Monday, October 24, 2011

မျက်လှည့်ပြပြီးလိမ်ကြည့်ကြမယ်

ပထမဆုံးအနေနဲ့ အင်မတန်ကိုလွယ်ကူတဲ့နည်းလေးတစ်ခုပြောပြပါအုံးမယ်.....
ဒီနည်းကတော်တော်အသုံးဝင်ပါတယ် .............. အဲသုံးတတ်တယ်ဆိုရင်ပေါ့လေ
ဥပမာ ဘယ်လိုအသုံးဝင်သလဲဆိုတော့
သယ်ရင်းတို့ရဲ့ချစ်သူပုံကို Desktop ပေါ်မှာတင်ထားချင်တယ်မဟုတ်လား
ဒီလိုတင်တဲ့အခါ Properties ထဲက Desktop ပေါ်ကနေ Background အဖြစ် နဲ့တင်လိုက်လို့ရှိရင် လည်းရတာပဲ.......... ဒါပေမယ့်သူများတွေကလာချိန်းလိုက်လို့ရှိရင်ပုံကတစ်မျိုးပြောင်းသွားရောမလား
အဲဒီတော့ Background ပုံတွေဘယ်လိုပဲပြောင်းပြောင်း ကိုယ့်ချစ်သူပုံကိုတော့မပြောင်းစေချင်ဖူးအသေထားချင်တယ် ဒီလိုမဖြစ်စေချင်ဖူးလား

ကိုယ့်ချစ်သူပုံအစား ကန်ပဏီလိုကို တို့ ....... ကိုရေးချင်တဲ့စာတို့ .......... ကြေငြာတို့ စသည်စသည်ဖြင့် အများကြီးထားလို့ရပါတယ် ............. စမ်းကြည့်ကြည့်ကြပေါ့ဗျာ

ကဲစမယ် ..................... ဒန်ဒန့်ဒန် ................................ မျက်စိမမှိတ်ကြနဲ့နော်
တစ်ကွက်လွတ်သွားရင် ပြန်မပြဖူး ..................... လာဟဲ့ အပ်ချလောင်း

၁. Desktop ပေါ်တွင် icon နှင့်လွတ်သော်နေရာတွင် Right Click နှိပ်လိုက်ပါ ။
၂. Properties ကိုရွေးလိုက်ပါ ။
၃. Display Properties ဆိုတဲ့ Box လေးပေါ်လာလိမ့်မည် ။
၎. Desktop ဆိုတဲ့ Tep လေးကိုရွေးလိုက်ပါ။
၅. Customize Desktop ကိုနှိပ်လိုက်ပါ ။
၆. Desktop items ဆိုတဲ့ Box လေးထပ်ပေါ်လာအုံးမည်။
၇. Web ဆိုတဲ့ Tep လေးကိုရွေးလိုက်ပါ ။
၈. အဲဒီထဲမှာ New ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်ပါ ။
၉. New Desktop items ဆိုတဲ့ Box လေးပေါ်လာလိမ့်မည် ။
၁၀ . Browse ကိုနှိပ်လိုက်ပါ ။
၁၁. Browse ဆိုတဲ့ Box လေးပေါ်လာလိမ့်မည် ။
၁၂. အဲဒီထဲမှာ Look in ဆိုတဲ့နေရာမှာ သယ်ရင်းတို့ ထည့်ချင်တဲ့ ပုံရှိတဲ့ Folder ကိုရွှေးပေးလိုက်ပါ ။
၁၃. ပြီးတော့ သယ်ရင်းတို့တင်ချင်တဲ့ ပုံကို select လုပ်လိုက် ပီးရင် အောက်မှာရှိတဲ့ open ကိုနှိပ်လိုက်
၁၄. တွေ့သမျှ အကုန်လုံး ok ok ok ဆိုပီးတော့တာနှိပ်လိုက်ပါတော့ဗျာ ။။။

အဲဒီအချိန်မှာ သယ်ရင်တို့တင်ချင်တဲ့ပုံလေး Desktop ပေါ်ကိုရောက်လာပါလိမ့်မယ် ။
ပီးရင် အဲဒီပုံလေးကို ကလစ်တစ်ချက်နှိပ်လိုက်
သူ့ဘားလေးပေါ်လာတဲ့အခါကြရင် ရွေ့ချင်တဲ့နေရာကိုရွေ့ပေတော့ဗျို့
နောက်ဆုံးအနေနဲ့တော့
Desktop ပေါ်တွင် icon နှင့်လွတ်သော်နေရာတွင် Right Click နှိပ်လိုက်ပါ ။
arrange icons by ကိုနှိပ်လိုက်ပါ ။ Lock Web Items on Desktop မှာ အမှတ်ကလေးခြစ်ပေးလိုက်တာနဲ့ သယ်ရင်းတို့ရဲ့ ပုံကိုရွေ့လို့မရတော့ပါဖူးဗျာ

အဲဆိုးတာလေးတစ်ခုကတော့ ............... icon တွေရဲ့နောက်မှာ background ကာလာပေါ်နေချင်းတစ်ခုပါပဲ .......... အဲဒါကိုခံနိုင်တယ်ဆိုရင်တော့လုပ်ကြည့်ကြပေါ့နော် .............







သယ်ရင်းတို့
သယ်ရင်းတို့ရဲ့ကွန်ပြူတာထဲက folders တွေ files တွေကို သယ်ရင်းနဲ့မသက်ဆိုင်တဲ့သူတွေ ဒါမှမဟုတ် ရုံးကလူတွေ အိမ်ကလူကြီးတွေ မကြည့်စေချင်တဲ့ဟာတွေကို မကြည့်ရဲအောင် ဖွင့်မရအောင်မလုပ်ချင်ကြဖူးလား ...............အင်မတန်ကို လွယ်တဲ့နည်းလမ်းလေးနော်
ပြောပြမယ် .............

ဥပမာကွာ သယ်ရင်တို့ရဲ့ လျွို့ဝှက် ဗွီဒီယို file တစ်ခုဖြစ်တဲ့ movie.dat
C ထဲမှာသိမ်းထားတယ်ဆိုရင်ပေါ့
ကိုသယ်ရင်းကလွဲပီးကျန်တဲ့သူတွေဘယ်သူဖွင့်ကြည့်လို့
မရအောင်လုပ်ချင်တယ်ဆိုရင်တော့
cmd ထဲကိုဝင်ရလိမ့်မယ်
အဲဒီထဲမှာ သယ်ရင်းတို့ရဲ့ ဖိုင်ကိုရှာလိုက် တွေ့ရင် ဒီလိုလေးပြောင်းလိုက်ပေါ့
C:\ren movie.dat movie.exe
လို့သာပြောင်းပေးလိုက် ဗွီစီဒီဖိုင်ကနေ exe program file ပြောင်းသွားလိမ့်မယ်
အဲဒါဆို သူတို့ဖွင့်လို့မရတော့ဖူး ............. သယ်ရင်းလည်းဖွင့်လို့ရမှာမဟုတ်ဖူး
အဲပြန်ကြည့်ချင်တယ်ဆိုရင်တော့ windows mediaplayer ထဲကနေ File > open > ထဲကနေသယ်ရင်းရဲ့ movie.exe ကို select လုပ်ပီးဖွင့်လိုက် တန်းကနဲနေအောင်ဖွင့်လာလိမ့်မယ်

နောက်တစ်ခုကတော့ C ထဲမှာသိမ်းထားတဲ့ folder တစ်ခုဆိုပါတော့
အဲဒီကောင်ကိုပြောင်းချင်ရင်တော့ winrar နဲ့အရင်ချုံ့လိုက်
အဲဒါဆို cmd ထဲမှာ folder.rar ဆိုပီးတော့ပေါ်နေလိမ့်မယ် အဲလိုပေါ်နေရင်
C:\>ren folder.rar folder.exe ဆိုပီးပြောင်းလိုက်
rar ဖိုင်ကနေ exe ဖိုင်အဖြစ်ပြောင်းသွားရော
အဲဒီကောင့်ကိုတော့ ပြန်rar ပြန်ဖြစ်ချင်ရင်တော့ ပြန်ဖြေပေးရတယ်နော် ပြန်ဖြေပုံက
C:\>ren folder.exe folder.rar ဆိုပီးရိုက်လိုက်
ဒါဆို exe ဖိုင်ကနေ rarဖိုင် ဖြစ်သွားရောဗျာ
တစ်ခြား extantion တွေရှိပေမယ့်လည်း .exe လောက်စိတ်မချရဖူး
........ .exe ကအားလုံးထက်ပိုပီးစိတ်ချရလို့ အဲဒါကိုပဲသုံးပေါ့

အနှစ်ချုပ်ကတော့ extantion ပြောင်းပေးလိုက်တာပါပဲ

တစ်ခြားနည်းရှိရင်လည်း ထပ်ပြောပြပေးပေါ့ကြပေါ့ဂျာ .......... နော်တိုကြီးတို့

No comments:

Post a Comment