Saturday, September 3, 2011

HTML အကြောင်းလေ့လာရအောင်

HTML အကြောင်းမိတ်ဆက်
နေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။ကျွန်တော်တို့တွေဟာလည်း
Internetပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepageများကို အလွယ်တကူယူဆောင်နိုင်လေပြီ။ Internet
ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။အလွယ်ရှင်းရရင်တော့ Internet ဆိုတာ ကမ္ဘာပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်
ဆက်ထားသော Networkကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information တွေဖလှယ်ဖို့အတွက် Web Page
တွေကို ရေးဆွဲရပါတယ်။Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။ရေးသားထားတဲ့ Web Page
တွေကို Web Browser Softwareနဲ့ ကြည့်ရှုရပါတယ်။ Web Broswer Software တွေကInternet Explorer နဲ့
Firefox တို့က နာမည်ကြီးတွေပါ။
HTML History
1989 ခုက Tim Berners-Lee နဲ့ Rober Calliau ဟာ Research Documents တွေကို ပိုမိုမြန်ဆန်ကောင်းမွန် မယ့်
နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-Lee ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး
Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ
Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag တွေပါထည့်သွင်းနိုင်ခဲ့ပါသည်။ Berners-Lee ရဲ့
နည်းပညာကို Hyber Text Markup Language ဆိုတဲ့ HTML ပါပဲ။
Tag ဆိုတာဘာလဲ
Tag ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို ခွဲခြားလို့ရအောင်လုပ်ထားတာပါ။ ဘယ်လိုမျိုးလဲဆိုရင်
တော့ <b>This is bold </b> ဆိုရင် web browser နဲ့ ကြည့်ရင် စာလုံးဟာ bold ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ <b>
နဲ့ </b> တို့ဟာ tag တွေပါ။ အများအားဖြင့် tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်
HTML အတွက် Editor
HTML အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Dreamweaver အကြိုက်ဆုံးပါပဲ။
သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver ကိုသုံးရင်တော့
HTML codeတွေသိလာမှာ မဟုတ်သလို တခြား website တွေကို ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့
တွေ သူများတွေပေးထားတဲ့website template ကိုပြင်ချင်တယ်။ ကိုယ်ပိုင်သေသေချာချာ HTML code တွေကို
သိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာNotepad သုံးပြီးလေ့လာပါ။ လေ့ကျင့်ပါ။ HTML က web site ဆွဲရတဲ့
အထဲမှာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web programming
တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Railတို့မှာ အထောက်အကူဖြစ်မှာပါ။
Notepad ဖြင့်စတင်ခြင်း
၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။

ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။

၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့
Word Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။

HTML စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
<html> <head><title>This is title</title> </head><body>This is body</body></html>

HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code တွေရေးရပါတယ်။
Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title ထည့်ထားသည်ကို တွေ့ရမည်။ Title သည်
Browser ၏ ထိပ် bar တွင် တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ
စာများရေးသားနိုင်သည် ။
၂. အဲဒါကို တနေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။
file name ကို firstrun.html လို့ပေးလိုက်ပါ။ firstrun သည် မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည်
file extension ဖြစ်သည်။ HTML ရေးထားသော page များကို .html နှင့် .htm လို့ပေးမှသာ browser တွင်
ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file လေးကို double

click လုပ်ပြီး ဖွင့်လိုက်ပါ ။ အဲ့ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။ထိပ်ပိုင်းတွင်
File ပတ်လမ်းကြောင်းကို address bar တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော
This is tile ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင် တွေ့ရမည်။ Body tag ထဲတွင
ရေးထားသော This is body ဆိုသော စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်မယ်ဆိုရင်တော့
IE7 မှာဆိုရင်Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
IE 6 မှာဆိရင်View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း
save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save လုပ်လို့မရပါဘူး။
Header Tag
notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ
<html><head><title>Example Of Header</title></head><body><h1>This is Header</h1>
This is normal text</body></html>အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။
အခုလိုမြင်ရပါလိမ့်မယ်။ Head Tag က h1ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။
h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ လက်တွေ့စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး
save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင် တွေ့ရပါလိမ့်မယ်။ <html><head><title>Example</title>
</head><body><h1>H1</h1><h2>H2</h2><h3>H3</h3><h4>H4</h4><h5>H5</h5>
<h6>H6</h6></body></html> အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။
တကယ်တန်းတော့ မခက်ပါဘူး။ဒါကအစပဲ ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ပင် စာတွေပဲပါတဲ့ page တစ်ခု
ရေးလို့ရနေပြီ။ ဒါပေမယ့် လိုအပ်တာတွေ ရှိသေးတာပေါ့။ အခုဆက်ပြီး bold ၊ italic ၊ underline လုပ်ပုံလေးတွေ
ဆက်ပြောပါမယ်။ လွယ်ပါတယ်။
Line Break
HTML မှာ စာတစ်ကြောင်းဆင်းချင်ရင်တော့ <br/> ကိုသုံးပါတယ်။ သူ့မှာ close tag မပါဘူး။ <br/> ပဲရေးရေး <br>
ပဲရေးရေးရပါတယ်။
<html><head><title>Example</title></head><body>First Line<br/>Second Line<br>Third Line

</body></html>
Bold ၊ Italic ၊ Underline Tag
bold မို့လို့ ကျွန်တော်တို့တွေ <b> ကိုသုံးပါမယ်။ နောက်ပြီး italic မို့လို့ <i> ပေါ့။ ဒါဆိုရင်
Underline ကဘာလဲဆိုရင် သိပြီးသားလောက်ပါ။ ကျွန်တော်တို့တွေ <u> ကိုသုံးပါမယ်။ အဲဒါကို
notepad ထဲမှာ ဒီလိုရေးပြီး run လိုက်ရင်ရပါတယ်။

<html><body><b>This is bold</b> <br/><i>This is italic</i> <br/>
<u>This is underline</u> <br/></body></html>

Bold လုပ်မယ်။ နောက်ပြီး အဲဒါကို underline သားမယ်။ ဒါမှ မဟုတ် italic လုပ်မယ်။
အဲလိုမျိုးလုပ်ချင်တယ်။ ရပါတယ်။ tag တွေထဲမှာ tag တွေထည့်လိုက်ပေါ့။ ဒီလိုထည့်လို့ရပါတယ်။
<i><b>This is bold italic </b></i>

<u><i><b>This is bold italic </b></i></u>
အဲလိုမျိုးရေးလို့ရပါတယ်။ တချို့လူတွေက မေးတတ်တယ်။
<i> နဲ့စမှ ရမှာလား။ ဒီလိုတိုင်း အစဉ်တိုင်းရေးမှ
ရမှာလား။ နောက်ပြီး <b><i></b></i> အဲလိုမျိုးတွေကော ပိတ်လို့မရဘူးလား။ဘာနဲ့ စစရပါတယ်
အစဉ်တိုင်းမဟုတ်ပဲ <b><i> This is bold italic </i></b> လို့ရေးလည်းဖြစ်ပါတယ်။ နောက်ပြီး
tag အဖွင့်တွေ အပိတ်တွေက ကြိုက်သလိုဖြစ်နေလို့ရပါတယ်။ ဒါပေမယ့် structure ကျကျလေး။
ပုံစံကျကျလေး ဖြစ်နေရင်ကောင်းတာပေါ့။ နောက်မို့ဆို code ကိုပြန်ဖတ်ရခက်တာပေါ့။
Pre Tag
ကျွန်တော်တို့တွေ စာတစ်ကြောင်းဆင်းရမှာ မကြိုက်ဘူး။ Enter ခေါက်လိုက်ရုံနဲ့တင် တစ်ကြောင်းဆင်းချင်တယ်။
အလွယ်ဆုံး နည်းလမ်းကတော့ dream weaver သုံးလိုက်ခြင်းပဲ။ အဲဒါဆိုရင်တော့ HTML နားလည်
မှာမဟုတ်တော့ဘူး။ နောက်တစ်နည်းကတော့ <pre> ပါ။ ဒါပေမယ့် သူက font ပုံစံပြောင်းသွားတယ်။
အဲဒါက ကိစ္စ မရှိပါဘူး။ နောက်ပိုင်း font တွေဘယ်လိုပြောင်းရလဲ ဆိုတာသိလာရင် လာပြင်လိုက်လို့ရပါတယ်။
နောက်ပြီး <pre> မှာ သူက tab ခေါက်ထားတာတွေ အစသိပါတယ်။

<html><head><title>Example</title></head><body><pre>Pre Tag, Now EnterNow Tab Tab

</pre></body></html>
Paragraph Tag
ကျွန်တော်တို့တွေ စာတွေကို paragraph ပုံစံရေးချင်တယ်။ စာပိုဒ်တွေနဲ့ ရေးမယ်ပေါ့။ ဒါဆိုရင်
<p> ကိုသုံးလို့ရပါတယ်။ သူက အပိတ် tag မပါလည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းတာပေါ့။

<html><head><title>Example</title></head><body><h1>About Notepad</h1><p>
Notepad is a basic text editing program and it is most commonly used to view or edit text files. A
Horizonal Line
ကျွန်တော်တို့တွေ horizonal မျဉ်းသားချင်တဲ့ အခါမှာ သုံးလို့ရပါတယ်။ သုံးပုံသုံးနည်းကတော့
<hr> ပါပဲ။ close tag မပါပါဘူး။

<html><head><title>Example</title></head><body><h1>About Notepad</h1>

<p>Notepad is a basic text editing program and it is most commonly used to view or
edit text files. A text file is a file type typically identified by the .txt file name extension. </p>

<hr><h1> How do I change the font style and size?</h1><p>Changes to the font style and
size affect all the text in the document.<br/>
Attribue
ကျွန်တော်တို့တွေဟာ tag တွေမှာလည်း attribute တွေထည့်ပြီး သုံးနိုင်ပါတယ်။
attribute ဆိုတာကတော့ အဲဒီ tag ပိုင်ဆိုင်တဲ့ properties ပေါ့။ tag တိုင်းမှာတော့
attribute မရှိပါဘူး။ အခု ဦးစွာ အရင်ဆုံး body မှာပါတဲ့ color attribute အကြောင်းလေးနဲ့ စလိုက်ရအောင်။
Body Color
<html><head><title>Example</title></head><body bgcolor=silver>Body BGCOLOR</body>
</html>
အဲဒီ code လေးကို run လိုက်ရင်တော့ အရင်ကလို background color က အဖြူရောင်မဟုတ်တော့ပဲ
စိမ်းနုရောင်လေးဖြစ်နေတာကို တွေ့ရပါမယ်။အောက်က Table မှာအသုံးများတဲ့color16ရောင်နာမည်တွေပါ။
Silver, Gray, Maroon ,Green, Navy ,Purple, Olive, Teal ,White ,Black ,Red ,Lime ,Blue, Magenta ,
Yellow ,Cyan ကျွန်တော်တို့တွေဟာ colorတွေကို code အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သုံးရမှာကတော့
RGB color ပါ။Hex code number ကိုအသုံးပြုရပါတယ်။ #FF0000 ဆိုရင်တော့အနီရောင်ပါ။
ရှေ့ဆုံး ၂ လုံးက အနီရောင်ဖြစ်ပြီးအလယ် ၂ လုံးက အစိမ်းရောင်ပါ။ နောက်ဆုံး ၂လုံးကတော့ အပြာရောင်ပေါ့။
အဲဒီ အရောင် ၃ရောင်ကို စပ်ပြီး သုံးရပါတယ်။တကယ်လို့ color တွေကို မသိဘူးဆိုရင် photoshop ကနေလည်း
ကြိုက်နှစ်သက်တဲ့ အရောင်ကို ယူပြီးသုံးနိုင်ပါတယ်။ဘယ်လိုယူရမလဲဆိုရင်တော့ အရင်ဆုံး photoshop ကိုဖွင့်လိုက်။
ဘယ်ဘက် အောက်နားမှာ color ရွေးဖို့လေးပါတယ်။အဲဒါလေးကို double click လုပ်လိုက်ပါ။
color dialog box တက်လာပါမယ်။ ပြီးရင် နှစ်သက်ရာ အရောင်ရွေးပါ။color အရောင်ရွေးပြီးရင် အောက်နားမှာ
hex code လေးကို copy ကူးလိုက်ရုံပါပဲ။ ကျွန်တော်တို့တွေ color အနေနဲ့သုံးချင်ရင် # လေးကိုရှေ့မှခံပြီးသုံးလိုက်ရုံပါပဲ။
<html><head><title>Example</title></head><body bgcolor=#e5bb2c>Body BGCOLOR Hex code

</body></html> အခုဆိုရင်တော့ attribute ပိုင်း နဲ့ color ပိုင်းလေးကို နည်းနည်းပါးပါးသိလောက်ပြီလို့ထင်ပါတယ်။
attribute ထည့်လို့ရတဲ့ tag တွေကလည်း အများကြီးရှိပါသေးတယ်။ ဖြည်းဖြည်းခြင်း ပြောပြသွားမယ်။ အခု နောက်ထပ် tag
တစ်ခုဖြစ်တဲ့ <hr> ရဲ့attribute အကြောင်းလေးပြောပါမယ်။
Hr Attribute
ကျွန်တော်တို့တွေဟာ tag တစ်ခုရဲ့နောက်မှာ attribute တစ်ခုထက်မက လိုက်လို့ရပါတယ်။
tag တွေနောက်မှာ attribute တစ်ခုထက်မကပါတာတွေကို နောက်ပိုင်းမှာတွေ့ရပါလိမ့်မယ်။
အခုတော့ hr အကြောင်းလေး ဆက်ရအောင်။ <html><head><title>Example</title></head>

<body bgcolor=#e0e0e0>Default HR<hr>Hr with size=1<hr size=1>Hr with size=5

<hr size=5>Hr with size=10<hr size=10>Hr with size=10 and noshade<hr size=10 noshade>

Hr with size=5 and color<hr size=5 color=#D60000></body></html> အဲမှာ size ကတော့ အရွယ်အစားပါ။
noshade ဆိုတာကတော့ shade မပါတဲ့ဟာကို ပြောတာပါ။ ဗြောင်ကြီးပေါ့။ color ကတော့မိမိကြိုက်နှစ်သက်တဲ့အရောင်ထည့်
လို့ရပါတယ်။
Move To Center
သူက စာလုံးတွေကို center ရောက်အောင်လုပ်ပေးပါတယ်။
<html><head><title>Example</title></head><body><center>This is center

</center></body></html>
This is center ဆိုတာလေးက အလယ်ပိုင်းကိုရောက်နေတာကိုတွေ့ရပါမယ်။
အဲဒါလေးကို သုံးပြီး စာတွေကို အလယ်ပိုင်းကို ရွေ့ထားလို့ရပါတယ်။
<html><head><title>Example</title></head><body><h1 align=”justify”>Test</h1>
</body></html>
အဲဒီ code မှာဆိုရင်တော့ header တွေက အလယ်ကိုရောက်နေတာကိုတွေ့ရပါလိမ့်မယ်။
Font
Font ကတော့ HTML မှာအရေးပါတဲ့ အပိုင်းပါ။ Web Page တစ်ခုမှာ ကိုယ်လိုချင်တဲ့ font ကိုပြောင်းလဲဖို့အတွက်
font tag ကိုသိမှ ဖြစ်မှာပါ။ <html><head><title>Example</title></head><body>

<font face=”Zawgyi-one”>Zawgyi Font ဖြင့်အသုံးပြုထားသည်</font></body></html>
အဲဒါဆိုရင် <font> နဲ့ </font> ကြားမှာရိုက်ထားတဲ့ စာက zawgyi-one font နဲ့ပေါ်နေမှာပါ။ face=”font name” ကိုထည့်ရတာပါ။     (ကူးယူဖေါ်ပြပါတယ်ဗျာ ဆရာမဟုတ်ပါ )

ICT နည်းပညာအကြောင်းဒုတိယပိုင်း

ICT ကိုအောင်စွာ အသုံးချနိုင်ရန်အတွက် အရေးကြီးသေားလိုအပ်ချက်များ (Critical Success Factors)
စီးပွားရေးလုပ်ငန်းများတွင် ICT နည်းပညာကိုအသုံးပြုသည်.အတွက် အကျိုးဖြစ်ထွန်းမှုများ
ရှိနိုင်ရန်မှာ ICT ကိုအောင်မြင်စွာအသုံးချနိုင်မှသာဖြစ်ပါသည်။     ICT     ကိုအသုံးပြုသော်လည်း
အောင်မြင်စွာအသုံးမချနိုင်လျှင် အကျိုးဖြစ်ထွန်းမှုကို ကောင်းစွာရရှိနိုင်မည်မဟုတ်ပါ။
စီးပွားရေးလုပ်ငန်းများတွင် ICT ကိုအောင်မြင်စွာ အသုံးချနိုင်ရန်အတွက်လက်တွေ.အကောင်
အထည်ဖော်ရာတွင်အခက်အခဲများကြုံတွေ.နိုင်သည်ဖြစ်ရာ ယင်းအခက်အခဲများကို ကျော်လွှားနိုင်
စေရန်အတွက် တွေ.ကြုံနိုင်သည်. အခက်အခဲ၊ပြဿနာများကို ကြိုတင်ဆန်းစစ်သိရှိထားနိုင်ရန်လို
အပ်ပါသည်။
၁။ တွေ.ကြုံနိုင်သည်. အခက်အခဲများ
(က)  ICT လုပ်ငန်းဆောင်ရွက်မှုပြုလုပ်မည်.အဖွဲ.အစည်း
၏အားနည်းချက်
မိမိအဖွဲ.အစည်းအတွက် ICT   လုပ်ငန်းအကောင်အထည်ဖော်ရန် တိကျရှင်းလင်းသော
ရည်ရွယ်ချက်ကောင်းစွာမသတ်မှတ်နိုင်ခြင်း၊အကောင်အထည်ဖော်မည်.စီမံကိန်းကိုသေ
ချာစွာမပြုလုပ်ခြင်းတို.ကြောင့် ကွန်ပျူတာစနစ်၏ဒီဇိုင်းသည် မှန်ကန်မှုမရှိတော့ဘဲအချိန်
ကြာမြင့်ကာ စရိတ်ပိုမိုကုန်ကျတတ်ပါသည်း
(ခ) ကျွမ်းကျင်သောလူအင်အား ပြည့်စုံစွာမရှိခြင်း
ICT လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် လုံလောက်သောအရည်အချင်းမီ ကျွမ်း
ကျင်လူအင်အားပြည့်စုံစွာမရှိခြင်းဖြစ်ပါသည်။ထို.ကြောင့် စနစ်အကောင်အထည်ဖော်ရန်
စနစ်ကိုပံ့ပိုးရန် များစွာအခက်အခဲဖြစ်နိုင်ပါသည်။
(ဂ)  ဘတ်ဂျက်လုံလောက်စွာမရရှိခြင်း
ICT လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လုံလောက်သောဘတ်ဂျက်နှင့်ငွေကြေး
ထောက်ပံ့မှုရှိရန်လိုအပ်ပါသည်။ သို.မဟုတ်ပါက ICT လုပ်ငန်းကိုရှိသောဘဏ္ဍှာငွေဖြင့်အလုပ်
ဖြစ်ရုံမျှသာ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို.ကြောင့်လုပ်ငန်းတစ်ပိုင်းတစ်စဖြင့်မပြီးစီးနိုင်သကဲ့သို.
ပြုပြင်ထိန်းသိမ်းစရိတ်လည်း ပိုမိုကုန်ကျနိုင်ပါသည်။
(ဃ) နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှု
ICT လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အချိန် ကြာမြင့်လျှင်နည်းပညာဆိုင်ရာပြောင်လဲ
မှုကြောင့်အသုံးပြုလျက်ရှိသော Hardware နှင့် Software များအသုံးပြုနိုင်မှု လျော့ကျလာခြင်းကို
ကြုံတွေ.ရတတ်ပါသည်။
(င)   ၀န်ထမ်းများက အပြောင်းအလဲကို လက်မခံလိုခြင်း
ICT နည်းပညာများကို အသုံးပြုပြီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်
ဆောက်ရွက်ရသော ၀န်ထမ်းများအနေဖြင့်ချက်ချင်း ယုံကြည်လက်ခံမှုမရှိနိုင်သေးခြင်း၊နည်းစနစ်
အသစ်ကို လက်ခံအသုံးပြုရန် ၀န်လေးခြင်းတိုဖြစ်တတ်ပါသည်။
(စ)  ကြီးကြပ်မှု အားနည်းခြင်း
ICT လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်စနစ်ကိုတာဝန်ခံပြီဆောင်ရွက်သူများ
ကလက်တွေ.လုပ်ငန်း အကောင်အထည်ဖော်မှုအပေါ်ကြီးကြပ်မှုအားနည်းခြင်းဖြစ်ပါသည်။
(ဆ) ယုံကြည်စိတ်ချရမှု(Trust) မရှိသေးခြင်း
အဖွဲ.အစည်းများ၏  ICTလုပ်ငန်းများနှင့်ဆက်စပ် ဆောင်ရွက်မည်. စီးပွားရေးလုပ်ငန်းများ၊
ပြည်သူလူထု စသည်တို.သည် ICT လုပ်ငန်းအပေါ် ယုံကြည်စိတ်ချမှုမရှိသေးခြင်းကြောင့်
ICT Service ကိုလက်ခံရန်ဝန်လေးကြခြင်း မျိုးကိုကနဦးပိုင်းတွင်တွေ.ရတတ်ပါသည်။
အထက်ဖော်ပြပါ အခက်အခဲများကို ကျော်လွှာနိုင်ရန်(သို.)လျော့နည်းသွားစေရန်အတွက်
ICTလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည်.ဌာနများသည် စနစ်တက စီမံဆောင်
ရွက်သွားရန် လိုအပ်ပါသည်။
၂။ အခက်အခဲများကို ဖြေရှင်းနိုင်မည်.နည်းလမ်းများ
(က)ICT လုပ်ငန်းစီမံချက် သေချာစွာရေးဆွဲခြင်း
ICT လုပ်ငန်းစီမံချက်ကို သေချာစွာကြိုတင်ရေးဆွဲပြီး အပိုင်းကဏ္ဍအလိုက်၊လုပ်ငန်းများ
အလိုက်အကောင်အထည်ဖော်ရမည်များကို အသေးစိတ် စီမံထားရန် လိုအပ်ပါသည်။
ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်လိုအပ်မည်.သွင်းအားစုများကိုလည်းပြည့်
စုံစွာစီမံထားရှိရန် လိုအပ်သည်။လက်တွေ.အကောင်ထည်ဖော်ရာတွင် တာဝန်ယူမည်.
Agency ကိုလည်း လုပ်ပိုင်ခွင့်များ အပြည့်အ၀ပေးအပ် ထားရန်လိုအပ်ပါသည်။မိမိအဖွဲ.
အစည်းမှလုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းမရှိသော လုပ်ငန်းများကိုလည်း တတ်နိုင်သမျှပြင်ပ
အဖွဲ.အစည်းများနှင့်တွဲဖက်ဆောင်ရွက်ရန်( Outsource ၊ not in-house)စီမံထားရမည်
ဖြစ်သည်။
(ခ) လူအင်အားပြည့်စုံစွာ ပြုစုပျိုးထောင်ခြင်း
ICT လုပ်ငန်းများအကောင်အထည်ဖော်အောင်မြင် နိုင်ရေးအတွက် အရေးကြီးဆုံး
လိုအပ်ချက်တစ်ရပ်မှာ ကျွမ်းကျင်ပြီး အတွေ.အကြုံရှိသော လူအင်အားပြည့်စုံမှုရှိရန်
ကြိုးပမ်းခြင်းဖြစ်ပါသည်။မိမိအဖွဲ.အစည်းအတွင်းမှသော်လည်းကောင်း၊ပြင်မပမှ
သော်လည်းကောင်း၊ တတ်နိုင်သမျှ စုစည်းဆောင်ရွက်ရန်လိုအပ်ပါသည်။အဖွဲ.အစည်း
အတွက်  Change Management ပြုလုပ်ပေးရန်လိုအပ်သကဲ့သို. ပါဝင်ဆောင်ရွက်မည့်
ဝန်ထမ်းများအားလည်း ICT လုပ်ငန်း အကောင်အထည်ဖော်ရင် Knowledge Worker
များ အသွင်သို. ပြောင်းလဲသွားနိုင်မည့် အခြေအနေမျိုးဖြစ်ပါသည်။
(ဂ)  လုပ်ငန်းငွေကြေးလိုအပ်မှုကိုအဖြေရှာခြင်း
လုပ်ငန်းများတွင် ICT အကောင်အထည်ဖော်နိုင်ရန် ဘဏ္ဍာရေးအကူအညီ ရရှိနိုင်မည်.နည်း
လမ်းမှာ ပုဂ္ဂလိကကုမ္ပဏီများအား BOT ၊BOO ၊ BTO စသောနည်းလမ်းတစ်မျိုးမျိုးဖြင့်ပါဝင်
ဆောင်ရွက်စေခြင်းပင်ဖြစ်ပါသည်။
(ဃ) ယုံကြည်မှုရရှိရန်ထူထောင်ခြင်း
ICT ကိုအသုံးပြုမည့်ပြည်သလူထုနှင့် စီးပွားရေး လုပ်ငန်းများအနေဖြင့် ယုံကြည်စိတ်ချစွာ
အသုံးပြုလာစေရန် စည်းရုံးဆွဲဆောင်မှုများဖြစ်သော လွယ်ကူလျင်မြန်ခြင်း၊လုံခြုံစိတ်ချမှု
ရှိခြင်း စသည်တို.အားလက်တွေ.ပြသခြင်းဖြင့် ယုံကြည်စိတ်ချမှု ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။
(င)  လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး
အတွက် ISO Standard အသုံးပြုခြင်း
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်ကိုအသုံးပြုသူများသည် စနစ်တီထွင်
ထုတ်လုပ်သူများ၊စနစ်ကြီးကြပ်ဆောင်ရွက်သူများ စသည်အားဖြင့် ကဏ္ဍမျိုးစုံမှ လူပုဂ္ဂိုလ်တို.ပါဝင်
သည်ဖြစ်ရာယင်းတို.အပေါ် ကြီးကြပ်မှုအားကောင်းရန်လိုအပ်ပါသည်။ ထို.ကြောင့်လုပ်ငန်း
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ISO Standard ကိုသုံးပြုပြီ Impkementation-
Project Management ပြုလုပ်သွားမည်ဆိုပါက စဉ်ဆက်မပြတ် ကြီးကြပ်မှုအားကောင်းနိုင်
သောကြောင့် စနစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။


ICT နည်းပညာအကြောင်းပထမပိုင်း

ICT နည်းပညာဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုဧ။်သဘာဝကို
ရှင်းလင်းလွယ်ကူအောင် ပုံဖြင့်ဖော်ပြပေးခြင်းဖြစ်ပါသည်။
သာမန်အားဖြင့် သိပြီးဖြစ်သော်လည်း ၊အုပ်ချုပ်ခြင်းနှင့် အလုပ်လုပ်ခြင်းနှစ်မျိုးရှိကြောင်း၊
ထိုနှစ်မျိုးစလုံးတွင် သတင်းအချက်အလက်(Information)များ တွဲပါနေကြောင်း၊
အထူးသဖြင့် အုပ်ချုပ်ခြင်းလုပ်ငန်းစဉ်ကြီးတစ်ခုလုံးသည် သတင်းအချက်အလက်
(Information) များကိုအသုံးပြုနေရကြောင်းကို သိစေလိုပါသည်။
အများအားဖြင့် အလုပ်လုပ်နေသော (Physical System) ကိုသာ စိတ်ဝင်စားအလေးထားကြပြီး
တစ်ပါးတည်းတွဲလျက်ရှိနေသော Information Space ကိုအမှတ်တမဲ့ ရှိမှန်းမသိဖြစ်နေတတလေ့ရှိပါသည်။
ICT နည်းပညာကို အသုံးမချနိုင်သေးလျှင် စီးပွားရေးလုပ်ငန်းတစ်ခုတွင် မမြင်ရဘဲတည်ရှိ
နေသော Information Space  ကို ကောင်းစွာအသုံးမချနိုင်သေးခြင်းဖြစ်
ပြီး ယင်းသို.အသုံးချသည်.အတွက်ရရှိမည်.အကျိုးတရားကို မခံစားနိုင်သေးခြင်းဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းများ၏ Information Space တည်ရှိနေပုံကို သိရှိနိုင်ပြီဆိုလျှင်
ယင်း Information Space အတွင်းအဆင့်ဆင့်ဖန်တီးအသုံးပြုရမည်.  Inform-
ation System များကိုလည်း ထပ်မံသိနားလည်ရန် လိုအပ်ပါသည်။
ICTနည်းပညာအသုံးပြုရန် ကွန်ပျူတာများဝယ်ခြင်း၊ ကြုံကြိုက်သည်.  Software   များ ၀ယ်ယူ
အသုံးပြုခြင်းသည် ICT နည်းပညာကို လုပ်ငန်းအတွက်စနစ်တကျ အကျိုးရှိအောင် အသုံးပြုခြင်းမဟုတ်ပါ။
အရေးကြီးသည်မှာ Information System အဖြစ်အသုံးပြုရန်ဖြစ်ပါသည်။Hardware နှင့် Software
များဆိုသည်မှာ အသုံးပြုခံပစ္စည်းနှင့် စနစ်များသာဖြစ်ပါသည်။အဓိကအရေးကြီးသည်. Information System
များမှာ ပင်မအလုပ်များအားအထောက်အကူပြုမည်. Operation Transaction Processing System နှင့်
ထိုစနစ်များ၏ သတင်းအချက်အလက်များပေါ်မူတည်ပြီးထိပ်ပိုင်းစီမံအုပ်ချုပ်သူများအတွက် စုစည်းသုံးသပ်တင်ပြနိုင်မည်.
Management Information Systemတို.ဖြစ်ပါသည်။
ICT နည်းပညာအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုများ-
.လုပ်ငန်း ကုန်ကျစရိတ်သက်သာခြင်း (Cost Reduction)
.လုပ်ငန်း ပိုမိုလွယ်ကူလျင်မြန်လာခြင်း (Speed)
.လုပ်ငန်းထိန်းချုပ်မှု ပိုမိုကောင်းမွန်ခြင်း (Better Control)
.လုပ်ငန်းယှဉ်ပြိုင်မှု ပိုမိုအားကောင်းခြင်း (More Competitive)
.၀ယ်ယူသူများအား ပိုမိုစိတ်ကျေနပ်စေနိုင်ခြင်း (More Customer Satisfaction)
.ဈေးကွက်ပိုမိုချဲ.ထွင်နိုင်ခြင်း (Market Expansion and Penetration)
.လုပ်ငန်းဂုဏ်ကျက်သရေ မြင့်တက်ခြင်း (Better Image)
.တန်ဖိုးသစ်များ ဖန်တီးနိုင်ခြင်း (Creation of Additional Values)ဖြစ်ပါတယ်။
IT Manpower
ICT နည်းပညာကို လုပ်ငန်းတွင်အောင်မြင်စွာ အကောင်အထည်ဖော် အသုံးပြုနိုင်ရန်အတွက် အရေးကြီးသောလိုအပ်ချက်မှာ နည်းပညာကျွမ်းကျင်သော
ဝန်ထမ်းများ ပြည်.စုံစွာရရှိရေးဖြစ်ပါသည်။
၁။     Information System ကို User Level သုံးပြုတတ်သည်.
ဝန်ထမ်းများ၊ Operator များ
၂။     Information System ကို လိုအပ်ပါက အရေးပေါ်
ပြင်ဆင်နိုင်ရန်၊ဖြည်.စွက်နိုင်ရန်၊Software တီထွင်မှုကို
နားလည်သော Programmer များ
၃။     Hardware နှင့် Network များကို ထိနးသိမ်းပြုပြင်မှုအတွက်
ကျွမ်းကျင်သော System Engineer များ
၎။    Information System ကို စဉ်ဆက်မပြတ် ကောင်းမွန်စွာ
အသုံးပြုနိုင်ရန် ကြီးကြပ်ဆောင်ရွက်နိုင်သော System Administrator
၅။    ICT နည်းပညာကို လုပ်ငန်းအတွက်အကျိုးအများဆုံးဖြစ်ရန်
အုပ်ချုပ်ဆောင်ရွက်ပေးသည်. IT Management ပြုလုပ်နိုင်သည်.
IT Manager
၆။    ICT နည်းပညာကို လုပ်ငန်းအတွက် အကျိုးအများဆုံးဖြစ်ရန်
အုပ်ချုပ်ဆောင်ရွက်ပေးသည်. IT Management ပြုလုပ်နိုင်
သည်. IT Manager များလိုအပ်ပါသည်
Information System အသုံးပြုရန်လိုအပ်သောကွန်ပျူတာနှင့်တွဲဖက်
သုံးပစ္စည်းများ Hardware ပိုင်း
Client Computer များ၊အင်အားကောင်းသည်. Server Compuer များ၊
Printer များ၊ Scanner များ၊ ပြင်ပသိမ်းဆည်းသည်. External Hard Disk
Momory Stick (USB)၊DVD ၊ CD ၊ Tape များဖြစ်ပါတယ်
ကွန်ပျူတာစနစ် အလုပ်လုပ်နိုင်ရန် ထည်.သွင်းပေးရမည်. System Software များ  Software ပိုင်း

.Operating System (WINDOWS,UNIX,LINUX,MAC OS)
.Utilities Software (Anti Virus,…)လိုအပ်သည်. ရည်မှန်းအလုပ်များ ပြီမြောက်
နိုင်ရန်ထည်.သွင်းပေးရမည်. Application Software များ
.ဈေးကွက်တွင် အရန်သင့် ၀ယ်ယူအသုံးပြုနိုင်သော Package Softwareများ
(ဥပမာ- MYOB, ACCPAC,MS,OFFICE,…..)
.အသင့်တီထွင်ပြီးသော်လည်း မိမိလုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီအောင်ပြုပြင်
အသုံးပြုရသော Customized Software များ
.မိမိ၏လုပ်ငန်းလိုအပ်ချက်အရ သီးသန်.တီထွင်ရသော Tailor Made Software များလိုပ်အပ်ပါသည်
Information System တွင်ပါဝင်သောအစိတ်အပိုင်းများ
User Interface
Application
Database
User Interface
User Interface ဆိုသည်မှာ Information System(Software)ကိုနည်းပညာများ တတ်မြောက်ရန်
လိုဘဲ လွယ်ကူစွာအသုံးပြုနိုင်ရန်၊ လူနှင့် ကွန်ပျူတာဆက်သွယ်ဆောင်ရွက်ရန် ပြုလုပ်ထားသောစနစ်ဖြစ်
ပါသည်။ ယနေ.အခါတွင် User Friendly ပိုဖြစ်ပြီး ITC နည်းပညာများစွာနားမလည်သောလည်း စနစ်ကို
လွယ်ကူစွာ အသုံးပြုလာကြပြီဖြစ်ပါသည်။
Application
Application  ဆိုသည်မှာလုပ်ငန်းလိုအပ်ချက်အရ ဆောက်ရွက်နိုင်ရန် ၀ယ်ယူအသုံးပြုသော် (သို.မဟုတ်)
စိတ်ကြိုက်တီထွင်အသုံးပြုသော Application Software များဖြစ်ပါသည်။ User Interface နောက်ကွယ်
မှအလုပ်လုပ်နေသော စနစ်ဖြစ်သည်.အတွက် အသေးစိတ်ကို အသုံးပြုမည်.သူ နားလည်ရန် မလိုအပ်ပါ။
Database
Database ဆိုသည်မှာ Information System အတွက် အရေးကြီးဆုံး အစိတ်အပိုင်းမှာ Database ဖြစ်ပါသည်
Application Software တွင်ထည်.သွင်းအသုံးပြုရမည်. Data များကို ပုံစံတကျစုစည်းထားခြင်းဖြစ်ပါသည်။
Information System များ အောင်မြင်စွာအကောင်အထည်ဖော် ဆောက်ရွက်နိုင်ခြင်းမရှိရသည်. အကြောင်းရင်းမှာ
Database စနစ်တကျ တည်ဆောက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ Database တွင်ပါဝင်သော Data  များမှန်ကန်
ရန်၊ပြည်.စုံရန်၊အချိန်နှင့်တစ်ပြေးညီ Update  ဖြစ်ရန်လိုအပ်ပါသည်။သိုမဟုတ်ပါက Hardware နှင့် Software များ
မည်မျှပြည်.စုံကောင်းမွန်သည်ဖြစ်စေ Database မတည်ဆောက်နိုင်ပါက မှန်ကန်ပြည်.စုံမှုမရှိသော် လုပ်ငန်းရည်မှန်းချက်
မအောင်မြင်ဘဲ သဲထဲရေသွန်သကဲ့သို. ရင်းနှီးမြှုပ်နှိထားမှုများအချည်းနှီးဖြစ်သွားလေ့ရှိသည်။
Network အကြောင်း
ယခုအခု Information System များအသုံးပြုရာတွင် stand alone ကွန်ပျူတာ တစ်လုံးချင်း သီးသန်.အသုံးပြုသည်.
ထက် Network များချိတ်ဆက်အသုံးပြုမှုမျိုး ပိုမိုလာသည်.အတွက် Network များအကြောင်း သိထားသင့်ပါသည်။
.LAN (local Area Network)
မိမိရုံခန်း၊ အဆောက်အဦးအတွင်း ကြိုးဖြင့် (Cable)  (သို.မဟုတ်) ကြိုးမဲ့(Wireless) ချိတ်ဆက်အသုံးပြုခြင်း
.WAN (Wide Area Network)
ဝေးလံသော လုပ်ငန်းဌာန၊ ရုံးခွဲများအကြား ဆက်သွယ်ရေးစနစ်တစ်ခုခုဖြင့် ချိတ်ဆက်အသုံးပြုခြင်း (Fiber Cable ၊
ဂြိုလ်တုဆက်သွယ်ရေး၊ ADSL)
.Internet
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချိတ်ဆက်ထားသော Network
ကြီးကို အသုံးပြုပြီး မိမိလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။
Internet အား Internet Service Provider (ISP) နှင့်
ချိန်ဆက်ပြီးခေတ်မီဆက်သွယ်ရေးပုံစံ တစ်နည်းနည်း
(Fiber Cable ၊ဂြိုလ်တုဆက်သွယ်ရေးADSL ၊Wireless Broadband၊ WimAX ၊ WIFI ၊….)ဖြင့်အသုံးပြုနိုင်ပါသည်။

Hardware နဲ. Software ထောက်အကူပြုနေတဲ့အကြောင်း

Hardware နဲ.Software ဟာတစ်ခုနဲ.တစ်ခုအထောက်ကူပြုနေပါတယ်
Hardware မရှိဘူးဆိုရင်ကွန်ပျူတာဆိုတာမရှိပါဘူး
စစ်ပွဲတစ်ပွဲမှာစစ်သားမရှိရင်စစ်ပွဲဆိုတာမရှိသလို.ပေါ့

Software ဆိုတာကhardware တွေကိုအမိန်.ပေးတာပါ
စစ်ပွဲတစ်ပွဲမှာအမိန်.ပေးတဲ့ဗိုလ်မပါလို.မရသလိုပါပဲ
Software မပါရင်လည်းကွန်ပျူတာကဘာမှမလုပ်မလုပ်ပါဘူး
အခုကျွန်တော်ပြောတဲ့အကြောင်းအရာလေးကသိတဲ့
သူတွေအတွက်တော့ဟာစရာလေးပေါ့မသိတဲ့သူတွေအတွက်ကတော့ပညာပါ
မသိတဲ့သူငယ်ချင်းတွေအတွက်ပြောပြတာပါ
ဆရာကြီးလုပ်ခြင်းလုံးဝမဟုတ်ပါမိတ်ဆွေတို့ရေ....စိုးမိုး(ချာလီ)

gtalk ပြောချင်ရဲ.အကျိုးရလဒ်များ

ဒီစာသာလေးကိုကြိုက်လို.ချက်တင်ထိုင်နေတဲ့မိတ်ဆွေတို.ကိုလည်းအသိပေးချင်လို.
ကျွန်တော်ဒီ Post လေးကိုတင်လိုက်တာပါ
ကျွန်တော်တို့နိုင်ငံရဲ့အင်တာနက်သုံးလို့ရတဲ့မြို့မှာရှိတဲ့ လူငယ်တော်တော်များများမှာ chatting ပိုးဝင်နေတာကိုတွေရတယ်။လူငယ်ဆိုတာအနာဂတ်ရဲ့မျိုးဆက်သစ်လို့ထင်ပါတယ်။ဒါကြောင့်—
Chatting တက်ခြင်းရဲ့အကြိုး… ( နည်းပါတယ်ဗျာ )
၁။ မိတ်ဆွေ အပေါင်းအသင်းများလာမယ်။
၂။ တစ်နိုင်ငံနှင့်တစ်နိုင်ငံလွယ်ကူစွာဆက်သွယ်လို့ရတယ်။
၃။ တစ်ယောက်နှင့်တစ်ယောက် အသိပညာတွေဖလှယ်လို့ရတယ်။
၎။ အပြင်းလည်းပြေတယ်ပေါ့။
၅။ လူငယ်စကားပြောရရင် ..”ရှာပုံတော်”..နေရာ ပေါ့ဗျာ။

Chatting တက်ခြင်းရဲ့အဆိုး
၁။ လိမ်လယ်ပြောဆိုတက်လာခြင်း။
၂။ ကိုယ်ရေးကိုယ်တာကိစ္စများ ထိပါးလာခြင်း။
၃။ လူတစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုနည်းပါးလာခြင်း။
၎။ တစ်ချို့အိမ်ထောင်သည်များပင် မိသားစုအပေါ်ကိုသစ္စာတရားနည်းပါးလာခြင်း။
၅။ ညစ်ညမ်းစကားများပြောဆိုခြင်း။
၆။ VZO ထဲတွင် မဖွယ်မရာလုပ်ဆောင်ပြခြင်း။

အားလုံးအနှစ်ချူပ်ပြီးပြောရရင် ကျွန်တော်တို့နိုင်ငံအတွက် ဆိုးသထက်ဆိုးမှာကြောက်လို့ပါ။
မြန်မာအမျိုးသမီးတွေရဲ့ နောင်ရေးအတွက်မကောင်းတဲ့ အလားအလာပါပဲ။
ကျွန်တော်တွေဘူးတဲ့မိန်းကလေးတစ်ယောက်ဆို၇င် မိကောင်းဖခင်သားသမီးဖြစ်ပါလျှက်နဲ့ ချက်တင်ထဲကကောင်လေးတွေကို တစ်နေ့တစ်ယောက်ခေါ်တွေ့တယ်။သူ့အလုပ်ထဲမှာဆိုလဲ အများကြီးလစ်ဟင်းနေတာကိုတွေ့ရတယ်……အိမ်မှာစိတ်ညစ်လို့chatting လာထိုင်တယ်..နောက်မဖြစ်သင့်တာလေးတွေဖြစ်ကုန်တယ်…စိတ်ပျော်ရွှင်မှုနောက်ကိုလိုက်မိလို့လေ…

အများအားဖြင့်ချုံပြီးပြောရရင်..အထွေထွေဗဟုသုတ..လေ့လာလိုက်စားမှုတော်တော်လေးကိုအားနည်းနေကြပါတယ်..
အစ်ကိုတို့ အစ်မတို့ရဲ့ ညီကိုမောင်နှမများရှိရင်လဲ ပြောပြပေးစေလိုပါတယ်။
မှတ်ချက်။ ။သုံးတက်ရင်ဆေးပေါ့ မသုံးတက်ရင်ဘေးပေါ့။

Formatting of Harddisk ( ဟက်ဒစ် ကို အကွက်ချခြင်း )

တစ်ကယ်တော့ Format ချတယ်ဆိုတာကို လူတော်တော်များများက Harddisk ထဲက
Data တွေကို ဖျက်ပစ်လိုက်တယ်လို့ ထင်နေကြတယ်ဗျ..။ တစ်ကယ်တော့ မဟုတ်ဘူး..။
Format ချဖို့အတွက် Data တွေကို အရင် ဖျက်ပစ်ရပါတယ်..။ Format ချမယ်ဆိုရင်
Partition တစ်ခု ရှိကို ရှိရမယ်ဗျ ..။ ကျွန်တော်တို့ Format ချမယ်လို့ဆိုရင် ကျွန်တော်တို့
အရင် တုန်းက Window တင်ခဲ့တဲ့ Partition ကို ဖျက်ပစ်ရတယ်ဗျ..။ ပြီးရင် Partition တစ်ခု
ထပ်ပြီးတော့ ပိုင်းရတယ်..။ အဲဒီပေါ်မှာမှ အကွက်တွေချ Window အခွေက Data တွေ ကူးထည့်
အဲဒီလို လုပ်ခြင်းပါ ..။ ကျွန်တော် Window XP တင်မယ်ဆိုရင် ကျွန်တော်တို့ အဆင့်တွေ ရွေးရပါတယ်..။
အဲဒီမှာ သူက ဘယ်မှာ Window ကို တင်ချင်ပါသလဲလို့ မေးလာရင် ကျွန်တော်တို့က
ဥပမာ- Partiton (၂) ပိုင်းရှိမယ်ဗျာ..။ C: D: ဆိုပြီးတော့ပေါ့ ..။ အဲဒီမှာ C: မှာ တင်ချင်ပါတယ်ဆိုရင်
အဲဒီ Partiton ကို အရင် Delete လုပ်ရတယ်..။ ပြီးတော့မှ Window ကို install လုပ်ရတယ်ဗျ..။
ဒါလေးတွေက ကျွန်တော်တို့ တော်တော်များများ Format ချတယ်ဆိုတာကို နားလည်မှု
လွဲနေတာလေးကို ရှင်းပြပေးတာပါ..။ တစ်ကယ်မသိတဲ့ လူတွေ အတွက် ရည်ညွှန်းပါတယ်..။
အော် .. ဒါနဲ့ .. ကျွန်တော်ပြောနေတဲ့ Partiton ဆိုတာကို အများကြီး စဉ်းစားမနေနဲ့ဦးနော်..။
ကျွန်တော်တို့ My Computer ကို ဖွင့်လိုက်ရင် Local Disk C: , Local Disk D: အဲဒါလေးတွေကို
ပြောတာပါ ..။ အဲဒါလေးတွေကတော့ Partition ပေါ်မှာ Format ချပြီးသား အပိုင်းလေးတွေပေါ့ ..။
A: B: က မစပါပဲ .. ဘာဖြစ်လို့များ Window တင်လိုက်တာနဲ့ C: ကနေ စပြီး ပေါ်လာရပါသလဲ ..။
အဲဒါကို ရှင်းပြရမယ်ဆိုရင် အရင်တုန်းက Floppy Disk တွေ အတွက် ပုံသေသတ်မှတ်ပေးထားတာပါ ..။
အဲဒီအကြောင်းကိုတော့ နောက်မှ ကျွန်တော် Post တစ်ခုနဲ့ ရှင်းပြပါရစေ ..။ အခုတော့ ဘာဖြစ်လို့ C: ကနေ
စပြီးတော့ ပေါ်သလဲဆိုပြီးမေးလာတဲ့ အခါကျရင် Floppy Disk တွေ အတွက် နေရာအသေပေးထားလို့ပါလို့ ဖြေပေးလိုက်ပါ..။
ကျွန်တော်တို့ Harddisk တွေ ကို တစ်ခါတစ်ခါ ဘာဖြစ်လို့များ Defragment ဆိုတာကြီးကို services
သမားတွေ ဘာလို့များ လုပ်နေကြပါသလဲ .. ?Defragment လုပ်တယ်ဆိုတာက File တွေ fragment လုပ်ပေးတာပါ ..။
အနက်အားဖြင့် ပြောရရင်တော့ ပြန့်ကျဲနေတဲ့ File တွေကို နေရာတစ်ကျ ပြန်စီပေးတာပါ..။
ကျွန်တော် တို့ Harddisk ထဲမှာ Format ချလိုက်ပြီဆိုတာနဲ့ Track , Sector , Cluster ဆိုတဲ့
အကွက်လေးတွေ ချပေးလိုက်တယ်ဗျ ..။ အဲဒီအကွက်လေးတွေထဲကို ပြန်ပြီးတော့ ဖတ်ပေးတဲ့ head
လို့ခေါ်တဲ့ လက်တံလေးပါတယ်ဗျ..။ အဲဒီလက်တံလေးက ကျွန်တော် တို့ File တွေကို ပြန်ဖွင့်တဲ့အခါ
သိမ်းထားတဲ့ နေရာတွေကနေပြီးတော့ လိုက်ပြီး ပြန်စုစည်းပေးတာပေါ့ဗျာ..။
ဆရာတို့ရေ ဒီ နံယွန် မှာတော့ဆရာကောင်းတွေရှိတယ်
ကျွန်တော်ကတော့လက်သစ်လေးပေါ့ဗျာ..လိုတာတွေကိုမှာကြပါနော်....စိုးမိုး(ချာလီ)