Saturday, August 16, 2014

ဂရုဏာရှင်ဆရာမ နှင့် လုံလရှင်တပည့်မလေး



လူ့လောက၌ သက်ရှင်ရပ်တည်ရန်ပင် မဖြစ်နိုင်လောက်အောင် နွမ်းပါးနိမ့်ကျလှသည့် နှစ်ထပ်ကွမ်း ဒုက္ခိတဘ၀မှ တစ်ကမ္ဘာလုံး လေးစားရ အံ့သြချီးမွမ်းရသည့် ဧရာမ ပုဂ္ဂိုလ်ထူးဘ၀သို့ တက်လှမ်းနိုင်ခဲ့သော အမျိုးသမီးကြီး တစ်ယောက်ရှိသည်။

သူ့အမည်က ဟယ်လင်ကဲလား (Helen Keller) ဖြစ်သည်။

သူမကို အမေရိကန်ပြည်ထောင်စု အယ်ဘားမား ပြည်နယ် တပ်စ် ကမ်ဘီယာမြို့ကလေးတွင် ၁၈၈၀ ခုနှစ်က မွေးသည်။ အသက် တနှစ်ခွဲခန့်တွင် ဦးနှောက်အာရုံကြောများ ထိခိုက်သည့် အဖျားရောဂါတခုကြောင့် အမြင်အာရုံရော အကြားအာရုံပါ လုံးဝပျောက်ကွယ်သွားခဲ့သည်။

နားမကြား၍ ဆွံ့အ ရသူသည် Lip reading ခေါ် နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ဖတ်သောနည်းဖြင့် သူတပါးစကား ကို နားလည်နိုင်၏။ ဆရာ၏ အာလျှာနှုတ်ခမ်းလှုပ်ရှားမှုများကို ကြည့်ကာ စကားပြောတတ်အောင် သင်ယူနိုင်၏။ မျက်စိမမြင်သူသည်လည်း အကြားအာရုံဖြင့် လောကကို ခံစားနားလည်နိုင်၏။ စကားအလွယ် တကူတတ်၏။ လက်ဖြင့် စမ်းသပ်ဖတ်ရှုရသည့် မျက်မမြင် စာဖတ်နည်း (Braille System)ကို သင်ယူကာ စာရေးစာဖတ်နိုင်၏။

မျက်စိလည်းမမြင် နားလည်းမကြားသူအားမူ စာသင်ပေးရန် (၀ါ) လောကကြီးကို အဓိပ္ပါယ်ဖွင့်ပေးရန် လုံးဝ မဖြစ်နိုင်သလောက် ခက်ခဲလေသည်။

ဟယ်လင်ကဲလားတယောက် အကြားနှင့် အမြင်အာရုံများကို ဆုံးရှုံးလိုက်ရပြီးနောက် သူမ၏ အသိဉာဏ်ဖွံ့ထွားမှုလည်း ရပ်ဆိုင်းသွားသဖြင့် သူမ၏အိမ်ကို လာလည်ကြသူများက သူမအား ကျပ်မပြည့်သူဟု ထင်မြင်ယူဆကြသည်။ ထို့ကြောင့် ထိုစဉ်က သူမ၏အခြေအနေကို သူမက ဤသို့ရေးသည်။

“မပီကလာ စကားလေး တစ်ခွန်းနှစ်ခွန်း တဖြည်းဖြည်း ဆွံ့ရှားပျောက်ကွယ်ပြီး သိစိတ်အာရုံကလည်း အမှောင်ထုနှင့် တိတ်ဆိတ်မှုကြီးထဲတွင် နှောင်တည်းခံလိုက်ရသည်။ အသက်အလျောက် ကြီးထွားလာနေသည့် ကျွန်မ၏ ခန္ဓာကိုယ်သည် သတ္တ၀ါ၏ အလိုအလျောက် တုံ့ပြန်မှုယန္တရားများဖြင့်သာ အဓိက ထိန်းချုပ်အုပ်စိုးထားသကဲ့သို့ ရှိနေရာ အခြားသူများ၏ အထင်အမြင်ကိုလည်း အပြစ်မဆိုသာပါချေ။

ကျွန်မ၏ သိစိတ်အာရုံကို တစ်ဖန်ပြန်၍ လွတ်လပ်ခွင့်ပေးခဲ့သောအရာသည် ကံကြမ္မာမဟုတ်။ ပါရမီထူးလှသည့် မွေးရာပါ ဆရာမတစ်ဦးဖြစ်သည် အင်နီဆာလီဗန်သာဖြစ်သည်။

အင်နီကား ကျွန်မဖတ်ဖူးသည့် စာအုပ်အချို့တွင် ပါတတ်သည့် ဆရာမကြီးမျိုးမဟုတ်။ သွက်လက်ထက်မြက် သော အမျိုးသမီးငယ်တစ်ယောက်သာ ဖြစ်ပြီး၊ သူမ၏ စိတ်အာရုံကမူ ကျွန်မတည်းဟူသော မျက်မမြင် နားမကြား သတ္တ၀ါမလေးအား သာမန်လူအများနည်းတူ ဘ၀ကို ပြည့်ပြည့်၀၀ ခံစားခွင့်ရသူတစ်ယောက် ဖြစ်လာအောင် မည်သို့ ပုံသွင်းဖန်တီးလိုက်မည်ဟူသော စိတ်ကူးရည်မှန်းချက်များဖြင့် အမြဲ လှုပ်ရှားတက်ကြွ လျက်ရှိသည်။

အလွန်မြင့်မြတ်သော စိတ်စေတနာဖြင့် ရောက်ရှိလာခဲ့သူ အင်နီအဖို့ ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာက ကြီးလွန်းလှသည်။ ဘာအနက်အဓိပ္ပါယ်မှ ကျွန်မ ဖော်မရနိုင်သည့် စကားလုံးများကို ကြေးနန်းရိုက်သလို ပုံစံမျိုးဖြင့် ကျွန်မလက်ကလေးထဲသို့ အကြိမ်ကြိမ် အထပ်ထပ် စားလုံးပေါင်းပြီး ထည့်ပေးသည်ကို ကျွန်မ အမှတ်ရမိပါသည်။

အစပိုင်းမှာ သူကြိုးစားသမျှအတွက် ဘာရလဒ်မျှ မမြင်ခဲ့ရ။ သူ ကျွန်မကို စာသင်ပေးနေတာပဲဟူ၍ လုံးဝ သဘောမပေါက်နိုင်ခဲ့။ သို့သော် သူမရောက်ပြီး တစ်လခန့်အကြာ မှတ်မှတ်ရရ ၁၈၈၇ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာတော့ ကျွန်မ၏ သိစိတ်အတွင်းသို့ “ရေ” ဟူသော စကားလုံးဖြင့် ဆရာမ စတင် ထိုးဖောက် ၀င် ရောက်နိုင်ခဲ့သည်။

ထိုနေ့က ရေဘုံဘိုင်မှာ ကျွန်မ မတ်ခွက် တစ်ခုဖြင့် ရေခံရသည်။ အင်နီက ရေကျအောင် မောင်းတံကို ဆွဲသည်။ ခွက်ကိုင်ထားသော လက်ပေါ် ရေတွေ ဒလဟော စီးကျလာနေစဉ် ကျွန်မ၏ အခြားလက် တစ်ဖက်ထဲသို့ သူက “ရေ” (W.A.T.E.R)....ဟူသော စကားလုံးကို အကြိမ်ကြိမ် စာလုံးပေါင်းပြီး ထည့်ပေး သည်။

ရုတ်တရက် ကျွန်မ သဘောပေါက်သွားသည်။ ၀မ်းသာလှိုက်လှဲစိတ်ဖြင့် အင်နီ့လက်ကို ကျွန်မ တအား ဖမ်းဆုပ်ထားလိုက်မိသည်။ နေမကောင်းဖြစ်ပြီးသည့်နောက်ပိုင်းတွင် ကျွန်မအဖို့ ပထမဆုံးအကြိမ်အဖြစ် တကယ် ၀မ်းသာကြည်နူးရခြင်းဖြစ်သည်။ သည့်နောက်တွင်တော့ ကျွန်မ ထိမိကိုင်မိသည့် အရာမှန်သမျှကို စကားလုံးလေးများဖြင့် အဓိပ္ပါယ် ဖော်ပေးရန်သာ ကျွန်မ ဆက်၍ဆက်၍ တောင်းခံနေမိတော့သည်။

အင်နီ့လက်ကလည်း အမြဲအဆင်သင့်။ အင်နီ၏ လက်မှသည် ကျွန်မလက်ဆီသို့.....အဓိပ္ပါယ်ကြယ်ပွင့်လေးတွေ လင်းပြက် ၀င်ရောက်ခဲ့သည်။ သူနှင့် ကျွန်မအကြား ချစ်ခင်မြတ်နိုးမှုတစ်ရပ် အံ့သြဖွယ် လျှင်မြန်စွာ ပေါက်ဖွားခဲ့သည်။

ရေဘုံဘိုင်မှ အိမ်သို့ အပြန်လမ်းတွင် ကျွန်မတို့ နှစ်ယောက်လုံး ၀မ်းသာပီတိတွေဖုံးကာ “ဟယ်လင်”....“ဆရာမ” ဟူ၍ တစ်ယောက်ကို တစ်ယောက် ထပ်တလဲလဲ အပြန်အလှန် ခေါ်ဝေါ်နေမိကြတော့သည်။

ထိုအချိန်က စတင်သိကျွမ်းခွင့် ရလိုက်သည့် စကားလုံးကလေးများသည် ပထမဆုံး နေခြည်က ဆောင်းတွင်း ဆီးနှင်းများကို အရည်ဖျော်ချလိုက်သည့်ပမာ ကျွန်မ“ မသိခြင်း အမှောင်ထုကို ထိုးခွဲဖျော်ချခဲ့သည်။ ရုပ်ဝတ္ထုပစ္စည်း အမည်နာမများကို သင်ကြားပြီးသည့်နောက် နာမ၀ိသေသနများ၊ ထို့နောက် ကြိယာများကို သိလာရသည်။ အမှောင်ထု လွင့်ပြယ်နှုန်းက ပို၍ လျှင်မြန်လာသည်။ ကျွန်မ ထိတွေ့ရသမျှ အရာအားလုံးပင် ပြောင်းလဲသွားသည်။ ဆရာမ၏ တီထွင် ဖန်တီးတတ်သော လက်များအောက်တွင် ရေ-လေ-မြေတို့ ပို၍ အသက်ဝင် ရှင်သန်လာကြသည်။ လူ့ဘ၀၏ အဓိပ္ပါယ် အနှစ်သာရတွေ ကျွန်မအပေါ် ဒလဟော သွန်ဖြာကျလာသည်။”

Credit - Original Author

သူရဲကောင်းများကို အတုယူ



ကျော်ကြားမှုဆိုသည်မှာ သူရဲကောင်းလုပ်
ရပ် များ၏ သင်းထုံ သော ရေ မွှေးပင် ဖြစ်
တော့ သည်
ဆို က ရေးတီး

သူရဲကောင်းတွေဆိုတာ လောက ဓံ ကောင်းထက် လောကဓံဆိုးခံရပါများလို့
လည်းသူရဲကောင်း တွေ ဖြစ် တာဖြစ်တယ်
လွယ် လွယ် နဲ့ အောင် မြင် ကျော်ကြားမှု
ရတယ် လွယ်လွယ်နဲ့ သူရဲကောင်းဖြစ်တယ်
လို့ သမိုင်းစာမျက်နာ တွေမှာ မပါရှိဘူး
ခက် ခက် ခဲခဲဇွဲလုံ့လ နဲ့သာ အကြိမ်ကြိမ်
လဲကျ အကြိမ် ကြိမ်ပြန် ထပြီး အောင် ပွဲ
ရခဲ့ကြ တာဖြစ်တယ်
အောင် မြင် သူတွေရဲ့ အတ္တုပတ္တိ တွေကို
လေ့လာဖတ် ရှု ရမယ် နားထောင် ရမယ်
သူရဲကောင်းတွေရဲ့ ပြောင် မြောက် တဲ့
ရာ ဇဝင် ကိုကြည့်ရှု လေ့ လာပြီးအတုယူ
ရမယ်
မြန်မာရာ ဇ ဝင် မှာ ထင် ရှားတဲ့ ဦးကျည် ပွေ့
ခေါ်တဲ့ ရှင် ဒိသာပါ မောက် အဖြစ်မျိုးကိုလည်း အတုယူရမှာပါ
သူ့အဖြစ်မျိုးက အတုယူစရာ ကောင်းတယ်
ပုဂံပြည်မှာ ကျစွာမင်း ထီးနန်းစိုးစံ တော့
( ၅၉၆ -၆၁၂) မှာ ရှင် ဒိသာပါ မောက် အဖြစ်မျိုးကိုလည်း အတုယူရမှာဘဲ သူ့အဖြစ်မျိုးက အတုယူစရာ ကောင်းတယ်
ပုဂံ ပြည်မှာ ကျစွာမင်း ထီးနန်းစိုးစံတော့
(၅၉၆ - ၆၁၂) မှာ ရှင် ဒိသာပါ မောက်က
အသက် ခြောက်ဆယ် ရှိပြီဖြစ်တဲ့ ရဟန်း
အို ကြီး သူ က အမှုမဲ့ အမှတ်မဲ့ နေလာတာ
ပိဋကတ် စာပေ တစ်လုံးမှ မတတ်ဘူး
တစ် နေ့ တော့ ဒန်ပူ တွေကို ကြည့်ပြီး အကြံဖြစ် လာ တော့တယ်
ငါ ဟာ ဒန်ပူတစ်ချောင်းကျ သွားတိုက်ပြီးပစ်
ခဲ့တာ ယခုတော့တွင်းနက် တောင် ပြည့်
တော့မယ် အကယ်၍သာတစ်နေ့ တစ်နေ့
ဒန်ပူတစ်ထောက်စာစာပေ လေ့လာခဲ့ရင်
ယခုဆို ငါဟာ စာ အ တော်တတ်ပြီ ငါအမှတ်မဲ့ နေခဲ့တာ မှားလေစွ ယခုကစပြီး
စာ သင် တော့မယ် လို့ တွေးကြံမှုစ တော့
တယ်
ကျစွာမင်းကြီးထံ သွားပြီးကဲ့ကူဆံ အလှူခံတယ် အလှူခံအသွားမှာ ရဟန်းအိုကြီးကိုကျစွာမင်းက ရယ်သွမ်းသွေးတယ်
ကံ့ကူဆံလှူရန်ကိစ္စမှာ မခဲယဉ်းလှပါဘုရား
အရှင် ဘုရားမှာ အသက်အရွယ်ကြီးရင့် ပြီ ဖြစ်လို့ ယခုမှ စာသင် ရင် ကျည်ပွေ့ အတက်
ပေါက်မှ တတ်ပါလိမ့်မယ်
လို့ရက် ရက် စက် စက် ပြောလိုက်တယ်
ပြောခံရ ပေမယ့် ရဟန်းအိုကြီးက စိတ်ဓာတ်
မကျ သွားဘူး ဒန်ပူတစ်ထောက် စာဖတ်ဖို့
ကိစ္စသာ ခေါင်းထဲထားတယ် ငုတ်မိသဲတိုင်
တက် နိင် ဖျားရောက် တစ်နေ့မှာ ဘုရင်
ကျစွာမင်းကို ငါ စာတတ်ကြောင်းပြမယ်လို့
ကြိတ်ကြိုးစားတယ်
ဒန်ပူတစ်ထောက် ဆီစုလိုက်တာစာတွေအများ
ကြီး ဟာ ကာလအတန်ကြာ အပြန်တစ် ရာ
များလာပါပြီ
တစ်နေ့မှာကျည်ပွေ့ကို အတက် ပေါက်သလို သစ်ခက်စိမ်းတွေပတ်ချည်နောင်
သွားတယ် ကျည်ပွေ့လည်းအတက် ပေါက်ပြီ ငါလည်းစာတတ်ပြီကွ

အဲသည်မှာဦးကျည်ပွေ့ လို့နာမည်တွင်ပြီး
မင်းအဆက်ဆက် ကိုးကွယ်တော့တယ်
ဒိသာပါ မောက် အ ကြောင်းကို ရေးသားထားတဲ့
"ရှင် ဒိသာပါ မောက် ကျောက်စာ"ဟာ
ယ နေ့တိုင် ထင် ရှားပါတယ် ဦးကျည်ပွေ့ဟာ လောက ဓံကို သ ဘောအ
မှန် နဲ့ ရင် ဆိုင် သွားတာပါ
ထို့ အတူ မြန်မာ့စာပေသမိုင်းမှာ
ကျော်ကြားတဲ့ ဝန် ဇင်းမင်းရာဇာ ဟာတကယ်
တော့ တောရွာက လယ်သမားလေး
ဘဝက နေ တက်လှမ်းခဲံ့သူပါ
ဝန်ဇင်းမင်းကို ဘုရင် တစ်ပါးတည်းမဟုတ်ဘဲ
စွာ စော်ကဲ ပြီးတော့ သားတော် ဆင်
ဖြူရှင် တရဖျား ညီတော် ပထမ မင်းခေါင် အထိ မင်းအဆက် ဆက် လယ်သမားပညာ
ရှိကြီးကို ကိုးကွယ်ခဲ့ရတယ်
ယ နေ့အထိ ကျော်ကြားနေတဲ့ဝန် ဇင်းမင်း
ရာဇာ ဖြက်ထုံး ဟာ စာ ပေနယ်မှာ အထင် အရှား
ပါ
အောင် မြင် သူ တွေ သူရဲကောင်းတွေကို
အတုယူပါ လောက ဓံကိုသူတို့ဘယ်လို ရင် ဆိုင် ဖြတ်သန်းလဲဆို တာ လေ့လာပါ
လူဆိုတာ ကို့ယ်သမိုင်းကို ရေးကြတာ ဖြစ်
တဲ့ အတွက် ကို့ယ် လောကဓကို လည်း
ကို သာ ဖြေရှင်း ကြ ရသာ ဖြစ်ပါတယ်

Credit- သု တေသီ ဘုန်းမြင့် သွေး

သာသနာ့အလံသမိုင်း နှင့် စတင်တီထွင်သူ


==================

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

သူတို့ကိုမမေ့ပါနဲ့...



အသက် ၈၀ အရွယ် အဘိုးအို တစ်ယောက်သည်။ အသက် ၄၅ နှစ်အရွယ်ရှိ အဆင့်မြင့် ပညာတတ်မြောက်ထားသော သားဖြစ်သူ နှင့်အတူ သူ့အိမ်ထဲက ဆိုဖာပေါ်မှာ ထိုင်နေသည်။ ရုတ်တရက် ကျီးကန်းတစ်ကောင်သည် ပြတင်းပေါက်မှာလာနားသည်။

“အဲဒါ ဘာလဲ ” အဖေက သူ့သားကိုမေးသည်။ “အဲဒါ ကျီးကန်းပါ ” သားကပြန်ပြောသည်။ ခဏကြာမှာ အဖေက သူ့သားကို ထပ်မေးပြန်သည်။ “အဲဒါဘာလဲ”

“အဖေ အဲဒါ ကျီးကန်းပါလို့ ကျွန်တော်ပြောပြီးပြီလေ ” သားကပြောသည်။

အချိန်အနည်းငယ်ကြာပြီးနောက် အဖေအိုက သူ့သားကို တတိယအကြိမ်မြောက်ထပ်မေးပြန်သည်။ “အဲဒါဘာလဲ”
ဒီတစ်ကြိမ်တွင် သားက သူ့အဖေကို အော်ပြောလိုက်လေသည်.။

“ဘာဖြစ်လို့ ဒီမေးခွန်းကိုပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ ၊ အဲဒါဟာ ကျီးကန်းပါလို့ အကြိမ်ပေါင်းများစွာ ပြောပြီးပြီပဲ၊ ဒါကို နားမလည်နိုင်အောင်ဖြစ်နေသလားဟင်

အဖေသည် သူ့ အခန်းထဲဝင်သွားကာ သူ့သားမွေးကတည်းက သူထိန်းသိမ်းလာခဲ့သည့် စုတ်ဖွာနေသော ဒိုင်ယာရီစာအုပ် တစ်အုပ်နှင့်အတူ ပြန်ထွက်လာသည်။ စာမျက်နှာတစ်ခုကို ဖွင့်ပြီး ထိုစာမျက်နှာ ကိုဖတ်ကြည့်ရန် သူ့သားကို ပြောသည်။ သားကဖတ်ကြည့်သောအခါ ဒိုင်ယာရီထဲမှာ အောက်ပါစာသားများ ရေးထားသည် ကို တွေ့ရသည်။

“ ဒီနေ့ သုံးနှစ်အရွယ် ငါ့သားလေးက ငါနဲပအတူ ဆိုဖာပေါ်မှာ ထိုင်နေတုန်း ကျီးကန်းတစ်ကောင်ဟာ ပြတင်းပေါက်မှာနားနေတယ်။ အဲဒါ ဘာလဲလို့ ငါ့သားက ၂၃ ကြိမ်မေးတော့ အဲဒါဟာ ကျီးကန်းလို့ ၂၃ ကြိမ်လုံးလုံး ပြန်ဖြေခဲ့တယ် ။ သူမေးခွန်းမေးလိုက်တဲ့ အကြိမ်တိုင်း ငါက သူ့ကို မြတ်မြတ်နိုးနိုးနဲ့ ထွေ့ဖက်ထားခဲ့တယ်။။ ဒေါသထွက် စိတ်ဆိုးတာ လုံးဝမရှိပါဘူး။ ငါ့ရဲ့ အပြစ်ကင်းစင်တဲ့ သားအတွက် တော်တော့ကို ချင်ခင်တွယ်တာမှုတွေ ခံစားခဲ့ရတယ်.။

“အဲဒါ ဘာလဲ ” ဟု ကလေးက သူ့ကို ၂၃ ကြိမ်မေးနေစဉ် မေးခွန်းတစ်ခုတည်းကို ၂၃ ကြိမ် ပြန်ဖြေရာမှာ အဖေဖြစ်သူ အနေဖြင့် ဒေါသထွက်မှု မရှိခဲ့ သော်လည်း ယခုအလားတူမေးခွန်းကို အဖေက သားကို သုံးကြိမ်မေးရုံမျှနှင့် သားဖြစ်သူသည် စိတ်တိုကာ မခံမရပ်နိုင်ဖြစ်ခဲ့လေသည်။

သင်၏ မိဘများ အသက်ကြီးရွယ်အိုဘ၀သို့ ရောက်သောအခါ သူတိုကို ပစ်ပစ်ခါခါ ငြင်းပယ်ခြင်း သို့မဟုတ် ၀န်ထုပ်ဝန်ပိုးကဲ့သို့ ရှုမြင်ခြင်းမပြုဘဲ သူတိုကို ယဉ်ကျေးပျူငှာပြောဆိုပါ။ ခေါင်းအေးအေးထားပါ ။ နာခံပါ။ နှိမ့်ချမှုရှိပါ။ သူတို့ကို ကြင်နာပါ။ ထောက်ထား ညှာတာပါ၊ သူတို့သည် သင် က်ျလောကကြီးထဲ ရောက်ရှိနေရခြင်း၏ အကြောင်းတရားဖြစ်ပါသည်။

***တိုင်းတစ်ပါးက မေမေ့သားသို့ ***



သားရေ

မနေ့ ကသားကို အမေက သားလေးဒီလ ငွေလှမ်းပို့ ပီးပီးလားလို့ ဖုန်းဆက်မေးတော့သားက " အမေတို့ကလည်းဗျာာ

ကျနော်ပို့တဲ့ အချိန်ရောက်မှာပေါ့..အမေတို့ကုန်အောင်သုံးနေတာဘဲပီးခဲ့တဲ့ လကပို့လိုက်တာလဲ ကုန်အောင်သုံးနေတာဘဲ

ကျနော်နိုင်ငံခြားမှာ အမြဲအလုပ် အဆင်ပြေနေတယ် မထင်နဲ့ နဲနဲပါးပါးလဲ စုကြအုံးးချွေတာသုံးကြအုံးဗျာာ" ဆိုပီးးဒေါသတကြီးနဲ့

ပြောပီးဖုန်းချ သွားတော့ အမေလေ သားနားလည်အောင် ရှင်းပြချိန်မရလိုက်ဘဲ ရင်ထဲမှာ နင့်ပီး ဖုန်းဆိုင်ကနေ အိမ်ပြန်လမ်း

တစ်လျောက် စိတ်တွေမကောင်းခဲ့ဘူး။လမ်းလျောက်နေတာတောင်လမ်းနဲ့ခြေထောက် ထိတယ်လို့ မထင်တော့ပါဘူး သားရယ်။။။

အမေ့ကြောင့် အမေ့သားလေးစိတ်ဆိုးဒေါသ တွေထက်သွားရတယ် ဆိုပီး အမေ စိတ်ထဲ မကောင်းဘူးကွယ်...အမေလေ စိတ်ထဲ မှာ အရမ်းဝမ်းနည်းပီးခံစားရပေမယ့် အမေမငိုပါဘူးး...အမေလုပ်တဲ့လူ မျက်ရည်ကျရင် သားသမီးမှာ ၀ဋ် ဆိုက်တတ်တယ်ဆိုလို့ အမေမငိုဘူးးသားအတွက် အမေ့မျက်ရည် မကျစေရပါဘူးသားရယ်...

မနေ့ က အမေ မေးတယ်ဆိုတာကလည်းးအမေက သားတို့လိုခေတ်ပညာတွေမတတ်တော့ ဗဟုသုတ နည်းပီး

အမေ့ဆီသားလေးပို့နေကျ အချိန်မရောက်ရင် သားလေးလုပ်အားခပိုက်ဆံတွေ အမေ့ဆီမရောက်ဘဲ လမ်းမှာများပျောက်ပျက်သွားလေးမလား စိတ်ပူလို့ မေးမိတာပါကွယ် အမေ့ဆီမှာ အရင်သားပို့ ထားတဲ့ ငွေလေးတွေရှိပါသေးတယ် သားရယ် အမေငွေလိုချင်လို့ မေးတာ မဟုတ်ပါဘူး သားလေးဆီကငွေပို့တယ်မပို့ ဘူး ဆိုတာ အမေ့အတွက်တော့ အရမ်းကြီး အရေးကြီးမနေပါဘူးးသားလေးရယ်

အမေအလွန်ချစ်တဲ့ သားလေးကို အမေ့ရင်ခွင်ထဲက ခွဲထုတ်ပီးးတိုင်းတစ်ပါးကို ပို့ထားရပီးပီးဘဲလေ..အမေ့သားလေးကို အမေမဖြစ်သာလို့ သာလွတ်ထားရပေမဲ့ သားနဲ့ ဝေးနေရတဲ့ အချိန်တိုင်း အမေ့ရင်ထဲမှာ နာကျင်ခံစားနေရတာချည်းပါသားရယ်...

သားဆီက ငွေဆိုတာလည်း သားညီလေးနဲ့ ညီမလေး အတွက်ဘဲအမေသုံးစွဲနေခဲ့ပါတယ် သားရယ် သားဆီကငွေကို အမေ့ အတွက်ဆိုပီးမဆင်မခြင်မသုံးစွဲရက်ပါဘူးးသားရယ် ...သားတို့ကို လူတလုံးသူတစ်လုံးးဖြစ်အောင် မြေတောင်မြှောက်ပေးဖို့ အတွက်က မေ့တာဝန်ပါ ..တကယ်ဆိုအမေကပဲသားတို့ကို ရှာဖွေကျွေးမွေးရမှာပါ သားရယ်..အခုချိန် မှာသားလေးက လိမ်မာစွာနဲ့ အမေ့ကို ကူပီးရှာဖွေကျွေးမွေးနေတာကိုက အမေကျေးဇူးတင်လှပါပီးးသားရယ်..အမေမွေးရကျိုးနပ်ပါပိးး

သားရေ...အမေ့ အတွက်ကတော့လေ..အလှအပတွေလေည်းမလိုတော့ဘူးးအရှက်လုံရုံ ဖျင်ကြမ်းတစ်ထည် နဲ့လည်း အမေနေနိုင်ပါတယ် စားစရာ ထမင်းကြမ်းခဲ ငရုပ်သီးမှုန့်ဖြူးပီးလည်းးအမေတင်းတိမ်တယ် ..သွားစရာဖိနပ်မလိုအမေ့ ခြေထောက် ဗလာနဲ့လည်းနေပူထဲ အမေလျှောက်နေတာပါပဲသားရယ်...ငါ့သားလေး အမေ့အပေါ် စိတ်မကွက်ပါနဲ့နော်.သားး..သားလေး အလုပ်ထဲမှာဘာအဆင်မပြေဖစ်နေသလဲ အမေမသိပေမဲ့ သားလေးစိတ်ချမ်းသာအောင်နေပါ...

ငွေမပို့နိုင်သေးရင်လည်း အမေ့ဘက်က ရပါတယ်..အမေ့မှာ ခြေနှစ်ဖက် လက်နှစ်ဖက် အကောင်းကြီးရှိပါသေးတယ်..သားလေး အဆင်မပြေဘူးဆိုရင် ပြန်သာလာခဲ့ သားတို့ လူပုံ အလယ် ဘ၀လှအောင် အမေ နှစ်ဆတိုးပီးရှိတဲ့ခွန်အားနဲ့လုပ်ကျွေးမယ်သားး

တိုင်းတစ်ပါးက မေမေ့ သားလေးးအမြဲ အဆင်ပြေပါစလို့လည်း အမေဘုရားမှာ နေ့တိုင်း မမေ့မလျှော့ ဆုတောင်းပေးလျှက်ပါနော် ..သားရေ..အမေ စိတ်မကောင်းလိုက်တာ ကွယ် အမေ့သားလေး အမေ့အပေါ်မှာ အမြန်စိတ်ဆိုးပြေပါစေတော့ကွယ်...

(အမေတစ်ယောက်ရဲ့ မေတ္တာကို....ပြန်လည်မျှဝေလိုက်ပါတယ်)

စိတ်ဓာတ်ကျခြင်း


~~~~~~~~~
လူတစ် ယောက် ရဲ့ အောင် မြင် မှု ရပ်တည်
မှု တွေ ဟာ အဲဒီ လူ ရဲ့အ ပေါ်ယံရုပ် ရည်
အ ပေါ် မူတည်ပြီး ဖြစ် တည်လာခဲ့တာ
မဟုတိပါဘူး အဲဒီလူရဲ့ စိတ်ဓာတ်ခွန်အား
တွေ ကြောင့် ရ ရှိလာတဲ့ အကျိုးဆက် တွေပါ စိတ်ဓာတ် ဟာ လူတစ် ယောက်
ရဲ့ ဘဝမှာ အင် မတန် အ ရေးကြီးလှပါတယ် စိတ်ဓာတ် ဟာ လူတစ်
ယောက် ရဲ့ဘဝမှာ အင် မတန် အ ရေးကြီး
လှပါတယ်
်စိတ်ဓာတ်ခိုင် မာတဲ့ လူတစ် ယောက် ဟာ လောကဓံကိုကြံ့ကြံ့ ခံရင် ဆိုင် နိင် ပြီး
အောင် မြင် မှု ကိုရယူနိင် ပါတယ်
စိတ်ဓာတ် ပျော့ညံ့တဲ့လူတစ် ယောက် ဟာ
လောကဓံ လှိုင်းထန်ကို မရင် ဆိုင် နိင် ဘဲ
ရှုံးနိမ့်သူ အဖြစ် သာ ဘဝဇာတ်သိမ်း
သွားနိင် ပါတယ်
ယုတ်မာတာကောက်ကျစ်တာ ချမ်းချမ်းသာသာ
နေ ချင် တာ စိတ် သ ဘောထားမြင့်မြတ်
ဖြူစငိ တာ စတဲ့အရာ တွေက လညိး
လူ တစ် ယောက် ရဲ့ စိတ်ဓာတ် အ ပေါ်
မူတည်ပြီးဖြစ် လာတဲ့ အ ခြေ အ နေ
ေ တွေပါ
လူ့တစ် ယောက် ရဲ့ ဘဝမှာ စိတ် ရဲ့စွမ်းအင် က အဲဒီလောက် လွှမ်းမိုးခံနေ
ရတာကို နားလည်သိရှိနိင် မှသာ စိတ်ဓာတ်
ကျခြင်း (Depression) ဆိုတဲ့ ရောဂါ
ကြီးကို ကာကွယ် နိင် မှာပါ
စိတ်ဓာတ်ကျန်းမာရေးက ရုပ်ကျန်းမာရေးထက်
အ ရေးကြီးပြီး လွှမ်းမိုး မှု ကလည်းများ
ပါတယ် စိတ်ဓာတ်ကျရင် ရုပ်ပါ ကျပြီး
အရင် လို ချော ချောလှလှ မဖြစ်တော့ပါ
စိတ်ဓာတ်ကျနေ လို့ကို့ဘဝ အောင် မြင်
တိုးတက် သွားတယ်ဆိုတာမရှိပါဘူး ပိုမိုပြီး
စိတ် ရောလူပါ လက် ရှိ အ ခြေ အ နေ ထက် ကျ သထက် ကျလာမှာပါ
အဲဒါ ကြောင့် လူတစ် ယောက် အ နေ နဲ့
ဘယ်လို အ ခြေ အ နေဘယ်လို အခက်
အခဲမျိုးဘဲကြုံပါစေ စိတ်ဓာတ်မကျ သင့်
ဘဲ သတ္တိ ရှိရှိ ရင် ဆိုင် ပါ
လူမကျန်းမာရင် တောင် စိတ်ဓာတ်ကျန်းမာ
ခြင်းရှိပြီး စိတ် ဓာတ် မကျဘဲ မြင့် တက်
ေ နေ သော လူနာ တစ် ယောက်ဟာ
နောက် ဆုံးအချိန်အထိ အခက် အခဲမရှိဘဲ
ကောင်းကောင်းမွန်မွန်နဲ့ ရောဂါ ဝေဒနာ
ကို ရင် ဆိုင် နိင် ပါတယ်
အရာမှန် သမျှ စိတ်က ဆောင် တဲ့ပုထုစဉ်
တွေ အ နေ နဲ့ အရမ်း အ ရေးကြီးတဲ့စိတ်ဓာတ်မကျသငိ့
ပါဘူးလို့ တိုက် တွန်းချင် ပါတယ်

Proverbs ( စကားပုံများ)


1.We are on the same boat (တစ်လှေတည်းစီး တစ်ခရီတည်းသွား)
2. No pain, No gain. ( အနာမခံရင်အသာမစံရ)
3. Where there's a will, there's a way. ( လိုလျှင်ကြံဆနည်းလမ်းရ)
4. Never too late to mend. ( ပျက်အစဉ်ပြင်ခဏ)
5. Love is blind. ( အချစ်မှာမျက်စိမရှိ)
6. A fool and his money are soon parted. ( လူမိုက်နှင့်ငွေအတူမနေ။ အခုရအခုကုန်)
7. Beauty is only skin deep. ( လှတာမက်ရင်ညစာခက်မယ်)
8. Never too late to turn. ( ပြောင်းလဲရန်ဘယ်သောအခါမှနောက်မကျ )
9. A little knowledge is a dangerous thing. ( မပြည့်တဲ့အိုးဘောင်ဘင်ခပ်)
10. All roads lead to Rome. ( နောက်ဆုံးတော့လဲဒီဘူတာဘဲဆိုက်)
11. Chance never comes twice. ( အခွင့်အရေးဟာ ဘယ်တော့မှနှစ်ခါမလာဘူး )
12 Never too old to late. ( ပညာလိုအိုသည်မရှိ )
13. Draw the thread while the moon shines. (လသာတုန်းဗိုင်းငင်)
14. The moral lessons lie in the books. ( အလိမ္မာစာမှရှိ )
15. Harm set , harm get. ( သူများမကောင်ကြံ ကိုယ့်ဘေးဒဏ်)
16. Take the bull by the horns. ( လာမဲ့ဘေးပြေးတွေ့)
17. To cash pearts before swine. ( ကျွဲပါးစောင်းတီး )
18. Store up the wather while it rains. ( မိုးရွာတုန်းရေခံ )
19. All's well that ends well.( အစကောင်းမှအနှောင်းသေချာ )
20.To cash pearts before swine. ( ကျွဲပါးစောင်းတီး )
21. Kill two birds with one stone. (ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ထိ ၊တစ်ချက်ခုတ်နှစ်ချက်ပြတ်)