Tuesday, July 5, 2011

ဖတ်ကြည့်စေချင်တယ်..ဓမ္မအမေးအဖြေ...

မေး။ အရှင်ဘုရား၊ လောက၌ အချို့သောသူတို့သည် ပစ္စည်းကောင်းရှိလျက် မသုံးဘဲ ပစ္စည်းညံ့ကိုသာ အကြောင်းအမျိုးမျိုးပြ၍ သုံးခြင်း၊ ဤသို့ ပစ္စည်းရှိလျက်နှင့် မသုံးစွဲခြင်းတို့ကို တွေ့နေရပါသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။ ကံပိုင်းဆိုင်ရာနှင့် ဆက်စပ်မှု ရှိမရှိ ဖြေကြားပေးတော်မူပါဘုရား။

ဖြေ။ ပစ္စည်းကောင်းရှိလျက် အညံ့ကို သုံးသူ၊ ပစ္စည်းရှိလျက် မသုံးမစွဲ(တွန့်တို)သူ၊ နှမြောစေးနှဲသူတို့သည် အတိတ်ဘ၀က အလှူပေးခဲ့သော်လည်း အပရစေတနာ ပျောက်ကွယ်ခဲ့သူ(လှူပြီးသည့်နောက် မိမိလှူမိသည်ကို တွေး၍ နှမြောနေမိသူ)များ ဖြစ်ကြောင်း ဆိုပါသည်။ ယင်းသို့ စေတနာသုံးတန်ပျက်၍ မကောင်းကျိုးဖြစ်ရပုံကို မန်လည်ဆရာတော်က မဃဒေဝလင်္ကာ(ပိုဒ် ၂၈၅)တွင် ဤသို့ စပ်ဆိုခဲ့ပါသည်။

''ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန်မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့် လှူထွေရှေ့ဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံ့က၊ ပထမအရွယ်၊ နောင်ခါဝယ်၌၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက္ခီယက္ခ၊ တူတမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တတ်စွာ၏။ နောက်မှာ တွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွဲစည်းစိမ်၊ ဂုဏ်သိရ်နိမ့်ကျ၊ ဖြတ်တတ်ကြ၏။ ပဒုမဝတီ၊ ဒေဝီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဋ္ဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှုနှိုင်းဆ၊ ထောက်အပ်စွရှင့်၊ မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ နွမ်းညှိုးရော်ရ မည်ကိုကား''။

ယင်း၌ အပုတ္တက သူဋ္ဌေးဟူသည် ဘုရားရှင်လက်ထက်က သ၀တ္ထိပြည်တွင် ကုဋေပေါင်းများစွာ ချမ်းသာသော်လည်း မသုံးရက်၊ မစားရက်၊ ဆင်းဆင်းရဲရဲနေသွားရကား သားသမီးလည်း မရှိသဖြင့် သူသေ သော် ကုဋေပေါင်းများစွာသော ဥစ္စာဘဏ္ဍာတို့သည် မင်းဘဏ္ဍာဖြစ်သွားရသည်။ ထိုအပုတ္တက သူဋ္ဌေးသည် အပရစေတနာ ပျက်ကွက်ခဲ့၍ ဖြစ်ရကြောင်း ဘုရားဟော်တော်မူသည်။

ဇတ်တော်လာပဉ္စပါပီအကြောင်း

ကျနော် သူနဲ့တွေ့ပြီးကတည်းက မမြင်ရရင် မနေနိုင်၊ မတွေ့ရရင် အိပ်မပျော် ဖြစ်ခဲ့ရပါတယ်။ ဂန္တ၀င်တွေမှာ ကြားဖူးတဲ့ နာရီ ၊မိနစ် ၊ စက္ကန်နှင့်အမျှ သူ့အကြောင်းကိုပဲ တွေးနေတဲ့သူဆိုတာ ကျနော်လိုလူမျိုးဖြစ်နိုင်ပါတယ်။
ယခု ကျနော် သူ့ကိုပဲ ချစ်မိနေပါပြီ။
ကျနော်သူ့ကိုပဲ စွဲလမ်းနေပါပြီ။
တိတိကျကျ ပြောရင် သူနဲ့ “ထိ” တွေ့ပြီးကတည်းက စွဲလမ်းခဲ့တာပါ။ ထိတွေခဲ့စဉ်က အမှတ်တမဲ့ပါပဲ။
သူမက....ရုပ်ရည်ချောလို့လာ?
မဟုတ်ပါ။
သူမက....ပစ္စည်းဥစ္စာ ပေါလို့လား?
မဟုတ်ပါ။
သူမက....ကျနော်အပေါ် အလိုလိုက်၊ သိတတ်လွန်းလို့လား ?
မဟုတ်ပါ။
သူမကတော့ ရိုးရိုးလေးပါပဲ။ ကျနော့် အနေနဲ့ပြောတာပါ။ ပတ်ဝန်းကျင် အနေနဲ့ ပြောရင်တော့ အကြီးတန်မလေးလို့ ပြောကြမှာပါပဲ။
သူ့...ကို ကျနော် ဒီလောက်ထိအောင် ဘာလို့ စွဲစွဲလမ်းလမ်း ချစ်ခဲ့ရသလဲဆိုတာ ကျနော်ဖြစ်စဉ်ကို အရှက်မရှိ ဝန်ခံရပါစေ...

ကျနော်က တိုင်ပြည်အုပ်ချုပ်နေတဲ့ ဘုရင်မင်းတစ်ယောက်ပါပဲ။ တစ်နေ့ ကျနော်ကိုယ်တိုင် တစ်ယောက်တည်း တိုင်သူပြည်သားများ ငါ့အပေါ် ဘယ်လိုမြင်သလဲ၊ ပျော်ရွှင်မှုများ ရှိကြရဲ့လား စုံစမ်းချင်လို့ အရပ်သားယောင် ဆောင်ကာ ကျေးရွာတွေမှာ လှည့်လယ် စုံစမ်းနေတဲ့အချိန်ပါ။ တစ်နေ့မှာ ကလေးတွေလမ်းမပေါ်မှာ ကစားနေတာတွေ့ရပါတယ်။ ကျနော်က သြော်... ကလေးတွေက ကစားတော့လည်း စကား တောင်ပြော၊ မြောက်ပြော ပြောတတ်တာမို့ ငါ့အကြောင်းများ ပြောလေမလား စသည်ဖြင့် မယောင်မလည် ကလေးတွေနဲ့အတူ ဝင်ရောက် ပြေးလွှား ဆော့ကစားရင်းက သူမနဲ့စတွေခဲ့တာပါပဲ။
အတိအကျ ပြောမယ်ဆိုရင်တော့ ပြေးလွားဆော့ကစားရင်းက သူမလက်ကို အမှတ်အမဲ့ ကျနော့်လက်နဲ့ထိမိတဲ့ အချိန်မှစ၍ စွဲစွဲလမ်းလမ်းဖြစ်ခဲ့တာပါပဲ။

ကျနော် ဘယ်လို...ဘယ်နှယ်... ဖြစ်သွားမှန်းမသိပါ။ ဘ၀မှာ တစ်ခါမှ မတွေ့ထိဘူးတဲ့ ခံစားမှုမျိုး ကျနော်ခံစားခဲ့ရပါတယ်။ ကျနော်က .. စိတ်မထိမ်းနိုင်တော့လို့ သူမကိုမေးပါတယ်။ “မင်းမှာ ရည်းစားများ ရှိနေပြီးလား?” လို့။ ဒါနဲ့ ပြောဖို့မေ့ကျန်သွားတယ်။ အဲဒီအချိန်က သူမဟာ(၁၅)နှစ် (၁၆ နှစ်အရွယ်ပါ။ ကလေးများနဲ့အတူ ဆော့နေတယ်လေ။ ဒီတော့ သူမက... သူမကိုယ်တိုင် .. ရည်စားရှိဖို့ လုံးဝမမျှော်မှန်းမထားတဲ့ မိန်းကလေးဆိုတော့ အံသြစွာဖြင့် ချက်ချင်းပဲ “မရှိသေးပါဘူး” အကိုကြီးလို့ ဖြေပါတယ်။
သူမဆီက အဖြေကြားတော့ ကျနော်လည်း မရှက်နိုင်တော့ပါ။ “ဒါဖြင့် အကိုကြီး ညီမလေးကို လက်ထပ်ပါရစေ” လို့ချစ်ခွင့်တောင်းလိုက်ပါတယ်။
သူမအပြေအလွှား အိမ်ပြန်ပြီး အဖေ့ထံခွင့်တောင်းပါတယ်။ ဖခင်ကလည်း သမီးရုပ်ဆိုး ဒီဘဝသတစ်သက် လင်မရတော့ဘူးလို့တွက်ထားတာ။ လပ်ထပ်မယ့်လူရှိတယ်ဆိုတော့ မငြင်းတော့ပဲ။ ကြည်ဖြူစွာပဲလက်ခံခဲ့ပါတယ်။

တိုတိုပြောရရင်တော့ သူနဲ့ကျနော် တိုတိုကျင်းကျင်းပဲ လက်ထက်လိုက်တယ်ဆိုပါတော့။
အဲဒီအချိန်က စပြီး ကျန်နော် နေ့တိုင်း၊ ညတိုင်းလိုလို သူမထံ အရောက်သွားခဲ့ပါတယ်။ သူမရဲ့ အထိအတွေ့က သိပ်ကို ဆွဲဆောင်ခဲ့ပြီကို။ နေပူပူ၊ မိုးရွာရွာ ဘယ်လိုအခက်အခဲ ရာသိဥတု ရင်ဆိုင်ရပါစေ ကျနော် သူဆီကိုအမြဲရောက်ခဲ့ပါတယ်။ တောင်တွေ၊ တံတိုင်းတွေ ခြားစေဦးတော့ ကျန်နော် ဖြစ်တဲ့နည်းနဲ့ သူဆီိကို အရောက်သွားမှာပါပဲ။ သူမက ကျနော့်ကို ဖမ်းစားခဲ့ပြီလေ။
တစ်နေ့ကျနော် စဉ်းစားမိပါတယ်။ ငါဒီအတိုင်း နေ့တိုင်းသွားနေလို့ မဖြစ်သေးဘူး။ သူမကို နန်းတော်သို့ရောက်အောင်ခေါ်ဆောင်မှ ဖြစ်မယ်လို့အကြံဖြစ်ပါတယ်။ နောက်တနေ့ သူမ အိမ်လာတော့ နန်းတော်မှ သန်လျက်ကို ယူဆောင်လာပြီး သူမအိပ်တဲ့ ခုတင်အောက် သူမရဲ့ အိပ်ခန်းထဲမှာထားခဲ့ပါတယ်။
နောက်တနေ့ကျတော့ နန်းတွင်းမှာ သန်းလျက် ပျောက်တယ် ပျောက်တယ်နဲ့ အသဲအသန် ရှာကြတော့တာပါပဲ။ မှူးမတ်တွေ တမြို့လုံးလိုက်ရှာတာ။ မတွေ့ခဲ့ပါဘူး။ ဒါနဲ့ ကျနော်က..“မင်းတို့ အိပ်ခန်းတွေကော အကုန်လိုက်ရှာ မတွေ့လို့ ဘယ်ဖြစ်မလဲ”လို့ပြောတော့ ..။ သူမရဲ့ အိမ်ခန်း ကုတင်အောက်က သန်လျက်ကိုတွေ့ခဲ့ပါတယ်။
မှူးမတ်တွေက “တွေ့ပြီး....တွေ့ပြီး... ကလေးမ ..မင်.. ဒီသံလျက် ဘယ်ကကရသလဲ မှန်မှန်ပြော”လို့မေးတော့..။ သူမက...“ကျန်မ မဖြေတတ်ဘူး နေ့တိုင်း၊ ညတိုင်းလာတဲ့ ကျန်မယောက်ျား ပါလာတာပဲ”တဲ့။
'နင်ယောက်ျား ခိုးတာပဲ'
“မသိဘူး”
“နင့်ယောက်ျား သူ ..ဘယ်က လာတယ်ဆိုတာသိလား?”
“မပြောတတ်ဘူး”
“ဘာ အထိမ်းအမှတ် ရှိလဲ? ”
“ လက်ကို စမ်းကြည်ရင်ဖြင့် ကျမ ယောကျာ်းလက်ကို ကျမမှတ်မိပါတယ်”လို့ဖြေပါတယ်။
သူမကို နန်းတွင်းကို ခေါ်ဆောင်လာခဲ့ပါတယ်။ နန်းတွင်း လုံပေ့ဆိုတဲ့ အခန်းထဲမှာ သူမကိုထား ဘေးက အကာတွေကာပြီး သူမရဲ့.. လက်ထွက်နိုင်ရုံ အပေါက်တစ်ပေါက်ကိုပဲ ဖောက်ထားပါတယ်။ နန်တွင်းသားများနဲ့သာဆိုင်သော သန်လျက်ပြဿနာဆိုတော့ မှူးသော၊ မတ်သော၊မင်းသားသော၊ ဘာသော ညာသော မလုပ်ကြနဲ့ ဒီသူခိုးတော့ အမိဖမ်းမယ်လို့ ဆုံးဖြစ်လိုက်ကြပါတယ်.......။
ကျနော် ဣနြေ္ဒရရနဲ့ပဲ စောင့်နေပါတယ်။ သူမကတော့.. နန်းတွင်းမှာ မှူးမတ်များပေးတဲ့ လက်တွေကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်း စမ်းတော့တာပါပဲ။ သူမကတော့စမ်းမိတဲ့လက်တိုင်းကို .သူမယောကျာ်းလက် မဟုတ်ဘူးလို့ ငြင်းပါတယ်။
သို့သော်ငြားလည်း သူမ.လက်နဲ့ အထိခံရတဲ့ နန်းတွင်းမှ ယောကျာ်းမှန်သမျှ သူမရဲ့ “အထိအတွေ့”ကို သာယာနှစ်သက်မိပြီး “သန်လျက် သူခိုးမပေါ်လျှင်၊ ငါသူခိုးလို့ ၀န်ခံပြီး သူမကို လက်ထပ်မယ့် အသီးသီးစိတ်ဆုံဖြတ်ခဲ့ကြပါတယ်တဲ့။
နောက်ဆုံး ကျနော်အလှည့်ရောက်ပါပြီ ... ကျနော်လည်း ခပ်တည်တည်နဲ့ ကျနော့် လက်ကိုပေးလိုက်ပါတယ်။ သူမက စမ်းကြည့်ပါတယ်။
“ဟော.တွေ့ပြီ....တွေ့ပြီ... ကျမယောကျာ်းလက်တဲ့”
ကျနော့် သူမကို စွဲလမ်းမိလို့ သန်လျှက်သခိုးဖြစ်ခဲ့ရပါပြီ
ဒါပေမဲ့ ကျနော်မရှက်ပါ။ အရှက်ကို .အချစ်နဲ့ပေးဆပ်ပါမယ်
အချစ်ကို ဘ၀နဲ့ပေးဆပ်ပါမယ်၊
အချစ်ကို နန်တော်နဲ့ပေဆပ်ပါမယ်၊
သူမက..ဒါဟာ ကျန်မယောကျာ်းပဲဆိုတော့ ရှင်ဘုရင်ဣနြေ္ဒ မစောင့်ထမ်းနိုင် ခပ်ပြုံပြုံပဲ အခန်းထဲမှ ထွက်လာခဲ့ပါတယ်။
ကျနော်က .. မှူးမတ်တွေကို မေးပါတယ်။
“ နေစမ်းပါဦး ...သူမ ...လက်ကို စမ်းတော့ မင်းတို့ ဘယ်လိုခံစားရသလဲ?”လို့
မှူမတ်းအားလုံးက..“သူခိုး မပေါ်ရင် ကျတော်တို့ဝန်ခံမလို့”တဲ့။
ကျနော်လည်း မရှက်ပါ။ ငါလည်း ဒီလိုပါပဲဆိုပြီး သူမနဲ့ ကျနော်ရဲ့ အချစ်ဇာတ်လမ်းကို ပြန်ပြောပြခဲ့ပါတယ်။
မှူမတ်များကတော့ အရှင်မင်းမြတ်နဲ့ ထိုက်တန်ပါတယ်တဲ့။
ကျနော်လည်း ပျော်ရွှင်စွာဖြင့်ပဲ သူမကို နန်းတော်မှခေါ်၍ မိဖုရား အဖြစ်တင်မြှောက်လိုက်ပါတယ်။
သူမကတော့ အခြားမဟုတ်ပါ။ ရုပ်ဆိုးမလေး “ပဉ္စပါပီ”ပဲဖြစ်ပါတယ်။
အလှအပသာမဟုတ် ဗောဋ္ဌဗ္ဗာရုံ အတွေ့အထိကလည်း လူတွေကို စွဲလမ်းစေတတ်ကြောင်း သိစေရန် ဇာတ်တော်လာ ပဉ္စပါပီ အကြောင်းမှိငြမ်းတင်ပြပါသည်။
ကြိုက်လားဒီပုံလေးကို...ဟီး ဟီး တော်တော်လန်းမယ့်ပုံ....ဟိ..ဟိ

Window 7 မှာ ပရိုဂရမ် အင်စတော လုပ်မရရင်တော့ဒီလိုလုပ်

window 7 မှာ အခုလိုမျိုး program တွေကို install လုပ်မရရင် လုပ်နည်းကလွယ်ပါတယ် . ကိုလိုချင်တဲ့ program ကို copy ကူးပြီး စက်ထဲခဏထည့်ထား ပြီးတာနဲ့ အောက်က အဆင့်အတိုင်း လုပ်ပါ

(၁) program ကို copy ကူးပြီး စက်ထဲထည့်
(၂) program ကို right click နှိပ်ပြီး properties ထဲကို ၀င်ပါ
(၃) compatbility ကို ရွေးပေးလိုက်ပြီး Run this program in compatibility mode for ဆိုတဲ့ စာတန်းအောက်မှာ ရှိတဲ့ အထဲကနေ window xp sp2 (or) window xp sp3 တစ်ခုခုကိုရွေးပေးပြီးတော့ Install လုပ်ပါ

ကဲ ခုနက မရတဲ့ program Install လုပ်လို့ရသွားပြီမဟုတ်လား .

အားလုံးအဆင်ပြေပါစေဗျာ...
မတတ်သေးသူများအတွက်ပါခင်ဗျာ.....

Monday, July 4, 2011

ဖုန်းရွှေပညာ...မိတ်ဆက်

မြန်မာလို “ဖုန်းရွှေ” လို့ ခေါ်နေကြတဲ့ တရုတ်ရိုးရာ ပညာ Feng Shui (風水) ရဲ့ အသံထွက် အမှန်ကတော့ “ဖုန်းဆွေ” လို့ ထွက်ပါတယ်။ ဖုန်း (風) ဆိုတဲ့ တရုတ်ဝေါဟာရက “လေ” ကို ဆိုလိုတာ ဖြစ်ပြီး ဆွေ (水) ဆိုတာက “ရေ” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် ဆိုရရင်ဖြင့် ဖုန်းရွှေပညာရပ်ဟာ လေနဲ့ ရေကို အခြေခံထားတဲ့ သဘာဝကျတဲ့ ပညာရပ်တစ်ခုလို့ ဆိုရပါမယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွားလာခဲ့တဲ့ ဖုန်းရွှေပညာရပ်ကို နေအိမ်ဂေဟာတွေ သင်္ချိုင်းအုတ်ဂူ စတာတွေ အတွက် အရပ်မျက်နှာ ရွေးခြယ်တည်ဆောက်တဲ့ နေရာမှာ အဓိက အသုံးချပါတယ်။ အရပ်ဒေသ တစ်ခုမှာ အိမ်တစ်အိမ်၊ အဆောက်အဦ တစ်ခုကို စတင်ပြီး ပန္နက်စသည် မချခင်မှာ မြင့်မြတ်တဲ့ဓာတ်တွေ တည်ရှိတဲ့ နေရာကို ရှာဖွေရတာဟာ ဖုန်းရွှေပညာရဲ့ အဓိကလုပ်ဆောင်ချက်ပါပဲ။


Heaven & Earth ဆိုတဲ့ ကောင်းကင်နဲ့ မြေကြီးကြားမှာ သမမျှတ Balance ဖြစ်အောင် နေထိုင်ခြင်းဖြင့် ကောင်းမွန်တဲ့ (氣 - qi) ချိဆိုတဲ့ ဓာတ်တွေကို တည်ဆောက်နေထိုင်ခြင်းဟာ ဖုန်းရွှေပညာရပ် ပါပဲ။ ဒါကြောင့် မိမိကိုယ်ကိုယ် တင့်သင့်လျှောက်ပတ်အောင် တည်ဆောက်လိုသူ မည်သူမဆိုအတွက် ဖုန်းရွှေပညာရပ်ကို အသုံးချနိုင်ပါသေးတယ်။

ဒီဘလော့ဂ်လေးမှာ တရုတ်ရိုးရာ ပညာ “ဖုန်းရွှေ” နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဆောင်ရန် ရှောင်ရန်တွေ၊ နည်းနာနိဿယ စတာတွေကို လက်လှမ်းမီသရွေ့ တင်ပြသွားပါမယ်။ MM Feng Shui Study ဆိုတဲ့ နာမည်မှာ MM ဆိုတာကတော့ “မြန်မာ” ဆိုတာကို ဆိုလိုတာပါ။ “ဖုန်းရွှေ” ဟာ မြန်မာပညာရပ် မဟုတ်ပေမယ့် ဒီနေရာလေးကို မြန်မာနိုင်ငံသား တစ်ယောက်က ဖန်တီးထားတာကို သိစေချင်တဲ့အတွက် MM လို့ ထည့်သွင်းရခြင်း ဖြစ်ပါတယ်။

ပွင့်လင်းသော အမြင်၊ ကျိုးကြောင်း ဆီလျော်သော ယုံကြည်မှုတို့ဖြင့် စစ်မှန်သော ပညာအလှတရားကို သင်္ခါရများ နောက်ဝယ် သင်ငါ ရသမျှ ထားခဲ့ကြပါဦးစို့...။

ကြွယ်ဝမျှတသော သဘာဝတရားဆီသို့
အုပ်စိုး

ဖုန်းရွှေပညာ...၃.(တရုတ်တော်ဝင်ပညာတခု)

သာယာလှပပြီး သက်တောင့်သက်သာနဲ့ နေချင်စဖွယ်ရှိတဲ့ သက်ရှိပတ်ဝန်းကျင်မျိုးကို လူတိုင်းနီးပါး လိုချင်ကြတာ အမှန်ပါ။ ဒါကြောင့်လည်း ယနေ့ ကမ္ဘာမှာ အိမ်အတွင်းခန်း အလှပြင်ဆင်တဲ့ (Interior Design) ကုမ္ပဏီတွေ အလုပ်ဖြစ်နေကြတာပါ။

တရုတ်လူမျိုးတွေရဲ့ ဖုန်းရွှေပညာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွား ခဲ့တာကြောင့် အိုဟောင်းနေတဲ့ ပညာရပ်တစ်ခုလို့ ဆိုကောင်း ဆိုနိုင်ပါမယ်။ ဒါပေမယ့် ဖုန်းရွှေပညာက ယနေ့ ကမ္ဘာက တောင့်တနေတဲ့ ရုပ်ဝတ္ထုကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်း ပေးနိုင် ယုံမျှမကဘဲ စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ အောင်မြင်မှုတွေကိုပါ ထပ်လောင်း ဆောင်ယူ လာနိုင်တယ်လို့ ဆိုလေတော့ အံ့သြမိတာ အမှန်ပါပဲ။

အသံထွက် အမှန်အားဖြင့် “ဖုန်းဆွေ” လို့ ထွက်ရတဲ့ Feng Shui (風水) ဖုန်းရွှေပညာရပ်ဟာ အရာဝတ္ထုတွေ၊ သက်မဲ့ပစ္စည်းတွေကို ထားသို နေရာချထားခြင်းကနေ သင့်ရဲ့ သက်ရှိပတ်ဝန်းကျင်မှာ ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေမှာလဲ ဆိုတာကို အဓိက လေ့လာတာ ဖြစ်ပါတယ်။

သင့်ရဲ့ ပတ်ဝန်းကျင်မှာ စီးဆင်းနေတဲ့ ချိဓာတ် (氣 - Qi Energy Flow) တွေ ရှိပါတယ်။ ဒီဓာတ်တွေဟာ သင့်ဆီမှာရှိတဲ့ ဓာတ်စွမ်းအင် (Personal Energy Flow) တွေကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ သင့်ရဲ့ကိုယ်ပိုင် ဓာတ်စွမ်းအင်တွေက သင့်ရဲ့ အတွေးအခေါ် အပြုအမူတွေကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်းရွှေပညာရပ်ဟာ သင့်ရဲ့ တစ်နေ့တာမှာ ဖြစ်ပျက်လှုပ်ရှားနေသမျှတွေနဲ့ (သင်က သတိမပြုမိသည့်တိုင်) သက်ဆိုင်နေပါတယ်လို့ ဆိုချင်ပါတယ်။

နမူနာဆိုရမယ်ဆိုရင် ကျန်းမာရေးချူချာနေတဲ့ လူတစ်ယောက်ရဲ့ ကုတင်ပတ်ဝန်းကျင်မှာ ချိဓာတ်ကို ဆွဲဆောင်စီးဆင်းစေတဲ့ အရာဝတ္ထုတွေ ချိတ်ဆွဲလိုက်ခြင်းဖြင့် အမြန်ဆုံး နလန်ပြန်ထူလာနိုင်တာမျိုးပါ။ အခြားတစ်ဘက်မှတွေးရင်ဖြင့် သင့်အိမ်၊ အိပ်ခန်း စတာတွေမှာ အရာဝတ္ထုတွေကို နေရာအထားအသို မမှန်ကန်ခြင်းဟာ သင့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ ကောက်ချက်ကို ရရှိလာမှာဖြစ်ပါတယ်။ ချိဓာတ်တွေရဲ့နဲ့ ပတ်ဝန်းကျင် သက်ရောက်မှုကို ဒီအောက်က ပုံ ၃ခုကို ကြည့်လိုက်ရင် ပိုနားလည်သွားမှာပါ။


ပထမပုံက လူတစ်ယောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်ဓာတ်စွမ်းအင်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒုတိယပုံက သက်ရှိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ချိဓာတ်တွေ လူဆီကို စီးဆင်းလာတာကို ပြပါတယ်။ တတိယပုံမှာ သက်မဲ့အရာဝတ္ထုတစ်ခု နေရာချလိုက်ခြင်းကြောင့် လူဆီကို လာနေတဲ့ ချိဓာတ်တွေရဲ့ လမ်းကြောင်း သွေဖီသွားပုံကို တွေ့နိုင်ပါမယ်။

ဒီတော့ ဖုန်းရွှေဆိုတာဘာလဲလို့ မပြောခင် ဘာတွေက ဖုန်းရွှေ မဟုတ်ဘူးလဲ ဆိုတာ အရင်ဆုံးနည်းနည်း စဉ်းစားကြည့်ကြပါစို့။ ဖုန်းရွှေဆိုတာ...

အိမ်တွင်း ပရိဘောဂတွေကို အဆန်းတကြယ် နေရာချပြီး သင့်ကို နေ့ချင်းညချင်း ကြီးပွားသွားစေနိုင်တဲ့ အရှေ့တိုင်းက အိမ်အတွင်း ဒီဇိုင်းချတဲ့ (Interior Design) ပညာ မဟုတ်ပါဘူး။
လက်တွေ့နယ်ပယ်ကနေ ကင်းကွာနေတဲ့ ဂမ္ဘီရဆန်တဲ့ အယူသည်းတဲ့ ဂန္ဓာရီပညာ မဟုတ်ပါဘူး။
သင့်နေအိမ်၊ ပန်းခြံတွေကို အလှဆင် ဖန်တီးတဲ့ နည်းပညာ မဟုတ်ပါဘူး။
တစ်ညနေခင်းအတွင်းမှာပဲ ပြီးအောင်လုပ်နိုင်တဲ့ လွယ်ကူသက်သာနည်းပညာ မဟုတ်ပါဘူး။
လူကုံထံတွေပဲ သုံးစွဲနိုင်တဲ့ ဇိမ်ခံနည်းပညာ မဟုတ်ပါဘူး။


ဒါဆိုရင် ဖုန်းရွှေ ဆိုတာ ဘာလဲ။ စဉ်းစားကြည့်ရအောင်ပါ။ ဒီနေရာမှာ အရေးအကြီးဆုံး မေးခွန်းတစ်ခုကို မေးချင်ပါတယ်။ အဲဒါက...

လူက သဘာဝကို ပြုပြင်တာလား၊ သဘာဝက လူကို ပြုပြင်တာလား။

ဒီမေးခွန်းရဲ့ အဖြေကို စဉ်းစားမယ်ဆိုရင် သဘာဝတရားတွေကနေ၊ လူလုပ်အဆောက်အဦတွေ၊ စက်ရုံတွေ ဖြစ်တည်လာတာတွေကို တရေးရေးမြင်လာပါလိမ့်မယ်။ လူသားတွေ နေထိုင်လာတဲ့ မြို့ပြစနစ်တွေ တိုးတက် ဖြစ်ထွန်းလာတာနဲ့အမျှ သစ်တောနဲ့ မြေဆီလွှာပြုန်းတီးမှုတွေ ရှိလာတာတွေကို မြင်မိပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ဖန်လှောင်အိမ်ကြီးလိုဖြစ်ပြီး ယိုယွင်းလာတဲ့ ဂေဟဗေဒစနစ်ကြီးကို သွားသတိရကြ ပါလိမ့်မယ်။ အဲဒီစနစ်ဆိုးတွေကြောင့် လူသားတွေနဲ့ ကျန်းမာရေးတွေ ဆုတ်ယုတ်လာတာ၊ ရောဂါဘယ ထူပြောလာတာတွေကို တွေးမိပါလိမ့်မယ်။ စက်ဝန်းတစ်ပတ်လည်အောင် စဉ်းစားခန်း ထုတ်မိပြီးတဲ့အခါမှာ ခေါင်းရှုပ်စွာနဲ့ပဲ လက်တွေ့ကျတဲ့ အဖြေကို တောင့်တမိတယ်ဆိုရင် သင်ဟာ ဖုန်းရွှေ ဘာလဲဆိုတာ သိသင့်ပြီလို့ ယူဆလိုက်ပါတော့။

ဒီတော့ ဖုန်းရွှေဆိုတာ...

အပေါ်ယံကြည့်မယ်ဆိုရင် ဖုန်းရွှေဆိုတာ လူသားနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ ကူးလူးဆက်နွယ်မှုကို လေ့လာတဲ့ ပညာလို့ ဆိုနိုင်ပါတယ်။ တစ်ဆင့်တက်ပြီး ကြည့်မယ်ဆိုရင် ဒီလိုဆက်နွယ်နေတဲ့ စွမ်းအင်တွေကို ဖုန်းရွှေနည်းပညာတွေနဲ့ ထိမ်းချုပ်ကွပ်ကဲပြီး သင့်နေ့စဉ်ဘဝမှာ တိုးတက်ဖြစ်တည်မှုတွေ ရှိလာအောင် ဖန်တီးယူနိုင်ခြင်းပါ။ သင်နဲ့ သင့်ရဲ့ ပတ်ဝန်းကျင် (Surrounding) ကို လည်ပတ်နေတဲ့ စွမ်းအင်စီးကြောင်းတွေရဲ့ စည်းစနစ်နဲ့ထဲမှာ သဟဇာတဖြစ်အောင် ထိန်းညှိတည့်မတ်ပေးခြင်းရဲ့ အကျိုးဆက်အားဖြင့် သင်ကော သင့်ဘဝဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်သွားတာပါပဲ။

ဖုန်းရွှေကို နေရာချခြင်း အနုပညာလို့လည်း တချို့က တင်စားကြပါသေးတယ်။ သင့်ရဲ့ ပရိဘောဂတွေ ပိုင်ဆိုင်မှုတွေ၊ ပြီးတော့ သင်ကိုယ်တိုင်ကိုပါ ပတ်ဝန်းကျင်မှာ ဘယ်လိုနေရာချထားတယ် ဆိုတာကနေ သင့်နေ့စဉ်ဘဝ ကြုံတွေ့မှုတွေရဲ့ အခြေအနေ အရပ်ရပ်ကိုပါ ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရွှေက သင်ကိုယ်တိုင်ရော၊ သင့်ပတ်ဝန်းကျင်ကိုပါ ပြန်လည်သုံးသပ်နိုင်အောင် ဖန်တီးပေးတဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုလို့လည်း ဆိုနိုင်ပါသေးတယ်။ သင်နဲ့ သင့်ပတ်ဝန်းကျင်ကြားမှာ သဟဇာတဖြစ်ဖို့၊ သက်တောင့်သက်သာဖြစ်ဖို့၊ စည်းစနစ်ကျနဖို့ တခြားနည်းလမ်းတွေက ဆောင်ရွက်ဖို့ ခက်ပေမယ့် ဖုန်းရွှေက ဆောင်ယူဖန်တီးပေးနိုင်ပါတယ်။

သဘာဝတရားနဲ့ လိုက်လျောညီထွေ နေထိုင်ပြီး နေ့စဉ် တိုးတက်မှုတွေ ရှိအောင် ဖန်တီးပေးတဲ့ ဒီနည်းစနစ်ကို ရာစုနှစ်ပေါင်းများစွာ ပညာရှင်တွေ လက်တွေ့အသုံးချခဲ့ကြပါတယ်။ ဒါကြောင့် ဖုန်းရွှေဟာ အခြေအမြစ်ရှိပြီး လက်တွေ့ကျတဲ့ ပညာ ဖြစ်တာကြောင့် သင့်ရဲ့နေထိုင်၊ လုပ်ကိုင်မှုတွေကို ကူညီတည့်မတ်ပေးနိုင်တယ် ဆိုတာကို ယုံကြည်လိုက်ပါတော့လို့ ဆိုချင်ပါတယ်။

ကြွယ်ဝမျှတသော သဘာဝတရားဆီသို့
အုပ်စိုး

စာဖတ်သူ..သင်ကောလိမ်တတ်လား

၂၁ ရာစုအစမှာပဲ စက်ရုပ်တွေဟာလူတစ်ယောက်လိမ်တယ်မလိမ်ဘူး ဆိုတာကိုမျက်နာကြည့်ပြီးသိနိုင်အောင် တီထွင်နိုင်ခဲ့ပါပြီ။ ထူးခြားချက်အနေနဲ့ အဲဒီစက်ရုပ်ဟာလိမ်တဲ့သူကိုချက်ချင်းပါးထရိုက်တာပါပဲ။ မယုံဘူးလား.. အောက်ကအဖြစ်အပျက်ကိုဖတ်ကြည့်ပါ။

ကိုဇော်ဂျီနဲ့ပွင့်တို့ရဲ့သားလေး မောင်မောရစ်တစ်ယောက်အိမ်ကိုနောက်ကျပြီးမှပြန်ရောက်လာ သည်။
ကိုဇော်ဂျီ ။ ။ သားမင်းဘာလို့ကျောင်းနောက်ကျတာလဲ။
မောင်မောရစ် ။ ။ ဒီနေ့ကျောင်းကအချိန်ပိုရှိလို့နောက်ကျတာအဖေရဲ့။
ဖြန်း.. ..
အံ့သြစရာကောင်းလောက်အောင်ပဲ ဘေးမှာရှိနေတဲ့စက်ရုပ်က မောင်မောရစ်ပါးကိုရိုက်ထည့်လိုက်သည်။
ကိုဇော်ဂျီ ။ ။ ဒီစက်ရုပ်က လိမ်ပြောတာကိုအာရုံခံစားနိုင်တဲ့စက်ရုပ်ကွ။ မှန်မှန်ပြောစမ်း။ လိမ်ပြောရင်မင်းကိုပါးထပ်ရိုက်လိမ့်မယ်။
မောင်မောရစ် ။ ။ ဟုတ်ကဲ့. .. ကျနော်ရုပ်ရှင်သွားကြည့်နေတာပါ။
ကိုဇော်ဂျီ ။ ။ ဘာရုပ်ရှင်လဲ။
မောင်မောရစ် ။ ။ " The Ten Commandments " ဇာတ်ကားပါ။
ဖြန်း.. ..
စက်ရုပ်ကရိုက်ထည့်လိုက်ပြန်သည်။ မောင်မောရစ်တစ်ယောက်မလိမ်ရဲတော့ပေ။
မောင်မောရစ် ။ ။ ဟုတ်.. ဟုတ်... Sex Queen ဇာတ်ကားပါ။
ကိုဇော်ဂျီအတော်ပေါက်ကွဲသွားသည်။
ကိုဇော်ဂျီ ။ ။ မင်းမရှက်ဘူးလားကွ ဒါမျိုးဇာတ်ကားကြည့်တာ။ မင်းအသက်အရွယ်လောက်တုန်းက ငါဒါမျိုးရှက်စရာဘယ်တုန်းကမှ မလုပ်ခဲ့ဘူး။
ဖြန်း.. .. ... ..
တော်တော်လေးကိုအသံကျယ်ပါဧ။်။ ကိုဇော်ဂျီကိုစက်ရုပ်ကပါးချလိုက်ခြင်းပင်ဖြစ်ချေသည်။
ဆူညံဆူညံအသံများကြောင့်မိခင်ဖြစ်သူ ပွင့်မီးဖိုချောင်မှထွက်လာပြီးပြောလိုက်သည်။
ပွင့် ။ ။ ရှင်လည်းလိမ်တာပါပဲလား။ အင်းလေ.. ရှင်နဲ့တူမှာပေါ့ အဲဒါရှင့်သားပဲလေ ။
ဖြန်း.. ... ... ... ...
ဒီတစ်ခါစက်ရုပ်ဧ။် ပွင့်ကိုပါးရိုက်ချက်ကား အသံအကျယ်ဆုံးဖြစ်တော့သည်။

ဂုဏ်ပြုစာတမ်း

တစ်ခါတုန်းကအမျိုးသမီးနှစ်ယောက်ဟာနိုက်ကလပ်တစ်ခုကိုသွားကြသတဲ့...

ဖြစ်ချင်တော့အဲဒီနေ့မှာပဲဘီယာတွေပရိုမိုးရှင်းလုပ်တဲ့အနေနဲ့အခမဲ့သောက်သုံးခွင့်ပေးတာနှင့်

ကြုံနေပါရော...။ဒါနဲ့အမုန်းကဲပြီးအပီသောက်လိုက်ကြပါသတဲ့မူးမူးနဲ့လမ်းလျှောက်အပြန်လမ်းမှာ

ရူးရူးပေါက်ချင်စိတ်ကတားမရဆီးမရဖြစ်ပါလေရော..။ဒါနဲ့ဘေးဘီကိုကြည့်လိုက်တော့
သင်ချိုင်းတစ်ခုတွေ့ပါသတဲ့။

ပထမအမျိုးသမီး။ ။ဒီထဲမှာလူရှင်းတယ် ၀င်ပေါက်လိုက်ကြရအောင်...။

ဒုတိယအမျိုးသမီး။ ။ကြာသလားလို့လုပ်လိုက်လေ...။

အဲဒီလိုနဲ့မူးမူးနဲ့ရူးရူးပေါက်လိုက်ကြတာ ခြေထောက်တွေစိုစိုရွှဲကုန်ပါလေရော။

ပထမအမျိုးသမီးကတော့ သူ့မှာဝတ်လာတဲ့အတွင်းခံဘောင်းဘီကိုချွတ်ပြီးသန့်ရှင်းရေးလုပ်ကာ

ဘောင်းဘီကိုလွှတ်ပစ်ခဲ့ပါတယ်။

ဒုတိယအမျိုးသမီးမှာတော့ သူယောင်္ကျားဝယ်ပေးလိုက်တဲ့အသစ်ဂျပ်ချွတ်လေးဆိုတော့

မလုပ်ရက်ဖူးဖြစ်နေတယ်..ဒါနဲ့ အုတ်ဂူပေါ်မှာတွေ့တဲ့အနီေ၇ာင်ဖဲကြိုးပြားတစ်ခုကိုယူပြီး သန့်ရှင်းရေးလုပ်ခဲ့ပါတယ်..။ ဖြစ်ချင်တော့ကိစ္စတွေပြီးလို့ ဘောင်းဘီပြန်ဝတ်တဲ့အချိန်မှာဖဲကြိုးအနီလေးဟာ ခါးပတ်နှင့်ချိတ်မိပြီးပါသွားပါလေရော...။

ထိုအမျိုးသမီးနှစ်ယောက်အိမ်ပြန်ရောက်ပြီးချိန်မှာပဲ သူတို့ရဲခင်ပွန်းဖြစ်သူနှစ်ယောက်ဟာ ဖုန်းဆက်ပြီးအောက်ပါအတိုင်းပြောကြပါသတဲ့ ။

ပထမခင်ပွန်း။ ။ဒို့အိမ်ကဟာနှစ်ယောက်ကိုတော့ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူးဟေ..။ဒီနေ့ငါ့မိန်းမပြန်လာတော့
အတွင်းခံဘောင်းဘီပါမလာဘူးကွာ...တစ်ခုခုတော့တစ်ခုခုပဲ။

ဒုတိယခင်ပွန်း။ ။အေး..မင်းကဘာဟုတ်သေးလဲကွာ..ငါ့မှာရူးတောင်ရူးချင်နေပြီ ။ ငါ့မိန်းမပြန်လာတော့ဂုဏ်ပြုစာတန်းတောင်ပါလာသေးတယ်။
ဘာတဲ့ “ခင်ဗျားကိုကျုပ်တို့တပ်စုတစ်ခုလုံးကမှတ်မှတ်ရရရှိနေမှာပါ“ တဲ့ကွာ။

မကြိုးစားနဲ့တော့မာမီ.......

တခါက ပီတာလေးဆိုတဲ့ ၇နှစ် ၈နှစ်အရွယ် ကောင်ကလေးတယောက်ရှိတယ်တဲ့း

တနေ့ ကျတော့ ပီတာလေးဟာ စောစောအိပ်ယာဝင်ခဲ့တာပေါ့။ ဒါပေမယ့် အိပ်မပျော်ဘူးတဲ့။ ညဥ့်နက်လောက်ကျတော့ သူ့ မိဘတွေအခန်းက ဆူဆူညံညံအသံတွေကြားတော့ ကလေးပီပီ စပ်စုချင်တာနဲ့ သော့ပေါက်က သွားချောင်းတာပေါ့ကွယ်။

နောက်တနေ့ မနက်ကျတော့ ပီတာလေးဟာ သူ့ အမေကို မနေ့ ညက သူမြင်ခဲ့တာတွေ ပြန်မေးတာပေါ့ကွယ်။

ပီတာလေး " မေမေ, မနေ့ ညက မေမေနဲ့ ဖေဖေ ရန်ဖြစ်ကျတာလား။ ဆူညံနေတာပဲ။ သား အိပ်မပျော်လို့ မေမေတို့ အခန်းကို ချောင်းကြည့်တာ မေမေက အဖေအပေါ် တက်ခုန်နေတာ တွေ့ ရတယ်။ ဘာဖြစ်လို့ လဲ ဟင် " တဲ့

မိခင် " ဟုတ်တယ်သား။ သားအဖေက ဘီယာတွေအရမ်းသောက်တော့ ဗိုက်ပူ လာလို့ မေမေက ဗိုက်ပိန် သွားအောင် တက်ခုန်ပေးတာလေ "

ပီတာလေးက သူ့ အမေ အဖြေစကားလဲကြားရော ပြန်ပြောလိုက်တာက

" အဲဒါဆို မကြိုးစားနဲ့ တော့မေမေ။ ဘာဖြစ်လို့ လဲ ဆိုရင် မေမေက ဗိုက်ပိန်အောင် တက်ခုန်။ မေမေလည်း ရုံးသွားရော ဟိုဘက်အိမ်က အန်တီက ဖေဖေ့ ဗိုက်ပြန်ဖောင်းလာအောင် လေတွေပြန်မှုတ်ထဲ့တာ သားတွေ့ တယ် မေမေရဲ့ " တဲ့

ကီးဘုတ်မသုံး၊ မောက်စ်မသုံး၊တော်ကီလေးနဲ့သုံးကြည့်လေ

window 7 မှာ ပါတဲ့ အထဲက ကျွန်တော်သဘောကျတဲ့ တစ်ချက်ကတော့ ကွန်ပျူတာကို microphone ကနေတစ်ဆင့် ပါးစပ်နဲ့ပြောပြီး ကိုင်တွယ်အသုံးပြုနိုင်ပါတယ် . အသုံးပြုနည်းကတော့ လွယ်ပါတယ် .

အသုံးပြုနည်း

(၁) start >> control panel >> Ease of Access ကို ရွေးလိုက်ပါ .
(၂) speech recognition >> set up a microphone ကို နှိပ်လိုက်ပါ .
(၃) microphone ကို တစ်ခါတည်း plug ထိုးထားလိုက်ပါ . အဲ့ဒါဆိုရင်
Headset microphone , Desktop microphone, other ဆိုပြီးတော့ သုံးခုရှိတဲ့အထဲက ကိုအသုံးပြုတဲ့ microphone ကို ရွေးလိုက်ပါ ပြီးတော့ Next ပေါ့ .
(၄) Next ကို ဆက်နှိပ်လိုက်ပါ . အ၀ါ၊ အစိမ်း၊ အပြာ သုံးရောင်ခြည်ထားတဲ့ အတန်းတစ်တန်းကို တွေ့ရင် မိုက်ကနေ စမ်းပြီးတော့ပြောလိုက်တာနဲ့ mic ကောင်းရင် next ကိုနှိပ်ဖို့ပေါ်လာပေးပါတယ် . နောက်တစ်ခါ next ကို ထပ်နှိပ်လိုက်ပါ . အသံပြောလိုက်ပြီးရင် အဆင်ပြေသွားပြီဆိုတာနဲ့ finish ပေါ်လာပါလိမ့်မယ် .


Microphone ကိုတော့ စမ်းပြီးတော့ အိုကေသွားပြီထင်ပါတယ် အခုလောက်ဆို

ဒုတိယအဆင့်အသံစမ်းမယ် .

(၁) ဒုတိယအဆင့်က ကိုယ့်အသံကို စမ်းစစ်မယ် . နားကြပ်တပ်ထားလိုက်ပါ .
(၂) start >> control panel >> Ease of Access >> start speech recognition ကိုရွေးလိုက်ပါ .
(၃) ပေါ်လာတဲ့ box ကို on ထားလိုက်ပါ . ပြီးတာနဲ့ မိုက်နဲ့စမ်းပြီးတော့ အမိန့်ပေးပြီး အဖွင့်အပိတ် အမိန့်ပေးလို့ ရသွားပါပြီ . အဲ ကိုယ့်အသံက အသံနေအသံထား မှန်မမှန်ဆိုတာကို အရင်ဆုံး စမ်းစစ်လိုက်ပါ .
(၄) start >> control panel >> Ease of Access >> speech recognition ကိုရွေးလိုက်ပါ
(၅) train your computer to better understand you ဆိုတာကို နှိပ်လိုက်ပါ . နောက်တစ်ခုက take speech tutorial ကို ရွေးပြီးတော့လဲ ကျင့်လို့ရပါတယ် . သူပြောခိုင်းတဲ့ စကားလုံးတွေကို ကိုယ့်ပါးစပ်ကနေ လိုက်ပြောကြည့်ပါ မှန်တယ်ဆိုရင် နောက်ထပ်တစ်လုံး အလိုလိုတိုးသွားပါလိမ့်မယ် . ကဲ
(၆) အားလုံး အိုကေပြီ ကိုယ့်အသံကလဲ အသံနေအသံထားမှန်ပြီဆိုရင်တော့ ဖြင့် အပေါ်က ပထမနည်းအတိုင်း အသံကို On ထားလိုက်ပါ . ပြီးတာနဲ့ အားလုံးကို ပိတ်လိုက်ပြီး မိုက်ပုံစံလေးကို နှိပ်လိုက်တာနဲ့ Off ကနေ On ဖြစ်သွားပါလိမ့်မယ် . ကဲစပြီးတော့ လက်တွေ့စမ်းကြည့်လိုက်ပါ . မနက်ကျရင် ကျွန်တော် movie နဲ့ပြန်ရှင်းပြပါ့မယ် . ဒါပေမယ့်လွယ်ပါတယ် . စမ်းကြည့်လိုက်ပါ . အရင်ဦးဆုံး start ဆိုပြီးတော့ မိုက်နဲ့ ပြောကြည့်လိုက်ပါ . start menu bar တက်လာရင်တော့ အဲ့ဒါ အဆင်ပြေသွားပါပြီ ကျန်တာတွေကိုတော့ ကိုယ့်ဟာကိုပဲ အသံမှန်အောင် လေ့ကျင့်ပြီး ကွန်ပျူတာကို ခိုင်းလို့ရသွားပါပြီ .
မိတယ်ဟ.....လန်းတယ်..လန်းတယ်ဟေ့...နော်...ပူစီလေးတွေကြိုက်လားဟင်...

G Talk Hack

gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။

gtalk icon ပေါ် right click/properties ကိုသွားပါ။ gtalk properties dialog box မှ shortcut ကိုသွားပါ။ Target box မှာ "C:\Program Files\Google\Google Talk\googletalk.exe" /startmen0u/ ဒီ extention လေးနောက်က space/nomutex ရိုက်လိုက်ပါ။ ပြီးရင် ok ပေါ့။ space က ( /nomutex)ပါ။ spacebar ပုတ်ရုံပါဘဲ။
ရပါပြီ ရှိသမျှ account တွေနဲ့ login ၀င်ပြီး chat နိုင်ပါပြီ။

ဒီလိုလေးပေါ်လိမ့်မယ်နော်၊ စမ်းကြည့်လိုက်လေ.....ဟီး ဟီး...ယားတယ်ဗျ.... :D :)

Registry ဆိုတာဒီလိုတဲ့ဗျာကိုသံလုံရေးထားတာပါ

Registry ဆိုတာ ဘာလဲ .. ? (Run မှာ regedit လို့ ရိုက်ထည့်လိုက် ပေါ်လာတဲ့ ကောင်က registry ပေါ့ .. ဟီဟိ) . ဘာလုပ်ပေးသလဲ ဆိုတော့ ... ကွန်ပျူတာမှ ရှိတဲ့ နေရာမှန်သမျှကို သိမ်းဆည်းပေး ထား တာ ဒီကောင်ပေါ့ ။

ကွန်ပျူတာမှာ ရှိတဲ့ Hardware တိုင်းရဲ့ Information တွေ၊ Network Information တွေ၊ User တွေရဲ့ wallpaper, Screen Saver စတာတွေက အစ registry မှာ သိမ်းထားပါတယ်။ Registry တွေကို သိမ်းထားတာက Windows 98/Me မှာဆိုရင် System.dat နဲ့ User.dat ဆိုတဲ့ Binary နှစ် File ဖြစ်ပြီး၊ Windows NT/2000/XP မှာဆိုရင်တော့ များပြားလှတဲ့ Registry တွေကို Hives လို့ခေါ် ပြီး \Windows\System32\Config Folder မှာသိမ်းထားပါတယ်။ Registry တွေမြင်ချင်တယ်၊ ပြင်ချင်တယ်ဆိုရင် Start မှာ Run ကို ရှာပြီး regedit လို့ ရေးပြီး OK ပေး ။ Registry Editor ပေါ်လာပါတယ်။ Registry ကို Editor နဲ့ပဲပြင်လို့ရပါတယ်။ Win.ini တို့ System.ini တို့လို Notepad, Text Editor တို့နဲ့ပြင်လို့ မရပါဘူး။ Registry ဟာ ကွန်ပျူတာရဲ့အကြောင်းအရာတွေ Setting တွေကို Regedit.exe သုံးပြီး Windows Registry ကို တိုက်ရိုက် ၀င် Setting လုပ်တာ ဖြစ်ပါတယ် ။ Registry မှာ အဓိကအုပ်စု(၆)စု ရှိပါတယ်။

၁။ HKEY-CLASSES-ROOT
၂။ HKEY-CURRENT-USER
၃။ HKEY-LOCAL-MACHINE
၎။ HKEY-USERS
၅။ HKEY-CURRENT-CONFIG
၆။ HKEY-DYN-DATA

HKEY-CLASSES-ROOT
သူက window 9x ကအသုံးပြုတဲ့ Standard Class Objects တွေကို သတ်မှတ်ပေးတာပါ။ Class Object ဆိုတာ မျိုးတူ Function အုပ်စုတွေရဲ့နာမည်ပါပဲ ။

HKEY-CURRENT-USER
ကွန်ပျူတာ တစ်လုံးထဲမှာ အသုံးပြုသူတွေဟာ ကိုယ်ကြိုက်တဲ့ User Perference(wallpaper,screen saver,etc.) နဲ့ တစ်ယောက်ချင်း ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်ပါတယ်။ အဲဒီ User တစ်ယောက်ချင်းစီက သတ်မှတ်ထားတဲ့ Perference တွေကို HKEY-CURRENT-USER ထဲမှာ သိမ်းထားပြီး လက်ရှိအသုံးပြုနေတဲ့ User ရဲ့ Personalized Setting တွေကို ဒီမှာ သိမ်းပါတယ်။

HKEY-LOCAL-MACHINE
သူက ခုနက User Setting တွေနဲ့ လုံးဝမသက်ဆိုင်တဲ့ System ပိုင်းဆိုင်ရာ အချက်အလက်တွေကို သိမ်းထားပါတယ်။ သူက ကွန်ပျူတာမှာရှိတဲ့ ပစ္စည်းတိုင်းရဲ့ အကြောင်းအရာတွေကို၊ တပ်လိုက်သမျှ၊ ဖြုတ်လိုက်သမျှ ကို သိမ်းထားပါတယ်။

HKEY-USERS
အကယ်၍များ အကြောင်းအရာနှစ်ခု Setting ဖြစ်နေတယ်ဆိုရင် လက်ရှိအသုံးပြုနေတဲ့ အကြောင်း အရာ ကို သိမ်းထားတာဖြစ်ပါတယ်။ ဥပမာ- ခင်ဗျားကွန်ပျူတာမှာ မတူတဲ့ Monitor နှစ်လုံးတပ်ထား တယ်ဗျာ။ ဒါပေမယ့် အခုလက်ရှိ သုံးနေတာက နှစ်လုံးထဲက တစ်လုံး၊ ဒီကောင်က အခုလက်ရှိ သုံးနေတဲ့ Monitor နဲ့ ပတ်သတ်တဲ့ Values တွေကို သိမ်းထားပါတယ်။

HKEY-DYN-DATA
သူကတော့ ကွန်ပျူတာ အလုပ်မြန်မြန် လုပ်နိုင်ဖို့ System Configuration တွေကို RAM ပေါ်တင်ပြီး အလုပ်လုပ်ပါတော့တယ်။ သူဟာ Boot လုပ်တိုင်း System Configuration တွေပြောင်းလဲတိုင်း Update လုပ်ပါတယ်။

(မှတ်ချက်။ ။Regedit ရယ် Regedit 32 ရယ်ဆိုပြီး Windows 2000 နဲ့ XP မှာ နှစ်မျိုးရှိပါတယ်။ Regedition သုံးနေကျလည်းဖြစ်ပါတယ်။ အကြောင်းအရာတွေကိုလည်း ရှာဖွေပေးတဲ့ နေရာမှာလည်း Regedit 32.exe ထက်မြန်ဆန်တာကြောင့် Regedit ကိုပဲ အသုံးများတာပါ။ Windows XP မှာ HKEY-DYN-DATA ကိုတွေ့မှာမဟုတ်ပါဘူး ။ Idea ကတော့ တူတူပါပဲ။)

speed up internet

နေ့ခင်းဘက်တွေမှာ မြောက်များလှစွာသော အင်တာနက်သုံးစွဲသူများကြောင့် ကွန်နက်ရှင် ကျဆင်းသွားပါတယ်။ အကြောင်းအရင်းများစွာရှိပေမယ့် တစ်ချို့အချက်တွေ ပြင်ဆင်ဖြည့်တင်းလိုက်ရင် မြန်နှုန်းမြင့် ရရှိလာနိုင်ပါတယ်။ စမ်းသုံးခဲ့သမျှ ပိုမြန် ပိုသွက်လာပါတယ်။
Start/Run/GPEDIT.MSC/Computer Configuration/Administrative Template/Network/QoS packet scheduler ဟုအဆင့်ဆင့် သွားလိုက်ပါ။ limite reserable bandwidth ကို double click လုပ်ပြီး ပေါ်လာသောboxမှာ enable/bandwidth % 0 ဟုပြောင်းပေးလိုက်ပါ။ ကွန်နက်ရှင် တက်လာပါလိမ့်မယ်။
မသိသူများအတွက်ပါခင်ဗျာ၊ကျေးဇူးတင်ပါတယ်နော်

Web page တွေ Loading time မြန်ချင်ရင်လုပ်ကြည့်လိုက်ပါဗျာ

web page တွေူloading time မြန်လာအောင် လုပ်တဲ့နည်းပါ။ တစ်ကယ်လည်းမြန်လာပါတယ်။
ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။ သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။

ပထမဦးဆုံး start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။

HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။ အပျံစား နဲ့ အမြန်သွားနိုင်ပါပြီ။