Monday, October 24, 2011

GTALK မှာ SLIDESHOW နဲ့ ပုံတွေကို ပေါ်အောင်လုပ်နည်း

Gtalk Shell ဆိုတဲ့ Program ကို အရင်ဆုံး Dowmload ဆွဲရပါမယ်။
-www.Softpedia.com မှာနှိပ်ပြီး Download ဆွဲလိုက်ပါ။
-www.brothersoft.com မှာလည်း Download လုပ်လို့ရပါတယ်။
-Download လုပ်ပြီးရင် Run လိုက်ပါ။
ဒါဆိုရင် Gtalk ဖွင့်ထားထား မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ် ပေါ်လာပါလိမ့်မယ်။ ဒီဘောင်အပေါ် Google Talk ဆိုတဲ့စာဘေးမှာ အသစ်အနေနဲ့ Shell ဆိုတာ ပါလာပါလိမ့်မယ်။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ။
ထိုအခါ ဘောင်အသစ်လေးထဲမှာ Avator/Language/Option/Always On Top/Get More Avatars/About ဆိုတာကို တွေ့ပါလိမ့်မယ်။
Shell/Avatar ကို နှိပ်၍​ Enable Slide တွင် အမှန်ခြစ်လိုက်ပါ။ Shell/Option ကိုနှိပ်လိုက်ပါ။ ဘောင်အသစ်ကျလာပြီး Avatar/Anti Boss/Auto find ဆိုတာမှ Avatar ကိုရွေးပါ။ ထို့နောက် ညာဘက်ဘောင်ထဲတွင် Add နဲ့ Remove ကိုတွေ့ရမယ်။ ကိုယ့် Slide Show လုပ်ချင်သော ပုံများကို ရွေးရပါမယ်။ Add ကိုနှိပ်ပြီး လိုချင်သော ပုံရွေးပါ။ Interval (Seconds) ကို ကိုယ်ပြောင်းစေချင်သော ပုံများကို စက္ကန့်အလိုက်ချိန်ပေးပါ။
ဥပမာ-(၁) စက္ကန့်၊ (၂)စက္ကန့် ထို့နောက် အောက်မှ OK ကိုနှိပ်ပါ။ Gtalk ကို ပုံမှန်အတိုင်း User name နဲ့ Password ရိုက်ပြီး Sign In လိုက်ပါ။ Gtalk မှာပေါ်တဲ့ ကိုယ့်ရဲ့ Icon လေးတွေ တဖျပ်ဖျပ် ပြောင်းနေပါလိမ့်မယ်။

No comments:

Post a Comment