Saturday, September 3, 2011

ICT နည်းပညာအကြောင်းပထမပိုင်း

ICT နည်းပညာဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုဧ။်သဘာဝကို
ရှင်းလင်းလွယ်ကူအောင် ပုံဖြင့်ဖော်ပြပေးခြင်းဖြစ်ပါသည်။
သာမန်အားဖြင့် သိပြီးဖြစ်သော်လည်း ၊အုပ်ချုပ်ခြင်းနှင့် အလုပ်လုပ်ခြင်းနှစ်မျိုးရှိကြောင်း၊
ထိုနှစ်မျိုးစလုံးတွင် သတင်းအချက်အလက်(Information)များ တွဲပါနေကြောင်း၊
အထူးသဖြင့် အုပ်ချုပ်ခြင်းလုပ်ငန်းစဉ်ကြီးတစ်ခုလုံးသည် သတင်းအချက်အလက်
(Information) များကိုအသုံးပြုနေရကြောင်းကို သိစေလိုပါသည်။
အများအားဖြင့် အလုပ်လုပ်နေသော (Physical System) ကိုသာ စိတ်ဝင်စားအလေးထားကြပြီး
တစ်ပါးတည်းတွဲလျက်ရှိနေသော Information Space ကိုအမှတ်တမဲ့ ရှိမှန်းမသိဖြစ်နေတတလေ့ရှိပါသည်။
ICT နည်းပညာကို အသုံးမချနိုင်သေးလျှင် စီးပွားရေးလုပ်ငန်းတစ်ခုတွင် မမြင်ရဘဲတည်ရှိ
နေသော Information Space  ကို ကောင်းစွာအသုံးမချနိုင်သေးခြင်းဖြစ်
ပြီး ယင်းသို.အသုံးချသည်.အတွက်ရရှိမည်.အကျိုးတရားကို မခံစားနိုင်သေးခြင်းဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းများ၏ Information Space တည်ရှိနေပုံကို သိရှိနိုင်ပြီဆိုလျှင်
ယင်း Information Space အတွင်းအဆင့်ဆင့်ဖန်တီးအသုံးပြုရမည်.  Inform-
ation System များကိုလည်း ထပ်မံသိနားလည်ရန် လိုအပ်ပါသည်။
ICTနည်းပညာအသုံးပြုရန် ကွန်ပျူတာများဝယ်ခြင်း၊ ကြုံကြိုက်သည်.  Software   များ ၀ယ်ယူ
အသုံးပြုခြင်းသည် ICT နည်းပညာကို လုပ်ငန်းအတွက်စနစ်တကျ အကျိုးရှိအောင် အသုံးပြုခြင်းမဟုတ်ပါ။
အရေးကြီးသည်မှာ Information System အဖြစ်အသုံးပြုရန်ဖြစ်ပါသည်။Hardware နှင့် Software
များဆိုသည်မှာ အသုံးပြုခံပစ္စည်းနှင့် စနစ်များသာဖြစ်ပါသည်။အဓိကအရေးကြီးသည်. Information System
များမှာ ပင်မအလုပ်များအားအထောက်အကူပြုမည်. Operation Transaction Processing System နှင့်
ထိုစနစ်များ၏ သတင်းအချက်အလက်များပေါ်မူတည်ပြီးထိပ်ပိုင်းစီမံအုပ်ချုပ်သူများအတွက် စုစည်းသုံးသပ်တင်ပြနိုင်မည်.
Management Information Systemတို.ဖြစ်ပါသည်။
ICT နည်းပညာအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုများ-
.လုပ်ငန်း ကုန်ကျစရိတ်သက်သာခြင်း (Cost Reduction)
.လုပ်ငန်း ပိုမိုလွယ်ကူလျင်မြန်လာခြင်း (Speed)
.လုပ်ငန်းထိန်းချုပ်မှု ပိုမိုကောင်းမွန်ခြင်း (Better Control)
.လုပ်ငန်းယှဉ်ပြိုင်မှု ပိုမိုအားကောင်းခြင်း (More Competitive)
.၀ယ်ယူသူများအား ပိုမိုစိတ်ကျေနပ်စေနိုင်ခြင်း (More Customer Satisfaction)
.ဈေးကွက်ပိုမိုချဲ.ထွင်နိုင်ခြင်း (Market Expansion and Penetration)
.လုပ်ငန်းဂုဏ်ကျက်သရေ မြင့်တက်ခြင်း (Better Image)
.တန်ဖိုးသစ်များ ဖန်တီးနိုင်ခြင်း (Creation of Additional Values)ဖြစ်ပါတယ်။
IT Manpower
ICT နည်းပညာကို လုပ်ငန်းတွင်အောင်မြင်စွာ အကောင်အထည်ဖော် အသုံးပြုနိုင်ရန်အတွက် အရေးကြီးသောလိုအပ်ချက်မှာ နည်းပညာကျွမ်းကျင်သော
ဝန်ထမ်းများ ပြည်.စုံစွာရရှိရေးဖြစ်ပါသည်။
၁။     Information System ကို User Level သုံးပြုတတ်သည်.
ဝန်ထမ်းများ၊ Operator များ
၂။     Information System ကို လိုအပ်ပါက အရေးပေါ်
ပြင်ဆင်နိုင်ရန်၊ဖြည်.စွက်နိုင်ရန်၊Software တီထွင်မှုကို
နားလည်သော Programmer များ
၃။     Hardware နှင့် Network များကို ထိနးသိမ်းပြုပြင်မှုအတွက်
ကျွမ်းကျင်သော System Engineer များ
၎။    Information System ကို စဉ်ဆက်မပြတ် ကောင်းမွန်စွာ
အသုံးပြုနိုင်ရန် ကြီးကြပ်ဆောင်ရွက်နိုင်သော System Administrator
၅။    ICT နည်းပညာကို လုပ်ငန်းအတွက်အကျိုးအများဆုံးဖြစ်ရန်
အုပ်ချုပ်ဆောင်ရွက်ပေးသည်. IT Management ပြုလုပ်နိုင်သည်.
IT Manager
၆။    ICT နည်းပညာကို လုပ်ငန်းအတွက် အကျိုးအများဆုံးဖြစ်ရန်
အုပ်ချုပ်ဆောင်ရွက်ပေးသည်. IT Management ပြုလုပ်နိုင်
သည်. IT Manager များလိုအပ်ပါသည်
Information System အသုံးပြုရန်လိုအပ်သောကွန်ပျူတာနှင့်တွဲဖက်
သုံးပစ္စည်းများ Hardware ပိုင်း
Client Computer များ၊အင်အားကောင်းသည်. Server Compuer များ၊
Printer များ၊ Scanner များ၊ ပြင်ပသိမ်းဆည်းသည်. External Hard Disk
Momory Stick (USB)၊DVD ၊ CD ၊ Tape များဖြစ်ပါတယ်
ကွန်ပျူတာစနစ် အလုပ်လုပ်နိုင်ရန် ထည်.သွင်းပေးရမည်. System Software များ  Software ပိုင်း

.Operating System (WINDOWS,UNIX,LINUX,MAC OS)
.Utilities Software (Anti Virus,…)လိုအပ်သည်. ရည်မှန်းအလုပ်များ ပြီမြောက်
နိုင်ရန်ထည်.သွင်းပေးရမည်. Application Software များ
.ဈေးကွက်တွင် အရန်သင့် ၀ယ်ယူအသုံးပြုနိုင်သော Package Softwareများ
(ဥပမာ- MYOB, ACCPAC,MS,OFFICE,…..)
.အသင့်တီထွင်ပြီးသော်လည်း မိမိလုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီအောင်ပြုပြင်
အသုံးပြုရသော Customized Software များ
.မိမိ၏လုပ်ငန်းလိုအပ်ချက်အရ သီးသန်.တီထွင်ရသော Tailor Made Software များလိုပ်အပ်ပါသည်
Information System တွင်ပါဝင်သောအစိတ်အပိုင်းများ
User Interface
Application
Database
User Interface
User Interface ဆိုသည်မှာ Information System(Software)ကိုနည်းပညာများ တတ်မြောက်ရန်
လိုဘဲ လွယ်ကူစွာအသုံးပြုနိုင်ရန်၊ လူနှင့် ကွန်ပျူတာဆက်သွယ်ဆောင်ရွက်ရန် ပြုလုပ်ထားသောစနစ်ဖြစ်
ပါသည်။ ယနေ.အခါတွင် User Friendly ပိုဖြစ်ပြီး ITC နည်းပညာများစွာနားမလည်သောလည်း စနစ်ကို
လွယ်ကူစွာ အသုံးပြုလာကြပြီဖြစ်ပါသည်။
Application
Application  ဆိုသည်မှာလုပ်ငန်းလိုအပ်ချက်အရ ဆောက်ရွက်နိုင်ရန် ၀ယ်ယူအသုံးပြုသော် (သို.မဟုတ်)
စိတ်ကြိုက်တီထွင်အသုံးပြုသော Application Software များဖြစ်ပါသည်။ User Interface နောက်ကွယ်
မှအလုပ်လုပ်နေသော စနစ်ဖြစ်သည်.အတွက် အသေးစိတ်ကို အသုံးပြုမည်.သူ နားလည်ရန် မလိုအပ်ပါ။
Database
Database ဆိုသည်မှာ Information System အတွက် အရေးကြီးဆုံး အစိတ်အပိုင်းမှာ Database ဖြစ်ပါသည်
Application Software တွင်ထည်.သွင်းအသုံးပြုရမည်. Data များကို ပုံစံတကျစုစည်းထားခြင်းဖြစ်ပါသည်။
Information System များ အောင်မြင်စွာအကောင်အထည်ဖော် ဆောက်ရွက်နိုင်ခြင်းမရှိရသည်. အကြောင်းရင်းမှာ
Database စနစ်တကျ တည်ဆောက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ Database တွင်ပါဝင်သော Data  များမှန်ကန်
ရန်၊ပြည်.စုံရန်၊အချိန်နှင့်တစ်ပြေးညီ Update  ဖြစ်ရန်လိုအပ်ပါသည်။သိုမဟုတ်ပါက Hardware နှင့် Software များ
မည်မျှပြည်.စုံကောင်းမွန်သည်ဖြစ်စေ Database မတည်ဆောက်နိုင်ပါက မှန်ကန်ပြည်.စုံမှုမရှိသော် လုပ်ငန်းရည်မှန်းချက်
မအောင်မြင်ဘဲ သဲထဲရေသွန်သကဲ့သို. ရင်းနှီးမြှုပ်နှိထားမှုများအချည်းနှီးဖြစ်သွားလေ့ရှိသည်။
Network အကြောင်း
ယခုအခု Information System များအသုံးပြုရာတွင် stand alone ကွန်ပျူတာ တစ်လုံးချင်း သီးသန်.အသုံးပြုသည်.
ထက် Network များချိတ်ဆက်အသုံးပြုမှုမျိုး ပိုမိုလာသည်.အတွက် Network များအကြောင်း သိထားသင့်ပါသည်။
.LAN (local Area Network)
မိမိရုံခန်း၊ အဆောက်အဦးအတွင်း ကြိုးဖြင့် (Cable)  (သို.မဟုတ်) ကြိုးမဲ့(Wireless) ချိတ်ဆက်အသုံးပြုခြင်း
.WAN (Wide Area Network)
ဝေးလံသော လုပ်ငန်းဌာန၊ ရုံးခွဲများအကြား ဆက်သွယ်ရေးစနစ်တစ်ခုခုဖြင့် ချိတ်ဆက်အသုံးပြုခြင်း (Fiber Cable ၊
ဂြိုလ်တုဆက်သွယ်ရေး၊ ADSL)
.Internet
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချိတ်ဆက်ထားသော Network
ကြီးကို အသုံးပြုပြီး မိမိလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။
Internet အား Internet Service Provider (ISP) နှင့်
ချိန်ဆက်ပြီးခေတ်မီဆက်သွယ်ရေးပုံစံ တစ်နည်းနည်း
(Fiber Cable ၊ဂြိုလ်တုဆက်သွယ်ရေးADSL ၊Wireless Broadband၊ WimAX ၊ WIFI ၊….)ဖြင့်အသုံးပြုနိုင်ပါသည်။

No comments:

Post a Comment