Monday, October 24, 2011

အင်တာနက်သုံးရန် ဖြတ်လမ်းနည်းများ

အင်တာနက်သုံးတဲ့အခါ အချိန်နဲ့အမျှ တန်ဖိုးရှိကြောင်းသိကြမှာပါ။ ဒါ့ကြောင့် အင်တာနက်သုံးတဲ့အခါ ပိုပြီး လွယ်ကူ ထိရောက် မြန်ဆန်စေနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြလိုက်ချင်ပါတယ်။ Beginner တွေ အသုံးချ စရာ နည်းလမ်းပေါင်းစုံကို အင်တာနက်မှာ အလွယ်ဆုံး အမြန်ဆုံးသုံးဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးပါမယ်။
 Website ကို Run ကနေ သွားဖွင့်မယ်
Run ထဲကနေ ရိုက်လိုက်တာနဲ့ ကိုယ်သွားချင်တဲ့ website URL ကို တန်းပြီး သွားလို့ရနိုင်ပါတယ်။ browser အမျိုးအစားရွေးပေးနိုင်ပါတယ်။ Run က Start ထဲမှာ ရှိပါတယ်။ Shortcut ကတော့ Win Key+R ပါ။ Run ထဲ မှာ အခုလိုရိုက်ပါမယ်။ Firefox www.google.com (firefox ကတော့ firefox ကို သုံးပြီး www.google.com ကတော့ ကိုယ်သွား ချင်တဲ့ပေါ့ website firefox နဲ့ www ကြားထဲမှာ space bar ပါတာကို သတိပြုပါ)
 
 IE သုံးသူများအတွက်ကတော့ အောက်ပါအတိုင်းရိုက်ပါမယ်။

Iexplore www.google.com ပေါ့လေ။ IE သုံးပြီး အင်တာနက်သုံးမယ်ဆိုတဲ့ သဘောပါ။ ကဲအားလုံး ကိုယ်လိုချင်တဲ့ browser တွေ ရွေးပြီးသွားရင် Enter ခေါက်လိုက်မယ်ဆို ကိုယ်သွားချင်တဲ့ browser ကို ရောက်ပြီးသားဖြစ်သွားပါလိ့မ်မယ်။ Browser ကျလာပြီးလို့ website URL သွားရိုက်ဖို့ ကလစ်မနှိပ်ချင်ရင် F6 နှိပ်လိုက်တာနဲ့ website တန်းရိုက်ရုံ ပဲ။
Website တွေရိုက်ဖို့ www.နဲ့ နောက်က .com တို့ကို ထည့်မရိုက်ချင်ရင် အလယ်စာသားပဲ ရိုက်ပြီး ctrl + Enter ခေါက်လိုက်တာနဲ့ www.နဲ့ .com ကို ထည့်ပေးသွားလိမ့်မယ်။ ဥပမာ google လို့ပဲရိုက်ပြီး crl+ Enter ခေါက်လိုက်ရင် www.google.com ကို တန်းရောက်ပါမယ်။ နောက်ထပ်ရှိပါသေးတယ်။ ဒါတွေကတော့ firefox browser အသုံးပြုသူများအတွက်ပါ။ Shift+Enter – www.မိမိအသုံးပြုမယ့်ဆိုဒ်နာမည်.net Ctrl+Shift+Enter- www.မိမိအသုံးပြုမယ့်ဆိုဒ်နာမည်.org
Ctrl+T – ဆိုရင် Tab အသစ်ခုကို ခေါ်ယူအသုံးပြုခြင်းပါ။ New Tab ရပါမယ်။ Ctrl+T နဲ့ပြောင်းနိုင်ပြီး အနောက်ဘက် Tab တွေဆီပြန်သွားချင်ရင် Ctrl+Shift+Tab နဲ့သွားနိုင်ပါတယ်။ Tab တစ်ခုချင်းစီကို ပိတ်ချင် ရင်တော့ Ctrl+F4 နဲ့ပိတ်နိုင်ပြီး Browser ကြီးတစ်ခုလုံးပိတ်ချင်ရင်တော့ Alt+F4 နဲ့ ပိတ်လို့ရပါတယ်။ Website တွေကြည့်နေရင်းနဲ့ Link လေးတွေတွေ့လို့ ကလစ်နှိပ်တဲ့အခါ New Tab နဲ့လိုချင်ရင် Right Click နှိပ်ပြီး Open Link in New Tab ဆိုတာနဲ့သွားတတ်ကြပါတယ်။ အဲလိုမလုပ်ချင်ရင် Link လေးတွေကို Mouse ရဲ့ အလယ်က Scroll Wheel နဲ့ နှိပ်လိုက်ရင် အဲဒီLink ကို New Tab နဲ့ခေါ်ပေးပါလိမ့်မယ်။ Mouse အလယ်က Scroll Wheel လေးက လှမ်းရုံတင်မဟုတ်ပဲ ကလစ်လည်းနှိပ်နိုင်ပါတယ်။ ကဲ ပျော်ပျော်ကြီးသာ စမ်းကြည့်ကြ ပါတော့။

No comments:

Post a Comment