Saturday, September 3, 2011

HTML အကြောင်းလေ့လာရအောင်

HTML အကြောင်းမိတ်ဆက်
နေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။ကျွန်တော်တို့တွေဟာလည်း
Internetပေါ်မှာ ကိုယ်ပိုင်နေရာများကို ကိုယ်ပိုင် Homepageများကို အလွယ်တကူယူဆောင်နိုင်လေပြီ။ Internet
ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။အလွယ်ရှင်းရရင်တော့ Internet ဆိုတာ ကမ္ဘာပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်
ဆက်ထားသော Networkကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information တွေဖလှယ်ဖို့အတွက် Web Page
တွေကို ရေးဆွဲရပါတယ်။Web Page ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက ကျပါတယ်။ရေးသားထားတဲ့ Web Page
တွေကို Web Browser Softwareနဲ့ ကြည့်ရှုရပါတယ်။ Web Broswer Software တွေကInternet Explorer နဲ့
Firefox တို့က နာမည်ကြီးတွေပါ။
HTML History
1989 ခုက Tim Berners-Lee နဲ့ Rober Calliau ဟာ Research Documents တွေကို ပိုမိုမြန်ဆန်ကောင်းမွန် မယ့်
နည်းလမ်းကို ရှာဖွေခဲ့ပါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-Lee ဟာ browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး
Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ
Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag တွေပါထည့်သွင်းနိုင်ခဲ့ပါသည်။ Berners-Lee ရဲ့
နည်းပညာကို Hyber Text Markup Language ဆိုတဲ့ HTML ပါပဲ။
Tag ဆိုတာဘာလဲ
Tag ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို ခွဲခြားလို့ရအောင်လုပ်ထားတာပါ။ ဘယ်လိုမျိုးလဲဆိုရင်
တော့ <b>This is bold </b> ဆိုရင် web browser နဲ့ ကြည့်ရင် စာလုံးဟာ bold ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ <b>
နဲ့ </b> တို့ဟာ tag တွေပါ။ အများအားဖြင့် tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်
HTML အတွက် Editor
HTML အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့ Dreamweaver အကြိုက်ဆုံးပါပဲ။
သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver ကိုသုံးရင်တော့
HTML codeတွေသိလာမှာ မဟုတ်သလို တခြား website တွေကို ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့
တွေ သူများတွေပေးထားတဲ့website template ကိုပြင်ချင်တယ်။ ကိုယ်ပိုင်သေသေချာချာ HTML code တွေကို
သိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာNotepad သုံးပြီးလေ့လာပါ။ လေ့ကျင့်ပါ။ HTML က web site ဆွဲရတဲ့
အထဲမှာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web programming
တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Railတို့မှာ အထောက်အကူဖြစ်မှာပါ။
Notepad ဖြင့်စတင်ခြင်း
၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။

ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။

၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့
Word Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။

HTML စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
<html> <head><title>This is title</title> </head><body>This is body</body></html>

HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code တွေရေးရပါတယ်။
Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title ထည့်ထားသည်ကို တွေ့ရမည်။ Title သည်
Browser ၏ ထိပ် bar တွင် တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ
စာများရေးသားနိုင်သည် ။
၂. အဲဒါကို တနေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။
file name ကို firstrun.html လို့ပေးလိုက်ပါ။ firstrun သည် မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည်
file extension ဖြစ်သည်။ HTML ရေးထားသော page များကို .html နှင့် .htm လို့ပေးမှသာ browser တွင်
ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file လေးကို double

click လုပ်ပြီး ဖွင့်လိုက်ပါ ။ အဲ့ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။ထိပ်ပိုင်းတွင်
File ပတ်လမ်းကြောင်းကို address bar တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော
This is tile ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင် တွေ့ရမည်။ Body tag ထဲတွင
ရေးထားသော This is body ဆိုသော စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်မယ်ဆိုရင်တော့
IE7 မှာဆိုရင်Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
IE 6 မှာဆိရင်View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း
save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save လုပ်လို့မရပါဘူး။
Header Tag
notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ
<html><head><title>Example Of Header</title></head><body><h1>This is Header</h1>
This is normal text</body></html>အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။
အခုလိုမြင်ရပါလိမ့်မယ်။ Head Tag က h1ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။
h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ လက်တွေ့စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး
save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင် တွေ့ရပါလိမ့်မယ်။ <html><head><title>Example</title>
</head><body><h1>H1</h1><h2>H2</h2><h3>H3</h3><h4>H4</h4><h5>H5</h5>
<h6>H6</h6></body></html> အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။
တကယ်တန်းတော့ မခက်ပါဘူး။ဒါကအစပဲ ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ပင် စာတွေပဲပါတဲ့ page တစ်ခု
ရေးလို့ရနေပြီ။ ဒါပေမယ့် လိုအပ်တာတွေ ရှိသေးတာပေါ့။ အခုဆက်ပြီး bold ၊ italic ၊ underline လုပ်ပုံလေးတွေ
ဆက်ပြောပါမယ်။ လွယ်ပါတယ်။
Line Break
HTML မှာ စာတစ်ကြောင်းဆင်းချင်ရင်တော့ <br/> ကိုသုံးပါတယ်။ သူ့မှာ close tag မပါဘူး။ <br/> ပဲရေးရေး <br>
ပဲရေးရေးရပါတယ်။
<html><head><title>Example</title></head><body>First Line<br/>Second Line<br>Third Line

</body></html>
Bold ၊ Italic ၊ Underline Tag
bold မို့လို့ ကျွန်တော်တို့တွေ <b> ကိုသုံးပါမယ်။ နောက်ပြီး italic မို့လို့ <i> ပေါ့။ ဒါဆိုရင်
Underline ကဘာလဲဆိုရင် သိပြီးသားလောက်ပါ။ ကျွန်တော်တို့တွေ <u> ကိုသုံးပါမယ်။ အဲဒါကို
notepad ထဲမှာ ဒီလိုရေးပြီး run လိုက်ရင်ရပါတယ်။

<html><body><b>This is bold</b> <br/><i>This is italic</i> <br/>
<u>This is underline</u> <br/></body></html>

Bold လုပ်မယ်။ နောက်ပြီး အဲဒါကို underline သားမယ်။ ဒါမှ မဟုတ် italic လုပ်မယ်။
အဲလိုမျိုးလုပ်ချင်တယ်။ ရပါတယ်။ tag တွေထဲမှာ tag တွေထည့်လိုက်ပေါ့။ ဒီလိုထည့်လို့ရပါတယ်။
<i><b>This is bold italic </b></i>

<u><i><b>This is bold italic </b></i></u>
အဲလိုမျိုးရေးလို့ရပါတယ်။ တချို့လူတွေက မေးတတ်တယ်။
<i> နဲ့စမှ ရမှာလား။ ဒီလိုတိုင်း အစဉ်တိုင်းရေးမှ
ရမှာလား။ နောက်ပြီး <b><i></b></i> အဲလိုမျိုးတွေကော ပိတ်လို့မရဘူးလား။ဘာနဲ့ စစရပါတယ်
အစဉ်တိုင်းမဟုတ်ပဲ <b><i> This is bold italic </i></b> လို့ရေးလည်းဖြစ်ပါတယ်။ နောက်ပြီး
tag အဖွင့်တွေ အပိတ်တွေက ကြိုက်သလိုဖြစ်နေလို့ရပါတယ်။ ဒါပေမယ့် structure ကျကျလေး။
ပုံစံကျကျလေး ဖြစ်နေရင်ကောင်းတာပေါ့။ နောက်မို့ဆို code ကိုပြန်ဖတ်ရခက်တာပေါ့။
Pre Tag
ကျွန်တော်တို့တွေ စာတစ်ကြောင်းဆင်းရမှာ မကြိုက်ဘူး။ Enter ခေါက်လိုက်ရုံနဲ့တင် တစ်ကြောင်းဆင်းချင်တယ်။
အလွယ်ဆုံး နည်းလမ်းကတော့ dream weaver သုံးလိုက်ခြင်းပဲ။ အဲဒါဆိုရင်တော့ HTML နားလည်
မှာမဟုတ်တော့ဘူး။ နောက်တစ်နည်းကတော့ <pre> ပါ။ ဒါပေမယ့် သူက font ပုံစံပြောင်းသွားတယ်။
အဲဒါက ကိစ္စ မရှိပါဘူး။ နောက်ပိုင်း font တွေဘယ်လိုပြောင်းရလဲ ဆိုတာသိလာရင် လာပြင်လိုက်လို့ရပါတယ်။
နောက်ပြီး <pre> မှာ သူက tab ခေါက်ထားတာတွေ အစသိပါတယ်။

<html><head><title>Example</title></head><body><pre>Pre Tag, Now EnterNow Tab Tab

</pre></body></html>
Paragraph Tag
ကျွန်တော်တို့တွေ စာတွေကို paragraph ပုံစံရေးချင်တယ်။ စာပိုဒ်တွေနဲ့ ရေးမယ်ပေါ့။ ဒါဆိုရင်
<p> ကိုသုံးလို့ရပါတယ်။ သူက အပိတ် tag မပါလည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းတာပေါ့။

<html><head><title>Example</title></head><body><h1>About Notepad</h1><p>
Notepad is a basic text editing program and it is most commonly used to view or edit text files. A
Horizonal Line
ကျွန်တော်တို့တွေ horizonal မျဉ်းသားချင်တဲ့ အခါမှာ သုံးလို့ရပါတယ်။ သုံးပုံသုံးနည်းကတော့
<hr> ပါပဲ။ close tag မပါပါဘူး။

<html><head><title>Example</title></head><body><h1>About Notepad</h1>

<p>Notepad is a basic text editing program and it is most commonly used to view or
edit text files. A text file is a file type typically identified by the .txt file name extension. </p>

<hr><h1> How do I change the font style and size?</h1><p>Changes to the font style and
size affect all the text in the document.<br/>
Attribue
ကျွန်တော်တို့တွေဟာ tag တွေမှာလည်း attribute တွေထည့်ပြီး သုံးနိုင်ပါတယ်။
attribute ဆိုတာကတော့ အဲဒီ tag ပိုင်ဆိုင်တဲ့ properties ပေါ့။ tag တိုင်းမှာတော့
attribute မရှိပါဘူး။ အခု ဦးစွာ အရင်ဆုံး body မှာပါတဲ့ color attribute အကြောင်းလေးနဲ့ စလိုက်ရအောင်။
Body Color
<html><head><title>Example</title></head><body bgcolor=silver>Body BGCOLOR</body>
</html>
အဲဒီ code လေးကို run လိုက်ရင်တော့ အရင်ကလို background color က အဖြူရောင်မဟုတ်တော့ပဲ
စိမ်းနုရောင်လေးဖြစ်နေတာကို တွေ့ရပါမယ်။အောက်က Table မှာအသုံးများတဲ့color16ရောင်နာမည်တွေပါ။
Silver, Gray, Maroon ,Green, Navy ,Purple, Olive, Teal ,White ,Black ,Red ,Lime ,Blue, Magenta ,
Yellow ,Cyan ကျွန်တော်တို့တွေဟာ colorတွေကို code အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သုံးရမှာကတော့
RGB color ပါ။Hex code number ကိုအသုံးပြုရပါတယ်။ #FF0000 ဆိုရင်တော့အနီရောင်ပါ။
ရှေ့ဆုံး ၂ လုံးက အနီရောင်ဖြစ်ပြီးအလယ် ၂ လုံးက အစိမ်းရောင်ပါ။ နောက်ဆုံး ၂လုံးကတော့ အပြာရောင်ပေါ့။
အဲဒီ အရောင် ၃ရောင်ကို စပ်ပြီး သုံးရပါတယ်။တကယ်လို့ color တွေကို မသိဘူးဆိုရင် photoshop ကနေလည်း
ကြိုက်နှစ်သက်တဲ့ အရောင်ကို ယူပြီးသုံးနိုင်ပါတယ်။ဘယ်လိုယူရမလဲဆိုရင်တော့ အရင်ဆုံး photoshop ကိုဖွင့်လိုက်။
ဘယ်ဘက် အောက်နားမှာ color ရွေးဖို့လေးပါတယ်။အဲဒါလေးကို double click လုပ်လိုက်ပါ။
color dialog box တက်လာပါမယ်။ ပြီးရင် နှစ်သက်ရာ အရောင်ရွေးပါ။color အရောင်ရွေးပြီးရင် အောက်နားမှာ
hex code လေးကို copy ကူးလိုက်ရုံပါပဲ။ ကျွန်တော်တို့တွေ color အနေနဲ့သုံးချင်ရင် # လေးကိုရှေ့မှခံပြီးသုံးလိုက်ရုံပါပဲ။
<html><head><title>Example</title></head><body bgcolor=#e5bb2c>Body BGCOLOR Hex code

</body></html> အခုဆိုရင်တော့ attribute ပိုင်း နဲ့ color ပိုင်းလေးကို နည်းနည်းပါးပါးသိလောက်ပြီလို့ထင်ပါတယ်။
attribute ထည့်လို့ရတဲ့ tag တွေကလည်း အများကြီးရှိပါသေးတယ်။ ဖြည်းဖြည်းခြင်း ပြောပြသွားမယ်။ အခု နောက်ထပ် tag
တစ်ခုဖြစ်တဲ့ <hr> ရဲ့attribute အကြောင်းလေးပြောပါမယ်။
Hr Attribute
ကျွန်တော်တို့တွေဟာ tag တစ်ခုရဲ့နောက်မှာ attribute တစ်ခုထက်မက လိုက်လို့ရပါတယ်။
tag တွေနောက်မှာ attribute တစ်ခုထက်မကပါတာတွေကို နောက်ပိုင်းမှာတွေ့ရပါလိမ့်မယ်။
အခုတော့ hr အကြောင်းလေး ဆက်ရအောင်။ <html><head><title>Example</title></head>

<body bgcolor=#e0e0e0>Default HR<hr>Hr with size=1<hr size=1>Hr with size=5

<hr size=5>Hr with size=10<hr size=10>Hr with size=10 and noshade<hr size=10 noshade>

Hr with size=5 and color<hr size=5 color=#D60000></body></html> အဲမှာ size ကတော့ အရွယ်အစားပါ။
noshade ဆိုတာကတော့ shade မပါတဲ့ဟာကို ပြောတာပါ။ ဗြောင်ကြီးပေါ့။ color ကတော့မိမိကြိုက်နှစ်သက်တဲ့အရောင်ထည့်
လို့ရပါတယ်။
Move To Center
သူက စာလုံးတွေကို center ရောက်အောင်လုပ်ပေးပါတယ်။
<html><head><title>Example</title></head><body><center>This is center

</center></body></html>
This is center ဆိုတာလေးက အလယ်ပိုင်းကိုရောက်နေတာကိုတွေ့ရပါမယ်။
အဲဒါလေးကို သုံးပြီး စာတွေကို အလယ်ပိုင်းကို ရွေ့ထားလို့ရပါတယ်။
<html><head><title>Example</title></head><body><h1 align=”justify”>Test</h1>
</body></html>
အဲဒီ code မှာဆိုရင်တော့ header တွေက အလယ်ကိုရောက်နေတာကိုတွေ့ရပါလိမ့်မယ်။
Font
Font ကတော့ HTML မှာအရေးပါတဲ့ အပိုင်းပါ။ Web Page တစ်ခုမှာ ကိုယ်လိုချင်တဲ့ font ကိုပြောင်းလဲဖို့အတွက်
font tag ကိုသိမှ ဖြစ်မှာပါ။ <html><head><title>Example</title></head><body>

<font face=”Zawgyi-one”>Zawgyi Font ဖြင့်အသုံးပြုထားသည်</font></body></html>
အဲဒါဆိုရင် <font> နဲ့ </font> ကြားမှာရိုက်ထားတဲ့ စာက zawgyi-one font နဲ့ပေါ်နေမှာပါ။ face=”font name” ကိုထည့်ရတာပါ။     (ကူးယူဖေါ်ပြပါတယ်ဗျာ ဆရာမဟုတ်ပါ )

No comments:

Post a Comment