါ။ အကယ်၍ သင့် Printer Model မှာ iP2772 ဆိုပါက PCM_Service Tool ကို download ပြုလုပ်ရပါမယ်။

(2) Download ပြုလုပ်၍ ရရှိလာသည့် "ip 2770.doc" ဟူသော file ရဲ့ အမည်ကို "ip 2770.exe" ဟု extension ပြောင်းလဲပေးလိုက်ပါ။


(3) ထို့နောက် ယင်း File ပေါ်တွင် double click နှိပ်၍ open လုပ်ရပါမယ်။


(4) တပ်ဆင်ထားသော printer USB port နှင့်ထည့်သွင်းထားသော Printer driver တို့ ကိုက်ညီမှု ရှိ/မရှိကို သတိပြုရပါ့မယ်။ စစ်ဆေးကြည့်ရန်မှာ
Start | Control Panel | Printers and Faxes ပေါ်တွင် click နှိပ်၍ ရွေးချယ်လိုက်ပါ။ ထို့နောက် Canon iP2770 Series ပုံပေါ်တွင် right click နှိပ်၍ Properties ကို ရွေးချယ် click နှိပ်ပေးပါ။ Port နှင့် Printer တို့ ကိုက်ညီမှု ရှိပြီဆိုပါက service mode ကို လုပ်ဆောင်နိုင်ပါပြီ။

(5) သင့် printer ကို reset မပြုလုပ်မီ POWER နှင့် USB Cable ကြိုးများကို ကြိုတင်၍ တပ်ဆင်ထားပါ။


(6) ထို့နောက် printer ရဲ့ POWER နှင့် RESUME ခလုတ် (၂)ခုကို တွဲလျက် ငါးစက္ကန့်ဝန်းကျင် ဖိထားပေးပါ။


(7) ထိုသို့ ဖိထားလျက်ပင် RESUME ခလုတ်ကို (၅)ကြိမ်တိတိ ဆင့်နှိပ်ပါ။ (POWER ကို မလွတ်ရပါ)


(8) ထိုကဲ့သို့ အမှားအယွင်းမရှိဘဲ လုပ်နည်းမှန်ပြီဆိုပါက အစိမ်းရောင် flash မီးလေးမှာ အဆင်သင့် အနေ အထားနဲ့ မြင်တွေ့ရမှာပါ။


(9) ပြီးတော့ စောစောက ဖွင့်ထားတဲ့ Service Tools ကို ပြန်သွားလိုက်ပါ။


(10) အထက်ဖော်ပြပါ ပုံစံအတိုင်း Service Tools ကို မြင်တွေ့ရမှာဖြစ်ပါတယ်။
- ရှေးဦးစွာ USB Port ကို ရရှိရန်အတွက် Reload ပေါ်တွင် click တစ်ချက်နှိပ်ပါ။
- ထို့နောက် စာရွက်(၂)ရွက်ကို printer တွင် ထည့်ထားပေးပါ။
- Clear Ink Counter ရဲ့အောက်ဖက်ရှိ Main ပေါ်တွင် click တစ်ချက်နှိပ်ပါ။ (အကယ်၍ သင့် printer တွင် error 001 ဟူ၍ ပြသခဲ့ပါက Ok ကိုသာ ဆက်၍ click နှိပ်ပေးပါမည်။ )
- ပြီးနောက် printer ရဲ့ POWER ကို နှိပ်၍ ပိတ်လိုက်ပါမယ်။ (တစ်ခါတစ်ရံ POWER (၂)ချက်ဆင့်နှိပ်၍ ပိတ်ပေးရသည်လည်း ရှိတတ်ပါသည်။ )
- ထို့နောက် POWER ပြန်ဖွင့်ပေးပါ။ ပြန်လည်၍ စမ်းသပ်ချက်များအရ အဆင်ပြေသွားခဲ့ပါသည်။

Memory ရဲ့ Transfer Rate ကို တွက်ချက်ခြင်း



Dynamic Random Access Memory ကို အများစုက memory လို့သာ ခေါ်ကြပါတယ်။ Memory အမျိုးအစား များစွာ ရှိပါတယ်။ Memory ကို ကွန်ပျူတာမှာ ယာယီမှတ်ဉာဏ်အနေနဲ့ အသုံးပြုပါတယ်။ Memory အကြောင်း ပြောရင် ဘယ်လောက်သိမ်းဆည်းပေးနိုင်သလဲဆိုတဲ့ size ကို သိထားဖို့ လိုပါတယ်။ ရှေးကတော့ ကွန်ပျူတာတွေ မှာ 256MB, 512MB သာ ပါဝင်ပေမယ့် ယနေ့ ကွန်ပျူတာတွေမှာ အနည်းဆုံး 1GB အထိ ပါဝင်လာပြီ ဖြစ်ပါတယ်။ Memory အကြောင်းပြောရင် memory speed ကို ချန်ထားလို့ မရပါဘူး။ Speed ဖြစ်တဲ့အတွက် သူ့ရဲ့ unit က Hz နဲ့ တိုင်းတာပါတယ်။ DDR memory တွေရဲ့ Speed က 266, 333, 400MHz ဆိုပြီး သုံးမျိုးရှိပါတယ်။

Memory နဲ့ CPU ဆက်သွယ်တဲ့အခါ data bus တွေကို အသုံးပြုရပါတယ်။ Pentium 4 တွေရဲ့ External data bus က 64 bit ဖြစ်ပါတယ်။ 8 bit ကို 1 byte ရှိတဲ့အတွက် 8 bytes ရှိပါတယ်။ DDR memory ရဲ့ data bus width က 64 bit (8 byte) ကို အသုံးပြုပါတယ်။ Memory ရဲ့ Speed နဲ့ bus width ကို မြှောက်ပေးရင် တစ်စက္ကန့်မှာ data ပို့ပေးတဲ့ transfer rate ကို ရရှိပါတယ်။

Transfer Rage = Memory Speed x Memory bus width
= 400 MHz x 8 bytes
= 3200 MB/s


DDR 400 MHz ရဲ့ transfer rate က 3200 MB/s ရှိတာကို သိလောက်ပါပြီ။ ဒီအတွက် PC 3200 လို့ ခေါ်ပါ တယ်။

SMAC in Numbers
Memory Technology Rated Clock Real Clock Maximum Transfer Rate
PC66 SDRAM 66 MHz 66 MHz 533 MB/s
PC100 SDRAM 100 MHz 100 MHz 800 MB/s
PC133 SDRAM 133 MHz 133 MHz 1,066 MB/s
DDR200 DDR-SDRAM 200 MHz 100 MHz 1,600 MB/s
DDR266 DDR-SDRAM 266 MHz 133 MHz 2,100 MB/s
DDR333 DDR-SDRAM 333 MHz 166 MHz 2,700 MB/s
DDR400 DDR-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-400 DDR2-SDRAM 400 MHz 200 MHz 3,200 MB/s
DDR2-533 DDR2-SDRAM 533 MHz 266 MHz 4,264 MB/s
DDR2-667 DDR2-SDRAM 667 MHz 333 MHz 5,336 MB/s
DDR2-800 DDR2-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-800 DDR3-SDRAM 800 MHz 400 MHz 6,400 MB/s
DDR3-1066 DDR3-SDRAM 1066 MHz 533 MHz 8,528 MB/s
DDR3-1333 DDR3-SDRAM 1333 MHz 666 MHz 10,664 MB/s
DDR3-1600 DDR3-SRAM 1600 MHz 800 MHz 12,800 MB/s

Resource: September | 2010 | Personal Computer ( ဦးအေးကိုကို၊ B.E (Electronics), FEB Computer Centre

USB Thumb Drive ၏ လျှို့ဝှက်ချက် (၁၀)ခု



Hard Disk မှာ နေရာလွတ် နည်းပါးနေသူတွေအတွက် အလုပ်မှအိမ်၊ အိမ်မှကျောင်း၊ အချက်အလက် သင်ခန်းစာ၊ အလုပ်ဖိုင်တွေကို သယ်ဆောင်သွားလိုသူတွေအတွက်၊ စနစ်တစ်ခုလုံးကို လုံခြုံစိတ်ချမှုပြည့်ဝစွာ အလုပ်လုပ်လိုပြီး အစီအစဉ်တကျ ရှိလိုသူများအတွက် USB Thumb Drive ရဲ့ လျှို့ဝှက်ချက်လေးများကို စုစည်းဖော်ပြ လိုက်ပါတယ်။

1. USB Drive ကို icon အနေနဲ့ သုံးနိုင်ပါတယ်
တကယ်လို့ ကွန်ပျူတာမှာ USB Hub တစ်ခုကို ထားရှိသုံးစွဲမယ်ဆိုရင်၊ နောက်ပြီး USB အများကြီးနဲ့ Multiple USB port တွေ ထားရှိ သုံးစွဲမယ်ဆိုရင် အမျိုးမျိုး အစားစားကွဲပြားတဲ့ ကိုယ့်ရဲ့ USB ကို icon တွေအနေနဲ့ ဖော်ပြ ပေးထားနိုင်ပါတယ်။ အဲဒီလို ဖော်ပြပေးတဲ့ XP, Vista, Windows 7 တွေမှာ ပါဝင်တဲ့ custom icon တွေကို အသုံးပြုပြီး folder တွေကို icon ပုံစံချိန်းတဲ့ ပုံစံမျိုးအဆင့်ပဲ လွယ်လွယ်ကူကူ ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ (.ico) format ကို drive ထဲမှာ အရင် မောင်းထည့်ရပါမယ်။ အကယ်၍ web application တစ်ခုဖြစ်တဲ့ convert icon ကို အသုံးပြုလည်း ရပါတယ်။ icon ကို အမျိုးအစားကွဲပြားစွာနဲ့ USB မှာ ရည်ညွှန်းဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဘယ် USB က ဘာ file တွေ ပါဝင်တယ်ဆိုတာ အလွယ်တကူ သိရှိရမှာပါ။

2. Google ၏ OS ကို အိတ်ထဲ ထည့်ထားနိုင်ပါတယ်
Google ၏ OS ဖြစ်တဲ့ Chrome OS ကို USB drive ထဲမှာ ထည့်သွင်းပြီး ကိုယ့်ကွန်ပျူတာရဲ့ ဒုတိယ OS အဖြစ် ထားရှိ သုံးစွဲနိုင်ပါတယ်။ အလွန်မြန်ဆန်ပြီး ကိုယ့်စိတ်ကြိုက် custom ပြုလုပ်ထားနိုင်ပါတယ်။ ဒီဇိုင်း အဆင်အပြင်တွေကအစ ပါဝင်တဲ့ coding တွေကို သွားပြန်ပြီး ပြင်ဆင်ရေးသားနိုင်တဲ့ open source OS တစ်ခု ဖြစ်ပါတယ်။

3. Democra key ဖြင့် လုံခြုံစိတ်ချစွာ အလုပ်လုပ်သုံးစွဲနိုင်ပါတယ်
တကယ်လို့ USB drive ကိုဖြစ်စေ၊ PC ကိုဖြစ်စေ သုံးစွဲရတာ ကိုယ့်ရဲ့ကိုယ်ရေး အချက်အလက်တွေနဲ့ ကိုယ်ရေး ကိုယ်တာဖိုင်တွေ မလုံခြုံဘူးလို့ ခံစားရရင် Democra Key ကို download ရယူ၍ windows platform တွေပေါ် မှာ အလုပ်လုပ်နိုင်သော web application တစ်ခုလို သုံးစွဲနိုင်ပါတယ်။ အဲဒီအထဲမှာ ပုံရိပ်တည်းဖြတ်တာတွေ၊ email ဖွင့်စစ်တာတွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို encrypt ပြုလုပ်တာတွေနဲ့ Internet ကို browse လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ လုံခြုံမှုအပြည့်အ၀ ရှိပါတယ်။

4. XBMC Media Center ကို ထည့်သွင်းထားနိုင်ပါတယ်
ကိုယ့် PC မှာ WMP player နဲ့ အခြား player များစွာရှိပေမယ့် XBMC live ကို ရယူပြီး drive ထဲကို ထည့်သွင်း ထားမယ်ဆိုရင် netbook မှာပဲဖြစ်ဖြစ်၊ laptop မှာပဲ ဖြစ်ဖြစ် media file တွေကို အလွယ်တကူ ကြည့်ရှုခံစား နိုင်ပါတယ်။ အဲဒီအထဲမှာ အလွယ်တကူနဲ့ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ လမ်းညွှန်ချက်တွေကို သင်ခန်းစာ ဖိုင်တွေအနေနဲ့ ကြည့်ရှုပြီး လိုက်လံလုပ်ဆောင်နိုင်ပါတယ်။

5. Windows System တစ်ခုလုံးကို save လုပ်ထားနိုင်ပါတယ်
တကယ်လို့ Thumb drive ထဲမှာ Ubuntu စနစ်တစ်ခုလုံးကို ထည့်သွင်းထားမယ်ဆိုရင် windows ရဲ့စနစ်မှာ မှားယွင်းနေတဲ့အမှားတွေ၊ error တွေ အားလုံးကို ubuntu ကတစ်ဆင့် boot လုပ်ပြီး ၀င်ရောက်ကြည့်ရှုရင်း ပြင်ဆင်နိုင်ပါတယ်။ ထို့အတွက် ပုန်းအောင်းနေတဲ့ ဖိုင်တွေ၊ ဖိုင်ယောင်ဆောင်ထားတဲ့ virus တွေကို အလွယ် တကူ ကြည့်ရှုသတ်ပစ်နိုင်ပြီး drive space ကို သန့်သန့်ရှင်းရှင်း analyze လုပ်နိုင်ပါတယ်။ Partition လုပ်တာ တွေ၊ windows password တွေကို ပြန်ခေါ်တာနဲ့ ပျောက်ဆုံးနေတဲ့ file တွေကို ပြန်လည်ရှာဖွေတာတွေ ပြုလုပ် နိုင်ပါတယ်။ လုပ်ဆောင်ပုံ နည်းအသေးစိတ်ကို lifehacker.com မှာ ကြည့်ရှုနိုင်ပါတယ်။

6. USB Drive ကနေတစ်ဆင့် Windows စနစ်တစ်ခုလုံးကို အမိန့်ပေး ထိန်းချုပ်နိုင်ပါတယ်
Windows ပြန်လည်စတင်ချိန်မှာ USB drive ကနေ log off လုပ်တာတွေ၊ shut down လုပ်တာတွေကို USB drive ရဲ့ click ကို နှိပ်လိုက်တာနဲ့ အထဲထဲမှာ အမိန့်ပေး file တွေကို တန်းစီပြီး ထည့်သွင်းဖို့အတွက် coding တွေ လွယ်လင့်တကူ ရှိပါတယ်။

7. သယ်ဆောင်ရ လွယ်ကူသော Windows Suite တစ်ခုလုံးကို ထည့်သွင်းသွားနိုင်ပါတယ်
Portableapps.com မှာ ရွှေ့ပြောင်းသယ်ယူရလွယ်တဲ့ software ကလေးတွေ၊ ဥပမာ Photoshop, acrobat reader, firefox, gtalk စတဲ့ software ကလေးတွေကို download ရယူပြီး USB drive ထဲ ထည့်ထားမယ် ဆိုရင် windows အတွက် နေရာလွတ်တွေများစွာ ထွက်ပေါ်လာစေပါမယ်။ Memory အရမ်းစားတဲ့ software တွေ ဆိုလို့ရှိရင်လည်း memory အစား သက်သာသွားပါမယ်။ ဒါ့အပြင် ရုံးက ကွန်ပျူတာမှာ ကိုယ်လိုချင်တဲ့ software မရှိလို့ အိမ်ပြန်အလုပ်လုပ်လို့ မရတဲ့သူတွေအတွက်လည်း အချိန်ကုန်သက်သာ သွားစေပါတယ်။ Portable software တွေဟာ software ကြီးတွေက လွဲလို့ function အစုံအလင် ပါရှိပြီး ပုံမှန်အတိုင်း အလုပ် လုပ်နိုင်ပါတယ်။

8. USB Drive ထဲမှာ အရေးကြီး Data တွေကို ထားရှိနိုင်ပါတယ်
တစ်ချို့ မိသားစုနဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာဖိုင်တွေ၊ ကိုယ့်ရဲ့ အကြံအစည်နဲ့ ပတ်သက်တဲ့ idea စိတ်ကူး တွေကို USB drive ထဲကို ထည့်သွင်းထားပြီး အဲဒီ USB ကို USB safeguard သုံးစွဲလိုက်မယ်ဆိုရင် USB ကို လက်လွတ်စပယ် ထားခဲ့မယ်ဆိုတာတောင်မှ ကိုယ့်ဖိုင်ကို ၀င်ကြည့်တဲ့အခါမှာ password တောင်းတာမျိုးတွေ၊ ဖိုင်ကို ၀ှက်ထားတာမျိုးတွေ၊ ဖိုင်ပုံစံ ဖျောက်ထားတာမျိုးတွေ လုပ်ထားနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

9. လိုချင်တဲ့အချိန်တွေမှာ ဖိုင်တွေကို ရွှေ့ပြောင်းနိုင်ပါတယ်
USB drive နဲ့ hard drive ကြားထဲမှာ ဖိုင်တွေကို ရွှေ့ပြောင်းတာ အလွန်လွယ်ကူပါတယ်။ USB ရဲ့ နည်းပညာ မြင့်မားရင် မြင့်မားသလို ရွှေ့ပြောင်းရ လွယ်ကူပြီး မြန်ဆန်ပါတယ်။ တကယ်လို့ internet မှာ နာမည်ကြီးနေတဲ့ ဖိုင်တင်တဲ့ upload sharing site ဖြစ်ပြီး application မှာ ထုတ်ပေးထားတဲ့ drop box နဲ့ဆိုရင် USB ထဲက ဖိုင် တွေကို အဲဒီထဲထည့်တာတွေ၊ Online ပေါ်မှာ ကြည့်ရှုနေတဲ့အချိန်မှာ ရုံးကနေတစ်ဆင့် drop box ထဲ ထည့်သွင်းသိမ်းဆည်းထားပြီး အိမ်ကနေတစ်ဆင့် အလွယ်တကူ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

10. Linux OS ကို USB Drive ထဲ ထည့်သွင်းထားနိုင်ပါတယ်
Linux အနွယ်ဝင် OS တွေဟာ virus အန္တရာယ်ကင်းရှင်းစေပြီး သုံးစွဲရ လွယ်ကူတဲ့အပြင် အခုဆိုရင် ရွှေ့ပြောင်း သယ်ဆောင်ရ လွယ်ကူတဲ့ Portable Linux OS တွေပါ ထွက်ရှိလာတဲ့အတွက် drive ထဲကို ထည့်သွင်းထားပြီး အလုပ်လုပ်တဲ့အခါမှာ- ဥပမာ ရုံးမှာ virus တွေ အလွန်ကိုက်နေတဲ့အတွက် ရုံးက virus တွေ အိမ်က ကွန်ပျူတာကို ပါလာမှာ စိုးရိမ်နေသူများအတွက် အလွန် အသုံးဝင်ပြီး ရုံးမှအိမ်၊ အိမ်မှရုံး USB drive မှတစ်ဆင့် လွယ်ကူစွာ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Source: NetGuide_ 6 November 2010

Bootable USB Windows XP/ Vista/ Win 7 Maker 2010




Netbooks, Notebooks နှင့် Desktop ကွန်ပျူတာများအတွက် USB Flash Drive လေးဖြင့် install တင်လို သူများအတွက် အဆင်ပြေစေမယ့် tool လေးတစ်ခုပင် ဖြစ်ပါတယ်။
|| File Size - 9.22 MB ||

Make Your Windows Genuine in One Click (WinXP,Vista,Win7)





Microsoft က Free ပေးသုံးတဲ့ Microsoft Security Essentials ကို Install ပြုလုပ်လိုပါက မိမိရဲ့ ကွန်ပျူတာလေး ဟာ genuine ဖြစ်နေရပါမယ်။ Genuine မဖြစ်သေးတဲ့ စက်တွေမှာတော့ အထက်ပါပုံစံလေးအတိုင်း ကွန်ပျူတာရဲ့ နောက်ခံ background မှာ ပေါ်နေပါ့မယ်။ ၎င်းကို ပြင်ဆင်ပေးနိုင်ရန်အတွက် One Click Windows Genuine လေးတွေကို အသုံးပြုကြည့်လိုက်ပါ။ အဆင်ပြေသွားပါမယ်။

File Size = 8.34 MB File Type=Rar

Dell Bios & HD Password Keygen




Dell Laptop အတွက် Bios Password Lock ကျသွားခဲ့လို့ ပြန်လည်ပြီး Password Reset ပြုလုပ်လိုပါက အသုံးပြု နိုင်ပါတယ်။ File Size အရွယ်အစား သေးငယ်သလောက် လွန်စွာမှ အသုံးတည့်စေမည့် Tool လေးပင် ဖြစ်ပါတယ်။ အဆင်ပြေကြပါစေဗျား။

MOBILedit





MOBILedit! Software ဟာ Mobile Service ကို လုပ်ဆောင်နေကြတဲ့ သူများအတွက် အသုံးဝင်စေမယ့် software တစ်ခုပင် ဖြစ်ပါတယ်။ ဖုန်းမှ တဆင့် ကွန်ပျူတာဆီကို Cable ကြိုးဖြင့် ဖြစ်စေ၊ IrDA (Infrared) နှင့် ဖြစ်စေ၊ Bluetooth စနစ်ဖြင့် ဖြစ်စေ ချိတ်ဆက်ပြီးနောက် ဖုန်းအတွင်းမှာပါဝင်တဲ့ စနစ်များကို ပြောင်းလဲမှု ပြုရာတွင် အဆင်ပြေစေနိုင်ပါလိမ့်မယ်။

Cafezee အသုံးပြုနည်း


Internet ဆိုင်များနှင့် Network Game ဆိုင်များ အတွက် လူသုံးအများဆုံး ဖြစ်သည့် Cafezee 3.9 ရဲ့ Installer နဲ့ အသုံးပြုနည်း လမ်းညွှန် (မြန်မာ) စာအုပ်နဲ့ တကွ တွဲဖက်ပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။ အဆင်ပြေ ကြပါစေဗျား။

Tuesday, October 25, 2011

သင်ဘယ်နေ့မှာသေမလဲ...

  ကဲ ဂျီပီတို့က တော့လုပ်ချလိုက်ပြန်ပြီဗျာ..။သင်ဘယ်နေ့မှာသေမလဲတဲ့..။ ဟ ဘယ်သိပါ့မလဲဟ..။ကိုယ်
သေမယ့်ရက်ကိုသိရအောင် ငါတို့က ဘုရားလည်းမဟုတ် ..။ရဟန္တာ လည်းမဟုတ်..။ဒီလိုပြောကြမလားမသိ
ဘူး ....။ဟုတ်ပါတယ်..။ ကိုယ်သေမယ့်ရက်ကို ဘယ်သူမှမသိပါဘူး..။ဒါပေမယ့်..ဒီဝက်ဘ်ဆိုက်လေးကတော့
ကိုယ်သေမယ့်ရက် ကို သိပ္ပံ နည်းကျ တွက်ချက် အဖြေထုတ်ပေးနိုင်ပါသတဲ့..။ ၀က်ဘ်ဆိုက် လိပ်စာကတော့
http://www.deathclock.com/ ပါခင်ဗျာ..။
သူက  ကိုယ်မွေးတဲ့ ရက်လ နှစ်ကို ဖြည့်ရတယ်ခင်ဗျ..။ပြီးရင် သာမာန်ကျန်းမာရေးလား ချုခြာတဲ့လူလား..။
စိတ်ကျရောဂါရှိလား စတာပေါ့ဗျာ ..။အဲဒါတွေကိုဖြည့်ရတယ်..။အောက်မှာက ဆေးလိပ်သောက်သလား၊
မသောက်ဘူးလား ဆိုတာပါဖြည့်ရတယ်..။အော် မေ့တော့မလို့ BMI လို့ခေါ်တဲ့ Blood Mass Index ကိုလည်း
ဖြည့်ရပါသေးတယ်..။BMI ကိုမသိရင် အောက်မှာ BMI Checker လေးပါတစ်ခါတည်းထည့်ပေးထားပါတယ်.။
ပြီးရင် Check Your Death Clock ကိုနှိပ်ပေးပါ..ခနစောင့်ရင်  သင် သေဆုံးမယ့်ရက်ထွက်လာပါလိမ့်မယ်..။
 ကဲ အားလုံးလဲ ကိုယ့်ကိုယ်ကိုယ်စိတ်သန့်ရင် တွက်ကြည့်ပေါ့ဗျာ..။မဟုတ်မဟတ်တွေထွက်လို့..။ပေါက်ကရ
တင်တဲ့ကောင်လို့ပြောရင်လည်း ...မတတ်နိုင်ပါဘူးဗျာ...။အိုကေနော်....။စိတ်မဆိုးကြေး..။

အော်ပြီးတော့ပြောဖို့မေ့သွားတာက...အဲဒီပုံက Delay Your Date Of Death ဆိုတဲ့ link လေးကိုနှိပ်လိုက်ရင်
Health Clock ကိုရောက်သွားသေးတယ် .။အဲဒီမှာ အသက်ရှည်ကျန်းမာအောင် ဘယ်လိုပြုမူနေထိုင်
စားသောက်ရမယ်ဆိုတာတွေ ကိုညွှန်းထားပါတယ်..။ကဲဒီနေ့တော့ဒီလောက်နဲ့ပဲကျေနပ်ကြပါဦးလို့..။

တော်ကီလေးတွေလန်းလွန်းလို့ပါဗျာ..

  တော်ကီလေးတွေကမိုက်လို့သူငယ်ချင်းတွေအတွက်တင်ပေးလိုက်ပါတယ်။။။

(၁) ငါတို့ကြားမှာ ခြေလှမ်း ၁ဝဝဝ ကွာဝေးခဲ့ရင် ငါ့ဖက်ကို နင်ခြေတစ်လှမ်း စလှမ်းပါ ကျန်တဲ့ ၉၉၉လှမ်းနဲ့ နင့်ဖက်ကို ငါလှမ်းခဲ့ပါ့မယ်။

(၂) မေတ္တာစစ်ကို ပေးမှ မေတ္တာစစ်ကို ပြန်ရမယ်။ဒါပေမယ့် နာကျင်မှုတော့ ရှိမှာပဲ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကွာအဝေးတစ်ခု ချန်ထားရင် ကိုယ့်ကိုယ်ကို ကာကွယ်ရာရောက်ပေမယ့် အထီးကျန်မှုကိုတော့ ခံစားရမှာပဲ။

(၃) တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ ကိုယ်ဖက်က လိုချင်တာတွေ များသွားလို့ပါ။

(၄) Believe ဆိုတဲ့ စကားလုံးကြားမှာတောင် lie ဆိုတဲ့ စာလုံးကို ဝှက်ထားသေးတယ်။

(၅) ၁ဝဝ% ပြည့်တဲ့ ကြင်ဖော်ဆိုတာ မရှိပါဘူး။ ၅ဝ% ရှိတဲ့ လူနှစ်ဦးပေါင်းစပ်ထားတဲ့ ဘဝပဲ ရှိပါတယ်။

(၆) ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ် ချစ်တဲ့သူဖြစ်တယ်။

(၇) ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူတဲ့။ ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်းတဲ့။ ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။

(၈) အေးစက်တယ်၊ ဥပေက္ခာပြုတယ်ဆိုတာ တစ်ခါတလေမှာတော့ ရက်စက်တယ်လို့ ထင်မထားရဘူး။ နှစ်ဦးနှစ်ဖက် မထိခိုက်ဖို့ ကာကွယ်တဲ့ပစ္စည်းလို့ မှတ်ယူထားရမယ်။

(၉) တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကို တစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။

(၁ဝ) တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည် ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက် နေသူဖြစ်တယ်၊၊

ဓါတ်ပုံကို ရေမှာ အရိပ်ထင်အောင်လုပ်မယ်

ကဲသူငယ်ချင်းတို့ရေ မိမိဓါတ်ပုံလေးကို ရေထဲမှာပေါ်နေတဲ့ gif ပုံလေးတွေ အဖြစ်မပြောင်းလဲချင်ဘူးလား...။ အခုတင်ပေးလိုက်တဲ့ ဆော့ဖ်ဝဲလ် လေးက မိမိတို့ရဲ့ ဓါတ်ပုံတွေကို ရေထဲမှာ အရိပ်ထင်အောင် ဖန်တီးပေးပါလိမ့်မယ်။ နမူနာ ပုံလေးတွေ ပြထားပါတယ်..။


မိမိတို့ရဲ့ အမှတ်တရပုံလေးတွေကို ဗွီဒီယိုဖိုင်အနေနဲ့ သိမ်းဆည်းမယ်ဆိုရင် ဒီလို effect လေးတွေပါတော့ ပိုပီး အသက်ဝင်တာပေါ့.....။



ဆော့ဖ်ဝဲလ်ကို ဒီမှာ ဒေါင်းနော်။ အသုံးပြုနည်းက အရမ်းလွယ်လွန်းလို့မပြောပြတော့ဘူး.....:P

ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်ပုံ Animation လေးများ..

Monday, October 24, 2011

How to Become A Hacker

သင်သည် ဟက်ကာတစ်ယောက် ဘယ်လိုဖြစ်လာ လိမ့်မည်နည်း?




ဟက်ကာဖြစ်ချင်တယ်… ဟက်ကာဆိုတာဘာလဲ…ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်…. ကျွှန်တော်လည်းသေချာမသိပါဘူး… လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကိုဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့ ကွန်ပျူတာနဲ့ပဲပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ် …ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။တကယ့် ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန်မယူတတ်တဲ့သူတွေ၊ ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲစာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီး
ဖော်ပြနေတော့တာပါပဲ… အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်… သူတို့ကြားကအခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည် ထားကြသလိုပါပဲ… hackers build things, crackers break them
ပါပဲ….။


ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ..
ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါ တယ်…။
ပြသနာတွေကိုဖြေရှင်းပြီး.. အသစ်အသစ်တွေဖန်တီးတယ်… တည်ဆောက်တဲ့သူတွေကမှာသာ ဟက်ကာတွေပါ… အင်တာနတ်ကိုဖန်တီးခဲ့တဲ့သူတွေ.. Operating System ကိုဖန်တီးခဲ့တဲ့သူတွေ… world wide web ကိုသက်ဝင်လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့… ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ…။ဟက်ကာဖြစ်ချင်ရင်တော့  အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကိုအတုခိုးရမှာပေါ့…။ ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်။အောက်ကကဗျာလေးအတို င်းပါပဲ..
To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.
ဒါကြောင့်ဟက်ကာဖြစ်ချင်ရင်အဲဒီအတိုင်းသင်ယုံကြည်လာတဲ့ အချိန်အထိထပ်ခါထပ်ခါကြိုးစားပေါ့။
ကျွှန်တော်တို့ရဲ့ကမ္ဘာကြီးကဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့စိတ်ဝင်စားစရပြသနာတွေနဲ့နေ့တိုင်းပြည့်နှက်နေ ပါတယ်.. ဟက်ကာတစ်ယောက်ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့် အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကိုပီတိဖြစ်တတ်ရမယ်.. ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မျှနေအောင်သွေးေ နရမယ် ကိုယ့်ပညာကိုအမြဲတမ်း.. လေ့လာနေရပါမယ်..။ သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို စိတ်ခံစားချက်မျိုးရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့…။
သင်တစ်ခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုကိုထားရှိဖို့တော့လိုပါလိမ့်မယ်။ သင်ပြသနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်ပါဘူး.. တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီး
နားလည်လာ.. နောက်ဆုံးမှာတော့အောင်မြင်သွားမှာပါ။
ဘယ်ပြသနာကိုမဆိုနှစ်ခါဖြေရှင်းဖို့အကြောင်းကိုမရှိပါ ဘူး… နားမလည်တော့ဘူးလား..။ကျွှန်တော်တို့ရဲ့အချိန်တွေ ကျွှန်တော်တို့ရဲ့ဦးနှောက်တွေက အရမ်းတန်ဖိုးရှိတာပါ။ လုပ်ပြီးသားကိစ္စတစ်ခုအတွက်အချိန်ထပ်အကုန်ခံရတယ် … ပြသနာအသစ်တွေစောင့်နေတာကို အဟောင်းတွေကိုပဲထပ်ဖြေရှင်းမနေသင့်ဘူးလေ။ ဟက်ကာတွေစဉ်းစားနေရတဲ့အချိန်က အရမ်းအဖိုးတန်တဲ့အတွက်..သင်ကဟက်ကာဆိုရင် သင်သိတာတွေ မျှဝေပေးသင့်ပါတယ် သင်သိတဲ့ solution တွေကိုတခြားဟက်ကာတွေကိုဖွင့်ပြပေးရင်ကောင်းမှာေ ပါ့.. ဒါမှသူတို့တွေလည်းတခြားအသစ်အသစ်တွေဖြေရှင်းနိုင်တာပေါ့။ တစ်ခုတော့ရှိတာပေါ့… ပြသနာတစ်ခုအတွက်အဖြေဆိုတာ တစ်ခါတစ်ရံမှာ တစ်ခုထက်မကလည်းရှိနိုင်တယ်နော်… ။
ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်..
သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့်မနှစ်သက်ကြပါဘူး… ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်..။
သူတို့ကအတူတကွပူးပေါင်းလုပ်ဆောင်ရတာကိုတော့နှစ်သက်ကြ တဲ့သူတွေပါ..။အဲဒီစိတ်ထားမျိုးလေးလည်းရှိရပါမယ်။အထက် က
စိတ်ထားမျိုးတွေအမူအကျင့်တွေရှိပြီးရင်တောင်မှ ဟက်ကာမဖြစ်သေးပြန်ပါဘူး…။ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့
ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာအာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။
Attitude တွေကအရေးကြီးတာမှန်ပါတယ်.. ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်ကသင့်ကို ဟက်ကာတစ်ယောက်လို့ခေါ်စေဖို့ သက်မှတ်လာစေဖို့အတွက် အရင်ဆုံးသင်လုပ်ရဦးမဲ့အခြေခံအကြောင်းအရာလေးတွေပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိပဲနဲ့တော့ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော်… ။ရှိရင်တော့ကျွှန်တော်လည်းမသိဘူး.. ။ဘာ language မှသင်မတတ်သေးဘူးဆိုရင်တော့ Python ကိုစလေ့လာဖို့တိုက်တွန်းချင်ပါတယ်။အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် သင့်တော်သလို powerful လဲဖြစ်ပါတယ်.. ပရောဂျက်ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင်တစ်ခုခုကိုကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင်လွယ်တယ်လို့မရှိပါဘူး။ဟက်ကာတွေအတွက်အရေးကြီး တဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။
တကယ်တော့အားလုံးလေ့လာတာကတော့အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချည်းကပ်တာပေါ့ ။
အဲဒါအားလုံးကသင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို language တတ်ယုံနဲ့လည်းမဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ ပြသနာတွေအပေါ်မှာစဉ်းစားနိုင်ဖို့လည်းလိုသေးတယ်။ သိပြီးသား concept တွေကိုဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကိုအသစ်ထပ်လေ့လာရင် ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသော language တွေအားလုံးသင်တတ်တယ်ပေါ့..။ ရက်အနည်းငယ်နဲ့တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲနော်။
programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အထက်ကဆရာ့ဆရာကြီးတွေ ရေးထားတာတွေကိုများများဖတ် ပြီးရင်ကိုယ်ကိုယ်တိုင်နဲနဲရေး၊ နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊ များများထပ်ရေး၊ ပိုပြီးဖတ်၊ ပိုပြီးရေး……၊ဘယ်အချိန်ထိလုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေက ဈေးကွက်ဝင်တဲ့အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာခက်ခဲ့ပါတယ်။အခုတော့မဟုတ်တော့ပါဘူး… open source နဲပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ(အဲဒါတွေအားလုံး ဟက်ကာတွေလုပ်ထားတာ) အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင်အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော်သင်က Windows ကဘာဖြစ်လို့လည်းလို့မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ.. code တွေမှဖတ်လို့မရတာ ပြင်လို့လည်းမရဘူးလေ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာ ရမယ်ဆိုရင် အလွယ်ကူဆုံးအနေနဲ့ Linux ကိုကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်းတွဲတင်ထားလို့ရပါတယ်။ကဲအခုချက်ချင်း Learn it , Run it နော်။ကလိတော့နော်။ အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ် ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။ တခါတည်းပြောပြလိုက်မယ်နော်.. Beginner တွေအတွက်အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ… ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လဲမပူပါနဲ့ သင့်ကိုကူညီမယ့်သူတွေအများကြီးရှိနေတယ်လေ။ အားလုံးအဆင်ပြေရစေမယ်။ ဟုတ်ပပြီ ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုကတော့ World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်(အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့အရင်လေ့လာရမယ်။ ဘာ language မှမတတ်တဲ့သူအတွက် HTML ကိုစလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေရစေမယ်။ အကူအညီအများကြီးဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ဘာလို့လည်းဆိုတော့ Web ပေါ်မှာ website တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကိုကောင်းကောင်းထည့်ရမယ်.. စိတ်ဝင်စားစရာကောင်းအောင်ရေးရမယ်။
ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ သင့်ရဲ့ English စာတတ်မြောက်မှုအဆင့်အတန်းကစကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာအဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကိုကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး.. သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကိုဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ.. ။ကဲ အခုပဲ စကြိုးစားပေတော့။
Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တ စ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။ အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။ နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။ စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကိုလူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး.. အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။
အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ညှိမယ်နော်…. Tongue ။ တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကိုတီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။ ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ ကျွှမ်းကျင်သူတွေပါ။ System Administration, web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွှမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာသေချာသလောက်ရှိပါတယ်.. အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ် ။
Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?
A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ Tongue (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)
Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွှန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား ?
A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။
Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွှန်တော့် Windows မှာပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး အဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး.. (ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။
Q: ကျွှန်တော် Free OS တစ်ခုလိုချင်တယ်.. Linux ဖြစ်ဖြစ်ပေါ့။?
A: ကျွှန်တော်တို့နဲ့ဆက်သွယ်ပါခင်ဗျာ။

ဝန်ခံချက်: Eric Steven Raymond ရေးသားသည့် How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။
အရေးအသားမကောင်းပါက ကျွှန်တော်ညံ့သောကြောင့်ဖြစ်ပြီး.. ကောင်းပါက မူရင်းစာရေးဆရာ တော်သောကြောင့်သာဖြစ်ပါကြောင်း.. မူရင်းဆောင်းပါးကိုသွားဖတ်ဖို့လည်း တိုက်တွန်းပါတယ်ခင်ဗျာ။
Credit to: BlackDevil
Link: http://www.donkboy.com/pages/hacker-howto.html

source: world wide myanmar

အရေးကြီးပါသည် ဆက်လက်ဖြန့်ဝေပေးကြပါရန်။



> အရေးကြီးပါသည် ဆက်လက်ဖြန့်ဝေပေးကြပါရန်။ သူငယ်ချင်းတို့အကောင့်ကို
> knaniar@gmail.com ဆိုသောအကောင့် လာအပ်ခဲ့မည်ဆိုပါက
> လုံးဝလက်ခံခြင်းမပြုကြပါနှင့်..
ထိုအကောင့်မှာ မြန်မာနိင်ငံ
> ရှိသမီးပျိုလေးများကို မှောင်ခိုတင်သွင်းနေသော အဖွဲ့တစ်ခုမှ
> အကာင့်တစ်ခုဖြစ်ကြောင်း..သိရှိထားပါသည်..ကျေးဇူးပြုပြီး
> ယခုမေးလ်(Mail)လေးကို ဆက်လကိဖြန့်ဝေပေးစေ ချင်ပါသည်

လိုအပ်မယ်ထင်လို့ သိသိခြင်းမျှဝေခြင်းဖြစ်ပါတယ်.

နည်းပညာဖြင့် အကျိုးပြုခြင်း

နှစ်သက်ရာ ဓာတ်ပုံတခုကို တင်ပြီး ပိုက်ဆံရယူနည်း။

၁။ http://shareapic.net ကို သွားလိုက်ပါ။ အကောင့်တခုလုပ်လိုက်ပါ။
၂။ ပြီးရင် ပုံ ၅ ပုံလောက်တင်လိုက်ပါ။ မိမိတို့ပုံ လင့်များကို မှတ်ထားပါ။
၃။ log off လုပ်လိုက်ပါ။
၎။ ပြီးရင် အောက်က လင့်မှာ ပါတဲ့ Tools ကို ဒေါင်းလုပ်ချပြီး မိမိတို့ပုံ
လင့်များကို list လုပ်ပြီး tool ကို run လိုက်ပါ။
၅။ တနေ့ကို တခါလုပ်လျှင်လုံလောက်သည်။ အနည်းဆုံး US$ 20 ရမှ
ထုတ်ခွင့်ပေးပါသည်။ ပိုက်ဆံများကို paypal သို့မဟုတ်
တခြားနည်းလမ်းများဖြင့် ထုတ်ယူနိုင်ပါသည်။

Tool Download:http://www.mediafire.com/?d79h6jqs876kvj9
OR
http://ifile.it/ve41auj
Attach file : Video Tutorial


Blinker Hacker Group ရဲ့ စေတနာဖြင့် မျှဝေပေးလိုက်တဲ့ $$ တွေကို ပြန်ဖော်ပြပေးလိုက်ပါတယ်ဗျာ