Saturday, September 3, 2011

Formatting of Harddisk ( ဟက်ဒစ် ကို အကွက်ချခြင်း )

တစ်ကယ်တော့ Format ချတယ်ဆိုတာကို လူတော်တော်များများက Harddisk ထဲက
Data တွေကို ဖျက်ပစ်လိုက်တယ်လို့ ထင်နေကြတယ်ဗျ..။ တစ်ကယ်တော့ မဟုတ်ဘူး..။
Format ချဖို့အတွက် Data တွေကို အရင် ဖျက်ပစ်ရပါတယ်..။ Format ချမယ်ဆိုရင်
Partition တစ်ခု ရှိကို ရှိရမယ်ဗျ ..။ ကျွန်တော်တို့ Format ချမယ်လို့ဆိုရင် ကျွန်တော်တို့
အရင် တုန်းက Window တင်ခဲ့တဲ့ Partition ကို ဖျက်ပစ်ရတယ်ဗျ..။ ပြီးရင် Partition တစ်ခု
ထပ်ပြီးတော့ ပိုင်းရတယ်..။ အဲဒီပေါ်မှာမှ အကွက်တွေချ Window အခွေက Data တွေ ကူးထည့်
အဲဒီလို လုပ်ခြင်းပါ ..။ ကျွန်တော် Window XP တင်မယ်ဆိုရင် ကျွန်တော်တို့ အဆင့်တွေ ရွေးရပါတယ်..။
အဲဒီမှာ သူက ဘယ်မှာ Window ကို တင်ချင်ပါသလဲလို့ မေးလာရင် ကျွန်တော်တို့က
ဥပမာ- Partiton (၂) ပိုင်းရှိမယ်ဗျာ..။ C: D: ဆိုပြီးတော့ပေါ့ ..။ အဲဒီမှာ C: မှာ တင်ချင်ပါတယ်ဆိုရင်
အဲဒီ Partiton ကို အရင် Delete လုပ်ရတယ်..။ ပြီးတော့မှ Window ကို install လုပ်ရတယ်ဗျ..။
ဒါလေးတွေက ကျွန်တော်တို့ တော်တော်များများ Format ချတယ်ဆိုတာကို နားလည်မှု
လွဲနေတာလေးကို ရှင်းပြပေးတာပါ..။ တစ်ကယ်မသိတဲ့ လူတွေ အတွက် ရည်ညွှန်းပါတယ်..။
အော် .. ဒါနဲ့ .. ကျွန်တော်ပြောနေတဲ့ Partiton ဆိုတာကို အများကြီး စဉ်းစားမနေနဲ့ဦးနော်..။
ကျွန်တော်တို့ My Computer ကို ဖွင့်လိုက်ရင် Local Disk C: , Local Disk D: အဲဒါလေးတွေကို
ပြောတာပါ ..။ အဲဒါလေးတွေကတော့ Partition ပေါ်မှာ Format ချပြီးသား အပိုင်းလေးတွေပေါ့ ..။
A: B: က မစပါပဲ .. ဘာဖြစ်လို့များ Window တင်လိုက်တာနဲ့ C: ကနေ စပြီး ပေါ်လာရပါသလဲ ..။
အဲဒါကို ရှင်းပြရမယ်ဆိုရင် အရင်တုန်းက Floppy Disk တွေ အတွက် ပုံသေသတ်မှတ်ပေးထားတာပါ ..။
အဲဒီအကြောင်းကိုတော့ နောက်မှ ကျွန်တော် Post တစ်ခုနဲ့ ရှင်းပြပါရစေ ..။ အခုတော့ ဘာဖြစ်လို့ C: ကနေ
စပြီးတော့ ပေါ်သလဲဆိုပြီးမေးလာတဲ့ အခါကျရင် Floppy Disk တွေ အတွက် နေရာအသေပေးထားလို့ပါလို့ ဖြေပေးလိုက်ပါ..။
ကျွန်တော်တို့ Harddisk တွေ ကို တစ်ခါတစ်ခါ ဘာဖြစ်လို့များ Defragment ဆိုတာကြီးကို services
သမားတွေ ဘာလို့များ လုပ်နေကြပါသလဲ .. ?Defragment လုပ်တယ်ဆိုတာက File တွေ fragment လုပ်ပေးတာပါ ..။
အနက်အားဖြင့် ပြောရရင်တော့ ပြန့်ကျဲနေတဲ့ File တွေကို နေရာတစ်ကျ ပြန်စီပေးတာပါ..။
ကျွန်တော် တို့ Harddisk ထဲမှာ Format ချလိုက်ပြီဆိုတာနဲ့ Track , Sector , Cluster ဆိုတဲ့
အကွက်လေးတွေ ချပေးလိုက်တယ်ဗျ ..။ အဲဒီအကွက်လေးတွေထဲကို ပြန်ပြီးတော့ ဖတ်ပေးတဲ့ head
လို့ခေါ်တဲ့ လက်တံလေးပါတယ်ဗျ..။ အဲဒီလက်တံလေးက ကျွန်တော် တို့ File တွေကို ပြန်ဖွင့်တဲ့အခါ
သိမ်းထားတဲ့ နေရာတွေကနေပြီးတော့ လိုက်ပြီး ပြန်စုစည်းပေးတာပေါ့ဗျာ..။
ဆရာတို့ရေ ဒီ နံယွန် မှာတော့ဆရာကောင်းတွေရှိတယ်
ကျွန်တော်ကတော့လက်သစ်လေးပေါ့ဗျာ..လိုတာတွေကိုမှာကြပါနော်....စိုးမိုး(ချာလီ)

No comments:

Post a Comment