Thursday, September 8, 2011
အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ...
ရန်ကုန်မြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ...
မြန်မာပြည်တွင် အင်တာနက် အသုံးပြုမှု တွင်ကျယ် လာသည်နှင့် အမျှ အဆင်ပြေ ချောမွေ့သော ကောင်းကျိုးပေးသည့် အကျိုးသက်ရောက်မှု များစွာရှိနေသလို အကောင်းနှင့် အဆိုး ဒွန်တွဲနေသည် ဟူသည့် စကားအတိုင်းပင် ဆိုးကျိုးများလဲ မဖိတ်ခေါ်ဘဲ ရောက်ရှိလာနေပြီ ဖြစ်သည်။ Online Crime ခေါ် အွန်လိုင်း ရာဇ၀တ်မှု သတင်းများကို ပြည်ပ နိုင်ငံများမှသာ မကြာခဏ ကြားနေရသော်လည်း ယခုအခါ ပြည်တွင်း၌ပင် သတင်းတစ်ပုဒ်ပြီး တစ်ပုဒ် ကြားသိ နေခဲ့ရသည်။ ကြားသိရသော သတင်းတစ်ပုဒ်ကို အခြေခံပြီး MMDailynews.com မှ စုံစမ်း မိသောအခါ ရန်ကုန်မြို့တွင် အွန်လိုင်းကို အသုံးပြု ဈေးကွက်ရှာပြီး လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီးငယ်များ တစ်နေ့တခြား များပြား လာကြောင်း စုံစမ်း သိရှိရသည်။
ယခင်က တယ်လီဖုန်းများဖြင့် ဆက်သွယ်ပြီး ဖေါက်သည် ရှာဖွေခဲ့ကြသည်။၊ မြို့တွင်းရှိ ကားမှတ်တိုင်များတွင် ရပ်ပြီး ကားစီးမည့် ခရီးသည် အချင်းချင်း လိုက်လံ ကပ်မေး အချက်ပြပြီး တည်းခိုခန်း၊ ဟိုတယ်လ်သို့ ခေါ်ဆောင်ကာ လိင်ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ ပြည်လမ်းမ များပေါ်ရှိ ကားမှတ်တိုင်အချို့တွင် ထိုင်လျက် ကိုယ်ပိုင် ကားများကို အချက်ပြကာ လိင်ဖျော်ဖြေရေး လုပ်ငန်း လုပ်ကိုင် နေသူများလည်း ရှိသည်။
အဆိုပါ နည်းများဖြင့် လိင်ဖျော်ဖြေရေး လုပ်ကိုင် နေသူများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စစ်ဆေး အရေးယူမှုများကြောင့် ပေါ်ပေါ်တင်တင် မလုပ်ရဲကြဘဲ မသိမသာ ပုံစံဖြင့်သာ ကိုယ်ယောင်ဖျောက် လုပ်ကိုင် နေကြသော်လည်း ယခုအခါ အိုင်တီ နည်းပညာကို အသုံးပြုပြီး ခေတ်မှီနည်းများဖြင့် ဈေးကွက် ချဲ့ထွင်လာသည်ကို တွေ့မြင် ကြားသိ နေရသည်။ ထိုကဲ့သို့ အမှန်တကယ် ပြည့်တန်ဆာ လုပ်ငန်းကို လုပ်ကိုင်နေသူ အမျိုးသမီးများ အနေဖြင့် ပေါက်သည့်နဖူး မထူး ဟူသော စကား အတိုင်း မထူးဆန်း လှသော်လည်း အတုမြင် အတတ်သင်လာမည့် ဆယ်ကျော်သက်များ နှင့် အင်တာနက်ကို အမှန်တကယ် အသုံးပြုနေသည့် ငယ်ရွယ် နုပျိုသည့် မိန်းကလေးများ၏ အရှက်နှင့် သိက္ခာအတွက်မူ စိုးရိမ်ဖွယ် အခြေအနေ တစ်ရပ် ဖြစ်လာနေသည်။
လက်ရှိ ဖြစ်ပေါ်နေသော အင်တာနက်ကို အသုံးပြုပြီး လိင်ဖျော်ဖြေရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ အသက် ၁၈ နှစ် မှ အသက် ၃၀ ပတ်ဝန်းကျင် အထိ အမျိုးသမီးများ ပါဝင်နေပြီး အချို့မှာ ဂိုဏ်းဖွဲ့ပြီး ပြည့်တန်ဆာခေါင်းဆောင် များက Online အသုံးပြုကာ ဈေးကွက်ရှာဖွေပေးပြီး လိင်ဖျော်ဖြေမည့် အမျိုးသမီးငယ်များကို စုဆောင်း ထားသည်ဟုပင် ကြားသိ နေရသည်။ အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မြို့၌ အင်တာနက် ကဖေး တစ်ခုကို ဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏ အတွေ့အကြုံများကို MMDailynews.com မှ မေးမြန်းခဲ့ရာ သူက..
"ဟုတ်... အွန်လိုင်းကနေ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတာတွေ ရှိတယ် အစ်ကို၊ ဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။ သူက ကောင်မလေး တစ်ယောက်ရဲ့ အကောင့်ကို ရလို့ Gtalk ကနေ Add လိုက်တယ်။ အစကတော့ သူဘာဆိုတာ မပြောဘူး ပြီးတော့ အပြင်မှာချိန်းတယ်။ အဲ့ဒီမှာ သူတို့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ကြတယ် အဲ့တာက တစ်မျိုး အခကြေးငွေ အတွက် တည်းခိုခန်းမှာချိန်း ဘယ်လောက်ရရင် လိုက်မယ်ပေါ့။ နောက်တစ်ခုက အကြီးစား ပြည့်တန်ဆာ တွေပေါ့။ အွန်လိုင်းကနေ တွေ့တယ်။ ပြီးရင် ချိန်းတယ် ကြိုက်ရင် လိုက်သွားတယ်(ကက) သီးသန့်ပေါ့။ အခု နောက်ပိုင်း အွန်လိုင်းကို ပြည့်တန်ဆာတွေ တော်တော် သုံးလာကြတယ်။ Online ကနေ ရတဲ့ ဖေါက်သည် တွေကလဲ ငွေကြေးများများ ပေးနိုင်တာကိုး။ ဒီလုပ်ငန်း ဖြစ်လာတာ ခန့်မှန်း ရသလောက် အထူးသဖြင့် ရန်ကုန်မှာပေါ့။ 2008 ခုနှစ် နောက်ပိုင်း အခု 2010 ခုနှစ် မှာ အမြင့်ဆုံးကို ရောက်နေတယ်လို့ ထင်ပါတယ်။ ဒီလို ပြည့်တန်ဆာတွေ လှူပ်ရှားလာတော့ ကျန်တဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေ မူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရား အထိန်းသိမ်း လျော့ရဲတာတွေ ပါ ဖြစ်လာနိုင်ပါတယ်။
အွန်လိုင်း ပြည့်တန်ဆာတွေရဲ့ ပစ်မှတ်က အွန်လိုင်း(ချက်တင်)ကို အသုံးပြုတတ်ခါစ လူတွေ၊ အပြင်မှာ တစ်ခါမှ လက်တွေ့ မစမ်းရဲကြတဲ့ ဆယ်ကျော်သက်တွေ ငွေကြေး တတ်နိုင်တဲ့ သူတွေလို့ ထင်ပါတယ်။ သူတို့က Gtalk နဲ့ VZO ကို အများဆုံး အသုံးပြုပါတယ်။ အခုနောက်ပိုင်းပေါ့။ မြန်မာဘလော့ဂါအချို့ရဲ့ sex ၀က်ဆိုဒ်တွေမှာ Member ၀င်ပြီးလဲ ဆက်သွယ် နေကြပါတယ်။ ကျွန်တော်ကိုယ်တိုင်တစ်ခါတော့ကြုံဘူးတယ်။ အကောင့်က ကျွန်တော့် Gtalk ကို အမှတ်မထင် ရောက်လာတယ်။ ကျွန်တော်က လက်ခံလိုက်တယ်။ သူဂျီတော့မှာ မက်ဆေ့ခ်ျ တစ်ခု တင်ထားတယ်။ သူနဲ့ ပျော်ချင်ပါသလား တစ်ည ( Edit ) ဆိုပြီး။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဒီလောက် ရဲတင်းလှတာ ကောင်မလေး တကယ်ဟုတ်မဟုတ် မေးမယ် ဆိုပြီး သူငယ်ချင်းတွေ သူ့အကောင့်ကို ၀ိုင်း Add ကြတယ်။ အပြင်မှာ ချိန်းတယ် တကယ့် ကောင်မလေးပါဘဲ။ သူက ဘယ် တည်းခိုခန်းမှာ ဘယ်လိုဆို ဘယ်လောက် စိတ်ကြိုက် ကြိုက်တာခိုင်း ဆိုဘယ်လောက်။ လူ ဘယ်နှစ်ယောက်ဆို ဘယ်လောက် ဆိုပြီး ဈေးတွေတောင် Online ကနေ ညှိ ခဲ့ဘူးတယ်။ တကယ် သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာ တစ်ယောက်က သွားပြီး စောင့်ကြည့်တယ်။ တကယ် ဟုတ်မဟုတ်။ တကယ်ပါဘဲ ကောင်မလေး တော်တော်ချောချော လေးပါဘဲ။ မထင်ရက်စရာပေါ့။ အသက် ၁၉ နှစ် ၂၀နှစ် ၀န်းကျင်လေးပါ။ တကယ်တော့ ကျွန်တော်တို့ မပျော်ခဲ့ပါဘူး။ နောက်ပိုင်းတော့ သူ့အကောင့်ကို Block လိုက်ပါတယ်။ အသိ User တစ်ယောက်တော့ အွန်လိုင်းကနေတွေ့ပြီး တစ်ခါ အလုပ်ဖြစ်ခဲ့ဖူးတယ် ပြောပါတယ်။..... ဟု ပုဇွန်တောင်မြို့နယ်ရှိ Hero Cyber Cafe မှ ကိုအေးမင်းထွန်း က MMDailynews.com သို့ သူ့အတွေ့အကြုံများကို ပြောသည်။ အခြား အင်တာနက်ဆိုင်မှ ၀န်ထမ်း တစ်ဦးကလည်း "ဟုတ်ကဲ့ ခင်ဗျ ၊ ဂျီတော့မှာကို ဖော်ချွတ်ပုံတင်ပြီး တကယ်လိုက်တဲ့ အကောင့် ပိုင်ရှင်တွေ ရှိပါတယ် ။ ဆိုင်တွေမှာလည်း အဲ့သလို အကြောင်းကိစ္စတွေအတွက် အသုံးပြုနေတာတွေ အနည်းနဲ့ အများတော့ မြင်နေရပါတယ် ။ အွန်လိုင်းမှာပဲချိန်းပြီး ကားနဲ့ လာကြို သွားတဲ့အထိ တွေ့ ခဲ့ဖူးပါတယ်" ဟု သူမြင်တွေ့ ခဲ့ရသမျှ ပြောသည်။
အွန်လိုင်းမှ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ဖေါက်သည်ရှာရန် အတွက် သီးခြား ပြင်ဆင်စရာ မလိုသည့် အပြင် ပြောဆို ညှိ့နှိုင်းရာတွင်လည်း နှစ်ဦးနှစ်ဖက် မျက်နှာပူစရာ မလိုခြင်း၊ ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီး ခံရမည့် အရေး အတွက်လည်း ကျီးလန့်စာစား ဖြစ်စရာမလိုခြင်း၊ ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများက ရိပ်မိ သွားမည်ကိုပါ စိုးရိမ်စရာမလိုသည့် အခြေအနေများကြောင့် အွန်လိုင်းမှ ဖေါက်သည် ရှာခြင်း လုပ်ငန်းကို တိုးမြှင့် ဆောင်ရွက် လာကြခြင်း ဖြစ်သည်။
မြန်မာလူမျိုး မိဘများအနေဖြင့် သားသမီးများကို ခေတ်မှီ နည်းပညာများနှင့် ထိတွေ့ ရင်းနှီုးလာစေလိုသော သဘောဖြင့် အင်တာနက် အသုံးပြုမှုကို လွတ်လပ်စွာ ခွင့်ပြုထားကြ သော်လည်း ကျန်းမာရေး ရှုထောင့်အရ ကြည့်မည် ဆိုပါက လည်းကောင်း အကျင့် သိက္ခာပိုင်းအရ လည်းကောင်း ထိခိုက်နစ်နာမှုများ မဖြစ်လာစေရေး အတွက် သားသမီးတို့၏ အင်တာနက် အသုံးပြုမှုကို အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့် ထိန်းသိမ်း စောင့်ရှောက် သွားရန်ပါ လိုအပ်လာပြီ ဖြစ်သည်။
Wednesday, September 7, 2011
ဧည့်သည်
လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။
အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။
"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"
ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။
"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"
မှတ်ကရော
အလုပ်များနေသော ခင်ပွန်းသည်အား အလိုက်မသိသော ဇနီးက စကားတွေ တတွတ်တွတ်ပြောနေသည်။ ခင်ပွန်းဖြစ်သူက သူမစကားတွင် စိတ်မပါမှန်းလည်း မရိပ်မိချေ။
"မောင် … ခင့်ကို ဘာလို့လက်ထပ်ခဲ့တာလဲဟင်။ ခင့်ရဲ့ မျက်နှာလေး လှလွန်းလို့လား။ ဒါမှမဟုတ် ခင့်ကိုယ်လုံးကိုယ်ပေါက်လေးကို သဘောကျလို့လား။ အင်း … မဟုတ်ဘူးဆိုရင် ခင်ရဲ့ စိတ်ထားလေး ဖြူတာကို မြတ်နိုးလို့လား။ အဲ … ဒါမှမဟုတ် …"
စိတ်မရှည်တော့သော ခင်ပွန်းက သူမဘက်လှည့်ပြီး တစ်ခွန်းတည်း ပြန်ဖြေသည်။
"မင်း ခုလို ဟာသပြောတတ်တာကို ကြိုက်လွန်းလို့ဟေ့"
ဟာသတိုများ ၂
ကယ်တင်ရှင်
ဇိမ်ခံ သဘော်ပေါ်တွင်လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင်
အောက်ပါအတိုင်းရေးထားသည်
ပထမနေ့…အပျံစားသဘော်ဖြစ်သည်။
သဘော်ပေါ်ရှိယောက်ျားများတွင်
captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည် ဒုတိယနေ့…ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။
တတိယနေ့…သဘော်ကို captain က လိုက်ပြသည်။ထို့နောက် ချစ်ရေးဆိုသည်။
စတုတ္ထနေ့….ယနေ့ည သူ၏အခန်းသို့မလာပါက သဘော်ကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။
ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကယ်တင်လိုက်သည်။
ပြေးကြည့်ဦး
"မေမေ.ပာိုမှာကြည့်ဦး သူခိုးကို
လူအုပ်က လိုက်ဖမ်းနေတယ်"
"ပာယ်. ပာုတ်လား၊မြန်မြန်သွားကြည့်စမ်း
နင့်အဖေများ ဖြစ်နေသလားလို့"
သွားမပြောနဲ့
အီတလီနိုင်ငံ စိတ္တဇဆေးရုံတစ်ရုံတွင်
စိတ်မနှံ့သူတစ်ဦးသည် သွေးစွန်းနေသော
ပုဆိန်တစ်လက်ကို ကိုင်ကာ
ဆေးရုံကော်ရစ်တာအတိုင်း လမ်းလျှောက်လာသည်တာဝန်ကျဆရာဝန်က မြင်သောအခါ ထိုလူနာအားမေးသည်
"ပော့ကောင် မင်းဘာမပာုတ်တာလုပ်လာသလဲ"
လူနာက "ရှူး..တိုးတိုး..အီဗန် ကို ကျွန်တော်ကျီစယ်ခဲ့တယ်၊သူအိပ်ရာကနိုးလာရင်
သူ့ခေါင်းကို ရှာတွေ့မှာမပာုတ်ဘူး။ကျွန်တော် အိမ်သာထဲမှာဖွက်ထားတယ်
သွားမပြောနဲ့နော်"
မင်းကြောင့်
လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာ
သဘော်သားများအား ပောာပြောပွဲလုပ်သည်
လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်း
ရာခိုင်နှုန်းအရ မင်းသား  မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်း
အားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး
သဘော်သားများက တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက  ရှင်းပြသည်
ထိုအခါ သဘော်သားတစ်ယောက်က"ကျွန်တော် သဘော်လိုက်နေတာ နှစ် 20 ရှိနေပြီ အိမ်ကမိန်းမကို တစ်ခါမှ
သစ္စာမဖောက်ဖူးဘူး"ထိုအခါ ဘေးမှသဘော်သားများက" မင်းလို ကောင်မျိုးကြောင့်
ငါတို့တွေ တတိယနေရာရောက်နေတာပေါ့ကွ"
ပာု မကျေမနပ်ပြန်ပြောကြလေသည်…
မင်းသိမှာပေါ့
A:"ပော့ ဂျွန်. မင်း  မက်စ်လေကိန်း ကိုသိလား"
B:"ပာင်အင်း မသိဘူး"
A:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို
လာရင်သူ့ကို သိမှာပေါ့"
B:"မင်းကရော ကာရိုးလ်ကိုသိလို့လား"
A:"ပာင်အင်း မသိဘူး"
B:"အဲ့ဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို
မလာရင် မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ် ကိုသိမှာပေါ့"
နေမကောင်းခြင်း
မိန်းကလေးတွေချည်း နေမကောင်းဖြစ်ကြတာ မဟုတ်ပါဘူး။
ယောင်္ကျားလေးတွေလည်း နေမကောင်းဖြစ်တတ်ကြပါတယ်။
ဘယ်အချိန်တွေမှာဖြစ်တတ်ကြသလဲ?
နေမကောင်းဖြစ်ကြတဲ့အခါ တယောက်နဲ့တယောက် ဖြစ်တဲ့ အချိန်မတူုကြသလို၊
ဖြစ်ချင်တဲ့အချိန်မှာ ကောက်ခါငင်ကာ ဖြစ်တတ်ကြပြီး၊ ဘယ်အချိန်ဖြစ်မယ်ဆိုတာ
အတိအကျပြောလို့မရပါဘူး။
ယေဘုယျအားဖြင့် ခွဲခြားပြရရင် -
-အရက်သောက်ပြီးရင် နေမကောင်းဖြစ်ကြသူများ (သောက်ပြီး ခရီးဆက်ကြသူများလို့ နာမည်ပြောင်ရပါတယ်)
-အရက်သောက်သောက် မသောက်သောက်  နေမကောင်းဖြစ်ကြသူများ (ဆာဒူးကြီများလို့ နာမည်ပြောင်ရပါတယ်)
-ဘောလုံးပွဲကြည့်ရင်း နေမကောင်းဖြစ်ကြသူများ (လူအများကြီးကန်တဲ့ ဘောလုံးပွဲ မဟုတ်ပါဘူး၊ ဟဲ ဟဲ)
-ဘောလုံးပွဲမကြည့်ဘဲနဲ့တောင် မျက်စိအဆာကျွေးရင်း နေမကောင်းဖြစ်ကြသူများ (လွန်ကိုလွန်ပါတယ်နော်
Bee Polar ကြော်ငြာရိုက်တဲ့ ဦးနေအောင်ကြီးများလို့ နာမည်ပြောင်ရပါတယ်)
ရောဂါလက္ခဏာများ
နေမကောင်းဖြစ်ကြတဲ့ အချိန်မှာ အရမ်းကို လန်းဆန်းတက်ကြွပြီး ချွေးတွေအရမ်းထွက်ပါတယ်။
နေမကောင်းဖြစ်ပြီးတဲ့အခါမှာတော့ နုံးခွေကျသွားပြီး၊ ခြေမကြွချင် လက်မကြွချင်ဖြစ်သွားပါတယ်။
နေမကောင်းဖြစ်ကြရင် ဘာလုပ်ကြလဲ?
သာမန်နေကောင်းနေတဲ့ အချိန်မှာ လူအများကြီးနဲ့ ဘောလုံးကန်ကြပေမဲ့၊
နေမကောင်းဖြစ်ကြတဲ့ အချိန်မှာ နှစ်ယောက်တည်း ကန်ချင်ကြပါတယ်။
အိမ်ကွင်းကန်လို့ရတဲ့ သူတွေကတော့ ကြိုက်သလိုကန်လို့ရပေမယ့်
ဦးထုပ်လည်းမဆောင်း၊ ကိုယ်ပိုင်ကွင်းလည်းမရှိ အဝေးကွင်း၊ကြုံရာကွင်း ၀င်ကန်ကြသူတွေက
အပူရှပ်သောကြောင့်လည်းကောင်း၊ အအေးပတ်သောကြောင့်လည်းကောင်း
ကန်နေရင်းနဲ့ အကူအညီများစွာ ရတတ်ပါတယ်။
AID=အထောက်အပံ့၊ အကူအညီ၊ထောက်ပံမူ လို့အဓိပ္ပါယ်ရလို့ 'S' ပေါင်းထည့်လိုက်တဲ့အခါ
အကူအညီများစွာ ရယ်လို့ဖြစ်လာပါတယ်။
ကိုယ့်အားကိုကိုး စိတ်ရှိတဲ့ ယောင်္ကျားလေးမျာဟာ အဲဒီ အကူအညီမျိုးကို မလိုချင်ကြပါဘူး။
ကဲ ဒီလောက်ဆို မောင်လေး၊ညီမလေးတို့လည်း
မိန်းကလေးတွေချည်း နေမကောင်းဖြစ်ကြတာမဟုတ်ဘဲ၊
ယောင်္ကင်္ျားလေးတွေလည်း နေမကောင်းဖြစ် တတ်ကြတယ်ဆိုတယ် သိလောက်ပါပြီကွယ်။
ဒီနေ့တော့ ဒီလောက်နဲ့ဘဲ ကျေနပ်ကြပါတော့၊
နောက်နေ့မှဘဲ 'အရက်သမားမသောက်ရသော အရက်တခွက်' အကြောင်းကို
ပြောပြပါဦးမယ်။
စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များ
ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့်
ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင်
မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်.." သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
"ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´
"ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
"ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
"ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´
စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့
စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့.
အားလုံးပျော်ရွင်နိုင်ကြပါစေ။
ဟာသတိုများ ၁
သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊
နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့ 
အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….
အဲ …..အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့ 
ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "
အမေတာဝန်ယူတယ် ….
"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"
" လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင်
လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "
ဒါကို ပိုနှမြောတယ် …
ကမ်းပေါ် တတ်ခွင့်ရသဖြင့်  သင်္ဘောသားများ မြို့ ထဲလျှောက်လည်ကြသည်။
သတ်မှတ်ချိန်ရောက်သောအခါ သင်္ဘောသားများ အစီအရီ သင်္ဘောဆီ ပြန်လာကြသည်။
အရာရှိက တစ်ယောက်ချင်းစစ်သည်။ သင်္ဘောသားတစ်ယောက်သည် လက်နှစ်ဖက်တွင်
ဝီစကီတစ်ပုလင်းစီ ကိုင်၍ အရာရှိကို ကျော်တတ်၏ ။ အိပ်ထောင့် ထဲ ထည့်ရန် လုံးဝပင်
စိတ်မကူးဘဲ ယခုကဲ့ သို့ ဗြောင်ကျလွန်းသည်ကို အရာရှိက လုံးဝသဘောမတွေ့ ပေ။
" ဟေ့  ရပ်လိုက်စမ်း "
သင်္ဘောသား ရပ်လိုက်သည်။ နောက်မှ လိုက်လာသည့် သင်္ဘောသားများ
ဝိုင်းကြည့်နေရာ ပုလင်းကိုင် သင်္ဘောသားရှက်သွားမည်ဆိုးသဖြင့် အရာရှိက
အောက်ပါအတိုင်း အောက်ပါအတိုင်းပြောလိုက်သည်။
" ငါမျက်လုံးနှစ်ဖက်ပိတ်ပြီး တစ်ကနေ သုံးအထိရေမယ်။ အဲ့ ဒီအချိန်အတွင်းမှာ
ရေထဲကို ပစ္စည်းကျတဲ့ အသံနှစ်ခုကြားချင်တယ်။ ကိုင်း တစ်၊ နှစ်၊ သုံး "
" ဗလွမ်း ၊ ဗလွမ်း "
အရာရှိ မျက်လုံးဖွင့်လိုက်သည်။
"အေး ဒီလိုမှပေါ့ ကိုင်း မင်းသွားနိုင်ပြီ "
သင်္ဘောသားပြေးတတ်သွားသည် ။ နောက်မှလိုက်ကြည့်နေသော အရာရှိက အံသြတကြီးမေးသည်။
" ဟေ့  ဟေ့  မင်းခြေထောက်မှာ ဘာလို့ ဖိနပ်မပါရတာတုန်း "
မှန်လိုက်လေ
လင်မယားနှစ်ယောက် စကားပြောနေကြရာ
မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"
ယောက်ျား " မင်းတို့ မိန်းမတွေကရော"
မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော
ပါးစပ်ကပဲ ပြန်ထုတ်တာ"
သြော်
" သမီးနဲ့ ဈေးဝယ်တောင် အတူတူ မသွားရဲ ပါဘူးရှင်။ သမီးချောချောမွေးမိတဲ့ ဒုက္ခ တော်တို့ သိမှာမဟုတ်ပါဘူး"
" သဘာဝပဲလေ ဆီဆက်ပိုင်ရှင်ကြီးရယ်။ဝိုင်းဝိုင်းလည်နေလို့ စိတ်ညစ်နေတာပေါ့ ။"
" ၀ိုင်းဝိုင်းလည်နေတာ စိတ်မညစ်ပါဘူးနော်။ လမ်းထောင့် က သူဌေးက ယောက္ခမကြီးလို့ ခေါ်ခေါ်နေတာ
စိတ်ညစ်တာ"
" သူဌေးကခေါ်တာများ "
" အို…သူ့ အသက်က ကျုပ်ထက်သုံးနှစ်ပိုကြီးတယ်တော့ "
ဒေါ်ဒေါ်ပဲဆုံးဖြတ်ပါ
ကောင်လေးနဲ့ ကောင်မလေး ပန်းခြံထဲမှာ စကားထိုင်ပြောနေကြတုန်း ကောင်မလေးရဲ့ အမေရောက်လာပြီး …
" ကဲပြောစမ်း …။ မင်းငါ့ သမီးကို ဘာတွေပြောနေတာလဲ။ ဖြားယောင်းသွေးဆောင်နေတာမဟုတ်လား"
ဒီတော့ ကောင်လေးက " မဟုတ်ရပါဘူးဒေါ်ဒေါ် သူကချည်းပြောနေတာပါ"
လုပ်အားခ
အစိုးရဌာနတစ်ခု၏ မန်နေဂျာက မီးခံသေတ္တာဖွင့် ရာတွင် သော့ နံပါတ်များ တစ်ခုနှင့် တစ်ခု
ရှုပ်ထွေးပြီးငြိနေသဖြင့် ဖွင့် မရဘဲရှိနေသည်။ မန်နေဂျာက အကြံရပြီး အနီးရှိ ထောင်တစ်ခု၏
ထောင်ပိုင်ထံ ဖုန်းဆက်ပြီး မီးခံသေတ္တာဖွင့် ခြင်းကို ကျွမ်းကျင်သော ထောင်ကျအကျဉ်းသား
ရှိပါက စေလွှတ်ပေးပါရန် အကူအညီတောင်းခံလိုက်သည်။ မကြာမီ ထောင်ဝါဒါတစ်ဦးနှင့် အတူ
အကျဉ်းသားတစ်ဦးရောက်ရှိလာသဖြင့် မီးခံသေတ္တာကို ပြလိုက်သည်။ အကျဉ်းသားက
နံပါတ်လှည့် သည့် ခလုတ်များကို လေ့ လာစစ်ဆေးပြီး ဖဏအကြာတွင် မီခံသေတ္တာကို
အလွယ်တကူ ဖွင့် ပေးလိုက်ရာ မန်နေဂျာမှာ အတော်ဝမ်းသာသွားသည်။
မန်နေဂျာ ။ ။ ကျေးဇူးတင်လိုက်တာကွာ။ မီးခံသေတ္တာဖွင့် ခဘယ်လောက်ပေးရမလဲ။
အကျဉ်းသား။ ။ ကြည့် သာပေးဗျာ။ ကျုပ်နောက်ဆုံးမီးခံသေတ္တာ ဖွင့် တုန်းကတော့ ငါးသိန်းရတာပဲ။
အားလုံးသဘောတူရင်
သင်္ဘောတစ်စီးတွင် ရေယာဉ်မှူးအသစ် အပြောင်းအလဲလုပ်ကြသည်။
ရေယာဉ်မှူးအဟောင်းက သင်္ဘော၏ နောက်ကြောင်းရာဇ၀င်ကိုပြောပြီး
သင်္ဘောသားများကို ရေယာဉ်မှူးအသစ်နှင့်  မိတ်ဆက်ပေးသည် ။
ရေယာဉ်မှူးအသစ် " မင်းတို့ အားလုံးသိအောင် တစ်ခုတော့ ရှင်းရှင်းပြောထားမယ်။
ဒီသင်္ဘောဟာ မင်းတို့ သင်္ဘောလည်းမဟုတ်ဘူး။ ငါ့ သင်္ဘောလည်းမဟုတ်ဘူး။
တို့ အားလုံးရဲ့ သင်္ဘောဖြစ်တယ်ဆိုတာပဲ။"
ထိုအခိုက် သင်္ဘောသားများထဲမှ အသံတစ်သံကြားထွက်လာသည်။
" ဟာ အရမ်းကောင်းတာပဲ။ အားလုံးသဘောတူရင် ရောင်းစားလိုက်ကြရအောင်"
စဉ်းစားပါဦး
သူမ "ငါနိုင်ငံခြားသွားမလို့ "
သူငယ်ချင်း " ဘာလုပ်ဖို့ "
သူမ " ပိုလှအောင် ခွဲစိတ်ကုသမလို့ "
သူငယ်ချင်း " အတော်ကုန်မှာပဲနော်"
သူမ " သိန်း၂၀၀ လောက်တော့ ကုန်မှာပေါ့ "
သူငယ်ချင်း " နှမြောစရာကြီးဟယ်"
သူမ " ကိုယ်ချစ်သူအတွက်ပဲကွာ"
သူငယ်ချင်း " စဉ်းစားပါဦးကွာ။ မင်းမှာရှိတဲ့ သိန်း၂၀၀ကုန်သွားရင်
မင်းချစ်သူက မင်းကို ချစ်ပါဦးမလား"
ပြောချင်လွန်းလို့ 
မြန်မာနိုင်ငံတွင် ဂျပန်များအုပ်စိုးနေသော ဒုတိယကမ္ဘာစစ်အချိန်ကာလဖြစ်သည်။
မြန်မာနိုင်ငံသို့ ရောက်လာသော ဂျပန်စစ်သားတစ်ဦးသည် မြန်မာစကားအလွန်တတ်ချင်သဖြင့်
အမြဲလေ့ လာလျက်ရှိသည်။ နေ့ စဉ် အရပ်သုံးမြန်မာစကားများကို လေ့ လာကျက်မှတ်သည့် အပြင်
အိတ်ဆောင်မှတ်စုစာအုပ်လေးဖြင့် လည်း မြန်မာစကားအသံထွက်များကို ဂျပန်လိုရေးမှတ်ထားလေ့ ရှိသည်။
တစ်နေ့ တွင် ထိုဂျပန်စစ်သားသည် စက်ဘီးစီဒလျှက် မြို့ ထဲသို့ ထွက်လာစဉ် လမ်းလျှောက်လာသော
မြန်မာတစ်ယောက်ကို မမျှော်လင့် ဘဲ စက်ဘီးနှင့် ဝင်တိုက်မိလေသည်။ အတိုက်ခံရသူမှာ ဘာမှမဖြစ်သော်လည်း
ဂျပန်စစ်သားမှာမူ စက်ဘီးရောလူပါလဲကျသွားသည်။ ထိုအခါ လဲနေရာမှ ချက်ချင်းထကာ သူ၏ မှတ်စုစာအုပ်ကို
ထုတ်လျှက် စာရွက်များကိုအပြင်းအထန်လှန်နေသည်။ ကိုရွှေမြန်မာမှာမူ သူ့ ကိုရေးမှတ်သွားကာ ဖမ်းဆီးမည်
ထင်ပြီး ကြောက်လန့် နေ၏ ။ သို့ သော် ဂျပန်ကမူ သူ၏စာအုပ်ကိုကြည့်  ၍ အားရပါးရအော်လိုက်သံကို
ကြားရသောအခါ ကိုရွှေမြန်မာမှာ ရယ်ချင်စိတ်ကိုမနည်းချုပ်တည်းထားရလေသည်။
ဂျပန်စစ်သားက မြန်မာစကားမပီတပီဖြင့် အော်လိုက်သည်ကတော အောင်မလေးဗျ ဟူသတည်း။
ဆုတောင်းမမှားကြပါနဲ့ 
လူတစ်ယောက်က အသားအရမ်းမည်းလို့ လူတွေက သူ့ကို မြို့ကနေ မောင်းထုတ်လိုက်သတယ့်။
ဒါနဲ့ သူက လူတွေကိုစိတ်နာပြီ: သဲသောင်ပြင်ဘက်ထွက်သွားတယ်တဲ့။
အဲ့မှာ သူက ရေအရမ်းဆာနေတာပေါ့လေ အဲ့ဒါနဲ့ သူက သေခါနီးအချိန်ကိုရောက်လာရော…
အဲ့မှ သဲသောင်စောင့်နတ်က သနား ပြီး ထွက်လာတာပေါ့..
သဲသောင်စောင့်နတ်ကနောက်ဆုံးအနေနဲ့ ဆု၃ ခုတောင်းခိုင်းသတယ့် ။ မသေခင်ပေါ့။
အဲ့မှာ သူတောင်းတဲ့ဆု တွေ ကတော့
(၁ ) အသားမည်းလို့လူတွေက မောင်းထုတ်လိုက် တယ်..ဒါကြောင့်
နောက်ဘ၀ကျရင် အသားဖြူဖြူလေးဖြစ်ပါစေ…
(၂ ) ဒီဘ၀မှာ ရေဆာလို့သေရတော့မယ် ..ဒါကြောင့်
နောက်ဘ၀ကျရင် ရေတွေအရမ်းပေါ များတယ့်နေရာမှာ ဖြစ်ရပါစေ….
(၃) နောက် ဆုံးတစ်ခု အနေနဲု့ကတော့ ကောင်မလေးတွေကိုမြင်ရင် ဘောင်းဘီမပါပဲမြင်ရပါစေ
ဆိုးပြီး တောင်းလိုက်တယ်
အဲ့ဒီမှာ နတ်ကြီးကလည်း ပြည့် စေပေါ့ ….
အဲ့ဒီမှာ အဲ့ဒီလူလည်းသေရော ဆုတောင်းကချက်ချင်းပြည့်ပြီ ဒန် တန် တန……………..
မိန်းမအိမ်သာထဲ က " အိမ်သာကြွေခွက် " ကြီးဖြစ်သွားရောတယ့် ……
ဆုတောင်း မမှားကြနဲ့ကို့လူတို့ ……….. (^_^)
ဟာသတိုများ
စိတ်ဆိုးမှာလား
အိုင်းရစ်လူမျိုးနှစ်ယောက် ဘုံဆိုင်တွင် စကားဖောင်ဖွဲ့ နေကြသည်။
"ဟေ့ ကောင် ပက်ထရစ်၊ ငါသေသွားခဲ့ ရင် ငါ့သင်္ချိုင်းပေါ်ကို အကောင်းဆုံး ၀ီစကီ တစ်ပုလင်းလောက် လောင်းချပေးကွာ"
"အေးကွာသူငယ်ချင်းရာ ဒါပေမယ့် မင်းဆီကို မလောင်းခင် ၀ီစကီက ငါ့ကျောက်ကပ်ကိုဖြတ်ပြီး လောင်းရင် မင်းစိတ်ဆိုးမှာလား"
အပေးအယူ
မာရီယာ   ။   "ညတိုင်းညတိုင်း မူးနေတဲ့ ယောက်ျားတစ်ယောက်ကို ကျွန်မကတော့ ဘယ်တော့ မှ ကရုဏာတော့ မရှိဘူး "
ဟောဗျာ
အမူး   ။   ဟာ….ဟေ့ကောင်…ငါကနောက်တာပါကွာ…မင်းအရက်ကို ငါပြန်တိုက်ပါ့မယ်…
ရွယ်   ။   ကျွန်တော် အဲဒါကြောင့်သိုတာမဟုတ်ဘူးဗျာ၊ ဒီနေ့ ကံဆိုးလွန်းလို့ ပါ။ ကျွန်တော်ဒီနေ့ မနက်က အလုပ်ပြုတ်သွားတယ်။ အဲဒါနဲ့ 
အိမ်ပြန်သွားတော့ မိန်းမက လင်ငယ်အနောက်လိုက် လိုက်သွားပြီ။ အိမ်ကပစ္စည်းတွေလည်း အကုနု မ သွားပြီ။ ဒါနဲ့ စိတ်ညစ်လို                မထူးတော့ ပါဘူးဆိုပြီးဒီကို လာတော့ လဲ ခင်ဗျားက….ခင်ဗျားက…..အဆိပ်ထည့်ထားတဲ့ ခွက်ကိုသောက်ပစ်လိုက်တော….့             ကျွန်တော့်လောက်ကံဆိုးတဲ့ လူရှိဦးပါ့မလားဗျာ…အီး…ဟီး…ဟီး….
နောင်တ
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။
ဇနီး   ။   မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။   တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့
လား…။
မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..
ဇနီး   ။   မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ
ကျား  ။   အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..
မျက်နှာပွင့်ဆေး
သမက်လောင်းအား ဗျူးချင်သည်ဆိုသဖြင့် ရွှေလုံးမှာ ရည်းစားဖြစ်သူ လိပ်ပုကိုအိမ်သို့ လာလည်ရန် ခေါ်လေသည်။ ထိုအခါလိပ်ပုမှာ ရင်တွေ တအားခုန်၊ ခြေဖျားလက်ဖျားတွေအေးလာ၏၊ အဆင်မပြေမှာကြောက်ပေသကိုး၊ ထို့ ကြောင့်သူငယ်ချင်းများ၏လမ်း ညွှန်ချက်ဖြင့် မျက်နှာပွင့်ဆေးရောင်းသော ဈေးထဲမှ ပရဆေးဆိုင်သို့ သွားလေသည်။ဆိုင်ရှိင်ကလဲ သူ၏ဆေးစွမ်းကြောင်း လည်ဖြတ်ကြေး အာမခံပေးသည်။ လိပ်ပုလဲထိုဆေးကိုဆောင်ပြီး သကာလ ယောက္ခမလောင်းအိမ်သို့ သွားလေသည်။ ဆေးစွမ်းကား ထက်လေစွ၊ ယောက္ခထီးလောင်းကြီးက သူ့ အားနှုတ်ဆက်စကား တစ်ခွန်း နှစ်ခွန်း ပြောပြီးနောက် မိန်းမဖြစ်သူနှင့်ထွက်သွားတော့၏။ ရွှေလုံးကားဝမ်းသာ မဆုံးပြီ၊ ထို့ ကြောင့်လိပ်ပုနားကပ်ကာပြော၏။
လုံး   ။   ၀မ်းသာလိုက်တာ ကိုကိုလိပ်ပုရယ်။ လုံးလုံးဖြင့်အဆင်ပြေပါ့မလားလို့ စိုးရိမ်လိုက်ရတာ၊ အဖေနဲ့ အရင်ကတည်းကသိလားဟင်..၊
ပု     ။   ဟင့်အင်း…လုံးလုံးအဖေ ပရဆေးရောင်းမှန်း ဒီနေ့ မှသိတာ…၊
ဒါပေမဲ့
"သမီး အဲလိဇဘတ်…မနေ့ ကမင်း ဖေဖေ ပြန်လာတော့ မူးနေသေးလား"။
" မူးတော့ မူးမယ်မထင်ဘူး မေမေ ။ဒါပေမယ့် သူဘယ်သူလဲဆိုတာကို သိချင်တယ်ဆိုပြီးတော့ မှန်တော့ ယူခိုင်းတယ်"။
ယောကျာ်းမှာလိုက်တဲ့
ရန်ကုန်မြို့မင်္ဂလာဒုံလေယျာဉ်ကွင်းတွင်……………
  1. အင်္ဂလန်သို့ပညာတော်သင်သွားရန်အတွက်အစိုးရမှလွှတ်သောမမိုမိုကို ယောင်္ကျားဖြစ်သူကိုလှထွန်းမှလိုက်ပို့ရင်းနှုတ်ဆက်စဉ်……. မမိုမို…………….."အကိုရေကလေးတွေကိုဂရုစိုက်ဦးနော်.."ကိုလှထွန်း………."စိတ်ချပါကွာဒါနဲ့မင်းပြန်လာရင်အင်္ဂလန်က
  2. ဘိုမတစ်ယောက်လောက် သယ်ခဲ့ဟေ့…အဖြူမလေးတွေအရမ်းမိုက်တယ်လို့ပြောသံကြားဖူးတယ်..ဟား ဟား ဟား….."
    မမိုမိုမှာလွန်စွာအစအနောက်သန်သောယောင်္ကျားဖြစ်သူကိုလှထွန်းအားမျက်စောင်းထိုးကြည့်ရင်းလေယျာဉ်ပျံဆီသို့ထွက်ခွာ
  3. သွားခဲ့သည်……………..
  4. ၅လခန့်အကြာ မမိုမိုအထုပ်အပိုးလက်ဆောင်များနှင့်ပြန်လာစဉ်….မင်္ဂလာဒုံလေယျာဉ်ကွင်းတွင် ကိုလှထွန်းမှလာကြိုပြီး………..
    ကိုလှထွန်း……….."ဟား….မိန်းမရေ..လွမ်းလိုက်တာကွာ…ကလေးတွေကလည်းသတိရနေကြတယ်ငါကတော့ပိုပြီး
  5. သတိရတာပေါ့ကွာ..ဟီးဟီး…ဒါနဲ့ ငါမှာလိုက်တဲ့ ဘိုမလေးရော…."မမိုမို………………"အင်း..ဘိုထီးလေးပဲဖြစ်မလား…..ဘိုမလေးပဲဖြစ်မလားတော့မသိဘူး….
    ကျွန်မလဲတွေ့သမျှဘိုတွေနဲ့အစွမ်းကုန်ကြိုးစားတာပဲ…နောက်၁၀လလောက်မှသိရမယ်ထင်တယ်…..ဟင်း.ဟင်း…
  6. အခုတော့မသိသေးဘူး…"
    ကိုလှထွန်း…………"အမ်…"
သူများတာဝန်ကို ဆက်ထမ်းနေရတယ်
သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရှေ့ တွင် ယောက်ျားတစ်ယောက် ငိုယိုနေသည်။
နှုတ်မှလည်းပြောသည်။
" သူမသေသင့်ဘူး ၊ တကယ်တမ်း သူ မသေသင့်သေးဘူး၊
ငါအင်မတန် ကံဆိုးပါလား "
" ဒီဂူမှာ ခင်ဗျားရဲ့ အဖေ ဒါမှမဟုတ် သားကို မြုပ်ထားတာလားဗျာ "
" ဟင့် အင်း၊ ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျား"
ဝါရင့် ကားမောင်းသမား
ခရီးသည် အဘိုးကြီးတစ်ဦး တက္ကစီ စီးလာသည်။
ကားမောင်းသမား ကို စပ်စုပြီး သူကမေးသည်။
" စိတ်မရှိပါနဲ့ ငါ့ တူ ၊ သိချင်လို့ ပါ ၊ တကယ်လို့ ငါ့ တူ အရက် ၀မ်းပက်
သေက်ထားရင် ကားမောင်းနိုင်ပါ့ မလား "
" မောင်းနိုင်တာပေါ့ ဗျာ "
" တူးပက်သောက်ထားရင်ကော"
" ဒါလည်းမောင်းနိုင်မှာပဲ"
" အင်း၊ ငါ့ တူကို ကြည့်ရတာ ပထမတန်းစား ကားမောင်းသမားနဲ့ 
တူတယ်၊ ဒါနဲ့  ဖန်ခွက်တစ်ခွက်အပြည့် သောက်ထားရင်ကော "
တက္ကစီသမား စိတ်တိုလာသည်။
" အဓိပ္ပာယ်မရှိတဲ့  မေးခွန်းတွေကို ဘာလို့ မေးနေရတာလဲ အဘိုးကြီး၊
အခုမောင်းနေတာ မြင်တယ်မဟုတ်လား "
အမ္မပါလီ
       ဝေသာလီပြည် လိစ္စ၀ီ မင်းဥယျာဉ်၏ သရက်ပင်တွင် သန္ဓေ  နေ၍ ၁၆ နှစ် အရွယ်မိန်းမပျို လေး ၁ ယောက် ဖြစ်ပေါ်လာလေသည် ။မိန်းမပျိုလေးမှာ အလွန်မှလှပလေသည်။အမ္မပါလီဟု တွင်ခဲ့လေသည်။(ထိုသို့လှပရခြင်း
မှာ ဖုဿဘုရားရှင်လက်ထက် အနှစ် ၃၀၀၀၀ တိုင်သာသနာတွင် စင်ကြယ်စွာ သီလပြုကျင့်သောကြောင့်ဖြစ်လေသည်။)
ထိုအကြောင်းကိုဥယျဉ်မှူး က လိစ္စ၀ီမင်းတို့ထံလျှောက်တင်လေသည်။ လိစ္စ၀ီမင်းသားတို့မှာအလှည့်ကျ မင်းပြုနေရလေသည်။လှည့်ကျ ဘု၇င်မှာ မိမိ နန်းတက်စဉ်တွင် တွေ့ ရှိ၍မိမိသာမိဖုရားမြောက်သင့်သည်ဟုဆိုလေသည်။ ထိုနည်းတူ အခြားမင်းသားတို့မှာ သူနှင့် ထိုက်သည် ငါနှင့် ထိုက်သည် ဟု အငြမ်းပွားရလေသသည်။ပညာရှိအမက်များကလည်းဖြေရှင်းရန်နည်းလမ်းကားရှာမတွေ့ချေ။နောက်ဆုံးတွင် တိုင်းပြည်၏ပြည့်တန်ဆာ ပြုရန် သဘောတူခဲ့ကြလေသည်။
              ထိုသို့ပြည့်တန်ဆာ ဖြစ်ရခြင်းမှာ ဖုဿဘုရားရှင်လက်က ဖုဿ ဘုရားရှင်သည် လူတို့သက်တမ်း ၃၀၀၀၀ တမ်းဖြစ်လေသည်။ဖုဿဘုရားရှင် ပရိနိဗ္ဗာန် စံပြီးကျန်ခဲ့သော ဓါတ်တော်များကို ဌာပနာ၍စေတီတည်ထားကိုးကွယ်ကြလေသည်။ထိုစေတီတွင် အမ္မာပါလီလောင်း ဘိက္ခုနီမလေးက နောက်ဆုံးမှပါလေသည်။ရှေ့ဆုံးမှ အသက်ကြီးရဟန္တာဘိက္ခုနီ မကြီးကဦးဆောင်၍ စေတီကို လက်ယာရစ်လှည့်လည်ပူဇော်လေသည်။ဘိက္ခုနီမကြီးသည် နှာချေ သည်တွင် မအောက်နိုင်သဖြင့်  သလိပ် တို့ပါ ပါသွားပြီး ထို စေတီရင်ပြင်ပေါ်တွင် အပုံလိုက်ဖြစ်နေလေသည်။ ဘိက္ခုနီမကြီးမှာမသိလိုက်ချေ။ နောက်ဆုံးမှ အမ္မာပါလီလောင်း လေးကမြင်တွေ့သည်တွင် ရွံရှာစက်ဆုက်သဖြင့် ဘယ်ပြည့်တန်ဆာမက ပြုဘိသနည်းဟု မြည်တွန်တောက်တီးလေသည်။စိတ်ထဲမှာလည်းလွန်စွာမှ ဒေါသဖြစ်လေသည်။
              နာမ်သက်မှာ ၁ စက္ကန့်တွင်ကုဋေ ၁ သိန်းဖြစ်ပျက်လေသည်။ရုပ်သက်မှာ ၁ စက္ကန့်တွင် ကုဋေ ၁၀၀၀ ကျော် ဖြစ်ပျက်နေလေသည်။သူဒေါသဖြစ်နေသည်မှာ မိနစ်များစွာကြာလေသည် ။ထိုသို ရဟန္တာမထေရ်မကြီးအားပြစ်မှားမိသဖြင့် သေလွန်သော ခါ ငရဲမှာ  အနှစ်သောင်နဲ့ ချီခံရလေသည်။ငရဲမှလွက်လာလျင် ပြိတ္တာ ဖြစ်လေသည်။ပြိတ္တာဘ၀မှလွက်လျင် တိရိစ္ဆာန်ဖြစ်လေသည်။ထိုနောက်လူဘ၀ကို ရလေသည်။ လူ့ဘ၀ ၂၀၀  ကျော်ပင်လျင် ပြည့်တန်ဆာ ဘ၀ရာက်ရလေသည်။ထိုသို့သောအခြင်းအရာကြောင့် လူသားတို့သည် လက် ၂ လုံးမျှ ရှိသော ပါးစပ်ကလေးကို လုံအောက်ပိက်ရန်မှာ သတိရှိရန်လိုအပ်ပါသည်။လုံအောင်မပိတ်နိုင်ပါက မတွေးဝံဖွယ်ရာဖြစ်ချေလေသည်။နှုတ်မစောင့်သော ကြောင့် လိပ်ကလေးမှာ အသက်ပင်သေဆုံးရသည်မှာလူတိုင်းအသိပင်ဖြစ်လေသည်။
ဂေါတမဘု၇ားရှင်လက်ထက်ရောက်မှ အမ္မာပါလီအမည်ဖြင့် ပြည့်တန်ဆာဖြစ်ရလေသည်။နောက်ဆုံးမှာ ဘုရားရှင်ထံဘိက္ခုနီဝတ်၍ ရဟန္တာ ဖြစ်၍ကျွတ်တန်းဝင်ရလေသည်။
ထူးတယ်ထင်လို့ပါဗျာ
ဘယ်ကျမ်းက ပြင်ထားတဲ့ကျမ်းလဲ..... ပြင်ထားတဲ့ကျမ်းကို လက်ခံတဲ့သူဟာ ကျမ်းစာက ပညတ်ထားတဲ့အတိုင်း ကျိန်ခြင်းခံရကာ ကောင်းကြီးများဆုံးရှုံးမှာ အမှန်ပါ။
ဘုရားက ကိုယ့်အသွေးအသားထဲက သားကိုပေးမယ်ဆိုတာ မယုံ၊ စိတ်မရှည်လို့ မိမိရဲ့ ကျွန်မနဲ့ ဆက်ဆံကာ သားကို ရခဲ့ပါတယ်။ အဲဒီနောက် ဘုရားရဲ့ ဂတိတော်အတိုင်း သူ့ မယားနဲ့ သားအရင်းကိုလည်းရခဲ့ပါတယ်။ သားနှစ်ဦးအရွယ်ရောက်တော့ ကျွန်မရဲ့သားက သားအရင်းကို အနိုင်ကျင့်ပါလေရော.....
အဲဒီအခါမှာ ... ကျမ်းစာက ... သားတစ်ဦးနဲ့ သူ့မိခင်ကို မောင်းထုတ်လိုက်တယ်.... ပြီးနောက် ကျန်ခဲ့တဲ့သားကို ယဇ်ပူဇော်ခဲ့တယ်...
အဲဒီသားဟာ ကျွန်မရဲ့သားဖြစ်မလား... ဘုရားရဲ့ဂတိတော်အရရတဲ့ သားအရင်းဖြစ်နိုင်မှာလား ... ဆိုတာလေး သိပါရစေ...
ဘယ်ကျမ်းက ပြန်ပြင်ရေးထားပါသလဲ.... လူပိန်းပင် အဖြေပေးနိုင်ပါသည်။
မောင်းထုတ်ခံရတဲ့သားကိုလည်း ဘုရားက လူမျိုးကြီး ဖြစ်စေမည်ဟု ကောင်းချီးပေးခဲ့ပါသည်။ သူသည် လူအများကိုရန်ပြုမည့် လူရိုင်းဖြစ်သလို လူများကလည်း သူ့ကိုရန်ပြုမည့်အကြောင်း ဘုရားက တစ်ဆက်တည်း ပြောကြားခဲ့ပါသည်။ ထိုလူမျိုးသည် အဘယ်လူမျိုးဖြစ်မည်နည်း။
ကျန်မိတ်ဆွေများလည်း အပြုသဘောနဲ့ ၀င်ဆွေးနွေးပေးကြပါလား... ဘာကြောင့်လဲဆိုတော့ ကာယကံရှင်က အခုထိမဖြေသေးတော့ မိတ်ဆွေတို့လည်း ကူညီပေးပါအုံး...
ကိုထူးကြီး ခင်ဗျားခရစ်ယန် ကပြောနေတဲ့အရာတွေက ထာဝရဘုရားပြောတယ်လို့ပြောနေတာလားဗျ.....
ခင်ဗျားတို့ကျမ်းက ဘုရားသခင်ရဲ့ မူရင်းကျမ်းမှမဟုတ်တာ ....ပေါလုစိတ်ကြိုက် ကျမ်းလေဗျာ...
အဲ့ဒီပြင်ထားတဲ့ကျမ်းကို လက်ခံတာကခင်ဗျားတို့လေ....ခင်ဗျားတို့ပြောသလိုဆို ကောင်းခြင်းဆုံးရှုံးမှာက
ခင်ဗျားတို့ပဲလေဗျာ....ဘယ့်နယ့် သူများကိုစွပ်စွဲနေပြန်တာလည်း .....မာန်နတ်သည် သင်တို့၏မျက်စိကိုကွယ်
စေပြီး.....ကာယကံရှင်ကမဖြေဘူးပြောနေတာ ဘိုင်ကြီးဟီလာကိုပြောတာလားဗျ....သူကခင်ဗျားပြောနေတဲ့
ကာယကံရှင်ဆိုတာလား.....ဒါဆိုရင်သူက မရင်ငယ်ယူထားတယ်ပေါ့် အဲ့လိုလား......ခင်ဗျားတို့ခရစ်ယန်က
ပြောနေတဲ့ အကြောင်းအရာတွေက အစာကျေလို့ လုပ်ကြံပြီးပြောနေကျဆိုတာ အတော်များများသိတာပဲကွ..
ခင်ဗျားတို့ကတာ ဘယ်သူ့ရဲ့သားက ဘုရားပေးတာတို့ ဘယ်သူ့ရဲ့ သားက ဘုရားပေးတာမဟုတ်ဘူးတို့ဆိုတာ.........
တစ်ခု မောင်မင်းသိဖို့နဲ့ လေ့လာဖို့က တမန်တော် အတော်များများက ဗနီအစ္စရာအီးလ် လို့ခေါ်တဲ့ အစ္စရေး ရဟူ
ဒီလူမျိုးတွေ ထဲကပွင့်ခဲ့တယ် .....နောက်ဆုံးတမန်တော်ကို ထာဝရဘုရားသခင်က အာရဗ်လူမျိုးထဲကပွင့်စေခဲ့တယ်
ဒါကို ရဟူဒီလူမျိုးတွေ နဲ့သူတို့ရဲ့ သာသနာကို လက်ခံတဲ့ သူတို့နဲ့ နွယ်တဲ့ ယေရှု နောက်လိုက်တွေပါ အစာမကျေ
အမုန်းပွါးနေတာ ခုအချိန်ထိဆိုတာကိုပဲ.....အဲ့လိုအမုန်းပွားပြီး လုန်ကြုတ်ဇတ်လမ်းတွေကို ဘရားသခင်ပြောတာပါဆိုပြီး
လာလုပ်နေတာ အတော်ဟာသမြောက်တဲ့ စကားတွေပဲ မောင်ထူးရဲ့....မင်းစိတ်ထင် အဲ့ဒီမင်းပြောနေတဲ့ လန်ကြုတ်
တွေက မင်းတို့ရဲ့ သာသနာကို လူရာသွင်းချင်လို့ ဖျက်သီမ်းခြင်းခံရတာကို ကာကွယ်ဖို့လောက်အဆင့်ပဲကွ....
မင်းတာပြောနေတာ မင်းတို့ရဲ့ယေရှုက ဘာကြောင့်အရာခပ်သီမ်းကို ဖန်းဆင်းမွေးမြူတဲ့ ထာဝရဘုရားလူဝင်စား
လုပ်ပြီး လော်ကကြီးမှာ ခင်ဗျားတို့ခရစ်ယန်တွေ မျက်နာပျက်စရာဖြစ်တဲ့နောက်သာသနာတစ်ခု ပေါ်ပေါက်ရပ်
သွားခဲ့တာကို ရပ်တည်နေတာကို မင်းတို့ယူဆသလို မထိန်းချုပ်နိုင်ရတာလည်းကွ....မင်းတို့ပြောနေတဲ့ထာဝ
ရဘုရားအဖြစ်နဲ့ ကိုးကွယ်ရာယေရှုဆိုတာ ကန့်သတ်ချက်တွေဘောင်တွေထဲမှာပဲရှိနေတဲ့ လူပဲဆိုတာ မငိးတို့
မျက်စိတွေကဘယ်မြင်တော့်မတုန်း ...မာနတ်ကမျက်စေကွယ်စေတယ်ဆိုတာ ဒါပဲလေဗျာ
heeheehee
Ko_Htoo
Platinum Member
06/11/2006
2210 posts
 67.ဘယ်ကျမ်းက လန်ကြုတ်ကျမ်းလဲ...  May 11, 2009 10:18 AM
အဲ့လိုအမုန်းပွားပြီး လုန်ကြုတ်ဇတ်လမ်းတွေကို ဘရားသခင်ပြောတာပါဆိုပြီး
လာလုပ်နေတာ အတော်ဟာသမြောက်တဲ့ စကားတွေပဲ မောင်ထူးရဲ့....မင်းစိတ်ထင် အဲ့ဒီမင်းပြောနေတဲ့ လန်ကြုတ်
ဘယ်ကျမ်းက ပြင်ထားတဲ့ကျမ်းလဲ..... ပြင်ထားတဲ့ကျမ်းကို လက်ခံတဲ့သူဟာ ကျမ်းစာက ပညတ်ထားတဲ့အတိုင်း ကျိန်ခြင်းခံရကာ ကောင်းကြီးများဆုံးရှုံးမှာ အမှန်ပါ။
ဘုရားက ကိုယ့်အသွေးအသားထဲက သားကိုပေးမယ်ဆိုတာ မယုံ၊ စိတ်မရှည်လို့ မိမိရဲ့ ကျွန်မနဲ့ ဆက်ဆံကာ သားကို ရခဲ့ပါတယ်။ အဲဒီနောက် ဘုရားရဲ့ ဂတိတော်အတိုင်း သူ့ မယားနဲ့ သားအရင်းကိုလည်းရခဲ့ပါတယ်။ သားနှစ်ဦးအရွယ်ရောက်တော့ ကျွန်မရဲ့သားက သားအရင်းကို အနိုင်ကျင့်ပါလေရော.....
အဲဒီအခါမှာ ... ကျမ်းစာက ... သားတစ်ဦးနဲ့ သူ့မိခင်ကို မောင်းထုတ်လိုက်တယ်.... ပြီးနောက် ကျန်ခဲ့တဲ့သားကို ယဇ်ပူဇော်ခဲ့တယ်...
အဲဒီသားဟာ ကျွန်မရဲ့သားဖြစ်မလား... ဘုရားရဲ့ဂတိတော်အရရတဲ့ သားအရင်းဖြစ်နိုင်မှာလား ... ဆိုတာလေး သိပါရစေ...
ဘယ်ကျမ်းက ပြန်ပြင်ရေးထားပါသလဲ.... လူပိန်းပင် အဖြေပေးနိုင်ပါသည်။
မောင်းထုတ်ခံရတဲ့သားကိုလည်း ဘုရားက လူမျိုးကြီး ဖြစ်စေမည်ဟု ကောင်းချီးပေးခဲ့ပါသည်။ သူသည် လူအများကိုရန်ပြုမည့် လူရိုင်းဖြစ်သလို လူများကလည်း သူ့ကိုရန်ပြုမည့်အကြောင်း ဘုရားက တစ်ဆက်တည်း ပြောကြားခဲ့ပါသည်။ ထိုလူမျိုးသည် အဘယ်လူမျိုးဖြစ်မည်နည်း။
အသစ်စက်စက်တက်တိုး Bogyoke Aung San Tattoo!
ဗိုလ်ချုပ်အောင်ဆန်းပုံတူ ဆေးမှင်ကြောင်
Bogyoke Aung San Tattoo!
မြန်မာတွေ ဆေးမင်ကြောင်ကို ဂုဏ်ယူစွာထိုးခဲ့ကြသည်...
Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်
Body Art ခေါ် ခန္တာကိုယ်တွင် ဆေးမှင်ကြောင်ရုပ်များရေးဆွဲခြင်းမှာ စင်္ကာပူရှိ အမျိုးသမီးများ ကြားတွင်လည်းရေပန်းစားသည်
ဆေးမင်ကြောင် (Tattoo)ကို ယနေ့ခေတ် လူငယ်များ မိမိ ခန္ဓာကိုယ်ပေါ်တွင် နှစ်ခြိုက်စွာ ဆေးခြယ် လာကြသည်ကို တွေ့ရှိနေရသည်။ ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင် ၄င်းဆေးမင်ကြောင်များ ဂယက်သည် လူတိုင်းနီးပါး ကိုယ်ပေါ်၌ စွဲထင်လာ နေကြပေသည်ကို တွေ့ရှိနေရသည်။ အမျိုးသား၊ အမျိုးသမီးမှန်သမျှ အလှအပအဖြစ် ထိုးသွင်းနေကြသည်ကို တွေ့နေရသည်။ ၄င်း Tattoo ထိုးခြင်းသည် မြန်မာအနုပညာ လောကတွင် လွန်ခဲ့သော (၅၊၆)နှစ်မှစ၍ ခေတ်စား လာခဲ့သည်ကို တွေ့မြင်ပေရသည်။ ဆေးမင်ကြောင် ထိုးခြင်းနှင့် ပတ်သက်၍ ယနေ့ခေတ် လူငယ်များ သေသေချာချာ ဂဃနဏ သိသာစေရန် တင်ပြလိုက်ရပေသည်။ ဆေးမင်ကြောင် ဟူသည် လူ၏ကိုယ်ခန္ဓာ အရေပြားပေါ်တွင် စွဲမြဲစွာသေရာပါ ထင်နေစေရန် တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့် ဆေးရောင်သွင်းကာ အရုပ်များ၊ အမှတ်အသားများ၊ စာများ၊ ပန်းကနုတ်များစသည်တို့ကို အလှအပအလို့ငှာ ထိုးခြင်းကို ခေါ်ဝေါ် ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင်မူ အမျိုးသမီးများက ဆေးမှင်ကြောင်ထိုးခြင်းသည် လိင်ဆွဲဆောင်နိုင်သည် ဟု ယုံကြည်ကာထိုးကြသည်
ထိုင်းနိုင်ငံတွင်မူ အမျိုးသမီးများက ဆေးမှင်ကြောင်ထိုးခြင်းသည် လိင်ဆွဲဆောင်နိုင်သည် ဟု ယုံကြည်ကာထိုးကြသည်
ဆေးမင်ကြောင်ကို ပေါ်လီနေရှင်း လူမျိုးများက စတင်ခဲ့ပြီး ၄င်းလူမျိုးတို့၏ ဘာသာစကား၊ Ta Tau မှ Tattoo သို့ ပြောင်းလဲ ဆင်းသက်လာခြင်း ဖြစ်သည်။ ဆေးမင်ကြောင်ကို အစောဆုံး တွေ့ရသည့် အထောက်အထားမှာ ဆိုက်ဘေးရီးယားရှိ ရေခဲပြင်မှ တူးဖော်ရရှိသော ဆေးမင်ကြောင်ရုပ် ပါသည့် ရုပ်အလောင်း ဖြစ်သည်။ ၄င်းရုပ်အလောင်းသည် ဘီစီ(၅)ရာစုမှ ရုပ်အလောင်းဖြစ်ပြီး လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်တွင် ပြသခဲ့ဖူးသည်။ အီဂျစ်နိုင်ငံတွင်မူ (၁၅)ရာစုခန့်က ဆေးမင်ကြောင် အတတ်ပညာ ပေါ်ထွန်းခဲ့သည်ဟု အထောက်အထားများ တွေ့ရသည်။ ဆေးမင်ကြောင်ကို ဗြိတိသျှလူမျိုးများက အပျော်တမ်းသဘော၊ အလှအပ သဘောဖြင့် ထိုးနှံလေ့ရှိကြသည်။ ဟာရိုလ်ဘုရင်ကြီး၏ ကိုယ်ပေါ်တွင် ဘယ်ဘက်ရင်အုံ၌ Edith ဟု ထိုးခဲ့သည်။ သတ္ထမမြောက် အက်ဒွပ်ဘုရင်သည်လည်း ဝေလမင်းသား ဘဝကပင် ဆေးမင်ကြောင်ထိုး ဝါသနာပါကာ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင်ထိုးနှံခဲ့သည်။ ပဉ္စမမြောက် ဂျော့ဘုရင်နှင့် စစ်သေနာပတိဟောင်းကြီး မောင့်ဂိုမာရီတို့သည်လည်း ၄င်းတို့၏ ကိုယ်ပေါ်တွင် နဂါးရုပ်နှင့်လိပ်ပြာရုပ်များ ထိုးခဲ့သည်။ ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်သည် ၄င်း၏ကိုယ်ခန္ဓာတွင် တစ်ကိုယ်လုံးအနှံ့ ဆေးရောင်စုံအရုပ်များ ထိုးနှံခဲ့ခြင်းကြောင့် ဆေးမင်ကြောင် ပြခန်းကြီးဟု ဖရက်ဒရစ်ဘုရင်ကို ချီးကျူးခဲ့ကြသည်။
တိုကျိုမြို့ ရှိဂျပန် အမျိုးသမီးတစ်ဦး၏ ခန္တာကိုယ်တွင် အလှဆင်ထားသောဆေးမှင်ကြောင်
တိုကျိုမြို့ ရှိဂျပန် အမျိုးသမီးတစ်ဦး၏ ခန္တာကိုယ်တွင် အလှဆင်ထားသောဆေးမှင် ကြောင်
ဂျပန်လူမျိုးတို့တွင် ဆေးမင်ကြောင်ထိုးသည့် ဓလေ့မှာ အနုပညာသဘော ပိုမိုပါရှိ သည်။ ဂျပန်လူမျိုးတို့ ထိုးနှံလေ့ရှိသော အရုပ်များမှာ ရိုးရာဓလေ့နှင့် ရှေးဟောင်းသမိုင်းဝင် ဇာတ်ကောင်များ၏ ပုံသဏ္ဌာန်အမျိုးမျိုး ပါဝင်သည်။ လူ့အလုံးအရပ်နှင့် ညီသော လူစွမ်းကောင်းပုံများ၊ ဘီလူးသဘက်ပုံများ၊ နဂါးရုပ်များအပြင် သစ်ပင်ပုံ၊ ငှက်ပုံ၊ ငါးပုံ၊ ပန်းပုံ များ ထိုးနှံလေ့ရှိကြသည်။ (၁၉)ရာစုတွင် ဂျပန်နိုင်ငံတွင် ဆေးမင်ကြောင်ထိုးခြင်းကို ဥပဒေဖြင့် ပိတ်ပင်ခဲ့သော်လည်း ပပျောက်မသွားခဲ့ပေ။ ငွေကုန်ကြေးကျခံကာ လပေါင်းများစွာ ကြာမြင့်သည်အထိ သည်းခံပြီး ကြိုးစားပန်းစား အနုစိတ်ပြီးစီးအောင် ထိုးနှံလေ့ရှိကြသည်ကို တွေ့ရှိရသည်။
ဒုတိယကမ္ဘာစစ်က နာဇီ စစ်အကျဉ်းစခန်းရောက် အကျဉ်းသားများ၏ ကိုယ်ခန္ဓာပေါ်တွင် ဆေးမင်ကြောင် ထိုးထားသူများသည် အခြားသော အကျဉ်းသမားများထက် ပိုမိုကံဆိုး ခဲ့ကြသည်။ အကြောင်းမှာ အကျဉ်းစခန်း အရာရှိများသည် အကျဉ်းသားများ၏ ရင်ဘတ်နှင့် ကျောပြင်မှ ဆေးမင်ကြောင်ရုပ်များကို အရေခွံခွာယူပြီး မီးအုပ်ဆောင်း လုပ်ခဲ့ကြသည်ဟု သိရသည်။ မလေးရှားလူမျိုးတို့သည် ဆေးမင်ကြောင်ကို တင်ပါးတွင် ထိုးနှံကြပြီး ဆေးမင်ကြောင်မှာ အရုပ်များမဟုတ်ဘဲ လှပဆန်းကြယ်သော ပန်းကနုတ်ဒီဇိုင်းများ၊ အကွက်များ ဖြစ်ကြသည်။ ဖော်မိုဆာကျွန်း မြောက်ပိုင်းတွင် နေထိုင်သော တေးရဲလ်လူမျိုး လူငယ်များ ကမူ အရွယ်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် နဖူးတွင် ဆေးမင်ကြောင်ထိုးကြရာ မျက်နှာ တစ်ပြင်လုံး ရောင်ကိုင်းလာသည်အထိ ပြင်းထန်သည်ဟု သိရှိရသည်။
ဥရောပတိုက်တွင် ရှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလလူမျိုးများနှင့် အင်္ဂလန် ကျွန်းသား တိုင်းရင်းသားများတွင် ထိုးကွင်းထိုးသော ဓလေ့ ရှိခဲ့ဖူးသည်။
မြောက်အမေရိကမှ အင်ဒီးယန်းလူမျိုးများသည်လည်း ကလေးအရွယ်မှ စတင်ပြီး ထိုးကွင်းထိုးနှံ လေ့ရှိကြသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများမှ ပေါ်လီနီးရှင်းလူမျိုး၊ မာအိုရီလူမျိုး၊ မာကေဆ လူမျိုးကျွန်းသားများမှာလည်း ယောက်ျားရော၊ မိန်းမပါ ဆေးမင်ကြောင် ထိုးနှံကြသည့် ရှေးအစဉ်အလာ ရှိသည်။ ဆော်လမွန်ကျွန်းသူ မိန်းကလေးများမှာမူ မျက်နှာနှင့် ရင်ဘတ်၌ ဆေးမင်ကြောင်ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်သည်။ ဖော်မိုဆာ ကျွန်းသူများမှာလည်း ထိုနည်းတူ လက်ထပ်ပွဲ မကျင်းပမီ မျက်နှာ၌ ဆေးမင်ကြောင် ထိုးနှံကြရသည်။ နယူးဂီနီ ကျွန်းမှ ပါပူအန်အမျိုးသမီးများမှာမူ လက်မထပ်မီတွင် မျက်နှာကိုချန်ကာ တစ်ကိုယ်လုံး အနှံ့ ဆေးမင်ကြောင် ရေးခြယ်ထိုးနှံပြီး မင်္ဂလာပွဲ ကျင်းပသောအခါတွင် မျက်နှာကို ဆေးမင်ရည် စုတ်ထိုးကြရပြန်သည်။ (၁၇)နှစ်ရာစုအထိ အင်္ဂလန်နှင့် အနောက်ဥရောပတွင် ဆေးမင် ကြောင်ကို မြင်ပင်မမြင်ဖူးခဲ့ကြပေ။ ဥရောပတိုက်သား ဒမ်ပီယာဆိုသူသည် ထိုးကွင်း ထိုးသော ပစိဖိတ်တောင်ပိုင်း ကျွန်းသားများကို ခေါ်ယူ၍ ပြပွဲ ပြခဲ့ဖူးသောကြောင့် ဖြစ်သည်။
ယခင်ကမြန်မာ လူမျိုးတို့ အထိုးများကြသည့် အနက်ရောင် ဆေးမှင်ကြောင်
ယခင်ကမြန်မာ လူမျိုးတို့ အထိုးများကြသည့် အနက်ရောင် ဆေးမှင်ကြောင်
ဆေးမင်ကြောင် ထိုးနှံကြရာတွင် အမှတ်အသား အဖြစ် ထိုးနှံခြင်း၊ အလှအပ အဖြစ် ထိုးနှံခြင်း၊ စွဲလမ်းမှုကို အခြေခံ၍ အဆောင်သဘောဖြင့် ထိုးနှံခြင်း၊ ထုံးတမ်းအစဉ်အလာ အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။ အင်္ဂလန်နိုင်ငံတွင် အမျိုးသား လယ်သမားသမဂ္ဂသည် ယင်းအဖွဲ့ပိုင် မွေးမြူရေးခြံများမှ ကြက်ဆင်များကို လျှို့ဝှက်အမှတ်အသား ထိုးထားတတ် ကြသည်။ ၄င်းအမှတ်အသားကို မှတ်ပုံတင်ထားသည့်အတွက် အဖွဲ့ပိုင်ကြက်ဆင်များ အခိုးခံရပါက ရှာဖွေဖမ်းဆီးရန် ခိုင်လုံသောသက်သေအဖြစ် ရှိခဲ့ကြသည်။ သြစတြေးလျ မှ သိုးမွေးသော သူဌေးတစ်ဦးသည် ¤င်း၏သေတမ်းစာကို သူ၏ကျောပြင်တွင် ဆေးထိုးကာ ရေးသားထားခဲ့ဖူးသည်ဟုလည်း မှတ်သားရသည်။
ပထမကမ္ဘာစစ် မတိုင်မီနှစ်များနှင့် စစ်အတွင်းကာလတွင် သူလျှိုများသည် ဆေးမင်ကြောင်ထိုးသော ပညာကို အသုံးချခဲ့သည်ဟု မှတ်သားရဖူးသည်။ ရန်သူ၏ အရေးကြီးသော နေရာများကို စက္ကူတွင် မှတ်တမ်းတင် ယူဆောင်ရန် မလွယ်ကူသောကြောင့် ဦးခေါင်းကို ပြောင်အောင်ရိတ်ကာ လျှို့ဝှက်မြေပုံများကို စုတ်ဖြင့်ရေးထိုး၍ ဆံပင်ရှည်အောင်ထားပြီးမှ ကိုယ့်နိုင်ငံ ကိုယ်ပြန်သွားကြသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းမင်းများလက်ထက်၌ လူ့ခန္ဓာပေါ်တွင် အမှတ်အသားပြုမှုကို ဆေးမှင်ကြောင်ထိုးနှံ၍ အမှတ်အသားပြုလေ့ရှိကြောင်း အမှတ် အသားမှာ နှစ်မျိုးရှိပြီး အကောင်းဘက်ရော အဆိုးဘက်တွင်ပါ သုံးခဲ့ကြောင်း သိရသည်။ ထိုခေတ်အခါက ခိုးသားဓားပြများကို အဆုံးစီရင်လေ့ရှိပြီး အဆုံးစီရင်မခံရသည့် ခိုးသား ဓားပြများကို နဖူးတွင် ‘ဓားပြ’ဟူ၍ လည်းကောင်း၊ ‘သူခိုး’ဟူ၍ လည်းကောင်း၊ လက်ဖျံတွင် ‘နောက်မဆိုးနဲ့’ ဟူ၍လည်းကောင်း ဆေးမင်ကြောင် ထိုးလွှတ်ပြီး အဆိုးဘက်တွင် အမှတ် အသားဖြင့် အသုံးပြုခဲ့သည်ဟု သိရှိရသည်။ မြန်မာမင်းများ လက်ထက်တွင် အမြဲတမ်း တပ်မတော်ဖွဲ့စည်းခြင်း မရှိခဲ့သော်လည်း ကုန်းဘောင် ခေတ်နှောင်းပိုင်းတွင် အမြဲတမ်း တပ်အချို့ ဖွဲ့စည်းထားခဲ့သည်။ လွှတ်ရုံးနှင့် ရွှေနန်းတော်အတွက် လတ်တလော အသုံးမပြု လိုသည်များမှာ လယ်ယာကိုင်းကျွန်း လုပ်ကိုင်စားသောက် နေထိုင်ကြရသည်။ ယင်းတို့ကို အစုအဝန်းဖြင့် သတ်မှတ်ထားရာ မင်းမှုထမ်းတို့ လည်ကုပ်တွင် ဆေးထိုးကာ အမှတ်အသား ပြုထားသဖြင့် ‘ဆေးထိုးထမ်း’ ဟူ၍ခေါ်သည်။ သေနတ်စွဲ အမှုထမ်းတို့မှာလည်း လည်ကုတ်၊ လက်ဖမိုးတို့ပေါ်၌ ‘နတ်ဘီလူး လက်ယာသံလျက်ထမ်း’ ခြင်္သေ့ရုပ်များ ဆေးတော် ရေးမှတ်ထားကြသည်။ အာဏာပါးကွက်သားများဟု ခေါ်သော ရာဇဝတ် အမှုထမ်းများမှာလည်း ပါးတွင်အကွက်ကြီးများ ဆေးထိုးထားကြရသည်။ ၄င်းအမှုထမ်းများကို ‘ပါးကွက်’ ဟူ၍ ခေါ်သည်။ ထိုပါးကွက်တို့မှာ ပါးနှစ်ဖက်တွင် မင်နက်ဖြင့် ဒင်္ဂါးဝိုင်းအရွယ်ခန့် ထိုးနှံထားကြသည်။ ရင်ဘတ်တွင်လည်း ‘သူသတ်’ ဟူ၍ စာတန်းကို မင်နက်ဖြင့် ထိုးနှံထားကြရသည်။ ဂဠုန်ဆရာစံက သူပုန်ထသောအခါတွင် ဂဠုန်တပ်သားများကို ‘က’တပ်သား၊ ‘ခ’တပ်သားဟု ဆေးမင်ကြောင်ထိုးကာ အမှတ်အသားပြု ခွဲခြားခဲ့သည်။
ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့ ဆေးမင်ကြောင် ထိုးနှံကြရာတွင် အလှအပ အလို့ငှာ ထိုးနှံကြသည်လည်း ရှိသည်။
မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင် ခေတ်ကောင်းခဲ့စဉ်က အမျိုးသမီးများလည်း အားကျမခံ ဝင်ထိုးခဲ့ကြသည်ကို တွေ့ရသည်။ ထိုသို့ထိုးရာတွင် ပေါင်တစ်ဖက်၌ ငုံးရုပ်၊ တစ်ဖက်၌ ကြက်ရုပ် တစ်ဖက်တစ်ရုပ်စီ ထိုးနှံကြခြင်းမျိုး ဖြစ်သည်။ မှိန်းကဲ့သို့ အခွစုတ်ဖြစ်သော မြန်မာစုတ်ဖြင့်ထိုးသော ဆေးမင်ကြောင်ခေတ် မှေးမှိန်ချိန်တွင် ဓာတ်ခဲအားသုံး အပ်ဖြင့်ထိုးသော မင်ကြောင်ရုပ်များ ပေါ်ပေါက်လာခဲ့သည်။ နှစ်ပေါင်း များစွာကြာပြီးမှသာ အဝတ်ချုပ်အပ်ဖြင့် ထိုးသော ဆေးမင်ကြောင်ထိုးနည်း အသစ် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်း နှစ်နည်းနှင့် ထိုးသော ဆေးမင်ကြောင်များသည် အားလုံးနီးပါး အလှအပ သက်သက်သာ ထိုးခဲ့ကြခြင်းဖြစ်သည်။
စွဲလမ်းမှုကို အခြေခံ၍ ထိုးခြင်းမှာ များသောအားဖြင့် ခန္ဓာကိုယ်အထက်ပိုင်းတွင် ထိုးလေ့ရှိကြသည်။ နတ်ရုပ်၊ ဘီလူးရုပ်များ၊ အခြားအရုပ်များကို မန္တာန်စာလုံးများ ခြံရံ၍ ထိုးခဲ့ကြသည်။ အင်းကွက်များတွင် အင်းစာများသွင်း၍ဖြစ်စေ၊ စာလုံးများချည်းဖြစ်စေ ထိုးနှံကြသည်။ အချို့လည်း လျှာပေါ်တွင်ပါ ထိုးနှံကြသေးသည်။ သို့ရာတွင် အစက်အ ပြောက်မျှသာ အထိုးခံနိုင်ပေသည်။ စွဲလမ်းမှုကိုအခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြောင် ထိုးနှံကြရာတွင် ခန္ဓာကိုယ်အထက်ပိုင်းတွင်သာ ဆေးအနီဖြင့် အထိုးများတတ်ကြသည်။ သို့ရာတွင် ရံဖန်ရာခါ၌လည်း အနက်ရောင်ဖြင့် ထိုးတတ်ကြသေးသည်။ လက်ယာဘက် လက်ဆစ်၊ လက်ဖမိုးလက်ကောက်ဝတ်များတွင် တွေ့ရလေ့ရှိသော ဆေးမင်ကြောင် အနီစက်၊ အနက်စက်များနှင့် ခြေမျက်စိဝန်းကျင်တွင် တွေ့မြင်ရသော အနက်စက်များမှာ အဆောင်သဘောဖြင့် ထိုးကြခြင်းဖြစ်သည်။
မြန်မာအမျိုးသားများသည် ရှေးဦးပိုင်းတွင် အဆောင်သဘောဖြင့် ဆေးမင်ကြောင် ထိုးခဲ့ရာမှ နောင်သော် အလှအပ သဘောသို့ ရွေ့လျောလာခဲ့သည်။ ၄င်းမှတစ်ဖန် ထိုးကွင်းရှိမှ ယောက်ျားပီသသည်ဟူသော သဘောထားများ ဝင်ရောက်လာခဲ့ပေရာ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားပေသည်။ မြန်မာနိုင်ငံသား ချင်းအမျိုးသမီးများသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်နေအောင် ပါးရဲ ထိုးခဲ့ကြဖူးသည်။ ချင်းအမျိုးသမီးတို့တွင် ပါးရဲမပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်ဟု သဘောထားခဲ့ကြသည်။ နောင်အခါကာလ ရွေ့လျောပြီး ပါးကြောင်၊ ပါးကြားဖြင့် စတိသဘောထိုးခြင်းသို့ သက်ရောက် သွားတော့သည်။
မြန်မာနိုင်ငံတွင် ဆေးမင်ကြောင်ထိုးခြင်း အစမှာ အယူအဆသုံးမျိုး ကွဲပြားလျက်ရှိပြီး ပုဂံခေတ် အရည်းကြီးများက စခဲ့သည်ဟူ၍ လည်းကောင်း၊ သရေခေတ္တရာ ဥတ္တမ သီရိမထေရ်က စခဲ့သည်ဟူ၍ လည်းကောင်း၊ ထိုးကွင်းအစ မောင်ကံက ဟူ၍လည်းကောင်း၊ သုံးမျိုးကွဲပြားလျက်ရှိသည်ဟု သိရသည်။ ဆေးမင်ကြောင်ထိုးရာတွင် အထက်ဆေး၊ အောက်ဆေးဆိုပြီးတော့လည်း ရှိခဲ့သေးသည်။ အထက်ဆေးတွင် ဘုရားဆေး၊ နတ်မှော် ဆေး၊ ဝိဇ္ဇာမှော်ဆေးဟူ၍ရှိပြီး အောက်ဆေးတွင် ကာယသိဒ္ဓိဆေး၊ ပီယသိဒ္ဓိဆေးဟူ၍ ထိုးကြသည်ဟု သိရသည်။ ရှေးအခါက ပေါင်တွင်ထိုးကွင်းမရှိသူကို မိန်းကလေးများက မနှစ်သက်ကြသည့် အတွက် ‘ပေါင်ဖြူချင်း မယူချင်ဘူး’ ဟုငြင်းလေ့ရှိကြရာ အမျိုးသားများမှာ မျက်ရည်တောက်တောက်ယို၍ ထိုးကွင်း ထိုးခဲ့ကြရသည်ဟု သိရသည်။ ထိုးကွင်းမင်ကြောင်ထိုးရာတွင် ချစ်သူမိန်းကလေးက ထောင်ပုဆိုး၊ ရာပုဆိုးဟူ၍ မင်ခံပုဆိုးကို ပေးကြရသည်ဟုလည်း သိရသည်။ မင်ခံပုဆိုးမှာ ထိုးကွင်းထိုးရာတွင် မင်နှင့်သွေးများ ရောထွေးနေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးစိမ်းရှင်ရှင် ထွက်သည့်အတွက် ခန္ဓာကိုယ်အောက်တွင် ခံထားရသော ပုဆိုးဖြစ်သည်။ ၄င်းပုဆိုးကို ချစ်သူမိန်းကလေးမှ လက်ဆောင်အဖြစ် ပေးကြရသည်ဟူ၍ သိရသည်။ အကြောင်းမှာ မိမိ၏ ချစ်သူအမျိုးသားမှာ ယောက်ျားပီသသည်ကို ဂုဏ်ယူကြသည့် သဘောမျိုးဖြစ်သည်။ ထိုးကွင်းမင်ကြောင်ထိုးသော အချိန်၌ အချို့မှာ မထနိုင်တော့ဘဲ မင်ကြောင်ရုံထဲမှ ကတ်ဖြင့် ဆွဲထုတ်ယူရသူများရှိသလို အချို့လည်း လူတွဲထုတ်ရသူများရှိသည်။ အချို့ကတော့ အံခဲလျက် အကူအတွဲမပါဘဲ ထွက်လာနိုင်သည်။ မင်ကြောင်ထိုးပြီး အပြင်သို့ ထွက်လာသူတိုင်း လက်ခမောင်းခတ်၍ ‘ငါယောက်ျားဟေ့၊ ယှဉ်ရဲသူထွက်ခဲ့’ဟု လောကကြီးကို စိန်ခေါ်သည့် သဘောဖြင့် လက်ခမောင်း သုံးကြိမ်ပြည့်အောင် ခတ်ရသည်။ ကတ်ဖြင့်ထွက်လာသူကို ‘အဝါခတ်’ ဟုခေါ်သည်။ အကူအတွဲဖြင့် ထွက်လာသူကို ‘အမြှောင်ခတ်’ဟုခေါ်သည်။ တစ်ကိုယ်တည်းထွက်လာသူကို ‘အထီးခတ်’ ဟု ခေါ်သည်။ ၄င်းမင်ခံပုဆိုးကို တစ်သက်တာ ဂုဏ်ယူနိုင်ရန်အတွက် အမျိုးသားများက မိမိ၏ချစ်သူ အမျိုးသမီးများကို လက်ဆောင်အဖြစ် ပြန်ပေးလေ့ရှိကြသည် ဟုလည်း သိရသည်။ ထိုးကွင်းမထိုးသူများကို မိန်းကလေးရှင်များကလည်း လောကဓံ၏ အထုအထောင်းကို မခံနိုင်သူဟူ၍ မိမိ၏ သမီးမိန်းကလေးနှင့် ပေးစားရန် ဝန်လေးခဲ့ကြသည် ဟုလည်း သိရသည်။ ထိုးကွင်းမထိုးသူများ အိမ်ထောင်ပြုလျှင် ‘ပေါင်ဖြူချင်း သေမင်းခေါ်တတ်တယ်’ ဟူ၍ ဆိုကြသည်။ ‘ပေါင်ဖြူစင်းမို့ နတ်စိမ်းပွယ်ရတယ်၊ မင်ကြောင်စိမ်းမို့ ပျိုသိမ်းပါရမယ်’ ဟူသော စကားကြောင့် ယောက်ျားမပီသသော ပေါင်ဖြူသူကို ယူမိလျှင် ရိုးရာနတ်ကို တောင်းပန်ပသရသဖြင့် မင်ကြောင်စိမ်းနှင့် လူကိုသာ ယူတော့မည်ဟု ဆိုခြင်းဖြစ်သည်။
(၂ဝ)ရာစုနှောင်းပိုင်းတွင်မှ ထိုးကွင်းမင်ကြောင် ထိုးသည့် ဓလေ့သည် မြန်မာပြည်တွင် တဖြည်းဖြည်း ပပျောက်လာပေသည်။ အကြောင်းမှာ ရောဂါ ကူးစက်ခံရခြင်း၊ ထိုးကွင်းထိုးသူများကို မိန်းကလေးအများစု ရွံကြောက်လာကြခြင်းတို့ကြောင့် အဓိက ဖြစ်သည်ကို တွေ့ရသည်။ ဆေးမင်ကြောင် ထိုးကြရာတွင် တချို့မှာ အလှအပသက်သက်သာ ထိုးကြလေ့ ရှိကြတော့သည်ကိုလည်း တွေ့ရသည်။
ယခု(၂၁)ရာစု အစောပိုင်းတွင်တော့ တစ်ခါသုံးအပ်များဖြင့် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် ပြန်လည် ခေါင်းထောင်လာခဲ့ပြီ ဖြစ်သည်။ ဆယ်ကျော်သက် လူငယ်အများစုသည် ယနေ့ခေတ်တွင် လှပသော အရုပ်ဒီဇိုင်းများကို မိမိခန္ဓာကိုယ်ပေါ်တွင် ရေးတင်လာကြသည်မှာ လူငယ်တိုင်းလိုလိုတွင် တွေ့နေရပေသည်။ ယခုခေတ်တွင် မြန်မာပြည်၌ ဆေးမင်ကြောင်များ ပြန်လည် ခေတ်စားလာခြင်းမှာ အနောက်တိုင်း အနုပညာရှင်များ၊ လူငယ်များမှ ယဉ်ကျေးမှု ရွေ့လျောလာသည့်သဘော ဖြစ်ပေသည်။ ဆေးမင်ကြောင်သည် ရှေးခေတ်အခါက ဂုဏ်ယူဖွယ်တစ်ရပ် အဖြစ် ထိုးနှံခဲ့ကြသည်ကို ယခုခေတ်လူငယ်များ အလှအပ သက်သက်၊ အပျော်သဘော သက်သက် ထိုးနှံနေကြခြင်းနှင့် စပ်လျဉ်း၍ တင်ပြလိုက်ရပေတော့သည်။
ဇေယျာမြတ်ခိုင် (ဆင်ဖြုကျွန်းအောင်သိန်း၏ မြန်မာ့ထိုးကွင်းမင်ကြောင် ဓလေ့အား မှီငြမ်း ရေးသားသည်။)
ရှေးတုန်းက ထိုးကွင်း၊ မှင်ကြောင် အကြောင်း
ထိုးကွင်းကလေးနဲ့ ယဉ်တဲ့ ကိုဆံရှည်
ရန်ဝင်း (တောင်တံခါး)
ဇူလိုင် ၈၊ ၂၀၁၀
“ချစ်တဲ့သူ ကိုဆံရှည် ရောင်ကြီးဗွေ။ ဒူးပေါင်ရိုး အရင်းမှာလေ၊ ထိုးကွင်းနဲ့ အလှသားအေ။”
ထိုးကွင်းကလေးနဲ့ ခြင်းခတ်သူ၊ ရွှေပြည်အေး
ကုန်းဘောင်ခေတ်ဦး အချိန်လောက်ကတည်းက ရှေးမြန်မာတွေ ထိုးကွင်းမင်ကြောင် ထိုးတဲ့ဓလေ့ရှိနေနှင့်ပြီလို့ မှန်းဆရပါတယ်။ ကုန်းဘောင်ခေတ်ဦး နံရံဆေးရေးပန်းချီတွေနဲ့ ပုရပိုက်တွေမှာ တွေ့နိုင်ပါတယ်။ အကြမ်းအားဖြင့် ထိုးကွင်း နဲ့ မင်ကြောင် လို့ နှစ်မျိုးခွဲခြားပြီးပြောရမယ်ထင်ပါတယ်။ အလှအပအနေနဲ့ ထိုးကွင်းထိုးတာရယ်၊ သိဒ္ဓိတင်၊ ပီယမြောက် အဆောင်အဖြစ် မင်ကြောင်ထိုးတာရယ်လို့ ထိုးတဲ့ရည်ရွယ်ချက် နှစ်မျိုးရှိပါတယ်။
ထိုးကွင်းမင်ကြောင်ထိုးလိုက်ပြီးရင်တော့ ပြန်ဖျက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ထိုးကွင်းမင်ကြောင် ထိုးတော့မယ်လို့ဆိုရင် မလုပ်ခင်ကတည်းက သေသေချာချာစဉ်းစားကြဖို့အတွက် မြန်မာ့ရှေးစကား သတိပေးတဲ့ အချက်တွေထဲမှာ ပါဝင်နေပါတယ်။
“အိမ်ထောင်ပြု၊ ဘုရားတည်သည်၊ ဆေးမင်ရည်စုတ်ထိုး၊ ပြင်နိုင်ခဲတဲ့ အမျိုးတွေပေ။”
“ရေချိုးတဲ့အဝတ်နဲ့ အင်္ဂလိပ်မရုပ်ကလေး၊ ဆေးထိုးမှားရင်၊ နောင်တွင် အသက်ကြီးလို့ အရွယ်အို၊ စိတ်တိုတို သင်္ဂြိုဟ်ငြင်းတိုင်း၊ လမိုင်းမကပ်မှာတွေမြင်။”
မုံ့စား၊ မြို့မငြိမ်း
ကြောင်တက်၊ ကြောင်ဆင်း၊ ကြောင်ဖီလာ ဆိုတဲ့ ကြောင်ရုပ်တွေကို မင်ဆေးနဲ့ ထိုးတာကြောင့် မင်ကြောင် ဆိုတဲ့ ဝေါဟာရဖြစ်လာတယ်လို့ သုတေသီများက မှန်းဆကြတယ်။ မင်ကြောင်ထိုးတဲ့အခါ ရင်အုပ်၊ နောက်ကျော၊ ခြေသလုံး၊ ပုခုံး၊ လက်မောင်း၊ လက်ဖျံတွေကစပြီး ဦးရေခွံပါမကျန် တကိုယ်လုံး နေရာမျိုးစုံမှာ ထိုးပါတယ်။ အင်းကွက်တွေ၊ ဂါထာ စာတန်းတွေနဲ့ အရုပ်အမျိုးမျိုးကို မင်နီ၊ မင်နက်တွေနဲ့ ထိုးလေ့ရှိတယ်။ အမျိုးအစား အင်မတန်စုံတော့ မင်ကြောင်ဆရာတဦးထဲက ထိုးထားတာတောင်မှ တသွေမသိမ်းတူတဲ့ မင်ကြောင်တွေကို ရှာတွေ့ဖို့ မလွယ်ကူပါ။ မိန်းမသားတွေမှာလည်း လက်ကောက်ဝတ်နေရာတွေမှာ စားခွက်နှိုက်အဆောင်ဆိုပြီး ထိုးတတ်ကြသေးတယ်။
ရှေးပုရပိုက်ပါ အင်း နဲ့ နတ်ရုပ် မင်ကြောင်ပုံစံ
ပုခုံးပေါ်မှာထိုးထားတဲ့ အင်း နဲ့ နတ်ရုပ် မင်ကြောင်
ရှေးဘုရင်ခေတ်က ရာဇဝတ်သားတွေရဲ့ လက်ဖျံ၊ နဖူး စတဲ့နေရာတွေမှာ အများမြင်သာစေဖို့ ရည်ရွယ်ချက်နဲ့ ‘ငမိုးသီး၊ မဆိုးနဲ့၊ မမိုက်နဲ့’ စသဖြင့် လူဆိုးမှတ်တမ်းတွေကို မင်ကြောင်နဲ့ ထိုးလေ့ရှိတယ်။
ခါးပတ်ပတ်လည်ကစလို့ ဒူးဆစ်နားဆီမှာဆုံးတဲ့ ထိုးကွင်းကိုတော့ မြန်မာယောက်ျားသားတွေပဲ ထိုးလေ့ရှိတယ်။ ထိုးကွင်းရှိမှ ယောက်ျားဟန်ပန်ပီသတယ်လို့ ယူဆကြတဲ့ခေတ်ဆိုတော့ ရောင်ကြီးဗွေ၊ ရောင်တစောင်းထုံးတဲ့ပြီး ခါးတောင်းကျိုက်နဲ့ ခြင်းအယိုင်ခတ်ကြတဲ့အခါဖြစ်ဖြစ်၊ အပျော်သဘောနဲ့ နပန်းလုံးကြတဲ့အခါဖြစ်ဖြစ်၊ ထိုးကွင်း မထိုးရသေးရင်၊ ပေါင်တွေလုံးချင်းအတိုင်း ပြောင်ပြောင်ကြီးမြင်နေရတာကို ရှက်စနိုးဖြစ်တတ်ကြတယ်။ ဒါကြောင့် အများအားဖြင့် ၁၂ နှစ်သား၊ ၁၄ နှစ်သားလောက်မှာ ထိုးကွင်းထိုးပြီးနေကြပြီ။ ၁ဝ နှစ်သားလောက်က စပြီး ၁၇ နှစ်သား လောက်အတွင်းမှာ ထိုးလေ့ရှိပါတယ်။
ထိုးကွင်းဆရာနဲ့ ထိုးကွင်းရှင်
ထိုးကွင်းလို့ခေါ်တာကတော့ အကွင်းအကွင်း အဝိုင်းပုံစံတွေထဲမှာ အရုပ်မျိုးစုံကို မင်ဆေးနဲ့ ထိုးထားတာကြောင့်ပါ။ ထိုးကွင်းအရွယ်က ၁ လက်မခွဲကနေ ၂ လက်မတမတ်လောက်အထိ ရှိတယ်။ ရှေးကျတဲ့ ထိုးကွင်းတွေက အရွယ်ပိုကြီးပြီး၊ နောက်ပိုင်းကျလာရင် ထိုးကွင်းအရွယ်တွေက ငယ်ငယ်လာတယ်။ ထိုးကွင်းမထိုးခင် လေးထောင့်အကွက်တွေနဲ့ အကွင်းပုံစံကို အရင်မင်နဲ့ရေးပြီး ရာထားပါတယ်။ တချို့ ထိုးကွင်းဆရာတွေက အလွတ်ထိုးတယ်။ နောက်ပိုင်းခေတ်မှာတော့ လက်ပံဆူးပေါ်မှာ အဆင်သင့်ထွင်းထားတဲ့ အရုပ်ကို မင်သုတ်၊ ပုံနှိပ်ပြီး ကောက်ကြောင်းပုံစံအတိုင်း ထပ်ထိုးတာလည်းရှိတယ်။
ထိုးကွင်းထဲမှာ အထိုးအများဆုံးအရုပ်က ဘီလူးရုပ်ပါ။ ဘီလူးစက်နင်း၊ အလံကိုင်၊ တံခွန်လွှား၊ သံလျှက်ထမ်း၊ ဘီလူးခေါင်းတုံး စတဲ့ ဘီလူးရုပ်အမျိုးမျိုးရှိတယ်။
ဘီလူးရုပ်များ
ဝက်၊ ကြောင်၊ ဥဒေါင်း၊ လိပ်၊ ငှက်တော်၊ မျောက်၊ ဇော်၊ ငုံး အရုပ်အမျိုးမျိုး၊ ပန်းခက်နဲ့ အကွက်အဆင်တွေကိုလည်း ထိုးကွင်းဆရာက လက်စွမ်းပြတဲ့အနေနဲ့ရော၊ ကွက်လပ်ဖြည့်တဲ့အနေနဲ့ရော အစုံထိုးပါတယ်။ တခြားအရုပ်တွေက ဘီလူးရုပ်လောက်တော့ လက်မဝင်ပါ။ ဒါကြောင့် ထိုးကွင်းတခုမှာ “မင့်ဟာက ဝက်ကုန်းတွေပဲ များနေတာပါကွာ” လို့ အဝေဖန်ခံရရင်၊ ထိုးကွင်းဆရာက လက်ရာခိုထားတယ်လို့ ဆိုလိုပါတယ်။
အသုံးများတဲ့ထိုးကွင်း အရုပ်တွေ
ဒူးစွတ် ဆိုတာက ဒူးအထက်နားမှာ ထိုးကွင်းကို လက်စသတ်တဲ့အခါ ထိုးတဲ့ပုံစံကို ခေါ်ပါတယ်။ အရုပ်ဘေးက ပတ်ဝိုင်းထားတဲ့စက်ဝိုင်းကို စာရံ လို့ ခေါ်တယ်။ အင်းစာ နဲ့ စမတွေ၊ ဂဏန်းတွေကို ပတ်ဝိုင်းပြီးထိုးရာက ဆင်းသက်လာတဲ့ စကားလုံးပါ။ စာရံမှာထိုးထားတဲ့ လေးထောင့်ရှည်ရှည် အတုံးငယ်ကလေးတွေရဲ့ အကျဉ်းအကျယ်ဗြက်ကိုကြည့်ပြီး သုံးတဲ့စုတ်အရွယ်အစားကို သိနိုင်တယ်။ စုတ်တွေကို ကြေးနဲ့လုပ်ထားပြီး အသွားက အချွန်မဟုတ်၊ အပြားပါ။ အတန်းလိုက်၊ ဒေါင်လိုက်စိပ်ထားတဲ့ အသွား ၂ ခွကနေ ၁ဝ ခွ၊ ၁၂ ခွ အထိ ပါတယ်။ စုတ်ရဲ့ခေါင်းပိုင်းတွေကို စိတ်ကူးရသလို အလှအပတွေနဲ့ ထုထားလေ့ရှိတယ်။ နတ်ရုပ်ပုံစံနဲ့ အတွေ့ရ များတယ်။
အလှဆင်ထားတဲ့ ကြေးစုတ်ခေါင်းတွေ
ထိုးကွင်းထိုးတဲ့ ကြေးစုတ် နဲ့ သစ်သားသေတ္တာ
ရှေးခေတ်က သစ်ပင်ရိပ်အောက်မှာ ထိုးကွင်းထိုးနေပုံ
ထိုးကွင်းအထိုးခံရတာ မသက်သာလှပါ။ အသွား ၁ဝ ခွ၊ ၁၂ ခွပါတဲ့ ကြေးစုတ်ကြီးနဲ့ သွေးပေါက်ပေါက်ကျအောင်ထိုးမှ အရုပ်စွဲတယ်။ ထိုးကွင်းအထိုးခံနေတုန်းမှာ ကွမ်းသီးမာမာတလုံးကို အလုံးလိုက်အံသွားနဲ့ ခဲထားတာတောင်မှ တခွမ်းခွမ်းနဲ့ ကွဲအောင်ကိုက်မိတဲ့အထိ နာတယ်လို့ ဆိုပါတယ်။ ပေါင်တဖက်ကို တမနက်ခင်းနဲ့ အပြီးထိုးပေမယ့်၊ ခံရတဲ့ ဒဏ်ချက်ပြင်းတာကြောင့် အနာယဉ်းပြီး ဖျားတတ်ကြတယ်။ ဒါကြောင့် တပတ်၊ ၁ဝ ရက်လောက်ခြားပြီးမှ နောက်တဖက် ထိုးလေ့ရှိတယ်။ တနေ့တည်းနဲ့ နှစ်ဖက်စလုံး အထိုးခံနိုင်တဲ့သူတွေလည်းရှိတယ်လို့ ကြားဖူးပါတယ်။ အနာမခံနိုင်တော့လို့ ထိုးနေရင်း လက်စသတ်မပြီးခင် ထပြေးတာကြောင့် တဝက်တပျက်ပဲထိုးထားပြီး ကြောင်သွားတဲ့ ထိုးကွင်းကြောင်၊ အင်းကြောင်တွေလည်းရှိသတဲ့။
မြန်မာဘုရင်လက်ထက်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါမျိုးမှာ ထိုးကွင်းမထိုးရသေးရင် အခက်အခဲ တွေ့ကြရတယ်။ ထိုးကွင်းထိုးဖို့ကလည်း အချိန်မရှိတော့ ထိုးကွင်းပုံစံအတိုင်း ပေါင်နှစ်ဖက်မှာ မင်ဆေးနဲ့ ရေးသွားကြသတဲ့။ ဒီအတိုင်းနေရင်တော့ ခါးတောင်းကျိုက်နဲ့ဘာနဲ့ ဟန်မပျက်ဖူးလေ။ တကယ်စစ်ချီရလို့ ချောင်းတွေ ကန်တွေကို ဖြတ်ကူးကြရတဲ့အခါ ဆေးတွေက ရေနဲ့မျောကုန်ရော။ ဒါကြောင့် ရှေးက မေတ္တာစာ ရေးပေးတဲ့အခါ မောင့်မေတ္တာက ခိုင်မြဲပါတယ်၊ ရေမှာမျောတတ်တဲ့ အယောင်ဆောင် ထိုးကွင်းမင်ကြောင်မျိုး မဟုတ်ပါလို့ ညွှန်းဆိုဂုဏ်တင်တတ်ကြတယ်။
၂ဝ ရာစု စောစောပိုင်းကစပြီး တဖြည်းဖြည်းနဲ့ မြန်မာယောက်ျားတွေမှာ ရောင်ထုံးထားတဲ့ဓလေ့နဲ့အတူ၊ ထိုးကွင်းထိုးတဲ့ဓလေ့လည်း ပျောက်ကွယ်သွားခဲ့တယ်။ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေလောက်ကလွဲရင်၊ ထိုးကွင်းဗလာ မိမွေးတိုင်း၊ ဖမွေးတိုင်း ပေါင်ခေါင်းတုံးအဖြစ်နဲ့ပဲ နေကြလေတော့တယ်။ ရောင်ကြီးဗွေ နေရာမှာလည်း ဘိုကေ ရောက်လာခဲ့တယ်။ ဘိုကေ ဆိုတဲ့ ဝေါဟာရက တော်တော်ပဲခေတ်စားခဲ့ဖူးတယ်။ လူပျိုလူရွယ်တွေကို ကိုယ်စားပြုတဲ့ စကားလုံးအဖြစ် သုံးခဲ့ကြဖူးတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေမှာ တွေ့နိုင်ပါတယ်။
“ဘိုကေ တထောင်မှာ တယောက်လောက်ဖြင့်စွဲကောင်းပါရဲ့၊ ကျွဲမအသားညို။”
ကျွဲမ၊ နန်းတော်ရှေ့ဆရာတင်
“စုံနံ့သာမြိုင်လယ်၊ မရွှေသောင်းနဲ့ တော်တယ်၊ ဘိုကေ မောင်ရယ် လမ်းလျှောက်ရင်ခေါ်ကွယ်။”
စုံနံ့သာမြိုင်လယ်၊ နန်းတော်ရှေ့ဆရာတင်
အဆောင်အဖြစ်ထိုးတာနဲ့ အလှအပအဖြစ် မင်ကြောင်ထိုးတဲ့ အလေ့အထကတော့ မြန်မာပြည်ထဲမှာ ဒီကနေ့အထိ ရှိနေပါတယ်။ အဆောင်အဖြစ် ရိုးရာနည်းအတိုင်း မင်ကြောင်ထိုးနေကြဆဲပါ။
ရိုးရာနည်းအတိုင်း မင်ကြောင်ထိုးနေပုံ
ဒီကနေ့ မြန်မာနိုင်ငံအနှံ့အပြား မြို့တွေ ရွာတွေမှာတော့ ရှေးရိုးပုံစံတွေကို ခေတ်သစ်ပုံစံ အလှထိုး မင်ကြောင်တွေက အစားထိုးဝင်ရောက်နေခဲ့တာကြာပြီ။ ပွဲလမ်းတွေရှိရင် လမ်းဘေးတွေမှာ ကြော်ငြာဒီဇိုင်း ပုံတွေထောင်ထားလို့ ဘက်ထရီအားသုံး စက်ကလေးတွေနဲ့ ထိုးပေးနေတဲ့ ၁၂ ပွဲဈေးလိုက် မင်ကြောင် ဆရာတွေကအစ၊ မြို့ကြီးတွေမှာ ဆိုင်ခန်းကြီးတွေနဲ့ လုပ်ငန်းကြီးတွေလုပ်နေတဲ့ ခေတ်သစ် မင်ကြောင်ဆရာတွေကို တွေ့နိုင်ပါတယ်။ နိုင်ငံခြားဖြစ် မင်ကြောင်ထိုးတဲ့ ကရိယာတွေကြောင့်လည်း အသား မနာလှတော့ပါ။ နိုင်ငံခြားကတင်သွင်းလာတဲ့ ခေတ်သစ်မင်ကြောင် ပုံစံတွေကိုလည်း ဒီကနေ့ မြန်မာ လူငယ်တွေရဲ့ကိုယ်ပေါ်မှာ တွေ့မြင်နေရပါပြီ။
မန္တလေးမြို့ မင်ကြောင်ဆိုင်ခန်းတခုအတွင်းက ဒီကနေ့လူငယ်များ
ရှေးခေတ်အခါက ရောင်တစောင်းပိုင်ရှင် ထိုးကွင်းနဲ့ လူညိုယဉ် ဆံရှည်မောင်ကြီးတွေလိုပဲ ဒီကနေ့ခေတ် မှာလည်း ခေတ်သစ်မင်ကြောင် (tattoo) ပုံစံတွေထိုးထားတဲ့ ဘိုကေလူငယ်တွေကို မြင်ရတာ၊ သူ့ခေတ်နဲ့ သူ့မျက်စိထဲမှာတော့ ယဉ်နေကြလိမ့်မယ်လို့ ထင်ပါရဲ့လေ။
အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း
  • (၁) မြန်မာမှုသုတေသနစာ (ဝင်းမောင်-တမ္ပဝတီ)၊ ဇွန်လ ၂ဝဝ၆
  • (၂) ဦးလေးလှထုံး နှလုံးမူကာ၊ မောင်အေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ)၊ နှစ် ၉ဝ ပြည့် လူထုဦးလှ၊ ဇွန်လ၊၂ဝဝဝ
  • (၃) အငြိမ့် (လူထု ဒေါ်အမာ)၊ ပ၊ ဒု၊ နိုဝင်ဘာ၊ ၂ဝဝ၅
  • (၄) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
  • (၅) Burma Art and Archaeology (Alexandra Green and T. Richa
  •       ကိုဇောင်းဆိုဒ်မှကူးယူဖေါ်ပြပါတယ်ဗျာ...