Saturday, September 3, 2011

ICT နည်းပညာအကြောင်းဒုတိယပိုင်း

ICT ကိုအောင်စွာ အသုံးချနိုင်ရန်အတွက် အရေးကြီးသေားလိုအပ်ချက်များ (Critical Success Factors)
စီးပွားရေးလုပ်ငန်းများတွင် ICT နည်းပညာကိုအသုံးပြုသည်.အတွက် အကျိုးဖြစ်ထွန်းမှုများ
ရှိနိုင်ရန်မှာ ICT ကိုအောင်မြင်စွာအသုံးချနိုင်မှသာဖြစ်ပါသည်။     ICT     ကိုအသုံးပြုသော်လည်း
အောင်မြင်စွာအသုံးမချနိုင်လျှင် အကျိုးဖြစ်ထွန်းမှုကို ကောင်းစွာရရှိနိုင်မည်မဟုတ်ပါ။
စီးပွားရေးလုပ်ငန်းများတွင် ICT ကိုအောင်မြင်စွာ အသုံးချနိုင်ရန်အတွက်လက်တွေ.အကောင်
အထည်ဖော်ရာတွင်အခက်အခဲများကြုံတွေ.နိုင်သည်ဖြစ်ရာ ယင်းအခက်အခဲများကို ကျော်လွှားနိုင်
စေရန်အတွက် တွေ.ကြုံနိုင်သည်. အခက်အခဲ၊ပြဿနာများကို ကြိုတင်ဆန်းစစ်သိရှိထားနိုင်ရန်လို
အပ်ပါသည်။
၁။ တွေ.ကြုံနိုင်သည်. အခက်အခဲများ
(က)  ICT လုပ်ငန်းဆောင်ရွက်မှုပြုလုပ်မည်.အဖွဲ.အစည်း
၏အားနည်းချက်
မိမိအဖွဲ.အစည်းအတွက် ICT   လုပ်ငန်းအကောင်အထည်ဖော်ရန် တိကျရှင်းလင်းသော
ရည်ရွယ်ချက်ကောင်းစွာမသတ်မှတ်နိုင်ခြင်း၊အကောင်အထည်ဖော်မည်.စီမံကိန်းကိုသေ
ချာစွာမပြုလုပ်ခြင်းတို.ကြောင့် ကွန်ပျူတာစနစ်၏ဒီဇိုင်းသည် မှန်ကန်မှုမရှိတော့ဘဲအချိန်
ကြာမြင့်ကာ စရိတ်ပိုမိုကုန်ကျတတ်ပါသည်း
(ခ) ကျွမ်းကျင်သောလူအင်အား ပြည့်စုံစွာမရှိခြင်း
ICT လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် လုံလောက်သောအရည်အချင်းမီ ကျွမ်း
ကျင်လူအင်အားပြည့်စုံစွာမရှိခြင်းဖြစ်ပါသည်။ထို.ကြောင့် စနစ်အကောင်အထည်ဖော်ရန်
စနစ်ကိုပံ့ပိုးရန် များစွာအခက်အခဲဖြစ်နိုင်ပါသည်။
(ဂ)  ဘတ်ဂျက်လုံလောက်စွာမရရှိခြင်း
ICT လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လုံလောက်သောဘတ်ဂျက်နှင့်ငွေကြေး
ထောက်ပံ့မှုရှိရန်လိုအပ်ပါသည်။ သို.မဟုတ်ပါက ICT လုပ်ငန်းကိုရှိသောဘဏ္ဍှာငွေဖြင့်အလုပ်
ဖြစ်ရုံမျှသာ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို.ကြောင့်လုပ်ငန်းတစ်ပိုင်းတစ်စဖြင့်မပြီးစီးနိုင်သကဲ့သို.
ပြုပြင်ထိန်းသိမ်းစရိတ်လည်း ပိုမိုကုန်ကျနိုင်ပါသည်။
(ဃ) နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှု
ICT လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အချိန် ကြာမြင့်လျှင်နည်းပညာဆိုင်ရာပြောင်လဲ
မှုကြောင့်အသုံးပြုလျက်ရှိသော Hardware နှင့် Software များအသုံးပြုနိုင်မှု လျော့ကျလာခြင်းကို
ကြုံတွေ.ရတတ်ပါသည်။
(င)   ၀န်ထမ်းများက အပြောင်းအလဲကို လက်မခံလိုခြင်း
ICT နည်းပညာများကို အသုံးပြုပြီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်
ဆောက်ရွက်ရသော ၀န်ထမ်းများအနေဖြင့်ချက်ချင်း ယုံကြည်လက်ခံမှုမရှိနိုင်သေးခြင်း၊နည်းစနစ်
အသစ်ကို လက်ခံအသုံးပြုရန် ၀န်လေးခြင်းတိုဖြစ်တတ်ပါသည်။
(စ)  ကြီးကြပ်မှု အားနည်းခြင်း
ICT လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်စနစ်ကိုတာဝန်ခံပြီဆောင်ရွက်သူများ
ကလက်တွေ.လုပ်ငန်း အကောင်အထည်ဖော်မှုအပေါ်ကြီးကြပ်မှုအားနည်းခြင်းဖြစ်ပါသည်။
(ဆ) ယုံကြည်စိတ်ချရမှု(Trust) မရှိသေးခြင်း
အဖွဲ.အစည်းများ၏  ICTလုပ်ငန်းများနှင့်ဆက်စပ် ဆောင်ရွက်မည်. စီးပွားရေးလုပ်ငန်းများ၊
ပြည်သူလူထု စသည်တို.သည် ICT လုပ်ငန်းအပေါ် ယုံကြည်စိတ်ချမှုမရှိသေးခြင်းကြောင့်
ICT Service ကိုလက်ခံရန်ဝန်လေးကြခြင်း မျိုးကိုကနဦးပိုင်းတွင်တွေ.ရတတ်ပါသည်။
အထက်ဖော်ပြပါ အခက်အခဲများကို ကျော်လွှာနိုင်ရန်(သို.)လျော့နည်းသွားစေရန်အတွက်
ICTလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည်.ဌာနများသည် စနစ်တက စီမံဆောင်
ရွက်သွားရန် လိုအပ်ပါသည်။
၂။ အခက်အခဲများကို ဖြေရှင်းနိုင်မည်.နည်းလမ်းများ
(က)ICT လုပ်ငန်းစီမံချက် သေချာစွာရေးဆွဲခြင်း
ICT လုပ်ငန်းစီမံချက်ကို သေချာစွာကြိုတင်ရေးဆွဲပြီး အပိုင်းကဏ္ဍအလိုက်၊လုပ်ငန်းများ
အလိုက်အကောင်အထည်ဖော်ရမည်များကို အသေးစိတ် စီမံထားရန် လိုအပ်ပါသည်။
ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်လိုအပ်မည်.သွင်းအားစုများကိုလည်းပြည့်
စုံစွာစီမံထားရှိရန် လိုအပ်သည်။လက်တွေ.အကောင်ထည်ဖော်ရာတွင် တာဝန်ယူမည်.
Agency ကိုလည်း လုပ်ပိုင်ခွင့်များ အပြည့်အ၀ပေးအပ် ထားရန်လိုအပ်ပါသည်။မိမိအဖွဲ.
အစည်းမှလုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းမရှိသော လုပ်ငန်းများကိုလည်း တတ်နိုင်သမျှပြင်ပ
အဖွဲ.အစည်းများနှင့်တွဲဖက်ဆောင်ရွက်ရန်( Outsource ၊ not in-house)စီမံထားရမည်
ဖြစ်သည်။
(ခ) လူအင်အားပြည့်စုံစွာ ပြုစုပျိုးထောင်ခြင်း
ICT လုပ်ငန်းများအကောင်အထည်ဖော်အောင်မြင် နိုင်ရေးအတွက် အရေးကြီးဆုံး
လိုအပ်ချက်တစ်ရပ်မှာ ကျွမ်းကျင်ပြီး အတွေ.အကြုံရှိသော လူအင်အားပြည့်စုံမှုရှိရန်
ကြိုးပမ်းခြင်းဖြစ်ပါသည်။မိမိအဖွဲ.အစည်းအတွင်းမှသော်လည်းကောင်း၊ပြင်မပမှ
သော်လည်းကောင်း၊ တတ်နိုင်သမျှ စုစည်းဆောင်ရွက်ရန်လိုအပ်ပါသည်။အဖွဲ.အစည်း
အတွက်  Change Management ပြုလုပ်ပေးရန်လိုအပ်သကဲ့သို. ပါဝင်ဆောင်ရွက်မည့်
ဝန်ထမ်းများအားလည်း ICT လုပ်ငန်း အကောင်အထည်ဖော်ရင် Knowledge Worker
များ အသွင်သို. ပြောင်းလဲသွားနိုင်မည့် အခြေအနေမျိုးဖြစ်ပါသည်။
(ဂ)  လုပ်ငန်းငွေကြေးလိုအပ်မှုကိုအဖြေရှာခြင်း
လုပ်ငန်းများတွင် ICT အကောင်အထည်ဖော်နိုင်ရန် ဘဏ္ဍာရေးအကူအညီ ရရှိနိုင်မည်.နည်း
လမ်းမှာ ပုဂ္ဂလိကကုမ္ပဏီများအား BOT ၊BOO ၊ BTO စသောနည်းလမ်းတစ်မျိုးမျိုးဖြင့်ပါဝင်
ဆောင်ရွက်စေခြင်းပင်ဖြစ်ပါသည်။
(ဃ) ယုံကြည်မှုရရှိရန်ထူထောင်ခြင်း
ICT ကိုအသုံးပြုမည့်ပြည်သလူထုနှင့် စီးပွားရေး လုပ်ငန်းများအနေဖြင့် ယုံကြည်စိတ်ချစွာ
အသုံးပြုလာစေရန် စည်းရုံးဆွဲဆောင်မှုများဖြစ်သော လွယ်ကူလျင်မြန်ခြင်း၊လုံခြုံစိတ်ချမှု
ရှိခြင်း စသည်တို.အားလက်တွေ.ပြသခြင်းဖြင့် ယုံကြည်စိတ်ချမှု ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။
(င)  လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး
အတွက် ISO Standard အသုံးပြုခြင်း
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်ကိုအသုံးပြုသူများသည် စနစ်တီထွင်
ထုတ်လုပ်သူများ၊စနစ်ကြီးကြပ်ဆောင်ရွက်သူများ စသည်အားဖြင့် ကဏ္ဍမျိုးစုံမှ လူပုဂ္ဂိုလ်တို.ပါဝင်
သည်ဖြစ်ရာယင်းတို.အပေါ် ကြီးကြပ်မှုအားကောင်းရန်လိုအပ်ပါသည်။ ထို.ကြောင့်လုပ်ငန်း
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ISO Standard ကိုသုံးပြုပြီ Impkementation-
Project Management ပြုလုပ်သွားမည်ဆိုပါက စဉ်ဆက်မပြတ် ကြီးကြပ်မှုအားကောင်းနိုင်
သောကြောင့် စနစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။


No comments:

Post a Comment